အခန်း ၁၄၂
Vol. 15 Ch. 142
Ch-142
ကျီဝေ့လန်က လင်းယွဲ့ကိုညစာစားပြီး တစ်ညအိပ်တည်းခိုသွားစေချင်လေသည်။ လင်းယွဲ့သည် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ တွန်းဖွင့်ပြီး အပြင်သို့ကြည့်လိုက်၏။ နေမင်းကြီးက မိုးကုပ်စက်ဝိုင်းအောက်သို့ တိတ်တဆိတ်ဆင်းသွားပြီး ကောင်းကင်ယံတွင် နေဝင်ဆည်းဆာ အလင်းဖျော့ဖျော့လေးသာကျန်ရစ်တော့သည်။
လင်းယွဲ့က အလင်းရောင်ရှိနေသေးချိန်တွင် အိမ်သို့အမြန်ပြန်ရန် မူလကစီစဉ်ထားသော်လည်း ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အရိုးခိုက်မတတ် အေးစက်သောလေက တိုက်ခတ်လာသဖြင့် သူမတုန်ယင်သွားကာ ပြတင်းပေါက်ကို အမြန်ပြန်ပိတ်လိုက်ရ၏။ အခန်းတွင်း၌ မီးသွေးမီးဖိုက တောက်လောင်နေပြီး တစ်ခါတစ်ရံ တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်နေလေသည်။
နွေးထွေးသော လေငွေ့များက ခန္ဓာကိုယ်ရှိ အရိုးတိုင်းကိုဖုံးလွှမ်းသွားသကဲ့သို့ ခံစားရပြီး သူမအရိုးများပင် ပျော့ပျောင်းသွားသလို ဖြစ်သွားလေသည်။ လင်းယွဲ့သည် နူးညံ့သော မြေခွေးသားမွေးအင်္ကျီကို ကိုင်တွယ်ကြည့်ရင်း သွေးဆောင်ခံလိုက်ရ၏။ သူမခေါင်းကို အသာမော့ကာ မလှမ်းမကမ်းတွင် ထိုင်နေသော ကုလင်ထံသို့ အကြည့်ရွှေ့လိုက်ရာ သူလည်း မီးဖိုကို တိတ်တဆိတ်ငေးကြည့်နေပြီး သူ့မျက်နှာပေါ်တွင်လည်း ထိုကဲ့သို့ပင် စိတ်ဝင်စားနေသည့် အမူအရာကိုတွေ့လိုက်ရသည်။
"ကောင်းပြီလေ"
လင်းယွဲ့ပြုံး၍ သဘောတူလိုက်သည်။ တောက်ပသောအပြုံးဖြင့် ကျီဝေ့လန်က အရသာရှိသော အစားအစာများကို သုံးဆောင်ရန် ချင်းဖုန်းစားသောက်ဆိုင်သို့ နွေးထွေးစွာဖိတ်ခေါ်လေသည်။ ခြေလှမ်းအနည်းငယ်အကွာတွင် လင်းယွဲ့သည် ယခုလေးတင် လဲလှယ်ထားသော ရေနွေးအိတ်ကိုကိုင်ကာ ချင်းဖုန်းစားသောက်ဆိုင်သို့ လျှောက်သွားလေသည်။ သူမမော့ကြည့်လိုက်ရာ အဆောက်အအုံမှာ လေးထပ်မြင့်ကြောင်း တွေ့လိုက်ရ၏။
ထိုအချိန်တွင် ချင်းဖုန်းစားသောက်ဆိုင် တစ်ခုလုံးမှာ နေ့ခင်းဘက်ကဲ့သို့ပင် တောက်ပသော ဖယောင်းတိုင်မီးများဖြင့် လင်းထိန်ကာ မျက်စိကျိန်းလောက်အောင် တောက်ပနေလေသည်။ ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် အထဲမှ ခွက်ချင်းတိုက်သံများနှင့် ပျော်ရွှင်စွာ စားသောက်နေကြသည့် အသံများကို သဲ့သဲ့ ကြားနေရ၏။ ချင်းဖုန်းနားနေဆောင်မှာ ကျီဝေ့လန်၏စီးပွားရေးလုပ်ငန်းများစွာထဲမှတစ်ခုသာ ဖြစ်သော်လည်း ရှီထိုင်ခရိုင်ရှိထျန်းရှန်းနားနေဆောင်ထက် အများကြီးပိုမိုခမ်းနားကြီးကျယ်လေသည်။
ချင်းဖုန်းနားနေဆောင်မှာ သူမအရင်က သွားဖူးသောပုံပြင်ပြောပြသည့် လက်ဖက်ရည်ဆိုင်များနှင့် မတူပေ။ ဤနေရာတွင် ပုံပြင်ပြောပြခြင်းမရှိဘဲ သာယာနာပျော်ဖွယ်ကောင်းပြီး စိတ်ကို ကြည်နူးစေသော ဝါးပလွေသံများသာ ထွက်ပေါ်နေလေသည်။ ထို့နောက် သူတို့သုံးယောက် အတူတကွသီးသန့်ခန်းထဲသို့ ဝင်သွားကြလေသည်။
ကျီဝေ့လန်က ချင်းဖုန်းစားသောက်ဆိုင်၏နာမည်ကြီး ဟင်းလျာခုနစ်ပွဲ ရှစ်ပွဲခန့်ကို မှာယူလိုက်သည်။ စားပွဲထိုးက ခံတွင်းမြိန်စေရန် ရေနွေးကြမ်း၊ မုန့်များနှင့် အမြည်းများကို အရင်လာချပေးလေသည်။ ဟင်းလျာများမှာ အမြန်ရောက်လာပြီး ဝက်သား၊ ကျောက်စိမ်းငါးပေါင်းနှင့် အဆင့်မြင့်ပဲပြားတို့ ပါဝင်လေသည်။
ထိုနေရာမှာ ပင်လယ်နှင့် သိပ်မဝေးသောကြောင့်ဖြစ်မည်။ မက်မွန်ပန်း ပုစွန်နှင့် ဘဲသားကင်ပတ်ကမာကောင် ကဲ့သို့သော ပင်လယ်စာဟင်းလျာများလည်း ပါဝင်လေသည်။ လင်းယွဲ့မှာ မစောင့်နိုင်တော့ဘဲ တူဖြင့် ဟင်းတစ်ဖတ်ကိုယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။
‘အရသာရှိလိုက်တာ’
ရာထူးကြီးသော အရာရှိများနှင့် မြင့်မြတ်သူများ ချင်းဖုန်းနားနေဆောင်သို့ မကြာခဏလာရောက်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ ဟင်းအရသာမှာ တကယ်ကို အထူးအဆန်းပင် ဖြစ်သည်။ လင်းယွဲ့က သူမဘေးရှိ ကုလင်မှာ စားသောက်ပွဲစည်းကမ်းများကို လုံးဝဂရုမစိုက်ဘဲ အငမ်းမရစားသောက်နေသည်ကို မြင်လိုက်ရ၏။
သူမ သူ့ကိုကြည့်နေသည်အားမြင်သောအခါ ကုလင်ပြုံးလိုက်ပြီး သူ့ပါးစပ်ထဲရှိ အစားအစာများကိုအမြန် မျိုချလိုက်သည်။ သူကအစေခံချပေးထားသော ရေနွေးပဝါဖြင့် ပါးစပ်ကို သုတ်လိုက်ပြီးနောက် လင်းယွဲ့ နားနားသို့တိုးကပ်ကာ တီးတိုးပြောလိုက်၏။
"မင်းလုပ်တဲ့ ဝက်သားနီချက်လောက်တော့ မကောင်းပါဘူး"
နွေးထွေးသော လေပြေလေးတစ်ခုက လင်းယွဲ့နားရွက်ကို ဖြတ်တိုက်သွားပြီး မမြင်ရသော လက်တစ်ဖက်က ညင်သာစွာ ပွတ်သပ်သွားသကဲ့သို့ ခံစားလိုက်ရ ဤရုတ်တရက် နီးကပ်မှုကြောင့် လင်းယွဲ့မှာတုန်လှုပ်သွားလေသည်။ သူမက ကုလင်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး အပူရှိန်နှင့် မသက်မသာဖြစ်မှုကို ဖယ်ရှားပစ်ချင်သည့်အလား နားရွက်များကို ပွတ်သပ်လိုက်၏။
"နည်းနည်းလောက် တည်တည်ငြိမ်ငြိမ် နေစမ်းပါ"
သူမ အသာဆူပူလိုက်သည်။ ကုလင်က အစားအသောက်ထဲတွင် နစ်မျောနေပြီဖြစ်ပြီး ခုနက သူလုပ်ခဲ့သည်မှာ စကားပြောရန်သာဖြစ်ပြီး တခြားရည်ရွယ်ချက် မရှိပုံရလေသည်။ သို့သော် သူက သူမ၏ကိုယ်ပိုင် ဝက်သားနီချက်လောက် မကောင်းဘူးဟုပြောခဲ့ခြင်းမှာ တောဝက်တစ်ကောင်က အစားအစာကောင်းကို တန်ဖိုးမထားတတ်သည့်ဖြစ်ရပ်မျိုးပင် ဖြစ်သည်။
သို့သော် လင်းယွဲ့ သေချာအရသာခံကြည့်သောအခါ အပြစ်ရှာရမည်ဆိုလျှင် ဤဟင်းလျာများတွင် လတ်ဆတ်မှုတစ်မျိုးလိုအပ်နေပုံရကြောင်း တွေ့လိုက်ရသည်။
‘တစ်ကယ်လို့ ဟင်းချိုမှုန့် ဒါမှမဟုတ် ကြက်သားမှုန့် အနည်းငယ်ထည့်လိုက်နိုင်ရင် အရသာက သေချာပေါက် ပိုကောင်းမွန်လာပြီး အရသာပိုရှိိလာမလား’
သူမစိတ်ထဲမှ တိတ်တဆိတ်တွေးလိုက်မိသည်။ လင်းယွဲ့က ခေတ်သစ်ကမ္ဘာတွင် ကြက်သားမှုန့် သို့မဟုတ် ဟင်းချိုမှုန့်ကို ရှားရှားပါးပါးသာအသုံးပြုလေ့ရှိသော်လည်း ၎င်းတို့က ဟင်းလျာများ၏အရသာကို မြှင့်တင်ရာတွင် အလွန်ကျွမ်းကျင်ကြောင်းကိုတော့ ငြင်း၍မရပေ။ လင်းယွဲ့သည် ကြက်သားမှုန့်နှင့် ဟင်းချိုမှုန့်တို့ကို အမြောက်အမြားထည့်လေ့ရှိသော မီးဖိုချောင်ဝန်ထမ်းများကို မြင်ဖူးလေသည်။ သို့သော် ထွက်ပေါ်လာသော ဟင်းလျာများမှာ တကယ်ပင်အရသာရှိလေသည်။
‘ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ ရွှေလျှာရှိတာမှမဟုတ်ဘဲ လူအများစုက လတ်ဆတ်ပြီး မွှေးကြိုင်တဲ့အစားအစာကို ပိုနှစ်သက်ကြတာပဲလေ’
ဟင်းချိုမှုန့်ပြုလုပ်သည့် ရှေးခေတ်နည်းလမ်းတစ်ခုကို လင်းယွဲ့ ရုတ်တရက်သတိရလိုက်သည်။ ၎င်းမှာ ရှန်းတုန်းဟင်းလျာ စားဖိုမှူးများသာ လက်ဆင့်ကမ်းသိရှိခဲ့သော လျှို့ဝှက်ချက်တစ်ခုဖြစ်သည်ဟု ဆိုကြသည်။ သူတို့က ၎င်းကိုအင်္ကျီလက်ထဲတွင် တိတ်တဆိတ် ဝှက်ထားပြီး ဟင်းကြော်နေစဉ်အတွင်းထည့်လေ့ရှိကြ၏။
“ပင်လယ်မျှော့မှုန့်”
ပင်လယ်မျှော့မှုန့်တွင် မိုနိုဆိုဒီယမ်ဂလူတမိတ် အဓိက ပါဝင်သည်။ ပင်လယ်မျှော့များကို အဓိကအားဖြင့် ချင်းတောင်နှင့် ယန်ထိုက်ကမ်းရိုးတန်း ဒေသများတွင် တွေ့ရသည်။ ထို့ပြင် ပြင်ဆင်ရသည့်နည်းလမ်းမှာ အလွန်တရာရိုးရှင်းလေသည်။ ပင်လယ်မျှော့များကို အုတ်ကြွပ်ပြားပေါ်တွင် ခြောက်သွားသည်အထိ ကင်ပြီးနောက် အမှုန့်ဖြစ်အောင်ကြိတ်လိုက်ရုံသာ ဖြစ်သည်။
‘အကယ်၍ ဒီဟင်းချိုမှုန့်ကို ဒီနေ့ ဟင်းလျာများမှာ ထည့်လိုက်မယ်ဆိုရင် အရသာက သေချာပေါက်အများကြီး တိုးတက်သွားမယ်’ လင်းယွဲ့တွေးလိုက်မိသည်။
ပင်လယ်ငှက်ချေးကို ရှေးခေတ်က မြေဆီလွှာဩဇာတိုးတက်စေရန်အတွက် အလွန်ကောင်းမွန်သော မြေဩဇာအဖြစ် သတ်မှတ်ကြသည်။ အချို့သော ငှက်ချေးကျွန်းများတွင် ပင်လယ်ငှက်များက နေရာအနှံ့ငှက်ချေးစွန့်လေ့ရှိသဖြင့် ငှက်ချေးကျောက်ဆောင်များ ဖြစ်ပေါ်လာကြ၏။ ထို့ပြင် ဤပင်လယ်ငှက်ချေး အမျိုးအစားတွင် ဓာတုမြေဩဇာများအတွက် အရေးကြီးသောပစ္စည်းဖြစ်သည့် ဖော့စဖိတ်အမြောက်အမြား ပါဝင်လေသည်။
ကံမကောင်းစွာဖြင့် အနီးဆုံးငှက်ချေးကျွန်းများမှာ ဖိလစ်ပိုင်နှင့် ပစိဖိတ်သမုဒ္ဒရာထဲရှိ နိုင်ငံငယ်လေးနော်ရူးတွင် ရှိပြီး အစောပိုင်း ရာစုနှစ် ၂၀တွင် ငှက်ချေးတင်ပို့မှုကြောင့် တောင်အမေရိကတွင် အချမ်းသာဆုံးနိုင်ငံများထဲမှ နော်ရူးလဲပါလာခဲ့၏။ ပီရူးတွင်လည်းရှိသည်။ ထိုခေတ်က ကမ္ဘာ့ငွေထုတ်လုပ်မှု စုစုပေါင်း၏သုံးပုံတစ်ပုံခန့်ရှိပြီး ငွေတန်ချိန် ၂၀၀ခန့် ပါဝင်ကာ နှစ်ပေါင်း ၄၀၀တိုင်တိုင် တူးဖော်ခဲ့ရသော ဂျပန်နိုင်ငံရှိ အီဝါမီဂျင်ဇန်ငွေတွင်းကိုတော့ ဆိုဖွယ်ရာမရှိတော့ပေ။
အခြားနေရာများတွင်လည်း ရတနာမျိုးစုံ ရှိသေးသည်။ အကယ်၍ သူမတွင်သာ သင်္ဘောတစ်စင်းရှိပြီး ဤနေရာများသို့ သွားနိုင်မည်ဆိုပါက သူမ ငွေမည်မျှရှာနိုင်မည်နည်း။ လင်းယွဲ့ စားပွဲပေါ်တွင် လက်ချောင်းများကို ညင်သာစွာခေါက်လိုက်ရာ သူမစိတ်ထဲတွင် ရေတွက်၍မရနိုင်သော စိတ်ကူးယဉ်မှုများ ပြည့်နှက်နေပြီဖြစ်သည်။
ကံမကောင်းစွာဖြင့် ညတွင်းချင်းတော့ ချမ်းသာလာလို့မရနိုင်ပေ။ သူမ ဖြည်းဖြည်းချင်း သွားရမည်ဖြစ်သည်။ ယနေ့ ကျီဝေ့လန်၏နေရာတွင် ကြွယ်ဝချမ်းသာမှုနှင့် ဇိမ်ကျမှုတို့ကို သူမ အရိပ်အမြွက်မြင်တွေ့ခံစားခဲ့ရပြီး အမှန်တကယ်ဖြစ်နိုင်သော်လည်း လုပ်ကြံဖန်တီးထားပုံရသော ကျီဝေ့လန်၏အတွေ့အကြုံများအကြောင်းကို ကြားခဲ့ရကာ သူမဆော့စ်များကို မြို့တော်အထိ ရောင်းချနိုင်ကြောင်းကိုလည်း သိရှိခဲ့ရသည်။ သူမနှလုံးသားမှာ ကျယ်ပြန့်သွားသကဲ့သို့ခံစားရပြီး ပိုလိုချင်လာမိသည်။ သို့သော် လောလောဆယ်တွင် ဤကုန်တင်ခန်းထဲမှ ကုန်ပစ္စည်းများကို အရင်ထုတ်ရမည်ဖြစ်သည်။
"ဒါနဲ့ ညီမလေးယွဲ့သိပြီးသားလားတော့ မသိဘူး ကိစ္စတစ်ခုရှိတယ်"
ကျီဝေ့လန်က ဝိုင်တစ်ငုံသောက်ရင်း ပြောလိုက်ရာ သူ့မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်တစ်ခု ဝင်ရောက်လာလေသည်။
"ဘာဖြစ်လို့လဲ"
"နန်းတွင်းက လုပ်အားပေးဆင့်ခေါ်တော့မလို့"
ကျီဝေ့လန်သက်ပြင်းချလိုက်သည်။
"ငါတို့က အခွန်နှစ်ဆပေးပြီးခါစပဲရှိသေးတယ်၊ အခု လုပ်အားပေး ချက်ချင်းဆင့်ခေါ်ပြန်ပြီ၊ အခြေအနေတွေ တစ်ခဏလောက်တော့ အေးချမ်းမှာမဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်"
"စစ်မှုထမ်းရမှာလား၊ အဲဒါဘာကိုဆိုလိုတာလဲ"
ကျီဝေ့လန် ပြောလိုက်သည်။
"မြို့တော်က ကျန်းနန်မှာ ယာယီနန်းတော်တစ်ခု တည်ဆောက်ချင်တယ်လို့ ကြားတယ်၊ ခရီးလမ်းတစ်လျှောက် လုံခြုံရေးနဲ့ အကွာအဝေးတိုတောင်းဖို့ ရေလမ်းကြောင်းတွေ တူးရုံတင်မကဘူး၊ နန်းတော်ဆောက်ဖို့လည်း လူတွေ ဆင့်ခေါ်ရဦးမှာ၊ ဒါက ခက်ခဲတဲ့ အလုပ်တစ်ခုပဲ၊ မြို့ရိုးတွေ၊ အစိုးရရုံးတွေ၊ ရေကာတာတွေ၊ စာပို့လမ်းတွေ တည်ဆောက်တာ ဒါမှမဟုတ် ရိက္ခာတွေသယ်ယူရတာထက် အများကြီးပိုခက်ခဲတယ်"
လင်းယွဲ့မှာ မယုံနိုင်အောင်ဖြစ်သွားလေသည်။ ခရိုင်မြို့ငယ်လေးထဲတွင် ပိတ်မိနေသော်လည်း တာ့ယုံမင်းဆက်မှာ အလွန်ဆိုးရွားသောအခြေအနေတွင်ရှိနေကြောင်း သူမသိလေ၏။ ဧကရာဇ်က သူ့ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် တူးမြောင်းများတူးဖော်ကာ နန်းတော်များ တည်ဆောက်ရန် ဤမျှ ကြီးမားသော တည်ဆောက်ရေး စီမံကိန်းကို မည်သို့ဆက်လက် လုပ်ဆောင်နေနိုင်သနည်း။
"လုပ်အားပေးခေါ်တဲ့ကိစ္စအတွက် ညီမလေးယွဲ့ စိုးရိမ်စရာမလိုပါဘူး၊ အရွယ်ရောက်ပြီး ယောကျ်ားတွေက ကင်းလွတ်ခွင့်ရဖို့ ငွေ ၅ တေးပေးရုံပဲ၊ ညီမလေးကတော့ အဲဒါကို သေချာပေါက် ပေးနိုင်ပါတယ်"
ကျီဝေ့လန် စကားရပ်လိုက်သည်။
"ဒါပေမဲ့ အစ်ကိုက တခြားတစ်ခုကို စိုးရိမ်နေတာ"
"ဘာကိုလဲ"
"ကျန်းရှခရိုင်က နေရာတိုင်းမှာမလုံခြုံတော့ဘူး၊ ပြီးတော့ ဒီလုပ်အားပေး အစီအစဉ်ပြီးသွားရင် ဒီနေရာလည်း လုံခြုံတော့မှာမဟုတ်ဘူး၊ ညီမလေးယွဲ့ သတိထားရမယ်နော်၊ အခု ညီမလေးက အစ်ကို့ရဲ့ရွှေဥ,ဥတဲ့ ကြက်မကြီးဖြစ်နေပြီ ဒါမှမဟုတ်ရင် ညီမလေးတို့ ဘယ်မှာနေမလဲ၊ နောက်ကျရင် ဒီဆော့စ်တွေကို လာယူဖို့ လူလွှတ်လိုက်မယ်၊ အဲဒါဆိုရင် ညီမလေးတို့နှစ်ယောက် ခရီးသွားစရာ မလိုတော့ဘူးပေါ့"
‘ဒါ သတင်းကောင်းပဲ’
Ch-142{1}
လင်းယွဲ့ ချက်ချင်းသဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ ထိုသို့ဆိုလျှင် သူမ ဆိုင်ပိတ်ရက်တွင် တာ့ကွမ်ဘုန်းကြီးကျောင်းသို့သာ သွားရန်လိုအပ်သဖြင့် အလောတကြီးလုပ်စရာမလိုဘဲ နေ့လယ်ပိုင်းတွင် အိမ်ပြန်နိုင်မည် ဖြစ်သည်။ တာ့ယာ၊ ကုတန်တို့နှင့်လည်း အချိန်ပိုမိုဖြုန်းနိုင်မည် ဖြစ်၏။
သို့သော် ရွာသို့ပြန်ရန်မလုံခြုံပါက တာ့ယာနှင့် ကုတန်တို့ကို ထိုနေရာတွင် ထားခဲ့သင့်သလားဟု သူမစဥ်းစားနေသည်။ သို့မဟုတ်ပါက သူတို့အားလုံးကို ခရိုင်မြို့တော်သို့ခေါ်သွားနိုင်သည်။ မည်သို့ပင်ဆိုစေ ခရိုင်မြို့တော်တွင် ခံတပ်များနှင့်တပ်စွဲထားသော စစ်တပ်များရှိသဖြင့် ပိုမိုလုံခြုံလေသည်။
လင်းယွဲ့က ကျီဝေ့လန်နှင့် ခဏကြာအောင် စကားဆက်ပြောနေခဲ့သည်။ သူတို့ စားသောက်ပြီးနောက် ကျီမိသားစု အိမ်တော်၏အနောက်ဘက်ဆောင်ရှိ ဧည့်ခန်းတစ်ခန်းတွင် သူမကိုတည်းခိုရန် သူစီစဉ်ပေးခဲ့၏။ လင်းယွဲ့ရောက်သွားသောအခါ ကျီလင်းရှင်းနှင့်လည်း ဆုံခဲ့လေသည်။
သူ့ကိုယူလာပေးမည်ဟု ကတိပေးထားသော နွားနို့သကြားလုံးကို သူမမေ့သွားကြောင်း သတိပြုမိလိုက်၏။ ကျီလင်းရှင်း၏ဇွဲကောင်းသောစရိုက်ကို တွေးမိပြီး သူမက ကြင်နာသောစကားများဖြင့် သူ့ကိုချော့မော့ကာ နောက်တစ်ကြိမ် နွားနို့သကြားလုံး ထပ်ယူလာပေးမည်ဟု ကတိပေးရန် စိတ်ကူးနေလေသည်။ သို့သော် သူက သူမကိုမြင်သောအခါ လှည့်ကာ ပြေးသွားလေသည်။
"ဟင်"
လင်းယွဲ့မျက်ခုံးပင့်လိုက်သည်။ ကျီဝေ့လန်က မတတ်သာသလိုပြုံးလိုက်၏။
"အစ်ကို့သားကတော့ မျှော်လင့်ချက်မရှိတော့ပါဘူး၊ ပြီးခဲ့တဲ့အကြိမ်က ညီမလေး သူ့ကိုနွားနို့သကြားလုံးတချို့ ယူလာပေးတုန်းက သူတစ်ယောက်တည်း အကုန်စားပစ်ပြီး သွားကိုက်ပါလေရော၊ ညဘက်တွေဆို ညည်းညူငိုယိုနေတာပဲ၊ သူ ညီမလေးကို ရင်ဆိုင်ဖို့ ရှက်နေလို့ဖြစ်ရမယ်"
လင်းယွဲ့ပြုံးရင်း ပြောလိုက်သည်။
"အစ်ကိုကြီးကျီ၊ အစ်ကို ဒေါသမထွက်ဘူးလား"
"ဟူး သူက ကျီမိသားစုရဲ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့ အစ်ကိုမျှော်လင့်ထားပေမဲ့ သူ ပူပင်သောကကင်းကင်းနဲ့ နေနိုင်အောင်လည်း လမ်းဖောက်ပေးထားပါတယ်၊ ဒါပေမဲ့ အရာရာကပြောင်းလဲနိုင်တယ်လေ၊ အခု နေရာအနှံ့အပြားမှာ အခြေအနေတွေက မတည်မငြိမ်ဖြစ်နေတယ်၊ တစ်ကယ်လို့ မမျှော်လင့်ထားတဲ့ အရာတစ်ခုခုဖြစ်လာရင် သူတို့က ငါတို့ မိသားစုရဲ့ကြွယ်ဝချမ်းသာမှုကို သေချာပေါက် ပစ်မှတ်ထားလာလိမ့်မယ်၊ သေချာတွေးကြည့်ရင် ကုန်သည်တွေက အရာရှိတွေလောက်မလုံခြုံဘူး၊ ဒါကြောင့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ သူ့ကိုမြို့တော်ဆီပို့ပြီး ညီငယ်ရဲ့လက်အောက်မှာ သင်ကြားပေးခိုင်းဖို့ အစ်ကိုစီစဉ်ထားတယ်"
ထိုစကားကိုကြားသောအခါ လင်းယွဲ့လည်း ရောက်လာတော့မည့် မုန်တိုင်းတစ်ခုကို ခံစားလိုက်ရပြီး စိတ်မအေးနိုင်အောင် ဖြစ်သွားလေသည်။ အေးချမ်းသော အချိန်များတွင်ပင် သူမက ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် နေထိုင်ခဲ့ရသည်။
‘တစ်ကယ်လို့ အခြေအနေသာ ဆိုးရွားလာရင် ငါ.....ထားလိုက်ပါတော့၊ အရမ်းမတွေးနဲ့၊ မိုးကျလာရင် အရပ်ရှည်တဲ့လူခံလိမ့်မယ်၊ ငါက ဘာလို့ အလကားနေရင်း စိုးရိမ်ပူပန်နေရမှာလဲ’
ရေချိုးပြီးနောက် လင်းယွဲ့ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ ကုတင်က မယုံနိုင်လောက်အောင် နူးညံ့နေပြီး ခြုံထားသော စောင်များမှာလည်း အလွန် ပေါ့ပါးလေသည်။ လင်းယွဲ့၏ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်းပျောက်ကွယ်သွားပြီး အင်မတန်သက်သောင့်သက်သာဖြစ်သွားလေ၏။အထဲတွင် နံ့သာပေါင်းများစွာ ဖြန်းထားသည်။ ခေတ်သစ်မှပစ္စည်းများလောက်ကို ကောင်းလှ၏။ အထဲရှိ မီးသွေးမီးဖိုက တောက်လောင်နေပြီး လင်းယွဲ့မှာ ချွေးစေးများပင် အနည်းငယ် ထွက်လာလေသည်။
ညဘက် ကောင်းကောင်းအိပ်ပျော်ခဲ့သည်။ ဤသည်က စုရွေ့နှင့် သူ့အဖွဲ့ကို တကယ်ကို ဒုက္ခများစွာရောက်စေခဲ့သည်။ စုရွေ့သည် လင်းယွဲ့အိမ်လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လမ်းတစ်လျှောက်စုံစမ်းမေးမြန်းကာ ရွာရှိကုန်စုံဆိုင်အသီးသီးနှင့် သူမ၏ စီးပွားရေး အရောင်းအဝယ်များကို သိရှိသွားခဲ့သည်။
အံ့ဩစရာကောင်းသည်မှာ ဤဆော့စ်က ရွာတွင် အတော်လေးနာမည်ကြီးနေခြင်းပင်ဖြစ်သည်။ ထို့နောက် သူက လင်းယွဲ့၏ခြေရာနောက်သို့ လိုက်လာပြီး လုံရှီးခရိုင်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ သူ့ကိုအံ့အားသင့်စေသည်မှာ လင်းယွဲ့က တာ့ကွမ်ဘုန်းကြီးကျောင်းနှင့် စီးပွားရေးလုပ်ရုံသာမကဘဲ လှည်းတစ်စီးစာဆော့စ်များအားလုံးကို ကျီဝေ့လန်ထံသို့ရောင်းချခဲ့ခြင်းဖြစ်သည်။ ဤဆော့စ်များက မယုံနိုင်လောက်အောင် အကျိုးအမြတ်များလှသည်။
ကျီဝေ့လန်နှင့် လင်းယွဲ့တို့ဆိုင်ထဲဆွေးနွေးနေစဉ် လမ်းများနှင့် လမ်းသွယ်များရှိ စကားပြောဆိုမှုများကို သူကြားလိုက်ရသဖြင့် ဆော့စ်များ မည်မျှအကျိုးအမြတ်များကြောင်း သူ နားလည်သွားခဲ့သည်။
‘ဟမ့် ပင်လယ်ထဲကလာတယ်လို့ ပြောနေတာ၊ ဒါက လင်းယွဲ့ရဲ့သီးသန့်ဆော့စ် လျှို့ဝှက်လုပ်နည်းဆိုတာ ရှင်းနေတာပဲ’
စုရွေ့စိတ်ထဲတွင် အပြေးအလွှား တွေးတောလိုက်ပြီး သူ့မျက်လုံးများ စူးရှသွားလေသည်။
‘ငါသာ ဒီဆော့စ်ရဲ့လျှို့ဝှက်လုပ်နည်းကို ရခဲ့ရင် ဘယ်လိုလုပ်မလဲ၊ ဒါဆိုရင် ငါက ဘာလို့အိမ်တော်ထိန်းလုပ်ပြီး တခြားလူတွေကို အလိုလိုက် အထက်လူကြီးတွေကို ဖားယားနေရမှာလဲ၊ လင်းယွဲ့လိုမိန်းမတစ်ယောက်တောင် ဆော့စ်တွေနဲ့ ငွေအများကြီးရှာနိုင်သေးတာပဲ၊ ငါဆိုရင်ပြောစရာတောင် မလိုတော့ဘူး’
လင်းယွဲ့နှင့် ကုလင်ကိုသင်ခန်းစာပေးရန်မှ သူတို့ကိုဓားစာခံအဖြစ်ဖမ်းဆီးပြီး လျှို့ဝှက်လုပ်နည်းကိုရယူရန် စုရွေ့စိတ်ကူးက အမြန်ပြောင်းလဲသွားလေသည်။ ကျီဝေ့လန်နှင့် အခြားသူများထံ စီးပွားရေးလုပ်ကာ လင်းယွဲ့ငွေအများကြီးရှာနေကြောင်းကို စုဟိုင်ထံ ဖုံးကွယ်ထားရန် သူချက်ချင်းဆုံးဖြတ်လိုက်၏။ စုရွေ့မှာ စိတ်လှုပ်ရှားမှုများပြည့်နှက်နေပြီး သွေးများဆူပွက်နေလေသည်။
မိုးလင်းတော့မည့်အချိန်တွင် လင်းယွဲ့ကို ပြန်ပေးဆွဲရန်အတွက် သူနှင့်သူ့အစေခံများက လုံရှီးခရိုင်၏ဆင်ခြေဖုံးသို့ ဆုတ်ခွာကာ စောင့်ဆိုင်းနေကြလေသည်။ တောင်တန်းမြင့်များဝန်းရံထားသော ရှီထိုင်ခရိုင်နှင့်မတူဘဲ လုံရှီးခရိုင်မှာ ခိုလှုံစရာနည်းပါးသောလွင်ပြင်များသာဖြစ်လေသည်။ စုရွေ့က အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် နောက်ဆုံးတွင်မြစ်ကမ်းဘေးရှိ ကိုင်းတောတစ်ခုကိုရှာတွေ့သွားလေသည်။
စိမ်းလန်းစိုပြေနေသော ကိုင်းပင်များက သဘာဝ အတားအဆီးတစ်ခုဖြစ်စေသဖြင့် ၎င်းမှာ ပုန်းအောင်းရန် အကောင်းဆုံး နေရာဖြစ်လေသည်။ ဤနေရာမှာ လင်းယွဲ့တို့အိမ်ပြန်ရန် တစ်ခုတည်းသော လမ်းလည်းဖြစ်လေသည်။ စုရွေ့က သူ့လူများကို ကြိုးတစ်ချောင်း တပ်ဆင်ရန် အမိန့်ပေးလိုက်ပြီး ၎င်းကို သစ်ပင်တစ်ပင်တွင် ချည်ထားလေသည်။ သူတို့ကကြိုးကို ကိုင်ထားပြီး လင်းယွဲ့၏လားလှည်းရောက်လာသည်ကို စောင့်ဆိုင်းကာ ဆွဲတားရန်ပြင်ဆင်ထားကြလေ၏။
"ဆရာ ကျွန်တော်တို့ ဘယ်လောက်ကြာအောင် ထပ်စောင့်ရဦးမှာလဲ"
လက်အောက်ငယ်သားက နှာရှုံ့ရင်း မေးလိုက်သည်။
‘ဒီလေက တကယ်အေးတာပဲ’
စုရွေ့လက်များကို ပွတ်သပ်လိုက်သည်။
"သူတို့ ခရိုင်ထဲကတည်းခိုခန်းမှာ သေချာပေါက် တည်းချင်မှာမဟုတ်ဘူး၊ နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့"
လက်အောက်ငယ်သားက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
"ဒါ စုရွေ့ကိုယ်တိုင် သူတို့ကိုခရိုင်ထဲမှာ မတည်းခိုစေချင်လို့နေမှာပေါ့၊ စုဟိုင်ပေးလိုက်တဲ့ပိုက်ဆံတွေကိုလည်း စုရွေ့က အိတ်ကပ်ထဲထည့်ထားလောက်ပြီ၊ ဘာလို့ သူက ဒီလောက်သနားစရာကောင်းအောင် ဒီအလုပ်ကိုယူလုပ်နေရတာလဲ"
စုရွေ့က သူ့အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး သူ့လူများထဲမှ တစ်ယောက်ကိုကန်ကာ ကောက်ရိုးတချို့ သွားယူခိုင်းလိုက်၏။ သူက ကောက်ရိုးပေါ်တွင် လဲလျောင်းကာ အိပ်ပျော်သွားလေသည်။
"သူတို့လာရင် ငါ့ကိုနှိုး၊ အိုး ပြီးတော့ သူတို့ကိုသတ်ဖို့ မလောနဲ့ဦး၊ သူတို့ကို မေးစရာ မေးခွန်းတချို့ရှိတယ်"
"ဒါပေမဲ့ သခင်ကြီးက တိုက်ရိုက်လုပ်လိုက်လို့ ပြောထားတာလေ"
လက်အောက်ငယ်သားက လည်ပင်းလှီးသည့် ဟန်အမူအရာလုပ်ပြရင်း ပြောလိုက်သည်။
"မင်းကဘာလို့ ဒီလောက်စကားများနေတာလဲ၊ ဒီမှာ တာဝန်ခံက ငါလား မင်းလား"
စုရွေ့က ပုံမှန်အားဖြင့် ဖော်ရွေဟန်ပြသော်လည်း အေးစက်ပြီးရက်စက်တတ်သူဖြစ်သဖြင့် သူ့လက်အောက်ငယ်သားများက စကားတစ်ခွန်းမျှ ထပ်မပြောရဲကြတော့ပေ။ အကယ်၍ လျှို့ဝှက်လုပ်နည်းကိုရရှိခဲ့ပါက ထိုအကြောင်းကို သိရှိသူအားလုံးကို သတ်ပစ်မည်ဟု စုရွေ့ တိတ်တဆိတ်အစီအစဉ်ဆွဲလိုက်၏။ သူက လူရှစ်ယောက်ကိုခိုးကြည့်လိုက်ပြီး သူတို့သေအောင် ဘယ်လိုလှည့်စားရမလဲဟု တွေးတောနေလေသည်။
"ဟတ်ချိုး"
စုရွေ့ နှာချေရင်းနိုးလာပြီး အအေးဒဏ်ကြောင့် လန့်နိုးသွားလေသည်။ သူ နိုးလာသောအခါ မိုးလင်းနေပြီဖြစ်ပြီး သူ့ပတ်ဝန်းကျင်ရှိလူများအားလုံးမှာ ဖရိုဖရဲလဲလျောင်းနေကြသည်ကိုတွေ့လိုက်ရ၏။ သူချက်ချင်းထရပ်ပြီး လူများကို ကန်ကာအော်လိုက်သည်။
"မင်းတို့ ဘယ်ရောက်နေတာလဲ၊ လင်းယွဲ့ ဘယ်မှာလဲ၊ မင်းတို့အကုန်လုံး ဘာလို့အိပ်နေကြတာလဲ"
လက်အောက်ငယ်သားမှာ ဇဝေဇဝါဖြစ်မှုမှနိုးထလာပြီး သူ့သွားရည်များကို အလျင်စလိုသုတ်လိုက်သည်။
"လူ.....လူက မလာသေးဘူး"
*ခလောက် ခလောက်*
စုရွေ့က သူတို့ကိုဆူပူနေစဉ်မှာပင် မြေကြီးပေါ်တွင် ခွာများရိုက်ခတ်လာသည်ကို ရုတ်တရက်ကြားလိုက်ရသဖြင့် သူ့နားရွက်များ လှုပ်ရှားသွားလေသည်။
"ရှူး"
သူမျက်မှောင်ကြုတ်လိုက်ပြီး လာနေသော လှည်းကိုခြေဖျားထောက်ကာ ကြည့်လိုက်ရာ ကုလင်က အရှေ့တွင် ထိုင်နေပြီး လင်းယွဲ့က အနောက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူလက်ထဲတွင် ကြိုးကိုင်ကာ အမြန်ပြန်လှဲချလိုက်သည်။ လားလှည်းဖြတ်သွားစဉ် သူက ရုတ်တရက်ကြိုးကို ဆွဲလိုက်လေသည်။
*ဝုန်း*
လားက မြန်မြန်မပြေးသော်လည်း ခလုတ်တိုက်သွားပြီး လားလှည်းတစ်ခုလုံး ညာဘက်သို့မှောက်ကျသွားလေသည်။ နှေးကွေးသောအရှိန်ကြောင့် ကုလင်တုံ့ပြန်ရန် အချိန်ရသွားလေသည်။ ကုလင်က လင်းယွဲ့လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး သူမကို သူ့အရှေ့သို့ ဆွဲယူကာ လဲကျတော့မည့် သစ်သားဘောင်ကိုနင်း၍ ဘယ်ဘက်သို့ လှိမ့်ချလိုက်ပြီးနောက် အရှိန်သတ်ကာ မြေကြီးပေါ်သို့ကျဆင်းသွားလေသည်။
ထိုအချိန်တွင် ကိုင်းတောထဲမှလူသန်ကြီးရှစ်ယောက်က ဓားများကို ဝှေ့ယမ်းကာ ပြေးထွက်လာကြပြီး သူတို့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒီလမ်းက ငါ့ဟာ၊ ဒီသစ်ပင်တွေက ငါ့ဟာပဲ၊ ဖြတ်သွားချင်ရင် ဖြတ်သန်းခပေးခဲ့"
လင်းယွဲ့ တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်းခံစားလိုက်ရသည်။ ကျီဝေ့လန်က မနေ့ညကမှအခြေအနေတွေ အေးချမ်းမည်မဟုတ်ဟု သူမကိုပြောခဲ့ပြီး ယနေ့တွင် တကယ်ဖြစ်လာခဲ့လေ၏။
“ဂြိုဟ်ကောင်ပဲ”
လူသန်ကြီးရှစ်ယောက်နောက်မှ အခြားလူတစ်ယောက်ထွက်လာရာ သူတို့က လမ်းဖယ်ပေးလိုက်သဖြင့် သူက တာဝန်ခံဖြစ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေလေသည်။
"ဒီနှစ်တွေက ခက်ခဲတယ်၊ ငါတို့ ညီအစ်ကိုတွေက ဝမ်းရေးအတွက် ကြိုးစားနေကြတာပဲ၊ မင်းတို့နှစ်ယောက် အသက်အန္တရာယ်စွန့်စရာမလိုပါဘူး၊ ပါလာတဲ့ ပိုက်ဆံတွေအကုန်ပေးခဲ့ရင် မင်းတို့အသက်ကိုချမ်းသာပေးမယ်"
‘ဒါကတော့ အပြောသက်သက်ဘဲလေ'
စုရွေ့ စိတ်ထဲမှတွေးလိုက်သည်။
‘ပထမဆုံး သူတို့ဆီက ပိုက်ဆံတွေကို လိမ်ယူမယ်၊ ပြီးရင် လျှို့ဝှက်လုပ်နည်းကို လှည့်စားပြီးယူမယ်၊ တစ်ဆင့်ပြီးတစ်ဆင့် သူတို့နောက်ဆုံးစည်းကို လျှော့ချပစ်မယ်၊ သူတို့ ပိုပိုပြီးကြောက်လာတဲ့အထိ အဲဒီအချိန်ကျမှ လုပ်နည်းကို လိမ္မာပါးနပ်စွာအပ်နှံလာလိမ့်မယ်’
သူတို့ရှေ့တွင် လူသန်ကြီးကိုးယောက်ရှိနေပြီး သူတို့ဘက်တွင် နှစ်ယောက်သာ ရှိသဖြင့် လင်းယွဲ့အမြန် နောက်ဆုတ်လိုက်၏။ ငွေကမည်မျှပင် အရေးကြီးပါစေ အသက်ထက်တော့ ပိုအရေးမကြီးနိုင်ပေ။ သူမအင်္ကျီရင်ဘတ်ထဲမှ ငွေများကိုယူလိုက်စဉ် အတွေးတစ်ခု ဝင်လာလေသည်။
သူမက ၎င်းတို့ကိုရေခဲသေတ္တာထဲတွင် သိမ်းထားချင်လေသည်။
‘သူတို့ကို အကုန်ပေးပစ်မယ့်အစား ရေခဲသေတ္တာကို အဆင့်မြှင့်တင်လိုက်မယ်’
သူမ တွေးလိုက်၏။ အံ့ဩစရာကောင်းသည်မှာ သူမလက်ထဲရှိ ငွေများ၏အလေးချိန်မှာ လုံးဝ မပြောင်းလဲဘဲ ရှိနေခြင်းပင်ဖြစ်သည်။
‘ဒီရေခဲသေတ္တာက ငွေနဲ့အဆင့်မြှင့်တင်လို့မရဘဲ ရွှေနဲ့မှရတာများလား၊ တကယ်ကို ချေးများတာပဲ’
တခြားရွေးချယ်စရာမရှိတော့သဖြင့် လင်းယွဲ့က ရေခဲသေတ္တာထဲရှိပါဝင်ပစ္စည်းများအားလုံးကို ဖွင့်ချလိုက်လေသည်။ ပါဝင်ပစ္စည်းတစ်ခုစီတိုင်းက ကြေးပြား ၅၀၀ ကျသင့်ပြီး အချို့သောအရာများမှာမလိုအပ်ခြင်း သို့မဟုတ် ငွေကုန်ကြေးကျမခံသင့်ခြင်းတို့ကြောင့် ယခင်က လင်းယွဲ့လုပ်ရန် တွန့်ဆုတ်နေခဲ့သောအရာဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမဂရုမစိုက်တော့ဘဲ အားလုံးကို မှာယူလိုက်လေသည်။
"ပိုက်ဆံတွေ အကုန်ဒီမှာပါ"
သူမပြောရင်း ငွေများကိုထုတ်ယူလိုက်၏။ ရုတ်တရက် အများကြီး ပေါ့သွားသလို ခံစားလိုက်ရလေသည်။