လင်းယွဲ့တစ်ယောက် အစားအသောက်နှင့် အဝတ်အထည်ရှားပါးလှပြီး အခြေအနေများ ရှုပ်ထွေးပွေလီနေသည့် ရှေးခေတ်ဆီ ဝိညာဉ်ကူးပြောင်းရောက်ရှိသွားခဲ့၏။ ရောက်ရောက်ချင်းမှာပင် ငရဲခန်းအလား အခက်အခဲများဖြင့် ရင်ဆိုင်ရပါတော့သည်။ စစ်မြေပြင်၌ ခင်ပွန်းဖြစ်သူ ကျဆုံးသွားပြီဆိုသော သတင်းဆိုးနှင့်အတူ အိမ်ထဲကိုလည်းလူမိုက်များ အတင်းဝင်ရောက်နှောင့်ယှက်လာကြတော့၏။ လူမိုက်များအား ရှင်းလင်းပြီးချိန်မှာတော့ သူမသည် ပိန်ချုံးနေသော မောင်ဖြစ်သူနှင့် ညီမလေးကိုခေါ်ဆောင်ပြီး ခင်ပွန်းဖြစ်သူ၏မိသားစုဆီ ထွက်ပြေးခိုလှုံခဲ့ပေသိ ယိုယွင်းပျက်စီးနေသော သက်ငယ်တဲအိုလေးတစ်လုံးသာရရှိခဲ့သည်။ ပိုက်ဆံလည်းမရှိ စိုက်ပျိုးဖို့မြေလည်းမရှိ သို့သော် ကံကောင်းထောက်မစွာဖြင့် သူမထံတွင် ခေတ်သစ်ကမ္ဘာမှ ရေခဲသေတ္တာဆီကူးပြောင်းနိုင်သော ရွှေလက်ချောင်းတစ်ခုပါလာခဲ့သည်။ အသားပေါင်မုန့်တွေ၊ ကြက်ဥတွေ၊ ဂျယ်လီ၊ ဝက်ခြေထောက်၊ အသားကင်၊ အာလူးတွေ၊ ကန်စွန်းဥတွေ၊ အရက်ဖြူ၊ ကိုလာ..... ဆိုင်လေးတစ်ဆိုင်မှစတင်ပြီး သူမသည် ရှေးခေတ်၌ သူမအရည်အချင်းများကို ထုတ်ဖော်ပြသခဲ့ပါတော့၏။ လင်းယွဲ့ မမျှော်လင့်ထားသည့်အချက်တစ်ခုမှာတော့ သူမခင်ပွန်းသည် စစ်မြေပြင်၌သေဆုံးသွားခဲ့ခြင်းမဟုတ်ပါဘဲ ထိုအစား နယ်မြေတစ်ခုကိုသိမ်းပိုက်စိုးမိုးပြီး ဘုရင်တစ်ပါးဖြစ်နေခဲ့သည်ကိုပင်။ ဤတင်မကသေးဘဲ သူသည်လျှို့ဝှက်ချက်ကြီးတစ်ခုကိုလည်း ဖုံးကွယ်ထားပါသေး၏။

