← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

Ch-60

ချန်းမိသားစုဆိုင်မှ အချိုပွဲဆိုင်ရှင်မှာ ဒေါသကြီးသော်လည်း ဖောက်သည်များကတော့ ကြိုက်နှစ်သက်ပုံရသည်။

"ကျွန်တော် မှာထားတယ်၊ ကျွန်တော် မှာထားတယ်"

လင်းယွဲ့တန်းစီနေစဉ် သူမရှေ့မှ လူတစ်ယောက်က တိုးညှင်းစွာညည်းညူလိုက်သည်ကို သူမကြားလိုက်ရသည်။

"ဒါ ဘယ်လိုအချိုးမျိုးလဲ"

"ရှူး တိုးတိုးလုပ်၊ ဒီက အချိုပွဲတွေက အရသာရှိတယ်၊ ဆိုင်ရှင်ကို သွားမဆွနဲ့"

"သခင်ကြီးတွေတောင် ဒီမှာအချိုပွဲ လာစားကြတယ်လို့ ကြားတယ်၊ ဒီဆိုင်က ကောင်းချီးပေးခံထားရတာဖြစ်မယ်"

လင်းယွဲ့တန်းစီနေရင်း ရှေ့သို့ ဖြည်းညှင်းစွာတိုးသွားစဉ် အတွင်းဘက်မှ ငြင်းခုံသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

"မလိမ်နဲ့၊ ငါ့ရဲ့လျှာက သိပ်ကိုအာရုံခံနိုင်စွမ်း ကောင်းတယ်၊ ခင်ဗျား ဒီပဲနီလေးဆီသတ်ထဲကို ချေးထည့်ထားတယ်"

ဆိုင်ရှင်က ဆိုင်မှတံမြက်စည်းကိုဆွဲယူကာ ထိုအမျိုးသားအား ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

"ထွက်သွားစမ်း ထွက်သွားစမ်း ထွက်သွားစမ်း၊ ငါ့နာမည်ကို ဖျက်ဆီးရဲတယ်၊ ထွက်သွားစမ်း"

ဆိုင်ရှင်က ထိုအမျိုးသားကို ဆိုင်အပြင်သို့ ရိုက်ထုတ်လိုက်ရာ အမျိုးသားမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သို့သော် ဆိုင်ရှင်မှာ မကျေနပ်သေးဘဲ သူ့ဒေါသကို ဖြေဖျောက်ရန် နောက်ထပ် အကြိမ်အနည်းငယ် ရိုက်နှက်လိုက်သေး၏။

"ဒီကောင်၊ မင်းက အလကားလာစားချင်တာလား"

ဆိုင်ရှင်က သူ့ကိုယ်ပေါ်ကိုရှာဖွေကာ သူ့ပိုက်ဆံအိတ်ကိုဆွဲဖြဲပြီး အတွင်းမှ ကြေးပြားများကို လောင်းထုတ်လိုက်သည်။

"ဟမ့် ဒီကျန်တဲ့ပိုက်ဆံတွေက ငါ့နာမည် ပျက်သွားတဲ့အတွက် လျော်ကြေးပဲ၊ နောက်တစ်ခါ ငါ့ရှေ့ပေါ်မလာနဲ့"

"ချေးတဲ့လား၊ ဒါက သိပ်လွန်လွန်းပါတယ်၊ ချေးသာပါရင် ဘယ်သူက အရသာမသိဘဲ နေမှာလဲ"

"အဲဒီလိုမပြောနဲ့၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါ ယန်ကျိုးကိုသွားတုန်းက သူတို့ကလူပျိုပေါက်လေးတွေရဲ့ဆီးနဲ့ပြုတ်ထားတဲ့ ကြက်ဥကိုတောင် ရောင်းသေးတာပဲ၊ ဘယ်နှယောက်များ ဝယ်စားကြလဲဆိုတာ ဘယ်သူသိမှာလဲ"

"လူပျိုပေါက်လေးတွေရဲ့ ဆီးက အနည်းဆုံးတော့ ဆေးဘက်ဝင်သေးတယ်၊ ဒါပေမဲ့ ချေးကတော့.... "

"ဒါက ဝမ်မိသားစုအချိုပွဲဆိုင်က ချန်းမိသားစုဆိုင်ကိုနာမည်ဖျက်ဖို့ လူငှားပြီး လုပ်တဲ့ လုပ်ကြံမှုလို့ မင်းပြောချင်တာလား"

"ဖြစ်နိုင်တာပေါ့၊ ချန်းမိသားစုဆိုင်မဖွင့်ခင်တုန်းက အားလုံးက ဝမ်မိသားစုဆိုင်ကိုပဲ အချိုပွဲသွားစားကြတာ၊ ဝမ်မိသားစုက ဆိုင်ခန်းတစ်ခုတောင်ဝယ်လိုက်သေးတယ်၊ ဒါပေမဲ့ ချန်းမိသားစုဆိုင်ဖွင့်ပြီးကတည်းက သူတို့စီးပွားရေးက အကြီးအကျယ်ထိုးကျသွားတာ"

လင်းယွဲ့အလှည့်သို့ ရောက်လာ၏။ ဆိုင်ရှေ့တွင် စည်ပိုင်းပုံသဏ္ဌာန် သံဒယ်အိုးကြီးတစ်လုံးရှိပြီး ပဲနီလေးဆီသတ်များအပြည့်ပါဝင်ကာ မီးအေးအေးဖြင့် တည်ထားသည်။ အလုပ်သင်လူငယ်လေးတစ်ဦးက သံယောင်းမကြီးဖြင့် အဆက်မပြတ်မွှေပေးနေ၏။ ပဲနီလေး၏ရနံ့က အပူငွေ့များနှင့်အတူ လွင့်ပျံလာပြီး လူတိုင်း၏ နှာခေါင်းထဲသို့ ပျံ့နှံ့သွားလေသည်။

"အနံ့ရလား သိပ်မွှေးတာပဲ"

"စံပယ်ပန်းနံ့ရတယ်၊ သူတို့က စံပယ်ပန်း လတ်လတ်ဆတ်ဆတ်တွေကို ခူးပြီး အခြောက်လှမ်း ထည့်ထားတာဖြစ်ရမယ်"

လင်းယွဲ့ အနည်းငယ်သတိထားလိုက်သည်။ ပဲနီလေးဆီသတ်ထဲတွင် မည်သည့် စံပယ်ပန်းကိုမျှ သူမ မတွေ့ရပေ။ ထို့ပြင် မစင်သည် သတ်မှတ်ထားသော ပမာဏအထိရေကျဲသွားပါက မွှေးပျံ့သောအနံ့ကို ထုတ်လွှတ်နိုင်ပြီး ယင်းမှာ စံပယ်ပန်း၏အနံ့လည်းဖြစ်၏။ စားသုံးသူများ၏ကျန်းမာရေးကို ကာကွယ်လိုသော သူမရည်မှန်းချက်က စုံစမ်းလိုစိတ်ကို ဖြစ်ပေါ်စေသည်။

"ဘာလိုချင်လဲ"

ဆိုင်ရှင်က ကြမ်းတမ်းစွာမေးလိုက်သည်။ လင်းယွဲ့က ဆိုင်းဘုတ်ကိုစိုက်ကြည့်လိုက်၏။

"နှမ်းမည်းဆီသတ်တစ်ပွဲ"

"ပဲနီလေးဆီသတ် မလိုချင်ဘူးလား၊ ဒီကိုလာတဲ့သူတိုင်းက ဒီပဲနီလေးဆီသတ် တစ်ပွဲအတွက် လာကြတာချည်းပဲ"

"မလိုပါဘူး"

လင်းယွဲ့ အနည်းငယ်နေရခက်သွားပြီး မစားရန်ဆုံးဖြတ်လိုက်ပြီး သူမက တာ့ယာ၏လက်ကို ညှစ်လိုက်သည်။

"ညီမလေး ဘာစားချင်လဲ"

"ဒါဆို သမီး ပဲနီလေးဆီသတ်စားချင်တယ်"

တာ့ယာမျက်ဝန်းများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ အခြေအမြစ်မရှိသော ကောလာဟလတစ်ခုမျှသာဖြစ်သဖြင့် လင်းယွဲ့သည် တာ့ယာကို အခြားအရာတစ်ခုရွေးချယ်ရန် မတိုက်တွန်းတော့ပေ။

"ငါးပြား"

“သိပ်ဈေးကြီးတာပဲ”

လင်းယွဲ့သည် လက်ဖဝါးအရွယ်အစားခန့်သာရှိပြီး များများစားစားမဆန့်သော ပန်းကန်လုံးသေးသေးလေးများကို ကြည့်လိုက်သည်။ ပန်းကန်လုံးနှစ်လုံးတည်းနှင့် ဤမျှဈေးကြီးနေသည်ပင်။ ဆိုင်ရှင်၏လေသံမှာ ပိုမိုရန်လိုလာသည်။

"အရင်ပိုက်ဆံပေး၊ ပြီးမှစား မြန်မြန်လုပ်၊ တခြားလူတွေရဲ့အချိန်ကို မဖြုန်းနဲ့"

လင်းယွဲ့သည် သူမပိုက်ဆံအိတ်ထဲမှ ကြေးပြားငါးပြားကို ထုတ်ယူလိုက်ရာ သူမ မပေးရသေးမီမှာပင် ဆိုင်ရှင်က အတင်းလုယူလုနီးပါးဆွဲယူသွားလေသည်။ ဤအတွေ့အကြုံမှာ တကယ်ကို ဆိုးရွားလှ၏။ ဖောက်သည်များက ဤကဲ့သို့သောဝန်ဆောင်မှုကို သည်းခံနိုင်ရန်အတွက် ဤအချိုပွဲက မည်မျှတောင် အရသာရှိရမည်နည်းဆိုတာကို လင်းယွဲ့သိချင်သွားသည်။ ထိုင်ခုံများလဲ မရှိချေ။ ဆိုင်နံဘေးရှိ ခုံတန်းလျား တစ်ခုပေါ်တွင် လွတ်နေသောနေရာတစ်နေရာသာ ရှိသည်။ လူများစွာသည် သူတို့၏ပဲနီလေးဆီသတ်များကို ခုံတန်းလျားပေါ်တွင် တင်ကာ ဆောင့်ကြောင့်ထိုင်၍ စားနေကြ၏။ လင်းယွဲ့သည်လည်း ထောင့်ဘက်ရှိ တစ်ခုတည်းသော လွတ်နေသော ခုံတန်းလျားကို ရှာတွေ့ပြီး တာ့ယာနှင့်အတူ ဆောင့်ကြောင့်ထိုင်လိုက်သည်။

"ယောင်းမ ဒီကနေ အရိပ်ပြဇာတ်တောင်ကြည့်လို့ရတယ်"

တာ့ယာက စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ လင်းယွဲ့သည် သူမအကြည့်အတိုင်း လိုက်ကြည့်လိုက်၏။ သူတို့၏နေရာမှာ အရိပ်ပြဇာတ်နှင့် တည့်တည့်တွင်ရှိနေသဖြင့် အရိပ်ပြဇာတ်ဆိုင်ကို မြင်တွေ့နိုင်သော်လည်း အရိပ်ပြဇာတ်ကို လူများ၏အရိပ်များက ကွယ်နေလေသည်။

"ငါတို့စားပြီးရင် သွားကြည့်ကြမယ်လေ"

'ဒုန်း'

အသံနှင့်အတူ ဆိုင်ရှင်က ပဲနီလေးဆီသတ်တစ်ပွဲကို ခုံတန်းလျားပေါ်တွင် ချပေးလိုက်သည်။

"ဆိုင်ရှင်၊ ကျွန်မရဲ့နှမ်းမည်းဆီသတ်က ဘယ်တော့ရမှာလဲ"

"ကုန်သွားပြီ"

"အာ”

"ဒီတလော ငါပဲနီလေးဆီသတ်ပဲ ရောင်းတယ်၊ ငါ နင့်ကိုငါးပြားပဲယူလိုက်တာ မတွေ့ဘူးလား၊ တစ်ပွဲကို ငါးပြားလေ၊ ငါ့ဆီမှာ နှမ်းမည်းသာရှိရင် ဆယ်ပြားဖြစ်သွားပြီ"

"လူတွေကို ဓားပြတိုက်နေတာလား၊ အဲဒါ အရမ်းဈေးကြီးတာပဲ"

ဆိုင်ရှင်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စူးရှစွာပြောလိုက်သည်။

"မင်း ဘာပြောလိုက်တယ်"

အကယ်၍ ခေတ်သစ်မှာသာဆိုလျှင် လင်းယွဲ့သည် သူ့ကိုသေချာပေါက် အချေအတင်ပြောဆိုပြီးနောက် ရဲကို ခေါ်မည်ဖြစ်သည်။ သူမသည် သူ့အစားအစာဘေးကင်းလုံခြုံမှုပြဿနာများကိုပင် တိုင်ကြားပြီး စစ်ဆေးခိုင်းကာ အတွင်း၌ညစ်ပတ်သည့်အရာများ ပါဝင်ခြင်းရှိမရှိ ကြည့်ရှုမည်ဖြစ်၏။ သို့သော် ဤသည်မှာ ရှေးခေတ်ဖြစ်ပြီး အရာရှိများကို မည်သည့်နေရာတွင်ရှာရမည်ကို သူမ မသိပေ။ ထို့ပြင် ဆိုင်ရှင်မှာ ကိုယ်လုံးကိုယ်ပေါက်ကြီးမားတောင့်တင်းပြီး ရင်ဆိုင်ရန် အလွန်ခက်ခဲသည်။ တစ်ချိန်တည်းမှာပင် သူ့အကူများကလည်း လှမ်းကြည့်နေကြပြီး သူတို့သည်လည်း ကိုယ်လုံးကိုယ်ပေါက် ကြီးမားတောင့်တင်းသော အမျိုးသားများဖြစ်ကြသည်။ လင်းယွဲ့ အလျှော့ပေးလိုက်ပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်နေလိုက်သည်။

‘နောက်မှ ဒီနေရာကို အချိုပွဲဆိုင်တစ်ဆိုင်ဖွင့်ပြီး သူ့စီးပွားရေးအားလုံးကို လုယူပစ်မယ်၊ သူဘယ်လောက်မောက်မာပြီး အာဏာပြရဲသေးလဲဆိုတာကို ကြည့်ရ‌သေးတာပေါ့’

သူမ စိတ်ထဲမှတွေးလိုက်ကာ အနာဂတ်တွင်ပြိုင်ဘက်ကို အနိုင်ယူလိုသော သူမရည်မှန်းချက်က ရင်တွင်း၌ ကိန်းအောင်းနေသည်။ ဆိုင်ရှင်က မောက်မာစွာ နှာမှုတ်လိုက်၏။

"မြန်မြန်စားစမ်းပါ၊ လူနှစ်ယောက်အတွက် တစ်ပွဲတည်းနဲ့ စားပွဲတွေ ကုလားထိုင်တွေကို နေရာလာမယူနဲ့"

"ယောင်းမ အရင်သောက်ပါ"

တာ့ယာ၏အစောပိုင်းက စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး အနည်းငယ် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းဆူပြီး ဇွန်းတစ်ဇွန်းကမ်းပေးလိုက်သည်။ စံပယ်ပန်းနံ့မှာ ပိုမိုပြင်းထန်လာ၏။

"အဲဒီဆူနေတဲ့ နှုတ်ခမ်းမှာ ဆီပုလင်းတောင် ချိတ်လို့ရနေပြီ"

လင်းယွဲ့က သူမနှုတ်ခမ်းကို ပုတ်ကာ နောက်ပြောင်လိုက်သည်။

"ငါ မစားဘူး၊ နင်ပဲ စားလိုက်"

တာ့ယာသည် ဇွန်းကိုပါးစပ်နားသို့တေ့လိုက်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားကာ တစ်စုံတစ်ရာကို အချိန်အကြာကြီး စိုက်ကြည့်နေလေသည်။ ရုတ်တရက် သူမသည် ဇွန်းကိုချကာ ထိန်းမနိုင်သိမ်းမရ အော့အန်လေတော့သည်။

"ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ"

လင်းယွဲ့က အမြန်မေးလိုက်သည်။ တာ့ယာက မော့ကြည့်လိုက်ရာ ဆိုင်ရှိ လူအားလုံးက သူမအားစိုက်ကြည့်နေကြပြီး ဆိုင်ရှင်နှင့် သူ့အကူများပင် ပါဝင်ကြောင်း တွေ့လိုက်ရ၏။ သူမ၏နှလုံးသားမှာ တုန်လှုပ်သွားသည်။

"ဘာမှမဖြစ်ပါဘူး၊ ရုတ်တရက်စားချင်စိတ် ပျောက်သွားလို့ပါ"

သူမသည် ဖြူရော်နေသောမျက်နှာဖြင့် လင်းယွဲ့အားစိုက်ကြည့်ကာ အသနားခံသည့်ဟန်ဖြင့် ပြောလိုက်သည်။

"ယောင်းမ ကျွန်မဒါကိုမစားဘဲ နေလို့ရမလားဟင်"

"ရတာပေါ့"

လင်းယွဲ့ သက်ပြင်းချလိုက်နိုင်၏။ အမှန်တကယ်တော့ သူမလည်း တာ့ယာကို မစားစေချင်ခဲ့သော်လည်း သူမကိုယ်တိုင် စိတ်ထင်နေခြင်းသာဖြစ်မည်ကို စိုးရိမ်ခဲ့သည်။ သူမက မကျွေးချင်၍ ဆင်ခြေပေးနေသည်ဟု တာ့ယာ ထင်မည်ကိုလည်း စိုးရိမ်ခဲ့၏။ ယခု တာ့ယာကိုယ်တိုင်က မစားချင်တော့သဖြင့် လင်းယွဲ့အနေဖြင့် စိတ်သောက ရောက်နေစရာ မလိုတော့ပေ။

"ဟေ့ ညီမလေး"

တာ့ယာဇွန်းကို ချလိုက်ချိန်မှာပင် အရိပ်ပြဇာတ်ဆိုင်မှ ကလေးတစ်ယောက်ကို ဆွဲကာပြေးလာသော သူတစ်ယောက်ကို တွေ့လိုက်ရသည်။

"စောစောကတည်းက နင်တို့ကို ငါမြင်တယ်၊ ပဲနီလေးဆီသတ် လာစားကြတာကိုး"

ဝမ်ရှောင်နျိုက ရယ်မောရင်းပြောလိုက်သည်။

"ဒီပဲနီလေးဆီသတ်က တကယ်ကို အံ့ဩစရာကောင်းလောက်အောင် ကောင်းတာ၊ ခုနက နင် မစားချင်ဘူးလို့ ပြောလိုက်တာ ဘာလို့လဲ"

"ကလေးက စားချင်စိတ်မရှိလို့ပါ”

ဝမ်ရှောင်နျိုမှာ အခွင့်အရေးယူတတ်ကြောင်း လင်းယွဲ့သိထားပြီး သူမသည် ဤပဲနီလေးဆီသတ်တစ်ပွဲကြောင့် ရောက်လာခြင်းဖြစ်မည်မှာ သေချာပေ၏။ သို့သော် ဝမ်ရှောင်နျိုတွင်လည်း အတိုင်းအတာတစ်ခုတော့ ရှိသည်။ သူမသည် တာ့ယာကမစားချင်ဘူးဟု ပြောသည်ကို ကြားပြီးနောက်မှ ရောက်လာခြင်းဖြစ်၏။

"မစားရင် နှမြောစရာကြီးမဟုတ်ဘူးလား"

ဝမ်ရှောင်နျို၏မျက်နှာမှာ တောက်ပြောင်သွားသည်။

"ဒါဆို ငါတို့စားလိုက်လို့ရမလားဟင်"

"အာ"

"ဘယ်လိုပဲဖြစ်ဖြစ် နင်ကမစားဘူးလေ"

ဝမ်ရှောင်နျိုက နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။

"ဒီက ပဲနီလေးဆီသတ်က တကယ် အရသာရှိတာ၊ ဒါပေမဲ့ သိပ်ဈေးကြီးတော့ ငါတို့မစားရတာ တော်တော်ကြာပြီ၊ ရှောင်ခန်းက ဒါကိုသိပ်စားချင်နေတာ"

ဝမ်ရှောင်နျိုက ဤမျှလောက်အထိ ပြောနေမှတော့ လင်းယွဲ့အနေဖြင့် ရွေးချယ်စရာမရှိတော့ပေ။

"စားလိုက်ပါ"

"ညီမ အရိပ်ပြဇာတ်သွားကြည့်ချင်တယ်"

တာ့ယာက လင်းယွဲ့လက်ကိုဆွဲကာ ထွက်သွားချင်နေသည်။

"ကောင်းပါပြီ"

အရိပ်ပြဇာတ်က ဆင်းရဲသောစာပေပညာရှင်တစ်ဦးနှင့် နတ်သမီးတစ်ပါးတို့ ချစ်ကျွမ်းဝင်သွားကြသည့်အကြောင်းကို ပြောပြနေသဖြင့် လင်းယွဲ့မှာ သမ်းဝေနေမိသည်။ မီးမှုတ်ခြင်း၊ ရင်ဘတ်ပေါ်တွင် ကျောက်တုံးခွဲခြင်း၊ ဓားမြိုခြင်း စသည်တို့ပါဝင်သော မျက်လှည့်ပြပွဲလောက် စိတ်ဝင်စားစရာ မကောင်းပေ။ လင်းယွဲ့သည် ဈေးသည်များကိုလည်း အကဲခတ်နေသည်။

အခြားဆိုင်များမှ ပဲနီလေးဆီသတ်၊ ပဲတီစိမ်းဆီသတ်နှင့် နှမ်းမည်းဆီသတ်များမှာ သုံးပြားခန့်သာရှိပြီး ထိုစံပယ်ပန်းနံ့လည်းမရှိပေ။ လင်းယွဲ့သည် ဆိုင်အချို့မှ ပဲတီစိမ်းဆီသတ်နှင့် နှမ်းမည်းဆီသတ်တို့ကိုမှာယူကြည့်ရာ သကြားဖြူ အများကြီးမထည့်ထားသဖြင့် အရသာမှာ အနည်းငယ်ပေါ့ပျက်ပျက် ဖြစ်နေသည်ကို တွေ့ရသည်။ ချန်းမိသားစုအချိုပွဲဆိုင်တွင် ကလေးများနှင့် လာသူပိုများပြီး အခြားစည်ကားသောနေရာတစ်ခုမှာ အရက်ဆိုင် ဖြစ်သည်။ လူများစွာသည် အရက်ဝယ်ရန် သွားကြ၏။

သို့သော် ဝါးခွက်ဖြင့် ခပ်ယူလိုက်သော အရက်မှာ အနည်းငယ်နောက်နေပြီး အစိမ်းရောင်သန်းနေသဖြင့် အိမ်ချက်အရက်ဖြစ်ကြောင်း လင်းယွဲ့ သတိပြုမိလိုက်သည်။ လင်းယွဲ့စိတ်ထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက်ဝင်လာ၏။ အမှန်တကယ်တော့ ဆောင်းတွင်း၌ ရေနွေးကြမ်းအပြင် အခြားဘာထပ်ရောင်းရမလဲဆိုတာကို သူမ စဉ်းစားနေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

All Chapters