← Chapters

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း (၃၆၈) ကြယ်တာရာ အမြုတေကျောက်

​ထိုညက ကျန်းယဲ့သည် အေးစက်နေသည့် သတ္တုကုတင်ပေါ်တွင် လက်နှစ်ဖက်ကို ခေါင်းနောက်၌ ပိုက်ကာ လှဲလျောင်းနေရင်း တစ်ပြေးညီတည်း ဖြစ်နေသည့် မျက်နှာကြက်ကို စိုက်ကြည့်ကာ တွေးတောနေခဲ့သည်။

​'ဒီအချုပ်ခန်းထဲမှာ ခုနစ်ရက်တိတိ အောင်းနေရမှာလား...'

​'လခွမ်းပဲ..ဒီကြယ်တာရာခရီးစဥ်က တော်တော်လေးကို စိတ်ပျက်စရာကောင်းတာပဲ...'

​'ထောင်ဖောက်ပြေးလို့ရော ရနိုင်မလား....'

​အကျဥ်းထောင်၏ လုံခြုံရေးအဆင့်အတန်းကို ဘေးဖယ်ထားလိုက်ဦး... သူတို့က ဒီနေရာဒေသနဲ့ စိမ်းသက်နေပြီး ဘယ်နေရာရောက်နေမှန်းတောင် မသိကြရာ ထောင်ဖောက်ပြေးဖို့ဆိုသည်မှာ လေထဲတိုက်အိမ်ဆောက်သည့် အိပ်မက်တစ်ခုသာ ဖြစ်နေချေသည်။

​'စနစ်က ဒီလောက်ကြီးတော့ ယုံကြည်ရလောက်ပါတယ်... တကယ်ပဲ ငါတို့ကို ထောင်ထဲမှာ ခုနစ်ရက်တိတိ အချိန်ဖြုန်းခိုင်းထားမှာတော့ မဟုတ်လောက်ဘူးမလား...'

​'ကျောက်တုံးနက်နယ်​မြေရဲ့ အကျဥ်းထောင်ထဲမှာ ရှာမတွေ့သေးတဲ့ တခြား လျှို့ဝှက်ခရီးသွားနေရာတွေ ရှိနေသေးတာများလား....'

​ကျန်းယဲ့တစ်ယောက် စနစ်၏ ရည်ရွယ်ချက်များကို တွေးတောရင်း တဖြည်းဖြည်း အိပ်မောကျသွားတော့သည်။

​နောက်တစ်နေ့တွင် စူးရှကျယ်လောင်လှသည့် ခေါင်းလောင်းသံကြီးက အကျဥ်းထောင်၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး အချုပ်ခန်းတံခါးများအားလုံးက ကလစ်ဆိုသည့် အသံနှင့်အတူ တစ်ပြိုင်နက်တည်း ပွင့်သွားခဲ့သည်။

​ထို့နောက် အကျဥ်းသားများက အသိုက်ထဲမှ ထွက်လာသည့် ပုရွက်ဆိတ်များကဲ့သို့ အချုပ်ခန်းများထဲမှ တိုးထွက်လာကြကာ ဆူညံနေသည့် လူအုပ်ကြီးအဖြစ်ဖြင့် အောက်ထပ်သို့ ဆင်းသွားကြ၏။

​ကျန်းယဲ့က မလှုပ်ရှားသေးချေ။ အခန်း ၇၇၇ ထဲရှိ မီကာတို၊ လွေ့ရှီနှင့် ဒါးရ်တို့ သုံးယောက်မှာ မနေ့ညက ပညာပေးခံထားရသဖြင့် အရင်ဦးစွာ မလှုပ်ရှားရဲကြဘဲ နာခံမှုရှိစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

​ကျန်းယဲ့ ဖြည်းညင်းစွာ ထရပ်ပြီး အချုပ်ခန်းထဲမှ ထွက်သွားပြီးမှသာ ထိုသုံးယောက်က အပြင်သို့ ထွက်ရဲကြတော့သည်။

​မြေညီထပ်ရှိ ဧရာမကွင်းပြင်ကျယ်ကြီးသို့ ရောက်ရှိသောအခါ ကျန်းယဲ့က လူအုပ်ကြီးနှင့်အတူ ရှေ့သို့ဆက်မသွားဘဲ ရပ်တန့်လိုက်၏။

​သူ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ပတ်လည်ရှိ နေရာငယ်လေးတစ်ခုက ချက်ချင်း ရှင်းလင်းသွားချေသည်။

​ဖြတ်သွားဖြတ်လာ လုပ်နေကြသည့် ရက်စက်ကြမ်းကြုတ်သော အကျဥ်းသားများစွာက ကျန်းယဲ့အား မလွှဲမရှောင်သာ ထပ်ခါတလဲလဲ အကဲခတ်ကြည့်ရှုသွားကြသည်။ သူတို့၏ မျက်လုံးများထဲတွင် စူးစမ်းမှုနှင့် အကဲခတ်မှုတို့ ပါဝင်နေသော်လည်း အများဆုံးတွေ့ရသည်မှာ လောဘနှင့် မူလဗီဇ ရမ္မက်ဆန္ဒများ ရောယှက်နေသည့် အလွန်တရာ နေရခက်ဖွယ်ကောင်းသော အကြည့်မျိုးပင်။

​သို့သော်ငြားလည်း မကောင်းသည့် အကြံအစည်များ ရှိနေသည့် ထိုအကျဥ်းသားများက လောလောဆယ်တွင် မည်သည့် အလျင်စလို လှုပ်ရှားမှုကိုမှ မလုပ်ရဲကြသေးချေ။

​ကျန်းယဲ့က အရမ်းကို သန့်ရှင်းလွန်းနေ၏။ ဤကဲ့သို့သော နေရာမျိုးတွင် လူသစ်တစ်ယောက်အနေဖြင့် ပထမဆုံးညကို အနာတရကင်းကင်းနှင့် အသားအရေ နုနုဖတ်ဖတ်လေးအတိုင်း ရှင်သန်ကျော်ဖြတ်နိုင်ခဲ့သည်ဆိုခြင်းမှာ သူ၏ နောက်ကွယ်၌ ကြီးမားသော ခွန်အား သို့မဟုတ် အထောက်အပံ့တစ်ခုခု ရှိနေကြောင်း အဓိပ္ပာယ်သက်ရောက်နေပေသည်။

​တခြားသော ခရီးသွားများကလည်း အရပ်မျက်နှာအသီးသီးမှနေ၍ ကျန်းယဲ့၏အနားသို့ တစ်ယောက်ပြီးတစ်ယောက် စုဝေးရောက်ရှိလာကြသည်။

​လူငါးဆယ်စလုံး စုံလင်သွားသည့်အခါ ထိုအုပ်စုကြီးက လူအုပ်ကြီးနောက်သို့လိုက်ကာ နံပါတ် ၁၅ အကျဥ်းထောင်၏ စားသောက်ဆောင်ထဲသို့ ဝင်ရောက်သွားကြ၏။

​စားသောက်ဆောင်ကြီးက အလွန်တရာ ကျယ်ဝန်းလှသော်လည်း လေထုကတော့ ဖိနှိပ်ချုပ်ချယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

​အစားအသောက် ဝေငှခြင်းကို အေးစက်စက် စက်ရုပ်များက ကိုင်တွယ်ဆောင်ရွက်ပေးနေပြီး အပေါ်ဘက်တွင်မူ အဆက်မပြတ် ရွေ့လျားနေသည့် စက်လုံးပုံစံ စောင့်ကြည့်ကင်မရာ ဒါဇင်ပေါင်းများစွာက ဝဲပျံနေကြသည်။

သူတို့၏ အေးစက်နေသည့် အီလက်ထရောနစ် မျက်လုံးများက နေရာတစ်ခုလုံးကို စကင်ဖတ်ကာ အကျဥ်းသားတစ်ယောက်ချင်းစီ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြ၏။

​ကျန်းယဲ့နှင့် သူ့အဖွဲ့ငါးဆယ့်တစ်ယောက် ရောက်ရှိလာမှုက လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေလေသည်။

​သူတို့က အလွန်သိသာလွန်းနေပြီး ကျန်းမာသန့်ရှင်းလွန်းနေရာ အတိုင်းအတာတစ်ခုအထိ စက်ပစ္စည်း အစိတ်အပိုင်းများ တပ်ဆင်ထားရသည့် သူတို့ပတ်ဝန်းကျင်ရှိ အခြားသော အကျဥ်းသားများနှင့် သိသိသာသာ ကွဲပြားခြားနားနေခဲ့သည်။

​အကျဥ်းသားများစွာက မနေ့ညကို ကျော်လွန်ပြီးနောက် ဒီအသားလတ်လတ်ဆတ်ဆတ်လေးတွေထဲက အချို့တော့ တင်ပါးကို ကိုင်ပြီး ယိုင်နဲ့နဲ့ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ထိုငါးဆယ့်တစ်ယောက်စလုံးက လုံးဝ အနာတရကင်းစင်ကာ ခွန်အားတွေ ပြည့်ဝနေသည်ကို တွေ့လိုက်ကြရ၏။

​ယင်းက လောဘတကြီး စိုက်ကြည့်နေသည့် အကြည့်များစွာကို ဟန့်တားသွားစေလေသည်။

​ဒီလို ဘုရားသခင်စွန့်ပစ်ထားတဲ့ နေရာမျိုးမှာ ဒီလိုအခြေအနေကို ထိန်းသိမ်းထားနိုင်တယ်ဆိုတဲ့ အချက်ကတင် အများကြီး ပြောပြနေပြီ ဖြစ်၏။

​ဒီလူသစ်တွေက သွားပြီး ရန်စလို့ရတဲ့လူတွေ မဟုတ်ချေ။

​ကျန်းယဲ့တို့ အစားအသောက် ယူရမည့်အလှည့်သို့ ရောက်လာသောအခါ အားလုံးက အနာဂတ်ခေတ်၏ အရသာရှိသော အစားအစာများကို မြည်းစမ်းကြည့်ရမည်ဟု အတော်လေး မျှော်လင့်ထားခဲ့ကြသည်။

သို့သော်လည်း စက်ရုပ်က သူတို့ထံ ကမ်းပေးလာသည့်အရာမှာ လက်မခန့်တုတ်သည့် အကြည်ရောင် စွမ်းအင်ဆေးတောင့်လေးတစ်ခုသာဖြစ်ပြီး အထဲတွင် စေးပျစ်ပျစ် အနှစ်များ ပါဝင်နေသည်ကို တွေ့လိုက်ကြရ၏။

​"စွမ်းအင်ဖြည့်စွက်စာ.... ပုံမှန်ပမာဏ..." စက်ရုပ်က အေးစက်သည့် အီလက်ထရောနစ် အသံဖြင့် ပြောလိုက်သည်။

​သူတို့ ပတ်ဝန်းကျင်ရှိ အကျဥ်းသားများစွာက ထိုစွမ်းအင်တောင့်များကို ရရှိပြီးနောက် ချက်ချင်း မစားကြဘဲ သူတို့ အဝတ်အစားများ၏ အတွင်းဘက်အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်ကြသည်ကို သတိထားမိလိုက်၏။

​သေချာပေါက် အချို့လူများကတော့ အဖုံးကိုဖွင့်ကာ ချက်ချင်းပင် အကုန်စုပ်ယူ သောက်သုံးလိုက်ကြသည်။

​"ဒါရိုက်တာကျန်း... ကျွန်တော်တို့ စားလိုက်ရမလား..." လီကျန်က စားချင်စရာမကောင်းသည့် စွမ်းအင်အရည်ကို ကိုင်ထားရင်း တိုးညင်းစွာ မေးလိုက်၏။

​လူတိုင်းက ကျန်းယဲ့အား ကြည့်ကာ ဆုံးဖြတ်ချက်ချပေးမည်ကို စောင့်ဆိုင်းနေကြ၏။

​ကျန်းယဲ့က သူ့လက်ထဲရှိ စွမ်းအင်ဆေးတောင့်ကို ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အကျဥ်းသားများ၏ လုပ်ရပ်ကို အကဲခတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "အခု မစားကြနဲ့ဦး... အားလုံးကို သိမ်းထားဖို့ ငါ့ဆီ ပေးထားကြ။ တစ်ယောက်ယောက် ဗိုက်ဆာလာခဲ့ရင် ငါ့ဆီမှာ တခြားအစားအစာတွေ ရှိတယ်။ မင်းတို့ကို ရောင်းပေးမယ်..."

​ယင်းကို ကြားသည်နှင့် လူတိုင်းက နားလည်သဘောပေါက်သွားကြပြီး သူတို့ရထားသည့် စွမ်းအင်ဆေးတောင့်များ အားလုံးကို ကျန်းယဲ့ထံ ချက်ချင်း ပေးအပ်လိုက်ကြလေသည်။

​အကျဥ်းသားအများစု အစားစားပြီးသည်နှင့် တစ်ပြိုင်နက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ရှိပြီး စွမ်းအင်လက်နက်များ ကိုင်ဆောင်ထားသည့် စက်ရုပ်ထောင်စောင့်တပ်ဖွဲ့များ ထွက်ပေါ်လာကာ အကျဥ်းသားများအားလုံးကို အေးစက်စက် အီလက်ထရောနစ်အသံများဖြင့် အမိန့်ပေးလာချေသည်။

​"အကျဥ်းသားအားလုံး... ကွင်းပြင်အမှတ် (၃) သို့ ချက်ချင်းသွားရောက် စုဝေးပြီး ယာဉ်ပေါ်တက်ရန် ပြင်ဆင်ကြ..."

​"ထပ်ပြောမည်... ကွင်းပြင်အမှတ် (၃) သို့ ချက်ချင်းသွားရောက် စုဝေးပြီး ယာဉ်ပေါ်တက်ရန် ပြင်ဆင်ကြ..."

​ကျန်းယဲ့နှင့် သူ့အဖွဲ့က ဘာဖြစ်နေမှန်း နားမလည်ကြသော်လည်း လူအုပ်ကြီးနောက်သို့ လိုက်ကာ ထွက်လာလိုက်ကြသည်။

​အပြင်ဘက်ရှိ ပိုမိုကျယ်ဝန်းသော ကွင်းပြင်သို့ ရောက်ရှိသောအခါ ကြမ်းတမ်းသည့် ဒီဇိုင်းပုံစံများရှိသော ဧရာမ သယ်ယူပို့ဆောင်ရေးယာဉ်ပျံကြီးများ ရပ်နားထားသည်ကို တွေ့လိုက်ကြရ၏။

​အကျဥ်းသားများက တန်းစီကာ တစ်ယောက်ပြီးတစ်ယောက် စကင်ဖတ်ခံပြီးမှသာ အာကာသယာဉ်ပေါ်သို့ တက်လိညက်ကြရသည်။

​ကျန်းယဲ့နှင့် သူ့အဖွဲ့ဝင် ၅၁ ယောက်က ယာဉ်ပျံတစ်စီးတည်းပေါ်သို့ အတူတူ တိုးဝှေ့ တက်နိုင်ခဲ့ကြလေသည်။

​မီးရောင်မှိန်ပျပျရှိသော အခန်းတွင်းသို့ ဝင်ရောက်လာချိန်၌ ကျန်းယဲ့က အနောက်မှ လိုက်လာသည့် ဒါးရ်ကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။ "ဒါးရ်... ငါတို့ ဘယ်သွားကြမှာလဲ..."

​ဒါးရ်က ကျန်းယဲ့၏ ခွန်အားကြောင့် ထိတ်လန့်နေဆဲဖြစ်ရာ ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။ "မြေကွဲချောက် သတ္တုတွင်းကို သွားမှာလေ..."

​"မြေကွဲချောက် သတ္တုတွင်း....." ကျန်းယဲ့က အသေးစိတ် ထပ်ရှင်းပြရန် မေးလိုက်ပြန်သည်။

​ဖိအားများအောက်တွင် ဒါးရ်က သူတို့ကို တိုးတိုးလေး ရှင်းပြလေသည်။ "မြေကွဲချောက် သတ္တုတွင်းက ခံတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အကြီးဆုံး သတ္တုတွင်းတွေထဲက တစ်ခုပဲ။ အဲဒီမှာ ကြယ်တာရာ အမြုတေကျောက်တွေကို အဓိက တူးဖော်ရတယ်။ မင်းတို့လည်း အဲဒီအကြောင်း သိတယ်မလား..."

​ကျန်းယဲ့က ခေါင်းခါလိုက်ပြီး "ငါ မသိဘူး... ဆက်ပြောပြ..."

​ဒါးရ် - "....."

​ဒီကောင်က တမင်သက်သက် လုပ်နေတာမလား။

​သူ့ကို လာနောက်နေတာလား။

​ဒါးရ်က စိတ်ထဲမှနေ၍ ပွစိပွစီပြောနေသော်ငြားလည်း အပြင်ပန်းတွင်မူ သိပ္ပံနည်းကျ ရှင်းလင်းချက်များကို တာဝန်ကျေပွန်စွာ ရှင်းပြနေရသေး၏။

​"ကြယ်တာရာအမြုတေကျောက်ဆိုတာ ကြယ်တာရာ အာကာသယာဉ်တွေကို စွမ်းအင်ပေးတဲ့ စွမ်းအင်မြင့် သတ္တုရိုင်းပဲ။ အဲဒါကို တူးဖော်လိုက်တဲ့အခါ ကျောက်ရဲ့ မျက်နှာပြင်ကနေ မှိန်ပျပျ အပြာရောင်အလင်းတန်းလေး ထွက်ပေါ်လာတတ်လို့ အလွယ်တကူ သိနိုင်တယ်။ ဒီနေ့ ငါတို့ရဲ့ တာဝန်က အဲဒီမှာ သတ္တုတူးဖို့ပဲ..."

​"တစ်ယောက်ကို တစ်နေ့အတွက် အနည်းဆုံး သတ်မှတ်ထားတဲ့ ပမာဏရှိတယ်။ ကြယ်တာရာ အမြုတေကျောက် သတ္တုရိုင်း အနည်းဆုံး ကီလိုဂရမ် ၁၀၀ ပြည့်အောင် တူးရမယ်..."

​ကျန်းယဲ့က အဓိကအချက်ကို ထက်မြက်စွာ ဖမ်းဆုပ်လိုက်ပြီး မေးလိုက်သည်။ "ငါတို့ အလုံအလောက် မတူးနိုင်ရင် ဘာဖြစ်မလဲ..."

​ဒါးရ်က အန္တရာယ်များပြီး လှောင်ပြောင်သည့် အပြုံးတစ်ခုဖြင့် ပြုံးကာ "မင်း စမ်းကြည့်လို့ရပါတယ်..."

​ကျန်းယဲ့က မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်၏။

​ယင်းကို မြင်သောအခါ ဒါးရ်က ချက်ချင်း အလျှော့ပေးလိုက်ပြီး အလျင်အမြန်ပင် ရိုးရိုးသားသား ဖွင့်ဟဝန်ခံလိုက်ရသည်။ "အလုံအလောက် မတူးနိုင်ဘူးဆိုရင်... ဟဲဟဲ... ဒီည ပြန်ရောက်တဲ့အခါ အဲဒီလူက အကျဥ်းထောင်ထဲက အများပိုင်ပစ္စည်းဖြစ်သွားလိမ့်မယ်..."

​"ဖ-င်အချခံရတာက အသေးအဖွဲ ကိစ္စလေးတစ်ခုပဲ... မင်း ဒီညကို ဖြတ်ကျော်နိုင်ပါ့မလားဆိုတာတောင် ပြောရခက်တယ်..."

​ဖန်ရွှမ်နှင့် ကွမ်ယုတို့လို ခရီးသွားများမှာ ယင်းကို ကြားလိုက်ရချိန်၌ ဤစည်းမျဥ်းက အလွန်တရာ ယုတ္တိမတန်လွန်းလှသဖြင့် ခေါင်းနပန်းကြီးသွားကြရသည်။

​ကွမ်ယုက မနေနိုင်တော့ဘဲ မေးလိုက်၏။ "ထောင်စောင့်တွေက ဂရုမစိုက်ကြဘူးလား။ သူတို့က ဒီလိုကိစ္စမျိုးကို ဒီအတိုင်း လွှတ်ထားပေးတာလား..."

​ဒါးရ်က သူ၏ ရိုးအမှုကို လှောင်ပြောင်သည့်အလား ရယ်မောလိုက်လေသည်။ "ထိန်းချုပ်ရမယ်... ဟုတ်လား။ အဲဒါက သူတို့ကိုယ်တိုင် တိတ်တဆိတ် သဘောတူထားတဲ့ စည်းမျဥ်းပဲ။ အားပေးတောင် အားပေးသေးတယ်..."

​"ဒါက ငါတို့ကို အကြောက်တရားနဲ့ ကြိုးကြိုးစားစား အလုပ်လုပ်အောင် ဖိအားပေးနိုင်သလို အသုံးမကျတဲ့ အကျဥ်းသားတစ်စုကိုလည်း သဘာဝကျကျပဲ ရှင်းလင်းပစ်နိုင်တယ်လေ။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ..."

​"မင်း သေတဲ့အထိ ကစားမခံချင်ဘူးဆိုရင်တော့ အရူးတစ်ယောက်လို သတ္တုတူးဖို့သာ ပြင်ထား။ အဲဒီလိုမှ မဟုတ်ရင်လည်း..."

​သူက စကားကို ခေတ္တရပ်လိုက်ပြီး ကျန်းယဲ့အား တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "ဘယ်သူမှ လာမထိရဲလောက်အောင် မင်းကိုယ်မင်း အစွမ်းထက်နေဖို့ပဲ။ အဲဒါက ကျောက်တုံးနက် ကြယ်တာရာနယ်မြေ အပြစ်ပေးခံတပ်ရဲ့ စည်းမျဥ်းပဲ... အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တယ်ဆိုတာ ပေါ်ပေါ်ထင်ထင်ပါပဲ..."

အခန်း ၃၆၈ပြီး၏။

All Chapters