← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

Ch-49

"ဒီကလေးစုတ်လေး"

အဒေါ်ကု အံကြိတ်မိသည့်အထိ ဒေါသတို့မှာ အထွတ်အထိပ်သို့ရောက်ရှိနေ၏။ သူမမိသားစုမှာ ကုအာ့ကွေ့မိသားစုထက် အမြဲတမ်းပိုချောင်လည်ခဲ့သည်။ လင်းယွဲ့မရောက်လာခင် လအနည်းငယ်ကပင် ဒုတိယအဒေါ်ကုသည် စပါးချေးငှားရန် သူမဆီသို့ အပြေးအလွှားရောက်လာဖူး၏။ ထိုစဉ်က အဒေါ်ကုသည် ဒုတိယအဒေါ်ကုပြန်ဆပ်နိုင်မည်မဟုတ်ဟု သံသယရှိသဖြင့် မချေးပေးခဲ့ပေ။ ယခုအခြေအနေကြည့်ပြီး အဒေါ်ကုက နောင်တရမိသည်။ အကယ်၍သာ ထိုစဉ်ကချေးပေးခဲ့မိပါက ယခုလို အာဏာပြနေရဲမည်မဟုတ်ပေ။ အဒေါ်ကုသည် အသားကို စားချင်သေးသဖြင့် အပြတ်မပြောသေးဘဲ အပြုံးတုဖြင့်ပြောလိုက်သည်။

"အာ့ကွေ့ရယ် ဒါမင်းကလေးကို သင်ပေးတဲ့ ပုံစံလား၊ ဒီလိုစိတ်နေစိတ်ထားနဲ့ဆို အပြင်မှာ မင်းကလေး ဒုက္ခရောက်လိမ့်မယ်"

"ကျွန်တော့်ကလေးကို လာပြီးသင်ပေးစရာလိုသေးလို့လား"

ကုအာ့ကွေ့သည် သူ့အကြီးဆုံးသား နည်းနည်းလွန်သွားသည်ဟု ထင်သော်လည်း မိသားစုအတွက် ခုခံပြောဆိုရသည်မှာ စိတ်ကျေနပ်စရာ ကောင်းနေသည်။ သို့သော် အဒေါ်ကုစကားကိုကြားရသောအခါ သူ့ဒေါသများ ပြန်လည်တောက်လောင်လာ၏။

"ပုံမှန်ဆို မင်းသားကလဲ ငါ့မိသားစုကို ဆင်းရဲတယ်လို့ခေါ်တာပဲ၊ မင်းကရော ဘာသင်ပေးလိုက်တာလဲ၊ ပုံမှန်ဆို မင်းက ငါတို့ကို အမြဲအပြစ်ရှာနေတာပဲမလား၊ အဲ့တုန်းကရော ဘာတွေသင်ယူထားတာလဲ"

ကုမူထျန်း၏ဇွန်းကိုယူပြီး ဟင်းရည်တစ်ဇွန်းခပ်ကာ အဒေါ်ကုကိုစိုက်ကြည့်၍ ကုအာ့ကွေ့က မေးလိုက်၏။

“လုံလောက်ပြီလား”

"နင်.....နင်တို့"

အဒေါ်ကုသည် ဒုတိယအဒေါ်ကုကို လှမ်းကြည့်သော်လည်း သူမက ဘာမှမပြောဘဲ ငြိမ်နေသည်။ အဒေါ်ကုသည် ဒီနေ့တော့ အသားတစ်ဖဲ့မှရတော့မည် မဟုတ်ကြောင်း သိလိုက်ရသည်။ ရုတ်တရက် ရင်ထဲ၌ ဖိသိပ်ထားသမျှဒေါသများ ပေါက်ကွဲထွက်လာ၏။

"အသားတစ်ဖဲ့လောက်က ဘာများမလို့လဲ နှမြောတွန့်တိုလိုက်တာဟယ်၊ ငါတို့က အိမ်နီးချင်းတင် မဟုတ်ဘူး ဆွေမျိုးတွေလေ၊ မင်းတို့ ဘယ်လောက်ကြာကြာ မောက်မာနေနိုင်မလဲကြည့်ရသေးတာပေါ့"

"ဒီနေ့အထိ မောက်မာနေတာပဲ၊ မင်းနဲ့ ဘာဆိုင်လဲ"

ကုအာ့ကွေ့ပြန်ပြောသည်။

"ငါတို့ကိုလဲ မင်းဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး မဟုတ်လား၊ ဘယ်အချိန်ကများ ငါတို့ချေးတဲ့အခါ စပါးပေးဖူးလို့လဲ"

အဒေါ်ကုသည် အနည်းငယ်မျှပင်အပြစ်ရှိသည်ဟုမခံစားရပေ။

"ငါကပြန်ပေးနိုင်တဲ့လူမှ ချေးပေးရမှာပေါ့၊ နင်တို့မိသားစုက ဆင်းရဲလွန်းတော့ ဘယ်သူကများ ပြန်မဆပ်ပဲနေမှာကို မကြောက်ဘဲနေမှာလဲ"

ကုအာ့ကွေ့ အလျှော့မပေးသည်ကိုမြင်တော့ အဒေါ်ကုသည် အမျိုးသားများကိုမစော်ကားလိုသဖြင့် ပျော့ညံ့သူဟု သူမထင်ထားသော ဒုတိယအဒေါ်ကုဘက်သို့ စကားလှည့်လိုက်သည်။

"ဟုန်ရှီး နင်လင်းယွဲ့ကို လျံဖန်းရောင်းပေးနေတယ်ဆို"

အဒေါ်ကု ကဲ့ရဲ့လိုက်သည်။

"ညည်းကို သတိပေးရဦးမယ်၊ စီးပွားရေးဆိုတာ မလွယ်ဘူး၊ မိသားစု စုဆောင်းထားတာတွေ အကုန်အလိမ်ခံလိုက်ရပြီးမှ နောင်တမရနဲ့၊ အဲဒီအခါကျရင် ညည်းမိသားစုမှာ လောင်းကစားသမားနဲ့ အရူးပဲရှိတော့မှာ၊ ညည်းမိဘတွေ ဘယ်လောက်တောင်သင်ပေးထားလဲဆိုတာ ရွာသားတွေရယ်ကြလိမ့်မယ်"

ထိုသို့ပြောပြီးနောက် အဒေါ်ကု လှည့်ထွက်သွားသည်။

"ဘာပြောလိုက်တယ်"

ကုအာ့ကွေ့သည် တူကိုပစ်ချလိုက်ပြီး အဒေါ်ကုဆံပင်ကိုဆွဲကာ ခေါင်းကို လှည့်၍ ပါးနှစ်ချက်ရိုက်ချလိုက်တော့၏။

"အား အား အား နင်ကတော့..."

အဒေါ်ကုမှာ ဒေါသထွက်ပြီး ရုန်းကန်ရန် ကြိုးစားသော်လည်း သူမလက်မှာတိုနေသဖြင့် ကုအာ့ကွေ့မျက်နှာကို လှမ်းမမှီပေ။

"ငါ့အကြောင်း နောက်ကွယ်ကနေပြောတာတွေကို ငါသည်းခံလာခဲ့တာ၊ အခုတော့ ငါ့ရှေ့မှာတင် ဆဲဆိုနေတာလား၊ ငါသေပြီလို့ ထင်နေတာလား၊ ငါ အစ်ကိုကြီးဆီ သွားပြီး သူဘယ်လိုဆုံးမထားလဲဆိုတာ မေးကြည့်ဦးမယ်၊ ဆီလာချေးပြီးမှ လူကိုဆဲရလားကွ"

ကုအာ့ကွေ့သည် အဒေါ်ကုကို ဆံပင်မှ ဆွဲကာ ကုတာ့ဖူအိမ်သို့ ဆွဲခေါ်သွားသည်။ ကုတာ့ဖူ၏အံ့အားသင့်သော အကြည့်ကို ရင်ဆိုင်ရင်း ကုအာ့ကွေ့သည် အဒေါ်ကုကိုမြေကြီးပေါ်သို့ ပစ်ချလိုက်၏။

"အစ်ကိုကြီး၊ ကျွန်တော်တို့ ညီအစ်ကိုမလုပ်ချင်ရင် ရန်သူပဲလုပ်လိုက်တော့မလား"

"ဘာဖြစ်တာလဲ"

ကုတာ့ဖူစိတ်ထဲတွင် ကုအာ့ကွေ့မှာ အမြဲတမ်း ရိုးသားသူ၊ အနိုင်ကျင့်ရလွယ်သူဖြစ်သည်။

'ဒီနေ့မှ ဘာလို့ရူးသွပ်နေရတာလဲ'

"အစ်ကိုကြီး သူ့ကိုမေးကြည့်လေ၊ သူက ဆီလာချေးပြီးမှ လူကိုဆဲနေတာ"

ကုတာ့ဖူက အဒေါ်ကုကိုကြည့်လိုက်သည်။ သူမမှာ မြေကြီးပေါ်ကထပြီး ကုအာ့ကွေ့ကို ပြန်ဆွဲလုပ်ရန် ကြိုးစားနေ၏။ သူမမှာ ကုအာ့ကွေ့၏ကန်ချက်ကို ထပ်ခံလိုက်ရသည်။ ဤမြင်ကွင်းက ကုတာ့ဖူရင်ကို ကွဲကြေမတတ် နာကျင်သွားစေသည်။ သူက အဒေါ်ကုကို အမြန်ထူမလိုက်ပြီး ကုအာ့ကွေ့ကို စောဒကတက်ဟန်အမူအရာဖြင့် ကြည့်လိုက်၏။

"မင်းရဲ့မရီးက ဘာလုပ်လုပ် ဒီလိုမလုပ်သင့်ဘူးလေ"

"သူ ဘာပြောလိုက်လဲဆိုတာ အစ်ကိုကြီးမေးကြည့်ပါလား"

ကုအာ့ကွေ့က အေးစက်စက်နှာမှုတ်၍ ထွက်သွားသည်။

"ဒီလိုလုပ်လိုက်ရင် အစ်ကိုကြီးမိသားစုနဲ့ ပြတ်သွားတော့မှာလား”

ဒုတိယအဒေါ်ကုက စိုးရိမ်စွာဖြင့်မေးလိုက်သည်။

"ပြတ်ရင်လည်း ပြတ်ပါစေ၊ ဒင်းက ငါတို့ကို မျက်နှာချင်းဆိုင်အနိုင်ကျင့်နေတာ၊ ငါတို့က အနိုင်ကျင့်ခံဖို့ မျက်နှာပေးနေရမှာလား၊ ငါ စောစောကတည်းက ဒီလိုလုပ်ခဲ့သင့်တာ"

ကုအာ့ကွေ့ နောင်တရစွာဖြင့်ပြောလိုက်သည်။

"ငါသာ အရင်ကတည်းက တင်းတင်းမာမာလုပ်ခဲ့ရင် မိသားစုခွဲတဲ့အခါ အခုလို အနိုင်ကျင့်ခံရမှာမဟုတ်ဘူး"

"မေ့လိုက်ပါတော့ မေ့လိုက်ပါတော့"

ဒုတိယအဒေါ်ကုက ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အခု လျံဖန်းရောင်းရပြီလေ၊ တစ်နေ့ကို အတုံး၂၀ရောင်းနိုင်ရင် ပြား၂၀ ရမှာပဲ၊ အရင်လို ချွေတာနေစရာမလိုတော့ဘူး"

"ဒါတွေက တူမလေးလင်းယွဲ့ရဲ့ကျေးဇူးကြောင့်ပါ"

ကုအာ့ကွေ့ ပြောလိုက်သည်။

"သူမ ဒီရက်ပိုင်းအိမ်ဆောက်နေတာဆိုတော့ ငါကူပေးလိုက်ဦးမယ်၊ သူမက ငါတို့ကိုကူညီပေးထားတာပဲ၊ အကောင်းဆုံးဖြစ်အောင် ဆောက်ပေးရမယ်"

"ဟုတ်တယ်"

ဒုတိယအဒေါ်ကု ခေါင်းညိတ်လိုက်သည်။

"သူမက ငါတို့မိသားစုရဲ့ကျေးဇူးရှင်ပဲ၊ ကူညီပေးလိုက်ပါ"

ကုတာ့ဖူအိမ်တွင် အဒေါ်ကုမှာ အော်ဟစ်ကျိန်ဆဲနေတုန်းပင်။ ကုတာ့ဖူက သူ့ညီ၏သန်မာသောခန္ဓာကိုယ်နှင့် သူ့သားကြီးသုံးယောက်ကို တွေးမိကာ ကြောက်ရွံ့သွားသည်။ ပိန်လှီသော သူ့ခန္ဓာကိုယ်နှင့် ကုရှန်းလင်းကိုကြည့်ပြီး အဒေါ်ကုကိုအော်လိုက်သည်။

"တိတ်စမ်း ဘာတွေအော်နေတာလဲ၊ ဘာဖြစ်တာလဲသာပြော"

အဒေါ်ကုလဲ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏။

"ဒီလိုစကားတွေ ပြောရသလား၊ မင်း ပါးစပ်ကိုသာ ချုပ်ထားလိုက်ချင်တယ်၊ သူတို့က မင်းအော်တာကို မကြောက်ကြဘူး၊ သည်းခံလိုက်ရင် မကောင်းဘူးလား၊ ဒုတိယညီ အရမ်းဒေါသထွက်နေမှန်း ငါမြင်တယ်"

အဒေါ်ကုပြောပြီးနောက် ကုတာ့ဖူက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်၏။ ကုတာ့ဖူနှင့် အဒေါ်ကုတို့မှာ အိမ်တွင် ကုအာ့ကွေ့မိသားစုကို အတင်းပြောနေကြသည်။ တစ်ဖက်တွင် ကုရှန်းလင်းက အလွတ်ဖြစ်နေသော ပန်းကန်ကိုကြည့်ကာ ငိုနေသည်။

"အသား သား အသားစားချင်တယ် အဟင့် အဟင့် အဟင့်"

သို့သော် သူအကြာကြီးငိုသော်လည်း ဘယ်သူမှ ဂရုမစိုက်ကြပေ။

"နောက်တစ်ခါငိုရင် ရိုက်ပစ်မယ်"

ဖခင်ဖြစ်သူဆီမှ ကြိမ်းဝါးခံလိုက်ရသဖြင့် ကုရှန်းလင်းငြိမ်သွားပြီး မျက်နှာကို ဖုံးထားလိုက်၏။

‘အဖေ့ဆီက အရိုက်ခံရတာထက် အသားကြော်စားရဖို့အတွက် ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး ကုတန်ကို စာသင်ပေးလိုက်တာက ပိုကောင်းမယ်’

သူတွေးလိုက်သည်။ နောက်တစ်နေ့တွင် ကုတန်ကျောင်းရောက်တော့ ကုရှန်းလင်း အမြန်ပြေးလာသည်။

"ဘာဖြစ်လို့လဲ"

ကုတန် မေးလိုက်၏။

"ငါ သင်ပေးရမလား၊ ဝါကျတစ်ကြောင်းအတွက် ဝက်ဆီဖတ်ကြော် တစ်ခု"

ကုရှန်းလင်း တံတွေးမြိုချကာပြောလိုက်၏။ သူ အသားနံ့ကိုရှူရှိုက်နေမိသည်။

"ငါ သင်ပေးမယ်"

"ကောင်းပြီလေ"

ကုတန် အံ့ဩသွားသည်။

"ကျန်တာတွေ ငါသိတယ်"

ကုရှန်းလင်း စိတ်အားထက်သန်စွာ ဆက်ပြောလာသည်။

"ငါ သင်ပေးမယ်"

"ကောင်းပြီလေ"

ကုရှန်းလင်း ရယ်မောပြီး ကုတန်ဘေးတွင်ထိုင်လိုက်သည်။ ကုတန်က မလှုပ်မယှက်နေသည်ကိုမြင်သောအခါ သူ ချက်ချင်းတိုက်တွန်းလိုက်သည်။

"မြန်မြန် စာအုပ်ဖွင့်လေ၊ ငါ သင်ပေးမယ်"

ကုတန် စာအုပ်မဖွင့်သေးသည်ကိုမြင်တော့ အမြန်တိုက်တွန်းလိုက်၏။ ဤကလေး၏အပြုအမူ ပြောင်းလဲသွားပုံကိုကြည့်ပြီး ကုတန် အံ့ဩနေမိသည်။ သူသာဆိုလျှင် ဤသို့သောလုပ်ရပ်ကို လုံးဝလုပ်နိုင်လိမ့်မည်မဟုတ်ဟု တွေးနေမိသည်။ သို့သော် သူ့မာနကို ဘေးဖယ်ထားနိုင်ပါက အရသာရှိသော အစားအသောက်များ ရရှိနိုင်မည် ဖြစ်သည်။ ထိုခဏ၌ ကုတန်သည် တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရ၏။

အခြားတစ်ဖက် ရွာထဲတွင် ကုတာတျန့်သည် ကြေးပြားနှစ်ပြားကို ကိုင်ကာ လောင်းကစားလုပ်ရန် ပြင်ဆင်နေစဉ် ရွာသားများက လယ်ကိရိယာများကိုင်ကာ လင်းယွဲ့အိမ်ဆောက်ရန် ထွက်သွားကြသည်ကို မြင်လိုက်ရသည်။

"ကုနျို၊ ကုမာ၊ လင်းယွဲ့အိမ်ကိုဆောက်ဖို့ တစ်ကယ်သွားကြမလို့လား"

သူ အံ့ဩတကြီးမေးလိုက်သည်။

All Chapters