← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

Ch-38

"ဒါနဲ့"

လင်းယွဲ့ ဤအချက်ကို မေ့သွားခဲ့သည်။

"သစ်နဲ့ အုတ်ကြွပ်တွေက"

လီရှောင်လျန် သူမခေါင်းကို ခေါက်လိုက်သည်။

"နင် ဒါကိုလုံးဝမစဉ်းစားမိဘူးလား၊ ကုမိသားစုရဲ့ဒုတိယသားကို ရှာကြည့်လိုက်လေ၊ သူ နင့်အိမ်ကိုသစ်သားကုတင်လာပို့တာ တွေ့လိုက်တယ်၊ သူက သဘောကောင်းတဲ့သူလို့ ထင်တာပဲ၊ သူက လက်သမားမဟုတ်လား၊ သူ ဒီပစ္စည်းတွေကို သေချာပေါက်ရနိုင်မှာပါ၊ ဈေးလည်း သက်သာနိုင်တယ်လေ"

လင်းယွဲ့ ခေါင်းညိတ်လိုက်သည်။ အိမ်ပြန်ရောက်ပြီးနောက် သူမသည် ပစ္စည်းတစ်ခုကိုလော့ခ်ဖွင့်လိုက်ပြီး ဝက်ခြေထောက်တစ်ချောင်း လော့ခ်ဖွင့်ရန် ကြေးပြား ၆၀၀ကုန်ကျမည်ဟု ထင်ထားသော်လည်း ၅၀၀ သာ ကုန်ကျသည်ကို သူမတွေ့ရှိလိုက်သည်။ ထို့နောက် တောကြက်တစ်ကောင်ကို လော့ခ်ဖွင့်ကြည့်လိုက်သည်။ ၎င်းမှာလည်း ၅၀၀သာ ကုန်ကျ၏။

အစောပိုင်း လော့ခ်ဖွင့်မှုအနည်းငယ်မှာ အထူးအခွင့်အရေးဖြစ်ပြီး ပုံမှန်ပါဝင်ပစ္စည်းတစ်ခုအတွက် ၅၀၀သာ လိုအပ်ပုံရသည်။ ရေခဲသေတ္တာထဲတွင် အမဲသားကောင်းကောင်းများ အများကြီးကျန်နေသေး၏။ သို့သော် ဤခေတ်တွင် နွားမှာလယ်ယာလုပ်ငန်းသုံး ဖြစ်သဖြင့် စိတ်ကြိုက်သတ်ဖြတ်မရပေ။ နာမကျန်းဖြစ်သော သို့မဟုတ် အိုမင်းသောနွားများသာ စားနိုင်ကြသည်။ အမဲသားပေါ်လာပါက ပြဿနာ အတော်လေးတက်နိုင်၏။ လင်းယွဲ့မှာ ဝက်ခြေထောက်တစ်ချောင်းကိုသာ လော့ခ်ဖွင့်လိုက်သည်။

ဤအသားမှာ တောနက်ထဲမှရရှိသော တောဝက်ဖြစ်သည်။ မူလကထုတ်ယူရန် ရည်ရွယ်ထားသော်လည်း အလုပ်ရှုပ်နေသဖြင့် ရေခဲသေတ္တာထဲ ထည့်လိုက်ပြီး မေ့သွားခဲ့ခြင်းဖြစ်၏။ ဤဝက်သားမှာ လက်ရှိခေတ်သဘာဝ ဝက်သားလောက် မကောင်းသော်လည်း အများကြီးမကွာခြားပေ။ သို့သော် အေးခဲနေသဖြင့် ကိုင်တွယ်ရန်ခက်ခဲနေသည်။ အရည်ပျော်သွားရင် ကောင်းမှာပဲဟု လင်းယွဲ့တွေးနေစဉ် ဝက်သားမှာ လျှို့ဝက်သိုလှောင်ခန်းကို ဖြတ်သန်းသွားပြီးနောက် အခန်းအပူချိန်သို့ ရောက်ရှိသွားသည်။ သူမ အလိုရှိသည့်အတိုင်း အပူချိန်ကို ပြောင်းလဲနိုင်သည်ကို သိရသဖြင့် အံ့အားသင့်သွားရသည်။

“အရမ်းကောင်းတာပဲ”

သူမ ချက်ချင်းပင်ဝက်ခြေထောက်ကို တစ်ဝက်စီလှီးလိုက်ပြီး တစ်ဝက်ကို လီရှောင်လျန်အိမ်သို့ အရင်ပို့လိုက်သည်။ လီရှောင်လျန်၏မျက်လုံးများ ပြူးကျယ်သွားပြီး ငြင်းဆန်နေသည်။

"ဒီလက်ဆောင်က တန်ဖိုးကြီးလွန်းတယ်၊ ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ၊ မရဘူး လက်မခံဘူး"

"အစ်မရေ လက်ခံပေးပါနော်၊ နောက်ဆိုရင် အစ်မကို အလုပ်ရှုပ်အောင် အများကြီးလုပ်ရဦးမှာပါ"

ကျေးလက်ဘဝတွင် လူမှုဆက်ဆံရေးကအရေးကြီးကြောင်း လင်းယွဲ့သိသည်။ သို့သော် ဤဆက်ဆံရေးကို လက်ဆောင်များဖြင့် ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး ကပ်စေးနည်းပြီး ကျေးဇူးတရားကိုသာ အားကိုး၍မရပေ။ ထိုသို့လုပ်လျှင် မည်သူမျှတန်ဖိုးထားမည် မဟုတ်ချေ။ ဤဝက်ခြေထောက် တစ်ဝက်မှာ ၁၂ကတ်တီခန့်ရှိပြီး အများဆုံး ကြေးပြား ၁၅၀ခန့်သာ တန်သည်။ သို့သော် သူမသာ လီရှောင်လျန်ကို ငွေတစ်တေးပေးလျှင် သူမက အခြားပစ္စည်းများဝယ်မည်ဖြစ်သော်လည်း ဝက်သားကျတော့ဝယ်ရန် နှမြောနေလိမ့်မည်။ သို့သော် ဤဝက်ခြေထောက် တစ်ဝက်မှာ လီရှောင်လျန်စားရန်အတွက်သာဖြစ်သည်။ ၎င်းက ငွေတစ်တေးထက် ပိုထိရောက်သည်။

လီရှောင်လျန်၏မျက်နှာမှာ အံ့ဩမှုနှင့် ကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး မျက်ရည်များပင်ဝိုင်းလာသည်။

"ညီမလေးရေ၊ အစ်မ နင့်ကိုစိတ်မပျက်စေရပါဘူး၊ တာ့ကျန်းကို နင့်အတွက် လူတွေကို စိတ်ပါလက်ပါရှာခိုင်းလိုက်မယ်၊ အိမ်ကောင်းကောင်း တစ်လုံး ဆောက်နိုင်အောင်ပေါ့"

"ဟုတ်ကဲ့ပါ၊ ဒါဆို အစ်မကိုကြိုပြီးကျေးဇူးတင်ပါတယ်"

ထို့နောက် လင်းယွဲ့သည် ကျန်ဝက်ခြေထောက်တစ်ဝက်ကို ဒုတိယအဒေါ်ကုအိမ်သို့ သယ်သွားသည်။ လင်းယွဲ့ ဝင်လာသည်နှင့် အဒေါ်ကုက ထန်းယပ်တောင်ဖြင့် ယပ်ခပ်နေသည်။

"ဟဲ့ ပြောရင်း ဆိုရင်းရောက်လာတာပဲ၊ ဒီကလေးမ ဘာလာလုပ်တာလဲ"

ကုကျောက်တိလည်း ဧည့်ခန်းထဲတွင်ထိုင်နေပြီး လင်းယွဲ့အားအနိုင်ကျင့်ခဲ့ပုံကို အဒေါ်ကုအားကြွားလုံးထုတ်ပြီးခါစ ဖြစ်သည်။ သူမ လုံးဝမကြည့်ဘဲ မောက်မာစွာဖြင့် ပြောလိုက်သည်။

"ဟမ့် ကျွန်မကို အသနားခံဖို့လာတာ နေမှာပါ၊ သူမက ကြွားလုံးထုတ်ထားတာလေ၊ အခုတော့ ပိုက်ဆံမရှိမှန်းသိသွားပြီး ဒီလောက်တိုတောင်းတဲ့အချိန်မှာ မရှာနိုင်တော့ဘူး၊ ဒါကြောင့် ကျွန်မကို လျော့ပေးဖို့လာတောင်းတာပဲ"

"ဟီးဟီး ဒါဆိုရင်တော့ ငါ သူမကို ကောင်းကောင်းလေးဆုံးမရဦးမယ်"

အဒေါ်ကုမျက်လုံးများမှာ စိတ်လှုပ်ရှားနေသည်။ ဒီရက်ပိုင်းတွင် သူမသည် လင်းယွဲ့ကို နေရာတိုင်း၌ရှုံးနေသည်ဟု ခံစားနေရသဖြင့် အလွန်စိတ်တိုနေပြီး သူမကိုဒုက္ခပေးရန် အခွင့်အရေးကောင်းတစ်ခုပင်ဖြစ်၏။

"ဒီလောက်ဆင်းရဲနေတာတောင် ကုတန်ကို စာသင်ခိုင်းသေးတယ်၊ ကုတန်က စာတော်တဲ့သူမဟုတ်ဘူး၊ ငါတို့ ကုရှန်းလင်းလောက် မတော်ဘူး"

အဒေါ်ကုက ကုရှန်းလင်း၏ခေါင်းကို ပွတ်သပ်ရင်း ဂုဏ်ယူနေပြီး သူမ၏ တန်ဖိုးအရှိဆုံးသားဖြစ်၏။

"အသား အသား"

ကုရှန်းလင်းက သူမလက်ကိုဆွဲထုတ်လိုက်ပြီး လင်းယွဲ့လက်ထဲမှ အသားကို ညွှန်ပြကာ အော်လိုက်သည်။

"အသား စားချင်တယ်"

အဒေါ်ကုမှာ ထိုအခါမှ သတိထားမိပြီး မျက်လုံးများပြူးကျယ်သွားကာ အံသြတကြီး အော်လိုက်သည်။

"ဝက်ခြေထောက် တစ်ဝက်"

"အာ"

ကုကျောက်တိ အမြန်လှည့်ကြည့်လိုက်ရာ လင်းယွဲ့လက်ထဲတွင် ဝက်ခြေထောက်တစ်ဝက်ကို မြင်လိုက်ရသဖြင့် သူမတံတွေးများမှာ ချက်ချင်းစီးကျလာသည်။ အသားမစားရတာ ဘယ်လောက်တောင် ကြာပြီလဲ။ ပညာရှင်ဝမ်မှာ ကပ်စေးနည်းသည်။ သူများများအသားပေးလျှင် အမြဲတမ်း အခြောက်ခံထားပြီး ကြာရှည်ခံအောင် လုပ်ပြီး တစ်ခါစားလျှင် အသားအတုံးလေးတစ်တုံးကိုပဲ တို့ဟူးနှင့် ဟင်းချိုချက်၍စားသည်။ သူက ဘယ်သူ့ကိုမှ လုစားခွင့် မပေးချေ။ ပန်းကန်ထဲ ဇွန်း/တူရောက်သွားသည်နှင့် သူကတူနဲ့ရိုက်ပြီး ကြောက်စရာကောင်းအောင်ကြည့်တတ်သည်။ ပညာရှင်ဝမ်မှာ အေးအေးဆေးဆေးပင် သူကိုယ်တိုင် တစ်တုံးယူ၊ ပြီးတော့ သားကြီး၊ သားလတ်၊ တတိယ၊ စတုတ္ထ၊ ပဉ္စမသား ထို့နောက် သူ့မိန်းမနှင့် ကိုယ်လုပ်တော် ဤသို့ဖြင့် သူမဆီမရောက်ခင် အသားများကုန်သွား၏။

သူမသည် ထိုအသားမျှင်လေးကိုသာ ငေးကြည့်ရင်း ငိုရခက် ရယ်ရခက်ဖြင့် နှုတ်ခမ်းစူနေရသည်။ ဤမျှကြီးသည့် ဝက်သားတုံးကိုမြင်တော့ ကုကျောက်တိမှာ ဘယ်လိုခွဲရမလဲသာတွေးနေ၏။ ဤည သူမအမေကို ကြော်ခိုင်းပြီး ဗိုက်အဝ စားမည်။ ကျန်သည်ကို အိမ်သယ်သွားမည်။

ယောက္ခမကိုပေးရမလား၊ မပေးတော့ပါဘူး။

ပညာရှင်ဝမ်၏ သားကြီးနှင့်မယူခင်တုန်းက သူမမှာ အလွန်ဆိုးဝါးစွာ ဆက်ဆံခံခဲ့ရသည်။

‘ဒီအသားက သူမအတွက်ပဲ၊ မိဘတွေကို နည်းနည်းလေးကျွေးရင်တောင် ကျေးဇူးတင်သင့်တယ်’

ကုကျောက်တိက အဝတ်အစားကို ပုတ်ခတ်ကာ မောက်မာစွာဖြင့်ထရပ်လိုက်သည်။ သို့သော် လင်းယွဲ့မှာ ကုအာ့ကွေ့အိမ်ဘက်သို့ လမ်းလျှောက်သွားသည်။

"သူမက ငါ့အိမ်ကိုမသိတာလား"

ကုကျောက်တိ စိုးရိမ်တကြီးဖြင့်ထကာ အပြင်သို့ပြေးထွက်ပြီး လင်းယွဲ့၏လမ်းကို ပိတ်လိုက်သည်။

"ဟဲ့ ငါကဒီမှာလေ"

လင်းယွဲ့မှာ သူမပြေးထွက်လာသည်ကို ကြည့်ကာ တွေဝေသွားသည်။

"အော်"

သူမသည် ရင်ဘတ်ကိုကော့လိုက်ကာ လင်းယွဲ့ကို တည့်တည့်မကြည့်ဘဲ ဘေးစောင်းကြည့်လိုက်၏။ သူမလက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။

"နင် ငါ့ကိုအသနားခံပြီး ငွေပေးဖို့ နောက်ဆုတ်ခိုင်းချင်တာ မဟုတ်လား၊ အဲဒါကို ပေးစမ်း"

"အာ"

လင်းယွဲ့မှာ ဘာမှန်းမသိဘဲတွေဝေသွားသည်။

"နင် ငါ့ကို စကားကောင်းကောင်းပြောခိုင်းပြီး နောက်ကျမှ ငွေတောင်းခိုင်းမလို့ မဟုတ်လား"

ကုကျောက်တိမှာ ဒေါသထွက်ပြီး ရှက်ရွံ့စွာဖြင့် လင်းယွဲ့လက်ထဲမှ ဝက်ခြေထောက်ကို လုယူရန် ကြိုးစားသည်။

"အော် အဲဒါကိုပြောတာလား"

လင်းယွဲ့ ပြောလိုက်သည်။

"ငွေကို မနက်ဖြန်ပေးမယ်"

"နင် ပိုက်ဆံကို ဘယ်ကရတာလဲ"

ကုကျောက်တိမျက်လုံးများ ဒေါသဖြင့် ပြူးကျယ်သွားကာ မေးလိုက်သည်။

‘ငွေနှစ်တေးမှာ သေးငယ်သောပမာဏ မဟုတ်ပေ။ သူမ ဘယ်လိုလုပ် ရုတ်တရက်ရသွားတာလဲ’

"အဲဒါ အဒေါ်နဲ့မဆိုင်ပါဘူး"

လင်းယွဲ့ သူမကိုရှောင်ထွက်သွားသည်။

"လမ်းဖယ်ပေးပါ"

"ဒီဝက်သားက ငါ့အတွက်မဟုတ်ဘူးလား"

ကုကျောက်တိရင်ဘတ်မှာ မယုံနိုင်ဟန်ဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အသက်ရှူနှုန်းမြန်ဆန်လာသည်။

"မဟုတ်ပါဘူး"

လင်းယွဲ့မှာ ရန်ဖြစ်သည်ကိုကြည့်ရန် ထွက်လာသော ဒုတိယအဒေါ်ကုကို လက်ပြလိုက်သည်။

"အဒေါ်ရေ အသားပါလာတယ်"

"အာ"

ဒုတိယအဒေါ်ကုမှာ တွေဝေသွားသည်။ လင်းယွဲ့ပြုံးလျက် ဝက်ခြေထောက်ကို ကမ်းပေးလိုက်၏။

"တော်သေးတာပေါ့၊ ဒုတိယဦးလေးလည်းရှိနေတာပဲ၊ ဒုတိယဦးလေးကို အကူအညီ တောင်းချင်တာရှိလို့ပါ"

ကုအာ့ကွေ့မှာ ကုတင်လာပို့ပြီး လင်းယွဲ့က မြို့တော်မှလူကြီးများနှင့် ရင်းနှီးနေသည်ကိုတွေ့ထားရရာ သူမနှင့် ရင်းနှီးချင်နေခဲ့သည်။ ယခု လင်းယွဲ့က ဝက်ခြေထောက်တစ်ဝက် ပေးလာသဖြင့် သူ့ရင်ထဲတွင် ပျော်ရွှင်နေတော့၏။

"ပြောလေ၊ ငါလုပ်နိုင်တာဆိုရင် လုပ်ပေးမှာပေါ့"

"အသား အသား အသား"

ကုရှန်းလင်းမှာ အော်ငိုပြန်တော့သည်။

"အသား စားချင်တယ်၊ အသား စားချင်တယ် မေမေ"

အဒေါ်ကုက ကုကျောက်တိဆီအမြန် ပြေးသွားသည်။

"သူမ ဘာပြောလဲ၊ ဘာလို့ နင့်ကိုမပေးတာလဲ"

"ကျွန်မက ဘယ်လိုလုပ်သိမှာလဲ"

ကုကျောက်တိမှာ အရှက်ကွဲရသဖြင့် လင်းယွဲ့ကို မုန်းတီးစွာစိုက်ကြည့်လိုက်သည်။

"ငါ့ကို အသားမပေးဘူးပေါ့လေ၊ ဒါဆိုရင်တော့ စာသင်ဖို့မစဉ်းစားနဲ့တော့"

ကုကျောက်တိက ပညာရှင်ဝမ်နှင့် ဝမ့်ဝမ်ပင်းကို အတင်းပြောကာ ကုတန် စာမသင်နိုင်အောင်လုပ်ရန် စီစဉ်လိုက်သည်။

"နင် အသားတွေနဲ့ ငါ့ဆီလာအသနားခံတဲ့နေ့ကို စောင့်နေမယ်"

All Chapters