← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) ဖြေရှင်းခြင်း

လျူအာကျူးသည် ဤပစ္စည်းများကို မလိုအပ်သောကြောင့် လက်မခံခဲ့ပေ။ ထိုအစား သူ၏စက်ဘီးပစ္စည်းထည့်သည့်အိတ်ထဲမှ နောက်ထပ်ဆယ်ကျင်းကို ထုတ်ယူကာ ကမ်းပေးလိုက်လေသည်။

"လက်ဆောင်ပေးဖို့ ကိစ္စအတွက် စိတ်ပူစရာမလိုပါဘူး... အားလုံးကို ပြန်ယူသွားပါ... ကလေးတွေကိုတော့ အငတ်မခံပါနဲ့..."

မည်သို့ပင်ဖြစ်စေ သူတို့သည် သူ့ဆရာဖြစ်သူ၏ သားနှင့်မြေးပင် ဖြစ်လေသည်။ အကယ်၍ သူ၏မိသားစုတွင် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက သူ၏ဆရာသည်လည်း စိတ်မကောင်းဖြစ်ရမည်မှာ သေချာလှ၏။

ထို့အပြင် သူသည် သူတို့မိသားစု၏ ရိုးရာဆေးပညာစွမ်းရည်များကို အားကိုး၍ ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သောကြောင့် အနည်းငယ် ကူညီပေးခြင်းမှာ မှန်ကန်သောအလုပ်ပင် ဖြစ်သည်။

သူ၏ရိက္ခာများကို ပေး၍မရသည့်အပြင် နောက်ထပ်ဆယ်ကျင်းပင် ပြန်ရလာသည်ကို မြင်လိုက်ရသောအခါ လျူမာရွှမ်းက အလျင်အမြန် ငြင်းဆန်လိုက်သည်။

"အဲ့လိုလုပ်လို့မရဘူး ကျူးဇီ... မင်းက ငါ့အတွက် ကူညီပြောပေးဖို့ သဘောတူတာကိုပဲ ငါက အရမ်းကျေးဇူးတင်နေပြီ... မင်းဆီက ရိက္ခာကိုပါ ငါက ဘယ်လိုလုပ် ယူလို့ဖြစ်မှာလဲ..."

"ကျွန်တော့်အှာ ဒီပစ္စည်းလေးတွေက မလိုပါဘူး... အချိန်မဆွဲဘဲ နောက်ကို မြန်မြန်လိုက်ခဲ့..."

လျူအာကျူးက သူ၏စက်ဘီးကို စီး၍ ထွက်သွားစဉ် နောက်သို့ပင် လှည့်မကြည့်ခဲ့ပေ။

လျူမာရွှမ်းသည် လျူဟိုင်၏အိမ်သို့ လျူအာကျူးနောက်မှ မလိုက်မီ ရိက္ခာများကို ပြန်ထားရန် အိမ်သို့သာ ပြေးသွားရတော့သည်။

လျူဟိုင်သည်လည်း ထမင်းစားပြီးခါစဖြစ်ပြီး တပ်မဟာရုံးချုပ်သို့ ထွက်သွားရန် ပြင်နေစဉ် လျူအာကျူး စက်ဘီးစီးလာသည်ကို မြင်လိုက်ရလေသည်။ သူက မနာလိုသော အမူအရာကို မဖုံးကွယ်နိုင်ဘဲ ပြောလိုက်လေသည်။

"မင်းက ငါ့ကို ကြွားချင်လို့ အဲ့စက်ဘီးကို စီးလာတာလား..."

သူ၏စကားသံ မဆုံးမီမှာပင် လျူဟိုင်သည် အဝေးမှနေ၍ အမောတကော ပြေးလာသော လျူမာရွှမ်းကို မြင်လိုက်ရသည်။

ချက်ချင်းပင် လျူဟိုင်၏မျက်နှာမှာ မည်းမှောင်သွားလေသည်။

"ကျူးဇီ... မင်းက သူ့အတွက် ကူညီတောင်းပန်ပေးဖို့ လာတာလား..."

လျူအာကျူးက ပြုံးကာ ပြောလိုက်သည်။

"ကျွန်တော်က သတင်းကောင်းတစ်ခု လာပြောတာပါ... ဒီနေ့မနက်က ကျွန်တော် သူလျှိုတစ်ယောက်ကို ဖမ်းမိပြီး ရဲစခန်းကို ပို့လိုက်တယ်... သူတို့ စစ်ဆေးမေးမြန်းကြည့်တော့ သူလျှိုစခန်းတစ်ခုကို တွေ့သွားပြီး အခု အဲဒါကို ရှင်းလင်းနေကြတယ်..."

လျူဟိုင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏အသံမှာ အနည်းငယ် တုန်ယင်သွားသည်။

"ကျူးဇီ... မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်..."

"မဟုတ်ပါဘူး... နောက်ရက်အနည်းငယ်နေရင် ရဲစခန်းက ပြည်သူ့ကွန်မြူနစ်အဖွဲ့ကို ကျွန်တော့်အတွက် ဂုဏ်ပြုပေးဖို့ အကြောင်းကြားလိမ့်မယ်... ကျွန်တော့်မှာ ပြည်သူ့ကွန်မြူနစ်အဖွဲ့ကို ကျွန်တော်နဲ့အတူတူ လိုက်လုပ်ခိုင်းနိုင်တဲ့ စွမ်းဆောင်ရည်မှ မရှိတာပဲလေ..."

လျူအာကျူးက ရှင်းပြလိုက်လေသည်။

"အေးပါ... မင်းမှာ အဲ့စွမ်းဆောင်ရည် မရှိပါဘူး..."

လျူဟိုင်သည် မသိမသာ သဘောတူလိုက်မိသော်လည်း ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားကာ စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ပြောလိုက်သည်။

"ကျူးဇီ... မင်းက တကယ့်ကို တော်တာပဲ... ဒါက ကြီးမားတဲ့ အောင်မြင်မှုကြီးတစ်ခုပဲ... ငါတို့ရွာက မင်းကြောင့် တိုးတက်သောကျေးရွာအဖွဲ့ ဒါမှမဟုတ် စံပြထုတ်လုပ်ရေးအဖွဲ့ရုံး ဖြစ်သွားနိုင်တယ်... နောင်ဆိုရင် ငါက တစ်မူလျှင်ထွက်ရှိမှုကို အစီရင်ခံဖို့ စိတ်ပူစရာ မလိုတော့ဘူး... ငါက အထွက်နှုန်းကို လျှော့ပြီး အစီရင်ခံရင်တောင် ပြည်သူ့ကွန်မြူနစ်အဖွဲ့က လူတွေက ငါ့ကို အရေးယူရဲမှာ မဟုတ်ဘူး... မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပဲ..."

စကားအနည်းငယ်ပြောရုံဖြင့်ပင် သူက ကျေးဇူးရှင်အဆင့်အထိ တက်လှမ်းသွားခဲ့လေပြီ။

အထက်မှချမှတ်ထားသော တစ်မူလျှင်ထွက်ရှိမှု သတ်မှတ်ချက်များကြောင့် လျူဟိုင်က အမှန်တကယ်ပင် ရူးသွပ်မတတ် ဖြစ်နေကြောင်း ရှင်းလင်းလှပေသည်။

လျူဟိုင် ပျော်ရွှင်နေသည်ကို မြင်လိုက်ရသောအခါ လျူအာကျူးက ချက်ချင်းပင် ပြောလိုက်လေသည်။

"ဒါဆိုရင် ဒီကျေးဇူးရှင်က ခင်ဗျားကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား..."

"ပြောလေ... ဆက်ပြောပါ... သူရဲကောင်းလေး... ကျေးဇူးပြုပြီး လမ်းညွှန်မှုပေးပါဦး..."

လျူဟိုင်သည် အလွန်ဝမ်းသာနေပြီး လူကြီးတစ်ယောက်၏ အမူအရာမျိုးမရှိဘဲ လျူအာကျူးကို နောက်ပြောင်လိုက်သည်။

လျူအာကျူးက ချက်ချင်းပင် ပြောလိုက်သည်။

"ခင်ဗျားက အစ်ကိုရွှမ်းဇီရဲ့ ကိစ္စကို ဖုံးဖိထားပေးလို့ ရမလား... အဲဒါက ကြီးကျယ်တဲ့ကိစ္စ မဟုတ်ပါဘူး... သူက အရမ်းဗိုက်ဆာပြီး မခံနိုင်လို့ ရိက္ခာနည်းနည်း ခိုးမိရုံပါ... သူ့ကို ဒီလောက်ကြီးမားတဲ့ ပြစ်မှုကြီးကို ကျူးလွန်သူအဖြစ် သတ်မှတ်စရာ မလိုပါဘူး... ဒါ့အပြင် အခုချိန်မှာ ခင်ဗျားက သွားတိုင်လိုက်လို့ ပြည်သူ့ကွန်မြူနစ်အဖွဲ့က အပြစ်ရှာပြီး ငါတို့ကို တိုးတက်သောကျေးရွာအဖွဲ့

ဆိုတဲ့ဂုဏ်ပုဒ်မပေးရင် ဘယ်လိုလုပ်မလဲ..."

လျူဟိုင်သည် လျူအာကျူး၏ တောင်းဆိုမှုကြောင့် အံ့အားသင့်သွားသည်။ သူသည် ပြေးလာသော အာရုံကြောအားနည်းကာ အပြစ်ရှိသလို ဖြစ်နေသည့် လျူမာရွှမ်းကို ကြည့်လိုက်ပြီးနောက် လျူအာကျူးဘက်သို့ ပြန်ကြည့်ကာ အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

"မင်း လူလည်လေး... မင်းက တိုးတက်သောကျေးရွာအဖွဲ့ဆိုတဲ့ ဂုဏ်ပုဒ်ကိုသုံးပြီး ငါ့ကို ခြိမ်းခြောက်နေတာလား..."

"ဒါပေမဲ့ မင်း ဒါကို စိတ်ပူစရာမလိုပါဘူး... ငါ မအပါဘူး... အကယ်၍ ငါက ရွှမ်းဇီရဲ့ကိစ္စကို တကယ်ပဲ အစီရင်ခံလိုက်ရင် ငါတို့ရွာပဲ မျက်နှာပျက်ရမှာ..."

"ငါနဲ့ လုံခြုံရေးတပ်မှူးကလွဲပြီး ဘယ်သူမှ ဒီကိစ္စကို မသိပါဘူး... ငါက အဲ့ကောင်လေးကို ခြောက်လှန့်ရုံပဲ လုပ်ခဲ့တာပါ... တကယ်တော့ သူ့ကို ထောင်ချဖို့ မရည်ရွယ်ပါဘူး..."

ဤစကားကို ကြားသောအခါ လျူမာရွှမ်းက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး ရုတ်တရက် ဒူးထောက်ချလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဦးလေးဟိုင်... ကျေးဇူးတင်ပါတယ် ဦးလေးဟိုင်..."

လျူဟိုင်က သူ့ကို စိတ်ပျက်စွာဖြင့် ကန်လိုက်သည်။

"ထွက်သွားစမ်း... ငါတို့အားလုံးက မျိုးရိုးအမည်တူတွေချည်းပဲ... နောက်နောင် တစ်ခုခုဖြစ်ရင် တိုက်ရိုက်သာ လာပြောပါ... မိုက်မဲတဲ့အလုပ်တွေ မလုပ်နဲ့..."

"ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."

ထိုအခါမှသာ လျူမာရွှမ်းက မတ်တတ်ရပ်လိုက်ပြီး လျူအာကျူးကို ကြည့်လိုက်လေသည်။

"ကျူးဇီ..."

"ခင်ဗျား အရင်သွားနှင့်ပါ... ကျွန်တော်က ဦးလေးဟိုင်နဲ့ စကားနည်းနည်း ပြောချင်လို့..."

လျူအာကျူးက သူ့ကို လက်ယမ်းပြလိုက်သည်။

လျူမာရွှမ်းက သဘောတူလိုက်ပြီးနောက် သူ၏ဇနီးဖြစ်သူအား သတင်းကောင်းကို ပြောပြရန်နှင့် လျူအာကျူးကို မည်သို့ကျေးဇူးဆပ်ရမည်ကို ဆွေးနွေးရန်အတွက် အိမ်သို့ အလျင်အမြန် ပြန်သွားလေသည်။

သူ ထွက်သွားပြီးနောက် လျူအာကျူးက မေးလိုက်၏

"ဦးလေးဟိုင်... လုံခြုံရေးတပ်မှူးမှာ မကျေနပ်ချက်တချို့ ရှိနေတယ်ဆိုတာကို ကျွန်တော့်ကိုပြောပြဖို့ သူ့အကြောင်းကို တမင်သက်သက် ထည့်ပြောလိုက်တာလား..."

လျူဟိုင်သည် သူ့အား ကျေးဇူးတင်လေးစားစွာဖြင့် ကြည့်လိုက်သည်။

"မင်းက တကယ့်ကို ဉာဏ်ကောင်းတဲ့ ကလေးပဲ... မင်းကို ပြောပြဖို့ ငါမကြောက်ပါဘူး... လျူမာရွှမ်းရဲ့ကိစ္စက ရွာအတွက်တော့ အရှက်ရစရာဖြစ်ပေမဲ့ လုံခြုံရေးအဖွဲ့အတွက်ကတော့ သေချာပေါက် ဂုဏ်ယူစရာပါပဲ... ပြည်သူ့စစ်တပ်မှူးက အဲ့ကိစ္စကနေ ဆုလာဘ်တစ်ခုခု ရနိုင်တယ်လေ... သူက စိတ်မကောင်းဖြစ်နေမှာကို မင်းမထင်ဘူးလား..."

လျူအာကျူးက လေးလေးနက်နက် တွေးလိုက်သည်။

လျူမာရွှမ်းသည် တကယ်တမ်း၌ မည်သည့်အရာကိုမျှ မခိုးယူခဲ့ပေ။ အကယ်၍ သူသာ ဖမ်းခံရလျှင်ပင် လုံခြုံရေးတပ်မှူး ရရှိမည့် အများဆုံးဆုလာဘ်မှာ 'ဆု' ဟူသော စကားလုံးပါရှိသည့် လက်ဖက်ရည်ခွက်တစ်ခွက်နှင့် အားပေးစကား အချည်းနှီးအချို့သာ ဖြစ်ပေမည်။

သို့သော် ဤခေတ်ရှိ လူများသည် ဂုဏ်သိက္ခာကို တန်ဖိုးထားကြပြီး သူတို့၏ ပိုင်ဆိုင်မှုများကိုလည်း မြတ်နိုးကြသည်။

အကယ်၍ အခြားသူတစ်ယောက်က တစ်စုံတစ်ရာကို အောင်မြင်မှုရရှိပြီး သူတို့အနေဖြင့် မည်သည့်အရာကိုမျှ မရရှိပါက မည်သူမဆို အဆင်မပြေမှုကို ခံစားရမည်သာ ဖြစ်လေသည်။

"ဦးလေးဟိုင်... စီးကရက်တစ်ဘူးက ဖြေရှင်းပေးနိုင်မလား..."

လျူအာကျူးက တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။

"ဘာလို့ ပစ္စည်းတွေကို အလဟဿဖြစ်အောင် လုပ်မှာလဲ... မင်းက မင်းရဲ့ချမ်းသာကြွယ်ဝမှုကို ကြွားချင်နေတာလား..."

လျူဟိုင်သည် လျူအာကျူးကို နောက်ပြောင်ကာ လက်သီးဖြင့်ထိုးလိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သင်ကြားပေးလိုက်သည်။

"ရဲတွေက ပြည်သူ့ကွန်မြူနစ်အဖွဲ့ကို သွားပြီး မင်းကို ဂုဏ်ပြုတဲ့အခါကျရင် မင်းက သေချာပေါက် မိန့်ခွန်းပြောရတာမျိုး ဒါမှမဟုတ် တစ်ခုခုလုပ်ရမှာပဲ မဟုတ်လား... အဲဒီအခါကျရင် မင်းက စကားနည်းနည်းလောက် ပြောပေးလို့ မရဘူးလား..."

လျူအာကျူးက သဘောပေါက်သွားလေသည်။

"ကျွန်တော် နားလည်ပြီ... အချိန်ကျလာရင် တပ်မဟာခေါင်းဆောင်က ကျွန်တော့်ကို ကြိုးကြိုးစားစား လေ့လာဖို့နဲ့ မိခင်နိုင်ငံကို အလုပ်အကျွေးပြုဖို့ သင်ပေးတယ်... ပြီးတော့ လုံခြုံရေးတပ်မှူးက လေ့ကျင့်ခန်းလုပ်ဖို့ သင်ပေးခဲ့လို့ သူလျှိုရဲ့ သံသယဖြစ်စရာ အပြုအမူတွေကို သတိပြုမိပြီး တစ်ချက်တည်းနဲ့ ဖမ်းဆီးနိုင်ခဲ့တာလို့ ကျွန်တော် ပြောလိုက်မယ်..."

လျူဟိုင်က ရယ်မောလိုက်လေသည်။

"မင်းက အရာရာကို နှိုင်းယှဉ်ပြီး ဘယ်လိုအသုံးချရမလဲဆိုတာကိုတောင် သင်ယူထားတာပဲ... ဒါပေမဲ့ မင်းက ငါ့အကြောင်းကို ထည့်ပြောလည်း ဘာမှမဖြစ်ပါဘူး... အဓိကကတော့ လုံခြုံရေးတပ်မှူးအကြောင်းကို ထည့်ပြောဖို့ပါပဲ... အဲဒါဆို သူ အရမ်းပျော်သွားလိမ့်မယ်..."

"ကျွန်တော်က ခင်ဗျားအကြောင်းကိုလည်း ထည့်ပြောရမှာပေါ့... အကယ်၍ ခင်ဗျားသာ ပြည်သူ့ကွန်မြူနစ်အဖွဲ့ကနေ လျူကျေးရွာကို သတ်မှတ်ထားတဲ့ တစ်မူလျှင်ထွက်ရှိမှု ဖိအားကို မခံယူထားဘူးဆိုရင် ရွာထဲက လူဘယ်နှယောက်လောက် အငတ်ဘေးနဲ့ သေဆုံးသွားမလဲဆိုတာ ကျွန်တော် မသိဘူး... ခင်ဗျားရဲ့ အခြားပံ့ပိုးကူညီမှုတွေကို မဆိုထားနဲ့... ဒီအချက်တစ်ခုတည်းနဲ့တင် လူတိုင်းက ခင်ဗျားကို ဦးညွှတ်ရိုသေဖို့ ထိုက်တန်ပါတယ်..."

လျူအာကျူးသည် သူ့ကို မြှောက်ပင့်ပြောဆိုနေခြင်း ဖြစ်သော်လည်း အမှန်တကယ်ပင် ဆိုလိုရင်းဖြစ်သည်။

လျူဟိုင်သည် မြှောက်ပင့်စကားများကြောင့် ဝမ်းသာသွားပြီး ကိုယ်တိုင်လိပ်ထားသော စီးကရက်တစ်လိပ်ကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

"မင်းရဲ့ပါးစပ်ကတော့... မင်းက တကယ့်ကို ကျောင်းတက်ဖူးတဲ့လူပဲ..."

"ကျွန်တော့်ဟာကို သောက်ပါ... ကျွန်တော့်ဟာကို သုံးပါ..."

လျူအာကျူးက ကျုံးဟွာ စီးကရက် တစ်ဝက်ခန့်ကို ကမ်းပေးလိုက်သည်။ သူ၏ထံတွင် ကျုံးဟွာစီးကရက် သိပ်မကျန်တော့ပေ။

နောက်ထပ် အနည်းငယ်စကားပြောပြီးနောက် လျူအာကျူးသည် ပြန်ရန် နှုတ်ဆက်လိုက်သည်။

လျူဟိုင်သည် တပ်မဟာရုံးချုပ်အတွင်းသို့ လျှောက်သွားရာ လုံခြုံရေးတပ်မှူး သူ၏သေနတ်ကို သန့်ရှင်းရေးလုပ်နေသည်ကို မြင်လိုက်ရသောအခါ စီးကရက်ကို ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။

"ကျူးဇီဆီကပေးတာ..."

"ဘာလဲ... သူက မှောင်ခိုဈေးကွက်ကို သွားတဲ့ကိစ္စတွေကို လျှို့ဝှက်ထားပေးဖို့ ငါ့ကို အကူအညီတောင်းနေတာလား..."

လုံခြုံရေးတပ်မှူးက ခေါင်းမော့မကြည့်ဘဲ မေးလိုက်လေသည်။

လျူအာကျူးကမူ သူ၏ မှောင်ခိုဈေးကွက်သို့ သွားရောက်မှုများသည် လုံးဝ လျှို့ဝှက်ချက်ဖြစ်သည်ဟု ထင်မှတ်ထားလးသည်။

တကယ်တမ်းတွင် သူ ရွာမှထွက်သွားတိုင်း လုံခြုံရေးတပ်မှူးက သိနေခဲ့သည်။ လုံခြုံရေးတပ်မှူးသည် လျူအာကျူး၏ မိသားစုမှာ အခက်အခဲဖြစ်နေကြောင်း သိထားသောကြောင့် ဝင်ရောက်မစွက်ဖက်ရန်သာ ဆုံးဖြတ်ထားခြင်း ဖြစ်လေသည်။

"မဟုတ်ပါဘူး... လျူမာရွှမ်းဆိုတဲ့ကောင်လေးအကြောင်းပါ..."

လျူဟိုင်က ပြောလိုက်သည်။

လုံခြုံရေးတပ်မှူးသည်လည်း စိတ်တိုတိုဖြင့် သူ၏စီးကရက်ကို မီးညှိလိုက်၏။

"ဘာပြောစရာရှိလို့လဲ... မင်းက လူကောင်းလုပ်ပြီး အစီရင်ခံစာ မတင်ခဲ့တာ မဟုတ်ဘူးလား... နောက်ဖေးပေါက်ကနေ ဝင်ဖို့အတွက် စီးကရက်ပေးရလောက်အောင် တန်လို့လား..."

လျူဟိုင်က သူ စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သိသောကြောင့် ရေနွေးတစ်ခွက်ကို ငဲ့လိုက်ပြီး ပြောလိုက်သည်။

"မင်းက ဘယ်လောက်တောင် သဘောထားသေးသိမ်သလဲဆိုတာ ကြည့်စမ်း... ကျူးဇီက မင်းကို အရှုံးပေါ်စေမှာ မဟုတ်ပါဘူး..."

"အဲ့ကောင်လေးက သူလျှိုတစ်ယောက်ကို ဖမ်းမိပြီး သူလျှိုစခန်းကို စစ်ဆေးမေးမြန်းရာမှာတောင် ရဲတွေကို ကူညီပေးခဲ့လို့ ကြီးမားတဲ့ ပံ့ပိုးမှုကြီးတစ်ခုကို လုပ်ခဲ့တာပဲ..."

"ပြည်သူ့ကွန်မြူနစ်အဖွဲ့မှာ သူ့ကို ဂုဏ်ပြုပေးမယ်လို့ ရဲတွေက ကတိပေးထားတယ်... အဲဒီအချိန်ကျရင် သူက မင်းသင်ပေးခဲ့တဲ့ လုံးထွေးသတ်ပုတ်တဲ့ နည်းစနစ်တွေကြောင့် သူလျှိုကို ဖမ်းမိခဲ့တာလို့ပြောပြီး မင်းအကြောင်းကို ထည့်ပြောမယ်လို့ ပြောတယ်..."

လုံခြုံရေးတပ်မှူးက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး လျူဟိုင်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

"တကယ်လား... အဲ့ကောင်လေးက တကယ်ပဲ သူလျှိုကို ဖမ်းမိခဲ့တာလား..."

"အဲ့လိုကိစ္စမျိုးကို ဘယ်သူက လိမ်ပြောရဲမှာလဲ... ပြည်သူ့ကွန်မြူနစ်အဖွဲ့က မင်းကို ချီးကျူးလာမယ့်အချိန်ကိုသာ စောင့်နေလိုက်တော့..."

လျူဟိုင်က ရယ်မောလိုက်သည်။

လုံခြုံရေးတပ်မှူးသည် ချက်ချင်းပင် စိတ်လှုပ်ရှားဝမ်းသာသွားသည်။ သူသည် သေနတ်သန့်ရှင်းရေးလုပ်ခြင်းကို ရပ်လိုက်ပြီး ဟိုဘက်ဒီဘက် လမ်းလျှောက်နေတော့သည်။

ရုတ်တရက် သူသည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"မဖြစ်သေးဘူး... ငါ့ရဲ့ လုံးထွေးသတ်ပုတ်တဲ့ နည်းစနစ်တွေကို သွားပြီးလေ့ကျင့်ရဦးမယ်... အကယ်၍ အဲဒီအချိန်ကျမှ ပြည်သူ့ကွန်မြူနစ်အဖွဲ့က ငါ့ကို သရုပ်ပြခိုင်းပြီး ငါ့ရဲ့စွမ်းရည်တွေက သံချေးတက်နေရင် ငါ အရမ်းမျက်နှာပျက်ရလိမ့်မယ်..."

လျူဟိုင်သည် အလျင်အမြန် ထွက်သွားသော လုံခြုံရေးတပ်မှူးကို ကြည့်ကာ အထင်သေးစွာဖြင့် ပြုံးလိုက်သည်။

"သနားစရာကောင်းတဲ့ အမူအရာကို ကြည့်စမ်း... လောကကြီးကို မမြင်ဖူးတဲ့သူဆိုတာ တကယ်ပါပဲ... ပြည်သူ့ကွန်မြူနစ်အဖွဲ့ဆီကနေ ချီးကျူးခံရတာလေးကိုပဲ... အဲဒီလောက်တောင် စိတ်လှုပ်ရှားဖို့ တန်လို့လား..."

ချက်ချင်းပင် သူသည် စာရွက်တစ်ရွက်ကို ထုတ်ယူကာ မိန့်ခွန်းတစ်ခုကို စတင်ရေးသားတော့သည်။

ပထမဆုံး စာကြောင်းမှာ-

"ပထမဆုံးအနေနဲ့ ပြည်သူ့ကွန်မြူနစ်အဖွဲ့က ခေါင်းဆောင်အသီးသီးကို သူတို့ရဲ့ ပျိုးထောင်မှုနဲ့ အလေးအနက်ထား သင်ကြားပေးမှုတွေအတွက် ကျေးဇူးတင်ချင်ပါတယ်..."

All Chapters