← Chapters

အခန်း (၂၇၇၉-၂၇၈၀)

Vol. 278 Ch. 2779-2780

အခန်း (၂၇၇၉-၂၇၈၀)

Vol. 278 Ch. 2779-2780

အခန်း (၂၇၇၉) - မင်းတို့ မျိုးနွယ်စု ပျက်သုဉ်းဖို့ စောင့်နေလိုက်ကြ

​“ဪ… မဟာသားတော်ကတော့ အစွမ်းရှိသားပဲ၊ သူ့ပြိုင်ဘက်ကတော့ ရှုံးတော့မှာပဲ။”

​“ရှုံးချာ၊ မင်းအခွင့်အရေး မရတော့ဘူးဟေ့၊ ဟားဟား။”

​ရှုံးချာသည် ထိုကဲ့သို့ ကံဆိုးမှုအပေါ် ပျော်မြူးနေသည့် စကားသံများကို ကြားရသောအခါ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

​ဆွေ့ဟွမ်ရွှီတို့မှာ ဖန့်ချန် အဖိနှိပ်ခံနေရသည်ကို မြင်သောအခါ စိတ်လှုပ်ရှား တုန်လှုပ်နေကြသည်။ သို့သော် သူတို့၏ စိတ်ထဲတွင် အံ့ဩရမှုမှာ ပိုမိုကြီးမားနေသည်။

​“ဖန့် သူတော်စင်ဘိုးဘေးက တကယ်ပဲ ငါတို့ကို အများကြီး ဖုံးကွယ်ထားတာပဲ ”

​“သူ့ရဲ့ ပြိုင်ဘက်က အတွင်းကမ္ဘာ ကြယ်တာရာ ကိုးလုံးကို ကျင့်ကြံထားတာ ထင်ရှားနေတယ် ”

​“ဖန့် သူတော်စင်ဘိုးဘေးရဲ့ ခန္ဓာကိုယ်မှာလည်း ခုနက ကြယ်တာရာအလင်းတန်း ကိုးခု လင်းလက်သွားတာပဲ၊ သူလည်း ကိုးလုံးပဲ ”

​“သူက ဘယ်လိုလုပ်ပြီး ကိုးလုံးဖြစ်သွားတာလဲ။ စုစုပေါင်း နှစ်ရာကျော်လောက်နဲ့တင် အတွင်းကမ္ဘာတစ်ခုလုံးကို ကျင့်ကြံပြီးသွားပြီလား ”

​“ဒါတွေကို ထားလိုက်ပါတော့၊ ဖန့် သူတော်စင်ဘိုးဘေးတော့ မခံနိုင်တော့ဘူး ထင်တယ်။”

​အကြီးအကဲငါးပါး၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူတို့နောက်မှ သူတော်စင်များမှာလည်း အလွန်ပင် စိုးရိမ်နေကြသည်။

​မဟာသားတော် ခေါ်လာသည့် ဆန်းနယဲ့ သူတော်စင် အုပ်စုထဲမှ တစ်ဦးက ထိုမြင်ကွင်းကို မြင်သောအခါ မရယ်ဘဲ မနေနိုင်တော့ဘဲ -

​“မင်းတို့ လွှဲပြောင်းပေးရမယ့် နိဗ္ဗာန်တားမြစ်နယ်မြေက ပျက်စီးမှုမရှိဘဲ အကောင်းပကတိအတိုင်း ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေးစက်တွေကို မင်းတို့ အများကြီး မသုံးစွဲထားမိဖို့ မျှော်လင့်တယ်။ ဒါမှ ငါတို့က ဆန်းနယဲ့ သူတော်စင် အသစ်တွေကို ထပ်မံ မွေးထုတ်နိုင်မှာပေါ့၊ ဟားဟား။”

​အကြီးအကဲငါးပါး၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားသည်။

​ကောင်းကင်ယံ မြင်ကွင်းထဲတွင် ဖန့်ချန်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ရွေ့လျားနေပြီး အလွန်ပင် လိုက်လျောညီထွေ ရှိနေသည်။ အသာစီးမရသလို ဖြစ်နေသော်လည်း အမှန်တကယ်တွင် မဟာသားတော်၏ အသေအချာ တိုက်ကွက်များကို အကြိမ်ကြိမ် ရှောင်တိမ်းနေနိုင်သည်။

​မကြာမီပင် မဟာသားတော် တကယ်ပင် စတင် စိုးရိမ်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မီးတောက်များမှာ မှေးမှိန်လာပြီး ဆက်လက် လောင်ကျွမ်းရန် မဖြစ်နိုင်တော့ပေ။ မဟုတ်ပါက အတွင်းကမ္ဘာ ကြယ်တာရာ ကိုးလုံး၏ အခြေခံစွမ်းအားမှာ ပြင်းထန်စွာ ထိခိုက်သွားလိမ့်မည်။

​သူသည် ပြိုင်ဘက်ကို မည်သို့ လုံးဝ အနိုင်ယူရမည်ဟု တွေးတောနေစဉ် -

​မမျှော်လင့်ဘဲ သူသည် ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်းတွင် သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်ထွက်သွားသည်။ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မထိန်းချုပ်နိုင်တော့ဘဲ လောကဓာတ်အားလုံးကို လောင်ကျွမ်းစေမည့် မီးတောက်အဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြာကျသွားစေသည်။

​ဖန့်ချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ချွေးများဖြင့် စိုရွှဲနေသည်။

​“…”

​သူတော်စင်များအားလုံးမှာ အလွန်ပင် နားမလည်နိုင် ဖြစ်သွားကြသည်။ ဆန်းနယဲ့ စစ်မြေပြင်တွင် နှစ်ပေါင်း တစ်သောင်းကျော် နေထိုင်လာသည့် မဟာသားတော်မှာ ဤသို့ဖြင့် သေဆုံးသွားပြီလော။

​“မဟာသားတော်က ပြိုင်ဘက်ကို လျှော့တွက်လိုက်တာပါ။ အစကတည်းက သူ့ရဲ့ စွမ်းအားအပြည့်နဲ့သာ တိုက်ခိုက်ရင် ဒီတိုက်ပွဲက ဒီလောက် မြန်မြန် အဖြေထွက်မှာ မဟုတ်ဘူး။”

​“ဒီကျောင်းသားသစ်ကတော့ ကံကောင်းလို့ ဒီတစ်ပွဲကို အနိုင်ရသွားတာပဲ။”

​“ယဲ့ထျန်းဂူ ဒီနာမည်ကတော့ နောက်ထပ် အချိန်အတော်ကြာတဲ့အထိ အဆင့်မြင့် ကျောင်းသားတွေရဲ့ အာရုံစိုက်မှုကို ခံရတော့မှာပဲ။”

​“ရှုံးချာ၊ မင်း ကံကောင်းလာပြီ။ မင်းရဲ့ လက်စွမ်းနဲ့ဆိုရင် သူရထားတဲ့ နိဗ္ဗာန်တားမြစ်နယ်မြေကို အနိုင်ယူဖို့ မခက်ခဲလောက်ပါဘူး။”

​“ဒါပေမဲ့ သူ့အသက်ကိုတော့ မနှုတ်ပါနဲ့ဦး၊ ဘာလို့လဲဆိုတော့ သူတို့ဘက်မှာ အခု နိဗ္ဗာန်တားမြစ်နယ်မြေ နှစ်ခုရှိနေပြီ၊ ငါတို့ကိုလည်း တစ်ခုလောက် ချန်ထားပေးပါဦး။”

​ရှုံးချာ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း ချက်ချင်းပင် ဖုံးကွယ်လိုက်သည်။

​“ငါနဲ့ သူနဲ့ တိုက်ခိုက်တဲ့အခါ ဘယ်သူနိုင်မလဲ ဆိုတာ မပြောနိုင်သေးပါဘူး။”

​တစ်ဖက်တွင်လည်း မဟာသားတော် ခေါ်လာသည့် ဆန်းနယဲ့ သူတော်စင်များမှာ ကြက်သေသေသွားကြသည်။

​“အစ်ကိုကြီး… သတ်ဖြတ်ခံလိုက်ရတာလား”

​“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… အစ်ကိုကြီးက ဒီနှစ်တွေအတွင်းမှာ အဆင့်မြင့် ကျောင်းသားတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ဖူးတာ၊ အများဆုံး ဒဏ်ရာရရုံပဲ၊ တစ်ခါမှ အသတ်မခံခဲ့ရဘူးလေ…”

​“အဲဒီကောင်… သူ ဘယ်လိုလုပ်ပြီး အစ်ကိုကြီးကို သတ်နိုင်ရတာလဲ ”

​ထိုသူတော်စင်အုပ်စု၏ မျက်လုံးများမှာ တဖြည်းဖြည်း နီရဲလာပြီး ကောင်းကင်ယံ မြင်ကွင်းထဲမှ ပုံရိပ်ကို စူးစိုက်ကြည့်နေကြသည်။

​ဆွေ့ဟွမ်ရွှီတို့မှာလည်း ယခုမှ သတိပြန်ဝင်လာပြီး မည်သို့ဖြစ်ပျက်သွားမှန်း မသိသလို ဖြစ်နေကြသည်။ ရိုးရိုးသားသား ပြောရလျှင် ဖန့်ချန် မည်သို့ အနိုင်ရသွားသည်ကို သူတို့ မမြင်လိုက်ပေ။ သိသည်မှာ ဖန့်ချန်မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်စွာဖြင့် ကံကောင်းထောက်မ၍ အနိုင်ရသွားခြင်း ဖြစ်သည်။

​“ဒီလူမိုက်က ဒီပွဲကို အနိုင်ရသွားတာ တော်တော် ခက်ခဲတာပဲ။ သူ ပြန်လာရင် သူ့ကို နောက်တစ်ခါ နိဗ္ဗာန်တားမြစ်နယ်မြေနဲ့ စွန့်စားမှု မလုပ်ဖို့ သတိပေးကြဦး ဒါက ငါတို့ သူတော်စင်တွေရဲ့ အခွင့်အရေးနဲ့ ဆိုင်တယ် ”

ဝမ်ချုံစန်းက အေးစက်စွာ ပြောသည်။

​ဖန်ရွှေ ကလည်း ခေါင်းညိတ်သည်။

​“ယဲ့ထျန်းဂူ ဒီတစ်ပွဲနိုင်တာ ကံကောင်းလို့ပါ၊ ဒီလိုကိစ္စကို တစ်ခါလုပ်နိုင်ပေမဲ့ နှစ်ခါ မလုပ်သင့်ဘူး။”

​“အင်း… နောက်ကျရင် ယဲ့ထျန်းဂူကို အတူတူ တိုင်ပင်ကြတာပေါ့၊ သူ နားထောင်မလားတော့ မသိဘူး။”

ဆွေ့ဟွမ်ရွှီက စဉ်းစားဟန်ဖြင့် ပြောသည်။

​“ဒီကိစ္စ…”

​ရှန်ပါဝမ်က သူတို့ကို တစ်ချက်ကြည့်ပြီး ကောင်းကင်ယံ မြင်ကွင်းကို ကြည့်ကာ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားပြီးနောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။

​“ယဲ့ညီအစ်ကို တကယ်ပဲ အနိုင်ရသွားတာလား ကောင်းလိုက်တာ၊ မဟာသားတော် သေတာ ကောင်းတယ်၊ တကယ်ကို ကောင်းတယ် ဟားဟားဟား ”

​“ဟုတ်တယ်၊ သေတာ ကောင်းတယ်။”

​ရှုံးချာက ရှန်ပါဝမ်ကို တစ်ချက်ကြည့်ပြီး မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။

​ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ဖန့်ချန်၏ ပုံရိပ်မှာ ပြန်ပေါ်လာသည်။

သူသည် ချက်ချင်းပင် ရှန်ပါဝမ်ကို ကြည့်၍ -

​“သူတို့ရဲ့ နိဗ္ဗာန်တားမြစ်နယ်မြေကို ဘယ်တော့ ငါ့ဆီ ပို့ပေးမှာလဲ ဘယ်သူက လာပို့မှာလဲ”

​“ယဲ့ညီအစ်ကို စိတ်ချပါ၊ ဗဟိုချက်မ တာဝန်ခံကြီးက ဒီကိစ္စကို စီစဉ်ပေးပါလိမ့်မယ်။ ဆန်းနယဲ့ စစ်မြေပြင်မှာ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး တစ်ခါမှ ပြဿနာ မတက်ခဲ့ဖူးပါဘူး"

ရှန်ပါဝမ်က ရင်ကော့၍ ပြောသည်။

​“ဒါဆိုလည်း ကောင်းပြီ။”

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်သည်။

​ထို့နောက် အကြီးအကဲများက ဖန့်ချန်ကို ဝိုင်းဝန်း ဆူပူကြသည်။ ရှုံးချာသည် ထိုအခါမှ လျှောက်လာ၍ -

​“မင်းတို့ရဲ့ အဆင့်မြင့် ကျောင်းသားက နိဗ္ဗာန်တားမြစ်နယ်မြေတစ်ခုကို အနိုင်ရအောင် လုပ်ပေးထားတာကို မင်းတို့က ဆူနေသေးတာလား”

​“ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”

ဝမ်ချုံစန်းက မျက်မှောင်ကြုတ်သည်။

​“အဲ့ဒါတော့ ငါနဲ့ မဆိုင်ပါဘူး။”

ရှုံးချာက ခေါင်းညိတ်ပြီး ဖန့်ချန်ကို ကြည့်၍ ပြုံးကာ -

​“မဟာသားတော်နဲ့ မင်းကြားက တိုက်ပွဲပြီးပြီဆိုတော့ နောက်တစ်ခုက ငါနဲ့ မင်းကြားက တိုက်ပွဲပဲ။”

​ဝမ်ချုံစန်းတို့မှာ စကားမပြောတော့ဘဲ ငြိမ်သက်သွားကြသည်။ ရှုံးချာ ခေါ်လာသည့် သူတော်စင်များမှာမူ ထိုမြင်ကွင်းကို ကြည့်၍ ပျော်ရွှင်နေကြသည်။ နောက်ဆုံးတွင် သူတို့၏ အဆင့်မြင့် ကျောင်းသားက အသီးအပွင့်ကို လာခူးမည်ဟု မထင်ထားခဲ့ပေ။

​“ဒီတစ်ခါ… ယဲ့ညီအစ်ကို၊ မင်းသာ အခု တိုက်ပွဲမှာ မသေရင် ငါနဲ့ တစ်ပွဲလောက် တိုက်ပေးမလား ငါကလည်း ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့် အဆင့်မြင့် ကျောင်းသား တစ်ဦးပါ။”

ရုပ်ပုံတစ်ခု ရောက်လာပြီး ဖန့်ချန်ကို ဖော်ရွေစွာ ပြုံးပြသည်။

​“ယဲ့ထျန်းဂူ၊ မိုက်မဲတဲ့ အလုပ်တွေ ထပ်မလုပ်နဲ့တော့လေ ”

ဝမ်ချုံစန်းက အော်ပြောသည်။

​ဆွေ့ဟွမ်ရွှီတို့လည်း အလောတကြီး တားဆီးကြသည်။ သို့သော် ဖန့်ချန်က ‘ဂရုမစိုက်’ ဘဲ ထိုသူကို ကြည့်၍ အေးဆေး ပြောလိုက်သည်။

​“ဪ မင်းလည်း ငါနဲ့ တိုက်ချင်တာလား ကောင်းပြီလေ။”

​ထိုစကားနှစ်ခွန်း ထွက်လာသောအခါ တစ်ဖက်လူမှာ အံ့ဩဝမ်းသာ ဖြစ်သွားသည်။ ဆွေ့ဟွမ်ရွှီတို့မှာမူ စကားမပြောနိုင်တော့ဘဲ စိုးရိမ်စိတ်တို့ဖြင့် ငြိမ်သက်သွားသည်။

​“ဖန့် သူတော်စင်ဘိုးဘေးက အကြီးကြီး လောင်းကစားမယ်လို့ ပြောပေမဲ့ ခုနက တိုက်ပွဲမှာတင် သူ အတော်ပင်ပန်းနေပြီလေ။”

​“ထားလိုက်ပါတော့၊ သူ ယုံကြည်ချက် ရှိနေတာပဲ၊ ကံကောင်းရင် ငါတို့ ဆန်းနယဲ့ စစ်မြေပြင်ကို ပထမဆုံးအကြိမ် လာတာနဲ့တင် အကျိုးအမြတ်တွေ အများကြီး ရတော့မှာပါ။”

​“ယဲ့ညီအစ်ကို၊ သူတို့က ငါ့ကို ‘သွေးစာရေး’ လို့ ခေါ်ကြတယ်၊ ယဲ့ညီအစ်ကိုလည်း အဲဒီလိုပဲ ခေါ်နိုင်ပါတယ်။ ရှုံးချာနဲ့ တိုက်ပွဲပြီးရင် ငါတို့ တရားမျှတစွာ တိုက်ခိုက်ကြတာပေါ့”

သွေးစာရေးက လက်ယှက်၍ ပြုံးပြသည်။

​ထို့နောက် ရှုံးချာကို တစ်ချက်ကြည့်ပြီး စိတ်ဖြင့် -

​“သူ့ကို သေအောင် မလုပ်နဲ့၊ မှတ်ထား ” ဟု မှာကြားသည်။

​ရှုံးချာမှာ မျက်နှာအမူအရာ မပြောင်းဘဲ ပြုံးနေပြီး ဖန့်ချန်ကို စာချုပ်ချုပ်ရန် အမြန်သွားရန် တိုက်တွန်းသည်။ သူတို့ ဗဟိုချက်မ တာဝန်ခံ နေအိမ်သို့ သွားသည်ကို မြင်သောအခါ ရှန်ပါဝမ်က သက်ပြင်းချ၍ -

​“အားလုံး… ခင်ဗျားတို့ရဲ့ ဒီယဲ့ညီအစ်ကိုရဲ့ စရိုက်က တကယ်ကို ထူးခြားလွန်းတာပဲနော် ”

​“ရှန်ညီအစ်ကို ရယ်၊ ရယ်စရာ ဖြစ်သွားပြီ။ ဒီလို ဆက်တိုက် တိုက်နေရင် ဘယ်လိုလုပ်မလဲ။”

ဝမ်ချုံစန်းက သက်ပြင်းချ၍ -

​“ဆန်းနယဲ့ စစ်မြေပြင်မှာ အဆင့်မြင့် ကျောင်းသားတွေ တိုက်ခိုက်တဲ့အခါ ကန့်သတ်ချက် မရှိဘူးလား”

​“ရှိပါတယ်။ အဆင့်မြင့် ကျောင်းသားတွေက နှစ်ပေါင်း ငါးရာအတွင်းမှာ အများဆုံး ငါးပွဲပဲ တိုက်နိုင်တယ်။ တိုက်ပွဲမရှိဘဲလည်း နေနိုင်ပါတယ်။ နောက်ပြီး တိုက်ပွဲနည်းလမ်းတစ်ခုကတော့ အသက်အန္တရာယ်နဲ့ နိဗ္ဗာန်တားမြစ်နယ်မြေ မပါဝင်တဲ့ လေ့ကျင့်မှုပဲ၊ ဒါပေမဲ့ တာဝန်ခံကို ကြိုတင် တင်ပြရပါတယ်။ ဒါက သူတို့ရဲ့ အထူးအခွင့်အရေးပါ၊ ငါတို့တော့ မရဘူး။ ငါတို့ တိုက်ရင်တော့ သေပွဲဝင်ရတာပဲ…”

ရှန်ပါဝမ်က သက်ပြင်းချသည်။

​ထိုအချိန်တွင် မဟာသားတော် ခေါ်လာသည့် သူတော်စင်အုပ်စုမှာ သူတော်စင်များထံသို့ ရောက်လာပြီး ခေါင်းဆောင်ဖြစ်သူက သွားကိုကြိတ်၍ -

​“မင်းတို့ရဲ့ အဆင့်မြင့် ကျောင်းသား သေတာနဲ့ မင်းတို့ကို တစ်ယောက်ချင်းစီ စိန်ခေါ်ပြီး ဆန်းနယဲ့ စစ်မြေပြင်ကနေ အပြီးအပိုင် သုတ်သင်ပစ်မယ် ငါတို့မျိုးနွယ်ရဲ့ အဆင့်မြင့် ကျောင်းသားကို သတ်တာ၊ မင်းတို့ မျိုးနွယ်စု ပျက်သုဉ်းဖို့ စောင့်နေလိုက်ကြ”

ဟု ပြောသည်။

အခန်း (၂၇၈၀) - ကံကောင်းလို့ပဲ ဖြစ်မှာပါ

​“ဘယ်သူ့ကို သုတ်သင်ပစ်မယ်လို့ ပြောလိုက်တာလဲ။”

​ထိုအချိန်တွင် ဖန့်ချန်နှင့် ရှုံးချာတို့သည် စာချုပ်ချုပ်ဆိုပြီး ပြန်လည်ရောက်ရှိလာကြသည်။ ထိုလူစုသည် ထိုနေရာတွင် ခြိမ်းခြောက်စကားများ ဆိုနေသည်ကို မတော်တဆ ကြားလိုက်ရသည်။

​“မင်းတို့က ဘယ်သူတွေမို့လို့ ဒီလောက်အထိ ရိုင်းစိုင်းတဲ့ စကားတွေကို ပြောရဲရတာလဲ။”

​“မင်းတို့ဘက်က အဆင့်မြင့် ကျောင်းသားတွေကိုပဲ လာခဲ့ခိုင်းလိုက်ပါ။ ဘယ်သူက ဘယ်သူ့ကို သုတ်သင်မှာလဲဆိုတာ ကြည့်ရအောင်။ ငါ ယဲ့ထျန်းဂူက သုံးနှစ်သားကတည်းက လူသတ်လာခဲ့တာ၊ မင်းတို့ကို ကြောက်ရမှာလား။”

​ဖန့်ချန်က အော်ဟစ် ဆုံးမလိုက်သည်။

​“ယဲ့ထျန်းဂူ ငါတို့မျိုးနွယ်စုအတွက် ပြဿနာ မရှာပါနဲ့တော့ကွာ”

​ဝမ်ချုံစန်းမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားသည်။ ထို့နောက် သူက စိတ်ဖြင့် တိုးတိုးပြောလိုက်သည်။

“နှစ်ပေါင်း ငါးရာအတွင်းမှာ ငါးပွဲပဲ တိုက်ခွင့်ရှိတာ။ ရှုံးချာ၊ သွေးစာရေးတို့နဲ့ဆိုရင် အခု သုံးပွဲရှိပြီ၊ မင်း နောက်ထပ် နှစ်ပွဲပဲ တိုက်နိုင်တော့မယ်။”

​ဖန့်ချန်က မသိမသာ ခေါင်းညိတ်လိုက်သည်။ ဖန့်ချန်၏ အော်ဟစ်ခြင်းကို ခံလိုက်ရသည့် သူတော်စင်အုပ်စုမှာ ဖန့်ချန်ကို တိရစ္ဆာန်ရိုင်းတစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်နေကြပြီး ချက်ချင်းပင် အလောင်းအစားကို အမိအရ ယူရန် ပြင်ဆင်နေကြသည်။

​“ကောင်းပြီ၊ စောင့်ကြည့်နေလိုက်ကြပါ။ မင်း ဒီနေ့အထိ အသက်ရှင်မယ်လို့ မျှော်လင့်ပါတယ်။”

​နောက်ဆုံးတွင် တစ်ဖက်လူက ခြိမ်းခြောက်စကားတစ်ခွန်း ထားခဲ့ပြီး သူတို့၏ အဖွဲ့ကို ခေါ်ကာ လှည့်ပြန်သွားကြသည်။

​“ယဲ့ညီအစ်ကို၊ သူတို့ကို ဂရုမစိုက်ပါနဲ့။ ငါတို့ကြားက တိုက်ပွဲကို အခုပဲ စမလား ဒါမှမဟုတ် နောက်မှပဲ စမလား။ မင်း ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိနေတာကို ငါက အခွင့်ကောင်းယူသလို ဖြစ်နေမှာ စိုးလို့ပါ။”

​ရှုံးချာက ယဉ်ကျေးစွာ ပြောသည်။

​“ဘာမှ မဖြစ်ပါဘူး။ ဒီလောက် ဒဏ်ရာက ဘာမှမဟုတ်ပါဘူး၊ ခဏလောက်ဆိုရင် ပျောက်သွားမှာပါ။”

​ဖန့်ချန်က လက်ခါပြလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများ လှုပ်ရှားလာကာ ဒဏ်ရာများမှာ အကုန်ပျောက်ကင်းသွားသည့်ပုံ ပေါက်လာသည်။

​“တကယ်ကို မိုက်မဲတဲ့ လူပါပဲ။”

​သွေးစာရေးက ထိုမြင်ကွင်းကို ကြည့်ရင်း တိုးတိုးလေး ခေါင်းညိတ်သည်။

​“သွေးစာရေး၊ ဒီတစ်ခါတော့ ငါတို့က အခွင့်အရေးကို မင်းအတွက် ချန်ထားပေးလိုက်ပြီ။ ဒီကျေးဇူးကို မင်း မှတ်ထားရမယ်။”

​“ဒါက တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ၊ နောက်ကျရင် မင်း ငါတို့ကို ပြန်မလုပ်နဲ့ဦး။”

​“ပြောစရာ မလိုပါဘူး။ အားလုံးရဲ့ ကျေးဇူးကို ငါ စိတ်ထဲမှာ အမြဲမှတ်ထားပါ့မယ် ”

​သွေးစာရေးက အလျင်အမြန် စိတ်ဖြင့် တုံ့ပြန်လိုက်သည်။

​ထိုစဉ် ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်း ထပ်မံ ကျဆင်းလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှုံးချာနှင့် ဖန့်ချန်တို့မှာ တိုက်ပွဲမြေပြင်သို့ ရောက်ရှိသွားကြသည်။

​“ယဲ့ညီအစ်ကို၊ မင်း နောက်တစ်ပွဲမှာ သွေးစာရေးနဲ့ ထပ်တိုက်ရဦးမှာဆိုတော့ ဒီပွဲကို အသက်နဲ့ ရင်းပြီးတိုက််််််မယ့် အစား လေ့ကျင့်ခန်းသဘောမျိုးပဲ ယှဉ်ပြိုင်ကြမလား။”

​ရှုံးချာက ယဉ်ကျေးစွာ လက်ယှက်၍ ပြောသည်။

​“အသက်နဲ့ရင်းပြီးတိုက်စရာ မလိုရင် ဘယ်လိုလုပ် လေ့ကျင့်လို့ရမလဲ။”

​ဖန့်ချန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ရှုံးချာမှာ ခဏမျှ ငေးသွားပြီး စဉ်းစားကာ -

​“ဒီလိုလုပ်ကြရအောင်။ ငါ မလှုပ်ဘဲ ရပ်နေမယ်။ မင်းက အချက်တစ်ရာအတွင်း ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် ငါ ရှုံးမယ်။ မလုပ်နိုင်ရင်တော့ ငါ နိုင်မယ်။”

​ထိုစကား ထွက်လာသည်နှင့် သူတော်စင်များအားလုံးမှာ အံ့အားသင့်သွားကြသည်။ သို့သော် အဆင့်မြင့် ကျောင်းသားအချို့မှာမူ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

​“တကယ်ကို ကောက်ကျစ်တာပဲ။ ရှုံးချာက အကာအကွယ်ပေးတဲ့နေရာမှာ ကျွမ်းကျင်တယ်။ တိုက်ခိုက်မှုအပိုင်းမှာ မဟာသားတော်လောက်တောင် မတော်ဘူး။ သူသာ အကွက်ထဲ ဝင်သွားရင်တော့ ဒီပွဲမှာ ရှုံးဖို့ပဲ ရှိတယ်။”

​“သူ့ရဲ့ နတ်ဘုရားစွမ်းအားက တိုးတက်သွားတာလား။ နောက်တစ်ခါ သူ့နဲ့ ရင်ဆိုင်ရရင် သတိထားဖို့ လိုဦးမယ်။”

​“မကောင်းတော့ဘူး။”

​ရှန်ပါဝမ်၏ မျက်နှာမှာ တစ်ချက် ပျက်သွားပြီး ဆွေ့ဟွမ်ရွှီတို့ကို အလျင်အမြန် ပြောလိုက်သည်။

​“ရှုံးချာက ကာကွယ်တဲ့နေမှရာမှာ တော်တယ်။ အရင်က သူ အဆင့်မြင့် ကျောင်းသားတွေကို တိုက်တဲ့အခါ သူတို့က သူ့ကို မနိုင်တဲ့အပြင် ဒဏ်ရာတောင် မရ‌ဘူး။ သူ့စွမ်းအားတွေက အသက်ဘေးက လွတ်မြောက်ဖို့ပဲ ဦးတည်နေတာ ”

​“ယဲ့ညီအစ်ကိုသာ သဘောတူလိုက်ရင် ဒီပွဲမှာ ရှုံးဖို့ပဲ ရှိတော့မယ် ”

​“ဘာ အဲ့ဒါကို ဘာလို့ စောစော မပြောတာလဲ”

​ဖန်ရွှေ၏ မျက်နှာမှာ ပျက်သွားသည်။ ဆွေ့ဟွမ်ရွှီတို့၏ မျက်နှာအမူအရာမှာလည်း မကောင်းတော့ပေ။ ထိုအဆင့်မြင့် ကျောင်းသားမှာ ခုခံမှုတွင် အလွန် ကျွမ်းကျင်နေသည်။ တကယ်လို့ သတ်မှတ်ချက် မထားခဲ့ရင် နှစ်ဖက်စလုံး သရေကျဖို့ပဲ ရှိသည်။ သို့သော် ရှုံးချာ၏ စည်းကမ်းအတိုင်းဆိုရင် ရှုံးချာက အနိုင်ရဖို့ အခွင့်အရေး ပိုများနေသည်။

​ဝူရှန်း ပေမြိန့် ဗဟိုချက်မမှ အဆင့်မြင့် ကျောင်းသားများသာမက အခြား ဗဟိုချက်မများမှ အဆင့်မြင့် ကျောင်းသားများမှာလည်း ဖန့်ချန်ကို လှောင်ပြောင်သလို ကြည့်နေကြသည်။

​“ယဲ့ညီအစ်ကို၊ မင်း ခုနက မဟာသားတော်နဲ့ တိုက်ထားတာဆိုတော့ စွမ်းအားတွေက ဘယ်လောက် လွယ်လွယ်နဲ့ ပြန်ပြည့်မလဲ။ ငါ့အဆိုပြုချက်က တရားမျှတပါတယ်။ မင်းကို အနိုင်ကျင့်နေတာ မဟုတ်ပါဘူး။”

​ရှုံးချာက ရိုးသားဟန်ဖြင့် ပြောသည်။

​“မင်း ပြောသလိုပဲ လုပ်ကြတာပေါ့။ အချက်တစ်ရာအတွင်း မင်းကို ဒဏ်ရာရအောင် မလုပ်နိုင်ရင် ငါ ရှုံးတယ်။”

​ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် မာန်ပါစွာဖြင့် ပြောလိုက်သည်။

​“ဒီငမိုက်သား အကွက်ထဲ ဝင်သွားပြီ။”

​“သွေးစာရေး၊ သူက အသိဉာဏ် မရှိဘူး။ မင်း နောက်တစ်ပွဲမှာ စွမ်ူအားအနည်းငယ်နဲ့ အများကြီး ရအောင် လုပ်လို့ရပြီ၊ အသက်နဲ့ရင်းတိုက်စရာ မလိုတော့ဘူး။”

​“အားလုံးပဲ၊ အဆင့်မြင့် ကျောင်းသားတိုင်းကို လျှော့တွက်လို့ မရဘူး၊ သတိထားကြပါ။”

​သွေးစာရေးက စိတ်ဖြင့် တိုးတိုးပြောလိုက်သော်လည်း မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။

​ဖန့်ချန်က သဘောတူလိုက်သည်ကို မြင်သောအခါ အဆင့်မြင့် ကျောင်းသားများမှာ ခေါင်းခါ၍ ရယ်မောကြသည်။

​“သူက အခုမှ ရောက်လာပြီး ပြိုင်ဘက်ရဲ့ စွမ်းအားကို မသိဘဲနဲ့ တိုက်ပွဲတွေကို ဆက်တိုက် လက်ခံနေတာပဲ၊ ရှုံးမှာပဲလေ။”

​“သူက သိပ်ကို စိတ်ကြီးဝင်လွန်းတယ်။ ရှုံးချာရဲ့ တိုက်ပွဲပုံစံကို သဘောမတူရင်တောင် ရှုံးစရာ မလိုပါဘူး၊ အခုတော့…”

​“ရှုံးချာ အရင်က ရောက်လာတုန်းက ဒီအကွက်နဲ့ နိဗ္ဗာန်တားမြစ်နယ်မြေတွေကို အများကြီး ရခဲ့တာ။ သူက အဲဒီတုန်းက ရွှမ်နယဲ့ အဆင့်ပဲ ရှိသေးတာ၊ အဲဒီလိုနဲ့ပဲ အကြီးအကဲတွေရဲ့ ပြုစုပျိုးထောင်မှုကို ခံခဲ့ရပြီး အခုလို အဆင့်မြင့် ကျောင်းသား ဖြစ်လာတာ။”

​ထိုအချိန်တွင် ရှုံးချာမှာ ပျော်ရွှင်စွာဖြင့် -

​“ဒါဆို ယဲ့ညီအစ်ကို၊ စလိုက်ကြစို့”

​စကားပြောနေရင်း ရှုံးချာ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးမားလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေတစ်ရာခန့်ရှိသော ဧရာမကြီး ဖြစ်သွားသည်။ ထို့အပြင် သူ၏ အရေပြားပေါ်တွင် စွမ်းအားများ လွှမ်းခြုံလာပြီး နီရဲသော ရွှေရောင်အလင်းများ တောက်ပနေသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ရွှေရောင်ကိုယ်ခန္ဓာဖြင့် ရပ်တည်နေသကဲ့သို့ပင်။

​“ယဲ့ညီအစ်ကို… တိုက်ကွက်ကို စလိုက်ပါ…”

​ရှုံးချာ၏ အသံမှာ အနည်းငယ် နှေးကွေးသွားသည်။

​“ဒီစွမ်းအားက သူ့ရဲ့ အရှိန်ကို နှေးသွားစေပေမဲ့ ခိုင်မာတဲ့ ခုခံမှုကို ရစေတာလား။”

​ဖန့်ချန်သည် စိတ်ဝင်စားမိသည်။ သူ၏ စွမ်းအားကို ကြည့်ရသလောက်ဆိုရင် မဟာသားတော်နှင့် အဆင့်တူလောက် ဖြစ်သော်လည်း အရင်းအမြစ်မှာ ပိုမို ခိုင်မာနေသည်။

​အစပိုင်းတွင် ဖန့်ချန်သည် ရှုံးချာကို စမ်းသပ်ရန် တိုက်ခိုက်လိုက်သည်။ သို့သော် တိုက်ကွက်တိုင်းမှာ ရှုံးချာအတွက် အာနိသင် မရှိပေ။ တိုက်ကွက်များမှာ ရှုံးချာ၏ ကိုယ်ပေါ်သို့ ကျရောက်သော်လည်း အမှတ်အသားပင် မကျန်ခဲ့ပေ။

​“တစ်ချက်။”

​“နှစ်ချက်။”

​“သုံးချက်။”

​ရှုံးချာ၏ အသံများမှာ ထွက်ပေါ်လာသည်။ မကြာမီပင် အချက်ပေါင်း ကိုးဆယ့်ကိုးချက် ပြည့်သွားသည်။ ရှုံးချာ၏ ရွှေရောင်ကိုယ်ခန္ဓာမှာ ဒဏ်ရာရမည့် အရိပ်အယောင်ပင် မရှိပေ။

​“ယဲ့ညီအစ်ကို၊ နောက်ဆုံး တစ်ချက်ပဲ ကျန်တော့တယ်။”

​ရှုံးချာသည် သူ့၏ ပျော်ရွှင်မှုကို မထိန်းနိုင်တော့ဘဲ လေသံတွင် မာန်ပါနေသည်။ ဆွေ့ဟွမ်ရွှီတို့၏ လက်ဖဝါးများမှာ ချွေးများ ပြန်နေသည်။ သို့သော် အရင်ပွဲထက်စာရင် ဒီပွဲရဲ့ အကျိုးဆက်က ပိုကောင်းပါသေးသည်။ ရှုံးသွားရင်တောင် နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုတော့ ကျန်ပါသေးသည်။

​“ဟုတ်တယ်၊ တစ်ချက်ပဲ ကျန်တော့တာ။”

​ဖန့်ချန်က သက်ပြင်းချ၍ -

​“ဒီလိုဆိုရင်တော့ ငါ့ရဲ့ အသေအချာ တိုက်ကွက်ကို သုံးမှပဲ ရတော့မယ်၊ ဒါက ငါ့ရဲ့ အရင်းအမြစ်ကိုလည်း ထိခိုက်စေနိုင်တယ်။”

​“ဪ”

​ရှုံးချာမှာ အံ့ဩသွားသည်။ နောက်တစ်ချက်တွင် ဖန့်ချန်သည် စွမ်းအား၏ ဆယ်ပုံတစ်ပုံကို သုံးကာ ရှစ်မျက်နှာအရပ် အထွတ်ထိတ် ဓားကျင့်စဉ် ကို အသုံးပြုလိုက်သည်။ စွမ်းအားမှာ ဧရာမဓားကြီးအဖြစ် ပြောင်းလဲသွားပြီး ရှုံးချာ၏ ရွှေရောင်ကိုယ်ခန္ဓာကို တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်သည်။ ရှုံးချာ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများမှာ ထိန်းချုပ်မရတော့ဘဲ ပျက်စီးသွားသည်။ သူ၏ ပုံမှန်ခန္ဓာကိုယ်သို့ ပြန်ရောက်သွားပြီး ရင်ဘတ်မှ သွေးများ စီးကျလာသည်။

​“ကောင်းပါပြီ။”

​ဖန့်ချန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ရှုံးချာထက်ပင် အားနည်းနေသလို -

​“ငါ့ရဲ့ ဒီတိုက်ကွက်က နှစ်ငါးရာမှာ တစ်ခါပဲ သုံးနိုင်တာ၊ သုံးပြီးရင် အနားယူရတာ အရမ်းကြာတယ်။ ရှုံးညီအစ်ကိုရဲ့ ဒီလို လေ့ကျင့်ခန်းမျိုး မဟုတ်ရင် ဒီပွဲမှာ ဘယ်သူနိုင်မလဲ ဆိုတာ ခက်ခဲပါတယ်။ ရှုံးညီအစ်ကိုကို အခက်တွေ့စေပြီ။”

​“…”

​အဆင့်မြင့် ကျောင်းသားများမှာ ထိုရလဒ်ကို မမျှော်လင့်ထားကြသဖြင့် အံ့အားသင့်သွားကြသည်။ ရှုံးချာကိုယ်တိုင်လည်း စကားမပြောနိုင်ဘဲ ဖြစ်သွားသည်။ ဒဏ်ရာက သိပ်မပြင်းထန်ပေမဲ့ တကယ်ပင် ဒဏ်ရာရသွားခဲ့သည်။ ငြင်းစရာ အကြောင်းမရှိပေ။ သူ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ ရှုံးချာနှင့်အတူပါလာသော ဆန်းနယဲ့ သူတော်စင်များမှာလည်း တိတ်ဆိတ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။

​“ဒါက… ထပ်နိုင်သွားတာလား”

​ရှန်ပါဝမ်မှာ နားမလည်နိုင် ဖြစ်သွားသည်။

​“ကံကောင်းလို့ပဲ ဖြစ်မှာပါ။”

​ဝမ်ချုံစန်းက အေးဆေးစွာ ပြောသည်။

All Chapters