← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

Ch-131

လင်းယွဲ့က သူ့ကိုထွက်သွားခိုင်းချင်နေသည်။ သူက တကယ်ကို ယုံကြည်စိတ်ချရပုံမပေါ်ပေ။ သို့သော် ကုတန်နှင့် တာ့ယာတို့က စိတ်ဝင်တစားနှင့် သိချင်စိတ်အပြည့်ဖြင့် ကြည့်နေကြ၏။ အကယ်၍ သူတို့သာဖိတ်ခေါပြီး အပြင်ထုတ်ခံရလျှင် သေချာပေါက် ဝမ်းနည်းသွားကြမည်ဖြစ်သည်။

လင်းယွဲ့က စိတ်ရှည်လက်ရှည်ဖြင့် သေချာစစ်ဆေးကြည့်လိုက်ရာ တစ်ခုခုကို သတိပြုမိသွားသည်။ ၎င်းက ကျောက်တုံးတစ်တုံးဖြစ်သော်လည်း ချောမွေ့မှုနှင့် တောက်ပမှုတို့ရှိနေလေသည်။ ပြီးတော့ ၎င်း၏ပုံစံက ရွှေတုံးတစ်တုံးနှင့်တူနေ၏။

လင်းယွဲ့ ရှင်းကျန်းသို့သွားခဲ့စဉ်ကလည်း သိချင်စိတ်ဖြင့် ကျောက်တုံးများကို သွားကြည့်ခဲ့ဖူးသည်။ မြစ်ကမ်းဘေးတွင် ကျောက်တုံးများ အများအပြားရှိပြီး သူမရှေ့ရှိမြေကွက်ငယ်လေးထဲတွင်ပင်ရှာဖွေရန် နာရီဝက်ခန့် အချိန်ယူရနိုင်သည်။

‘သူ ဒါကိုရှာဖို့ တကယ်ပဲ အချိန်အများကြီးပေးခဲ့ရပုံပဲ’

"ရွှေတုံးလား"

"ပုလဲထွေးထုတ်နေတဲ့ နဂါးလေ"

ကုလင်မှာ ကောက်ကျစ်ဟန်အပြုံးဖြင့် ပြောလိုက်သည်။

"ရွှေတုံးလိုအဆင့်နိမ့်တဲ့အရာမျိုးကို ကိုယ်က ဘာလို့ယူလာရမှာလဲ၊ ဒီကျောက်တုံးက ရုတ်တရက်ကြည့်လိုက်ရင် ရွှေတုံးနဲ့တူပေမဲ့ သူ့ရဲ့ပုံစံကို သေချာကြည့်လိုက်ရင် ပုလဲထွေးထုတ်နေတဲ့နဂါးနဲ့ မတူဘူးလား"

လင်းယွဲ့ တိတ်ဆိတ်နေလိုက်သည်။ ကျောက်တုံးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေရသဖြင့် သူမ တကယ်ကို ပျင်းရိနေပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်စုန်ရှင်းအကြည့်များက ကုလင်ထံသို့ကျရောက်သွားပြီးနောက် ဖယ်ခွာသွားလေသည်။ သူက လင်းယွဲ့အားပြောလိုက်၏။

"ဒီသန္တာကျောက်နီက ရှားပါးတာ မဟုတ်ပါဘူး၊ မင်း သဘောကျရင် ဒီမှာပဲ ထားလိုက်ပါ၊ တစ်ကယ်လို့ ပျောက်သွားတာ ဒါမှမဟုတ် ပျက်စီးသွားတာမျိုးဖြစ်ခဲ့ရင် နောက်ထပ်တစ်ခုထပ်ပေးပါ့မယ်"

ဘေးတွင်ရပ်နေသော ဝမ်ယာဝေ့မှာ မျက်လုံးပြူးသွားလေသည်။ ဤသန္တာကျောက်နီက သူမအစ်ကို၏သိုလှောင်ခန်းထဲရှိနေသည်မှာ ကြာပြီဖြစ်ပြီး သူက ၎င်းကိုအင်မတန်သဘောကျခဲ့၏။

'သူက ဘယ်အချိန်ကစပြီး ဒီလောက် ရက်ရောသွားတာလဲ’

"အစ်ကို၊ ညီမလည်း တစ်ခုလိုချင်တယ်"

ဝမ်ယာဝေ့က အခြေအနေကို အခွင့်ကောင်းယူကာ ပြောလိုက်သည်။

"အိမ်ရောက်ရင် မင်းကိုတစ်ခုပေးမယ်"

ဝမ်စုန်းရှင်းက လင်းယွဲ့ကိုစိုက်ကြည့်ကာပြုံးရင်း ပြောလိုက်သည်။

"ကိုယ့်မျက်စိရှေ့မှာ ရှိနေတာထက် ကိုယ်သဘောကျတဲ့အရာကို ပိုင်ဆိုင်ရတာက အမြဲတမ်းပိုကောင်းပါတယ်၊ မင်းရော အဲဒီလိုမထင်ဘူးလား"

"ဒီကျောက်တုံးကလည်း မဆိုးဘူးလို့ ငါထင်တယ်၊ ကြည့်ရဆိုးမနေပါဘူး"

ကုလင်ပြုံးရင်း ပြောလိုက်သည်။

"အဓိပ္ပာယ်ကလည်း ကောင်းတယ်၊ ငါကတော့ အရမ်းသဘောကျတယ်၊ မင်းရော ဘယ်လိုထင်လဲ လင်းယွဲ့"

"ဒီသန္တာကျောက်နီက တကယ်ကို တန်ဖိုးရှိပါတယ်"

လင်းယွဲ့က သဘာဝအရဖြုန်းတီးတတ်သူမဟုတ်သဖြင့် ပြောလိုက်သည်။ အကယ်၍ သန္တာကျောက်နီသာ အခိုးခံရလျှင် သို့မဟုတ် ပျက်စီးသွားလျှင် သူမ သေချာပေါက် ရင်ကွဲရပေမည်။ ဝမ်စုန်းရှင်း မျက်လွှာကိုအသာချလိုက်ရာ သူ့ရင်ထဲတွင် ဖော်ပြ၍မရသောမသက်မသာ ခံစားမှုတစ်ခုဖြစ်ပေါ်လာလေသည်။ ကုလင်မှာ စိတ်နေစိတ်ထား ကောင်းမွန်နေလေသည်။

"အဲဒါ အမှန်ပဲ"

သို့သော် လင်းယွဲ့က ဝမ်စုန်းရှင်းကိုမစော်ကားလိုပေ။ သူက သူမကို အများကြီးကူညီပေးခဲ့ပြီး နောင်တွင်လည်း သေချာပေါက် ပိုကူညီပေးမည် ဖြစ်သည်။ သူမအမြန် ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်မဒီသန္တာကျောက်နီကို တကယ်သဘောကျပါတယ်၊ အမြဲတမ်း ကြည့်ရှုခံစားလို့ရအောင် နောက်ကျရင် ကျွန်မအခန်းထဲမှာပဲ ထားလိုက်ပါ့မယ်"

ထိုစကားကိုကြားသောအခါ ဝမ်စုန်းရှင်း၏စောစောက မသက်မသာဖြစ်မှုများမှာ ချက်ချင်းပျောက်ကွယ်သွားလေသည်။ သန္တာကျောက်နီကို လင်းယွဲ့အိပ်ခန်းထဲတွင်ထားရှိမည်ဖြစ်ပြီး ထိုနေရာတွင် သူမက နေ့စဉ်အချိန်ဖြုန်းကာ ကြည့်ရှုလိမ့်မည်ဖြစ်သည်။ ဘာကြောင့်မှန်းမသိပါဘဲ သူ့ပါးပြင်နှစ်ဖက်ပေါ်တွင် အနီရောင်များ အမြန်ပျံ့နှံ့သွားလေ၏။

"ဒေါင် ချွမ်၊ ဒေါင် ချွမ်၊ ဒေါင် ချွမ်၊ ဒေါင် ချွမ်၊ ဒေါင် ချွမ်"

ထို့နောက် မောင်းနှင့်စည်သံများက မိုးကြိုးပမာကျယ်လောင်စွာ ထွက်ပေါ်လာပြီး အားကောင်းကာ စည်းချက်ကျနေလေသည်။ စည်တီးသံများမှာ တစ်ခါတစ်ရံ ရုတ်တရက်ရွာချလာသော မိုးရေပေါက်များကဲ့သို့ သိပ်သည်းနေပြီး မြည်ဟည်းနေလေသည်။

"ဒေါင် ဒေါင် ဒေါင် ဒေါင်၊ ဒေါင် ဒေါင် ဒေါင် ဒေါင်"

"ခြင်္သေ့အကအဖွဲ့ ရောက်လာပြီ"

လင်းယွဲ့ပြုံးရင်းပြောကာ အပြင်သို့ ပြေးထွက်သွားလေသည်။ ထိုနေရာတွင် တက်ကြွပြီး အသက်ဝင်နေသော မျက်လုံးများရှိသည့် တောက်ပသော အရောင်အသွေးများဖြင့် ခြင်္သေ့နှစ်ကောင်ကို သူမတွေ့လိုက်ရ၏။ မောင်းနှင့် စည်သံများနှင့်အတူ သူတို့က အံ့ဩဖွယ်ကောင်းသော အဖွင့်ဖျော်ဖြေမှုကို အရင်ဆုံး တင်ဆက်ကြလေသည်။

တစ်ခါတစ်ရံ သူတို့က လေထဲသို့မြင့်မြင့်ခုန်တက်သွားကြပြီး တိမ်တိုက်များထဲသို့ ပျံသန်းသွားသကဲ့သို့ ဖြစ်နေသည်။ တစ်ခါတစ်ရံ လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှိမ့်သွားကြပြီး တစ်ခါတစ်ရံ သူတို့ခေါင်းများကို ခါယမ်းကာ ကစားချင်စရာကောင်းသည့် ချစ်စရာကောင်းမှုကို ပြသကြလေသည်။ ထိုအချိန်တွင် ကျိုးလီလည်း ဆိုင်ထဲသို့ဝင်လာပြီး လင်းယွဲ့ကို လက်ခုပ်အုပ်ကာနှုတ်ဆက်လိုက်သည်။

"နေ့စဉ်ဝင်ငွေတိုးပြီး ကံကောင်းခြင်းတွေရပါစေ"

လင်းယွဲ့ သူ့ကိုပြုံးရင်း နှုတ်ဆက်လိုက်ရာ ကျိုးလီကပြောလိုက်သည်။

"ဟွမ်ရှန်းက သူ မနက်ပိုင်းကင်းလှည့်ရမှာမို့လို့ နေ့လယ်ကျမှ ဂုဏ်ပြုဖို့ လာခဲ့မယ်လို့ ပြောတယ်၊ ခရိုင်ဝန်ယန်ကလည်း မင်းရဲ့ဆိုင်ဖွင့်ပွဲအတွက် ဂုဏ်ပြုစကားပါးလိုက်ပါတယ်"

"အရာရှိမင်းများကို ကျေးဇူးတင်ပါတယ်ရှင်"

"မျက်လုံးဖွင့် အခမ်းအနားစတင်ပါပြီ"

ခြင်္သေ့အကအဖွဲ့၏အရှေ့ဆုံးမှ လူက မောင်းကိုတီးကာ ကြေညာလိုက်သည်။

"ဆိုင်ရှင် ကျေးဇူးပြုပြီး မျက်လုံးဖွင့်ပေးပါ"

သူကစုတ်တံတစ်ချောင်းနှင့် ဟင်္သာပြဒါးပန်းကန်ပြားတစ်ခုကို လင်းယွဲ့ထံသို့ ကမ်းပေးလိုက်သည်။ လင်းယွဲ့မှာ ဤအခမ်းအနားအကြောင်း မသိသဖြင့် အနည်းငယ် ဇဝေဇဝါဖြစ်နေပုံရလေသည်။ ဝမ်စုန်းရှင်းက ဘေးမှနေ၍တီးတိုးပြောလိုက်၏။

"ဟင်္သာပြဒါးနည်းနည်းယူပြီး ခြင်္သေ့ရဲ့ မျက်လုံးတွေပေါ်မှာ တို့ပေးလိုက်ရုံပါပဲ"

လင်းယွဲ့က သူ့ကိုကျေးဇူးတင်သည့် အကြည့်ဖြင့်ကြည့်ကာ သူပြောသည့်အတိုင်း လုပ်လိုက်သည်။ ယင်းသို့ ပြုလုပ်ပြီးနောက် ခြင်္သေ့မှာအသက်နှင့် ဝိညာဉ်သွင်းခံလိုက်ရသကဲ့သို့ မျက်တောင်ခတ်ကာ ခေါင်းကိုခါယမ်းပြီး လင်းယွဲ့အား ကျေးဇူးတင်နေသည့်ပုံပေါက်သွားလေသည်။ ထိုအချိန်တွင် လူအများအပြားက ဆွဲဆောင်ခံရပြီး ခြင်္သေ့အကဖျော်ဖြေမှုကို ကြည့်ရှုရန် စုရုံးလာကြသဖြင့် စည်ကားသိုက်မြိုက်သော လေထုကို ဖန်တီးပေးလေသည်။

မျက်လုံးဖွင့် အခမ်းအနားပြီးနောက် ဟင်းသီးဟင်းရွက်များကို ခူးယူရမည့်အချိန်ရောက်လာသည်။ မနေ့ညက ဆိုင်အပြင်ဘက်တွင် တည်ဆောက်ထားသော ဝါးစင်မြင့်မှာ နောက်ဆုံးတွင် အသုံးဝင်လာပြီး တစ်ယောက်ယောက်က ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုသော ဟင်းသီးဟင်းရွက်စိမ်းများကို ထိုအပေါ်တွင် ချိတ်ဆွဲထားလေသည်။ မောင်းသံများ လျင်မြန်စွာထွက်ပေါ်လာသည်နှင့်အမျှ ခြင်္သေ့၏ခြေလှမ်းများမှာလည်း အတော်လေး မြန်ဆန်လာ၏။

ခြင်္သေ့တစ်ကောင်က စင်မြင့်ပေါ်သို့ လျင်မြန်စွာ တက်သွားရာ ခြေလှမ်းတိုင်းက တည်ငြိမ်ပြီး ခိုင်မာနေလေသည်။ စင်မြင့်ပေါ်တွင် ခေတ္တရပ်နားပြီးနောက် ရုတ်တရက် ရှေ့သို့ခုန်အုပ်လိုက်ကာ ဟင်းသီးဟင်းရွက်များကို အောင်မြင်စွာ ခူးယူနိုင်ခဲ့သည်။ နောက်ခြင်္သေ့တစ်ကောင်ကလည်း ၎င်းနှင့် ယှဉ်ပြိုင်ကာ ဟင်းသီးဟင်းရွက်များကို အောင်မြင်စွာ ခူးယူနိုင်ခဲ့၏။

သူတို့က ဟင်းသီးဟင်းရွက်များကို ဝါးစားပြီးနောက် ပတ်ပတ်လည်သို့ ဖြန့်ကြဲလိုက်ရာ စောင့်ကြည့်နေသူများထံမှ အားပေးသံများနှင့် လက်ခုပ်သံများကို ရရှိခဲ့သည်။ နေ့လည် ၁နာရီ ၁၅မိနစ်တွင် မောင်းသံထွက်ပေါ်လာပြီး လင်းယွဲ့က ဆိုင်းဘုတ်ပေါ်မှ အနီရောင် အဝတ်ကို ဆွဲခွာလိုက်လေသည်။

“ကျုံးဟွာဆော့စ်ဆိုင် တရားဝင်ဖွင့်လှစ်ပါပြီ”

တစ်ချိန်တည်းမှာပင် လင်းယွဲ့က သူမ ကြိုတင်ပြင်ဆင်ထားသော ကြေးပြားများကို ရင်ခွင်ထဲမှထုတ်ယူကာ ပတ်ပတ်လည်သို့ ဖြန့်ကြဲလိုက်သည်။ စောင့်ကြည့်နေသူများက အလုအယက် ကောက်ယူကြရာ ၎င်းမှာအရပ်လေးမျက်နှာမှ ဝင်ငွေများဝင်လာပြီး စီးပွားရေးတိုးတက်စေခြင်းကို ကိုယ်စားပြုလေသည်။ တခြားတစ်ဖက်တွင် ကျောက်ရုံက တံတွေးထွေးလိုက်သည်။

"ထွီ ဒီမိန်းမယုတ်လေးက တော်တော် လူချစ်လူခင်ပေါတာပဲ၊ ကျိုးလီတောင် ရောက်လာတယ်"

"ဒါဆို ကျွန်တော်တို့သွားရမှာလား"

လူမိုက်တစ်ယောက်က မေးလိုက်သည်။

"အရူးတွေ"

ကျောက်ရုံက သူတို့တစ်ယောက်ချင်းစီ၏နဖူးကို ခေါက်လိုက်သည်။

"သေချာပေါက် သွားရမှာပေါ့ မဟုတ်ရင် အစီအစဉ်တစ်ခုလုံး အလကားဖြစ်သွားမှာပေါ့၊ ခဏလောက် စောင့်ဦး၊ ကျိုးလီက ဒီမှာပဲ တစ်ချိန်လုံးနေသွားမယ်လို့ ငါမယုံဘူး"

*ဖူး*

အသံတစ်သံနှင့်အတူ အနံ့အသက်ဆိုးတစ်ခုက လေထဲတွင်ပျံ့လွင့်သွားလေ၏။ ကျောက်ရုံမှာ ဒေါသထွက်သွားလေသည်။

"တောက် သူက ငါ့အိမ်ကိုအနံ့ဆိုးတွေနံသွားအောင် လုပ်နေတာပဲ"

"အစ်ကိုကြီး သူ့ကိုပညာနည်းနည်း ပေးလိုက်ရမလား"

လူမိုက်က မျက်နှာချိုသွေးကာ မေးလိုက်၏။ ကျောက်ရုံက လှမ်းကြည့်လိုက်ရာ သစ်သားစင်ပေါ်တွင် လဲလျောင်းနေပြီး အလွန်အားနည်းကာ မထနိုင်တော့သော သူတောင်းစားလေးကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် စုရှန်း၏မယားငယ်မိခင်ဖြစ်သူ အိုမင်းပြီး အားနည်းနေသောအမျိုးသမီးနှင့် နေမကောင်းဖြစ်ကာ ဖြူဖျော့နေသောဖခင်ဖြစ်သူတို့ရှိနေ၏။ ကျောက်ရုံ သဘောတကျရယ်မောလိုက်သည်။

"မင်း သိလား၊ သူတို့က တကယ့်မိသားစုတစ်စုနဲ့ တော်တော်လေးတူတာပဲ"

"သူ့ကိုမရိုက်နဲ့တော့ မဟုတ်ရင် သေသွားလိမ့်မယ်၊ ပြဿနာမရှာခင်မှာ သူ့ကို အသက်ရှင်လျက်ထားဖို့ လိုတယ် မဟုတ်ရင် အလောင်းကိုသုံးပြီး ပြဿနာရှာရင် သေမှုသေခင်းသမားတော်ရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်"

သူတောင်းစားလေးသည် သူ့တင်ပါးဆီမှ နွေးထွေးသောအရည်များ စီးကျလာသည်ကို ခံစားနေရပြီး အဝတ်များမှာ အနံ့ဆိုးထွက်ကာ စိုစွတ်လာလေ၏။ မနေ့က ကျောက်ရုံသူ့ဗိုက်ထဲသို့ ဝမ်းနုတ်ဆေး အမြောက်အမြား အတင်းအဓမ္မထည့်ပေးပြီးနောက် ဓားများဖြင့် ဗိုက်ကိုအထိုးခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကိုခံစားခဲ့ရသည်။

သူ တစ်ညလုံးဝမ်းသွားနေခဲ့သဖြင့် လုံးဝအားအင်ကုန်ခမ်းသွားလေသည်။ နဂိုကတည်းက သူသည်ဆာလောင်ပြီး အားနည်းနေခဲ့ရာ ဤကဲ့သို့ ဝမ်းသွားရခြင်းဒဏ်ကို ဆက်လက်မခံနိုင်တော့ပေ။ သူ သေတော့မည်ကိုခံစားနေရသည်။

‘အဲဒီတုန်းက သူတောင်းစားအိုကြီးလည်း ဒီလိုမျှော်လင့်ချက်မဲ့နေခဲ့တာလား၊ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့ပြီး သူနဲ့အရင်းနှီးဆုံးဖြစ်သော သူတောင်းစားအိုကြီးကို....’

သူ တွေးလိုက်မိသည်။ သူက သူ့ကို တောင်းစားရန်၊ အသက်ရှင်သန်ရန်နှင့် နယ်မြေအတွက် တိုက်ခိုက်ရန်သင်ပေးခဲ့သည်။ သူက သားသမီးဝတ္တရား ကျေပွန်မှုကြောင့်ဟု အကြောင်းပြကာ သူ့အစားအစာများကိုလည်း ခိုးစားလေ့ရှိသည်။ သို့သော် သူတောင်းစားအိုကြီးက နှစ်စဉ် သူ့မွေးနေ့ရောက်တိုင်း သူ့ကို ကြက်ပေါင်တစ်ချောင်း အမြဲကျွေးတတ်သည်။

ထိုနေ့က သူ့မွေးနေ့ဖြစ်ပြီး သူတောင်းစားအိုကြီးက ကြက်ပေါင်ကို ဘယ်ကရလာသလဲဆိုသည်ကို သူသိချင်ခဲ့သည်။ သူတောင်းစားအိုကြီးက ကြက်ပေါင်ရလာသည်ကို မြင်သောအခါ သူပြုံးပြီး စိတ်ထဲမှတွေးလိုက်သည်။

"ဒီနေရာက အခု ငါ့ပိုင်နက်ဖြစ်သွားပြီ"

သို့သော် သူတောင်းစားအိုကြီးက စုဟိုင်ကို မတော်တဆဝင်တိုက်မိသွားသည်။ စုဟိုင်က မျက်မှောင်ကြုတ်ကာ ပြော၏။

"ကံဆိုးပြီး ရွံစရာကောင်းလိုက်တာ၊ ဒီသူတောင်းစားအိုကြီးက ဘယ်က ရောက်လာတာလဲ၊ သူ ဘာလို့သေမသွားရတာလဲ"

သူ့အနောက်တွင်ရှိသော စုရှန်းက ချက်ချင်းထွက်လာပြီး သူတောင်းစားအိုကြီးကို လမ်းပေါ်တွင်ရိုက်သတ်လိုက်လေသည်။ သူ ထိုနေရာသို့ပြေးလာရန် ကြိုးစားခဲ့သော်လည်း သူတောင်းစားအိုကြီးက သူ့ကိုမြင်သောအခါ အကြိမ်ကြိမ်တောင်းပန်နေရာမှ သူ့ကိုပြေးရန် အော်ဟစ်နေခဲ့သည်။

All Chapters