← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

Ch-26

"အဟင့် အဟင့် အဟင့် ဖေဖေ ဖေဖေက သမီးကိုလိမ်တယ်"

ကလေးမလေး၏အော်ဟစ်ငိုယိုသံမှာ ဈေးတစ်ခုလုံး ဟိန်းထွက်သွားသည်။

"အားလုံးက သမီးကိုအနိုင်ကျင့်ကြတယ်၊ ဖေဖေလည်း အနိုင်ကျင့်တယ် ဝူးး"

"ဟေ့"

စားဖိုမှူးက လင်းယွဲ့ကိုမျက်နှာထားတင်းတင်းဖြင့် ကြိမ်းဝါးလိုက်သည်။

"မင်းကလေးကို ထိန်းစမ်း"

လင်းယွဲ့မှာ မည်သို့ပြောရမှန်းပင်မသိတော့ပေ။ ဤကလေးမလေးမှာ ခုနကမောက်မာခဲ့သူဖြစ်သဖြင့် စိတ်ဓာတ်မာကျောမည်ဟု သူမထင်ထားခဲ့သည်။

‘ဘာကြောင့်များ လူတစ်ယောက် အပြောခံလိုက်ရုံနှင့် ဤမျှတောင် ငိုကြွေးနေရတာလဲ’

"မငိုပါနဲ့တော့၊ ထန်ဟူလူစားရအောင်"

လင်းယွဲ့က သူမပခုံးကို အသာပုတ်ကာ ချော့မော့လိုက်ပြီး သူမလက်ထဲမှပြုတ်ကျတော့မည့် ထန်ဟူလူကိုပြန်ကမ်းပေးလိုက်သည်။

"မငိုပါနဲ့တော့နော် တိတ်တော့"

"ယားဝေ ယားဝေ"

ထိုအချိန်တွင် စိုးရိမ်တကြီးအော်ခေါ်သံများ ထွက်ပေါ်လာသည်။

"အစ်ကိုကြီး"

ကလေးမလေးက ရင်ထဲမှအသည်းနာစွာဖြင့် အော်လိုက်သည်။

"ဒီမှာ သမီး ဒီမှာ"

ဝါးပင်ကဲ့သို့ ဖြောင့်စင်းပြီးခန့်ညားလှပသော လူငယ်တစ်ဦးထွက်ပေါ်လာသည်။ သူသည် ဝါးရွက်ပန်းချီများပါရှိသည့် အစိမ်းနုရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လည်ပင်းနှင့် လက်ကောက်ဝတ်တို့တွင် ရွှေချည်မျှင်များဖြင့် အနုစိတ်ချုပ်လုပ်ထား၏။

"ယားဝေ"

လူငယ်က ကလေးမလေးကိုပွေ့ဖက်လိုက်ရာ ကလေးမလေးမှာလည်း အစ်ကိုဖြစ်သူကို တွေ့လိုက်ရသောအခါ အားကိုးရာရသွားသည့်အလား ပို၍ပင် ငိုကြွေးတော့သည်။

"သခင်မလေးယားဝေကိုတွေ့ပြီ၊ ဝမ်သခင်ကြီးကို အကြောင်းကြားလိုက်"

အစောင့်က သက်ပြင်းချကာဆိုသည်။

ထိုစကားကိုကြားသောအခါ အိမ်တော်ထိန်း၏မျက်နှာမှာ ပြောင်းလဲသွားကာ နဖူးပေါ်တွင် အေးစက်စက်ချွေးများပျံလာ၏။

“ဝမ်သခင်ကြီး ဟုတ်လား၊ သူတို့က ဘယ်သူတွေလဲ”

အကယ်၍သာ သူတို့ကအခြားအိမ်တော်မှ မြေရှင်များဖြစ်နေပါက ကလေးငိုသည့်တိုင်အောင် သူတို့အနေဖြင့် အပြစ်မရှိပေ။ သို့သော် သူတို့လေသံမှာ 'ဝမ်သခင်ကြီး'ကိုသူငယ်ချင်းလို ခေါ်ဆိုနေသည့်ပုံစံဖြစ်နေသည်။

'သူတို့က ဘယ်သူတွေလဲ'

ဝမ်ချွမ်းမှာ သူနားကြားမှားတာဖြစ်ပါစေဟု ဆုတောင်းနေမိသည်။ အကယ်၍သာ တကယ်ဖြစ်နေပါက ဒီနေ့ သူအသက်ရှင်နိုင်တော့မည်မဟုတ်ပေ။ ဝမ်ယားဝေက သူမလက်ချောင်းလေးဖြင့်ညွှန်ပြလိုက်သည်။

"သူတို့က သမီးကိုအနိုင်ကျင့်တာ၊ ဒီလျံဖန်းက အရသာရှိလို့ အစ်ကိုတို့နဲ့ ဝမ်သခင်ကြီးကိုမြည်းကြည့်စေချင်လို့ ခေါ်တာကို သူတို့က သမီးကို လျံဖန်းနဲ့ပစ်ပေါက်တယ် ဝူးဝူး"

သူမမှာ အားကိုးရာရသွားသဖြင့် ပို၍ပင်အော်ငိုလေတော့သည်။ ထိုအချိန်တွင် ဝမ်ချွမ်းသည် ပွဲလမ်းသဘင်များတွင်သာ ဝတ်ဆင်လေ့ရှိသည့် ပိုးထည်ဝတ်လုံကို ဝတ်ဆင်ထားသော သူ၏ဝမ်သခင်ကြီး အလောတကြီးပြေးလာသည်ကို မြင်လိုက်ရကာ ပုံမှန်ဆိုလျှင် လှုပ်ရှားရန်ပင် ပျင်းတတ်သော သခင်ကြီးမှာ ယခု ချွေးစေးများပျံကာ ဖားယားသော အပြုံးဖြင့် ပြေးလာနေ၏။

'သွားပြီ'

"ဆုန်းရှင်းသခင်လေး သခင်မလေးကို ရှာတွေ့ပြီလား"

ဝမ်သခင်ကြီးက လူငယ်အားဖားယားစွာ ပြုံးပြသည်။ လူငယ်၏မျက်နှာမှာ ကလေးမလေးကို ချော့မော့နေစဉ်တွင် နူးညံ့နေသော်လည်း ဝမ်သခင်ကြီးကို မြင်လိုက်သည့်အခါ ဒေါသမျက်လုံးများဖြင့်ကြည့်ကာ မေးလိုက်သည်။

"အဲဒီလူက မင်းရဲ့အစေခံလား"

ဝမ်သခင်ကြီး၏ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ဤလူငယ်မှာ မြို့တော်မှ အရေးပါသောလူကြီး၏မြေးဖြစ်ပြီး အဘိုးဖြစ်သူမှာ မင်းသုံးဆက်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဧကရာဇ်မင်းမြတ်ကိုပင် အစားထိုးနိုင်စွမ်းရှိသူဖြစ်လေသည်။

"ဟုတ် ဟုတ်ကဲ့၊ သူက သခင်မလေးကို အပြစ်လုပ်မိတာလား၊ ကျွန်တော် အခုချက်ချင်း တောင်းပန်ခိုင်းလိုက်ပါ့မယ်"

ဝမ်သခင်ကြီးက အလျင်အမြန်ပြောလိုက်သည်။ ဝမ်ယားဝေက လေသံမာမာဖြင့် ပြောလိုက်သည်။

"မလိုဘူး၊ သူတို့တောင်းပန်တာ မလိုချင်ဘူး၊ ဒါက တကယ်အရသာရှိတာ မြည်းကြည့်"

"ကောင်းပြီလေ"

ဝမ်စုန်းရှင်းက နူးညံ့စွာပြန်ပြောလိုက်သည်။ လင်းယွဲ့သည် အမြန်ပင်လျံဖန်း အတုံးလေးများကို ပန်းကန်လုံးနှစ်လုံးထဲသို့ထည့်လိုက်ကာ ပန်းကန်တစ်ခုတွင် ပျားရည်နှင့် တစ်ခုတွင် အချဉ်အစပ်ဖြစ်၏။ သူမသည် အသစ်ဝယ်ထားသော ဝါးချောင်းလေးများကို ကမ်းပေးလိုက်လေသည်။ ဝမ်စုန်းရှင်းသည် လျံဖန်းကိုမြည်းစမ်းလိုက်ရာ အစပိုင်းတွင် သိပ်ပြီးစိတ်မဝင်စားသော်လည်း ပါးစပ်ထဲသို့ရောက်သွားသည့်အခါ အထိအတွေ့မှာ ထူးခြားလှချေ၏။ ချောမွတ်အေးမြနေပြီး ပါးစပ်ထဲရှိ အပူချိန်ကို ချက်ချင်းငြိမ်းအေးသွားပြီး ပျားရည်မှာလည်း ပန်းရနံ့များ ပါဝင်နေသည်။ သူသည် တို့ဟူးကို နှစ်သက်သော်လည်း ပဲနံ့ကိုမုန်းတီးသူ ဖြစ်သော်လည်း ဤလျံဖန်းမှာ တို့ဟူးထက် ပို၍ဝါးရကောင်းပြီး ပဲနံ့ လုံးဝမရှိပေ။ သူသည် အချဉ်အစပ်လျံဖန်းကို ထပ်မြည်းကြည့်ပြန်သည်။

"အရမ်း လန်းဆန်းသွားတာပဲ"

မြို့တော်မှ တစ်လကျော်လမ်းခရီးကို မိုင်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရသဖြင့် သူ့အစာအိမ်မှာ မူးဝေပြီးဘာမှမစားချင်ဖြစ်နေခဲ့သည်။ သို့သော် ဤအရာက သူ့ကိုအစာစားချင်စိတ်ပြန်ပေါ်လာပေသည်။ ဝမ်စုန်းရှင်း၏ကျေနပ်နေသောမျက်နှာကို မြင်လိုက်ရသည့်အခါ ဝမ်ယားဝေမှာ သူမရွေးချယ်မှုမှန်ကန်ကြောင်း သိလိုက်သည်။ သူမသည် ဝမ်သခင်ကြီးကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။

"သခင်ကြီးလည်း စား”

"ဟုတ်ကဲ့ ဟုတ်ကဲ့”

ဝမ်သခင်ကြီးလည်း အမြန်မြည်းစမ်းကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။ နူးညံ့သည်၊ လတ်ဆတ်သည်၊ အေးမြသည်။

ဒါက သူတစ်ချိန်လုံး ရှာဖွေနေခဲ့တဲ့ နွေရာသီအစားအစာပဲ။

ဝမ်ရှီးသည် အချိုအရသာရှိသောလျံဖန်းတစ်တုံးကို ထပ်မံထိုးယူလိုက်လေသည်။ အချဉ်စပ်အရသာကို မြည်းစမ်းပြီးစဖြစ်သည့်အတွက် ယခုစားလိုက်သော အချိုအရသာမှာ ယခင်အရသာနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ပိုမိုထင်ရှားပေါ်လွင်လာကာ အချိုအရသာမှာ အချဉ်စပ်ထက်ပင် အရသာပိုရှိသည်ဟုပင် ခံစားလိုက်ရ၏။

အကယ်၍ မွန်းတည့်ချိန် ပြင်းပြင်းထန်ထန် နေပူလောင်နေချိန်မျိုး၌ သူသည်ဝဖြိုးသူဖြစ်ရာ ချွေးများ အလွန်ထွက်တတ်ပေသည်။

ထိုကဲ့သိုသော အချိန်အခါမျိုးတွင် သူသည် အစေခံများကို ရေတွင်းနားသို ကုလားထိုင်ရွှေ့ခိုင်းကာ လေအေးအေးလေးတိုက်ခတ်နေသည့်အောက်၌ လှဲလျောင်းရင်း အေးမြချိုမြိန်သောလျံဖန်းတစ်ပန်းကန်ကို စားသုံးရမည်ဆိုလျှင် ဘယ်လောက်တောင် စိတ်ချမ်းမြေ့ဖွယ် ကောင်းလိုက်မလဲ။

ဤအတွေးလေးက ဝမ်ရှီးစိတ်ထဲတွင် ရောက်လာသောအခါ သူ၏မြေရှင်ဝမ်ဆိုသောဂုဏ်ပုဒ်နှင့်အညီ ပျော်ရွှင်ရမည့်ပုံစံကို တွေးမိလိုက်သည်။ ဤအချိန်တွင် ဝမ်သခင်ကြီးမှ ဝမ်ချွမ်းကိုကြည့်လိုက်သည့်အကြည့်များမှာ ပြောင်းလဲသွားတော့သည်။ သူက ဒီလောက်အရသာရှိတဲ့ အစားအစာကိုမဝယ်ဘဲနဲ့ ရောင်းသူကိုအနိုင်ကျင့်နေသည်မှာ သူ့ကိုမျက်နှာပျက်စေလိုခြင်းဖြစ်၏။

"သခင်ကြီး ကျွန်တော် မှားပါတယ်၊ ကျွန်တော် တကယ်မှားပါတယ်"

ဝမ်ချွမ်းမှာ ဒူးထောက်တောင်းပန်နေသည်။ ဝမ်သခင်ကြီးက သူ့ကိုကန်ထုတ်လိုက်၏။

"သခင်ကြီး ဒါကတကယ်အရသာရှိပါတယ် ဝယ်လိုက်ပါ၊ သခင်မလေးရဲ့ နေ့လယ်စာကြိုဆိုပွဲအတွက် သုံးလို့ရတာပေါ့"

ဝမ်သခင်ကြီးက အော်ပြောလိုက်သည်။

"ဒီလျံဖန်းက အရမ်းအရသာရှိတယ်၊ ဝယ်မယ် အကုန်လုံးဝယ်မယ် ဘယ်လောက်လဲ"

လင်းယွဲ့ကတော့ သူမသည် ဝမ်ချွမ်း၏အရင်က မောက်မာသောပုံစံလေးကိုသာ ပိုသဘောကျမိနေသည်။ သူမ တွေးနေမိ၏။

'အဲဒီပုံစံလေးကို ပြန်လုပ်ပေးလို့မရဘူးလား'

All Chapters