← Chapters

အခန်း (၂၇၈၁-၂၇၈၂)

Vol. 279 Ch. 2781-2782

အခန်း (၂၇၈၁-၂၇၈၂)

Vol. 279 Ch. 2781-2782

အခန်း (၂၇၈၁) - နောက်ဆုံးအကြိမ် ပိုက်ဆံအိတ်လှုပ်ခြင်း

​ဝမ်ချုံစန်းက ကံကောင်းလို့သာ ဖြစ်မည်ဟု ပြောသော်လည်း သွေးစာရေးတို့မှာမူ ထိုဓားချက်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို အမှန်တကယ်ပင် ခံစားလိုက်ရသည်။

​“ကံကောင်းတာပဲ၊ သူ အင်အားတော်တော်များများ ဆုံးရှုံးသွားတယ်။ ဒီလို လျှို့ဝှက်ကျင့်စဉ်မျိုးက တကယ်ကို ပေးဆပ်ရတာ ကြီးမားတယ်၊ ဒီတစ်ကြိမ်ပဲ သုံးနိုင်ပုံရတယ်။”

​သွေးစာရေးသည် ဖန့်ချန်၏ မျက်နှာမှာ ဖြူဖျော့နေသည်ကို မြင်လိုက်ရသဖြင့် ဟန်ဆောင်နေပုံမပေါ်သည့်အပြင် သူသည် အခုမှ ရောက်လာသည့် အစပြုသူ တစ်ယောက် ဖြစ်နေခြင်းကို တွေးမိကာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

​ထိုအခိုက်အတန့်တွင် ထိုမြင်ကွင်းကို ကြည့်နေကြသည့် အဆင့်မြင့် ကျောင်းသားများမှာလည်း ဤလူသစ်လေးက ငါးစာကျွေးပြီး လှည့်စားနေခြင်း ဖြစ်နိုင်မလားဟု မတွေးမိဘဲ မနေခဲ့ကြပေ။ သို့သော်လည်း ထိုဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသည်ဟု သူတို့ ယူဆကြသည်။

​“ဆန်းနယဲ့ နယ်မြေ ဆီ စတင်ဝင်ရောက်ခွင့်ရတဲ့ အင်အားစုတစ်ခုက ငါးစာကျွေးပြီး လှည့်စားနိုင်လောက်တဲ့ အရင်းအမြစ်မျိုး မရှိနိုင်ဘူး။”

​“မဟာသားတော်နဲ့ ရှုံးချာတို့က ကံမကောင်းလိုက်တာ၊ ရေတိမ်တွင်းမှာပဲ သင်္ဘောမှောက်သွားတာလား။”

​“ဒီကောင်လေးကတော့ ကံကောင်းတယ်၊ ရောက်လာတာနဲ့တင် နိဗ္ဗာန်တားမြစ်နယ်မြေ (၂) ခု ရသွားပြီ။”

​ဆင်တူယိုးမှား စကားသံများသည် ဗဟိုချက်မအသီးသီးမှ ထွက်ပေါ်လာနေသည်။ အဖွဲ့အစည်းတိုင်းမှ အဆင့်မြင့် ကျောင်းသားများမှာ ကောင်းကင်ယံရှိ ကြီးမားသော မျက်နှာပြင်ကို စိုက်ကြည့်နေကြသည်။

​အချို့က စဉ်းစားတွေးတောနေကြသည်။ အချို့က အလှည့်အပတ်ကို ကြည့်ကာ ရယ်မောနေကြသည်။ အချို့ကမူ ဂရုမစိုက်ဟန် ပြုနေကြသည်။ အချို့ကမူ အမဲလိုက်ခံရမည့် သားကောင်ကို ကြည့်သကဲ့သို့ လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။

​……

​ရွှေရောင်အလင်းတန်း ကျဆင်းသွားသည်နှင့် ဖန့်ချန်နှင့် ရှုံးချာတို့၏ ပုံရိပ်များ တစ်ပြိုင်နက် ပေါ်လာသည်။ ရှုံးချာ၏ မျက်နှာပေါ်တွင် ပြုံးရယ်နေသည့် အရိပ်အယောင်များ လုံးဝ မရှိတော့ဘဲ ဝေဝါးမှု၊ ဘာလုပ်ရမှန်းမသိသည့် ပုံစံ၊ အနည်းငယ် စိတ်ပျက်အားငယ်မှုများနှင့်အတူ စိုးရိမ်ပူပန်မှုများသာ ရောယှက်နေတော့သည်။

​“ရှုံးချာ အစ်ကိုကြီး၊ ဒါက ခဏတာ ကျရှုံးတာပါ၊ ဘာမှ မဖြစ်ပါဘူး…”

​ရှုံးချာနှင့်အတူ ပါလာသော သူတော်စင်များမှာ အလျင်အမြန် ရှေ့သို့တိုးကာ နှစ်သိမ့်ပေးကြသည်။ ရှုံးချာသည် တဖြည်းဖြည်း သတိပြန်ဝင်လာပြီးနောက် ဖန့်ချန်ကို တစ်ချက်ကြည့်ကာ မျက်နှာပျက်လျက်ဖြင့် မေးလိုက်သည်။

​“ခုနက ဓားချက်ရဲ့ အစွမ်းက မင်းရဲ့ ကျင့်စဉ်အဆင့်ထက်ကို ကျော်လွန်နေတယ်။ အဲဒါ ဘာစွမ်းအားလဲ။”

​“အဲဒါကိုတော့ ပြောပြလို့ အဆင်မပြေပါဘူး။”

​ဖန့်ချန်က မျက်နှာ ဖြူဖျော့လျက် ခေါင်းခါပြလိုက်သည်။ ရှုံးချာမှာ စကားမဆက်တော့ဘဲ သွေးစာရေးကို တစ်ချက်ကြည့်လိုက်သည်။

​“သွေးစာရေး၊ ဒီကောင်လေးက နည်းနည်း ထူးဆန်းတယ်။ မင်း ကိုယ့်ကိုကိုယ် သတိထားဦး။”

​ပြောပြီးသည်နှင့် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။ အရင်က ရှန်ပါဝမ် ပြောပြခဲ့သည့်အတိုင်း နိဗ္ဗာန်တားမြစ်နယ်မြေများကို တာဝန်ယူ လွှဲပြောင်းပေးမည့်သူများ ရှိသောကြောင့် ဖန့်ချန်လည်း သူ့ကို တားဆီးမနေတော့ပေ။ ရှုံးချာ ထွက်သွားပြီးနောက် သူသည် သွေးစာရေးကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

​“စာချုပ်ချုပ်ဖို့ သွားကြရအောင်။”

​“ဒီလောက် အလျင်စလို မလုပ်သင့်ဘူး မဟုတ်လား သူတို့ သံသယဝင်ကြလိမ့်မယ်။”

​ဝမ်ချုံစန်း၏ အသံမှာ ဖန့်ချန်၏ နားထဲတွင် ပေါ်လာသည်။

​“သူတို့ သတိမပြုမိခင် အမြန်လုပ်ရမှာ။”

​ဖန့်ချန်က စိတ်ဖြင့် ပြန်ပြောလိုက်သည်။

“သံသယဝင်ရင်လည်း ကိစ္စမရှိပါဘူး။ အခုမျက်စိရှေ့က နိဗ္ဗာန်တားမြစ်နယ်မြေကို အရင် အမိအရ သိမ်းပိုက်ရမှာ။ ကောင်းကင်ငါးပါးမှာ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခု ပိုရလာမယ်ဆိုတာ ဘာကို ဆိုလိုလဲဆိုတာ မင်း သိပါတယ်နော်။”

​ဒါကတော့ သေချာတာပေါ့

​ဝမ်ချုံစန်းမှာ နားလည်သဘောပေါက်သွားသလို ခေါင်းညိတ်လိုက်သည်။ အနီးအနားမှ သူတော်စင်များမှာလည်း ယခုမှ သဘောပေါက်လာကြပြီး ဖန့်ချန်ကို ကြည့်သည့်အကြည့်များမှာ ထူးဆန်းနေကြသည်။ ဖန်ရွှေတို့က ဖန့်ချန်ကို နောက်တစ်ကြိမ် လာရောက် တားဆီးမှသာ သူတို့လည်း စိတ်တည်ငြိမ်သွားကြသည်။

​“သွေးစာရေး၊ သွားရအောင်။ စာချုပ်ချုပ်ဖို့ သွားကြမယ်။”

​ဖန့်ချန်က ပြောသည်။ သွေးစာရေးမှာ စဉ်းစားဟန်ဖြင့် -

​“ယဲ့ထျန်းဂူ၊ မင်း အခု ဒဏ်ရာ အကြီးအကျယ် ရနေတာ သေချာလား၊ ငါနဲ့ ချက်ချင်း ယှဉ်ပြိုင်ဖို့ စိတ်ကူးနေတာလား။ အဲဒီလိုဆိုရင်တော့ ငါ မင်းကို အခွင့်ကောင်းယူသလို ဖြစ်နေလိမ့်မယ်။”

​“အသက် မသေမချင်းတော့ ငါ တိုက်နိုင်သေးတယ်။”

​ဖန့်ချန်က မာန်ပါစွာ ပြောသည်။ သွေးစာရေး၏ စိတ်ထဲတွင် နောက်ဆုံးကျန်ရှိနေသော စိုးရိမ်စိတ်များ လုံးဝ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် ပြုံး၍ ခေါင်းညိတ်သည်။

​“သွားကြမယ်၊ စာချုပ်ချုပ်မယ်။”

​ဖန့်ချန်မှာ ခဏစောင့်ပြီးမှ သူ့နောက်သို့ လိုက်ကာ ဗဟိုချက်မ တမန်တော်၏ နေအိမ်ဆီသို့ လျှောက်သွားကြသည်။ အရင်တစ်ခေါက်နှင့် မတူသည်မှာ ယခုတစ်ကြိမ်တွင်မူ သူ့ကို လာရောက် စိန်ခေါ်လိုသူ မရှိတော့ဘဲ ဖြစ်သည်။ သူနှင့် သွေးစာရေးတို့၏ ယှဉ်ပြိုင်မှုကို အကဲခတ်လိုကြ၍ ဖြစ်မည်ထင်သည်။

​“ဒါနဲ့…”

​သွေးစာရေးက တစ်စုံတစ်ခုကို ရည်ရွယ်သည်နှင့် အလားတူ လေသံဖြင့် ပြောလိုက်သည်။

​“မင်းတို့ဘက်မှာ အခု နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခု ရှိပြီ မဟုတ်လား။”

​“အဲဒီထက် ပိုပါသေးတယ်။”

​ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ ဆွေ့ဟွမ်ရွှီတို့မှာ ထိုစကားကို ကြားသောအခါ အလျင်အမြန် လှမ်းအော်လိုက်သည်။

​“ယဲ့ထျန်းဂူ၊ မင်း သူတို့ရဲ့ အကွက်ထဲ မဝင်ပါနဲ့တော့ ”

​သူတို့၏ မျက်နှာအမူအရာမှာ စိုးရိမ်တကြီးဖြစ်ပြီး အကြည့်များမှာလည်း ထိတ်လန့်နေကြသည်။ သွေးစာရေးမှာမူ စိတ်ထဲတွင် ပိုမို သေချာသွားပြီး အေးဆေးစွာ ပြုံးလိုက်သည်။

​“ဒီပွဲမှာလည်း အသက်သေတဲ့အထိမတိုက်ပဲနဲ့လေ့ကျင့်ခန်းသဘောမျိုးပဲ ယှဉ်ပြိုင်ပြီး အနိုင်အရှုံး ခွဲကြမလား၊ မင်းနဲ့ ရှုံးချာ တိုက်ခဲ့သလိုမျိုးပေါ့။”

​“အသက် သေတဲ့အထိ မတိုက်ဘူးလား။”

​ဖန့်ချန်က မျက်မှောင် ထပ်ကြုတ်လိုက်သည်။

​“ဒီလိုတိုက်ပွဲက တိုက်ရတာ ဘာစိတ်ဝင်စားဖို့ ကောင်းမှာလဲ။”

​သူသာ အမှန်တကယ် ဟန်ဆောင်နေတာဆိုရင် အမြန်ဆုံး သဘောတူလိုက်မှာ။ ခုနက ငါ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုအကြောင်း ပြောတာတောင် သူ ဘာမှ ထူးခြားတဲ့ တုံ့ပြန်မှု မပြဘူး…

​သွေးစာရေး၏ စိတ်ထဲတွင် သေချာသွားပြီဖြစ်၍ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

​“ယဲ့ညီအစ်ကိုက တကယ်ကို တိုက်ချင်နေတာပဲ။ ဒါပေမဲ့ ဆန်းနယဲ့စစ်မြေပြင်က တိုက်ခိုက်ဖို့ ဝါသနာပါသူတွေနဲ့ သင့်တော်ပါတယ်။ ယဲ့ညီအစ်ကို လာတာ မှန်ပါတယ်။ နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုတည်းနဲ့တော့ ငါ့ကို အသက်သေတဲ့အထိ တိုက်ခိုက်အောင် ဆွဲဆောင်ဖို့ မလုံလောက်ဘူး။ အဲဒီအစား နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုကို အလောင်းအစား လုပ်ကြမလား။”

​ဒီကောင်ရဲ့ အင်အားစုက ကောင်းကင်ငါးပါးထက် အများကြီး ပိုသာတယ်။ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုကိုလည်း အလွယ်တကူ အလောင်းအစား လုပ်ရဲတယ်ပေါ့။

​ဖန့်ချန်က သွေးစာရေးကို ကြည့်လိုက်သည်။

​“မင်းက (၃) ခု အလောင်းအစား လုပ်မှာလား။”

​“ဘာလဲ၊ ယဲ့ညီအစ်ကို ကြောက်နေတာလား။”

​သွေးစာရေးက အေးဆေးစွာ ပြုံးသည်။

“တစ်ခုတည်းနဲ့လည်း ရပါတယ်။ ယဲ့ညီအစ်ကို ကြောက်နေတယ်ဆိုရင်…”

​အဝေးမှ အဆင့်မြင့် ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။ သွေးစာရေးက အစပြုသူ အသစ်စက်စက်နှင့် နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုအထိ အလောင်းအစား လုပ်ရဲလိမ့်မည်ဟု မထင်မှတ်ထားကြပေ။ ဤသည်မှာ ဆန်းနယဲ့ စစ်မြေပြင်တွင် အကြီးဆုံး အလောင်းအစား မဟုတ်သေးသော်လည်း ဝူရှန်း ပေမြိန့် ဗဟိုချက်မတွင်မူ လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းအတွင်း ထိပ်ဆုံး (၃) ခုအတွင်း ပါဝင်သည့် အလောင်းအစား ဖြစ်နေသည်။

​“သွေးစာရေး ရူးသွားတာလား။”

​“သူ ရူးတာ မဟုတ်ဘူး၊ သူ အခွင့်အရေးကို မြင်သွားတာ။ ဒီတစ်ခါသာ သူ အောင်မြင်သွားရင် သူ ဒီစစ်မြေပြင်ကနေ အမြန်ဆုံး ထွက်ခွာနိုင်ပြီး ဒီလို တိုက်ခိုက်နေစရာ မလိုတော့ဘူး။”

​“ငါထင်တာတော့ သူ ဒီကောင်လေးကို အကုန်လုံး အမြတ်ထုတ်သွားဖို့ ပြင်နေတာပဲ။”

​“ဒါပေမဲ့ သူ တကယ်ပဲ ရာနှုန်းပြည့် ယုံကြည်မှု ရှိလို့လား။ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုဆိုတာ နည်းတဲ့အရေအတွက် မဟုတ်ဘူး။”

​“မင်းနဲ့ငါဆိုရင်တောင် ရာနှုန်းပြည့် ယုံကြည်မှု မရှိဘဲနဲ့ ဒီလို ဆုံးဖြတ်ရဲမှာလား။ သွေးစာရေးက အဆင့်မြင့် ကျောင်းသားတွေနဲ့ မတိုက်ခိုက်တာ ကြာလှပြီ မဟုတ်လား။”

​“မင်း ပြောချင်တာက… သူက သူ့ရဲ့ စွမ်းအားကို တိတ်တဆိတ် တိုးမြှင့်ထားတာလား။”

​“ပြောရခက်တယ်၊ ဒါပေမဲ့ ဖြစ်နိုင်ခြေ များတယ်။”

​……

​“သုံးခုဆိုလည်း သုံးခုပေါ့။”

​ဖန့်ချန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ယခင်ကတည်းက စိတ်လှုပ်ရှားမှု မရှိဟန်ဆောင်နေသော သွေးစာရေးသည် ဖန့်ချန် သဘောတူလိုက်သည်ကို မြင်သောအခါ မျက်နှာပေါ်ရှိ ဟန်ဆောင်မှုများ ပျက်သွားတော့သည်။ သူသည် ထိုနေရာတွင်ပင် တဟားဟား အော်ရယ်လိုက်ပြီး မျက်ရည်များပင် ကျလာသည်အထိ ရယ်မောနေသည်။

​သူက ဒူးကို လက်ဖြင့်ထောက်ကာ အော်ရယ်နေသည်ကို မြင်သောအခါ အဆင့်မြင့် ကျောင်းသားများမှာ စိတ်ထဲရှိ သံသယများ ပျောက်ကွယ်သွားပြီး ဖန့်ချန်ကို သနားကြင်နာသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သွေးစာရေးကို ကြည့်သည့်အခါတွင်မူ ကြောက်ရွံ့မှု အနည်းငယ် ပါဝင်လာသည်။

​“ပြီးပြီ၊ ယဲ့ထျန်းဂူ အကွက်ထဲ ဝင်သွားပြီ”

​ဖန်ရွှေက ပေါင်ကို အချက်တစ်ချက် ရိုက်လိုက်သည်။

​“ဟန်ဆောင်မနေနဲ့တော့၊ ဒီတစ်ခါတော့ တကယ် အကွက်ထဲ ဝင်သွားတာပဲ ”

​အကြီးကဲငါးပါးက ဖန်ရွှေကို အေးစက်စွာ တစ်ချက်ကြည့်ပြီး စိတ်ဖြင့် အော်ဟစ်လိုက်သည်။ ဖန်ရွှေ၏ မျက်နှာမှာ တောင့်တင်းသွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေမိသည်။

​“သွေးစာရေးရဲ့ အမူအရာကို ကြည့်ပါ။ သူသာ ရာနှုန်းပြည့် ယုံကြည်မှု မရှိရင် ဒီလို လုပ်မှာ မဟုတ်ဘူး။”

​“သူတောင် ဟန်မဆောင်တော့ဘူးဆိုတော့ ဒီတစ်ခါ အမြတ်ထုတ်ပြီးရင် နောက်ထပ် ဘယ်သူမှ သူ့အကွက်ထဲ ဝင်တော့မှာ မဟုတ်ဘူး။”

​“ဒါဆိုရင် သူ့ရဲ့ စွမ်းအားက ဒီနေ့ ဒီနေရာမှာ ရှိတဲ့ အဆင့်မြင့် ကျောင်းသားတွေထက် အများကြီး သာလွန်နေမှာပဲ။”

​ရှန်ထျန်းဖန်းက စိတ်ဖြင့် ပြောလိုက်သည်။ ဖန်ရွှေမှာမူ စကားမပြောနိုင်တော့ဘဲ တိတ်ဆိတ်သွားသည်။

​“ဟားဟားဟား… ဟာ… အိခ်။”

​သွေးစာရေးသည် အော်ရယ်ရင်း သီးသွားပြီးနောက်မှ ရယ်သံကို ရပ်လိုက်သည်။

​“ဘာတွေ ဒီလောက် ရယ်စရာ ကောင်းနေတာလဲ။”

​ဖန့်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​“ယဲ့ထျန်းဂူ၊ ငါက အစက နိဗ္ဗာန်တားမြစ်နယ်မြေ (၁) ခုလောက် ထပ်ရပြီးရင် ဒီစစ်မြေပြင်ကို ထပ်မလာတော့ဘူးလို့ စိတ်ကူးထားတာ။”

​သွေးစာရေးသည် ရယ်မောလွန်း၍ အသက်ရှူပင် မဝတော့ပေ။

​“ဒါပေမဲ့ ငါ့ကံက ဒီလောက်တောင် ကောင်းလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ နောက်ဆုံးပွဲမှာတင် နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုအထိ ရလိုက်တာ။”

​“ဒီစစ်မြေပြင်ကို ထပ်မလာတော့ဘူး”

​ဖန့်ချန်၏ မျက်နှာတွင် စိတ်ဝင်စားမှု တစ်ချက် ပေါ်လာသည်။

​“ဟုတ်တာပေါ့။”

​သွေးစာရေးက ပြုံးကာ ခေါင်းညိတ်သည်။

​“ငါ ဒီထဲမှာ နေလာခဲ့တာ နှစ်တွေ အတော်ကြာပြီ။ ငါ့ရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီထက် မြင့်တက်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဒီမှာပဲ အသက်ဆုံးရှုံးဖို့က ပိုများတယ်။ ဒါကြောင့် ငါ အဆင့်တက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဆန်းနယဲ့ စစ်မြေပြင်ကိုတော့ နောက်လူတွေ ဆက်ပြီး တိုက်ခိုက်ခိုင်းလိုက်တော့မယ်၊ ငါကတော့ နောက်ဆုံး အချိန်မှာ သူတို့အတွက် အခြေခံအုတ်မြစ်ကောင်းတွေ ချန်ထားပေးခဲ့တာပေါ့။”

​“ဒါဆို ဒီလိုကိုး။”

​ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

​“အချိန်မဖြုန်းနဲ့တော့၊ စာချုပ်ချုပ်ကြမယ်။ ဒီပွဲမှာတော့ အသက်သေတဲ့အထိ တိုက်ကြမယ်။”

​သွေးစာရေးက အေးစက်စက် ရယ်မောလိုက်သည်။

အခန်း (၂၇၈၂) - သူကြောင့် ငါတို့မျိုးနွယ််စု ဂုဏ်သိက္ခာကျရတယ်

​ယခုတစ်ကြိမ်တွင်မူ စာချုပ်ကို လာရောက်ပေးအပ်သူမှာ ဗဟိုချက်မ တမန်တော်၏ လက်အောက်ခံများ မဟုတ်ကြပေ။ သူသည် လူသားမျိုးနွယ်နှင့် အလွန်ပင် ဆင်တူယိုးမှားရှိသော တည်ရှိမှုတစ်ခု ဖြစ်သည်။ သူ ပေါ်လာသည်နှင့် ဝမ်ချုံစန်းနှင့် ဖန့်ချန်တို့၏ စိတ်အခြေအနေမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

​သူတို့သည် ဤသူကို သိကျွမ်းနေ၍ မဟုတ်ဘဲ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အသက်ရှူသံမှာ ယခင်က နတ်ဘုရားမျိုးနွယ် နှင့် နောက်ပိုင်းတွင် မိစ္ဆာမျိုးနွယ် တို့နှင့် အလွန်ပင် ဆင်တူနေသောကြောင့် ဖြစ်သည်။ ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သည့် ထူးခြားသည့် တုံ့ပြန်မှုမျှမပြဘဲ ပုံမှန်အတိုင်းသာ တည်ငြိမ်နေကြသည်။

​သွေးစာရေးသည် လေးစားစွာ အရိုအသေပေးသည်။

“သွေးစာရေး၊ ဗဟိုချက်မ တမန်တော်ကို တွေ့ဆုံခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။”

“ယဲ့ထျန်းဂူ၊ ဗဟိုချက်မ တမန်တော်ကို တွေ့ဆုံခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။”

ဖန့်ချန်လည်း သူနှင့်အတူ လိုက်လံ အရိုအသေပေးလိုက်သည်။

​“မင်းတို့နှစ်ယောက် ဒီတစ်ခါ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုနဲ့ လောင်းကြေးထပ်ဖို့ သေချာပြီလား။”

ဗဟိုချက်မ တမန်တော်က ပြောရင်းဆိုရင်း စာချုပ်ကို ထုတ်ယူကာ အချက်အလက်အချို့ကို ရေးသွင်းလိုက်သည်။ သွေးစာရေးနှင့် ဖန့်ချန်တို့၏ အဖြေမှာ တညီတညွတ်တည်းနှင့် ပြတ်သားလှသည်။ ဗဟိုချက်မ တမန်တော်မှာ ဘာမျှထပ်မပြောတော့ဘဲ စာချုပ်ကို ရေးပြီးသည်နှင့် သူတို့နှစ်ဦးထံ ပစ်ပေးလိုက်သည်။

​နှစ်ယောက်စလုံးမှာ စာချုပ်ပေါ်တွင် လက်မှတ်ထိုးလိုက်ကြသည်။ ရွှေရောင်အလင်းတန်း ကျဆင်းလာသည်နှင့် သူတို့နှစ်ဦးမှာ စစ်မြေပြင်ထဲသို့ ချက်ချင်း ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။ ဗဟိုချက်မ တမန်တော်မှာမူ ထွက်မသွားသေးဘဲ လက်နောက်ပစ်ကာ ကောင်းကင်ယံရှိ မျက်နှာပြင်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

​“ဗဟိုချက်မ တမန်တော်တောင် ဒီတိုက်ပွဲကို စိတ်ဝင်စားနေပုံပဲ။”

“သွေးစာရေးကတော့ ဒီတစ်ခါ နာမည်ရပြီး ဂုဏ်ကျက်သရေနဲ့ အိမ်ပြန်ရတော့မှာပါ။”

“စိတ်မကောင်းစရာကတော့ ဒီလောက်ကြာအောင် သူ အိမ်ပြန်တဲ့လမ်းကို ဘယ်သူမှ မသိရတာပါပဲ။”

​ပတ်ဝန်းကျင်မှ တီးတိုးစကားသံများမှာ ရပ်မသွားပေ။ ဆွေ့ဟွမ်ရွှီတို့မှာ ဗဟိုချက်မ တမန်တော်ကို အကဲခတ်ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။ ထိုတမန်တော်၏ အရှိန်အဝါ တစ်ခုတည်းကပင် သူတို့ ပုံမှန်တွေ့နေကျ ကောင်းကင်အရှင်များထက် လျော့မနည်းကြောင်း ခံစားလိုက်ရသည်။ သူတို့သည် စိတ်ကူးယဉ်ကြည့်လိုက်ရင်း ဆန်းနယဲ့စစ်မြေပြင်၏ နောက်ကွယ်မှ အင်အားစု တည်ဆောက်ပုံကို တွေးတောမိကြသည်။

​အခြားတစ်ဖက်တွင်လည်း ရှုံးချာသည် ကောင်းကင်ယံကို ကြည့်ကာ လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်သည်။

“နောက်ဆုံးမှာ သွေးစာရေး အနိုင်ရသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။”

“သူက ဒီအခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ထားပုံရတယ်။”

“ရှုံးချာ အစ်ကိုကြီး၊ ဒီလိုဆိုရင်တော့ ကျွန်တော်တို့က ကံကောင်းတာပေါ့။ ဒီကောင်လေးသာ ဝင်မတိုက်ရင် သွေးစာရေးနဲ့ တိုက်ရမယ့်သူက အစ်ကိုကြီး ဖြစ်လာနိုင်တာလေ။”

“အင်း၊ သူက နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုအထိ လောင်းနိုင်တယ်ဆိုတော့ သူ့ရဲ့ ဖုံးကွယ်ထားတဲ့ အင်အားက ငါထင်တာထက် အများကြီး သာလွန်နေမှာ။ ဒီလိုနဲ့ကြည့်ရင် ငါလည်း ကံကောင်းတာပဲ။ နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုတော့ ရှုံးသွားပေမဲ့ အသက်မဆုံးရှုံးခဲ့ရဘူး၊ မကြာခင်မှာ ငါ့မျိုးနွယ်အတွက် ဂုဏ်သိက္ခာကို ပြန်ယူပေးနိုင်မှာပါ။”

ရှုံးချာသည် ခေါင်းညိတ်လိုက်ပြီး စိတ်အနည်းငယ် ကြည်လင်လာသည်။

​စစ်မြေပြင်အတွင်းတွင်မူ သွေးစာရေးမှာ ယခင်ကဲ့သို့ ယဉ်ကျေးသိမ်မွေ့ခြင်း မရှိတော့ဘဲ သားကောင်ကို စောင့်နေသော မုဆိုးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားပြီး လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်နေသည်။

“ယဲ့ထျန်းဂူ၊ မင်းရဲ့ အိမ်က ဘယ်နေရာလဲ၊ အဲဒီမှာ ဘယ်လိုမျိုးလဲဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်း အိမ်ပြန်လို့မရတော့ဘူးဆိုတာတော့ ငါသိတယ်။”

သွေးစာရေး၏ နှုတ်ခမ်းမှာ အနည်းငယ် ကွေးညွတ်သွားသည်။

“ငါ မင်းကို နင်းခြေပြီးတော့ ဆန်းနယဲ့ စစ်မြေပြင် ခရီးစဉ်ကို အကောင်းဆုံး အဆုံးသတ်လိုက်မယ်။”

​သွေးစာရေး၏ မောက်မာသော စကားများကို ကြားရသော်လည်း အခြားသော သူတော်စင်များမှာမူ ရယ်မောခြင်း မပြုကြပေ။ အဆင့်မြင့် ကျောင်းသားများစွာ၏ မျက်လုံးထဲတွင်မူ မနာလိုမှုများသာ ရှိနေကြသည်။ သူသည် အနားယူတော့မည်ဖြစ်သော်လည်း အနားမယူမီတွင် ကြီးကျယ်သော အောင်မြင်မှုတစ်ခုကို ရယူသွားမည်ဖြစ်သည်။ သွေးစာရေးနှင့် ဇာစ်မြစ်တူသူများမှာမူ စိတ်လှုပ်ရှားစွာ ပြောဆိုကြသည်။

​“သွေးစာရေးက ငါတို့မျိုးနွယ်အတွက် နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုကို ရယူပေးလိုက်တာပဲ၊ သူ့နာမည်က ငါတို့မျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေစာရင်းမှာ ကမ္ပည်းထိုးကျန်ရစ်တော့မှာပါ။”

“ဟုတ်တာပေါ့၊ မဟာသားတော်နဲ့ ရှုံးချာတို့လို မဟုတ်ဘူး။ ရှုံးချာကတော့ အသက်ရှင်လာသေးတယ်။ အဲဒီတစ်ယောက်ကတော့ အရှက်တကွဲ ဖြစ်ရတော့မှာ။”

“သွေးစာရေး ဆရာကြီးက ဒီထဲမှာ နှစ်ပေါင်းများစွာ တိုက်ခဲ့တာ၊ သူ အနားယူသွားရင် ငါတို့ နောက်လူတွေက တာဝန်ယူဖို့ ကြိုးစားကြရမယ်။”

သူတို့၏ မျက်လုံးထဲတွင် သွေးစာရေးကို လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

​“သွေးစာရေး၊ မင်းရဲ့ အင်အားက မဟာသားတော်နဲ့ ရှုံးချာတို့ထက် ပိုသာပုံရတယ်။ ငါ အစွမ်းကုန် တိုက်ခိုက်မယ်၊ အသက်ပဲသေသေ၊ ဒီပွဲမှာ နောင်တမရှိအောင် တိုက်မယ် ”

ဖန့်ချန်၏ မျက်နှာမှာ လေးနက်နေသည်။ ဤသို့ပြောခြင်းသည် သွေးစာရေး၏ စိတ်ထဲတွင် ဖန့်ချန်၏ အစွမ်းအစမှာ ဤမျှသာရှိတော့မည်ဟု ပို၍ ယုံကြည်သွားစေသည်။ သူ့တွင် နောက်ထပ် ဖဲချပ်များ ကျန်ရှိနေသေးလျှင်တောင် အရေးမကြီးတော့ပေ။

​သွေးစာရေး၏ စိတ်ထဲတွင် စိုးရိမ်စိတ်များ ပျောက်ကွယ်သွားပြီး တဟားဟား ရယ်မောလိုက်သည်။

“လာခဲ့လေ”

“ကောင်းပြီ”

ဖန့်ချန်သည် စကားရှည်မနေတော့ဘဲ သူ၏ အစွမ်း (၁၀) ပုံ (၁) ပုံကို အသုံးပြု၍ ရှစ်မျက်နှာအရပ် အထွတ်ထိတ် ဓားကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် သွေးစာရေး၏ အံ့ဩတုန်လှုပ်နေသော မျက်နှာပေါ်သို့ ထိုးကျလာသည်။

​“နှစ်ငါးရာမှာ တစ်ခါပဲ သုံးနိုင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား ”

“ထားလိုက်ပါတော့၊ မင်းက ငါ့ကို ရှုံးချာလို အသုံးမကျတဲ့သူလို့ ထင်နေတာလား ”

သွေးစာရေး၏ မျက်လုံးတွင် အေးစက်စက် လှောင်ပြုံးတစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာ (၁၃) ခု တောက်ပလာသည်။

“အတွင်းပိုင်း ကြယ်တာရာ (၁၃) ခု သူ့ရဲ့ ကျင့်စဉ်အဆင့်က ဒီလောက်အထိ ရောက်နေတာလား ”

“မဖြစ်နိုင်တာ၊ ဒီကောင် ဘာဆေးစားထားတာလဲ၊ နှစ်တွေက ငါတို့ထက် နည်းနည်းပဲ သာသေးတာ မဟုတ်လား။”

“သူ စွမ်းအားကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်၊ ဒီနေ့အတွက် စောင့်နေတာပဲ ”

​အဖွဲ့အစည်းအသီးသီးမှ သူတော်စင်များမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။ သွေးစာရေး၏ အင်အားမှာ သူတို့ ထင်ထားသည်ထက် များစွာ သာလွန်နေသည်။ နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့ကြသော်လည်း ယခုအချိန်တွင်မူ သွေးစာရေးကို ပထမဆုံးအကြိမ် သိကျွမ်းရသကဲ့သို့ ခံစားလိုက်ရသည်။ ရှုံးချာသည် သွေးစာရေးက သူ့ကို အသုံးမကျသူဟု ဆဲဆိုလိုက်သည်ကို ကြားသောအခါ ဒေါသထွက်သွားသော်လည်း ဖန့်ချန်၏ အစွမ်းကို မြင်သောအခါတွင်မူ -

“ခွေးကောင်၊ ယုတ်မာလိုက်တာ။” ဟု တိုးတိုးလေး ဆဲဆိုလိုက်မိသည်။

​နောက်တစ်ခဏတွင် သူတို့သည် သွေးစာရေး၏ အစွမ်းအစများ ရှုံးချာတို့ထက် အဆပေါင်းများစွာ သာလွန်သည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုစွမ်းအားများမှာ ဖန့်ချန်၏ ဓားအလင်းတန်းအောက်တွင် နှစ်ပိုင်းကွဲထွက်သွားတော့သည်။ အောင်ပွဲခံတော့မည်ဟု ထင်မှတ်ထားသော သွေးစာရေး၏ မျက်နှာပေါ်မှ အံ့ဩမှု၊ မယုံကြည်နိုင်မှု၊ ဝေဝါးမှုများနှင့် နားမလည်နိုင်မှုများမှာ ဓားအလင်းတန်းအောက်တွင် ပေါ်လွင်နေသည်။ ထိုခံစားချက်များအားလုံးမှာ ဓားအလင်းတန်းနှင့်အတူ သွေးစာရေး၏ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲသွားသည်။ သူ၏ ရုပ်ခန္ဓာမှာလည်း အတွင်းပိုင်း ကြယ်တာရာများ ပျက်စီးသွားခြင်းကြောင့် ပြာအဖြစ်သို့ ရောက်ရှိသွားသည်။

​ဖန့်ချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်နှာဖြူဖျော့လျက် ချွေးများ စီးကျနေကာ -

“ကံကောင်းတာပဲ၊ ငါ ဒီလိုမျိုး အင်အားတွေ ဆုံးရှုံးရတဲ့ ကျင့်စဉ်ကို တစ်ခါလောက် ထပ်သုံးဖို့ ကျန်သေးတယ်…”

ဟု တစ်ယောက်တည်း ရေရွတ်လိုက်သည်။

​……

​ဝူရှန်း ပေမြိန့် ဗဟိုချက်မမှာ ထိုခဏတွင် အလွန်ပင် တိတ်ဆိတ်သွားသည်။ ဗဟိုချက်မအသီးသီးမှ အဆင့်မြင့် ကျောင်းသားများမှာ တည့်မတ်စွာ ထိုင်လိုက်ကြပြီး ဖန့်ချန်ကို ကြည့်သည့်အကြည့်မှာ လှောင်ပြောင်ခြင်း မရှိတော့ဘဲ အလေးအနက် အကဲခတ်ခြင်းများဖြင့် အစားထိုးလိုက်ကြသည်။ ထိုတိတ်ဆိတ်မှုမှာ ကြာရှည်စွာ တည်ရှိနေသည်။

​ရွှေရောင်အလင်းတန်းက ဖန့်ချန်ကို စစ်မြေပြင်မှ ခေါ်ထုတ်သွားသည့်တိုင် ဆွေ့ဟွမ်ရွှီတို့ (၅) ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့ဩတုန်လှုပ်နေကြသည်။ ဝမ်ချုံစန်း၊ ရှဲ့အာမန်နှင့် ဖန်ရွှေတို့မှာ စကားမပြောဘဲ တိတ်ဆိတ်နေကြသည်။

ရှန်ပါဝမ်မှာ မျက်လုံးအပြူးသားဖြင့် -

“ယဲ့ညီအစ်ကိုရဲ့ အစွမ်းက ဒီလောက်တောင် ရှိတာကို မင်းတို့က သူ့ကို လူမိုက်လို့ ပြောရက်တယ်ပေါ့ ”

အကြီးကဲငါးဦးမှာ ပြန်မဖြေကြပေ။ သွေးစာရေးနှင့် ဇာစ်မြစ်တူသူများမှာမူ ဦးနှောက်များ ရပ်တန့်သွားသည်။

သူတို့၏ စိတ်ထဲတွင်မူ -

“နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခု၊ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခု…” ဟူသော အသံများသာ ရှိနေသည်။

​“ဒီတိုက်ပွဲက တကယ်ကို ကျေနပ်ဖို့ ကောင်းတယ်၊ ငါ့ရဲ့ အစွမ်းအကုန်ပဲ။ တခြား ဘယ်သူများ ငါနဲ့ ထပ်ယှဉ်ပြိုင်ချင်သေးလဲ။”

ဖန့်ချန်က အနီးအနားမှ အဆင့်မြင့် ကျောင်းသားများကို ကြည့်လိုက်သည်။ ထိုအုပ်စုမှာမူ မြွေပွေးကို မြင်သကဲ့သို့ နောက်သို့ ဆုတ်ခွာသွားကြသည်။

“ထားလိုက်ပါတော့၊ စုစုပေါင်း နိဗ္ဗာန်တားမြစ်နယ်မြေ (၅) ခု ရပြီ၊ တန်ပါတယ်။”

ဖန့်ချန်က စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်ပြီး ဗဟိုချက်မ တမန်တော်ကို ကြည့်လိုက်သည်။

“မင်းတို့ ဒီခရီးစဉ် ပြီးဆုံးတဲ့အခါ၊ မင်းတို့အတွက် နိဗ္ဗာန်တားမြစ်နယ်မြေ (၅) ခုကို မင်းတို့ရဲ့ မူလဇာတိကို လုံခြုံစွာ ပို့ပေးလိုက်ပါမယ်။”

ဗဟိုချက်မ တမန်တော်က ခေါင်းညိတ်ပြလိုက်ပြီး နေအိမ်အတွင်းသို့ ပြန်ဝင်သွားသည်။ ထိုအခါမှသာ အဖွဲ့အစည်းအသီးသီးမှ သူတော်စင်များမှာ သဘောပေါက်သွားကြသည်။

“ငါးခု”

“သူ တစ်ခါတည်းနဲ့ နိဗ္ဗာန်တားမြစ်နယ်မြေ (၅) ခုကို ရသွားတာလား ”

“သေနာကောင် သွေးစာရေး၊ သူက ငါတို့မျိုးနွယ်စုရဲ့ အရှက်ရစရာပဲ၊ အရှက်ရစရာပဲ သူ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုကို အလကား ပေးလိုက်ရတာ၊ အား…”

“ဒီတစ်ခါ ပြန်သွားရင် ငါတို့ အပြစ်ပေးခံရတော့မှာပဲ။”

“သေလိုက်ပါတော့ကွာ”

All Chapters