← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

Ch-62

"အာ"

ကုရှန်းလင်းမှာ အံ့အားသင့်သွားပြီး သံသယဖြင့် မေးလိုက်သည်။

"တကယ်လားဟင်"

"ဒါပေါ့"

ကုတန် အတည်ပြုလိုက်သည်။

"အဘိုး အဲဒီတုန်းက တို့ဟူးလုပ်တိုင်း ဆီးသွား,သွားထည့်တာ၊ အဲဒါလျှို့ဝှက်ချက်နည်းဆိုပြီး ပြောတာပဲ"

"ဘာဖြစ်လို့လဲ၊ မင်း မယုံဘူးလား"

ကုတန်လေသံမှာ စိတ်မရှည်တော့သည့်ဟန်ပေါ်နေပြီး စကားပြောနေစဉ် နို့သကြားလုံးနှစ်လုံးကို သူ့အင်္ကျီရင်ဘတ်ထဲသို့ ပြန်ထည့်တော့မည့်ဟန် ပြင်လိုက်သည်။

"ယုံပါတယ်၊ ယုံပါတယ်"

ကုရှန်းလင်း အမြန်ပြောလိုက်သည်။ သူ့မျက်လုံးများက နို့သကြားလုံးများပေါ်၌သာစိုက်နေပြီး သူ့စိတ်ထဲတွင် လုံးဝဗလာဖြစ်နေကာ အခြားမည်သည့် အတွေးမျှ မရှိတော့ချေ။

"အစ်ကိုက လျှို့ဝှက်ချက်နည်းလို့ပြောရင် လျှို့ဝှက်ချက်နည်းပေါ့"

"ဒါဆို မင်းလည်း အကုန်လုံးကိုသွားပြောပြသင့်တယ်လေ"

ကုတန်က သူ့ကိုစိုက်ကြည့်လိုက်ရာ ကုရှန်းလင်းသည် ချက်ချင်းပင် အလုပ်သမားများ ရှေ့သို့ပြေးသွားကာ ထပ်မံအော်ဟစ်လိုက်သည်။

"ငါတို့မိသားစုရဲ့ တို့ဟူးလျှို့ဝှက်ချက်နည်းက အဲဒီထဲကို ဆီးထည့်ထားတာဟေ့"

အော်ပြောပြီးနောက် သူသည် ခြေလှမ်းမရပ်ဘဲ နောက်သို့ပြန်ပြေးလာပြီး သူ့မျက်ဝန်းများ အရောင်လက်ကာပြောလိုက်သည်။

"အစ်ကို၊ မြန်မြန်ပေးတော့လေ"

ကုတန်က နို့သကြားလုံးများကို အင်္ကျီထဲမှ အသာထုတ်လိုက်ပြီး ထပ်ပြောသည်။

"မင်း သုံးလုံးစားချင်လား အဲ လေးလုံးပေါ့"

ကုရှန်းလင်းမျက်လုံးများ ပြူးကျယ်သွားသည်။

"အစ်ကို၊ ကျွန်တော့်ကို ဘာတွေထပ်အော်ခိုင်းဦးမလို့လဲ ပြောသာပြောလိုက်"

ကုတန်စိတ်ထဲတွင် အကြံဉာဏ်များ ပေါ်လာသည်။

"မင်းတို့မိသားစုရဲ့တို့ဟူးက ဘာလို့ ဒီလောက်ဖြူဖွေးနေတာလဲဆိုရင် မင်းအဖေက ယောကျာ်းတွေအများကြီးဆီက သုတ်ရည်တွေကိုရှာပြီး အဲဒီထဲ ထည့်ထားလို့ပါလို့ပြောလိုက်”

"ကောင်းပြီလေ"

ကုရှန်းလင်းသည် ဤစကား၏အဓိပ္ပာယ်ကို နားမလည်ဘဲ ဆီးထက်ပင် အကျိုးသက်ရောက်မှု နည်းပါးသည်ဟုထင်မှတ်နေကာ သူသည် အလုပ်သမားများထံသို့ ချက်ချင်းပြေးသွားပြီး အော်ဟစ်လိုက်သည်။

"ငါတို့မိသားစုရဲ့တို့ဟူးက ဘာလို့ဖြူဖွေးနေတာလဲဆိုရင် ငါ့အဖေက ယောကျာ်းတွေအများကြီးဆီက သုတ်ရည်တွေကိုရှာပြီး အဲဒီထဲထည့်ထားလို့တဲ့ဟေ့"

ဤအော်ဟစ်သံကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေကာ ဝမ်ကျစ်ကပြုံးစစဖြင့် ကုရှန်းလင်းကို ဖမ်းဆွဲလိုက်သည်။

"ရှန်းလင်း ယောကျာ်းတစ်ယောက်ရဲ့ သုတ်ရည်ဆိုတာ ဘာလဲဆိုတာ မင်းသိလား"

ကုရှန်းလင်းသည် နို့သကြားလုံးများကိုစားချင်နေပြီး အဖမ်းခံထားရသဖြင့် စိတ်ပူနေ၏။ ထို့ပြင် ဤအရွယ်တွင် သူသည် အရာရာတိုင်းကိုငြင်းဆိုချင်နေသဖြင့် ချက်ချင်းပြန်ပြောလိုက်သည်။

"ပစ္စည်းကောင်းတွေလေ ကျွန်တော်သိတာပေါ့"

"အိုး ငါတို့ရဲ့ရှန်းလင်းက တကယ်သိနေတာကိုး”

ဝမ်ကျစ် ရယ်မောလိုက်သည်။

"ဘာလို့ မင်းအမေကမရှာဘဲ မင်းအဖေက သွားရှာရတာလဲ"

"ငါ့အဖေက ယောကျာ်းတွေကို လိုက်ရှာရတာကြိုက်တယ်လေ ဘာမှားလို့လဲ"

ကုရှန်းလင်း မျက်လုံးလှန်ကြည့်လိုက်သည်။

"ကျွန်တော့်ကို မြန်မြန်လွှတ်"

"ဟားဟားဟားဟား"

ဝမ်ကျစ်က သူ့လက်ကို လွှတ်လိုက်ပြီး ခါးကိုင်းသွားသည်အထိ ရယ်မောလေသည်။

"အော် ကုတာ့ဖူက ယောကျာ်းတွေကို လိုက်ရှာရတာကြိုက်တာကိုး၊ ဒါကြောင့် သားရဖို့ ဒီလောက်အချိန်အကြာကြီး ယူခဲ့ရတာ"

ဝမ်တာ့ဟဲက ဝမ်ကျစ်အား ရုတ်တရက် ကန်လိုက်သည်။

"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ"

"အား"

ဝမ်ကျစ်က သူ့တင်ပါးကို ပွတ်လိုက်သည်။

"ကျွန်တော်ပြောတာ မဟုတ်ဘူးလေ၊ သူ့သားကိုယ်တိုင်ပြောတာ"

ပြောပြီးနောက် သူသည် ထပ်မံ ရယ်မောလိုက်သည်။ ကြိုးကြိုးစားစား အလုပ်လုပ်နေကြသော အမျိုးသားများသည် ကုရှန်းလင်းစကားများကိုကြားပြီး ရယ်ချင်စိတ်ကို အောင့်ထားခဲ့ကြသည်။ သို့သော် ယခု ဝမ်ကျစ်မှ ဤကဲ့သို့ရယ်မောနေသောအခါ အားလုံးမှာ ထိန်းမနိုင်သိမ်းမရရယ်မောလေတော့၏။ ကုရှန်းလင်းက ထိုအရာများကို ဂရုမစိုက်ပေ။ သူသည် ကုတန်ထံသို့ ပြေးသွားသည်။

"အစ်ကို၊ ကျွန်တော့်ကို နို့သကြားလုံးတွေပေးရမယ့် အချိန်ရောက်ပြီနော်၊ ကျွန်တော် အကုန်ပြောပြီးပြီ"

များလွန်းခြင်းက နည်းလွန်းခြင်းကဲ့သို့ပင် ဆိုးရွားလှ၏။ ကုတန်သည် အလုပ်သမားများအားလုံး ရယ်မောနေကြသည်ကိုမြင်သောအခါ ဤသတင်းမှာ ရွာတစ်ရွာလုံးသို့ အချိန်တိုအတွင်း ပျံ့နှံ့သွားတော့မည်ကို သိလိုက်သည်။ မိသားစုကိုကာကွယ်လိုသော သူ့ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သည်။

"မင်း သိပ်တော်တာပဲ"

ကုတန်က နို့သကြားလုံးလေးလုံးကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဒါက မင်းအတွက် ဆုပဲ၊ အခု အိမ်ပြန်လို့ ရပြီ"

ကုရှန်းလင်းမျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင်တစ်လုံးကို စားလိုက်သည်။

"သိပ်ချိုပြီး အရသာရှိတာပဲ"

သူ့မျက်လုံးများပင် အရည်ပျော်ကျမတတ်ဖြစ်သွားသည်။ နောက်ထပ်စားရမည့် သရေစာကိုတွေးရင်း ကုရှန်းလင်းက ချီးကျူးလိုက်သည်။

"အစ်ကိုက ကျွန်တော့်အပေါ် အကောင်းဆုံးပဲ၊ နောက်တစ်ခါကျရင် ကျွန်တော် ထပ်အော်ဦးမယ်၊ ပြီးရင် ထပ်စားမယ်"

"အင်း”

ကုရှန်းလင်းသည် ထို 'အင်း' ဟူသော စကားလေးကြောင့် လန်းဆန်းသွားသလို ခံစားလိုက်ရပြီး သူတွေးလိုက်သည်။

‘အရူးပဲ၊ စကားနည်းနည်းလေးအော်လိုက်ရုံနဲ့ သကြားလုံးတွေပေးတယ်၊ ငါက ဘာမှဆုံးရှုံးသွားတာမှ မဟုတ်တာ၊ နောက်တစ်ခါကျရင် ထပ်အော်ဦးမယ်’

သူသည် သီချင်းလေးညည်းကာ ခုန်ဆွခုန်ဆွဖြင့် ထွက်သွားလေသည်။ လင်းယွဲ့ကိုတွေ့သောအခါ ရှားရှားပါးပါး နှုတ်ဆက်လိုက်သေး၏။

"မင်္ဂလာပါ မရီး"

"မင်္ဂလာပါ"

လင်းယွဲ့ပြုံးပြလိုက်ရာ သူမအပြုံးတွင် သနားညှာတာမှုများရောယှက်နေသည်။ ဤကလေးသည် သူ့ကို မည်သည့် ကံကြမ္မာစောင့်ကြိုနေသည်ကို မသိသေးပေ။

"မရီး ပြန်လာပြီလား"

ကုတန်သည် နောက်ပြောင်တတ်သော သူ့အမူအရာပြောင်းလဲသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြေးလာလေသည်။

"အစ်ကို၊ သူ့ကို ဘာလို့ နို့သကြားလုံးတွေ ပေးစားတာလဲ"

တာ့ယာက နှုတ်ခမ်းဆူကာ အလွန်မကျေမနပ်ဖြစ်နေ၏။ ကုတန်က အဖြစ်အပျက်အားလုံးကို ရှင်းပြလိုက်ရာ လင်းယွဲ့မှာ အံ့သြတကြီးဖြင့် ဝမ်းသာအားရ နားထောင်နေမိသည်။ ဤကလေးသည် တကယ်ကို ဉာဏ်ကောင်းလှ၏။ သူသည် မိသားစုကိစ္စများကို အလွန်ဂရုစိုက်ပြီး ကောလာဟလများကို ကြားသောအခါ တာဝန်သိစိတ်ဖြင့် ပထမဆုံး ရှေ့ထွက်လာခဲ့သူဖြစ်သည်။ အကြမ်းဖက်၍ ချေပခြင်းက အလုပ်မဖြစ်သောအခါ သူသည် နည်းဗျူဟာကို ချက်ချင်း ပြောင်းလဲခဲ့သည်။ သူသည် နို့သကြားလုံးများကို အသုံးပြုကာ ကုရှန်းလင်းအား ပိုမိုပြင်းထန်သော ကောလာဟလတစ်ခုကို ဖော်ထုတ်ရန် မြှူဆွယ်ခဲ့၏။ ယင်းမှာ အမည်မသိ ကောလာဟလတစ်ခုထက် များစွာပို၍ အလေးချိန်စီးလှပေသည်။ အခြားသူများကလည်း တွေးကြပေမည်။

‘သူ့သားအရင်းကိုယ်တိုင် ပြောတာပဲ၊ ဘယ်လိုလုပ် မှားနိုင်မှာလဲ’

ထို့ပြင် ဤအကြောင်းအရာမှာ လျံဖန်း ကောလာဟလကို သေချာပေါက် ဖုံးကွယ်သွားစေမည်ဖြစ်သည်။ ယင်းက ကုတန်သည် အလွန်လိမ္မာပါးနပ်ပြီး အခွင့်အရေးကို မည်သို့ အသုံးချရမည်ကိုသိရှိကြောင်း ပြသနေသည်။

"တော်လိုက်တာ"

လင်းယွဲ့သည် သူ့ခေါင်းကိုမဖက်ထားဘဲမနေနိုင်တော့ရာ အားရပါးရပွတ်သပ်ပေးလိုက်သည်။

"ကုတန် မင်းက တကယ်ကို ငါ့ရဲ့ ကလေးလိမ္မာလေးပဲ"

ကုတန်ရင်တွင်း၌ ချိုမြိန်သွားလေသည်။ လင်းယွဲ့သည် နေတစ်ဝက်ခန့် ဝင်သွားပြီကိုမြင်သောအခါ မေးလိုက်၏။

"ဒုတိယဦးလေး၊ ရှင်တို့ ဘာလို့မပြန်ကြသေးတာလဲ"

"အားလုံးက အလုပ်နည်းနည်းပိုလုပ်ချင်လို့ပါ"

ကုအာ့ကွေ့မှာ လက်ရှိတွင်အုတ်မြစ်ချနေခြင်း ဖြစ်သည်။

"ဟုတ်တယ်"

ဝမ်တာ့ဟဲက ဝင်ပြောလိုက်သည်။

"မင်းရဲ့မနက်စာနဲ့ နေ့လယ်စာက အရသာရှိရုံတင်မကဘူး၊ ညစာအတွက်လည်း အသားတွေ အများကြီးပေးတယ်လေ၊ ငါတို့က သေချာပေါက် ပိုစားပြီး ပိုအလုပ်လုပ်ပေးရမှာပေါ့"

လင်းယွဲ့သည် သူတို့ရိုးသားမှုကို ခံစားလိုက်ရပြီး ပြောလိုက်သည်။

"မှောင်တော့မယ်၊ ရှင်တို့အိမ်ပြန်ပြီး မနက်ဖြန်မှ ဆက်လုပ်ကြပါ၊ ဒီအသားတွေကို မြန်မြန်ချက်ရဦးမယ်မလား”

လူတို့၏အပြန်အလှန် ဆက်ဆံရေးဆိုသည်မှာ ဤသို့ပင်ဖြစ်သည်။

သင်က ကျွန်တော့်ကို အနည်းငယ် ထောက်ထားမည်၊ ကျွန်တော်က သင့်ကို အနည်းငယ် ထောက်ထားမည်၊ နှစ်ဦးစလုံးတွင် ကိုယ်ချင်းစာတရားရှိကြမည်ဟူ၍ပင်။

မသိမသာဖြင့် နှစ်ဦးကြားရှိမိတ်ဆွေသံယောဇဉ်မှာ ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။ အကယ်၍ အခွင့်အရေးယူပြီး ကိုယ်ချင်းစာတရားမရှိသူများနှင့် တွေ့ပါက ကျွန်တော့်ဆီက သင်နည်းနည်းယူမည်၊ ကျွန်တော်ကလည်း သင့်ဆီက နည်းနည်းယူမည်၊ ဆက်ဆံရေးမှာလည်း ပိုမိုတင်းမာလာနိုင်ချေရှိသည်။

"ကောင်းပါပြီ"

ကုအာ့ကွေ့ သူ့လည်ပင်းရှိ တဘက်ဖြင့် ချွေးများကို သုတ်လိုက်၏။ သို့သော် တဘက်မှာ စိုရွှဲနေပြီဖြစ်သည်။ သူက အမြန်ညှစ်ချလိုက်ရာ မြေပြင်ပေါ်တွင် ရေအိုင်လေးတစ်အိုင် ဖြစ်သွား၏။

"အုတ်မြစ်က တစ်ဝက်ပြီးသွားပြီမလို့ မနက်ဖြန်ဆိုရင် အပြီးသတ်လို့ရပြီ၊ အဲဒီကျရင် အိမ်စဆောက်ကြမယ်၊ ဒါဆို ငါတို့ အရင်ပြန်နှင့်မယ်နော်"

လင်းယွဲ့သည် မြေမြှုပ်ထားသော ကျောက်တုံးများနှင့် သစ်သားတိုင်များအား သေသပ်စွာစီစဉ်ထားသည်ကိုကြည့်ရင်း ပျော်ရွှင်သွားရသည်။ သူမ ခေါင်းညိတ်လိုက်၏။

"မြန်မြန် ပြန်ကြပါ"

အလုပ်သမားတိုင်းသည် အသားများကို သယ်ဆောင်ကာ ပျော်ရွှင်စွာဖြင့် အိမ်ပြန်သွားကြလေ၏။ တစ်ချိန်တည်းမှာပင် ဝမ်ကျစ်နှင့် ဝမ်ချမ်တို့ဗိုက်ထဲတွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော ရယ်စရာအဖြစ်အပျက်များဖြင့် ပြည့်နှက်နေပြီး အခြားသူများအားပြောပြသည့်အခါ ပိုမို စိတ်ဝင်စားဖွယ်ဖြစ်လာစေရန် မည်သို့ဖြည့်စွက်ပြောဆိုရမည်ကို တွေးတောနေကြသည်။ လင်းယွဲ့က ကုတန်အား ပေါင်မုန့်ပြားတစ်ခုကို ကမ်းပေးလိုက်၏။

"ဒါ ဒီနေ့ ဈေးကနေဝယ်လာတာ၊ မင်း အရင်စားထားလိုက်"

"ဈေးကနေ ဟုတ်လား၊ နင်တို့ နင်ယွဲ့မြို့ကိုသွားတာလား"

"မဟုတ်ဘူး၊ ငါတို့ တာ့ကွမ်းဘုန်းကြီးကျောင်းကိုသွားတာ"

တာ့ယာ စိတ်အားထက်သန်စွာပြန်ပြောလိုက်သည်။

"အဲဒီမှာဆိုင်တွေ အများကြီးပဲ၊ မီးမှုတ်တာတွေ၊ အရိပ်ပြဇာတ်တွေလည်း ရှိတယ်၊ သိပ်ပျော်စရာ ကောင်းတာပဲ"

"တာ့ကွမ်း ဘုန်းကြီးကျောင်းလား"

ကုတန်ပြောလိုက်သည်။

"ငါ ကြားဖူးသလိုပဲ"

"ယောင်းမက အခုကစပြီး လဆန်းတစ်ရက်နဲ့ လပြည့်နေ့တိုင်း အဲဒီမှာဆိုင်ဖွင့်မယ်တဲ့၊ ပြီးတော့ ငါလည်းအမြဲတမ်း လိုက်သွားရမှာ ဟီးဟီး မနာလိုဘူး မဟုတ်လား"

"လယ်ယာအလုပ်တွေများတဲ့ တစ်လတာပြီးသွားရင် ကျောင်းပိတ်မှာပဲ၊ အဲဒီကျရင် ငါလည်းလာကူလို့ရတယ်"

လင်းယွဲ့သည် နေမစောင်းသေးသည်ကို မြင်သောအခါ မေးလိုက်သည်။

"မင်းတို့ ခရုသွားကောက်ချင်လား"

ယနေ့ တာ့ကွမ်းဘုန်းကြီးကျောင်းတွင် အချိုများ အစားလွန်ခဲ့သဖြင့် သူမပါးစပ်ထဲ အီနေပြီး ခရုနှင့်ကြက်သားပေါင်းဟင်းတစ်ခွက်ကို အရမ်းစားချင်နေမိသည်။

"သမီး သွားကောက်ချင်တယ်"

တာ့ယာ အမြန်ပြောလိုက်သည်။ သူမ ငယ်စဉ်က အစားအလုံအလောက်မစားခဲ့ရသဖြင့် သူမအစ်ကိုနှင့် ကုတန်တို့က သူမအား ခရုကောက်ရန်မြစ်ထဲသို့ မကြာခဏ ခေါ်သွားလေ့ရှိ၏။ ကောက်ပြီးသောအခါ မြစ်ကမ်းဘေးတွင် မီးဖိုကာ ကင်စားလေ့ရှိကြသည်။

ရိုးရှင်းသော်ငြားလည်း အသားစားချင်စိတ် အာသာပြေရန် အသားအနည်းငယ်တော့ ရရှိပေသည်။ ထို့နောက် ယခင်ဘဝ သူမသေဆုံးသွားသည်အထိ ခရုကို တစ်ခါမှမစားခဲ့ရတော့ပေ။ ဤဘဝတွင် သူမအစားကောင်းကောင်းစားနေရသဖြင့် ခရုအကြောင်းကို မေ့လျော့နေခဲ့သည်။ သို့သော် တာ့ယာကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူမအသက်ရှူမှားသွားပြီး အမှတ်တရများက ထိုအရသာနှင့်အတူ သူမကို တိုက်ခိုက်လာလေသည်။ တာ့ယာ လက်ကိုမြှောက်ကာ ပြောလိုက်သည်။

"သမီး သွားချင်တယ်"

"ကောင်းပြီ၊ ဒီည ငါတို့ ခရုနဲ့ကြက်သားပေါင်းစားကြမယ်"

All Chapters