အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) ကျေးဇူးတင်ရှိသွားခြင်း
စက်ရုံမှူး ရောက်ရှိလာခြင်းမှာ လျူအာကျူးအတွက် အနည်းငယ် မျှော်လင့်မထားသော ကိစ္စဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ တက်ကြွနေသော အသွင်အပြင်နှင့် သူ့ကိုယ်မှရသော ပင်လယ်စာနှင့် ပန်းနံ့သင်းသင်းလေးကြောင့် လျူအာကျူးသည် အခြေအနေကို အနည်းနှင့်အများ နားလည်သွားသည်။
သူသည် ဆေးစွမ်းကို စမ်းသပ်ပြီးခါစ ဖြစ်မည်ဟု တွေးလိုက်မိသည်။
စက်ရုံမှူးသည် အရက်ခွက်ကိုမြှောက်ကာ လျူအာကျူးအား တက်ကြွစွာဖြင့် ပြောလိုက်သည်။
"နတ်ဆေးသမားတော်ကျူး... မင်းကို ငါ ဂုဏ်ပြုရမယ်... ဒါပေမဲ့ မင်းလည်း တော်တော်လေး သောက်ထားပြီးပြီဆိုတော့လေ... ငါကတော့ ကုန်အောင်သောက်လိုက်မယ်... မင်းကတော့ သောက်နိုင်သလောက်သာ သောက်ပါ..."
စက်ရုံမှူးက ခေါင်းမော့၍ အရက်ခွက်ကို မော့သောက်လိုက်သည်ကို လျူအာကျူးက ကြည့်နေခဲ့သည်။ ထို့နောက် လျူအာကျူးသည်လည်း သက်ပြင်းချကာ သူ၏အရက်ခွက်ကို မြှောက်၍ ခေါင်းမော့ကာ အရက်များကို သူ၏ စိတ်အာရုံနေရာလွတ်ထဲသို့ သွန်ချလိုက်သည်။
"ဝိုး..."
စက်ရုံမှူးက လျူအာကျူးကို အံ့သြစွာ ကြည့်လိုက်သည်။
"နတ်ဆေးသမားတော်ကျူးက ဒီလောက်တောင် အရက်နိုင်မယ်လို့ မထင်ထားဘူး... ဒီလောက် အများကြီးသောက်ထားတာတောင် နောက်ထပ်တစ်ခွက် သောက်လိုက်တာ မျက်နှာလည်း မနီဘူး... အမောလည်း မဖောက်ဘူးပဲ..."
"ဘာမှမဟုတ်ပါဘူးဗျာ..."
လျူအာကျူးက နှိမ့်ချစွာဖြင့် လက်ခါပြလိုက်သည်။
"ထိုင်ပါဦး... ထိုင်ပါဦး..."
စက်ရုံမှူးက လျူအာကျူး၏လက်ကို ဆွဲကာ ထိုင်ရန် တိုက်တွန်းလိုက်သည်။
လျူအာကျူးသည် အနည်းငယ် နေရခက်သွားသဖြင့် သူ၏လက်ကို စားပွဲအောက်သို့ချကာ စားပွဲပေါ်တွင် မှောက်အိပ်နေသော ညွှန်ကြားရေးမှူး၏ အဝတ်အစားပေါ်၌ တိတ်တဆိတ် သုတ်ပစ်လိုက်သည်။
စက်ရုံမှူးသည် ခုနလေးတင် လက်မဆေးရသေးဘဲ ပင်လယ်စာများကို ကိုင်တွယ်ထားခြင်းရှိမရှိ မသေချာပေ။ သူနှင့် လက်ဆွဲနှုတ်ဆက်ရသည်မှာ လျူအာကျူးအတွက် အနည်းငယ် ရွံရှာဖွယ်ကောင်းနေသည်။
စက်ရုံမှူးသည် မည်သူမျှ မကြားနိုင်ကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အသံကို နှိမ့်ကာ ပြောလိုက်သည်။
"နတ်ဆေးသမားတော်ကျူး... မင်းရဲ့ဆေးက တကယ်စွမ်းတာပဲ... အဲဒီမိန်းမက ငါ့စကားကို နားမထောင်တာ ကြာပြီလေ... ဒီနေ့တော့ သူမကို လုံးဝအရှုံးပေးသွားတဲ့အထိ ပညာပေးလိုက်တယ်... သူမက ခြေထောက်တွေပျော့ခွေပြီး လမ်းတောင် မလျှောက်နိုင်တော့ဘူးဆိုပြီး အခုထိ ငါ့စားပွဲပေါ်မှာ အဝတ်မပါဘဲ လှဲနေတုန်းပဲ..."
"ဟီးဟီး..."
လျူအာကျူးသည် မည်သို့တုံ့ပြန်ရမှန်းမသိဘဲ နှုတ်ခမ်းကိုစေ့ကာ ဟန်ဆောင်ပြုံးပြလိုက်ရသည်။
ဤခေါင်းဆောင်များမှာ မည်သို့ဖြစ်နေကြသနည်းဟု သူ တွေးမိသည်။ သူတို့အားလုံးသည် မိန်းမများနှင့် နေပြီးတိုင်း ဝါကြွားရသည်ကို နှစ်သက်ကြသည်။
အချို့ဆိုလျှင် ဗီဒီယိုရိုက်ပြီး ဖြန့်ဝေရသည်ကိုပင် နှစ်သက်ကြသေးသည်။
စက်ရုံမှူးက ဆက်ပြောလေသည်။
"နတ်ဆေးသမားတော်ကျူး... မင်းဆီမှာ အဲဒီဆေး ဘယ်လောက်များများ ကျန်သေးလဲ မသိဘူးနော်..."
"အဲဒီဆေးကို ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတာပါ... ဒါပေမဲ့ ဖော်စပ်ရတဲ့ လုပ်ငန်းစဉ်က အရမ်းခက်ခဲပြီး အချိန်အများကြီး ယူရတယ်လေ..."
လျူအာကျူးက ချက်ချင်းပင် လိမ်ပြောလိုက်သည်။
တကယ်တမ်းတွင် ထိုဆေးလုံးများကို ဖော်စပ်ရသည်မှာ မခက်ခဲလှသော်လည်း ဤလူများက လွယ်ကူသည်ဟု ထင်သွားမည်ကို သူ မလိုလားပေ။ သို့မဟုတ်ပါက သူတို့သည် ၎င်းကို အလေးအနက်ထားမည် မဟုတ်ချေ။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... နားလည်ပါတယ်... အဲဒီလို တန်ဖိုးကြီးတဲ့ ဆေးတစ်ခွက်က ဖော်စပ်ဖို့ သေချာပေါက် မလွယ်ကူနိုင်ပါဘူး..."
စက်ရုံမှူးက လေးနက်စွာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်၏။
"ဒါပေမဲ ငါ စဉ်းစားနေတာကလေ... မင်း ငါ့အတွက် နည်းနည်းလောက် ထပ်ရှာပေးလို့ ရနိုင်မလား..."
ခေါင်းဆောင်ဖြစ်နိုင်သူများသည် များသောအားဖြင့် အသက်အရွယ်ကြီးရင့်သူများဖြစ်ပြီး ရာထူးမြင့်လေ အသက်ကြီးလေ ဖြစ်တတ်သောကြောင့် သူတို့သည် ဤဆေးလုံးများကို ပို၍ပင် လိုအပ်ကြသည်။
လျူအာကျူးသည် စက်ရုံမှူး၏ ဆိုလိုရင်းကို နားလည်သွားပြီး ပြုံးလိုက်လေသည်။
"စက်ရုံမှူးက နည်းနည်းလောက် ပိုမြင့်တဲ့နေရာကို တက်လှမ်းချင်နေတာလား..."
"နတ်ဆေးသမားတော်ကျူးရယ်... မင်းရဲ့ စကားလုံးရွေးချယ်မှုက တကယ့်ကိုပဲ..."
စက်ရုံမှူးသည် မည်သို့ပြောရမှန်းမသိဘဲ သက်ပြင်းချကာ ဟန်ဆောင်ပြုံးလိုက်၏။
"အဲ့လိုပဲဆိုရမှာပေါ့ဗျာ... လူဆိုတာက အမြဲတမ်း ပိုမြင့်တဲ့နေရာကို ကြိုးစားပြီး တက်လှမ်းသင့်တာပဲလေ..."
လျူအာကျူးသည် စက်ရုံမှူးအား ပေးသင့်မပေးသင့်ကို တွေးတောကာ တွေဝေသွားလေသည်။
သူ့ထံတွင် ထိုဆေးများ အများအပြားရှိနေပြီး လွယ်ကူစွာပင် ဖန်တီးနိုင်သော်လည်း အလွယ်တကူ ရရှိသွားပါက ဤလူများသည် တန်ဖိုးထားမည် မဟုတ်ဟု သူ ခံစားရသည်။
စက်ရုံမှူးသည် လျူအာကျူး၏ တွေဝေနေမှုကို သတိပြုမိသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်၏။
"တစ်ခုခု ပြဿနာရှိလို့လား..."
"ရိုးရိုးသားသား ပြောရရင် ဒီဆေးကို ဖော်စပ်ဖို့က မလွယ်ဘူးလေ... သတ်မှတ်ထားတဲ့ ဆေးဖက်ဝင်အပင်တွေ လိုအပ်တဲ့အပြင် ဆေးကျိုတဲ့ အချိန်ကိုလည်း အရမ်းတိကျဖို့ လိုအပ်တယ်... နည်းနည်းလေး လျော့သွားရင်တောင် ဆေးအာနိသင်က အပြည့်အဝရမှာ မဟုတ်ဘူး..."
လျူအာကျူးက အလွယ်တကူပင် လိမ်ပြောလိုက်သည်။
သို့သော် စက်ရုံမှူးက သူ့ကို အမှန်တကယ် ယုံကြည်သွားပြီး လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။
"မှန်တာပေါ့... မှန်တာပေါ့... ခုလိုတန်ဖိုးကြီးတဲ့ ဆေးတစ်ခွက်က ဖော်စပ်ဖို့ တော်တော်ခက်ခဲမှာပဲ... ဒါပေမဲ့ နတ်ဆေးသမားတော်ကျူးအနေနဲ့ ငါ့အတွက် နည်းနည်းလောက် ဖယ်ထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...မင်းကြိုက်တဲ့ ဈေးကိုသာ ခေါ်လိုက်ပါ..."
သူသည် ခရိုင်အထည်အလိပ်စက်ရုံတစ်ခု၏ စက်ရုံမှူးမျှသာ ဖြစ်သော်လည်း ဤစက်ရုံမှူးတွင် ကြီးမားသော ဩဇာအာဏာရှိသည်။
အထည်အလိပ်စက်ရုံရှိ လူတစ်ထောင်ခန့်သည် သူ့ကို နာခံကြပြီး အနာဂတ်တွင် အဝတ်အထည်ထုတ်လုပ်မှုကိုပါ ထပ်မံထည့်သွင်းလိုက်ပါက ပို၍ပင် အထင်ကြီးဖွယ်ကောင်းလာမည် ဖြစ်သည်။
ထို့အပြင် ဤခေတ်ရှိလူများသည် ကမ္ဘာကြီးကို များစွာမမြင်ဖူးကြသေးသောကြောင့် ဈေးနှုန်းကြီးမြင့်နေပါကလည်း လူအများစုအတွက် သေးငယ်သော တောင်းဆိုမှုတစ်ခုလို ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့်ပင် စက်ရုံမှူးသည် လျူအာကျူးအား ကြိုက်ရာဈေးခေါ်ရန် ရဲဝံ့စွာ ဝါကြွားရဲခြင်းဖြစ်သည်။ လျူအာကျူးက ယွမ်ရာဂဏန်းအချို့ သို့မဟုတ် အလုပ်အကိုင်တစ်ခုကို တောင်းဆိုလျှင်ပင် သူက တွန့်ဆုတ်ခြင်းမရှိဘဲ ပေးမည်ဖြစ်သည်။
သို့သော် လျူအာကျူးသည် ကမ္ဘာကြီးကို မြင်ဖူးထားသူဖြစ်သောကြောင့် မည်သည့်တောင်းဆိုမှုကိုမျှ မပြုလုပ်ခဲ့ပေ။ ယင်းအစား သူက တွေဝေဟန်ဆောင်ကာ ပြောလိုက်သည်။
"ကျွန်တော် ဆေးဖော်စပ်လို့ ပြီးသွားရင် ခင်ဗျားအတွက် နည်းနည်းဖယ်ထားပေးပါ့မယ်... ဒါပေမဲ့ တောင်းဆိုမှုအနေနဲ့ကတော့ ဘာတောင်းဆိုရမှန်း တကယ်မသိဘူးဖြစ်နေတယ်..."
စက်ရုံမှူး၏ မျက်ခုံးမှာ တွန့်တက်သွားပြီး လျူအာကျူးကို လေးနက်စွာ ကြည့်လိုက်သည်။
ခဏမျှတော့ ဤကောင်လေးက ရိုးသားနေခြင်းလား သို့မဟုတ် အရူးဟန်ဆောင်နေခြင်းလားဆိုတာကို သူ မခွဲခြားနိုင်တော့ပေ။
လျူအာကျူး မည်မျှငယ်ရွယ်ကြောင်းကို သူ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က သူ၏ ဆေးပညာစွမ်းရည်များကို သိထားသော်လည်း စက်ရုံမှူးက သူ့ကို အလေးအနက်မထားခဲ့ပေ။ စက်ရုံရှိ အမျိုးသမီးအလုပ်သမားများကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သကဲ့သို့ပင် သူ၏ ဘဝအတွေ့အကြုံဖြင့် လျူအာကျူးကို သူ၏ နောက်လိုက်တစ်ဦးဖြစ်လာစေရန် လွယ်ကူစွာ ပြုလုပ်နိုင်မည်ဟု သူ ခံစားခဲ့ရသည်။
သို့သော် လျူအာကျူးက သူ၏အပေါ်သို့ 'ပိုးသားထဲတွင် အပ်ကိုဝှက်ထားသော' ဗျူဟာကို အသုံးပြုလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သောကြောင့် သူ့မှာ မည်သို့လုပ်ရမှန်းမသိ ဖြစ်သွားသည်။
အကယ်၍ ဤလူက ယခု အကျိုးအမြတ်တစ်ခုခုကို တောင်းဆိုရန် ပါးစပ်မဟခဲ့လျှင် သူသာလျှင် ကျေးဇူးတင်ရှိသွားသူ ဖြစ်လာပေလိမ့်မည်။
ကျေးဇူးကြွေးဆိုသည်မှာ ကြီးချင်ကြီးနိုင်သလို သေးချင်လည်း သေးနိုင်ပြီး သာမန်ငွေပေးချေမှုထက် ပြန်ဆပ်ရန် များစွာ ပိုမိုခက်ခဲလှပေသည်။
လျူအာကျူးသည် စက်ရုံမှူး၏ အရက်ခွက်ကို အေးဆေးစွာ ဖြည့်ပေးလိုက်ပြီးနောက် အပြစ်ကင်းစင်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"စက်ရုံမှူး... ဘာဖြစ်လို့လဲ..."
အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် စက်ရုံမှူးသည် ရုတ်တရက် ခါးသီးစွာ ရယ်မောလိုက်သည်။
"မင်းက တော်တော်လေး ဟုတ်နေပါလား ကောင်လေး... ငါက မင်းကို ကစားချင်ခဲ့တာ... ဒါပေမဲ့ နောက်ဆုံးတော့ မင်းကစားတာကို ငါ ခံလိုက်ရတာပဲ... ဒီလိုလုပ်... မင်း နောက်မှ ငါ့ကို ဆေးနည်းနည်း ထပ်ပေးပါ... အဲဒါကို ငါ ဝမ်ကော်ကျုံးက မင်းကို ကျေးဇူးအကြီးကြီး တင်သွားတယ်လို့ မှတ်လိုက်မယ်... ရလား..."
"ကျေးဇူးတင်စရာတွေ ဘာတွေ ပြောနေစရာ လိုလို့လားဗျာ... ကျွန်တော်တို့က မိသားစုတွေလို ဖြစ်နေပြီပဲ... အဲဒီလိုပြောလိုက်တော့ သူစိမ်းတွေလို ဖြစ်သွားတာပေါ့..."
"စက်ရုံမှူးကို ကျွန်တော် ဂုဏ်ပြုပါတယ်..."
လျူအာကျူးက အရက်ခွက်ကို မြှောက်ကာ တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။
ဝမ်ကော်ကျုံးက အရက်ခွက်ကို မြှောက်ကာ ပြောလိုက်၏။
"ငါတို့နှစ်ယောက်စလုံးက ဉာဏ်ကောင်းတဲ့လူတွေချည်းပါပဲ... မင်းက အရူးဟန်ဆောင်နေတာကို ဆက်လုပ်နေမယ်ဆိုရင်တော့ နည်းနည်းလွန်သွားပြီနော်... ဒါ့အပြင် မင်းက ငါတို့ကို မိသားစုတွေလိုပဲလို့ ပြောထားတာဆိုတော့ အခုကစပြီး ငါ့ကို ဦးလေးလို့ ခေါ်ရင် သိပ်မလွန်လောက်ဘူးမလား..."
"အာ... ခုနလေးတင် ညွှန်ကြားရေးမှူးက သူ့ကို'အစ်ကိုလို့ ခေါ်ဖို့ ပြောထားတာလေ... အဲဒါဆိုရင် မျိုးဆက်အလိုက် ခေါ်ဝေါ်တာတွေ ရှုပ်ကုန်မှာပေါ့..."
လျူအာကျူးက တွေဝေစွာ ပြောလိုက်သည်။
"ရပါတယ်... ငါတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခေါ်ကြတာပေါ့..."
ဝမ်ကော်ကျုံးသည် ရယ်မောလိုက်ပြီးနောက် အရက်ကို တစ်ငုံသောက်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ ကုန်အောင် မသောက်တော့ပေ။
ဘာပဲဖြစ်ဖြစ် ဤအရာမှာ ပြင်းရှသော တရုတ်ရိုးရာအရက် တစ်ခွက်ဖြစ်လေသည်။ သူ မည်မျှပင် အရက်နိုင်သည်ဖြစ်စေ ထိုကဲ့သို့ဆက်တိုက် မော့သောက်နေမည်ဆိုပါက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
လျူအာကျူးသည်လည်း ကြွားလုံးမထုတ်တော့ပေ။ သူသည် လေးစားမှုကို ပြသသည့်အနေဖြင့် ဝမ်ကော်ကျုံးထက် အနည်းငယ်မျှ ပို၍သာ သောက်လိုက်လေသည်။
သို့သော် သူ၏ အရက်သောက်နိုင်စွမ်းက ဝမ်ကော်ကျုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး သူ့ကို စမ်းသပ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ပေ။
ထို့ကြောင့် သူသည် လျူအာကျူးနှင့် အရက်သောက်ရန် အကြောင်းပြချက်အမျိုးမျိုးကို စတင်ရှာဖွေကာ တစ်ငုံပြီးတစ်ငုံ တစ်ခွက်ပြီးတစ်ခွက် သောက်ကြတော့သည်။
နောက်ဆုံးတွင် ဝမ်ကော်ကျုံးမှာ ယိုင်နဲ့နဲ့ဖြစ်လာသည်အထိ မူးယစ်သွားလေသည်။
တစ်ဖက်တွင်မူ လျူအာကျူး၏ နေရာလွတ်ထဲရှိ မြေကြီးမှာ စိုစွတ်မှုပင် မရှိသေးပေ။
"ကဲ... ကျွန်တော်ကတော့ သူတို့နှစ်ယောက်စလုံးကို ပြန်မခေါ်သွားနိုင်ဘူး... အစ်ကိုကြီး စားဖိုမှူးရေ... သူတို့ကို ပြန်ခေါ်သွားပေးဖို့ အကူအညီတောင်းလို့ ရမလားဗျာ..."
လျူအာကျူးသည် ညွှန်ကြားရေးမှူးကျိုးထံမှ သူ အနိုင်ရရှိထားသော စီးပွားရေးအမှတ်တံဆိပ် စီးကရက်ဘူးကို ပစ်ပေးလိုက်ပြီးနောက် ယဉ်ကျေးစွာ ပြုံး၍ ပြောလိုက်သည်။
စီးပွားရေးအမှတ်တံဆိပ် စီးကရက်များကို သောက်ရသည်ကို သူ မနှစ်သက်ပေ။ ၎င်းတို့က သူ့ကို ချောင်းဆိုးစေသည်။
စားဖိုမှူးသည် စီးကရက်ဘူးကို ဖမ်းလိုက်ပြီး အပြည့်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ရှစ်ဆင့်မျှသာ တန်ဖိုးရှိသော်လည်း သူ့ကို ဝမ်းသာအားရ ပြုံးရွှင်သွားစေလေသည်။
သို့သော် လျူအာကျူးသည် ခုနလေးတင် စက်ရုံမှူး၊ ညွှန်ကြားရေးမှူးတို့နှင့် ရယ်မောကာ စကားပြောနေခဲ့သည်ကို သတိရသွားပြီးနောက် သူသည် စီးကရက်များကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အမြန်ပြန်ပေးရန် ကြိုးစားသည်။
"စီးကရက်တွေ မလိုပါဘူးဗျာ... စက်ရုံမှူးနဲ့ ညွှန်ကြားရေးမှူးကို အိမ်ပြန်ပို့ရတာက ငါ့အလုပ်ပဲလေ..."
"ဒါဆိုရင်လည်း ခင်ဗျားရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဒီတစ်ဘူးကို ယူလိုက်ပါ... ဟင်းတွေက တကယ်ကောင်းပါတယ်..."
လျူအာကျူးက ပေါ့ပေါ့ပါးပါးပင် ချီးကျူးလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
သူ ဘာမှမပြောလျှင်တောင်မှ စားဖိုမှူးက စက်ရုံမှူးနှင့် ညွှန်ကြားရေးမှူးကို ပြန်ပို့ပေးလိမ့်မည်ဆိုသည်ကို သူ သေချာပေါက် သိထားသည်။ သို့သော် ထိုမျှလောက် အားထုတ်လုပ်ကိုင်ရပြီးနောက် စားဖိုမှူးအနေဖြင့် သူတို့ကို မူးအောင်တိုက်ခဲ့သည့် လူအပေါ် အနည်းနှင့်အများတော့ မကျေမနပ်ဖြစ်ကာ မလိုမုန်းထားမှုများ ရှိလာမည်မှာ အသေအချာပင်ဖြစ်သည်။
လျူအာကျူးက စားဖိုမှူးတစ်ယောက်ကို မကြောက်သော်လည်း တစ်ခါတစ်ရံတွင် မကျေနပ်မှု မီးပွားလေးတစ်ခုက လေတိုက်ခတ်မှုကြောင့် တောမီးအဖြစ်သို့ ကူးစက်သွားနိုင်သည်။
ထို့ကြောင့် သေးငယ်သော အကျိုးအမြတ်လေးတစ်ခုက ထိုမီးတောက်ကို ငြိမ်းသတ်ပေးနိုင်မည်ဆိုပါက အဘယ်ကြောင့် အထက်စီးမှနေကာ အလားအလာရှိသော ပြဿနာများကို ချန်ထားရစ်ရမည်နည်း။