← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

Ch-111

ဟောင်ဝေ့တောက် ဇနီးမောင်နှံက သူမကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒါတွေ အားလုံးက ကြီးကြပ်ရေးမှုးစုရဲ့ တောင်းဆိုချက်ကြောင့်ပါ၊ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး"

"ရပါတယ်၊ ကျွန်မကို တစ်ပုလင်းပေးပါ"

ဥပဒေဆိုတာမရှိတဲ့ ရှေးခေတ်ကာလများတွင် လူ့အသက်သည် တန်ဖိုးမရှိကြောင်း လင်းယွဲ့သိသည်။ စုဟိုင်၏ ဩဇာကြီးမားသော နောက်ခံကြောင့် သူတို့တွင် ရုန်းကန်ရန် အခွင့်အရေးမရှိပေ။ ဆိုင်ရှင်က သူမကို ဆော့စ်တစ်ပုလင်း ကမ်းပေးလိုက်သည်။

"လောလောဆယ်တော့ ကျွန်တော်တို့ဆီမှာ ဝက်သားဆော့စ်ပဲရှိတယ်၊ ဒါပေမဲ့ ကျွန်တော်ဖွင့်ပြီး နမ်းကြည့်တာတော့ သိပ်မကောင်းလောက်ဘူး ထင်တယ်၊ ညီမလေး ဒီတစ်ပုလင်းကို ယူသွားလိုက်ပါ၊ ညီမလေးက ကျွန်တော်တို့ကို အကျိုးအမြတ် အများကြီးပေးခဲ့တာပဲ၊ ဒီဆော့စ် တစ်ပုလင်းအတွက် ပိုက်ဆံယူစရာ မလိုပါဘူး"

“ဒီတစ်ပုလင်း ဘယ်လောက်လဲ”

"ကိုးပြား၊ ညီမလေးရဲ့ ဝက်သားဆော့စ်ထက်တစ်ပြား လျော့တယ်"

လင်းယွဲ့က ပန်းကန်ပြားတစ်ချပ်နှင့် တူတစ်စုံ ဝယ်လိုက်သော်လည်း ဆိုင်ရှင်က ငွေယူရန်ငြင်းဆန်သည်။ လင်းယွဲ့က သူမအိတ်ကပ်ထဲမှ ကြေးပြားဆယ့်ငါးပြားထုတ်ကာ စင်ပေါ်သို့တင်၍ပြောလိုက်သည်။

"အမ်းစရာ မလိုတော့ဘူး"

ဆိုင်ရှင်အမျိုးသားက ငွေများကို သေချာသိမ်းဆည်းလိုက်ပြီး

"ဈေးက ကွက်တိပါပဲ"

သူပြန်ပြောလိုက်သည်။ ဆိုင်သို့ပြန်ရောက်ပြီးနောက် လင်းယွဲ့က ဆော့စ်အနည်းငယ်ယူကာ ပန်းကန်ထဲထည့်ပြီး ပါဝင်ပစ္စည်းများကို ခန့်မှန်းကြည့်လေသည်။ အနံ့မှာ အလွန်စူးရှပြီး အထဲရှိ ဝက်သားများမှာ အရွက်စိမ်းများနှင့် ရောနှောကာ ပျော့ဖတ်နေပြီး စီချွမ်ငရုတ်ကောင်းအချို့နှင့်လည်း ရောထားသည်။

လင်းယွဲ့က တစ်ကိုက်မြည်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

‘စပ်တယ်၊ ငန်တယ်၊ ချိုတယ်၊ မဆိုးပါဘူး၊ ပြီးတော့ အထဲက ဝက်သားတုံးတွေကလည်း တော်တော်လေးကြီးတယ်၊ ဒါပေမဲ့ ဒီဆော့စ်ရဲ့ပါဝင်ပစ္စည်းတွေက အရမ်းဈေးကြီးမှာပဲ၊ ဟုတ်တယ်မလား၊ ကိုးပြားတည်းနဲ့ ရောင်းနေတာဆိုတော့ အရင်းရောရရဲ့လား’

စုဟိုင်က ဈေးလျှော့ပြီး သူမကို ဈေးကွက်ထဲကနေ ဖယ်ထုတ်ပစ်ချင်နေပုံရသည်။

‘ဈေးကွက်ဝေစုလုဖို့ ဈေးချရောင်းတဲ့ ကစားကွက် ကစားနေတာလား’

သူမ တွေးလိုက်သည်။

သူမပါဝင်ပစ္စည်းများအားလုံးက အလကားရထားသဖြင့် သူမက ၎င်းကို ကစားချင်သလို ကစားနိုင်သည်။ သို့သော် သူမ မလုပ်ချင်ပေ။ ဆော့စ်လုပ်ရသည်မှာ ပင်ပန်းသည်။ ထို့ပြင် စုဟိုင်၏ဆော့စ်က တစ်ပြားသာဈေးသက်သာသဖြင့် သူ့အားသာချက်မှာ ကြီးကြီးမားမားမဟုတ်ပေ။

မည်သို့ပင်ဆိုစေ လင်းယွဲ့သည် ကျုံးဟွာဆော့စ်ကိုယူကာ အရာရှိကျိုးကို တွေ့ရန် ခရိုင်ရုံးတော်သို့ အရင်သွားခဲ့သည်။ မူရင်းကိုမကူးချဘဲ အမှုဖွင့်ရန် ခက်ခဲကြောင်း သူ့အကြံပေးချက်ကို ရရှိပြီးနောက် တရားစွဲရန် အကြံအစည်ကို လက်လျှော့လိုက်ရတော့သည်။ သူတို့ဆိုင်သို့ ပြန်ရောက်သောအခါ ဒုတိယဦးလေးကုသည် အတိုင်းအတာများ အားလုံးကို တိုင်းတာပြီးနေ၏။

သူမက ယေဘုယျ အနေအထားကို နဂိုအတိုင်းထားရန် စီစဉ်ထားပြီး ကုန်ပစ္စည်းများကို ပိုမိုကောင်းမွန်စွာ ပြသနိုင်ရန် ဘေးဘက်တွင် စင်များကိုသာ ထပ်မံထည့်သွင်းမည် ဖြစ်သည်။ သို့သော် လေဝင်လေထွက်ကောင်းစေရန် မီးခိုးခေါင်းတိုင်ပါသော မီးဖိုတစ်ခု တည်ဆောက်ရန် အတွင်းဘက် သိုလှောင်ခန်း၏ နံရံတစ်ဝက်ကိုဖြိုချရန် ရည်ရွယ်ထားသည်။ ဤသည်မှာ ကြီးမားသော လုပ်ငန်းစဉ်ဖြစ်ရာ ဒုတိယဦးလေးကု တစ်ယောက်တည်းမလုပ်နိုင်သဖြင့် လက်သမားများကို ခေါ်ရမည်ဖြစ်သည်။

မီးဖိုတစ်ခုရှိထားပါက ကိုယ့်ဘာသာ ချက်ပြုတ်ရန် သို့မဟုတ် ဆော့စ်များနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များ ပြုလုပ်ရာတွင် များစွာအဆင်ပြေစေသည်။ ကောင်တာပတ်လည်တွင် ကောင်တာထက် အနည်းငယ်နိမ့်သော စားပွဲတစ်ခုတည်ဆောက်ရန် လင်းယွဲ့က ဒုတိယဦးလေးကုကို ပြောလိုက်၏။ ထိုသို့ပြုလုပ်ပါက အစားအစာများ ရောင်းချသည့်အခါ ဖောက်သည်များ ထိုင်၍အနားယူနိုင်သည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက် နေရာမှာ မကြီးသော်လည်း ညာဘက်တွင် စားပွဲနှင့် ကုလားထိုင် နှစ်စုံချထားပြီးနောက် ဘယ်ဘက်တွင် နေရာများစွာ ကျန်ရှိနေသေးသည်။ ညာဘက်တွင် ပဲငံပြာရည် စည်ပိုင်းများနှင့် အရက်စည်ပိုင်းအချို့ထားရန် လင်းယွဲ့ စီစဉ်ထားသည်။ အခြေခံအနေအထား သတ်မှတ်ပြီးနောက် လင်းယွဲ့သည် ဒုတိယဦးလေးကုနှင့် လက်သမားများကိုစောင့်ရန်သာ လိုအပ်တော့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ လွယ်ကူစေရန် သူတို့သည် ဆိုင်တွင်နေထိုင်ကြ၏။

ထို့နောက် လင်းယွဲ့သည် အခြေအနေများကို စစ်ဆေးရန်နှင့် ဆော့စ်များ ကြော်ငြာရန် အပြင်သို့ထွက်ရန် စီစဉ်လိုက်သည်။ လုံရှီးခရိုင်သို့အရင်သွားရန် သူမ စီစဉ်ထားသည်။ တာ့ကွမ်ဘုန်းကြီးကျောင်းမှာ လုံရှီးခရိုင်နှင့် ရှီထိုင်ခရိုင်နယ်စပ်တွင်ရှိသဖြင့် ပိုနီးပေ၏။ သို့သော် မနက်ဖြန်မှာ လဆန်း တစ်ရက်နေ့ဖြစ်ရာ တာ့ကွမ်ဘုန်းကြီးကျောင်းတွင် ဈေးဆိုင်ပြန်ထွက်နိုင်သည်။ လုံရှီးခရိုင်အကြောင်း တစ်ခုခုသိမသိ လျိုယုကို အရင်မေးရန်နှင့် ဆော့စ်အရောင်းအခြေအနေကို စစ်ဆေးရန် သူမဆုံးဖြတ်လိုက်၏။

"ဘယ်လို အစ်မယောက်ျားက ဆော့စ်ဝယ်ဖို့ တကယ်သဘောတူလိုက်တာလား"

လင်းယွဲ့ အံ့ဩသွားသည်မှာ သိသာလှပေသည်။ ဤတာ့ကွမ်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကျောင်းကြီး တစ်ခုဖြစ်သည်။ အကယ်၍ သူ သဘောတူပါက ဆော့စ်သုံးစွဲမှုမှာ သေချာပေါက် များပြားလာမည် ဖြစ်၏။

"သေချာတာပေါ့၊ နင့်ရဲ့ဆော့စ်က ထမင်းနဲ့စားရင်ကွက်တိပဲလို့ သူပြောတယ်"

လျိုယုပြုံး၍ ပြောလိုက်သည်။

"နင်လည်း သိတဲ့အတိုင်း သူတို့က အပေါ်ယံ သက်သတ်လွတ်ပဲစားလို့ရတာ၊ ပြီးတော့ ကိုရင်လေးတွေ အများကြီးက ဘုရားကျောင်းကနေတောင် ထွက်လို့မရဘူးလေ၊ ဒါကြောင့် သက်သတ်လွတ်ပဲ စားရတာပေါ့၊ ငါတို့က ဟင်းလျာတွေပြောင်းပြီး ပိုကောင်းအောင် လုပ်ပေးရတယ်၊ ဒါပေမဲ့ သက်သတ်လွတ်ဟင်းတွေကလည်း ဒါတွေပဲ ထပ်ခါထပ်ခါစားနေရတော့ ငြီးငွေ့နေပြီလေ"

“ဒါပေမဲ့ ဒီဆော့စ်ထဲမှာ အသားနည်းနည်းမှထည့်လို့မရဘူး၊ ကြက်သွန်ဖြူတို့၊ အနံ့ပြင်းတဲ့ ဟင်းခတ်အမွှေးအကြိုင် ငါးမျိုးတို့၊ ကြက်သွန်မြိတ်တို့လည်း ထည့်လို့မရဘူး၊ ဖူရှီးက ကျောင်းထိုင်ဘုန်းကြီး နေရာကိုယူချင်နေတော့ ငါတို့ကို အပြစ်ရှာဖို့ စောင့်နေတာ၊ ဒါကြောင့် ဒီအပိုင်းမှာ အမှားခံလို့မဖြစ်ဘူး”

လင်းယွဲ့က အမြန်ခေါင်းညိတ်လိုက်သည်။ လျိုယုက သူမလက်များကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ငါနဲ့ငါ့ယောက်ျားက ဂရုမစိုက်ပေမဲ့ ဖိုခုန်းကိုတော့ အရိုအသေပေးရဦးမယ်လေ၊ နင် နားလည်တယ်မလား၊ ဒါပေမဲ့ နင့်ရဲ့ ပဲငပိဆော့စ်က ၈ပြားပဲရှိတာတွေ့တယ်၊ တစ်ကယ်လို့ ငါတို့ကလာဘ်ထိုးရမယ်ဆိုရင် ဘယ်လိုလုပ် ပိုက်ဆံမြတ်မှာလဲ၊ ဈေးတင်လိုက်ရင်လည်း လက်ပူးလက်ကျပ်မိသွားလိမ့်မယ်"

လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ဘုန်းကြီးကျောင်းအတွက် ဆော့စ်အသစ်ကို သီးသန့်သွင်းပေးပါ့မယ်၊ တစ်ပုလင်းကို ဆယ်ပြားကျမယ်၊ အဲဒီအထဲကလေးပြားကို ဖိုခုန်းဆီ ပေးလိုက်မယ်"

"ကောင်းပြီ၊ နင် ကိစ္စတွေကို သေချာ ကိုင်တွယ်နိုင်မယ်လို့ ငါယုံပါတယ်"

လျိုယုက အဝတ်အိတ်တစ်လုံးကို ထုတ်ယူ၍ ပြောလိုက်သည်။

"နင် ဒီနေ့ လာမယ်ဆိုတာ ငါ သိတယ်၊ ပြီးတော့ နင်အချိန်မရှိမှာကို စိုးရိမ်လို့ ကုန်စုံဆိုင်က အမြတ်ငွေတွေပါယူလာပေးတယ်၊ စုစုပေါင်း ၈၂၁ပြားပဲ ရေတွက်ကြည့်လိုက်ဦး"

လင်းယွဲ့ အနည်းငယ်အံ့ဩသွားသည်။

“ရက်နည်းနည်း‌လေးအတွင်းတင် အားလုံး ရောင်းကုန်သွားတာလား”

"သေချာတာပေါ့၊ ငါ နင့်အတွက် ကူကြော်ငြာပေးတာကိုး၊ ငါ့သူငယ်ချင်း မိန်းကလေး အကုန်နီးပါးဝယ်ကြတယ်"

လျိုယုက လက်လှမ်းကာ ငွေအိတ်ကို လင်းယွဲ့ထံ ကမ်းပေးလိုက်သည်။ လင်းယွဲ့ပြုံးပြီး ငွေအိတ်ကို လျိုယုလက်ဖဝါးထဲသို့ ပြန်ထည့်ပေးလိုက်သည်။

"အစ်မ၊ ညီမအခုရက်ပိုင်း ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနကြီးကြပ်ရေးမှူးရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတော့ ရောင်းပေါက်တွေမရှိဘူး၊ ဒါကြောင့် လောလောဆယ်ငွေအများကြီး မထုတ်နိုင်သေးဘူး၊ ဒါက သိပ်မများပေမဲ့ အစ်မကို ကျေးဇူးဆပ်တဲ့အနေနဲ့ သဘောထားပေးပါ၊ လုံရှီးခရိုင်မှာ အရောင်းလမ်းကြောင်းတွေရတာနဲ့ အစ်မကို ငွေပိုပေးပါ့မယ်"

လျိုယုပြုံးလိုက်ရာ သူမမျက်လုံးများ မှိတ်ကျသွားလေ၏။ လင်းယွဲ့သည် ချိုသာစွာ ပြောဆိုတတ်ရုံသာမက သူမကို ကျေနပ်စေမည့်အရာများကိုလည်း လုပ်ဆောင်တတ်သည်။ သူမက မဖုံးကွယ်ထားတော့ဘဲ မေးလိုက်၏။

"နင်က လုံရှီးခရိုင်မှာအရောင်းလမ်းကြောင်းတွေ ရှာနေတာလား"

လင်းယွဲ့မျက်လုံးများ အရောင်လက်သွားသည်။

"အစ်မ၊ ဘာတွေများသိထားတာရှိလဲ"

"ဟားဟားဟား"

လျိုယုက မည်သူ့ကိုမျှဇဝေဇဝါမဖြစ်စေတော့ဘဲ ပြောလိုက်သည်။

"လုံရှီးကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌက ငါ့ယောကျာ်းရဲ့နောက်လိုက်လေ၊ သူ ဒီနေ့ရောက်နေတယ်၊ ငါ နင့်ကို သွားတွေ့ပေးမယ်၊ ဒါပေမဲ့ အလုပ်ဖြစ်မဖြစ်တော့ သေချာမပြောတတ်ဘူး"

"အစ်မ၊ အစ်မသာ တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရင် ညီမသိပ်ကျေးဇူးတင်မိမှာပဲ"

လင်းယွဲ့က လျိုယုတစ်ယောက် ဤမျှကူညီပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"နင့်စကားကြားရတာနဲ့တင် လုံလောက်ပါပြီ"

လင်းယွဲ့သည် ဆန်အရက်ချိုဆိုင်ကို ဝမ်တာ့ကျန်းထံအပ်ထားခဲ့ပြီး လျိုယုနောက်သို့လိုက်ကာ တာ့ကွမ်ဘုန်းကြီးကျောင်းထဲသို့ ဝင်သွားလေသည်။ အဝင်ဝရှိကိုရင်လေးက လျိုယုကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြရာ လျိုယုက ပြုံးပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။

သူမက ဘုရားကျောင်း၏နောက်ဖေးခြံသို့ ချောမွေ့စွာ ဝင်သွားလေ၏။။ လင်းယွဲ့က နောက်မှလိုက်သွားရာ ထိုအခါမှသာ ဘုရားကျောင်း၏နောက်ဖေးခြံကို မြင်တွေ့ခွင့်ရတော့သည်။ ဤနေရာမှာ ဘုန်းကြီးများအနားယူပြီး ဆွမ်းစားသောနေရာဖြစ်သည်။ သာမန်ယုံကြည်သူများကို နောက်ဖေးခြံအဝင်ဝတွင် တားဆီးထားသည်။

နောက်ဖေးခြံသို့ ဝင်လိုက်သည်နှင့် လူလုပ်တောင်ကုန်းများ၊ စီးဆင်းနေသော ရေများ၊ အပေါ်သို့ ကော့တက်နေသော ခေါင်မိုးစွန်းများပါသည့် ခြံဝင်းများကို တွေ့လိုက်ရ၏။ တသွင်သွင်စီးဆင်းနေသော ရေများအထက်ရှိ အမိုးခုံးတံတားကို ဖြတ်ကျော်ပြီးနောက် ပို၍ ဇိမ်ကျသောမြင်ကွင်းက သူမမျက်စိရှေ့တွင် ပေါ်လာလေသည်။ စိမ်းလန်းသော မြက်ခင်းပြင်များကို ဖြတ်သန်းသွားသော အပြာရောင် ကျောက်ပြားခင်း လမ်းငယ်လေးများ၊ တစ်ခုနှင့်တစ်ခု အထပ်ထပ်ဖြစ်နေသော နံရံနီများနှင့် အနက်ရောင်အုပ်ကြွပ်မိုးများက သူတို့အလွှာများအလိုက် ရှင်းလင်းစွာခွဲခြားထားသည်။

အရှေ့ဘက်ခြံဝင်းများရှိ အိမ်များမှာ သေးငယ်ပြီးယှဉ်လျက် တည်ရှိသည်။ သို့သော် လှေကားထစ် အနည်းငယ် တက်ပြီးနောက်တွင် အိမ်များမှာ များစွာ ပိုကြီးလာလေသည်။ အပေါ်သို့ မော့ကြည့်လိုက်ရာ အပေါ်ထပ် စင်္ကြံများမှာ ကွေ့ကောက်နေပြီး၊ ကြက်သွေးရောင် တိုင်များက ပျံသန်းနေသော အမိုးစွန်းများနှင့် ဒေါက်တိုင်များကို ထောက်ပံ့ပေးထားသည်။ စင်္ကြံများအောက်တွင် ဆွဲချိတ်ထားသော ပိုးသားမီးပုံးများမှာ ပိုလှပပြီး သေသပ်လှသည်။ လျိုယုက ရှင်းပြလိုက်၏။

"အောက်ဘက်အပိုင်းက ကိုရင်လေးတွေ နေတဲ့နေရာ၊ အလယ်ပိုင်းက ဘုရားကျောင်းမှာ နေတာကြာပြီဖြစ်တဲ့ ဘုန်းကြီးတွေ နေတဲ့နေရာ၊ အပေါ်ဘက်ပိုင်းကတော့ သက်တော်ကြီးတဲ့ ဘုန်းကြီးတွေနဲ့ ဧည့်သည်တွေနေတဲ့နေရာ"

"ဟေး"

လျိုယုကဖြတ်သွားသော ကိုရင်လေး တစ်ပါးကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"ကိုရင်တို့ဆရာကို လာရှာတာ၊ သူ့ကို သွားခေါ်ပေးပါဦး"

လင်းယွဲ့ ထိုကိုရင်လေးကိုမှတ်မိသွားသည်။

"ဒါ ဟိုနေ့က ကျွန်မကို ပိုးချည်ထည် ပေးတဲ့ ကိုရင်လေးမဟုတ်လား"

"ဟုတ်တယ်၊ အဲဒါ သူပဲ"

လျိုယုက ပြောလိုက်သည်။

"ဘာလို့ ချွေးတွေပြိုက်ပြိုက်ကျနေတာလဲ"

ကိုရင်လေး လျောင်ဟွေ့ပြောလိုက်သည်။

"ဆရာက ဧည့်သည်လက်ခံနေတယ်၊ ဒုက္ခပါပဲ ဧည့်သည်ရဲ့ကလေးက မရပ်မနားငိုနေလို့ ဘာလုပ်ရမှန်းမသိတော့ဘူး"

"ဧည့်သည် ဟုတ်လား၊ လုံရှီးခရိုင်က ကုန်သည်ကျီဝေ့လန် များလား"

"ဟုတ်တယ်၊ အဲဒါ သူပဲ"

လျောင်ဟွေ့ပြောလိုက်သည်။

"သူ့သားက ဆွမ်းစားကျောင်းဆောင်ထဲမှာ နို့ဆာလို့ငိုနေတာ၊ အစ်မလျိုယု သွားပြီးချော့ပေးလို့ ရမလား"

"သွားစမ်း၊ ငါ့မှာ နို့မှမရှိတာ"

လျိုယုက သူမလက်ကိုဝှေ့ယမ်းကာ သူ့ကို မောင်းထုတ်လိုက်သော်လည်း သူမသည် မီးဖိုချောင်ဘက်သို့ စတင် လျှောက်သွားနေ၏။

All Chapters