အခန်း ၃၁
Vol. 4 Ch. 31
Ch-31
‘လင်းယွဲ့ ကုမိသားစုဆီ ဘာလို့အသားလာပေးရတာလဲ’
ပထမအချက်မှာ သူမသည် ဒုတိယအဒေါ် ကို တကယ်ပင်ကျေးဇူးတင်နေမိ၍ဖြစ်သည်။ ဒုတိယအချက်မှာ သူမ အိမ်၌ဆီချက်နေစဉ် လီရှောင်လျန် အပြေးရောက်လာပြီး ပြောပြသည်မှာ ရွာထဲတွင် သတင်းစကားများအမျိုးမျိုး ပျံ့နှံ့နေသည်။
*မြို့တော်က အရာရှိကြီးတစ်ယောက်က လင်းယွဲ့ကိုပြုံးပြဖို့ ပိုက်ဆံအများကြီးသုံးတယ်တဲ့*
*ဝမ်သခင်ကြီးရဲ့အိမ်တော်ထိန်းနဲ့ အရာရှိကြီးတို့ လင်းယွဲ့အတွက် ရန်ဖြစ်ပြီး အိမ်တော်ထိန်းသေသွားတယ်တဲ့*
*လင်းယွဲ့က လျံဖန်းနတ်သမီးပဲ၊ သူမရဲ့ လျံဖန်းကိုစားမိသူတိုင်း သူမကို ချစ်မိသွားလိမ့်မယ်တဲ့*
စသည်ဖြင့် သတင်းစကားများမှာ တကယ်ကို စိတ်ပျက်စရာကောင်းလွန်းလှရာ လင်းယွဲ့သည် ကိုယ့်ကိုကိုယ်တောင် ရှက်မိသွားသည်။ အလုပ်သမားလူတန်းစားတို့၏ စိတ်ကူးယဉ်မှုနှင့် ယှဉ်လိုက်လျှင် သူမအတွေးများမှာ တိမ်လွန်းသေး၏။
"ရွာထဲကလူတွေ ဒီသတင်းတွေကို ကြားရင် လူတချို့မှာ မကောင်းတဲ့အတွေးတွေဝင်လာမှာ စိုးရိမ်လို့ပါ"
လီရှောင်လျန် ပြောလေ၏။ သူတို့သည် ညဘက်တွင် ငွေခိုးရန် သို့မဟုတ် လူပြန်ပေးဆွဲရန်ပင် လာနိုင်သည်ပင်။
‘တကယ်ပင် ဟုတ်ပေသည်’
ထို့ကြောင့် လင်းယွဲ့မှ ကုမိသားစုဆီ အသားလာပေးခြင်းမှာ ရွာသားများအတွက် သတိပေးချက်တစ်ခုဖြစ်ပြီး သူမတွင် ကုမိသားစုနောက်ခံရှိနေသည်ကို ပြသလိုက်ခြင်းပင်။ ရွာသားများသာ သူမ ကုမိသားစုတံခါးပေါက်မှ ဝင်သွားသည်ကိုမြင်လျှင် အခြားသူများမှာ မဝံ့ရဲတော့ချေ။ သို့သော် ကုမိသားစုနှင့် ဆက်ဆံရေးကို အတင်းအကျပ် ထိန်းသိမ်းရန်မလိုပေ။ ထိုကြောင့် လင်းယွဲ့မှာ ဤမလာခင်ကပင် လူတို့သည် ရှားပါးမှုကြောင့်မဟုတ်ဘဲ မညီမျှမှုကြောင့် ဒုက္ခရောက်ကြသည်ကိုသိထားသည်။ အကယ်၍ သူမသည် ဒုတိယအဒေါ်တို့မိသားစုကိုသာ အသားပေးမည်ဆိုပါက မျက်နှာပြောင်တိုက်တတ်သော အဒေါ်ကု၊ အဘွားကုနှင့် ကုဝူရှန်းတို့ကလုယူသွားနိုင်သည်ပင်။ ထို့ကြောင့် သူမသည် ခြင်းတောင်းထဲမှ အနံ့နံနေသောဝက်အူများကိုထုတ်ကာ အဘွားကုကို ပေးလိုက်သည်။
"အသားနှစ်ကတ်တီပဲ ဝယ်နိုင်လို့ပါ၊ ဒါက ဝက်အူတွေလေ၊ တစ်ကတ်တီခွဲလောက်ရှိမယ်"
"ဒါကလက်ဆောင်ပေမဲ့ တိုက်ရိုက်တောင်းရင် သူတို့ကမပေးဘူး၊ ဝယ်မယ်ဆိုရင် ၆ပြားပေးရတယ်"
လင်းယွဲ့၏တွက်ချက်မှုမှာ မှားယွင်းသွားသည်။ သူမသည် ဝက်အူစားရသည်ကိုကြိုက်သော်လည်း ၎င်းတို့မှာ အနှစ်ချက်မှသာ အရသာရှိကာ နောင်တွင် ဟင်းခတ်အမွှေးအကြိုင်များ လော့ခ်ဖွင့်ပြီးမှသာ ဝက်သား၊ ဝက်အူများကိုရောင်းရန် စီစဉ်လိုက်ရပြီး ကျေးလက်တွင်လည်း ဝယ်လိုအားနည်းမည်ပင်။ ဝက်အူတို့မှာ အနံ့ပြင်းသဖြင့် ဟင်းခတ်အမွှေးအကြိုင်မပါလျှင် စားရခက်ပြီး နောက်ပိုင်း ဝမ်းသွားချိန်တွင်လည်း အနံ့နံတတ်သည်။ လင်းယွဲ့ မှန်းဆသည်မှာ မမှားပေ။ အဒေါ်ကုက တစ်ဝက်၊ အဘွားကုက တစ်ဝက် ယူသွားကြပြီး ချက်ပြုတ်ကျရာ အနံ့များကြောင့် ဒေါသထွက်ကုန်ကြတော့သည်။
"အော့ အရမ်းနံတာပဲ"
ကုရှန်းလင်းက မြေကြီးပေါ် တံတွေးထွေးလိုက်သည်။
"ချေးနံ့ နံနေတာပဲ"
"ဒါအသားလေ ဒီကလေးတော့"
အဒေါ်ကုက မြေကြီးပေါ်မှအမြန် ကောက်ယူကာ ဖုန်ခါပြီး သမီးငယ်၏ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ကုလိုင်တိသည် ဝက်အူကိုကိုင်တွယ်ရန်ပင် မဝံ့ရဲပေ။ ကုမိသားစု၏ကျန်သမီးနှစ်ယောက်မှာလည်း ကုရှန်းလင်းကိုအာရုံစိုက်ကြည့်နေကြသည်။ သို့သော် ကုရှန်းလင်းမှာ အော်ငိုလေတော့သည်။
"အမေ မုန့်ပြားစားချင်တယ်"
ကုတန်က သူ့ရှေ့တွင်မုန့်ပြားစားပြပြီးကတည်းက သူမုန့်ပြားကို တမ်းတနေခဲ့ခြင်းဖြစ်၏။
"နင်က ငွေကိုမီးရှို့နေတာလား၊ မုန့်ပြား တစ်ခုကို သုံးပြားတောင်ပေးရတာ"
အဒေါ်ကု ဆဲဆိုလိုက်သည်။
"ဝူး ဝူး ဝူး ဘာလို့ အဲဒီမုန့်ပြားကို သူတို့ပဲ စားရမှာလဲ၊ ငါတို့ကျ မစားရဘူး ဝူး"
ကုရှန်းလင်းမှာ ငိုယိုရင်း မိဘများကိုပင် ဆဲဆိုတော့ရာ ကုတာ့ဖူမှာဒေါသထွက်ပြီး တံမြက်စည်းဖြင့် ရိုက်တော့သည်။ တစ်ဖက်တွင် ကုတာ့တျန်က ကုဝူရှန်းအိမ်သို့ ဝိုင်ယူလာသည်။
"ဟေ့ အိမ်မှာ အသားချက်နေတာကို ငါ့ကျမခေါ်ဘူး"
ကုဝူရှန်းက ဝိုင်ကိုလုယူလိုက်သည်။
"ဘယ်ကအသားစားရမှာလဲ ဝက်အူတွေ ကွ၊ အဲဒီအသားက ဟိုဘက်အိမ်က ချက်တာ"
"တောက် ဝက်အူလား၊ ငါ့ဝိုင်ပြန်ပေးစမ်း"
ကုတာ့တျန်မျက်နှာမှာ ပျက်ယွင်းသွားသည်။ အခြားတစ်ဖက်တွင် ကုအာ့ကွေ့အိမ်၌ ကုအာ့ကွေ့သည် အလုပ်မှ ပြန်လာစဉ် အသားနံ့ကို ရလိုက်သည်။ သူ့အစ်ကိုကုတာ့ဖူ ချက်နေသည်ဟု ထင်သော်လည်း အိမ်နားကပ်လာလေလေ အနံ့ကပိုပြင်းလာလေလေ ဖြစ်၏။
"ဒီနေ့ ဘာချက်ထားတာလဲ၊ ဘာလို့ မီးဖိုချောင်မှာ အကုန်လုံးဝိုင်းနေကြတာလဲ"
ကုအာ့ကွေ့သည် ကလေးများကိုတွန်းဖယ်ကာ ကြည့်လိုက်သောအခါ အိုးထဲတွင် အနီရောင်သန်းနေသော အသားများကို တွေ့လိုက်ရသည်။
"အသား"
"အမေက ပြောတယ်၊ ဒီနေ့ အသားစားရမယ်တဲ့"
ကုအာ့ကွေ့ရင်ထဲတွင် ဒေါသများထွက်ပေါ်လာသည်။
‘နျိုဟုန်ရှို့က သူ့မိဘအိမ်ကိုပစ္စည်းတွေ ပို့လိုက်၊ လောင်းကစားကြွေး ဆပ်ပေးလိုက်နဲ့ အခုကျ အသားဝယ်စားတယ်တဲ့လား’
"မင်းတို့ ဘာလုပ်နေကြတာလဲ၊ အသက်ကို မရှင်ချင်တော့ဘူးလား"
"ဘာပြောတာလဲ"
နျိုဟုန်ရှို့က နားမလည်စွာဖြင့်မေးလိုက်သည်။
"ဘာလို့ အသားချက်နေတာလဲ၊ မိသားစုကို ဘယ်လိုစီမံခန့်ခွဲနေတာလဲ၊ နောက်ဆိုရင် မင်းတို့ ဘာစားကြမလဲ"
"ဒါကလင်းယွဲ့ပေးထားတဲ့ အသားလေ"
"လင်းယွဲ့ဟုတ်လား ဘယ်သူလဲ"
"အော် လူတွေကလည်း မေ့လွယ်၊ ငတုံးတွေကလည်း မေ့လွယ်ပဲ"
နျိုဟုန်ရှို့ လှောင်ပြုံးဖြင့်ပြောလိုက်သည်။
"ရှင့်တူမိန်းမလေ၊ အရင် သူဒုက္ခရောက်တုန်းက ကျွန်မမုန့်တစ်ချပ်ပေးခဲ့ဖူးတယ်၊ အခု ပြန်ပေးတာ"
ကုအာ့ကွေ့ သတိရသွားသည်။ လက်ဆောင်ရလိုက်သော အသားဖြစ်ကြောင်းသိလိုက်ရသောအခါ ဒေါသမှာ ပျောက်ကွယ်သွားပြီး ပျော်ရွှင်သွားသော်လည်း နျိုဟုန်ရှို့မှာ ဒေါသမပြေသေးချေ။ နှစ်ပေါင်းများစွာ သူမမိဘအိမ်ကို ကူညီခြင်းအတွက် ကုအာ့ကွေ့၏အပြစ်တင်စကားများကို သူမ ခံခဲ့ရသည်။ သူမက ခပ်လှောင်လှောင်ပြောလိုက်သည်။
"သူက ကျွန်မကျေးဇူးကိုမှတ်မိတယ်၊ ရှင်ကရော လင်းယွဲ့ကို ဂရုမစိုက်နဲ့လို့ မပြောခဲ့ဘူးလား၊ ဒီအသားကို ရှင်မစားနဲ့တော့"
"အော် မိန်းမရေ၊ ကိုယ် မှားပါတယ်"
ကုအာ့ကွေ့မှ အလျှော့ပေးလိုက်ရရာ နောက်ဆုံးတွင်တော့ ကုအာ့ကွေ့တစ်ယောက် အရသာရှိလှသောအသားကို စားရသဖြင့် မူးဝေသွားကာ စကားပြောရန်ပင် အချိန်မရှိတော့ပေ။ မဟုတ်ပါက ကျန်သုံးယောက်ဆီ အသားများပါသွားမည်ကို စိုးရိမ်ရ၏။
သူသည်ထမင်းပန်းကန်ထဲခေါင်းမဖော်တမ်းကြိတ်နေပြီး ဤမျှအရသာရှိသောအစားအစာများကိုယခင်ကမစားဖူးခဲ့ပေ။
ခဏအကြာတွင်တော့ ပန်းကန်လုံးနှင့် တူတို့၏ရိုက်ခတ်သံများကိုသာ ကြားရလေတော့သည်။
ကုစန်းဖျင်၏ မိသားစုသာလျှင်....