← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

Ch-25

လင်းယွဲ့ လမ်းဆုံဘက်သို့လှမ်းကြည့်လိုက်ရာ ပိုးအင်္ကျီနှင့်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးနှင့်အတူ ခန္ဓာကိုယ်တောင့်တင်းသည့် စားဖိုမှူးသုံးဦးနောက်မှပါလာသည်ကို မြင်လိုက်ရ၏။ ထိုသူသည် ဟင်းလျာများကို စစ်ဆေးနေပြီး သဘောတကျခေါင်းညိတ်နေသည်။ နောက်မှစားဖိုမှူးများက ချက်ချင်းပိုက်ဆံပေးကာ ခြင်းတောင်းထဲသို့ ထည့်ကြသည်။ သူ့အမူအရာမှာ ခန့်ညားလှသဖြင့် ဈေးသည်များမှာ ပိုမိုစိတ်အားထက်သန်စွာဖြင့် အော်ဟစ်ကြတော့၏။

"တို့ဟူး အရမ်းအရသာရှိတဲ့တို့ဟူးရမယ်"

ကုတာ့ဖူ၏အသံမှာ အခြားသူများထက် ကျော်လွန်အောင်ပင်အော်လိုက်သည်။ ကျောက်လိုင်ထောင်ကလည်း သူ့အသံအောအောဖြင့် သီချင်းဆိုသလို အော်လိုက်၏။

"ကျောက်မိသားစုရဲ့ ရာစုနှစ်ချီအမှတ်တံဆိပ်တို့ဟူးပါ၊ နူးညံ့ပြီးချောမွေ့တယ်၊ စားလေ စားလေ အရသာရှိလေပါပဲ"

"ဆူညံသံတွေ ရပ်လိုက်စမ်း"

ထိုလူက နားကိုကလော်ရင်း စိတ်ပျက်စွာပြောလိုက်သည်။ တို့ဟူးဆိုင် နှစ်ဆိုင်လုံး ချက်ချင်းတိတ်သွားပြီး အောက်ကျို့၍ ပြောလာကြသည်။

"ဟုတ်ကဲ့ပါ ခင်ဗျာ"

ထိုအခါမှသာ လင်းယွဲ့သည် ထိုသူမှာ မြေရှင်ဝမ်၏အိမ်တော်ထိန်းဝမ်ချွမ်း ဖြစ်ကြောင်း သိလိုက်လေ၏။ သူကြိုက်နှစ်သက်သည့် အစားအစာများကို ငွေကြေးမငဲ့ဘဲ ဝယ်ယူတတ်သူဖြစ်သဖြင့် လင်းယွဲ့စိတ်ကူးတို့မှာ လှုပ်ရှားသွားကာ

"နှင်းမှုန်လေးလို ကြည်လင်တဲ့လျံဖန်း၊ ပါးစပ်ထဲ အိခနဲစီးဝင်သွားမယ့် အရသာ အချဉ်၊ အစပ်၊ လန်းဆန်းပြီး နွေရာသီမှာ အေးမြစေမယ်၊ မြည်းစမ်းကြည့်ဖို့ အလကားပေးနေပါတယ်"

လင်းယွဲ့အော်လိုက်ချိန်တွင် ဝမ်ချွမ်းက သူမဘက်လှမ်းကြည့်လာသည်။ သူမက မျှော်လင့်ချက်ဖြင့်ကြည့်လိုက်သော်လည်း ဝမ်ချွမ်းကစိတ်ပျက်စွာဖြင့်ကြိမ်းဝါးလာ၏။

"ငါ ပါးစပ်ပိတ်လိုက်စမ်းလို့ ပြောထားတယ် မဟုတ်လား မကြားဘူးလား"

စားဖိုမှူးသုံးဦးက လင်းယွဲ့ရှေ့သို့လာပြီး ခြိမ်းခြောက်ကြ၏။

"ပါးစပ်ပိတ်စမ်း"

တစ်ဖက်မှ အဒေါ်ကုက ဟားတိုက် ရယ်မောလိုက်မိသည်။

“ဘာများ သူကကြီးကျယ်နေတာလဲ၊ သူမက အဲလောက်တောင်အသံကျယ်ကျယ်မအော်ပါဘူး”

ထိုအချိန်တွင် ကုတန်က ထန်ဟူလူနှစ်ချောင်းကိုကိုင်ကာ ပြေးလာသည်။

"မရီး တစ်ချောင်းစားပါဦး"

လင်းယွဲသည် ယခင်ဗီဒီယိုများတွင် ကြည့်ဖူးသည့် တန်ဟူလူရောင်းသော သက်ကြီးရွယ်အိုများက အပေါ်ယံအလွှာကို သေချာစေရန် လျှာဖြင့် လျက်တတ်သည်ကို သတိရသွားသည်။ ဤဆိုင်ကတော့ ထိုသိုလုပ်လိမ့်မည် မဟုတ်သော်လည်း သူမခေါင်းခါလိုက်ပြီး ချိုချိုသာသာပြောလိုက်သည်။

"မင်းတိုနှစ်ယောက်ပဲ စားကြပါ"

နူးညံ့သိမ်မွေ့သော သူ့အမူအရာက လင်းယွဲ့ရင်ကို နွေးထွေးသွားစေသည်။

"သမီးလည်း စားချင်တယ်"

ထိုကလေးမလေးက ပြောလာသည်။

"ပေးမှာပါ"

ကုတန်ခွဲပေးလိုက်သည်။ တာ့ယာဘက်ကိုလဲ လှည့်ကြည့်ပြီး

"ငါတို့ တစ်ချောင်းစီဝေစားကြမယ်၊ ခြောက်လုံးရှိတာမလို့ ငါ့အတွက် သုံးလုံး၊ မင်းအတွက် သုံးလုံး၊ မင်း အရင် စား"

"နင့်ရဲ့တန်ဟူလူကို နင့်မရီးဆီပေးလိုက်ပြီးမှ ငါကစားချင်ရင်ရော"

ကလေးမလေးက ခေါင်းစောင်းပြီး မေးလိုက်ရာ ကုတန်ကချက်ချင်းပြန်ပြောသည်။

"ဒါဆို ဒီတစ်ချောင်းထဲက နှစ်လုံးပေးမယ်"

ကလေးမလေးက မနှစ်သက်သလို ခေါင်းခါသည်။

"ဟေ့ ငါ ဒါကိုမလိုချင်ဘူး"

ကလေးသုံးယောက်မှာ စကားများနေရင်းမှရင်းနှီးသွားကြပြီး ကလေးမလေးမှာ ကြက်မကြီးနှင့်ပင် ကစားနေသေးသည်။ ထိုအခိုက်တွင် ဝမ်ချွမ်းသည် အဒေါ်ကုဆိုင်သို့ရောက်လာပြီး တို့ဟူးကို မြည်းကြည့်သည်။

"ဖူး ဒါကဘာလဲ စက်ဆုပ်စရာပဲ"

ဝမ်ချွမ်းက တံတွေးထွေးချလိုက်ရာ ကုတာ့ဖူမှာ မျက်နှာပျက်သွား၏။ ဝမ်ချွမ်းက ကျောက်လိုင်ထောင်၏တို့ဟူးကိုလည်းမြည်းကြည့်ပြီး ထွေးထုတ်လိုက်ပြန်သည်။

"သခင်ကြီးက အရင်တစ်ခါကဒါကို စက်ဆုပ်စရာလို့ ပြောထားတာ"

သူက ဆိုသည်။ ကျောက်လိုင်ထောင်က လာဘ်ထိုးရန်ကြိုးစားသော်လည်း အဆင်မပြေပေ။ သို့သော် ဝမ်ချွမ်းကပြောလာသည်။

"ဒီမှာပဲရှိတာဆိုတော့လည်း ဒီကပဲယူရမှာပေါ့"

"နေဦး ဒီဆိုင်ကလျံဖန်းကို လာဝယ်ကြ"

ကလေးမလေးက အော်ပြောလိုက်သည်။ ဝမ်ချွမ်းသည် အသံကြားသော်လည်း ကလေးမလေး၏အဝတ်အစားများကြောင့် လျစ်လျူရှုကာ ထွက်သွားသည်။ စားဖိုမှူးများကတော့ စိတ်တိုနေကြပြီး ထိပ်ဆုံးစားဖိုမှူးက လျံဖန်းကိုထိုးယူကာမြည်းကြည့်လိုက်ရာ ချက်ချင်းပင် သူ့အထင်အမြင်များ ပြောင်းလဲသွားသည်။ အရသာကအံ့ဩစရာကောင်းလှသော်လည်း သူတို့သည် အိမ်တော်ထိန်းကို မလွန်ဆန်ရဲကြ။ ဝမ်ချွမ်းက စိတ်မရှည်တော့ချေ။

"ဒီစက်ဆုပ်စရာအရာက ဝမ်ချွမ်းကို ခေါ်ဖို့မထိုက်တန်ဘူး"

စားဖိုမှူးသုံးဦးမှာ အလကားရသောလျံဖန်းများကို အကုန်စားပြီးမှကြိမ်းဝါးလိုက်သည်။

"မင်းတို့ဆိုင်ကို ငါဖျက်ဆီးပစ်မယ်"

"တောင်းပန်ပါတယ်ရှင်၊ ကလေးက ဘာမှနားမလည်လို့ပါ"

လင်းယွဲ့က အမြန်တောင်းပန်ကာ လျံဖန်းသုံးတုံးကို ကြာဖက်ဖြင့်ထုပ်ပေးလိုက်သည်။

"ဒါလေး ယူသွားပေးပါ၊ ကလေးစကားကို ဂရုမစိုက်ပါနဲ့"

"ကလေးစကားဟုတ်လား အပြစ်ကင်းတယ်ပေါ့လေ"

စားဖိုမှူးက ဒေါသထွက်ကာလျံဖန်းထုပ်ကို ကလေးမလေးဘက်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ချလိုက်သည်။

"နောက်တစ်ခါကျရင် စကားပြောတတ်အောင် သင်ပေးရလိမ့်မယ်"

ထိုအပြုအမူကြောင့် ကလေးမလေးမှာ ကြောက်လန့်သွားတော့သည်။ ဤလောကတွင် သူမကိုလူတိုင်း အလိုလိုက်ထားကြပြီး ယခုလို အကြမ်းဖက်ခံရမည်ဟု သူမ လုံးဝမတွေးထားခဲ့ပေ။

All Chapters