← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

Ch-32

ကုစန်းဖျင်သည် ဟင်းရွက်တစ်ရွက်ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"ဘာလို့ ဒီနေ့ဟင်းက ဒီလောက် အရသာပျက်နေရတာလဲ"

ထို့နောက် တို့ဟူးတစ်တုံးကို ကောက်ယူကာ ကုစန်းဖျင်ကမကျေမနပ်ဖြင့်ပြောလာသည်။

"တို့ဟူးကတောင် ငါ့ရင်ထဲက ဝမ်းနည်းမှုကို မဖြေဖျောက်နိုင်ပါလား"

"ရှင် အသားမစားရလို့ စိတ်ကောက်နေတာမဟုတ်လား"

လီချွမ်းနီက ပွင့်ပွင့်လင်းလင်းပင်မေးလိုက်သည်။

"ကျွန်မ အကူအညီလိုတဲ့အချိန်တုန်းကကျ ရှင်မကူညီခဲ့ဘူး၊ ကျွန်မက ယောင်းမကြီးတို့လို ဘာမဟုတ်တာကို ဇာတ်လမ်းအကြီးကြီးလုပ်မနေဘူး၊ ရှိတာလေးပဲ စားကြတာပေါ့"

သို့သော် ကလေးတစ်ယောက်မှာ ဘာကို နားလည်နိုင်မည်နည်း။ ကုရှဲ့ယန်မှာ သုံးနှစ်အရွယ်သာရှိသေးပြီး စားဖို့၊ ကစားဖို့သာသိသော အရွယ်ဖြစ်သည်။ သူမမှာ အသားနံ့ကိုရသော်လည်း မစားရသဖြင့် မျက်ရည်များကျလာကာ အော်ဟစ်ငိုယိုတော့ရာ မိဘများကချော့မော့သော်လည်း မရချေ။ သမီးကြီးဖြစ်သူက သူမပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ တင်းမာစွာ ပြောလိုက်သည်။

"မငိုနဲ့"

သူမသည် ဖခင်ဖြစ်သူကိုကြည့်ကာပြောလိုက်သည်။

"မုန့်ပြားအတွက်နဲ့ ဈေးဆစ်နေတဲ့သူက ကမ္ဘာလောကကြီးကို ကယ်တင်မယ်ဆိုပြီး ဘာတွေလာပြောနေတာလဲ၊ အမြဲတမ်း ကိုယ့်အရည်အချင်းကို သူများမသိဘူးလို့ပဲ ညည်းနေတာ၊ တကယ်တော်တဲ့သူနဲ့ တွေ့တော့လည်း ဘာမှမသိဘဲနဲ့၊ ပြီးတော့ သမီးတို့မိသားစုက တို့ဟူးပဲစားဖို့ ကံပါလာတာ၊ ရှိတာလေးပဲ စားကြစို့"

"နင်တော့ အသေအရိုက်ခံရတော့မှာပဲ"

ကုစန်းဖျင် လက်မြှောက်လိုက်သည်။ လီချွမ်းနီက ပန်းကန်စွန်းကိုတူဖြင့် ခေါက်လိုက်ကာ

"သမီးပြောတာ မမှားဘူး၊ ထမင်းစားရင်း ငိုတဲ့သူအပြင်ထွက်"

ထမင်းဝိုင်းမှာ ချက်ချင်းတိတ်ဆိတ်သွား၏။ လင်းယွဲ့အိမ်တွင်မူ သူမအိမ်ပြန်ရောက်သည့်အခါ မြေအိုးထဲတွင် တည်ထားသောအသားဟင်းမှာ ဆီပြန်နေပြီဖြစ်သည်။

*ဗွက် ဗွက်*

အသားဟင်းအိုးမှထွက်လာသော အဆီနံ့၊ အသားနံ့တို့မှာ လင်းယွဲ့နှာခေါင်းဝသို့ ရောက်လာပြီး အသား၏မွှေးပျံ့သော အနံ့မှာ သူမအာရုံကို လှုပ်ခတ်သွားစေ၏။ ကုမိသားစုဆီမသွားခင်ကတည်းက လင်းယွဲ့သည် ဝက်ဆီများကိုကျိုပြီး မြေအိုးထဲထည့်ထားခဲ့သည်။ ထို့နောက် ဝက်သားကို အတုံးသေးသေးလေးများလှီး၍ သကြား၊ ဆား၊ ပဲငပိရည် အကြည်၊ အနောက်တို့ဖြင့် နယ်ပြီး တည်ထားခဲ့ခြင်းဖြစ်၏။ သူမပြန်ရောက်သည့်အခါ အသားဟင်းမှာ ချက်ချင်းစားနိုင်သည့် အနေအထား ဖြစ်နေကာ ကုတန်နှင့် တာ့ယာတို့မှာ အသားဟင်းကို စိုက်ကြည့်နေကြသဖြင့် လင်းယွဲ့ပြောလိုက်၏။

"စားကြစို့ များများစား၊ ဒီလို ရာသီဥတုမှာဆိုရင် အသားကမြန်မြန်သိုးတတ်တယ်"

အသားသုံးကတ်တီကျော်မှာ အိုးထဲတွင် ပြည့်လျှံနေပြီး ကုတန်နှင့် တာ့ယာတို့မှာ စားစရာမလောက်မည်ကို မစိုးရိမ်ရတော့ဘဲ စိတ်ကြိုက်စားသောက်ကြတော့သည်။ ဤသည်မှာ သူတို့ဘဝတွင် အဝလင်ဆုံးစားလိုက်ရသည့် အသားဟင်းပင်ဖြစ်ပြီး ထမင်းမပါဘဲ အသားချည်းသက်သက် စားနေကြခြင်းပင်။လင်းယွဲ့သည် ဝက်မည်းသားတစ်တုံးကို ပါးစပ်ထဲထည့်လိုက်၏။ သကြားဖြင့် ချက်ထားသဖြင့် အသားမှာ အနည်းငယ်ကြွပ်ရွနေပြီး ထူးခြားသော အရသာရှိကာ တစ်ကိုက် ကိုက်လိုက်သည်နှင့် အသားမှာ အင်မတန်နူးညံ့သွားပြီး အဆီအနှစ်များက ပါးစပ်ထဲတွင် ပျံ့နှံ့သွားကာ ဝါးလေလေ ပိုမွှေးလေလေပင်။ လင်းယွဲ့ နောက်ဆုံးတော့ သူမဖခင်ပြောခဲ့သည့် ဝက်မည်းသား၏ အရသာကို နားလည်သွားသည်။ ဝက်မည်းသား၏အရသာကို သူမတစ်ကိုက်ချင်း ခံစားနေမိ၏။ သို့သော် ထမင်းမပါသဖြင့် အနည်းငယ်အဆီပြန်နေ၏။ အကယ်၍သာ ကာဗွန်နိတ်ပါသော အဖျော်ယမကာ သို့မဟုတ် ဖရဲသီးဖျော်ရည်သာပါပါက အလွန်ပင် ပြီးပြည့်စုံသွားမည်ဖြစ်၏။

လင်းယွဲ့သည် အသားသွားပို့ခြင်းမှ အပိုဆုတစ်ခုရရှိမည်ဟု မထင်ထားခဲ့ပေ။ ထိုအရာမှာ အဒေါ်ကုက ရွာသားများရှေ့တွင် သူမကိုအတင်းပြောနေခြင်းပင်ဖြစ်သည်။ ရွာလယ်ရှိ ညောင်ပင်ကြီးအောက်တွင် ရွာသားများမှာ စကားစမြည် ပြောဆိုနေကြသည်။ လင်းယွဲ့ အကြောင်း ပြောနေကြသည်ကို အဒေါ်ကုက တံတွေးထွေးလိုက်ကာ ပြောသည်။

"သူမကို ဘယ်သူမှမျက်စိကျတာမဟုတ်ဘူး၊ သူမရဲ့လျံဖန်းက အရသာရှိလို့ ရောင်းကုန်သွားတာပါ"

"အော် နင့်တို့ဟူးကရော ဘာလို့မရောင်းရတာလဲ"

"ဟားဟား အဲဒါကတော့ အရသာမရှိလို့ပေါ့"

အဒေါ်ကုက အတင်းဆက်ပြောနေသည်။ သို့သော် သူမစကားများမှာ လင်းယွဲ့ကို အားပေးနေသလိုဖြစ်သွား၏။ တစ်ယောက်က ချီးကျူးပြီး တစ်ယောက်က အတင်းပြောနေလျှင် လူတို့မှာ ပိုသိချင်လာတတ်ကြသည်။ အဒေါ်ကုသာ သူမစကားများက လင်းယွဲ့၏လျံဖန်းကို နာမည်ပိုကြီးသွားစေကြောင်းသိလျှင် သေလောက်အောင် နောင်တရမည်ဖြစ်သည်။ လင်းယွဲ့မှာ ဤအကြောင်းများကို မသိပေ။ သူမသည် သတိထားသည့်အနေဖြင့် တောဝက်ထောင်ချောက်ကို အိမ်တံခါးနောက်သို့ ရွှေ့လိုက်သည်။ ညမှာတော့ အေးဆေးပင် ကုန်ဆုံးသွားခဲ့ချေ၏။

နောက်နေ့ ဈေးပြန်ရောက်သည့်အခါ ရွာသားများမှာ ဝိုင်းအုံနေကြသည်။

"ကျွန်မကို တစ်တုံးပေး"

"ကျွန်မကိုလည်း တစ်တုံးပေး"

ရောင်းကုန်သွားသောအခါ အဝတ်အစားဆုတ်ပြဲနေသော အမျိုးသမီးတစ်ယောက်မှာ ကလေးကို ခေါ်ကာ ရောက်လာသည်။ သူမမျက်နှာမှာ ဒဏ်ရာများဖြင့် ဖူးရောင်နေပြီး အလွန်ပင် ပိန်လှီနေလေ၏။ လင်းယွဲ့က ကလေးကိုပါ မုန့်တစ်တုံးပေးလိုက်သည်။နောက်ရက်များတွင် ထိုအမျိုးသမီးနှင့် ကလေးမလေးမှာ အမြဲလိုလိုရောက်လာတတ်ရာ လင်းယွဲ့မှ သူမနောက်ကြောင်းကို စူးစမ်းလိုက်ရာ ဝမ်အာ့မေဟုသိလိုက်ရပြီး သူမမှာ အလွန်ပင် ကံဆိုးသူဖြစ်၏။ မိဘမဲ့ဖြစ်ရသည့်အပြင် စေ့စပ်ထားသူပါသေဆုံးသွားသည်။ နောက်ဆုံးတွင် လီမိသားစုနှင့် အိမ်ထောင်ကျသော်လည်း ခင်ပွန်းဖြစ်သူက သူမကို ကံဆိုးသူဟုစွပ်စွဲကာ အမြဲရိုက်နှက်တတ်၏။ သားသမီးများကို မွေးဖွားရာတွင်လည်း သမီးကို ယောက္ခမက ရေနစ်သတ်ခဲ့ပြီး၊ ဒုတိယသမီးမွေးပြီးနောက်တွင် ခင်ပွန်းက တခြားမိန်းမနှင့်ဖောက်ပြန်ကာ သူမကို အိမ်မှ နှင်ထုတ်ခဲ့ကြလေသည်။

"သူမကို တစ်ပြားမှမပေးဘူး၊ မိုးသည်းကြီးထဲမှာ အိမ်ကနေ နှင်ထုတ်ခံလိုက်ရတာ၊ တကယ့်ကို သနားဖို့ကောင်းတယ်"

နောက်ထပ်ဒုက္ခသည်တစ်ယောက်အားတွေ့သော် လင်းယွဲ့ရင်ထဲတွင် သူမကို ကူညီချင်စိတ်များပေါ်ပေါက်လာသည်။ သို့သော် သူမကိုယ်တိုင်လည်း လမ်းစရှာနေဆဲပင်။

All Chapters