← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

Ch-39

"သစ်သားရယ် ကျောက်တုံးနဲ့ အုတ်ကြွပ်တွေပဲနော်"

ကုအာ့ကွေ့ မေးလိုက်သည်။

"ကိစ္စသေးသေးလေးပါ၊ ငါ့ဆီလွှဲထားလိုက်"

"ဒုတိယဦးလေးကပဲ ယုံကြည်ရလို့ပါ"

လင်းယွဲ့ချော့မော့ပြောဆိုလိုက်သည်။

"ဒုတိယဦးလေးက အမြင်ကျယ်သလို စွမ်းဆောင်ရည်လည်းရှိတဲ့သူလေ၊ အရင်းအမြစ်တွေလည်း လက်ထဲရှိထားတော့ ဦးလေးကိုယ်တိုင်ဝယ်မှပဲ ကျွန်မ စိတ်အေးရမှာပါ"

ဤချီးမွမ်းစကားများကြောင့် ဒုတိယဦးလေးမှာ ဂုဏ်ယူဝင့်ကြွားသွားပြီး တစ်ယောက်တည်း ရယ်မောနေတော့သည်။

"ကုန်ကျစရိတ် ဘယ်လောက်, လောက် ဖြစ်မလဲ၊ ပိုက်ဆံ အခုပဲပေးလိုက်ရမလား"

"မလိုပါဘူး၊ ပစ္စည်းတွေသယ်လာတဲ့အခါ စစ်ဆေးပြီးမှ တိုက်ရိုက် ပေးလိုက်ရုံပါပဲ"

"ကောင်းပြီ၊ ဒါဆို ဒုတိယဦးလေးလက်ထဲပဲ အပ်ထားလိုက်တော့မယ်"

လင်းယွဲ့ ထွက်ခွာတော့မည့်အချိန်တွင် ကုအာ့ကွေ့က တားလိုက်သည်။

"တူမရေ ဒီအသားကို ပြန်ယူသွားပါ၊ ဒီလောက် ကိစ္စလေးအတွက် ဝက်ခြေထောက်တစ်ဝက်ကြီးနဲ့ မတန်ပါဘူး"

"ဒါ ဦးလေးအတွက်မဟုတ်ပါဘူး"

လင်းယွဲ့ပြုံးလျက် သူတို့နောက်က တံတွေးမျိုချနေသည့် အငယ်ဆုံးသားလေးကိုကြည့်ကာ ပြောလိုက်သည်။

"ဒါ ကလေးစားဖို့ပါ"

လင်းယွဲ့ထွက်သွားပြီးနောက် ဒုတိယအဒေါ်ကုက တဖွဖွပြောနေတော့သည်။

"လူကောင်းလေးပါလား၊ ဒီကလေးမ လင်းယွဲ့က တကယ့်ကိုထူးချွန်တာပဲ”

သူမသည် ကုအာ့ကွေ့ကိုစောင်းကြည့်လိုက်၏။

"ကျွန်မ သစ်သားကုတင်လုပ်ခိုင်းတုန်းကတော့ တစ်မျိုးပြီးတစ်မျိုး ညည်းနေတာ၊ အခုတော့ ဝက်ခြေထောက် တစ်ဝက်ရတော့ ပါးစပ်ပိတ်သွားပြီ မဟုတ်လား"

"မိန်းမရေ ကိုယ်မှားပါတယ်"

ကုအာ့ကွေ့က ရှက်ရွံ့စွာပြောလိုက်သည်။

"သူမအတွက် ပစ္စည်းတွေရှာပေးတဲ့အချိန် သေချာစိတ်နှစ်ပြီးလုပ်နော်”

ဒုတိယအဒေါ်ကုက ကုအာ့ကွေ့ကို ပြောလိုက်ရာ သူခေါင်းကိုငြိမ့်ကာ ပြန်ပြောလိုက်သည်။

"သေချာတာပေါ့၊ အကောင်းဆုံးနဲ့ အသက်သာဆုံးပစ္စည်းတွေကိုပဲ ရှာပေးမှာပါ"

"ဖေဖေ သားအသားစားချင်တယ်"

သူတို့၏တတိယမြောက်သား ကုမူချန်က ဝက်ခြေထောက်ကို စိုက်ကြည့်ကာ တံတွေးမျိုချရင်း ပြော၏။

"အိုး ဒီကလေးတော့"

ဒုတိယအဒေါ်ကုက သူ့နှာခေါင်းကိုခပ်ဖွဖွ ညှစ်လိုက်သည်။

"အိမ်ထောင်ပြုတော့မှာကို နေ့တိုင်းဒီလောက် လောဘကြီးနေတုန်းပဲ"

ပညာရှင်ဝမ်၏ အိမ်တွင်စားပွဲဝိုင်း၌ ကုကျောက်တိသည် မျက်နှာကိုတင်းထားသည်။

"ဘာလို့မျက်နှာကို တင်းထားရတာလဲ၊ နေ့တိုင်းပျင်းရိပြီး အားယားနေတာလား"

ပညာရှင်ဝမ်က ကုကျောက်တိကိုစိုက်ကြည့်နေသည်။

"မစားချင်ရင် ထွက်သွား"

"အဖေ အဲ့လိုမဟုတ်ပါဘူး"

ကုကျောက်တိက ပြန်ပြောလိုက်သည်။

"ဒီနေ့အိမ်ပြန်ရောက်တော့ လင်းယွဲ့ ပြောတာကြားမိလို့ပါ၊ ပြောသင့် မပြောသင့် မသိဘူး"

"လင်းယွဲ့လား"

"ကုစီအန်းရဲ့သားအကြီးဆုံးရဲ့ ဇနီးလေ၊ ဒီနေ့ သူက သူ့မောင်လေးကိုကျောင်းအပ်ဖို့လာတာ"

ဝမ့်ဝမ်ပင်းက ရှင်းပြသည်။ သူသည် ကုကျောက်တိကို စားပွဲအောက်မှ ခြေထောက်ဖြင့်ကန်လိုက်ပြီး အရူးလုပ်မပြောရန် သတိပေးသည်။ သို့သော် ဒေါသအလျောက် ကုကျောက်တိမှာမရပ်တန့်နိုင်ပေ။

"ဘာပြောတာလဲ"

ပညာရှင်ဝမ်မှမေးလာရာ ကုကျောက်တိက သက်ပြင်းချလိုက်၏။

"ပြောဖို့တောင် ရှက်စရာကောင်းတယ်၊ ကျောင်းတစ်ခါမှ မတက်ဖူးတဲ့သူက အဖေ့ရဲ့ပညာရေးကို ဝေဖန်နေတာ၊ အဖေက ဒီလောက်ကြာတာတောင် ပြည်နယ်စာမေးပွဲမအောင်နိုင်သေးတော့ အသုံးမကျဘူးတဲ့"

ပညာရှင်ဝမ်၏မျက်နှာမှာ အေးစက်သွားသည်။

"နောက်ဘာပြောသေးလဲ"

"မပြောချင်တော့ပါဘူး"

"အသက်ကြီးပြီးမှ လိမ်ပြောနေတာလား၊ ဒါမင်းအိမ်မဟုတ်ဘူးနော်၊ လိမ်ညာပြီး သူများကိုစော်ကားနေတာ"

ပညာရှင်ဝမ်က တူကို စားပွဲပေါ်ပစ်ချလိုက်သည်။

"မနေချင်ရင် မင်းမိဘအိမ်ပြန်သွား"

"အဖေ"

ကုကျောက်တိ ငိုယိုလိုက်သည်။ သူမမှာချွေးမဖြစ်နေသော်လည်း ကြောက်ရွံ့တကြီးဖြင့်တုန်လှုပ်နေ၏။

"ကျွန်မ အမှန်အတိုင်းပြောတာပါ"

"တောက်"

ပညာရှင်ဝမ်က သူမကိုရိုက်လိုက်သည်။

"မင်းက လိမ်ပြောနေတုန်းပဲ"

"ကျွန်မ"

ပညာရှင်ဝမ်က နောက်တစ်ချက်ထပ်ရိုက်သည်။

"မင်းက ပြန်ပြောဖို့တောင်သတ္တိရှိနေသေးတယ်၊ သူမက ဘယ်သူလဲသိလား၊ သူမက ဝမ်စုန်းရှင်းရဲ့အသိမိတ်ဆွေ၊ သူ့အသက်ကယ်ကျေးဇူးရှင်ကွ"

ပညာရှင်ဝမ်၏အသံမှာ ဒေါသဖြင့်တုန်ရီနေသည်။

"ဝမ်စုန်းရှင်းက ဘယ်သူလဲ၊ သူ့အဘိုးက ဝမ်ယွမ်ကျောင်းပညာရှင်ကြီးပဲ၊ သူ့အဖေ ဝမ်ကျုံးယွမ်က စစ်သူကြီး၊ မင်းလူကြည့်တတ်တာက သူတို့ထက်ပိုတော်တယ်လို့ ထင်နေတာလား၊ သူမက ငါတို့ကို စော်ကားတာလား ဒါမှမဟုတ် မင်းကပဲ ငါ့နဲ့ဝမ့်ဝမ်ပင်းရဲ့ရင်ထဲကို ဒုက္ခပေးနေတာလား၊ ဝမ်မိသားစုက ပြည်နယ်စာမေးပွဲမအောင်သေးလို့ အသုံးမကျဘူးလို့ ထင်နေတာလား၊ ထွက်သွားစမ်း၊ အခုချက်ချင်း ဝမ်မိသားစုကနေ ထွက်သွား"

ကုကျောက်တိမှာ လင်းယွဲ့အား ဤမျှလောက် အစွမ်းထက်သောသူများကို သိလိမ့်မည်ဟုမထင်ထားခဲ့ပေ။ ပညာရှင်ဝမ်က သူမ၏လိမ်ညာမှုကို ချက်ချင်းမြင်သွားလိမ့်မည်ဟုလည်း မထင်ထားခဲ့ချေ။ ကြောက်ရွံ့စွာဖြင့် ဒူးထောက်ကာ ငိုယိုတောင်းပန်လိုက်သည်။

"ကျွန်မ မှားပါတယ် အဖေ၊ ကျွန်မ မှားပါတယ်၊ နောက်ဘယ်တော့မှ လျှောက်မပြောတော့ပါဘူး"

သူမ၏သားသမီးများမှာလည်း အတူတူဒူးထောက်နေကြသည်။ အခြားတစ်ဖက်တွင် လင်းယွဲ့မှာ ကိုယ့်ကိုကိုယ် မညှာတာခဲ့ပေ။ တောနက်ထဲမှရရှိခဲ့သော ကြက်အိုကြီးကို လော့ခ်ဖွင့်ကာ ရေနွေးဖျောပြီးပြုတ်လိုက်၏။ ထို့နောက် တောကြက်သွန်မြိတ်များနှင့် ချက်လိုက်သည်။ ကြွေအိုးထဲတွင် ရွှေရောင်ကြက်ပြုတ်ရည်မှာ အနံ့မွှေးပျံ့နေ၏။ လင်းယွဲ့က ကြက်သားဟင်းကို ပန်းကန်ထဲထည့်ကာ တာ့ယာနှင့် ကုတန်ကိုစားစေသည်။

"မွှေးလိုက်တာ"

တာ့ယာက အနံ့ကိုရှူရှိုက်လိုက်ကာ သူမမှာ အိပ်မက်မက်နေသလားဟု ထင်မိသွားသည်။

"ဟုတ်ပြီ၊ မနက်ဖြန် ကျောင်းသွားရင်စားဖို့ ကုတန်အတွက် နည်းနည်းချန်ထားပေးမယ်"

လင်းယွဲ့ ပြောလိုက်၏။

"ချက်နည်းကို ရောင်းလိုက်လို့ ငွေအများကြီးရထားတယ်၊ မနက်ဖြန်ကျရင် ကျောင်းလခ ၂တေးပေးနိုင်ပြီ"

"မရီး"

ကုတန်က စိတ်မကောင်းစွာဖြင့်ပြောသည်။

"ဘာဖြစ်လို့လဲ"

ကုတန်မျက်နှာကိုကြည့်ပြီး လင်းယွဲ့မှာ သူမငယ်စဉ်က စာသင်ရမှာကိုကြောက်ခဲ့သည့်အဖြစ်ကို ပြန်တွေးမိသည်။ သို့သော် အရွယ်ရောက်လာသောအခါ ထိုအချိန်ကာလကို တမ်းတမိ၏။ လင်းယွဲ့က သူ့နှာခေါင်းကို ဆိတ်လိုက်သည်။

"စိုးရိမ်နေတာလား မကြောက်ပါနဲ့၊ ကျောင်းက လူကိုစားမသွားပါဘူး"

"အဲဒါ မဟုတ်ပါဘူး"

ကုတန်က ခေါင်းခါကာ စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့် ကတိပေးလိုက်သည်။

"ကျွန်တော် သေချာကြိုးစားပြီး စာသင်မယ်၊ အရာရှိ ဖြစ်လာစေရမယ်"

"ကောင်းပြီ"

သူ့ရည်မှန်းချက်ကိုမြင်တော့ လင်းယွဲ့ ဝမ်းသာသွားသည်။ နောက်တစ်နေ့တွင် ကုတန်ကျောင်းသွားသည်။ နောက်ဆုံးရောက်သဖြင့် နောက်ဆုံးခုံတွင်ထိုင်ပြီး စာအုပ်ကိုကိုင်ကာ ဆရာနှင့်အတူ စာသင်သည်။ စာလုံးများမှာ ပုရွက်ဆိတ်များကဲ့သို့ ခေါင်းထဲတွားဝင်နေသလိုဖြစ်နေသည်။ သူ ပင်ပန်းလာပေသိ ကုရှန်းလင်း၏ စာရွတ်သံကိုကြားတော့ သူပိုကြိုးစားလိုက်၏။

"ဖခင်နှင့် သားမှာ ကျေးဇူးရှိတယ်၊ လင်နှင့်မယားမှာ တာဝန်ရှိတယ်"

ကုရှန်းလင်းက အသံကို ဟိုဘက်ဒီဘက် ယိမ်းပြီး ရွတ်ဆိုနေသည်။

"တော်တယ်"

ဆရာက ချီးကျူးလိုက်ရာ ကုတန်ရင်ထဲတွင် အားမလိုအားမရဖြစ်လာ၏။

“ငါကရော ဘာလို့မရနိုင်ရမှာလဲ”

နေ့လယ်စာစားချိန်တွင် အဝတ်စုတ်များဝတ်ထားသည့် ကလေးများက ကုရှန်းလင်းဆီပြေးသွားကြသည်။

"ရှန်းလင်း ဒီနေ့ မင်းအိမ်မှာတို့ဟူးချက်သေးလား"

"မွှေးလိုက်တာ၊ ငါ့အိမ်မှာသာ တို့ဟူးချက်ရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ"

"တို့ဟူးက အရသာရှိတယ်၊ ဒါပေမယ့် ငါ့မှာတော့ ဆန်ပြုတ်ပဲရှိတယ်၊ လူ,လူချင်းတူပေမဲ့ ဘာလို့ ကွာခြားရတာလဲ"

"ငါကတော့ တို့ဟူးစားရတာ ရိုးနေပြီ၊ ဒီနေ့တော့ အသားပါလာတယ်"

ကုရှန်းလင်းက မောက်မာစွာပြောလိုက်၏။ သူ့အဖေက သူ့ကိုရိုက်သော်လည်း အသားဝယ်ကျွေးထားသည်။ သူသည် ထမင်းဘူးကိုဖွင့်လိုက်၏။

"ဝါး အသားတွေ"

ဝိုင်းကြည့်နေသည့် ကလေးများမှာ အံ့အားသင့်သွားကြသည်။ ကျောင်းတွင် ချမ်းသာသူနှင့် ဆင်းရဲသူအုပ်စုငယ်များဖွဲ့စည်းထားကြ၏။

All Chapters