← Chapters

အခန်း (၅၇၅-၅၇၆)

Vol. 58 Ch. 575-576

အခန်း (၅၇၅-၅၇၆)

Vol. 58 Ch. 575-576

အခန်း ၅၇၅ - ခမ်းနားကြီးကျယ်သော ပြသမှု၊ အဆင့်မြင့် ဝိညာဉ်လက်နက်နှင့် အသက်ကယ်ဆေးလုံး

"ဆရာတော်ကျန်းပေါင် ထွက်ပေါ်လာပြီ"

ထိုပုံရိပ်က ကျောက်စိမ်းစင်မြင့်ပေါ်သို့ တက်လှမ်းလာသည်နှင့်တစ်ပြိုင်နက် လေလံပွဲပေါင်းများစွာသို့ တက်ရောက်ဖူးသော ကျင့်ကြံသူတစ်ဦးက ချက်ချင်း တီးတိုးရေရွတ်လိုက်လေ၏။

မထင်မှတ်ထားသော ဤသန္ဓေသားဝိညာဉ်အဆင့် ခွန်အားရှင်မှာ အခြားသူမဟုတ်ဘဲ ဤလေလံပွဲကို ကြီးကြပ်ပေးမည့် ဆရာတော်ကျန်းပေါင်ပင် ဖြစ်နေတော့သည်။

ခန်းမကြီးအတွင်းရှိ ကျင့်ကြံသူများ အားလုံး တိတ်ဆိတ်သွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ထို့နောက် သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒီလေလံပွဲကို အစကတော့ နောက်လမှ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ မြင့်မြတ်တဲ့ ထျန်းရှုတောင်တော်မှာ လျှို့ဝှက်နယ်မြေသစ်တစ်ခု ပေါ်ထွက်လာတော့မှာဖြစ်လို့ တာအိုမိတ်ဆွေတွေအများကြီးက မြို့တော်ဆီကို အုံနဲ့ကျင်းနဲ့ ရောက်လာကြတယ်လေ။ ဒါကြောင့်မို့လို့ မြို့စားမင်းကလည်း လေလံပွဲရက်ကို စောပြီး ကျင်းပဖို့ ဆုံးဖြတ်လိုက်တာပါ"

ဆရာတော်ကျန်းပေါင် စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ခန်းမကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့၏။

မြင့်မြတ်သော ထျန်းရှုတောင်တော်အတွင်းရှိ လျှို့ဝှက်နယ်မြေသစ်တစ်ခုအကြောင်းမှာ မကြာသေးမီက လူပြောအများဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့လေသည်။

ယခုအခါ ဆရာတော်ကျန်းပေါင်ကိုယ်တိုင် တိုက်ရိုက် အတည်ပြုပေးလိုက်ပြီဖြစ်ရာ ဆွေးနွေးပြောဆိုမှုများစွာ ဖြစ်ပေါ်လာသည်မှာ သဘာဝပဲပင်။

ခန်းမကြီး တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားပြီးနောက်မှသာ သူက ဆက်လက်ပြောလာခဲ့၏။

"မကြာခင်မှာ လျှို့ဝှက်နယ်မြေသစ်ကြီး ပွင့်လာပါတော့မယ်။ ဒီကိုရောက်နေကြတဲ့ အားလုံးကလည်း အဲဒီထဲဝင်ပြီး ကိုယ့်ကံကြမ္မာကိုကိုယ် ရှာဖွေချင်ကြမယ်လို့ ကျုပ် ထင်ပါတယ်"

"တောထဲမဝင်ခင် ဓားသွေးထားတာက ခုတ်ရပိုကောင်းတယ် ဆိုတဲ့ စကားရှိတယ်မဟုတ်လား။ လျှို့ဝှက်နယ်မြေထဲက အခွင့်အရေးတွေကို ဆုပ်ကိုင်နိုင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စွမ်းအားက အကြီးမားဆုံးသော အထောက်အပံ့ပါပဲ"

"ဒါကြောင့်မို့လို့ ဒီမြို့တော်ရဲ့ လေလံပွဲမှာ အစွမ်းထက်တဲ့ လက်နက်တွေနဲ့ ဆေးလုံးတွေ အများကြီးကို ပြပေးသွားမှာပါ"

"ဝိညာဉ်လက်နက်တွေတောင် ပါဦးမှာပါ။ တစ်ခုတည်းတင် မဟုတ်ဘဲ တချို့ဆိုရင် အဆင့်မြင့်အရည်အသွေးရှိတဲ့ လက်နက်တွေပါ ပါပါလိမ့်မယ်"

"အဲ့တာတွေက ခင်ဗျားတို့ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် လျှို့ဝှက်နယ်မြေထဲမှာ ကံကောင်းမှုတွေ ရဖို့အတွက်လည်း အခွင့်အလမ်းတွေကို ပိုများလာစေမှာပါ"

"အဆင့်မြင့် ဝိညာဉ်လက်နက်တွေတောင် ပါတယ်ဟုတ်လား"

ခန်းမတွင်းရှိ ကျင့်ကြံသူများမှာ ချက်ချင်းပင် အလွန်အမင်း အံ့အားသင့်သွားကြတော့၏။

မည်သို့ပင်ဆိုစေကာမူ အဆင့်မြင့်ဝိညာဉ်လက်နက်များမှာ ရှားပါးလှလေ၏။ လူအုပ်ကြီးထဲတွင် အစွမ်းထက် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး ထက်ဝက်နီးပါးမှာ ရွှေအမြုတေအဆင့်တွင် ရှိနေသော်လည်း အမှန်တကယ် ဝိညာဉ်လက်နက် ပိုင်ဆိုင်ထားသူများမှာတော့ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှပေသည်။

ထို့အပြင် ထိုသူများအနက် အများစုမှာ အဆင့်နိမ့် လက်နက်များကိုသာ ပိုင်ဆိုင်ထားကြပြီး အလယ်အလတ်အဆင့် လက်နက်များမှာပင် ရှားပါးနေပြီပင်။

ဝိညာဉ်လက်နက်များ ဖန်တီးရန်မှာ မလွယ်ကူလှပေ။ မှန်ကန်သော အချိန်၊ နေရာနှင့် လူတို့ကို လိုအပ်လှပါ၏။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဝိညာဉ်လက်နက်တစ်ခုကို ဖန်တီးရန်အတွက် ကြီးမားလှသော အားထုတ်မှုများကို စိုက်ထုတ်ရလေသည်။

ဤအကြောင်းကြောင့်ပင် သန္ဓေသားဝိညာဉ်အဆင့်သို့ အသစ်တက်လှမ်းလာသော ကျင့်ကြံသူများပင်လျှင် ဝိညာဉ်လက်နက်ကို သူတို့၏ ကိုယ်ပိုင်လက်နက်အဖြစ် ပိုင်ဆိုင်ထားတာမျိုး ဖြစ်လည်းဖြစ်နိုင်သလို မဖြစ်နိုင်တာမျိုးလည်း ရှိ၏။

ဝိညာဉ်လက်နက်တစ်ခု၏ အဆင့်တစ်ခု မြင့်တက်သွားတိုင်း စွမ်းအားမှာလည်း အံ့မခန်း ခုန်တက်သွားတတ်လေသည်။

အဆင့်မြင့် ဝိညာဉ်လက်နက်များမှာ အလွန်တရာကိုမှ ရှားပါးလှရာ အတွေ့အကြုံရင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် ယင်းတို့ကို လိုလားတပ်မက်ကြပါ၏။

ဤလေလံပွဲတွင် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ပါဝင်လာမည်ဟု ကြားလိုက်ရချိန်၌ လူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာရခြင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်၏။

ကောင်းကင်အဆင့် သီးသန့်အခန်းများထဲရှိ ချန်းလင်းရှောင်နှင့် ကုန်းရှုကျန်းတို့၏ မျက်လုံးများပင်လျှင် တောက်ပသွားကြတော့သည်။

"အဆင့်မြင့် ဝိညာဉ်လက်နက်... အဲ့လိုရတနာမျိုးကို ဒီလေလံပွဲမှာ တကယ်ကြီး ထုတ်ရောင်းပေးမှာလား"

ချန်းလင်းရှောင်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်လုံးများမှာ ဝမ်းသာမှုများဖြင့် ပြည့်လျှံနေလေ၏။

ကုန်းရှုကျန်း၏ မျက်လုံးများကလည်း အရောင်လက်သွားသည်။ "အဆင့်မြင့် ဝိညာဉ်လက်နက်တဲ့... ထျန်းရှုမြို့တော်ကတော့ တကယ့်ကို အစွမ်းကုန် ထုတ်ပြလိုက်တာပဲ"

သူတို့နှစ်ဦး အလွန်အမင်း စိတ်လှုပ်ရှားနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ နှစ်ဦးစလုံးမှာ သန္ဓေသားဝိညာဉ်အဆင့်တွင် ရှိနေပြီး ထူးခြားသော နောက်ခံများမှ လာကြသော်လည်း သူတို့သည် ဤကျင့်ကြံဆင့်သို့ မကြာသေးမီကမှ ခြေချလာခဲ့ကြသူများဖြစ်ကာ နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ကင်းမဲ့နေသေးပါ၏။

ထို့ပြင် သူတို့ ဆောင်ထားသော အဖိုးတန်ဆုံး လက်နက်များမှာ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များသာ။

အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုမှာ ကျယ်ပြောလှသော ထျန်းယွမ်ကမ္ဘာလောကကြီးတွင်ပင်လျှင် အလွန်တရာမှ တန်ဖိုးကြီးမားလှသော ရတနာတစ်ပါး ဖြစ်သည်။

စတုတ္ထ အတိဒုက္ခအဆင့်

သို့မဟုတ် ပဉ္စမ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ် ကျင့်ကြံသူများပင်လျှင် ဤအဆင့်ရှိ လက်နက်များကို အကောင်းဆုံးအနေဖြင့် အသုံးပြုကြလေ၏။

ထျန်းရှုမြို့တော်က ဤကဲ့သို့သော လက်နက်မျိုးကို လေလံတင်ရောင်းချမည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ဤသည်မှာ လူတိုင်း၏ မျှော်လင့်ချက်များကို ကျော်လွန်နေတော့သည်။

"ဒီအဆင့်မြင့် ဝိညာဉ်လက်နက်ကို ရဖို့ဆိုတာ မလွယ်ဘူး။ တခြားသီးသန့်အခန်းတွေက သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေကလည်း ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူးလေ"

စိတ်လှုပ်ရှားမှုများ အနည်းငယ် ငြိမ်ကျသွားပြီးနောက် ချန်းလင်းရှောင်က စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်လိုက်၏။

အခြားအခန်းများရှိ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများလည်း ယခုအချိန်တွင် ဤမျှလောက်ပင် စိတ်လှုပ်ရှားနေကြမည်ကို သူ ကြိုတင် မှန်းဆနိုင်နေပြီပင်။

ဤပွဲအတွက် ထိပ်တန်းအင်အားစုများစွာ ထျန်းရှုမြို့တော်သို့ ရောက်ရှိနေကြပြီး ၎င်းတို့ထဲတွင် သူ့ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူအချို့လည်း ပါဝင်နေပါ၏။

ကျင့်ကြံမှုပိုင်းအရ သူ့ထက် မသာလွန်နိုင်သော်လည်း ကြွယ်ဝချမ်းသာမှုနှင့် စုဆောင်းထားမှုများအရ သူ့ထက် အဆပေါင်းများစွာ သာလွန်နိုင်သည့် သက်ကြီးပိုင်း သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများလည်း ရှိနေသေးသည်။

"ဟုတ်တယ်။ ကြွယ်ဝချမ်းသာမှုပိုင်းမှာဆိုရင်တော့ ငါတို့က အဲဒီချန်ပေ့အိုကြီးတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး" ကုန်းရှုကျန်းက ခေါင်းညိတ်လိုက်သည်။ "ဒီလိုလုပ်ကြရအောင် အစ်ကိုလင်းရှောင်။ ငါတို့ရဲ့ အရင်းအမြစ်တွေကို စုပေါင်းလိုက်ရင်ရော... ငါတို့နှစ်ယောက်ပေါင်းပြီး အဲဒီအဆင့်မြင့် ဝိညာဉ်လက်နက်ကို ရအောင် ယူကြည့်ကြမလား"

"ငါတို့နှစ်ယောက်ပေါင်းပြီးတော့လား" ချန်းလင်းရှောင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ "ဒါက ဖြစ်နိုင်တဲ့ အစီအစဉ်ပဲ။ ဒါပေမဲ့ အဲဒီလက်နက်က ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုတော့ ငါတို့ အရင်ကြည့်ဖို့ လိုသေးတယ်။ ငါတို့နဲ့ ကိုက်ညီမှု ရှိ၊ မရှိပေါ့"

အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်နေလျှင်ပင် ကိုက်ညီမှုရှိရန်က အရေးကြီးလှလေသည်။ မိမိ၏ ဓာတ်သဘာဝများနှင့် ကိုက်ညီသော လက်နက်များမှသာ မိမိ၏ စွမ်းအားကို အမှန်တကယ် မြှင့်တင်ပေးနိုင်မည်ပင်။

ဥပမာအားဖြင့် မီးဓာတ်သဘာဝ ကျင့်စဉ်ကို ကျင့်ကြံသူတစ်ဦးသည် ရေဓာတ်သဘာဝ နိယာမများ ပါဝင်နေသော လက်နက်တစ်ခုကြောင့် အထောက်အကူ မရနိုင်သည့်အပြင် အဟန့်အတားပင် ဖြစ်စေနိုင်ပါ၏။ အတင်းအဓမ္မ ပေါင်းစပ်ရန် ကြိုးစားပါက သူတို့၏ ကျင့်ကြံမှုကိုပင် ထိခိုက်စေနိုင်ပေသည်။

"ထျန်းရှုမြို့တော်က အဆင့်မြင့် ဝိညာဉ်လက်နက်တွေကိုတောင် လေလံတင်ရောင်းချရဲတယ်ပေါ့"

"မြန်မြန်လုပ်... ဂိုဏ်းချုပ်ကို သွားအကြောင်းကြား။ ထျန်းရှုမြို့တော်မှာ အဆင့်မြင့် ဝိညာဉ်လက်နက်ကို လေလံတင်နေတယ်လို့ သွားပြောလိုက်"

"အဆင့်မြင့် ဝိညာဉ်လက်နက်တဲ့... ဘယ်လိုတောင် ကောင်းလိုက်တဲ့အခွင့်အရေးကြီးလဲကွာ။ တကယ်လို့ ဒါကိုသာ ငါတို့ရခဲ့ရင် ငါတို့ လျိုမျိုးနွယ်စုက ကံကြမ္မာရဲ့ ရေစီးကြောင်းကိုတောင် လွှမ်းမိုးနိုင်လိမ့်မယ်။ မျိုးနွယ်စုကြီး ၃၆ခု စာရင်းထဲတောင် ဝင်သွားနိုင်တယ်"

"ဟားဟားဟား... တကယ်လို့ မင်းတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ ငါသာ အဲဒီအဆင့်မြင့် ဝိညာဉ်လက်နက်ကို ရခဲ့ရင် အတောင်ပံတပ်ထားတဲ့ ကျားတစ်ကောင်လိုတောင် ဖြစ်သွားလိမ့်ဦးမယ်။ ငါ့ရဲ့ စွမ်းအားတွေ တစ်ဟုန်ထိုး တက်လာပြီးတော့ စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်ကိုတောင် လှမ်းကြည့်နိုင်သွားလိမ့်မယ်လေ"

…

ချန်းလင်းရှောင် ကြိုတင် ခန့်မှန်းထားသည့်အတိုင်းပင် ဆရာတော်ကျန်းပေါင် စကားပြောအပြီးတွင် အခြားအခန်းများမှာလည်း ဆူညံပွက်လောရိုက်သွားကြတော့၏။

အလွန်ကိုမှ အစွမ်းထက်လှသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် တုန်လှုပ်သွားခဲ့ကြ၏။

မကြာမီမှာပင် သူတို့၏ မျက်လုံးများအတွင်း၌ ပြတ်သားသော အရောင်အဝါများ ပေါ်ထွက်လာတော့၏။

အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုမှာ အလွန်ပင် အဖိုးတန်လှလေရာ ဝိညာဉ်ကျောက်တုံး မည်မျှပင် ကုန်ကျစေကာမူ တန်ချေရှိမည်သာ။

"သူတို့က တကယ်ပဲ အဆင့်မြင့် ဝိညာဉ်လက်နက်ကို လေလံတင်မှာလား... ထျန်းရှုမြို့တော်ကတော့ အကြီးအကျယ်ကို လုပ်ချလိုက်ပြီဟေ့"

မြေကမ္ဘာအဆင့် အခန်းအမှတ် (၁၉) အတွင်း၌မူ တာအိုဆရာဝူပေါင်မှာ မျက်လုံးအပြူးသားဖြင့် အာမေဍိတ်သံ ပြုလိုက်လေသည်။

"ထျန်းရှုမြို့တော်က အဆင့်မြင့် ဝိညာဉ်လက်နက်တွေကို လေလံတင်တာ ရှားလို့လား" လုချင်းက မေးလိုက်၏။

"ရှားလို့လား ဟုတ်လား... ကျွန်တော် သိသလောက်ဆိုရင်တော့ ဒါက ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်ဗျ" တာအိုဆရာဝူပေါင်က မျက်နှာပေါ်တွင် အံ့အားသင့်မှုများအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

"အဆင့်နိမ့် ဝိညာဉ်လက်နက်တွေဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ ဒါပေမဲ့ အဆင့်မြင့်တဲ့လား... ပထမတန်းစား ဂိုဏ်းတော်တော်များများမှာဆိုရင် ဒါက ဂိုဏ်းကို ကာကွယ်ပေးတဲ့ရတနာပဲဗျ"

"ဒီလိုသာ မှတ်လိုက်ဗျာ... ခင်ဗျားမိတ်ဆွေရဲ့ ဂိုဏ်းဖြစ်တဲ့ ချီခွန်းဂိုဏ်းမှာတောင် အဆင့်မြင့် ဝိညာဉ်လက်နက်ကို သူတို့ရဲ့ ထိပ်တန်းရတနာအဖြစ် သတ်မှတ်ထားလောက်တယ်"

"အမြင့်ဆုံးအဆင့် ဝိညာဉ်လက်နက်တွေဆိုရင်တော့ ထျန်းယွမ်ကမ္ဘာလောကကြီးထဲက အထူးချွန်ဆုံး အင်အားစုကြီးတွေလောက်ပဲ ပိုင်ဆိုင်နိုင်ကြတာ။ ဒါတောင် သူတို့လက်အောက်မှာ တစ်ခုလောက်ပဲ ပိုင်ကြတာလေ"

"ဪ... ဒီလိုကိုး" လုချင်းက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

ဝိညာဉ်လက်နက်များမှာ တန်ဖိုးကြီးကြောင်း သူ သိထားခဲ့သော်လည်း ဤထျန်းယွမ်ကမ္ဘာလောကကြီးတွင်ပင်လျှင် ထိုကဲ့သို့ အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သို့သော် သေချာပြန်တွေးကြည့်သောအခါ၌ အဓိပ္ပာယ်ရှိနေပြန်သည်။

ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက သူ ကြုံတွေ့ခဲ့ရသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများအားလုံးထဲတွင် ဝိညာဉ်လက်နက်များကို ကိုင်ဆောင်ထားသူမှာ အလွန်ကို နည်းပါးလှသည် မဟုတ်ပါလော။

"ဒီအတွက်တော့ အပြင်းအထန် တိုက်ပွဲဝင်ရမယ့်ပုံပဲ။ အဲဒီအဆင့်မြင့် ဝိညာဉ်လက်နက်ကြီး နောက်ဆုံးမှာ ဘယ်သူ့လက်ထဲ ရောက်သွားမလဲ မသိဘူးနော်" လုချင်းက သက်ပြင်းချလိုက်၏။

ဆရာတော်ကျန်းပေါင်၏ အဆင့်မြင့် ဝိညာဉ်လက်နက်နှင့် ပတ်သက်၍မူ သူက ဝင်ရောက်ယှဉ်ပြိုင်ရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။

သူ့တွင် ဝိညာဉ်ကျောက်တုံးများ အများအပြားရှိနေသော်လည်း ထိုသန္ဓေသားဝိညာဉ်အဆင့် မိစ္ဆာအိုကြီးများနှင့် ယှဉ်ပြိုင်ရန်အတွက် အနီးစပ်ဆုံးပင် လုံလောက်မည်ဟု သူ ထင်မထားပေ။

အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုသည် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ ကံကြမ္မာကိုပင် တည်ငြိမ်စေနိုင်စွမ်း ရှိလေ၏။

ဂိုဏ်းများ၊ မျိုးနွယ်စုများနှင့် အထက်တန်းလွှာမိသားစုများ အားလုံးကလည်း သူတို့၏ စွမ်းအားအပြည့်ဖြင့် အပြိုင်အဆိုင် လုယူကြမည်မှာ သေချာလှ၏။

"ဒါပေမဲ့ ထူးတော့ထူးဆန်းတယ်" တာအိုဆရာဝူပေါင်က တွေးဆဆဖြင့် ပြောလိုက်သည်။ "ထျန်းရှုမြို့တော်က အစွမ်းထက်တယ်ဆိုပေမဲ့လည်း ထျန်းယွမ်ကမ္ဘာလောကကြီးထဲမှာတော့ ပထမတန်းစား အင်အားစုတစ်ခုသာသာပဲလေ။ ထိပ်တန်းအဆင့်တော့ မဟုတ်သေးတာကို။ သူတို့က ဘယ်လိုလုပ်ပြီး ဒီလိုရတနာမျိုးကို လေလံတင်ရောင်းချဖို့ ဆန္ဒရှိနေရတာလဲ"

"အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်ပါ... နောက်ကျရင်တော့ ကျွန်တော်တို့ သိလာရမှာပဲဟာ" လုချင်းက ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်သည်။

ခန်းမကြီးအတွင်း၌မူ လေထုထဲရှိ တိုးပွားလာသော စိတ်လှုပ်ရှားမှုများကို ခံစားမိသွားသော ဆရာတော်ကျန်းပေါင်ကလည်း ခပ်ဖွဖွ ပြုံးလိုက်လေ၏။

"အားလုံးကလည်း စိတ်အားထက်သန်နေကြပြီဆိုတော့ ဒီအဘိုးကြီးကလည်း စကားတွေ အများကြီး ပြောမနေတော့ပါဘူး။ လေလံပွဲကို စလိုက်ကြတာပေါ့"

သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သူ့ရှေ့ရှိ ကျောက်စိမ်းစင်မြင့်ပေါ်တွင် ကျောက်စိမ်းပုလင်း တစ်တန်း ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"ပထမဆုံးအနေနဲ့ ဒီဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံး ဆယ်လုံးကို လေလံတင်သွားမှာ ဖြစ်ပါတယ်"

"ဒီဆေးလုံးတွေရဲ့ အာနိသင်ကို ခင်ဗျားတို့ထဲက အများစုကတော့ သိကြပြီးသားဖြစ်မယ်လို့ ကျုပ် ယုံကြည်ပါတယ်"

"ဒီဆေးတွေက ရွှေအမြုတေတစ်ခုကို သန့်စင်သွားအောင်လို့ လုပ်ပေးနိုင်စွမ်းရှိပါတယ်။ တတိယ အသွင်ပြောင်းခြင်းအဆင့် ရွှေအမြုတေအဆင့်မှာ ရှိနေတဲ့သူတွေအတွက်ဆိုရင် သူတို့ရဲ့ အမြုတေတွေကို သန့်စင်ဖို့ အောင်မြင်နိုင်ခြေက တော်တော်လေးကို များပါတယ်။ အငယ်တန်းအဆင့်ကနေ အလယ်အလတ်အဆင့်ဆီကို အဆင့်မြှင့်တင်နိုင်မှာပါ"

"ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးတဲ့လား"

"ကောလာဟလတွေက မှန်နေတာပဲ... ဒီလေလံပွဲမှာ ရွှေအမြုတေတွေကို သန့်စင်ပေးနိုင်တဲ့ အရာတစ်ခုကို တကယ်ပဲ ကမ်းလှမ်းနေတာကိုး"

"ဒီဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံး တစ်လုံးကိုတော့ ငါ မဖြစ်မနေကို ရအောင်ယူမှရမယ်"

"ငါက တတိယ အသွင်ပြောင်းခြင်းအဆင့် ရွှေအမြုတေအဆင့်မှာ ရာစုနှစ်တစ်ခုနီးပါးလောက်ထိကို တစ်ဆို့နေခဲ့တာ။ ဒီဆေးလုံးတွေထဲက တစ်လုံးလောက်ကိုသာ ရလိုက်မယ်ဆိုရင် စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်ကို ချိုးဖောက်ဖို့ဆိုတာ အိပ်မက်တစ်ခု မဟုတ်လောက်တော့ဘူး"

"ငါ့သားက ဒုတိယ အသွင်ပြောင်းခြင်းအဆင့်ကို ရောက်နေပြီ။ မကြာခင်မှာ တတိယအဆင့်ကို ရောက်တော့မှာဆိုတော့... ဒီဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးက သူ့အတွက် အကောင်းဆုံးပဲ"

…

ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးကို ထုတ်ဖော်ပြသလိုက်သည်နှင့်တစ်ပြိုင်နက် ခန်းမတွင်းရှိ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့၏။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများစွာ၏ မျက်လုံးများမှာ ပြင်းထန်သော မီးတောက်များကဲ့သို့ တောက်ပသွားကြတော့သည်။

စောစောက ဆရာတော်ကျန်းပေါင်က အဆင့်မြင့် ဝိညာဉ်လက်နက်အကြောင်း ပြောခဲ့စဉ်က သူတို့ အံ့အားသင့်ခဲ့ကြသော်လည်း ထိုအရာမှာ သူတို့ လှမ်းမီနိုင်သည့်အနေအထားထက် များစွာ ကွာဝေးနေသော ရတနာတစ်ခုသာ။

ထိုကဲ့သို့သော ပစ္စည်းများမှာ မြင့်မြတ်လှသည့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက်သာ သီးသန့်ဖြစ်ပြီး သူတို့ကဲ့သို့ သာမန် ရွှေအမြုတေကျင့်ကြံသူများနှင့်တော့ လုံးဝ သက်ဆိုင်ခြင်း မရှိပေ။

သို့သော် ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးမှာတော့ တစ်ခြားစီ ဖြစ်နေတော့၏။

ယခု ရောက်ရှိနေကြသော ရွှေအမြုတေ ကျင့်ကြံသူများထဲတွင် အများစုမှာ အငယ်တန်းအဆင့် ရွှေအမြုတေများနှင့်အတူ စဦးပိုင်းအဆင့်တွင်သာ ရှိနေကြသေးလေ၏။

ရွှေအမြုတေအဆင့်၏ အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် သူတို့၏ အမြုတေများကို သန့်စင်ပြီး အငယ်တန်းအဆင့် အမြုတေကနေ အလယ်အလတ်အဆင့် အမြုတေအဖြစ်သို့ မဖြစ်မနေကို အဆင့်မြှင့်တင်ဖို့ လိုအပ်လှပေသည်။

ဤဆေးလုံးက ထိုသန့်စင်ခြင်း လုပ်ငန်းစဉ်ကို အလွန်အမင်း အရှိန်မြှင့်ပေးနိုင်ပြီး အမြုတေ၏အရည်အသွေးကို မြှင့်တင်ရန်အတွက် အကောင်းဆုံး ရွေးချယ်စရာများထဲတွင် ပါဝင်နေလေ၏။

တစ်လုံးတည်းဖြင့်ပင် ဤနေရာရှိ အစောပိုင်းအဆင့် ရွှေအမြုတေ ကျင့်ကြံသူများစွာမှာ သူတို့၏ အမြုတေများကို အဆင့်မြှင့်တင်နိုင်ပြီး ကျင့်ကြံဆင့်တစ်ခု တက်လှမ်းရန် အခွင့်အလမ်းများစွာ ရရှိသွားမည်ပင်။

ထိုသို့ဖြင့် ခန်းမတွင်းရှိ လေထုမှာ အပြင်းအထန်ကို ပူပြင်းလာတော့၏။

ရွှေအမြုတေအဆင့် ကျွမ်းကျင်သူများစွာမှာ ယခုအခါ၌ ပြင်းထန်သော ဆုံးဖြတ်ချက်များ ချထားသည့် မျက်နှာအမူအရာများ ဖြစ်ပေါ်နေကြလေသည်။

ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးများမှာ အမြဲတမ်း ရှားပါးလှပြီး ဝယ်လိုအားလည်း မြင့်မားလှပေသည်။

များသောအားဖြင့် ဆေးဆရာကြီးတစ်ဦးက လိုအပ်သော ပါဝင်ပစ္စည်းများကို စုဆောင်းပြီးသည်နှင့်တစ်ပြိုင်နက် ဆေးလုံးများကို မဖော်စပ်ရသေးမီကပင် ကြိုတင်မှာယူမှုများ ရှိနေတတ်ပါ၏။

အများပြည်သူထံသို့ ချပြရောင်းချခြင်းမှာ အလွန်ကိုမှ ရှားပါးလှသော ကိစ္စရပ်တစ်ခုပင်။

ယခုအခါတွင် ဆယ်လုံးတိတိကို တစ်ပြိုင်နက်တည်း လေလံတင်နေသည်ဖြစ်ရာ ရွှေအမြုတေ ကျင့်ကြံသူများအနေဖြင့် မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

"ကောင်းပါပြီ။ ဒီဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးက ဘယ်လောက်ထိတန်ဖိုးရှိလဲဆိုတာကို အားလုံး သိပြီးသားဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် ကျုပ်လည်း ဘာမှထပ်မပြောတော့ပါဘူး။ ပထမဆုံး ဆေးလုံးအတွက် လေလံကြေးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ စလိုက်ပါ့မယ်။ တစ်ကြိမ်တိုးတိုင်း တစ်ရာထက် မနည်းရပါဘူး"

ပရိသတ်များ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသော စိတ်အားထက်သန်မှုများကို မြင်တွေ့လိုက်ရချိန်တွင် ဆရာတော်ကျန်းပေါင်က သူတို့ကို ထပ်မံစနောက်မနေတော့ဘဲ လေလံပွဲကို တိုက်ရိုက် စတင်လိုက်တော့၏။

အံ့ဩစရာကောင်းသည်မှာ ကြမ်းခင်းဈေးမှာ မြင့်မားခြင်းမရှိဘဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်သာ ဖြစ်နေခြင်းပင်။

သို့သော် ထိုအခြေအနေမှာ ကြာကြာမခံလိုက်ပေ။ မကြာမီမှာပင် တစ်စုံတစ်ယောက်က ဈေးမြှင့်ခေါ်လိုက်တော့သည်။

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင့်ငါးရာ"

"နှစ်ထောင်"

"နှစ်ထောင့်ငါးရာ"

"သုံးထောင့်ငါးရာ"

"လေးထောင်"

…

"တစ်သောင်း"

လေလံဈေးမှာ လျင်မြန်စွာပင် တက်သွားလေ၏။ အသက်ဆယ်ရှိုက်စာမပြည့်မီမှာတင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းအထိ ရောက်ရှိသွားတော့သည်။

ထိုဈေးနှုန်းကို ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

လူတိုင်းက ဈေးခေါ်သူထံသို့ လှည့်ကြည့်လိုက်ကြလေသည်။

သူသည် ဆံပင်ဖြူများနှင့်အတူ မျက်နှာပေါ်တွင် တွဲကျနေသောအရေးအကြောင်းများရှိသည့် သက်ကြီးရွယ်အိုတစ်ဦး ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်မှပင် ဆွေးမြည့်ပျက်စီးခြင်း အငွေ့အသက်များ ခပ်ရေးရေး ထွက်ပေါ်နေတော့သည်။

ရွှေအမြုတေအဆင့်တွင် ရှိနေသေးသော်လည်း သေခြင်းတရား၏အစွန်းတွင် ရပ်တည်နေသူတစ်ဦးနှင့် တူနေလေ၏။

လူအုပ်ကြီးက ချက်ချင်းပင် နားလည်သွားကြတော့သည်။ ဤသူမှာ ဘဝ၏ အနှစ်သာရများ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး သေမင်းတံခါးဝတွင် ရပ်နေရသော ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးပင်။

တစ်သောင်းဟု ဈေးခေါ်လိုက်ပြီးနောက် အဘိုးအို၏ မျက်နှာမှာ ဖြူရော်သွားကာ သူ၏ ခန္ဓာကိုယ်မှာလည်း တုန်ယင်နေလေ၏။

လူတိုင်းက သူ့ကို ဝိုင်းကြည့်နေချိန်တွင် သူက တောင်းပန်တိုးလျှိုးသည့် မျက်နှာအမူအရာကို ပြသလာတော့သည်။

"တာအိုမိတ်ဆွေတို့... ကျုပ်ကို သနားညှာတာပေးကြပါ။ ကျေးဇူးပြုပြီး ဒီအဘိုးကြီးကို အဲ့ဒီဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးလေး ယူခွင့်ပေးကြပါ။ ကျုပ်မှာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ပါဘူး... ဒါက ကျုပ်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ"

သူ၏ ရင်ထဲမှလာသော တောင်းပန်စကားများကို ကြားလိုက်ရချိန်တွင် ခန်းမတွင်းရှိ လူအများစုမှာ စိတ်ထိခိုက်သွားကြလေ၏။ ဈေးအသစ်ခေါ်ရန် အသင့်ဖြစ်နေသူများပင် ယခုအခါ၌ ပါးစပ်ကို ပိတ်ထားလိုက်ကြတော့သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဆေးလုံးဆယ်လုံးအနက် ပထမဆုံးတစ်လုံးသာပင်။ ယှဉ်ပြိုင်ရန်အတွက် နောက်ထပ် ဆေးလုံးများစွာ ကျန်ရှိနေသေးပါ၏။ အဘိုးအိုကို တစ်လုံးပေးလိုက်ရုံဖြင့် ဘာမှနစ်နာသွားမည် မဟုတ်ပေ။

စင်မြင့်ပေါ်ရှိ ဆရာတော်ကျန်းပေါင်ပင်လျှင် သက်ပြင်းတစ်ချက်ချလိုက်လေသည်။

သို့သော် သူသည် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်လုပ်ဆောင်ရမည်သာ။ "အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း... ဒီ့ထက်ပိုပြီး ပေးချင်တဲ့ တာအိုမိတ်ဆွေများ ရှိပါသေးသလား"

ချက်ချင်းဆိုသလို တုံ့ပြန်မှု မရှိသည်ကို မြင်လိုက်ရချိန်တွင် အဘိုးအို၏ မျက်နှာပေါ်၌ ဝမ်းသာပျော်ရွှင်မှုများ ပေါ်ထွက်လာတော့သည်။

ဆရာတော်ကျန်းပေါင်က ရလဒ်ကို ကြေညာရန် ပြင်လိုက်စဉ်မှာပင် ကျယ်လောင်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာလေ၏။

"နေဦး... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းတစ်ထောင်"

ခန်းမကြီးတစ်ခုလုံး အေးခဲသွားတော့သည်။ ဆရာတော်ကျန်းပေါင်ပင်လျှင် စကားပြောလက်စ တန့်သွားရလေ၏။

လူတိုင်းက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြပြီး စကားပြောလိုက်သူမှာ ကျောဘက်တွင် ဓားရှည်တစ်လက်ကို လွယ်ထားသည့် ကိုယ်လုံးကိုယ်ထည်တောင့်တင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေကြောင်း မြင်တွေ့လိုက်ရတော့၏။

တစ်ပိုင်းတစ်စသာ ဖုံးကွယ်ထားသော သားရေဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ ကျယ်ပြန့်သော ကိုယ်ကာယဖြင့် ထိုလူသည် ကျားတစ်ကောင်၏ခန္ဓာကိုယ်တည်ဆောက်ပုံနှင့်အတူ ဝက်ဝံတစ်ကောင်၏အငွေ့အသက်ကိုပါ ပိုင်ဆိုင်ထားလေ၏။ ထို့ပြင် သူ၏သွေးစွမ်းအင်များမှာလည်း အရိုင်းဆန်စွာဖြင့် ဆူပွက်နေခဲ့သည်။

ပို၍ အရေးကြီးသည်မှာ သူ၏အငွေ့အသက်များက ရွှေအမြုတေအဆင့်၏ အလယ်အလတ်အဆင့်သို့ သိသာစွာ ရောက်ရှိနေခြင်းပင်။

လူအုပ်ကြီး၏ အကြည့်အောက်တွင်လည်းကောင်း၊ အဘိုးအို၏ စိတ်ပျက်အားငယ်နေသော အကြည့်အောက်တွင်လည်းကောင်း ဤလူက စိတ်မရှည်စွာဖြင့် ဟစ်အော်လိုက်လေ၏။

"ဘာတွေ ဝိုင်းကြည့်နေကြတာလဲ။ အဘိုးကြီး... ခင်ဗျား သေနေ့စေ့နေပြီဆိုရင်လည်း သေလိုက်တော့လေ"

"ဒီဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးကို သောက်လိုက်ရင်တောင် ခင်ဗျားအတွက် ဘာအကျိုးရှိမှာမလို့လဲ"

"ခင်ဗျား စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်ကို ရောက်သွားနိုင်တယ်ဆိုတာတော့ သေချာတယ်။ ဒါပေမဲ့ အဲဒါက နောက်ထပ် နှစ်တစ်ရာလောက်ပဲ အသက်ပိုရှည်မှာလေ"

"အဲဒီအချိန်ကျရင်လည်း သေရမှာပဲ မဟုတ်ဘူးလား"

"ဒါက ခင်ဗျားရဲ့ ကံကြမ္မာပဲဆိုတော့ အဲ့လိုတန်ဖိုးကြီးတဲ့ ဆေးလုံးတစ်လုံးကို အလဟဿ မဖြုန်းတီးပါနဲ့။ စောစောလေး သေလိုက်တာကပဲ ပိုကောင်းတယ်မဟုတ်ဘူးလား"

"တာအိုမိတ်ဆွေ...မင်းက ရွှေအမြုတေအဆင့်ရဲ့ အလယ်အလတ်အဆင့်ကို ရောက်နေပြီပဲ။ ဒီဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးက မင်းအတွက် ဘာမှ အထောက်အကူမပြုနိုင်ပါဘူး။ ဘာလို့များ ဒီအဘိုးကြီး အသက်ရှင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ကို လုယူရက်ရတာလဲကွာ"

အဘိုးအိုက တောင်းပန်လိုက်လေ၏။

သို့သော် ကိုယ်လုံးကိုယ်ထည်တောင့်တင်းသော ထိုလူက အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပေ။ "ဘာလဲ...ကျုပ်က ကျုပ်မျိုးနွယ်စုထဲက လူတစ်ယောက်အတွက်တောင် ဝယ်ပေးလို့ မရဘူးလား။ အဘိုးကြီး... ခင်ဗျား လက်မလျှော့ဘူးဆိုရင်လည်း ဈေးပိုပေးလိုက်ပေါ့။ မဟုတ်ရင်တော့ ဒီဆေးလုံးက ကျုပ်ဟာပဲ"

အဘိုးအို၏ခန္ဓာကိုယ်ကြီးမှာ တောင့်တင်းသွားကာ သူ၏မျက်နှာမှာလည်း မျှော်လင့်ချက်မဲ့ခြင်းများကြားသို့ နစ်မြုပ်သွားရတော့သည်။

………

အခန်း ၅၇၆ - အင်အားကြီးအဖွဲ့အစည်းများ၏ သယံဇာတလက်ဝါးကြီးအုပ်မှုနှင့် နှလုံးသားကို ညှို့ယူဖမ်းစားနိုင်သော ရတနာပစ္စည်း

နောက်ဆုံးတွင်တော့ အဘိုးအိုသည် ပထမဆုံး ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးအတွက် လေလံဆွဲရာတွင် ရှုံးနိမ့်သွားခဲ့လေ၏။

နှစ်ကာလများစွာကြာအောင် သူ၏စုဆောင်းထားသမျှကို သက်တမ်းရှည်စေမည့်အရာများ နောက်သို့လိုက်ရင်း အကုန်အကျခံခဲ့ပြီးပြီ ဖြစ်သည်။ သူ၏လက်ကျန် ဝိညာဉ်ကျောက်တုံးများကလည်း အစကတည်းက အလွန်နည်းပါးနေခဲ့ချေပြီပင်။ ထိုလူထွားကြီးကလည်း နောက်ဆုတ်မည့်အရိပ်အယောင် လုံးဝမပြသည်မို့ သူ့အနေဖြင့် မည်သို့မှ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။

ထို့ကြောင့် သူတတ်နိုင်သည့်စျေးထက် များစွာကျော်လွန်သွားသည်အထိ ထိုလူထွားကြီးက ပထမဆုံး ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံး၏ စျေးနှုန်းကို ဆွဲတင်သွားသည်ကို သူ့ခင်မျာ အကူအညီမဲ့စွာဖြင့်သာ ရပ်ကြည့်နေနိုင်တော့လေသည်။

"ဒီ့ထက်စျေးပိုပေးချင်တဲ့သူများ ရှိသေးလား။ မရှိတော့ဘူးဆိုရင်တော့ ဒီပထမဆုံး ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးကို ဒီတာအိုမိတ်ဆွေက ရသွားပါပြီ"

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ထိုလူထွားကြီးသည် အဘိုးအိုကို တမင်သက်သက် ရည်ရွယ်နေမှန်း သိသာလွန်းလှပြီး သူပေးသွားသည့် နောက်ဆုံးစျေးနှုန်းမှာ လူအများမျှော်လင့်ထားသည်ထက်ပင် အတော်လေးကို ကျော်လွန်နေခဲ့လေသည်။ ဤကိစ္စအတွက်နှင့် သူတို့အနေဖြင့် တခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်စရာအကြောင်း မရှိပါချေ။

မည်သူမျှ စျေးထပ်မပေးတော့သည်ကို မြင်သောအခါ ဆရာတော်ကျန်းပေါင်က မသိမသာသက်ပြင်းချလိုက်တော့သည်။ ထို့နောက်၌ သစ်သားတူကို နောက်ဆုံးတစ်ချက်ခေါက်လိုက်ကာ ကြေညာလိုက်လေ၏။

"ဒါဆိုရင်တော့ ဒီပထမဆုံး ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးကို နံပါတ် (၁၈၇) တာအိုမိတ်ဆွေက ရသွားပါပြီ"

ဤစကားကို ကြားလိုက်ရချိန်တွင် အဘိုးအို၏မျက်ဝန်းများထဲ၌ မျှော်လင့်ချက်မဲ့သွားသော အရိပ်အယောင်များက ချက်ချင်းပင် နေရာယူသွားတော့၏။ ပထမဆုံးဆေးလုံးကိုမှ သူအနိုင်မရခဲ့လျှင် ကျန်ရှိနေသေးသော ဆေးလုံးကိုးလုံးအတွက် မျှော်လင့်ချက်က ပို၍ပင် နည်းပါးသွားပြီဖြစ်ကြောင်း သူကောင်းကောင်းကြီး နားလည်ထားသည်။ ခန်းမထဲရှိ အခြားသူများက သူ့ကို ပထမဆုံးဆေးလုံးအတွက် ယှဉ်ပြိုင်ခွင့်ပြုလိုက်ခြင်းကပင် မျက်နှာသာပေးလိုက်ခြင်း ဖြစ်သည်။ ကျန်ရှိနေသည့် လေလံပွဲများတွင်တော့ ထိုကဲ့သို့ ယဉ်ကျေးပျူငှာမှုမျိုး ရှိလာမည်မဟုတ်တော့ချေ။

ထင်ထားသည့်အတိုင်းပင် ကျန်ရှိနေသော ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံး ကိုးလုံးအတွက် ပြိုင်ဆိုင်မှုက အလွန်အမင်းကိုမှ ပြင်းထန်လာခဲ့လေတော့သည်။ ဆေးလုံးတစ်လုံးစီသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်အထိ အလျင်အမြန် စျေးတက်သွားခဲ့ရာ အဘိုးအို၏ အကြည့်များက ပိုပိုပြီးတော့တောင် စိတ်ပျက်အားငယ်လာတော့၏။ ဤမြင်ကွင်းကြောင့် လေ့လာစောင့်ကြည့်နေသူ အများအပြားမှာလည်း ဆွံ့အငြိမ်သက်သွားခဲ့ကြရသည်။

"ဟိုမှာ ကြည့်လိုက်စမ်း။ အဲ့ဒါ လမ်းစဉ်မဲ့ကျင့်ကြံသူတွေရဲ့ဒုက္ခပဲ"

မြေကမ္ဘာအဆင့် အခန်းတစ်ခန်းအတွင်း၌ အာဏာစက်အပြည့်ရှိသော ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူ့အနောက်ရှိ တပည့်များကို သွန်သင်ဆုံးမနေလေ၏။

"ဒီလမ်းစဉ်မဲ့ကျင့်ကြံသူတွေက အခြေခံလည်း အားနည်းတဲ့အပြင်ကိုမှ လုံလောက်တဲ့စုဆောင်းမှုလည်းမရှိကြတော့ အလားအလာအနည်းဆုံးဖြစ်တဲ့ အဆင့်အနိမ့်ဆုံး ရွှေအမြုတေတွေကိုပဲ ဖွဲ့စည်းနိုင်ကြတယ်လေ။ သူတို့တွေက ရွှေအမြုတေအဆင့်ကို လှမ်းတက်နိုင်ခဲ့တယ်ဆိုပေမဲ့ သူတို့ရဲ့ကျင့်ကြံဆင့် တိုးတက်လာဖို့အတွက် အမြုတေတွေကို သန့်စင်ဖို့ ကြိုးစားရုန်းကန်ရတော့တာပဲ။ တစ်ခဏလေးတောင် အနားမရနိုင်ကြဘူးလေ။ ခြေလှမ်းတစ်လှမ်းမှားလိုက်တာနဲ့ သူတို့ရဲ့ ရွှေအမြုတေက အဆင့်မတက်ခင်မှာတင် သက်တမ်းကုန်ဆုံးသွားလိမ့်မယ်။ ဒါကြောင့် မင်းတို့ရဲ့ကျင့်ကြံမှုမှာ ဘယ်တော့မှ အလျင်စလို မလုပ်ကြနဲ့။ မင်းတို့ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင်တည်ဆောက်ပြီးတော့ အမွေအနှစ်တွေကို စုဆောင်းရမယ်။ ဒါမှပဲ ရွှေအမြုတေ အတိဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါကျ နက်ရှိုင်းတဲ့အခြေခံတွေအပေါ် မှီခိုပြီးတော့ အလယ်အလတ်အဆင့် ဒါမှမဟုတ် အထက်တန်းအဆင့် ရွှေအမြုတေတစ်ခုကို တစ်ဟုန်ထိုး ဖွဲ့စည်းနိုင်မှာပေါ့။ အဲ့လိုမဟုတ်ဘဲ အငယ်တန်းအဆင့် အမြုတေတစ်ခုကိုပဲ ဖွဲ့စည်းနိုင်ခဲ့မယ်ဆိုရင်တော့... မင်းတို့ရဲ့အနာဂတ်က အောက်က အဘိုးအိုလိုမျိုးဖြစ်သွားလိမ့်မယ်"

သူ့နောက်တွင် ရပ်နေကြသော တပည့်များက ဆံပင်ဖြူဖြူနှင့် မျှော်လင့်ချက်မဲ့နေသော မျက်နှာထားရှိသည့် အဘိုးအိုကို ငုံ့ကြည့်ရင်း မရည်ရွယ်ဘဲ တုန်လှုပ်သွားကြသည်။ ထို့နောက်၌ သူတို့အားလုံးက တစ်ပြိုင်နက်တည်း လေးစားစွာဖြင့် ပြန်ဖြေလိုက်ကြ၏။ "ဆရာ့ရဲ့ သွန်သင်ချက်တွေကို မှတ်သားထားပါ့မယ်"

"ဒီလမ်းစဉ်မဲ့ကျင့်ကြံသူတွေ ရုန်းကန်နေရတာကို ကြည့်ရင်းနဲ့မှ... ဂိုဏ်းတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရတာ ဘယ်လောက်ကံကောင်းလဲဆိုတာ ငါတို့သဘောပေါက်လာတော့တယ်။ အဲ့ဒီတုန်းကသာ ငါတို့တွေ ဂိုဏ်းထဲမဝင်ခဲ့ဘူးဆိုရင် ငါတို့ကိုယ်တိုင်လည်း အောက်ကလူတွေလိုပဲ သာမန် ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးတစ်လုံးအတွက် တစ်သက်တာစုဆောင်းထားသမျှကို အချည်းနှီးဖြုန်းတီးနေရမှာ ကျိန်းသေပေါက်ပဲ"

ကောင်းကင်အဆင့် သတ်မှတ်ထားသော အခန်းတစ်ခန်းအတွင်းမှ အခြားအသံတစ်ခုကလည်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

"အစ်ကိုဟုန်ကတော့ ကိုယ့်ကိုကိုယ် အထင်သေးလွန်းနေပါပြီ။ နေနဲ့လလို တောက်ပနေတဲ့ အစ်ကို့ရဲ့ ပါရမီနဲ့ဆိုရင် အောက်က သာမန်ကျင့်ကြံသူတွေက အစ်ကိုနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ"

သူ့ဘေးမှ လူက ခေါင်းယမ်းလိုက်လေ၏။

"ဂိုဏ်းရဲ့ ပြုစုပျိုးထောင်မှု မပါဘူးဆိုရင်တောင် အစ်ကို့ရဲ့ အရည်အချင်းနဲ့ဆို ကျင့်စဉ်တွေကိုသာ လက်လှမ်းမီမယ်ဆိုရင် ကောင်းကင်ယံအထိ ပျံသန်းနိုင်နေပြီပေါ့။ အထက်တန်းအဆင့် ရွှေအမြုတေတစ်ခုကို ဖွဲ့စည်းဖို့ဆိုတာ ထမင်းစားရေသောက်သလောက်ပဲ ရှိမှာ ဘာမှအခက်တွေ့စရာအကြောင်းမရှိဘူးလေ။ အငယ်တန်းအဆင့် အမြုတေကိုပဲ ဖွဲ့စည်းနိုင်တဲ့သူတွေက အစ်ကို့ရဲ့ အလားအလာ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

"ညီလေးရှဲ့ကတော့ မြှောက်ပြောနေပြန်ပါပြီ။ ဂိုဏ်းရဲ့ ထောက်ပံ့မှုမပါဘဲနဲ့တော့ ဒီကနေ့ ငါ ရထားတဲ့ အဆင့်အတန်းမျိုးကို ဘယ်တော့မှ ရောက်နိုင်မှာမဟုတ်ဘူးလေ"

"ဟားဟား။ အစ်ကိုဟုန်က ရွှမ်ကျိုးရဲ့ နံပါတ်တစ် ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရတာလေ။ ဘယ်လိုလုပ် ဒီလောက်ထိတောင် နှိမ့်ချနိုင်ရတာလဲ"

"အဲ့ဒီပါရမီရှင်ဆိုတဲ့ အမည်နာမက ပြင်ပကလူတွေရဲ့ ချီးကျူးစကားသက်သက်ပါ။ ညီလေးရှဲ့က ဖန်ချွန်းဂိုဏ်းရဲ့ ထိပ်တန်း အဓိကတပည့်တစ်ယောက်လေ။ အဲ့ဒါမှ ကိုယ့်ခွန်ကိုယ့်အားနဲ့ ဖန်တီးထားတဲ့ စစ်မှန်တဲ့ အောင်မြင်မှုစစ်စစ်ပေါ့"

ထိုသူနှစ်ဦးသည် အချင်းချင်း ချီးမွမ်းစကားများ ဖလှယ်နေကြပြီး သူတို့၏အနောက်တွင်တော့ အားနည်းသည့်အငွေ့အသက် လုံးဝမရှိသော လူငယ် အမျိုးသား၊အမျိုးသမီးတစ်စုက သူတို့နှစ်ဦးကို လေးစားအားကျသည့်အကြည့်များဖြင့် ငေးကြည့်နေကြလေ၏။

…

"အဘိုး... အဘိုးရဲ့ဆေးလုံးတွေက ဒီလောက်တောင် နာမည်ကြီးမှန်း သမီးမသိခဲ့ဘူး"

အခြား မြေကမ္ဘာအဆင့် အခန်းတစ်ခန်းအတွင်း၌ ကောင်မလေးတစ်ဦးက သူမဘေးရှိ အဘိုးအိုကို အံ့သြတကြီး ပြောလိုက်သည်။ ထိုအဘိုးအိုသည် ဖြူဝင်းကျန်းမာသော မျက်နှာထားရှိကာ လေထဲတွင် လွင့်မျောနေသည့် ဖြူလွှလွှဝတ်ရုံများကို ဝတ်ဆင်ထားပြီး မသေမျိုးတစ်ဦး၏ အငွေ့အသက်များကို သယ်ဆောင်ထားလေ၏။

"ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးက အမြင့်ဆုံးအဆင့်တော့ မဟုတ်ပေမဲ့လည်း ရွှေအမြုတေတစ်ခုကို သန့်စင်ပေးနိုင်စွမ်းတော့ ရှိတယ်လေ။ ရွှေအမြုတေအဆင့်မှာရှိတဲ့ လမ်းစဉ်မဲ့ကျင့်ကြံသူတွေအတွက်တော့ သူတို့ရဲ့လမ်းခရီးကို ရှည်ကြာစေဖို့ အသက်ကယ်ဆေးတစ်ခွက်ပဲလေ။ သူတို့ တန်ဖိုးထားတာ သဘာဝကျပါတယ်"

ဝတ်ရုံဖြူနှင့်အဘိုးအိုက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

"ကံဆိုးတာက ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးကို ဖော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတချို့ကို အင်အားကြီးအဖွဲ့အစည်းတွေက လက်ဝါးကြီးအုပ်ထားကြတယ်လေ။ အဘိုး ဖော်စပ်နိုင်ရင်တောင်မှ ဆန်မရှိဘဲနဲ့တော့ ထမင်းချက်လို့ မရဘူးလေ။ အဲ့လိုသာမဟုတ်ရင် ဒီနေ့ လေလံပွဲကို ဒီ့ထက်ပိုပြီးတော့တောင် အဘိုး ယူလာနိုင်မှာ။ အဲ့လိုသာဆို ဟိုအဘိုးကြီးလည်း အခုလောက် မျှော်လင့်ချက်မဲ့နေမှာ မဟုတ်တော့ဘူးပေါ့"

"ဟုတ်တယ်နော်၊ အဲ့ဒီအဘိုးကြီး ကြည့်ရတာ တကယ်သနားစရာကောင်းတယ်" ကောင်မလေးက သနားကြင်နာသည့်လေသံဖြင့် ပြောလိုက်သည်။ "အဘိုး... ကျွန်မတို့ သူ့ကို အဘိုးရဲ့ဆေးလုံးတစ်လုံးလောက် ပေးလိုက်လို့ရမလားဟင်"

"အဲ့ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး" ဝတ်ရုံဖြူနှင့်အဘိုးအိုက ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။ "ရှောင်လင်း... ဒါကို မှတ်ထား၊ လူတွေရဲ့စိတ်နှလုံးက ကောက်ကျစ်စဉ်းလဲနိုင်တယ်။ ဆေးပညာရှင်တစ်ယောက်အနေနဲ့ သနားကြင်နာစိတ် ရှိကောင်းရှိနိုင်ပေမဲ့ အပေါ်ယံအသွင်အပြင်တွေအောက်မှာ ဘယ်တော့မှ အရူးလုပ်မခံနဲ့၊ မျက်ကန်းသဘောမျိုးနဲ့လည်း မကူညီလိုက်နဲ့။ အဲ့ဒီအဘိုးကြီးက အခုအချိန်မှာတော့ သနားစရာကောင်းနေပေမဲ့ သူ့ရဲ့အတိတ်အကြောင်းကိုတော့ မင်း ဘာမှမသိထားဘူးလေ။ သူက အကူအညီနဲ့ ထိုက်တန်တယ်ဆိုတာ မင်း ဘယ်လိုလုပ်ပြီး တပ်အပ်ပြောနိုင်မှာလဲ"

"သမီး... သမီးလည်း သေချာမသိဘူး..." ကောင်မလေးမှာ ခေတ္တမျှ စကားဆွံ့အသွားခဲ့လေ၏။

"ဒါကြောင့် မင်း သေချာနားမလည်တဲ့သူတွေကို အကူအညီမပေးနဲ့။ အဲ့လိုမှမဟုတ်ရင် သူတို့ကို တကယ်ကူညီရာမရောက်တဲ့အပြင် မကောင်းဆိုးဝါးတွေကိုပါ ကူညီမိသလို ဖြစ်သွားနိုင်တယ်။ ရှောင်လင်း၊ ဒါကို သေချာမှတ်ထားရမယ်နော်" ဝတ်ရုံဖြူနှင့်အဘိုးအိုက ပြုံးကာ လေးနက်စွာ ဆိုလေ၏။

"နားလည်ပါပြီ အဘိုး"

ကောင်မလေးမှာ အနည်းငယ် ရှုပ်ထွေးနေဆဲဖြစ်သော်လည်း သူမအဘိုး၏ အကြံပေးချက်က ဘယ်သောအခါမှ လမ်းမှားသို့ ပို့ဆောင်မည်မဟုတ်ကြောင်း သူမ သိထားလေသည်။

"ရွှေအမြုတေကို သန့်စင်ပေးနိုင်တဲ့ ဆေးလုံးတစ်လုံးက... တကယ်ပဲ ဒီလောက်ထိတောင် တန်ဖိုးကြီးတာလား"

မြေကမ္ဘာအဆင့် အခန်း (၁၉)တွင် လုချင်းက အောက်ဘက်ရှိ အရူးအမူး လေလံဆွဲနေမှုများကို ငေးကြည့်ရင်း အံ့ဩမှင်သက်နေခဲ့သည်။

"ဒါပေါ့ဗျာ" တာအိုဆရာဝူပေါင်က ပြုံးလျက် ပြန်ဖြေလာခဲ့၏။ "ထျန်းယွမ်ကမ္ဘာလောကကြီးမှာ ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတော့ ကျင့်ကြံခြင်းလမ်းစဉ်ကလည်း နေရာအနှံ့မှာ ရှိတယ်လေ။ တစ်ယောက်ယောက်ရဲ့ အရည်အချင်းက သိပ်မဆိုးရွားဘဲ ကံကြမ္မာကလည်း သိပ်မညံ့ဘူးဆိုရင် ရွှေအမြုတေအဆင့်ကို ရောက်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိတာပေါ့။ ဒါပေမဲ့ ရွှေအမြုတေကျင့်ကြံသူ အများစုက သာမန်အတိဒုက္ခတွေကိုပဲ ကျော်ဖြတ်နိုင်ကြတော့ နောက်ဆုံးကျ အငယ်တန်းအဆင့် အမြုတေတွေကိုပဲ ဖွဲ့စည်းနိုင်ကြတယ်လေ။ ဒါကြောင့် သူတို့ရဲ့ ရွှေအမြုတေတွေကို သန့်စင်ပေးနိုင်တဲ့ ဆေးလုံးတွေအတွက် ဝယ်လိုအားက တော်တော်လေးကို ကြီးမားနေတာ သဘာဝပါပဲ။"

"ဒါပေမဲ့ ရွှေအမြုတေတွေကို သန့်စင်ဖို့အတွက် အကောင်းဆုံးဆေးလုံးတွေက အင်အားကြီးအဖွဲ့အစည်းတွေ အမြဲတမ်း လက်ဝါးကြီးအုပ်ထားတဲ့ အဓိကပါဝင်ပစ္စည်းတချို့ကို လိုတယ်လို့တော့ ကျွန်တော် ကြားဖူးတယ်။ ဥပမာအနေနဲ့ ဒီဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးကိုပဲ ကြည့်လိုက်။ သူ့ရဲ့ အဓိကပါဝင်ပစ္စည်းတွေထဲက တစ်ခုက ဝိညာဉ်စမ်းရေတွင်းကနေ ထွက်ပေါ်လာတဲ့ ကြည်လင်နက်ပြာ ဝိညာဉ်အရည်လို့ခေါ်တဲ့ ဝိညာဉ်အရည်တစ်မျိုးပဲ။ အဲ့ဒီစမ်းရေတွင်းကို ထိပ်တန်း မျိုးနွယ်စု ၃၆ခုထဲက တစ်ခုဖြစ်တဲ့ ချင်းလင်းမျိုးနွယ်စုက ထိန်းချုပ်ထားတာလေ။ နှစ်စဉ် ကမ္ဘာလောကကြီးထဲကို ကြည်လင်နက်ပြာ ဝိညာဉ်အရည် နည်းနည်းလောက်ပဲ ထုတ်ပေးတယ်။ အဲ့ဒါကြောင့် ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးက သိပ်ပြီးအဆင့်မမြင့်ဘူးဆိုတာတောင် တော်တော်လေးကိုမှ ရှားနေတုန်းပဲလေ။ အခု အဲ့ဒီဆေးကို ရနိုင်တယ်ဆိုမှတော့ အဆင့်နိမ့် ရွှေအမြုတေကျင့်ကြံသူတွေအားလုံးကလည်း အဲ့ဒီအတွက် အရူးအမူးဖြစ်နေကြတာပေါ့..."

"ဪ... ဒါကြောင့်ကိုး။ တိုးတက်ဖို့လမ်းကြောင်းကို အင်အားကြီးအဖွဲ့အစည်းတွေက ပိတ်ဆို့ထားကြတာပဲ"

လုချင်း ရုတ်တရက် နားလည်သွားတော့သည်။ အမှန်တကယ်ပင် သယံဇာတလက်ဝါးကြီးအုပ်မှုဟူသည် မည်သည့်ကမ္ဘာတွင်ရှိနေပါစေ အတူတူပင် ဖြစ်၏။ ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝပြီး ဆန်းကြယ်သောပစ္စည်းများ နေရာအနှံ့ရှိနေသည့် ဤထျန်းယွမ်ကမ္ဘာလောကကြီးတွင်ပင် ထိုသို့သောကိစ္စများ ရှိနေပေသည်။

ဤအကြောင်းကြောင့်ပင် လမ်းစဉ်မဲ့ကျင့်ကြံသူ အရေအတွက်မှာ အဆမတန် များပြားလာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဤလမ်းစဉ်မဲ့ကျင့်ကြံသူများအားလုံးကိုသာ နက်ရှိုင်းသော ကျင့်ကြံမှုနယ်ပယ်များသို့ ရောက်ရှိခွင့်ပြုလိုက်မည်ဆိုပါက ဂိုဏ်းများနှင့် အထက်တန်းလွှာမျိုးနွယ်စုများကို ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေမည်မှာ ကျိန်းသေပေါက်ပဲပင်။ ၎င်းက ထျန်းယွမ်ကမ္ဘာလောကကြီးရှိ သူတို့၏ရပ်တည်မှုကိုပင် ခြိမ်းခြောက်လာနိုင်ပေသည်။ သဘာဝကျကျပင် သူတို့က ဤသို့သောအရာမျိုး ဖြစ်လာမည်ကို ဘယ်သောအခါမှ ခွင့်ပြုမည်မဟုတ်။ ထို့ကြောင့် လမ်းစဉ်မဲ့ကျင့်ကြံသူများ၏ တိုးတက်မှုကို ဖိနှိပ်ထားရမည်သာ။ ပြီးတော့ ဤကိစ္စကို အောင်မြင်ရန်မှာလည်း အထူးတလည် ခက်ခဲလှသည်တော့ မဟုတ်ပါချေ။

လမ်းစဉ်မဲ့ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်း၏ အစောပိုင်းအဆင့်များသည် အလွန်အမင်း ခက်ခဲလှသည်မဟုတ်ပေ။ သို့သော် သူတို့ အခြေတည်အဆင့်သို့ ရောက်ရှိသွားသည်နှင့် ကြီးမားသော အတားအဆီးတစ်ခုက သူတို့ကို စောင့်ကြိုနေလေပြီပင်။ ၎င်းမှာ ရွှေအမြုတေ အတိဒုက္ခပင် ဖြစ်၏။ သူတို့၏ အခြေခံအုတ်မြစ်အားနည်းမှုနှင့် အမွေအနှစ်မရှိမှုတို့ကြောင့် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းပါရမီသည် အလွန်အမင်း ထူးချွန်နေခြင်းမရှိပါက ရွှေအမြုတေ အတိဒုက္ခကို ကျော်ဖြတ်နိုင်လျှင်ပင် လမ်းစဉ်မဲ့ကျင့်ကြံသူအများစုသည် နောက်ဆုံး၌ အငယ်တန်းအဆင့် ရွှေအမြုတေတစ်ခုကိုသာ ဖွဲ့စည်းနိုင်ကြပေလိမ့်မည်။

အငယ်တန်းအဆင့် ရွှေအမြုတေများတွင် အလားအလာ ကန့်သတ်ချက်များရှိပြီး အလွန်ဆုံး တတိယအကြိမ် အသွင်ပြောင်းခြင်းအဆင့်အထိသာ ကျင့်ကြံနိုင်ပေသည်။ ထို့ထက်ပို၍ သွားလိုပါက သူတို့သည် ၎င်းတို့၏ ရွှေအမြုတေကို သန့်စင်ပေးပြီး အရည်အသွေးကို မြှင့်တင်ပေးရမည်ပင်။ ဤအဆင့်သည် ဂိုဏ်းများနှင့် မျိုးနွယ်စုများအတွက် စွမ်းအားကြီးမားသော လမ်းစဉ်မဲ့ကျင့်ကြံသူများ ပေါ်ထွက်လာမှုကို ကန့်သတ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

ရွှေအမြုတေများကို သန့်စင်ပေးသည့် ဆေးလုံးများ ထောက်ပံ့မှုကို သူတို့ ထိန်းချုပ်ထားသရွေ့တော့ လမ်းစဉ်မဲ့ကျင့်ကြံသူတစ်ဦး သန္ဓေသားဝိညာဉ်အဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးမှာလည်း သိသိသာသာကိုပင် ကျဆင်းသွားပေလိမ့်မည်။ ဤနည်းအားဖြင့် သူတို့၏ အဆင့်အတန်းသည်လည်း လုံခြုံနေမည်ပင်။

"ထင်တဲ့အတိုင်းပဲ၊ ပြည်တွင်းရေးပဋိပက္ခဆိုတာက လူသားမျိုးနွယ်တွေ အကျွမ်းကျင်ဆုံးအရာပဲ" လုချင်းက ခေါင်းယမ်းကာ ရေရွတ်လိုက်သည်။

သူသိထားသလောက်ဆိုလျှင် ထျန်းယွမ်ကမ္ဘာလောကကြီးရှိ လူသားများသည် မိစ္ဆာမျိုးနွယ်ဟူသော ပြင်ပမှ ခြိမ်းခြောက်မှုကြီးတစ်ခုနှင့်လည်း ရင်ဆိုင်နေရလေသည်။ အမှန်တကယ်တွင် မိစ္ဆာမျိုးနွယ်နှင့် အစဉ်တစိုက် ဖြစ်ပွားနေသော တိုက်ပွဲများ၌ လူသားများသည် လွှမ်းမိုးနိုင်စွမ်း ရှိမနေခဲ့ပါချေ။ ဤသို့သောအခြေအနေတွင် အကယ်၍ လမ်းစဉ်မဲ့ကျင့်ကြံသူများကိုသာ တိုးတက်ခွင့်ပြုလိုက်မည်ဆိုပါက သူတို့၏ များပြားလှသော အရေအတွက်ကြောင့် လူသားတို့ဘက်ကို ပိုမိုအားကောင်းလာစေမည်မှာ ကျိန်းသေပေါက်ပင်။

သို့တိုင် ဤအင်အားကြီးအဖွဲ့အစည်းများသည် သူတို့၏ကိုယ်ပိုင်နေရာများကို ထိန်းသိမ်းရန်အတွက် လမ်းစဉ်မဲ့ကျင့်ကြံသူများ၏ တိုးတက်မှုကို ဖိနှိပ်ရန် ရွေးချယ်ခဲ့ကြဆဲပင် ဖြစ်၏။ မကြာသေးမီနှစ်များအတွင်းက လူသားများနှင့် မိစ္ဆာများကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အများအားဖြင့် လူသားများဘက်ကသာ အရေးနိမ့်ခဲ့သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေခြင်းမှာ အံ့သြစရာတော့ မဟုတ်တော့ချေ။

သေချာသည်မှာ လုချင်းသည် ဤအကြောင်းကို အနည်းငယ်မျှသာ တွေးတောခဲ့ပြီး အချိန်အကြာကြီး တွေးမနေခဲ့ပါချေ။ ထိုသို့သော ကျယ်ပြန့်သည့် အခြေအနေကြီးများကို လူတစ်ယောက်တည်းက ပြောင်းလဲပစ်နိုင်မည်မဟုတ်ပေ။ ထို့ပြင် သူက ထျန်းယွမ်ကမ္ဘာလောကကြီးမှ ဒေသခံတစ်ဦးပင် မဟုတ်နေခဲ့ချေ။ ဤအကြောင်းကို တွေးတောပြီး အချိန်ဖြုန်းနေရန် အကြောင်းမရှိပါချေ။

သို့သော် ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးများ မည်မျှအထိ ဝယ်လိုအားကောင်းနေသည်ကို မြင်တွေ့လိုက်ရခြင်းက လုချင်းအား တစ်ခုခုကို သတိရသွားစေခဲ့သည်။ ယခင်က သူ၏ မူလကမ္ဘာတွင် သူသည် ကမ္ဘာ့ပြင်ပမှ ကျူးကျော်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် သူတို့သယ်ဆောင်လာသော သိုလှောင်ရေးအသုံးအဆောင်များထဲမှနေ၍ ငြိမ်းချမ်းရေးကြာပန်းဟုခေါ်သော အဆင့်အမြင့်ဆုံး ဝိညာဉ်အပင်တစ်ပင်ကို သူရရှိခဲ့သည်။ ၎င်း၏ အာနိသင်များထဲမှ တစ်ခုမှာ ရွှေအမြုတေများကို သန့်စင်ပေးပြီး အရည်အသွေးကို မြှင့်တင်ပေးနိုင်စွမ်းပင် ဖြစ်၏။

သို့သော် လုချင်းသည် သူ၏ ရွှေအမြုတေ အတိဒုက္ခကို ကျော်ဖြတ်ပြီးနောက်ပိုင်းတွင် မကြုံစဖူး ပြီးပြည့်စုံသော ရွှေအမြုတေတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ၎င်းကို ထပ်မံသန့်စင်ရန် မလိုအပ်တော့ချေ။ နောက်ပိုင်းတွင် သူ၏ဆရာ၊ ရှောင်ယန်၊ ရှောင်လီနှင့် ဝူရှင်းတို့ အားလုံးကလည်း အထက်တန်းအဆင့် ရွှေအမြုတေများကိုသာ ဖွဲ့စည်းနိုင်ခဲ့ကြသဖြင့် သူတို့၏ အမြုတေများကလည်း သန့်စင်ဖို့ရန် မလိုအပ်ခဲ့ပေ။

ထို့ပြင် သူ့ထံ၌ ငြိမ်းချမ်းရေးကြာပန်းကို သင့်လျော်သော ဆေးလုံးတစ်လုံးအဖြစ် ဖော်စပ်ရန် ဆေးနည်းကျမ်းလည်း မရှိနေပေ။ သူသည် ထိုအကြောင်းကို လုံးဝမေ့လျော့သွားခဲ့လေကာ သူ၏ ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲတွင်သာ သိမ်းဆည်းထားခဲ့လေ၏။ ထို့နောက် သူပိုင်ဆိုင်ထားသော အခြား အဆင့်အမြင့်ဆုံး ဝိညာဉ်အပင်တစ်ခုဖြစ်သည့် ဓာတ်ကြီးငါးပါး ရတနာကြာပန်းလည်း ရှိသေးသည်။

"အဲ့ဒါတွေကို ဆေးလုံးတွေအဖြစ် ဖော်စပ်ဖို့ အခွင့်အရေးတစ်ခုရှာဖို့ အချိန်တန်ပြီထင်တယ်" လုချင်းက သူ့ဘာသာ တွေးလိုက်သည်။

အဆင့်အမြင့်ဆုံး ဝိညာဉ်အပင်များသည် အလွန်အမင်းကိုမှ ရှားပါးလှသည်။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် ၎င်းတို့ကို တပ်မက်ကြပေလိမ့်မည်။ အကယ်၍ သူသာ ၎င်းတို့ကို ဆေးလုံးများအဖြစ် ဖော်စပ်နိုင်မည်ဆိုပါက သူ့အတွက်သာမက ရှောင်လီနှင့် အခြားသူများအတွက်ပါ ကြီးမားလှသော အကျိုးကျေးဇူးတစ်ခု ဖြစ်လာပေမည်ပင်။ ၎င်းက သူတို့၏ကျင့်ကြံမှုကို ပို၍ပင် ရှေ့ဆက်သွားနိုင်စေရန် အထောက်အကူပြုနိုင်ပေလိမ့်မည်။

ဤအတွေးများ သူ၏စိတ်ထဲတွင် ဝဲပျံနေစဉ်မှာပင် လုချင်းသည် အောက်ဘက်ရှိ လေလံပွဲကို ဆက်လက်ကြည့်ရှုနေခဲ့၏။ ယခုအချိန်တွင်တော့ ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံး ဆယ်လုံးစလုံးကို လေလံတင်ရောင်းချပြီးသွားပြီပင်။

အဘိုးအိုခင်မျာမှာတော့ နောက်ဆုံးတွင် တစ်လုံးတစ်လေမျှပင် မရရှိခဲ့ဘဲ ကျရှုံးသွားခဲ့ရလေ၏။ သူသည် မျှော်လင့်ချက်မဲ့နေသော မျက်နှာထား၊ ပြာနှမ်းနေသော အမူအရာတို့ဖြင့် လုံးဝကို စိတ်ပျက်အားငယ်စွာ ထိုင်နေတော့သည်။ ဤမြင်ကွင်းက ကျင့်ကြံသူများစွာကို သက်ပြင်းရှည်ကြီးများ ချစေခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်၏ အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုကို နက်ရှိုင်းစွာ ခံစားသွားရစေခဲ့သည်။

ဖုန်မှုန့်စင်ကြယ် ရွှေဝိညာဉ်ဆေးလုံးများ ရောင်းချပြီးသွားသောအခါ၌ ဆရာတော်ကျန်းပေါင်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းစင်မြင့်ပေါ်တွင် ကျောက်စိမ်းဓားတစ်လက် ပေါ်လာခဲ့လေသည်။ ၎င်းပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်က ကျဆင်းသွားပြီး နှင်းခဲလွှာပါးပါးလေးတစ်ခုပင် စတင်ဖြစ်ပေါ်လာတော့၏။

"နောက်ထပ်ပြပေးသွားမှာကတော့ အေးစက်ကျောက်စိမ်း ဓားပျံပဲ ဖြစ်ပါတယ်။ ရေခဲဓာတ်ပါဝင်တဲ့ အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုပါပဲ..."

အဘိုးအို၏ ကြုံတွေ့ရမှုသည် နောက်ဆုံးတွင်တော့ အသေးအဖွဲ ဖြစ်ရပ်လေးတစ်ခုသာ ဖြစ်သွားခဲ့သည်။ လေလံပွဲက ပုံမှန်အရှိန်အဟုန်ဖြင့်သာ ဆက်လက်လည်ပတ်နေခဲ့လေ၏။ ဆရာတော်ကျန်းပေါင်က လေလံဆွဲရန်အတွက် ရတနာပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလာခဲ့သည်။ ၎င်းတို့ထဲတွင် ဝိညာဉ်ဆေးဘက်ဝင်အပင်များ၊ ဆေးလုံးများ၊ ဝိညာဉ်လက်နက်များနှင့် ရတနာများဖန်တီးရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများပင် ပါဝင်လေ၏။ ပစ္စည်းအမျိုးအစားတိုင်းကို စုံလင်စွာဖြင့် ခင်းကျင်းပြသထားပေသည်။

၎င်းတို့ထဲမှ အချို့မှာ အလွန်အမင်း အစွမ်းထက်ပြီး ရှားပါးလွန်းလှသဖြင့် ပင်မခန်းမထဲရှိ ကျင့်ကြံသူများသာမက အပေါ်ထပ်ရှိ သီးသန့်အခန်းများမှ ဧည့်သည်များပင် ဆွဲဆောင်ခံရကာ အကြိမ်ပေါင်းများစွာ လေလံဆွဲခဲ့ကြလေသည်။ သို့တိုင် လေလံပွဲ၏ နောက်ဆုံးအထွတ်အထိပ်ဖြစ်သော အဆင့်အမြင့်ဆုံး ဝိညာဉ်လက်နက်အတွက် သူတို့၏ ဝိညာဉ်ကျောက်တုံးများကို ချွေတာရန် ကြိုးစားသည့်အနေဖြင့် အထူးဧည့်သည်တော်များသည် ရဲရဲတင်းတင်း လေလံဆွဲလေ့သိပ်မရှိကြဘဲ အခြေအနေကို စမ်းသပ်ကြည့်ရုံသာ ပြုလုပ်ခဲ့ကြသည်။

ဤဖြစ်စဉ်တစ်လျှောက်လုံးတွင် လုချင်းက ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ပစ္စည်းတစ်ခုချင်းစီ၏ အချက်အလက်များကို စစ်ဆေးရန် သူ၏ နတ်မျက်စိစွမ်းရည်ကို ဆက်တိုက်အသုံးပြုနေခဲ့၏။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏ဗဟုသုတကိုပါ သိသိသာသာ တိုးပွားလာစေခဲ့သည်။ သို့သော် သူက စောင့်ကြည့်ရုံသာ စောင့်ကြည့်နေခဲ့ပြီး တစ်ကြိမ်မျှပင် လေလံမဆွဲခဲ့ပါချေ။

ပထမအချက်မှာ ဆရာတော်ကျန်းပေါင်က ပစ္စည်းများစွာကို ပြသခဲ့သော်လည်း လုချင်း၏စိတ်ဝင်စားမှုကို အမှန်တကယ် ဆွဲဆောင်နိုင်သည့်အရာ တစ်ခုမျှ မပါဝင်ခဲ့ခြင်းကြောင့် ဖြစ်၏။

သူက ဝိညာဉ်လက်နက်များ လိုအပ်နေသူမဟုတ်ပေ။ သူပိုင်ဆိုင်ထားပြီးဖြစ်သော ဝိညာဉ်လက်နက် အနည်းငယ်ကပင် လုံလောက်သည်ထက် ပိုနေလေပြီပင်။

ဆေးလုံးများနှင့် ပတ်သက်၍လည်း…...

ကျင့်ကြံမှုကို မြှင့်တင်ပေးရန် သီးသန့်ဖြစ်သော အဆင့်အမြင့်ဆုံးဆေးလုံးများ မဟုတ်ပါက အရည်အချင်း သို့မဟုတ် နားလည်နိုင်စွမ်းကို မြှင့်တင်ပေးသည့် ဆေးလုံးများသည် သူ့အတွက်တော့ သိပ်အသုံးမဝင်လှချေ။

အဘယ်ကြောင့်ဆိုသော် ပြီးပြည့်စုံသော ရွှေအမြုတေတစ်ခုနှင့်အတူ သူ၏ပါရမီကပါ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။

ထို့ပြင် သူ၏ နတ်မျက်စိစွမ်းရည်နှင့်ဆိုလျှင် နားလည်နိုင်စွမ်းကို မြှင့်တင်ရာ၌ မည်သည့်ဆေးလုံးကများ နတ်မျက်စိစွမ်းရည်ကို ကျော်လွန်နိုင်ပါမည်နည်း။

ဒုတိယအချက်မှာတော့ လုချင်းတွင် ဝိညာဉ်ကျောက်တုံး အရေအတွက် အတော်အတန် ရှိသော်လည်း ဤလေလံပွဲ၏ အတိုင်းအတာနှင့် နှိုင်းယှဉ်လျှင် သိပ်များပြားလှသည်တော့ မဟုတ်ချေ။ ထို့ကြောင့် သူ့စိတ်ကို အမှန်တကယ် လှုပ်ခတ်သွားစေမည့် အရာတစ်ခုနှင့် မကြုံတွေ့ရပါက အလျင်စလို လေလံဆွဲရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ထူးခြားသည့်အရာတစ်ခုမျှ ပေါ်မလာလျှင်ပင် ဤအတွေ့အကြုံက တန်ဖိုးရှိသော သင်ယူမှုတစ်ခုအဖြစ် တည်ရှိနေဦးမည်သာ။

ထိုသို့ လုချင်းတွေးနေစဉ်မှာပင် အောက်ဘက်ရှိ ဆရာတော်ကျန်းပေါင်က သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်ပြီး အခြားပစ္စည်းတစ်ခုကို ကျောက်စိမ်းစင်မြင့်ပေါ်သို့ တင်လိုက်တော့၏။ ၎င်းက မည်သည့်အရာဖြစ်သည်ကို သေချာမမြင်ရသေးခင်မှာပင် လုချင်း၏ နှလုံးခုန်သံက ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ အောက်ဘက်ရှိ တစ်စုံတစ်ရာက သူ့အတွက် အလွန်ကိုမှ အရေးကြီးနေသကဲ့သို့ပင်။

"ဟင်"

လန့်ဖြန့်သွားသော လုချင်းက ထိုအရာရှိရာသို့ ချက်ချင်းပင် လှမ်းကြည့်လိုက်သည်။ ထိုအချိန်မှာပင် ဆရာတော်ကျန်းပေါင်က စတင်ပြောဆိုလာလေတော့၏။

"နောက်ထပ် ကျုပ်တို့ ပြပေးသွားမှာကတော့ တော်တော်လေးကိုမှ ထူးဆန်းတဲ့ ပစ္စည်းတစ်ခုပါ။ ထျန်းရှုမြို့တော်က ကျုပ်တို့ရဲ့ အကဲဖြတ်သူတွေတောင်မှ ဒီပစ္စည်းရဲ့ဇာစ်မြစ်ကို မဖော်ထုတ်နိုင်သေးတဲ့ ထူးခြားဆန်းကြယ်တဲ့ရတနာတစ်ခုပဲ ဖြစ်ပါတယ်"

All Chapters