အခန်း (၂၇၈၇-၂၇၈၈)
Vol. 279 Ch. 2787-2788
အခန်း (၂၇၈၇) - အခြေခံအင်အားစုများ၏ စစ်ပွဲ
ဧည့်ခန်းဆောင်တွင် ရှန်ပါဝမ်က အနည်းငယ် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေသည်။
“ပြောပါဦး၊ ယဲ့ညီအစ်ကိုက တကယ်ပဲ အစိမ်းရောင်မျက်လုံး ကျား ဆိုတဲ့ ဘီလူးမုဆိုးရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တာလား။”
ရှန်ပါဝမ်သည် အကြီးအကဲငါးဦးအဖွဲ့ တိုးတိုးလေး ပြောဆိုနေသည်ကို မြင်ရပြီး သိပ်ပြီး စိုးရိမ်နေပုံမရသဖြင့် မနေနိုင်တော့ဘဲ မေးလိုက်သည်။
“ယဲ့ညီအစ်ကိုမှာ သူ့အစီအစဉ်နဲ့သူ ရှိပါတယ်ဗျာ။”
ရှန်တုရှင်းက ပြောသည်။
“ပါဝမ်ညီအစ်ကို၊ မင်း အရမ်း စိုးရိမ်စရာ မလိုပါဘူး။”
“ငါ စိုးရိမ်တာ မစိုးရိမ်တာထက်၊ မင်းတို့က ဒီကိစ္စကို ပိုပြီး စိုးရိမ်သင့်တာပါ။ တကယ်လို့သာ အစိမ်းရောင်မျက်လုံး ကျား နဲ့ တိုက်ခိုက်ရမယ်ဆိုရင် ယဲ့ညီအစ်ကို ရှုံးဖို့က သေချာနေပြီ၊ ဒါက သံသယဖြစ်စရာတောင် မလိုဘူး။ ဆန်းနယဲ့ စစ်မြေပြင်ထဲမှာ သူတော်စင်တွေက ရေတွက်လို့ မရအောင် များပေမဲ့ 'ဘီလူးမုဆိုး' ဆိုတာက (၁၀၈) ပါးပဲ ရှိတာ။ ဒါရဲ့ အလေးချိန်ကို မင်းတို့ မသိသေးလို့လား။”
ရှန်ပါဝမ်က သက်ပြင်းချလိုက်သည်။
ဝမ်ချုံစန်းက သိလိုစိတ်ဖြင့် -
“ရှန်ညီအစ်ကို၊ တကယ်တော့ အစကတည်းက မင်း ငါတို့ကို ဒီလောက်အထိ ကူညီပေးနေတာ ဘာကြောင့်လဲ။”
သူတော်စင်များအားလုံး၏ အကြည့်များက ရှန်ပါဝမ်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်သွားကြသည်။
ရှန်ပါဝမ် ခဏတာ ကြောင်သွားပြီးနောက် ထူးဆန်းသော အမူအရာဖြင့် ရယ်မောလိုက်သည်။
“မင်းတို့က အသစ်စက်စက် ရောက်လာတာမို့ ဘာမှ မသိသေးလို့ ကူညီပေးတာပါ…”
သူတော်စင်များက ရှန်ပါဝမ်ကို တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေကြသည်။
ရှန်ပါဝမ်က အားမလိုအားမရဖြင့် -
“ငါ တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်။ ငါ့ဇာတိမှာ ကျန်တဲ့ ကျဲနယဲ့ အဆင့်မြင့်သူက တစ်ယောက်ပဲ ရှိတော့တယ်။ ဒါပေမဲ့ ငါတို့ရဲ့ ရန်သူတွေကတော့ ခြေလှမ်းတိုင်းမှာ ဖိအားပေးနေပြီး ငါတို့ကို ဒီ စစ်မြေပြင်ထဲ ဆက်နေဖို့ အရည်အချင်း မရှိတော့အောင် လုပ်နေတယ်။ ယဲ့ညီအစ်ကို ဒီကိစ္စမှာ ငါတို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မလားလို့…”
“မဟုတ်သေးပါဘူး၊ ကျဲနယဲ့ အဆင့်မြင့်သူတွေကို အတင်းအကျပ် စိန်ခေါ်လို့ မရဘူးလေ။ မင်းတို့လူတွေက လက်မခံရင် ရန်သူတွေက ဘယ်လိုလုပ်ပြီး ဖိအားပေးနိုင်မှာလဲ။”
ဝမ်ချုံစန်းက ခေါင်းခါလိုက်သည်။
“ရှန်ညီအစ်ကို၊ မင်း ငါတို့ကို ဖုံးကွယ်ထားတဲ့ စကားတွေ ရှိသေးလား။”
ဖန်ရွှေ က သက်ပြင်းချကာ -
“ငါတို့က ဒီလောက်ထိ ရင်းနှီးနေပြီပဲ၊ စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောပါ။ ကူညီနိုင်တာမှန်သမျှ ယဲ့ညီအစ်ကိုက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။”
“…”
ရှန်ပါဝမ်သည် ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် ခါးသီးစွာ ရယ်မောလိုက်သည်။
“မင်းတို့ 'မဟာသားတော်' ကို မှတ်မိသေးလား။”
“မှတ်မိပါတယ်။”
“မဟာသားတော်က ပေတို နတ်ဘုရားနိုင်ငံတော်ထဲကပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပေတိုနိုင်ငံတော်က ငါ့ဇာတိကို ရှာတွေ့သွားတယ်။”
“ဆန်းနယဲ့ စစ်မြေပြင်ရဲ့ စည်းမျဉ်းအရ၊ ငါတို့ သူတို့ရဲ့ ရှာဖွေခြင်း ခံလိုက်ရပြီဆိုရင် အချို့သော စည်းမျဉ်းတွေက ငါတို့နဲ့ မသက်ဆိုင်တော့ဘူး။”
“ပေတိုနိုင်ငံတော်က နှစ် (၅၀၀) တိုင်းမှာ ငါတို့ရဲ့ ကျဲနယဲ့ အဆင့်မြင့်သူတွေကို အတင်းအကျပ် စိန်ခေါ်ခွင့် ရှိတယ်။”
“ငါတို့ဆီမှာ မူလက နိဗ္ဗာန်တားမြစ်နယ်မြေ (၁၃) ခု ရှိပေမဲ့ အခုတော့ (၁) ခုပဲ ကျန်တော့တယ်။ ထောင်စုနှစ်အနည်းငယ်အတွင်းမှာပဲ အဆင့်မြင့်သူတွေကို မွေးထုတ်ဖို့ ခက်ခဲသွားတယ်။”
“ဒါ့အပြင် အရင်က သူတော်စင်တွေလည်း အမျိုးမျိုး ပစ်မှတ်ထားခံရပြီး တိုက်ပွဲတွေမှာ သေဆုံးကုန်ကြတယ်။ အခုတော့ ငါတို့ လူမျိုးတွေက အင်အားနည်းသွားပြီး ငါ့အစ်ကိုကြီး တစ်ယောက်တည်းပဲ ရုန်းကန်နေရတယ်။”
“သူက အခု အရမ်းကို ဒဏ်ရာရထားပြီ၊ နောက်တစ်ပွဲ စိန်ခေါ်လာရင်တော့ သူ ခံနိုင်တော့မှာ မဟုတ်ဘူး…”
“ငါ့အစ်ကိုကြီးသာ ပေတိုနိုင်ငံတော်ရဲ့ ကျဲနယဲ့ အဆင့်မြင့်သူလက်ထဲမှာ သေဆုံးသွားရင်၊ ငါတို့ ဒီ စစ်မြေပြင်ထဲ ဝင်ခွင့် ဆုံးရှုံးရလိမ့်မယ်။ အကာအကွယ်လည်း ရတော့မှာ မဟုတ်ဘူး။”
“အဲဒီအခါကျရင် ပေတိုနိုင်ငံတော်က စစ်တပ်နဲ့ ချီတက်လာပြီး ငါတို့ လူမျိုးတွေကို ကျွန်ပြုတော့မှာ…”
“…”
သူတော်စင်များ တိတ်ဆိတ်သွားကြသည်။
“ဒါဆိုရင် မင်းရဲ့ ဇာတိကို မဟာသားတော်ရဲ့ နောက်ကွယ်က ပေတိုနိုင်ငံတော်က ရှာတွေ့သွားတာပေါ့။ စည်းမျဉ်းအရ ဒီလိုအခြေအနေမျိုးမှာ စည်းမျဉ်းတွေက ပြောင်းလဲသွားတယ်။ အဲဒါကတော့… မင်းတို့မှာ စိန်ခေါ်မှုကို ငြင်းပယ်ပိုင်ခွင့် မရှိတော့ဘူး ဆိုတဲ့ သဘောပဲ…”
ဖန်ရွှေ ရေရွတ်လိုက်သည်။
“ဟုတ်တယ်၊ အဲဒီအတိုင်းပဲ ”
ရှန်ပါဝမ်က ဝမ်းနည်းစွာ ခေါင်းညိတ်သည်။
သူတော်စင်များမှာ သူတို့ကိုယ်သူတို့ ကံဆိုးသည်ဟု မတွေးမိဘဲ၊ ကောင်းကင် ငါးပါးနယ်မြေက ရင်ဆိုင်နေရတဲ့ အခြေအနေကို ပြန်တွေးမိကြသည်။ သူတို့က မြင့်မြတ်သော နတ်ဘုရားနိုင်ငံတော် နှင့် အဆက်အသွယ် ရှိနေပြီးသားဖြစ်သည်။
တကယ်လို့ အဓိပ္ပာယ်က နတ်ဘုရားနိုင်ငံတော်က ကောင်းကင်ငါးပါး နယ်မြေရဲ့ တည်နေရာကို ရှာတွေ့သွားရင်…
အဲဒီအခါကျရင် သူတို့ကလည်း အတင်းအကျပ် စိန်ခေါ်နိုင်မှာ မဟုတ်ဘူးလား။ တကယ်လို့သာ ကောင်းကင် ငါးပါး နယ်မြေက မကာကွယ်နိုင်ခဲ့ရင်…
“ဪ၊ ကိစ္စမရှိပါဘူး။”
သူတော်စင်များ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် စိတ်သက်သာရာ ရသွားကြသည်။ အခြေအနေက ဆင်တူသယောင် ရှိပေမဲ့ အခြေခံအားဖြင့်တော့ ကွဲပြားမှု ရှိနေသည်။
“တကယ်တော့ ဒီ စစ်မြေပြင်မှာ နယ်မြေ တစ်ခု၊ နှစ်ခုကို အနိုင်ယူဖို့ ဆိုတာ ဘယ်လောက်တောင် ခက်ခဲလဲ၊ ကျဲနယဲ့ အဆင့်မြင့်သူတွေက မိုက်မဲတဲ့သူတွေ မဟုတ်ဘူးလေ။”
“ဒါကြောင့် ဒီက သူတော်စင်တိုင်းရဲ့ ရည်ရွယ်ချက်က ကိုယ့်ဇာတိအတွက် ကိုယ့်ထက် အားနည်းတဲ့ ပစ်မှတ်ကို ရှာပြီး 'အခြေခံအင်အားစု စစ်ပွဲ' ကို ဆင်နွှဲဖို့ပဲ။”
“အခြေခံအင်အားစု စစ်ပွဲ ”
သူတော်စင်များ၏ အကြည့်များက ဖန့်ချန်ဆီသို့ ရောက်သွားသည်။
ဖန့်ချန်က ဘယ်အချိန်က ပြန်ရောက်နေမှန်း မသိ၊ ရှန်ပါဝမ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။
“မင်းပြောချင်တာက အင်အားစုကြီး နှစ်ခုက စစ်မြေပြင်အပြင်ဘက်မှာ တွေ့ရင် စိန်ခေါ်မှုတွေကတစ်ဆင့် တစ်ဖက်လူကို ဒီ စစ်မြေပြင်ထဲကနေ အပြီးတိုင် ထုတ်ပယ်လိုက်တာမျိုးလား။ အဲဒီနောက်မှာမှ စစ်မြေပြင်ရဲ့ အကာအကွယ် မရှိတော့တဲ့အချိန်မှာ အခြေခံအင်အားစု စစ်ပွဲကို ဆင်နွှဲပြီး တစ်ဖက်လူကို ဝါးမြိုလိုက်တာလား။”
ရှန်ပါဝမ်က ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ငါ့ဇာတိက ကံဆိုးလွန်းလို့ ပေတိုနိုင်ငံတော်နဲ့ တွေ့လိုက်ရတာ။ အရင်က ငါ့ဇာတိမှာ သူတော်စင် (၁) သောင်းကျော် ရှိခဲ့ပေမဲ့ အခုတော့ ရာဂဏန်းပဲ ကျန်တော့ပြီး စုတောင် မနေရဲကြဘူး…”
“ယဲ့ညီအစ်ကို၊ အစိမ်းရောင်မျက်လုံး ကျား ကိစ္စက ဘယ်လိုဖြစ်လဲ။”
ဆွေ့ဟွမ်ရွှီက အလောတကြီး မေးသည်။ ဒါက သူတို့အတွက် အရေးကြီးဆုံး ကိစ္စပဲ။ အခြေခံအင်အားစု စစ်ပွဲကတော့ နောက်မှ ထားလိုက်ဦးတော့။
“ငါ အစိမ်းရောင်မျက်လုံး ကျား ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပြီ၊ နယ်မြေ (၆) ခုနဲ့ လောင်းကြေးထပ်ထားတယ်။”
ဖန့်ချန်က ပြောသည်။
“……ပြီးသွားပြီ၊ ပြီးသွားပြီ။ ဟားဟား၊ ငါလည်း တကယ်ပဲ ရူးတာပဲ၊ မင်းတို့ဆီမှာ မျှော်လင့်ချက်တွေ ထားနေမိတာ။ မင်းတို့က တကယ်ပဲ ကောင်းကင်ကြီး ကမ္ဘာမြေကြီးထက် မြင့်တယ်ဆိုတာ မသိကြဘူး၊ ငါတို့တုန်းကထက်တောင် အဆ ၁၀၀ ပိုပြီး မောက်မာနေကြတယ်။ အဲဒါက ဘီလူးမုဆိုး လေကွာ…”
ရှန်ပါဝမ်က သူ့ကိုယ်သူ အထင်သေးစွာ ရယ်မောလိုက်ပြီးနောက် ခြံဝင်းအပြင်ဘက်သို့ လှည့်ထွက်သွားသည်။ သူ့ကျောပြင်က အထီးကျန်ဆန်လွန်းနေသည်။
သူ ထွက်သွားပြီးနောက် သူတော်စင်များအားလုံး ဖန့်ချန်ကို စိုက်ကြည့်နေကြသည်။ သူတို့ ဘာမှ မမေးကြပေမဲ့ ဖန့်ချန်က သူတို့ သိချင်တာကို သိနေသည်။
“နိုင်ဖို့ ၁၃ ရာခိုင်နှုန်း ရှိတယ်။”
“အိုကေ၊ ဒါဆို ရပြီ။”
“ငါတို့ဆီမှာ နောက်ထပ် နယ်မြေ (၁၂) ခု ရလာတော့မယ်၊ ဘယ်လို ခွဲဝေကြမလဲ။”
အကြီးအကဲများက စိတ်လှုပ်ရှားနေကြသည်။
“ဒီနယ်မြေတွေကို ရအောင် ယူလာပေးတာက ဖန့် သူတော်စင်ဘိုးဘေးပဲ၊ ဘယ်လို ခွဲမလဲ ဆိုတာကလည်း သူ့ဆုံးဖြတ်ချက်ပဲ။ ကောင်းကင် ငါးပါး နယ်မြေရဲ့ ကောင်ကင်အရှင်တွေတောင် ဒီကိစ္စကို ဝင်ပါခွင့် မရှိဘူး။”
ထိုက်ဟောင်ဟွမ်းယောင် က ရုတ်တရက် ပြောသည်။
အကြီးအကဲများက အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အားလုံးက ခေါင်းညိတ်သဘောတူလိုက်ကြသည်။
“ငါတို့ သဘောတူပါတယ်။ ကောင်းကင်အရှင်တွေက ဒီနယ်မြေတွေကို စီမံခန့်ခွဲဖို့ အရည်အချင်း မရှိဘူး၊ သူတို့ကို ဝင်ပါခွင့် ပေးလိုက်ရင် ငါတို့အတွက် အကျိုးနည်းလိမ့်မယ်။”
“ဒီလိုလည်း ပြောလို့ မရဘူးလေ၊ မျှတမှု ရှိဖို့တော့ လိုတာပေါ့။”
“ငါ ဒီလို စဉ်းစားထားတယ်။”
ဖန့်ချန်က စဉ်းစားဟန်ဖြင့် -
“သူတော်စင် ဘိုးဘေးစီမံကိန်း မှာ လူတွေ အများကြီး ရှိတယ်၊ သူတို့ အရင်ဆုံး ဝင်ရောက်နိုင်အောင် နယ်မြေ အချို့ကို အရင် ခွဲပေးရမယ်။”
စီကုရှန်း ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ အကြီးအကဲများ၏ မျက်နှာအမူအရာမှာ တစ်ချက် ရွေ့သွားသည်။
“ကျန်းထန်းဝမ်ခန်းမ မှာလည်း အဖွဲ့ဝင်တွေ ရှိတယ်။ မင်းတို့အတွက်လည်း နယ်မြေအချို့ ပေးထားလို့ ရပါတယ်။”
ဖန့်ချန်က ထပ်ပြောသည်။ အကြီးအကဲများက ခေါင်းညိတ်လိုက်ကြသည်။ ဘယ်နှစ်ခု ပေးမလဲ ဆိုတာကိုတော့ သူတို့ မမေးတော့ပေ။
“မငြိမ်သက်တဲ့နယ်မြေ ဘက်ကိုလည်း ခွဲပေးရမယ်။”
ဖန့်ချန်က ပြောသည်။
“သွေးစာရေး က သူတော်စင်တွေက တိုက်ခိုက်ရေးမှာ ကောင်းကင်ငါးပါးနယ်မြေထက် ဆန်းနယဲ့ စစ်မြေပြင်နဲ့ ပိုပြီး ကိုက်ညီတယ်။”
“မငြိမ်သက်တဲ့နယ်မြေ”
ဤစကား ထွက်လာသည်နှင့် အနီးရှိ သူတော်စင်များ၏ မျက်နှာမှာ ထူးဆန်းသွားသည်။ ဘာကြောင့်လဲဆိုတော့ ကျန်းထန်းဝမ်ခန်းမ ပဲဖြစ်ဖြစ်၊ သူတော်စင် ဘိုးဘေးစီမံကိန်း ပဲဖြစ်ဖြစ် သူတို့အားလုံးက ကောင်းကင် ငါးပါး နယ်မြေဘက်မှာ ရှိနေကြလို့ပဲ။
မငြိမ်သက်တဲ့နယ်မြေ ဆိုတာက ကောင်းကင် ငါးပါး နယ်မြေက သစ္စာဖောက်တွေ ရှိတဲ့နေရာလေ။ ဒါပေမဲ့ ဒီစကားက ဖန့်ချန်ဆီက ထွက်လာတာမို့ ဘယ်သူမှ မငြင်းရဲကြပေ။
“ကျန်တာတွေကိုတော့ ကောင်းကင်အရှင်တွေကို စီမံခန့်ခွဲခိုင်းလိုက်ပါ။ နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုဆိုတာက ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေး၊ ဆန်းနယဲ့ အမည်နာမတင်မကဘူး၊ သူတို့ရဲ့ ပညာရပ်တွေကလည်း အဓိကပဲ။”
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါ့ဇာတိမှာရှိတဲ့ နယ်မြေကိုတော့ ငါ ပြန်သွားဖို့ အကြောင်းမရှိတော့ဘူး၊ ဒါပေမဲ့ နယ်မြေအသစ်ကို ရလာရင်တော့ နောက်တစ်ခါ ကျဲနယဲ့ အဆင့်မြင့်သူကို ထပ်စိန်ခေါ်လို့ ရဦးမယ်။”
အဲဒီအခါကျရင် ကျင့်စဥ်ကျောက်တိုင်တင်မကဘူး၊ ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေး (၂၅၆) ပုလင်းကိုပါ ရနိုင်မလား။ အဲဒါက ဆန်းနယဲ့ စစ်မြေပြင်က ရတာထက် အများကြီး ပိုများဦးမှာပဲ။
အခန်း (၂၇၈၈) - ဤတိုက်ပွဲ၌ မုချအနိုင်ရမည်
“မင်းရဲ့ ခန့်မှန်းချက်က ဖြစ်နိုင်ချေ နည်းပါးပါတယ်။”
ဝမ်ချုံစန်းက ခေါင်းခါယမ်းလိုက်ပြီး ဖန့်ချန်၏ စိတ်ကူးပေါ်သို့ ရေအေးတစ်ခွက်လောင်းချလိုက်သကဲ့သို့ ပြောလိုက်သည်။
သို့သော်လည်း သူက အဘယ်ကြောင့် မဖြစ်နိုင်ရသည်ကို ရှင်းပြမနေခဲ့ပါ။
ဖန့်ချန်ကလည်း ဂရုမစိုက်ပါ။ ဒါက ခန့်မှန်းချက်သက်သက်သာ ဖြစ်သဖြင့် ဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ်ပြီး၊ မဖြစ်နိုင်လျှင်လည်း ကိစ္စမရှိပါ။
အနည်းဆုံးတော့ ကောင်းကင်ငါးပါးနယ်မြေ၏ ဆန်းနယဲ့ အရည်အချင်းရှိသူများ မွေးထုတ်ရေး စီမံကိန်းကို စောစီးစွာ စတင်နိုင်ပြီဖြစ်သည်။
အင်အားစုတစ်ခုတွင် ထိပ်တန်း အရည်အချင်းရှိသူများသာ ရှိနေရုံဖြင့် မလုံလောက်ပေ။
အထွတ်အထိပ် အဆင့်ကို မြှင့်တင်ရန် လိုအပ်သကဲ့သို့ အခြေခံ အနိမ့်ဆုံး အဆင့်ကိုလည်း မြှင့်တင်ပေးရန် လိုအပ်သည်။
အဲဒါမှ ဒီအင်အားစုက တည်ငြိမ်နေမည်ဖြစ်သည်။
“ရှန်ပါဝမ် ခုနက ပြောသွားတဲ့ 'အခြေခံအင်အားစု စစ်ပွဲ' နဲ့ ပတ်သက်ပြီး မင်း ဘယ်လို မြင်လဲ။”
ရှဲ့အာမန် က ရုတ်တရက် မေးလိုက်သည်။
“တကယ်လို့သာ ဟိုဘက်နဲ့ တကယ်တန်း ထိပ်တိုက်တွေ့သွားရင်၊ ဒီဘက်မှာ မင်း တစ်ယောက်တည်းပဲ ကျဲနယဲ့ အဆင့်မြင့်သူ ဖြစ်နေတော့၊ ဟိုဘက်က စစ်ချီလာတာကို ခုခံနိုင်မယ်လို့ ယုံကြည်ချက် ရှိရဲ့လား။”
“ဟိုဘက်က ငါတို့ရဲ့ တိုက်စစ်ကို ခံနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့။”
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
အနီးရှိ သူတော်စင်များ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူတို့၏ စိတ်ထဲတွင် ကျန်ရှိနေသေးသည့် နောက်ဆုံးသော စိုးရိမ်စိတ်များမှာ လေထဲသို့ ပျောက်ကွယ်သွားပြီး မျက်လုံးထဲတွင် ပြုံးရယ်ခြင်းများသာ လွှမ်းမိုးသွားသည်။
နောက်တစ်နေ့တွင်။
ဖန့်ချန်မှလွဲ၍ အကြီးအကဲငါးဦးအဖွဲ့သည် ဆန်းနယဲ့ စစ်မြေပြင်ထဲတွင် သူတို့၏ ပထမဆုံးသော တိုက်ပွဲကို ရင်ဆိုင်ရတော့သည်။
သို့သော် ကျဲနယဲ့ အဆင့်မြင့်သူများကဲ့သို့ သူတို့၏ တိုက်ပွဲကို ကြည့်ရှုနိုင်သည့် ကောင်းကင် ဖန်သား မရှိပါ။
တိုက်ပွဲကို ကြည့်ချင်လျှင် အတွင်းကမ္ဘာ ကျောက်တုံး ဆယ်တုံး ပေးသွင်းမှသာ ကြည့်ရှုခွင့် ရမည်ဖြစ်သည်။
ထို့အပြင် ဆန်းနယဲ့ စစ်မြေပြင်ရှိ လမ်းဆုံတိုင်းတွင်ကျောက်တိုင်တစ်တိုင်စီ ရှိသည်။
ထိုကျောက်တိုင်ပေါ်တွင် အဆင့်သတ်မှတ်ချက်များမှာ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲနေမည်ဖြစ်သည်။
ဖန့်ချန်၏ အတွင်းကမ္ဘာ ကျောက်တုံးများသည် အခြားအရေးကြီးသည့် နေရာတွင် သုံးရန်ရှိသဖြင့် ဤနေရာတွင် အလကား မဖြုန်းတီးဘဲ လမ်းမပေါ်ထွက်ကာ ကျောက်တိုင်ရှိ အချိန်နှင့်တစ်ပြေးညီ အဆင့်သတ်မှတ်ချက်မှတစ်ဆင့် တိုက်ပွဲရလဒ်များကို လေ့လာကြည့်ရှုနေသည်။
“အဲဒါ ယဲ့ထျန်းဂူ မဟုတ်လား။”
“သူ့လက်အောက်က ဆန်းနယဲ့ သူတော်စင်တွေ ဒီနေ့ တိုက်ပွဲဝင်နေကြတာပဲ။”
“မင်းတို့ ကြားပြီးပြီလား အစိမ်းရောင်မျက်လုံး ကျား က ယဲ့ထျန်းဂူ နဲ့ တိုက်ပွဲတစ်ပွဲ ယှဉ်ပြိုင်ဖို့ ချိန်းဆိုထားတယ်တဲ့၊ လောင်းကြေးက အရမ်းကြီးတယ်လို့ ပြောသံကြားတယ်။”
“နိဗ္ဗာန်တားမြစ်နယ်မြေ ဘယ်နှစ်ခု လောင်းတာလဲ။”
“အတိအကျတော့ မသိဘူး…”
အနီးအနားမှ သူတော်စင်အများစုသည် ဖန့်ချန်ကို မျက်စောင်းထိုး၍ လျှို့ဝှက်စွာ စောင့်ကြည့်နေကြပြီး ယနေ့ခေတ်စားနေသော သတင်းကိုလည်း တွေးတောနေကြသည်။
ဖန့်ချန်၏ အာရုံစိုက်မှုမှာ ထိုကျောက်တိုင်ပေါ်တွင်သာ ရှိသည်။
ကောင်းကင်ထိ တိုင်အောင် မြင့်မားနေသော ဤကျောက်တိုင်တွင် အမည်နာမများမှာ ထူထပ်စွာ ပြည့်နှက်နေသည်။
အမည်နာမများနောက်တွင် အသေးစိတ် အချက်အလက်များ ပါဝင်ပြီး မည်သူနှင့် တိုက်ခိုက်သည်၊ အဆင့်သတ်မှတ်ချက် တိုက်ပွဲလား၊ ကျပန်း တိုက်ပွဲလား သို့မဟုတ် စိန်ခေါ်ခြင်း ခံရသည်လား ဆိုသည်ကို ဖော်ပြထားသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဝမ်ချုံစန်းတို့ ကြုံတွေ့နေရသည်မှာ အဆင့်သတ်မှတ်ချက် တိုက်ပွဲများ မဟုတ်ပေ။
အဆင့်နီးစပ်သူများမှာ သူတို့၏ အခြေအနေကို မသိရှိသေးသဖြင့် ခဏတာ ငြိမ်နေကြခြင်း ဖြစ်နိုင်သည်။
ထို့အပြင် ကျပန်းတိုက်ပွဲများလည်း မဟုတ်ပေ။
အားလုံးမှာ စိန်ခေါ်မှုများသာ ဖြစ်သည်။
“ငါနဲ့ အစိမ်းရောင်မျက်လုံး ကျား မတိုက်ခင်မှာ ဒီလိုလုပ်ပြီး ငါ့ကို ဖိအားပေးချင်တာလား။”
“သူတို့က အစိမ်းရောင်မျက်လုံး ကျား က မုချနိုင်မယ်လို့ ယူဆထားပေမဲ့ ဒီလောက်အထိ လုပ်နေတာကတော့ တကယ်ကို သတိကြီးလွန်းတာပဲ။”
ဖန့်ချန် အနည်းငယ် ကြည့်ရှုပြီးနောက် လှည့်၍ ဧည့်ခန်းဆောင်သို့ ပြန်လာခဲ့သည်။
အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိ၊ အကြီးအကဲငါးဦးအဖွဲ့ တဖြည်းဖြည်း ပြန်ရောက်လာကြသည်။
အချို့မှာ ထိခိုက်မှု မရှိသော်လည်း အချို့မှာမူ ကိုယ်တိုင် ဒဏ်ရာများဖြင့် ပြန်လာကြသည်။
သူတို့အားလုံး တိတ်ဆိတ်နေကြပြီး နောက်ဆုံး သူတော်စင်တစ်ဦးအထိ ပြန်ရောက်လာမှသာ လှုပ်ရှားသံများ ထွက်ပေါ်လာသည်။
“ဒီနေ့ ငါတို့ဆီက သူတော်စင် (၄၈) ဦး ဝင်သွားတယ်။”
ဝမ်ချုံစန်းက အနီးရှိ သူတော်စင်များကို တစ်ချက်ကြည့်လိုက်သည်။
“ဒီနေ့ပြီးတော့ (၃၆) ဦးပဲ ကျန်တော့တယ်။”
ဆယ့်နှစ်ဦး သေဆုံးသွားသည်
မနေ့ကထိ ရယ်မောစကားပြောနေကြသော သူတော်စင်များမှာ ယနေ့တွင် ဆန်းနယဲ့ စစ်မြေပြင်၌ အသက်ဆုံးရှုံးသွားကြပြီဖြစ်သည်။
ထိုအချက်က အကြီးအကဲငါးဦးအပါအဝင် ရှိနေသူအားလုံးကို စိတ်မသက်မသာ ဖြစ်စေပြီး လေးပင်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ကောင်းကင်ငါးပါးနယ်မြေတွင် သေဆုံးသွားလျှင်ပင် အသက်စွမ်းအင်ဖြင့် အစားထိုးနိုင်သည်၊ အသက်စွမ်းအင် မရှိတော့လျှင်ပင် ကောင်းကင်ငါးပါးနယ်မြေ၏ ယင်လောကတွင် ပြန်လည်ဝင်စားနိုင်သည်။
သို့သော် ထိုနေရာတွင် သေဆုံးသွားလျှင် အသက်ဆုံးရှုံးခြင်းပင်ဖြစ်ပြီး ကောင်းကင်ငါးပါးနယ်မြေ၏ ယင်လောတွင် ပြန်လည်မဝင်စားနိုင်ပါ။
“နောက်တစ်ခုက ဒီနေရာမှာ တူညီတဲ့ နယ်မြေက ဆန်းနယဲ့ သူတော်စင်အချင်းချင်း စိန်ခေါ်ခွင့် မရှိဘူး။”
ဝမ်ချုံစန်းက ဆက်ပြောသည်။
“မင်း စမ်းကြည့်လိုက်လို့လား။”
“စမ်းကြည့်ပြီးပြီ။”
“…”
“ဒီ အတင်းအကျပ် တိုက်ပွဲ (၁၀) ကြိမ် ဆိုတာက ဘယ်တော့ဖြစ်မယ်မှန်း မသိနိုင်တဲ့ အရာပဲ။”
ဖန့်ချန် မျက်ခွံကို အနည်းငယ် ပင့်လိုက်သည်။
“မနက်ဖြန် ရှန်ပါဝမ်ဆီ သွားပါ။ သူတို့ဘက်မှာ ဆန်းနယဲ့ သူတော်စင်တွေ ရှိသေးတယ်၊ သူတို့ဆီမှာ ကျန်နေတဲ့ အတင်းအကျပ် တိုက်ပွဲ (၉) ကြိမ်ကို သူတို့ကို တာဝန်ယူပြီး ချေဖျက်ခိုင်းလိုက်ပါ။”
“ဆန်းနယဲ့ စစ်မြေပြင်မှာ အပြန်အလှန် ကူညီကြရမယ်၊ သူ အကူအညီ လိုအပ်တဲ့အချိန်ကျရင် ငါ ကိုယ်တိုင် ထွက်လာမယ်။”
သူတော်စင်များ၏ မျက်လုံးများ တောက်ပသွားသည်။
သူတို့က အသစ်စက်စက် ရောက်လာသူများဖြစ်၍ အခြေခံမရှိသော်လည်း ရှန်ပါဝမ်ဘက်မှာမူ အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါသည်။
“ဒီတစ်ခေါက် ငါတို့ ဆုံးရှုံးမှု ကြီးမားတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ပြိုင်ဘက်ရဲ့ ဆုံးရှုံးမှုလည်း နည်းတာ မဟုတ်ဘူး။”
ဝမ်ချုံစန်းက ရုတ်တရက် ရယ်မောလိုက်သည်။
“ငါတို့ လက်ချက်နဲ့ သေဆုံးသွားတဲ့ ဆန်းနယဲ့ သူတော်စင်လည်း ဆယ့်နှစ်ဦးထက် မနည်းတော့ဘူး။”
သူတော်စင်များ တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။
ဒီနေ့ တိုက်ပွဲများမှာ အချို့မှာ သရေကျသဖြင့် နှစ်ဖက်စလုံး မသေဆုံးသော်လည်း အချို့မှာမူ ပြိုင်ဘက်ကို အနိုင်ပိုင်းနိုင်ခဲ့သည်။
ကောင်းကင်ငါးပါးနယ်မြေမှ ဆန်းနယဲ့ သူတော်စင်များသည် စစ်မြေပြင်အပေါ် မရင်းနှီးသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာ ပြိုင်ဘက်၏ အနိုင်ပိုင်းခြင်းကို ခံရမည့်သူများ မဟုတ်ပေ။
ခဏတာတွင်သာ အသာစီးမရဘဲ ဖြစ်နေခြင်းဖြစ်သည်။
နောက်တစ်ရက်တွင်။
ဝမ်ချုံစန်းက ရှန်ပါဝမ်ထံသို့ သွားရောက်ခဲ့ပြီး နှစ်ဖက်စလုံးသည် သဘောတူညီချက် အချို့ကို အမြန်ပင် ရရှိခဲ့ကြသည်။
အတင်းအကျပ် တိုက်ပွဲများကို အပြန်အလှန် ချေဖျက်ကြတော့သည်။
ထင်ရှားသည်မှာ အစိမ်းရောင်မျက်လုံး ကျား ၏ အစ်ကိုကြီးနှင့် ကျန်းစစ်လုံ တို့ဘက်ကလည်း အခြေအနေကို ရိပ်မိသွားပြီး အောက်ခြေရှိ ဆန်းနယဲ့ သူတော်စင်များကို စိန်ခေါ်မှုများ ပြုလုပ်ခိုင်းတော့သည်။
အကြိမ်အနည်းငယ်တွင်တော့ သူတို့ အောင်မြင်မှု ရရှိကြသည်။
သို့သော် အမြတ်ထွက်သလား၊ အရှုံးပေါ်သလား ဆိုသည်ကိုတော့ အသေးစိတ် တွက်ချက်ရန် ခက်ခဲသည်။
ထိုရက်အနည်းငယ်အတွင်း သတင်းများ ပျံ့နှံ့လာမှုကြောင့်။
အစိမ်းရောင်မျက်လုံး ကျား နှင့် ယဲ့ထျန်းဂူ တို့ တိုက်ပွဲယှဉ်ပြိုင်မည့် သတင်းမှာ ကျယ်လောင်စွာ ပျံ့နှံ့နေပြီဖြစ်သည်။
“ကျန်းစစ်လုံ၊ မင်းက ငါတို့ရဲ့ သဘောတူညီချက်မပါဘဲ ဒီလောက်အထိ စွန့်စားရသလား၊ တကယ်လို့သာ တစ်ခုခု ဖြစ်လာရင် ဒီတာဝန်ကို ဘယ်သူ ယူမှာလဲ။”
ကျန်းစစ်လုံ အနီးတွင် ရပ်နေသည့် ကျဲနယဲ့ အဆင့်မြင့်သူ အချို့၏ မျက်နှာများမှာ ကြည့်မကောင်းလှပေ။
“မင်းတို့က အစိမ်းရောင်မျက်လုံး ကျား က ယဲ့ထျန်းဂူ လက်ထဲမှာ ရှုံးလိမ့်မယ်လို့ ထင်နေတာလား။”
ကျန်းစစ်လုံက တည်ငြိမ်စွာ မေးသည်။
“အစိမ်းရောင်မျက်လုံး ကျား က 'ဘီလူးမုဆိုး' ထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ စွမ်းရည်ကို လူတိုင်း မြင်တွေ့ပြီးသားပါ။ ငါတို့က ဆန်းနယဲ့ စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ တိုက်ခိုက်လာတာတောင် ဘီလူးမုဆိုး တစ်ဦးကို မမွေးထုတ်နိုင်ခဲ့ဘူး။ သူက ယဲ့ထျန်းဂူ ကို အနိုင်ယူနိုင်မလား ဆိုတာကိုတော့ ငါတို့ သံသယ မရှိပါဘူး။”
“ဒါဆို မင်းတို့ ဘာကို စိုးရိမ်နေတာလဲ။”
ကျန်းစစ်လုံက အေးစက်စက် ပြုံးလိုက်သည်။
“တကယ်လို့သာ အစိမ်းရောင်မျက်လုံး ကျား တို့က ငါတို့ကို ထောင်ချောက်ဆင်နေတာဆိုရင်ကော သူက တမင်ရှုံးပေးလိုက်ရင် ငါတို့ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခု ထပ်ရှုံးမနေဘူးလား။”
“သွေးစာရေး ရဲ့ ဆုံးရှုံးမှုကို ငါတို့ ခက်ခက်ခဲခဲ လက်ခံခဲ့ရတာ၊ နောက်တစ်ကြိမ် ထပ်ဖြစ်ရင် ငါတို့ရဲ့ အဓိက အင်အားစုတွေပါ ထိခိုက်သွားလိမ့်မယ် ”
ကျဲနယဲ့ အဆင့်မြင့်သူများက မျက်နှာပျက်၍ -
“မင်းက အထဲမှာ ရှိနေတော့ အခြေအနေကို မမြင်ရဘူး၊ ငါတို့ နားလည်ပါတယ်။ ဒါပေမဲ့ မင်းသာ ငါတို့နဲ့ တစ်ခွန်းလောက် တိုင်ပင်ခဲ့ရင် သတိပေးနိုင်မယ့် အခွင့်အရေး ရှိခဲ့မှာ။”
ကျန်းစစ်လုံ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း တည်ငြိမ်အောင် ထိန်းကာ -
“မဖြစ်နိုင်ပါဘူး၊ ငါ သူတို့ကို ပိုကြီးမားတဲ့ အကျိုးအမြတ်တွေ ပေးထားပါတယ်။ အဲဒီ အကျိုးအမြတ်က နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုထက် အများကြီး ပိုများပါတယ်၊ မင်းတို့ စိုးရိမ်တာတွေက မလိုအပ်ပါဘူး။”
“ဟုတ်လား။”
“မင်းရဲ့ ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကို မကျဆင်းစေဖို့ပဲ မျှော်လင့်ပါတယ်။”
“ သဲကန္တာရကို ကျော်ဖြတ်သူ မျိုးဆက် ဖြစ်တဲ့အတွက် ဒီနေရာမှာ ရှိတဲ့ ကောက်ကျစ်စဉ်းလဲမှုတွေကို ငါတို့ထက် ပိုသိသင့်တယ်။”
“စိတ်ချပါ။ ဒီတိုက်ပွဲမှာ မုချ အနိုင်ရမယ်။ တကယ်လို့ ရှုံးခဲ့ရင် ငါ ကိုယ်တိုင်ပဲ ပြန်သွားပြီး အပြစ်ပေးခံပါ့မယ်။”
ကျန်းစစ်လုံက ခံစားချက်မဲ့စွာ ပြောသည်။
“အစိမ်းရောင်မျက်လုံး ကျား နဲ့ ယဲ့ထျန်းဂူ စာချုပ်ချုပ်ဆိုတာကို အခုချက်ချင်း တားဆီးနိုင်ပါသေးတယ်၊ သူတို့နှစ်ဦးစလုံးက ဒီတိုက်ပွဲကို စွန့်လွှတ်ဖို့ ဆန္ဒရှိရင် ရပါတယ်။”
“နောက်ထပ် တားမနေပါနဲ့၊ ငါ ဆုံးဖြတ်ပြီးသားပါ။”
“…”
…
…
ဗဟိုချက် အရာရှိရုံးရှေ့တွင် ဆန်းနယဲ့ သူတော်စင်များစွာ စုဝေးရောက်ရှိနေပြီး လူတိုင်းက စပ်စုလိုစိတ်ဖြင့် စောင့်ကြည့်နေကြသည်။
ထို ဗဟိုချက် အရာရှိသည် ထပ်မံ ပေါ်လာပြီး ဖန့်ချန်နှင့် အစိမ်းရောင်မျက်လုံး ကျား တို့ကို အတည်ပြုခိုင်းနေသည်။
မှားယွင်းမှု မရှိကြောင်း အတည်ပြုပြီးနောက် နှစ်ဖက်စလုံးသည် စာချုပ်ပေါ်တွင် လက်မှတ်ထိုးလိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အနီးအနားမှ သူတော်စင်များမှာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားပြီး မျက်နှာများမှာ အလွန်တက်ကြွစွာဖြင့် စိတ်လှုပ်ရှားနေကြသည်။