← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

Ch-41

{လင်းယွဲ့ခင်ပွန်းအမည်က ကုချိုင်ကို နောက်အပိုင်းတွေမှာ ကုလင်းလို့သုံးသွားပါမယ်}

လုဟူသည် ရှီထိုင်စီရင်စုရှိ ယုံအန်း လုံခြုံရေးဌာနမှ ဒုတိယတန်းစား အစောင့်အရှောက်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ယုံအန်းလုံခြုံရေးဌာနသည် တာ့ယုံမင်းဆက်တွင် ကျော်ကြားပြီး နိုင်ငံတစ်ဝန်းတွင် ရုံးခွဲများရှိ၏။ ဤတစ်ခေါက် စပါးသယ်ယူပို့ဆောင်ရေး တာဝန်မှာ အလွန်ပင်အရေးကြီးလှသည်။ အိမ်နီးချင်း ကျန်းရှစီရင်စုတွင် မိုးခေါင်ရေရှားမှုနှင့် ကျိုင်းကောင်ကပ်ဘေးကြောင့် စပါးဈေးနှုန်းများ အဆမတန်မြင့်တက်လာမည်ကို ကြိုသိထားကြသည်။ သူတို့သည် ယုံအန်းဘဏ်၏အပ်နှံမှုဖြင့် ရှီထိုင်စီရင်စုတွင် စပါးအမြောက်အမြားဝယ်ယူကာ ကျန်းရှသို့ သယ်ယူရောင်းချရန်ဖြစ်၏။ ဓားပြအန္တရာယ်ကို စိုးရိမ်သဖြင့် ကျူပင်ပေါသောမြစ်ဝှမ်းကို ရှောင်ကာ အရုဏ်မတက်မီ ထွက်ခွာခဲ့ကြသည်။

ခရီးလမ်းမှာပင်ပန်းလှပြီး ရေဆာနေပြီ ဖြစ်သည်။ သူနေရောင်ကို မော့ကြည့်လိုက်ရာ နေပူရှိန်ကြောင့် ချွေးများမှာ မိုးရေကဲ့သို့ စီးကျနေ၏။ သူ တံတွေးမျိုချလိုက်သော်လည်း လည်ချောင်းထဲတွင် တံတွေးပင်မရှိတော့ဘဲ မီးခိုးများ အူထွက်မတတ်ဖြစ်နေသည်။ ထိုစဉ် အော်သံတစ်ခုကို ကြားလိုက်ရ၏။

"လျံဖန်းလား၊ ဒါက ဘာလဲ၊ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"

"ဒါက တို့ဟူးနဲ့ဆင်တူတယ်၊ ဒါပေမဲ့ တို့ဟူးထက် ပိုအေးမြတယ်၊ အေးစက်ပြီး ချောမွေ့တယ်၊ ပူပြင်းတဲ့အချိန်မှာ တကယ့်ကို လန်းဆန်းစေတယ်၊ ပန်းကန်ကြီးတစ်လုံးကို ကြေးပြားသုံးပြား အချိုနဲ့ အချဉ် နှစ်မျိုးရတယ်၊ မြို့တော်ကလူတွေတောင် အမြဲချီးကျူးနေတာ၊ တကယ့်ကိုအရသာရှိတယ်”

လင်းယွဲ့ရှင်းပြလိုက်သည်။ လုဟူက ဆိုင်လေးကိုကြည့်လိုက်ရာ ဆိုင်မှာ သန့်ရှင်းသော်လည်း အိုဟောင်းနေမှုကိုမဖုံးနိုင်ပေ။

"မြို့တော်ကလူတွေ ချီးကျူးနေတာ ဟုတ်လား၊ ဘာလို့မြို့တော်မှာ သွားမရောင်းတာလဲ"

"အိုး ဒီလိုအချိန်အခါမှာ အိမ်မှာပဲနေတာ အကောင်းဆုံးပါပဲ"

လင်းယွဲ့သည် တေး၆၀ရရှိပြီးနောက် ရှီထိုင်ကောင်တီတွင် အိမ်ဝယ်ကာ အခြေချရမလားဟုတွေးမိသည်။

သို့သော် တစ်စက္ကန့်အတွင်းပင် ထိုစိတ်ကူးကို လက်လျှော့လိုက်သည်။ ပိုက်ဆံမှာ အခြေချရန် မလောက်နိုင်သလို မိသားစုမရှိဘဲ သူမနှင့် ကလေးငယ်နှစ်ယောက်တည်းဆိုလျှင် အန္တရာယ်များလွန်း၏။ ထို့ပြင် လင်းယွဲ့မှာ လူကုန်ကူးခံရသူဖြစ်သဖြင့် မှတ်ပုံတင် မရှိပေ။ ကုလင်းက သူမကိုဝယ်ပြီးနောက် စာရင်းမသွင်းရသေးဘဲ သေဆုံးသွားခဲ့သည်။ မှတ်ပုံတင်မရှိလျှင် ကောင်တီမြို့တံခါးကိုပင် ဝင်ခွင့်မရှိပေ။

မကြာသေးမီက ဒေသအသီးသီးတွင် မိုးခေါင်ရေကြီးမှုများဖြစ်ပွားနေသဖြင့် ဒုက္ခသည်များစွာ ရောက်လာကြပြီး မြို့ပြစီမံခန့်ခွဲမှုမှာ ပိုတင်းကျပ်လာသည်။ လင်းယွဲ့သည် သူမမှတ်ပုံတင်မှာ ဟွမ်ရှီးရွာရေမြုပ်စဉ်က ပျောက်ဆုံးသွားကြောင်းနှင့် ကုမိသားစု၏သက်သေခံချက်ဖြင့် မာရန်ရွာတွင် စာရင်းသစ်သွင်းရန် စီစဉ်ထား၏။ ရွာအကြီးအကဲနှင့် တိုင်ပင်ထားရာ သူကဆောင်းဦးရာသီတွင် ကုမိသားစုမြေခွဲပေးချိန်အထိ စောင့်ရန် ပြောထားသည်။ အခွန်ဆောင်ပြီးမှသာ ကောင်တီသို့ တင်ပြပေးနိုင်မည် ဖြစ်သည်။ လုဟူ၏လည်ချောင်းမှာ မီးခိုးအူသကဲ့သို့ ခြောက်သွေ့နေ၏။

"လက်ဖက်ရည်တစ်ခွက် ပြီးတော့ လျံဖန်းတစ်ပွဲ"

သူ့နောက်မှ လူများလည်း မှာလိုက်ကြသည်။ သူတို့သည် စားပွဲသုံးလုံးစလုံးတွင် ဝင်ထိုင်လိုက်ကြသည်။ ဝမ်အာ့မေက ပန်းကန်များကို အမြန်ချပေးပြီး လက်ဖက်ရည်ကို ထည့်ပေးလိုက်၏။ လင်းယွဲ့ကလည်း လျံဖန်းကိုလှီးကာ ဟင်းခတ်အမွှေးအကြိုင်များ ထည့်၍ တည်ခင်းလိုက်သည်။

"ဟား ဒီလက်ဖက်ရည်က အရမ်းခါးတာပဲ"

လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် လုဟူလည်ချောင်းမှာ သက်သာသွားပြီး စကားပြောရန်အားရှိသွား၏။

"ဒါ အညံ့ဆုံးလက်ဖက်ရည်ဖြစ်မှာပဲ"

သူသည် လက်ဖက်ခြောက်အဖတ်များကို ထွေးထုတ်လိုက်ပြီး မောက်မာစွာပြောလိုက်၏။ ဒီလောက်ပျက်စီးနေတဲ့ ဆိုင်မှာ ဘာအရသာရှိတာ ရှိမှာလဲဟု သူထင်နေသည်။

"ဒါက ရေငတ်ပြေစေပါတယ်"

လင်းယွဲ့ပြုံး၍ ပြောသည်။

"လျံဖန်းဝယ်ရင် လက်ဖက်ရည်က အလကားပါ"

"ဒီလျံဖန်းက မကောင်းရင် ပိုက်ဆံပြန်ပေးရမယ်နော်"

သူ မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာတွင် အရသာရှိမည့်အရာမရှိဟု သူထင်လိုက်မိ၏။ သို့သော် သူ့ရှေ့တွင် ကြည်လင်တောက်ပနေသော လျံဖန်းပန်းကန်ကို တွေ့လိုက်ရ၏။ အနီရောင်ဆီနှင့် ဟင်းခတ်အမွှေးအကြိုင်များ၊ အနည်းငယ်သော အသားရနံ့တို့ကြောင့် မြင်လိုက်သည်နှင့် စားချင်စိတ်ပေါ်လာသည်။ လုဟူက တစ်ဇွန်းယူစားလိုက်ရာ အေးစက်စက်အရသာမှာ ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်။ ဟင်းခတ်အမွှေးအကြိုင်များမှာ ဝါးလေလေ ပိုမွှေးလေလေ ဖြစ်နေ၏။

“အရမ်း လန်းဆန်းတာပဲ၊ အရမ်း အရသာရှိတာပဲ”

သူ့မျက်လုံးများ ဝိုင်းစက်သွားသည်။ သူသည် လျံဖန်းကိုညွှန်ပြကာ လက်မ ထောင်ပြလိုက်၏။ အခြားသူများလည်းစားကြည့်ကြရာ အားလုံးလက်မ ထောင်ပြကြသည်။

"အရသာရှိလိုက်တာ၊ မြို့တော်ကလူတွေ ချီးကျူးတာမမှားဘူး"

လုဟူက ပြောလိုက်သည်။

"နောက်တစ်ပွဲကို အချိုတစ်ပွဲလုပ်ပေး"

သူ့လိုလူစားမျိုးအတွက် စားရဖို့ကသာ အဓိကပင်။ အသက်ပေးပြီး အလုပ်လုပ်နေရသည်မှာ ဗိုက်ဝဖို့သာဖြစ်သည်။ သူသည် အချိုလျံဖန်းကို စားကြည့်ရာ အလွန်တရာလန်းဆန်းသွားတော့သည်။

"ဆိုင်ရှင်ရေ၊ မင်းလက်ရာက တကယ်ကောင်းတာပဲ၊ နောက်တစ်ခါ ထပ်လာခဲ့ဦးမယ်"

လုဟူက ကြေးပြား ၄၆ပြား ပစ်ချပေးလိုက်သည်။ သူတို့ထွက်သွားပြီးနောက် ဝမ်အာ့မေသည် စိတ်လှုပ်ရှားစွာဖြင့် လင်းယွဲ့ကိုငွေပေးလိုက်၏။

"၄၆ ပြားတောင်ရတယ်၊ မနက်ပိုင်းမှာတင် အများကြီးရလိုက်တာ၊ ညီမလေး ခုနက အရမ်းတော်တာပဲ"

ဝမ်အာ့မေက စိတ်လှုပ်ရှားစွာ ပြောသည်။

"သူက အရမ်းကြောက်စရာကောင်းလို့ ကျွန်မ ခြေထောက်တောင်တုန်နေတာ"

လင်းယွဲ့ ပြုံးလိုက်သည်။

"ဒါက စီးပွားရေးပဲလေ၊ နည်းနည်းတော့ သတ္တိရှိရမှာပေါ့၊ အဆိုးဆုံးကတော့ ပိုက်ဆံ နည်းနည်းလျော့ရုံပါပဲ၊ စိတ်ချမ်းသာရင် ငွေဝင်လာမှာပါ"

"ဟုတ်ပြီ အစ်မမှတ်ထားလိုက်မယ်"

နောက်လူအုပ် ရောက်လာသောအခါ လင်းယွဲ့အော်လိုက်သည်။

"လျံဖန်း အရသာရှိတဲ့လျံဖန်း"

ဝမ်အာ့မေကလည်း အားပါးတရအော်လိုက်သည်။

"အရမ်းအရသာရှိတာ အဟွတ် အဟွတ်"

သူမအသံအက်သွားသဖြင့် မျက်နှာနီရဲသွားသည်။ လင်းယွဲ့က သူမကိုနှစ်သိမ့်လိုက်၏။

"တော်လိုက်တာ၊ အစ်မအသံက ကျွန်မထက်တောင် ကျယ်သေးတယ်"

ဝမ်အာ့မေမှာ ငယ်စဉ်ကတည်းက အနှိမ်ခံခဲ့ရသူမို့ ချီးကျူးခံရခြင်းမှာ ရှားပါးသည်။ လင်းယွဲ့၏ချီးကျူးစကားကြောင့် သူမ အားပိုတက်သွား၏။ နောက်ဆုံးတွင် လင်းယွဲ့သည် ၈၁ပြား ရရှိသွားသည်။ သူမမျှော်လင့်ထားသည်ထက် များပြားနေ၏။

သူမသည် ပြားနှစ်ဆယ်ကိုထုတ်ကာ ဝမ်အာ့မေကို ပေးလိုက်သည်။

"ဒါ ဒီနေ့အတွက် အစ်မရဲ့လုပ်ခပါ"

"ဟမ်"

ဝမ်အာ့မေ အံ့ဩသွားသည်။

"ညီမလေး အစ်မကိုမပေးပါနဲ့၊ အစ်မက စားရဖို့ပဲလိုပါတယ်"

"အစ်မရေ၊ ဒါက အစ်မရဲ့လုပ်အားခပါ၊ ကျွန်မတစ်ယောက်တည်းဆိုရင် မလုပ်နိုင်ပါဘူး"

ဝမ်အာ့မေသည် ငွေပြားများကိုကိုင်ရင်း မျက်ရည်များ စီးကျလာသည်။

"အများကြီးပဲ၊ အရမ်းများတယ်"

လင်းယွဲ့သည် အသားပေါက်စီနှစ်လုံး ထုတ်ပေးလိုက်သည်။

"ဒါက အစ်မရဲ့ညစာပါ၊ အားအင်ရှိအောင် စားလိုက်"

ဝမ်အာ့မေသည် အသားပေါက်စီကို ကိုက်စားလိုက်ရာ အသားရည်များမှာ သူမပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်ကို ပြန်သတိရလိုက်၏။ ဤအရသာမျိုးကို သူမတစ်ခါမှ မစားဖူးခဲ့ပေ။

All Chapters