← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

Ch-47

“အဟွတ် အဟွတ် အဟွတ်”

ဝမ်စုန်ရှင်းတစ်ယောက် သီးသွားတော့သည်။ ဝမ်ယားဝေ့၏ရဲတင်းလှသောစကားကြောင့် သူ တုန်လှုပ်သွားခြင်းဖြစ်၏။

“ဒီအကြောင်းကို ဘယ်သူသင်ပေးလိုက်တာလဲ”

ဝမ်စုန်ရှင်းမျက်လုံးများ ပြူးကျယ်သွားသည်။

“မင်းက ဒီလောက်ငယ်သေးတာ ဘာလို့ ဒီလိုကိစ္စတွေကို သိနေရတာလဲ”

“ပုံပြင်စာအုပ်တွေထဲမှာ အဲဒီလိုပဲ ရေးထားတာလေ၊ သူဌေးသမီးလေးတွေနဲ့လက်ထပ်မယ့်သူတွေက အမြဲတမ်းနောက်ကွယ်မှာ မယားငယ်တွေ ကိုယ်လုပ်တော်တွေ ထားတတ်ကြတာပဲ၊ အဲဒီသတင်းကြားတော့ သူဌေးသမီးလေးက စိတ်မကောင်းဖြစ်ပြီး ဆင်းရဲပေမဲ့ စာသင်သားလေးတစ်ယောက်နဲ့တွေ့ပြီး ချစ်ကြိုက်သွားကြတာလေ”

ဝမ်စုန်ရှင်းမျက်နှာမှာ ချက်ချင်းပင် နီရဲသွားသည်။

“နောက်ကျရင် မင်းရဲ့ပုံပြင်စာအုပ်တွေကို အကုန်မီးရှို့ပစ်မယ်၊ ဘာတွေ လျှောက်ဖတ်နေတာလဲ”

“သမီးလည်း အံ့သြနေတာပဲ၊ ဘာလို့ သူဌေးသမီးလေးက စိတ်မကောင်းဖြစ်ရမှာလဲ၊ ပြီးတော့ ဆင်းရဲတဲ့ကျောင်းသားကိုပဲ ဘာလို့သွားရှာရမှာလဲ”

ဝမ်ယာဝေ့မှာ စကားလမ်းကြောင်းလွဲသွားပြီး သူမဘာမေးချင်လို့ပြောလိုက်မှန်းတောင် မေ့သွားတော့သည်။ သို့သော်လည်း ဝမ်စုန်ရှင်းရည်ရွယ်ချက်မှာ ဝမ်ယာဝေ့ထင်ထားသလိုမျိုးမဟုတ်ပေ။ သူ့အဘိုးမှာ ရာထူးမှ အနားယူခဲ့ပြီဖြစ်သော်လည်း သာမန်ပြည်သူလူထုအပေါ် အမြဲတမ်း စိုးရိမ်ပူပန်နေဆဲပင်။ သူ့အဘိုး၏ ယခင်အခွန်ပြုပြင်ပြောင်းလဲရေးမှာ စေတနာကောင်းဖြင့် လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် ပြဿနာများစွာရှိခဲ့သည်။

လယ်သမားများအတွက် အခွန်လျော့ပေါ့ပေးရန် မဆိုထားနှင့်။ မြေပိုင်ရှင်များနှင့်ပူးပေါင်းကာ အမျိုးမျိုးသောနည်းလမ်းများဖြင့် လယ်သမားများကို ပိုမိုဖိနှိပ်ခြင်းသာ ရလဒ်ထွက်ခဲ့ရသည်။ ဤအချက်မှာ ပြည်သူလူထုကို မကျေနပ်မှုကြီးကြီးမားမား ဖြစ်ပေါ်စေခဲ့သည်။ ယခုတစ်ကြိမ် အနားယူခြင်းမှာလည်း သူ့အဘိုးမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသောကြောင့်ဖြစ်၏။ ပြုပြင်ပြောင်းလဲရေးကြောင့် တာ့ယုံမင်းဆက်မှာ ပို၍ပင် ဆိုးရွားလာခဲ့ပြီး ဆင်းရဲမွဲတေကာ အားနည်းလာခဲ့သည်။

တာ့ယုံမင်းဆက်အတွက် အနာဂတ်ကို သူ့အဘိုးပင်မမြင်နိုင်တော့ပေ။ မိမိ၏မိသားစုဝင်များက အဘိုးနာမည်ကို အသုံးချကာ နေရာတိုင်းတွင် ပိုင်ဆိုင်မှုများစုဆောင်းပြီး အချမ်းသာဆုံးသောမြေပိုင်ရှင်များ ဖြစ်လာကြသည်ကို သိလိုက်ရချိန်တွင် သူ့အဘိုးမှာ အလွန်တရာစိတ်ထိခိုက်ခဲ့ရသည်။ မိသားစုဂုဏ်သိက္ခာထက် တရားမျှတမှုကို ရွေးချယ်ပြီးနောက်တွင် သူ့အဘိုးမှာ ရာထူးမှ အနားယူကာ မူလဇာတိသို့ ပြန်လာပြီး အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဝမ်စုန်ရှင်းမှာ သူ့အဘိုးတစ်ယောက် တာ့ယုံမင်းဆက်၏ပြည်သူများကို ကယ်တင်နိုင်မည့်နည်းလမ်းကို အမြဲတမ်း ရှာဖွေနေမှန်းသိသည်။ အဘိုးမှာ မြို့တော်ရှိပြည်သူများ၏ ဘဝကို အမြဲတမ်း ဂရုတစိုက်ရှိခဲ့သူ ဖြစ်၏။ ရှီထိုင်ခရိုင်သို့ ပြန်ရောက်သည့်အခါတွင်လည်း ဝမ်မျိုးနွယ်စုခွဲဖြစ်သည့် ဝမ်ရှီးမှာ ရိုးသားပြီး ပိုင်ဆိုင်မှုများ စုဆောင်းထားခြင်းမရှိသည်ကို တွေ့ရသော်လည်း ရှီထိုင်ခရိုင်မှာ သာယာဝပြောခြင်းမရှိဘဲ အခွန်များစွာ ကောက်ခံနေသည်ကို သူတွေ့ရှိခဲ့ရသည်။

သို့သော်လည်း ပြည်သူများ၏ခက်ခဲသောဘဝကို အရာရှိများက ဖုံးကွယ်ထားလေ့ရှိသဖြင့် မြင်တွေ့ရန် ခက်ခဲလှသည်။ ထို့ကြောင့် ဝမ်စုန်ရှင်းက လင်းယွဲ့တစ်ယောက် အခွန်များကြောင့် အသက်မွေးဝမ်းကျောင်းမပြုနိုင်သည်အထိ ဖိနှိပ်ခံနေရသလား သို့မဟုတ် အခြားအခက်အခဲများနှင့် ကြုံတွေ့နေရသလားဆိုသည်ကို သိလိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျန်းရှခရိုင်မှ ဒုက္ခသည်များစွာ လျန်ခရိုင်သို့ ထွက်ပြေးလာကြပြီး အချို့မှာ ဒေသခံရွာသားများကို လုယက်သောဓားပြများ ဖြစ်လာကြသည်ဟု သူ ကြားသိထားရ၏။

ထိုနယ်မြေမှာ လျန်ခရိုင်နှင့် ကျန်းရှခရိုင်ကြားနယ်စပ်ဖြစ်နေသောကြောင့် နှစ်ဖက်စလုံးက တာဝန်ယူရန်ငြင်းဆန်နေကြပြီး ပူးပေါင်းနှိမ်နင်းမှုများလည်း အကြိမ်ကြိမ် အောင်မြင်မှုမရခဲ့ပေ။ ထိုသို့သောအခြေအနေမျိုးမှာ ထူးဆန်းသည်မဟုတ်ဘဲ ဝမ်စုန်ရှင်းမှာ လင်းယွဲ့တစ်ယောက် အန္တရာယ်နှင့် ကြုံတွေ့ရပြီး ကူညီမည့်သူမဲ့နေမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့်သာ သူက ထိုသတင်းစကားကို ပေးပို့ခဲ့ခြင်းဖြစ်၏။ သို့သော်လည်း ဤကျောက်စိမ်းဆွဲသီးမှာ ဤမျှမြန်မြန်အသုံးဝင်လာလိမ့်မည်ဟု ဝမ်စုန်ရှင်းမမျှော်လင့်ထားခဲ့ပေ။ လင်းယွဲ့ဘက်တွင် ဒုတိယအဒေါ်ကုနှင့် တွေ့လိုက်ရသည်။

“တူမလေးယွဲ့ အကုန်,ကုန်သွားပြီ”

ဒုတိယအဒေါ်ကုမှာ နေရာတွင်ပင် ဝမ်းသာလွန်း၍ ခုန်ပေါက်နေသည်။

“နှစ်နာရီတောင် မကြာလိုက်ဘူး၊ လျံဖန်းတွေ အကုန်ပြတ်သွားပြီ”

သူမက ရင်ဘတ်ကိုပုတ်လိုက်သော်လည်း စိတ်လှုပ်ရှားမှုမပြေသေးပေ။ သူမက ပြားနှစ်ဆယ်ကို လင်းယွဲ့ထံ တိုက်ရိုက်ပေးလိုက်သည်။

“မနက်ဖြန်အတွက် လျံဖန်းအတုံးနှစ်ဆယ်လိုချင်တယ်”

“ဟုတ်ကဲ့ပါ၊ တကယ်တော့ ပထမခြေလှမ်းကို စလှမ်းလိုက်ပြီဆိုရင် နောက်ပိုင်းက ပိုလွယ်သွားသလိုပါပဲ”

ဒုတိယအဒေါ်ကုက ခေါင်းညိတ်လာသည်။

“မနက်ဖြန် လျံဖန်းရောင်းရဖို့ အခုဆိုရင် အများကြီး ယုံကြည်မှုရှိသွားပြီ”

“အဒေါ်ရယ်၊ ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့တာတင်ကို အများကြီးတော်နေပြီ”

လင်းယွဲ့ အားပေးလိုက်သည်။ ဤမြင်ကွင်းကို အပြေးအလွှားရောက်လာသော လီရှောင်လျန်ကမြင်သွားပြီး အော်ပြောလိုက်သည်။

“အစ်မဟုန်ရှို့က တကယ်ပဲ ညီမကိုလျံဖန်းရောင်းဖို့ ကူညီပေးနေတာလား၊ ရောင်းရငွေဘယ်လိုရှိလဲဟင်”

“အစ်မ ဆယ်တုံးရောင်းပြီးတော့ ဆယ်ပြားရတယ်”

ဒုတိယအဒေါ်ကုမျက်နှာပေါ်တွင် ပျော်ရွှင်မှုများမှာ ဖုံးကွယ်မရအောင် ထင်ရှားနေသည်။

"တူမလေးယွဲ့က သဘောကောင်းတယ်၊ လျံဖန်းကို တစ်ပြားနဲ့ပေးပြီး အစ်မက အမြတ်တင်ရောင်းရုံပဲ”

လီရှောင်လျန်မှာ ထိုစကားကိုကြားသောအခါ အနည်းငယ် မနာလိုဖြစ်သွားသည်။

“အဲ့လောက်လွယ်တာလား၊ ညီမရော လုပ်လို့ရမလား”

ဒုတိယအဒေါ်ကု၏ပျော်ရွှင်မှုမှာ အနည်းငယ်လျော့ကျသွားပြီး သတိထားဟန်ဖြင့် ပြောလိုက်သည်။

“ညီမလေးလျန် ဒီရွာလေးတွေကိုကြည့်ပြီး လွယ်တယ်လို့ မထင်နဲ့၊ ဝယ်စားနိုင်တဲ့သူက သိပ်မရှိဘူး၊ အစ်မရောင်းတာတောင် တော်တော်ခက်ခဲနေရတာ၊ ပြီးတော့ ညီမက ကိုယ်ဝန်ရှိထားတာ၊ ဒီလိုတွေလုပ်ပြီး မပင်ပန်းပါနဲ့”

ဒုတိယအဒေါ်ကုမှာ စိတ်သဘောထား ကောင်းမွန်သော်လည်း သူမရထားသည့် တစ်ခုတည်းသောအခွင့်အရေးကိုတော့ လက်လွှတ်မခံလိုပေ။ သူမက လင်းယွဲ့ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ အဆုံးအဖြတ်ပေးသူမှာ လင်းယွဲ့ ဖြစ်သောကြောင့်ပင်ဖြစ်၏။

“တူမလေးယွဲ့ ဘယ်လိုထင်လဲ”

“အစ်မရှောင်လျန်၊ ကလေးက ပိုအရေးကြီးပါတယ်”

လင်းယွဲ့က ဒုတိယအဒေါ်ကုပြောသည်မှာ မှန်သည်ဟုယူဆသည်။ ထို့အပြင် နှစ်ယောက်လုံးမှာ သူမနှင့်ရင်းနှီးသူများဖြစ်ကြသဖြင့် စီးပွားရေးပြိုင်ဆိုင်မှုကြောင့် ဆက်ဆံရေးပျက်စီးသွားမည်ကို မလိုလားပေ။ ထို့နောက် လင်းယွဲ့က လီရှောင်လျန်ကို နှစ်သိမ့်စကားပြောလိုက်သည်။

“ပြီးတော့ ဒီလျံဖန်းက နွေရာသီမှာပဲ ရောင်းလို့ကောင်းတာ၊ ဆောင်းရာသီကျရင် ဘယ်သူမှစားချင်မှာမဟုတ်ဘူး၊ ဆောင်းဦးနဲ့ ဆောင်းရာသီအတွက် ဘာဟင်းလျာတွေလုပ်ရမလဲဆိုတာကို ညီမ စဉ်းစားနေတယ်၊ အဲ့ဒီကျရင် အစ်မရှောင်လျန်ရဲ့ကလေးလေး မွေးလာပြီဆိုတော့ အချိန်လည်းရမယ်၊ ကျန်းမာရေးလည်း ကောင်းလာမယ်၊ အဲ့ဒီကျရင် နင်ယွဲ့မြို့ ဒါမှမဟုတ် တခြားနေရာတွေမှာ အစ်မကိုကူရောင်းခိုင်းပါ့မယ်”

“ညီမယွဲ့၊ ညီမက တကယ်ကို စိတ်သဘောထားကောင်းတဲ့သူပဲ”

လီရှောင်လျန်မှာ စကားစပ်မိရာမှပြောလိုက်ခြင်းဖြစ်ပြီး ဤမျှအထိမျှော်လင့်မထားခဲ့ပေ။ သို့သော် လင်းယွဲ့မှာ သူမအတွက် အများကြီးစဉ်းစားပေးနေသည်။

“အော် ဟုတ်သားပဲ ညီမ၊ အိမ်ဆောက်တာကို နောက်တစ်ရက်ဆို စလို့ရပြီ၊ ဘယ်နေ့မှာစဖို့ စီစဉ်ထားလဲ”

“မနက်ဖြန်”

လင်းယွဲ့အမြင်အရ အစောဆုံးစနိုင်လေ ကောင်းလေပင် ဖြစ်သည်။

“ဒါဆိုရင်တော့ ဓလေ့ထုံးစံအတိုင်း အသားဟင်းတစ်မျိုး၊ အရွက်ဟင်းတစ်မျိုးတော့ ပြင်ဆင်ထားရမယ်လေ၊ ဒီမှာ ချက်ပြုတ်ဖို့ အဆင်ပြေပါ့မလား”

လင်းယွဲ့မှာ သစ်သားခုံပေါ်တင်ထားသော သံဒယ်အိုးတစ်လုံးသာရှိသည်။ ထမင်းနှင့် ဟင်းကို တစ်ပြိုင်နက်ချက်ရန်မှာ အဆင်မပြေလှပေ။ လင်းယွဲ့၏ခက်ခဲနေသော မျက်နှာကိုမြင်သောအခါ လီရှောင်လျန်ပြောလိုက်၏။

“အစ်မတို့အိမ်မှာ လာချက်လေ”

“အဲဒါဆိုရင်တော့ အဆင်ပြေဆုံးပဲ”

လင်းယွဲ့တွင် ဝက်ဂုတ်သားရှိသော်လည်း ဟင်းသီးဟင်းရွက်မရှိပေ။ ဟင်းသီးဟင်းရွက်အတွက်သာ နင်ယွဲ့မြို့သို့ထပ်သွားရလျှင် မတန်ပေ။ ထို့ပြင် ဟင်းသီးဟင်းရွက်များအတွက် စနစ်ကိုဖွင့်ရန်မှာလည်း ပြား၅၀၀ကုန်ကျမည်ဖြစ်ရာ ယခုအချိန်တွင်မတန်သေးချေ။ ဒုတိယအဒေါ်ကု ပြန်သွားပြီးနောက် လင်းယွဲ့မှာ တေးတစ်ဝက်ကို ရှောင်လျန့်လက်ထဲသို့ ထည့်ပေးလိုက်သည်။

“အစ်မရှောင်လျန်၊ ဒီရက်ပိုင်းအတွက် အစ်မတို့အိမ်က ဟင်းသီးဟင်းရွက်တွေကိုပဲ အားကိုးရတော့မယ်၊ အပြင်မှာ ဝယ်တာထက် အစ်မတို့ဆီကဝယ်တာက ပိုကောင်းတယ်”

လီရှောင်လျန်မှာ ငွေကိုအမြန်ပြန်တွန်းထုတ်လိုက်သည်။

“အိုး ဟင်းသီးဟင်းရွက်နည်းနည်းလေးကို ပြန်ယူထားလိုက်၊ မဟုတ်ရင် အစ်မတို့ကို သူစိမ်းတွေလို ဆက်ဆံသလိုဖြစ်နေလိမ့်မယ်၊ ပြီးခဲ့တဲ့တစ်ခါက ညီမပေးတဲ့ငွေကိုတောင် ဘာမှမလုပ်ပေးရဘဲယူထားမိလို့ အားနာနေတာ၊ အခု ဟင်းသီးဟင်းရွက်လေးအတွက်ပါ ငွေယူလိုက်ရင် ကိုယ့်ကိုကိုယ် ဘယ်လိုမျက်နှာပြရမလဲ”

လီရှောင်လျန်၏ပြတ်သားသော သဘောထားကိုမြင်သောအခါ လင်းယွဲ့မှာ ငွေကိုပြန်ယူထားရန်သာ တတ်နိုင်တော့သည်။

‘အိမ်ဆောက်ပြီးသွားရင် အစ်မရှောင်လျန်ကို ကျေးဇူးတင်လက်ဆောင်အဖြစ် ဝက်ပေါင်တစ်ချောင်းပေးလိုက်မယ်’

သူမ စိတ်ထဲတွင်ကြိတ်တွေးလိုက်၏။

“ယောင်းမ မနက်ဖြန်ကျရင် ကျွန်မတို့က အိမ်ကြီးထဲမှာနေရတော့မှာလား”

တာ့ယာ၏မျက်လုံးများမှာ တောက်ပလျက်ရှိသည်။ အရင်ဘဝက သူမမှာ အမြဲတမ်းအိပ်ရာငယ်လေးပေါ်တွင်သာ ကပ်သပ်ပြီးအိပ်ခဲ့ရ၏။ ဟွမ်မိသားစုဆီရောက်ပြီးနောက်တွင် နွားတင်းကုပ်ထဲတွင်ပင် နေခဲ့ရ၏။ တာ့ယာမှာ အိမ်ကြီးထဲတွင် နေရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဝံ့ခဲ့ပေ။

‘ဒီဘဝက ဘာလို့ ဒီလောက်တောင် ပျော်စရာကောင်းနေရတာလဲ’

“မနက်ဖြန်တော့ မဟုတ်သေးဘူး”

လင်းယွဲ့ပြုံးလျက် ပြောလိုက်သည်။

“မနက်ဖြန်မှ စဆောက်မှာ”

“ဒါဆိုရင် ကျွန်မတို့ဘယ်မှာနေမှာလဲ”

“အခုလောလောဆယ်တော့ ဒီမှာပဲနေဦးမှာပေါ့”

လင်းယွဲ့က သူမနှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။

“အခန်းသုံးခန်းဆောက်ပြီးသွားရင် ညီမလေးအတွက် သီးသန့်အခန်းလေးရတော့မှာ၊ အဲ့ဒီကျရင် တစ်ယောက်တည်း အိပ်ရမှာကြောက်နေဦးမလား”

“မကြောက်ဘူး”

တာ့ယာက ကျားလေးကိုပွေ့ဖက်လိုက်ပြီး သူမမျက်နှာနှင့် ပွတ်သပ်လိုက်သည်။

“သမီးက မီမီနဲ့အတူအိပ်မှာ”

“နင့်အစ်ကိုရော ဘယ်မှာလဲ၊ ခဏနေထမင်းစားတော့မှာ”

လင်းယွဲ့က ဝက်သုံးထပ်သားကို ဒယ်အိုးထဲ ထည့်လိုက်သည်။

“ဒီနေ့တော့ ဝက်သားစားကြမယ်”

တာ့ယာမှာ တံတွေးမြိုချလိုက်သည်။ ဤရက်ပိုင်းအတွင်း သူမအသားများကို နေ့တိုင်းစားနေရသည်။ ဤသို့သော ဘဝမျိုးကို အရင်တုန်းကဆို သူမ စိတ်ကူးယဉ်ဖို့တောင် မဝံ့ရဲခဲ့ပေ။ သို့ပေမဲ့ အခုတော့ အမှန်တကယ် ဖြစ်လာခဲ့ပြီပင်။ ကြက်စွပ်ပြုတ်၊ ဝက်သားလုံးစွပ်ပြုတ် အကြိမ်တိုင်းတွင် သူမမှာ ပါးစပ်တွင်အဆီများ စွန်းထင်းနေသည်အထိ စားခဲ့ရပြီး နှလုံးသားမှာ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေသည်။ ဝက်သုံးထပ်သားတော့ သူမ မစားဖူးသေးပေ။ သို့သော်ကြားလိုက်ရသည်နှင့် အလွန်အရသာရှိမည်မှန်း သူမ သိလိုက်သည်။ သူမက ကုတန်ကို ထမင်းစားခေါ်ရန် အပြင်သို့အမြန်ပြေးထွက်သွား၏။ ထိုကောင်လေးကြောင့် ထမင်းစားချိန်ကို နောက်ကျလို့မဖြစ်ပေ။

တာ့ယာအပြင်ရောက်သွားသောအခါ ကုတန်ကို ဝိုင်းရံထားသော လူလေးယောက်ကို တွေ့လိုက်ရသည်။ ကုတန်က စာအုပ်တစ်အုပ်ကိုကိုင်ထားပြီး သူ့ပတ်ဝန်းကျင်မှ လူများမှာလည်း တစ်စုံတစ်ခုကို တီးတိုးပြောဆိုနေကြ၏။

All Chapters