← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

Ch-69

ရုတ်တရက်် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

စပ်တယ် ဒီအစပ်အရသာက တကယ်ကို စစ်မှန်တာပဲ။ ဒါ သူ စိတ်ကူးထားတဲ့ အရသာ အတိအကျပဲ။ မွှေးကြိုင်ပြီး စပ်တယ်။ တခြားထူးဆန်းတဲ့အရသာတွေမပါဘဲနဲ့ကို စပ်တာ။

အရသာရှိလိုက်တာ။

ယန်ပန်းက နောက်ထပ်တစ်ဇွန်းကိုအမြန်ခပ်ယူလိုက်သည်၊ အတွင်းရှိ အမျှင်လိုက် အသားခြောက်များကလည်း အလွန်အရသာရှိပြီး သူပိုစားလေလေ ပို၍ခွန်အားဖြစ်လာလေလေပင်။ ယန်ပန်းသည် ငရုတ်သီးဆော့စ်ကို အဆက်မပြတ်စားနေစဉ် မျက်လုံးများမှာ ပိုတောက်ပလာ၏။ နောင်တစ်ချိန်တွင် လင်းယွဲ့ထံမှ ဤဆော့စ်ကို သေချာပေါက်တောင်းရမည် ဖြစ်သည်။ အရသာကောင်းမွန်သော အစားအစာများကို မြည်းစမ်းလိုသော သူ့ရည်မှန်းချက်က ဤဆော့စ်ကိုအထူးနှစ်သက်စေသည်။

ဝမ်စုန်ရှင်းက ဝမ်တန်တစ်ဇွန်းကို ခပ်ယူလိုက်၏။ ဖောင်းကားနေသော ဝမ်တန်များထဲတွင် ပါဝင်ပစ္စည်းများအပြည့်ပါဝင်နေသည်။ သူသည် ပေါက်စီ သို့မဟုတ် ဝမ်တန်များထဲရှိ အသားများကို ဘယ်သောအခါမှ မနှစ်သက်ခဲ့ပေ။ သို့သော် လင်းယွဲ့လုပ်ထားသော ဝမ်တန်များအတွက် သူ့အစွဲများကို ဖယ်ထားပြီး မြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ တစ်လုတ် ကိုက်စားလိုက်သည်နှင့် တစ်ပြိုင်နက် တွန့်ချိုးနေသော သူ့မျက်မှောင်များ အနည်းငယ်ပြေလျော့သွားလေသည်။

‘အသားမဟုတ်ဘူး ပုစွန်ပဲ’

ပုစွန်မှာ အိစက်တင်းရင်းပြီး မွှေးကြိုင်နေကာ အတွင်းရှိဂဏန်းဥမှာလည်း အလွန်တရာအရသာရှိလှသည်။

‘ပါဝင်ပစ္စည်း ပေါင်းစပ်မှုမှာတော့ ဉာဏ်ကြီးရှင်ပဲ’

ဝမ်စုန်ရှင်းသည် နောက်ထပ်တစ်လုံးကို ထပ်ခပ်ယူလိုက်ရာ ၎င်းမှာ အသားဝမ်တန်ဖြစ်သော်လည်း အတွင်းတွင် ဝါကျင့်ကျင့်၊ အမျှင်လိုက်အထိအတွေ့ရှိပြီး နူးညံ့ကာ အနည်းငယ်စေးကပ်နေပြီး နို့အရသာအနည်းငယ် ပါဝင်နေသည်။ အထူးသဖြင့် ဟင်းရည်မှ အစပ်အရသာပေါင်းစပ်မှုကြောင့် လုံးဝ အီမနေပေ။

နောက်ထပ်တစ်လုတ် ကိုက်လိုက်သောအခါ ဆေးဘဲဥနှင့် အသား၏ပြောမပြတတ်အောင် လတ်ဆတ်မှုနှင့် အရသာရှိမှုကို ခံစားလိုက်ရသည်။ ဝမ်စုန်ရှင်းသည် လင်းယွဲ့အား အထင်သေး၍မရနိုင်ကြောင်း တစ်စထက်တစ်စခံစားလာရ၏။ သူမသည် တစ်ခါမှမကြားဖူးသော လျံဖန်းကို ပြုလုပ်နိုင်ရုံသာမက သာမန်ဝမ်တန်များကိုပင် အပြောင်းအလဲသစ်များ ယူဆောင်လာနိုင်ပေသည်။

သူတို့ စတင်စားသောက်နေသည်ကို မြင်သောအခါ ရွာသူကြီးနှင့် အခြားသူများလည်း စတင်စားသောက်ကြလေသည်။ မြည်းစမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် အရသာကြောင့် သူတို့ အံ့အားသင့်သွားကြ၏။ သူတို့သည် တစ်နှစ်ပတ်လုံးအသားများများစားစားမစားရသဖြင့် ဤမျှ လတ်ဆတ်သော ဝမ်တန်များကိုဆိုလျှင် ပြောစရာပင်မလိုတော့ပေ။ သူတို့ ဘယ်လို ချီးမွမ်းရမည်ကိုပင်မသိတော့ချေ။ သူတို့စိတ်ထဲတွင် စကားလုံးနှစ်လုံးတည်းသာ ရှိသည်။

“မြန်မြန်စား မြန်မြန်စား”

လင်းယွဲ့သည် အလွန်လျင်မြန်စွာ ချက်ပြုတ်နိုင်ပြီး ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်အတွင်း ပန်းကန်လုံးဆယ်လုံး ချက်ပြုတ်နိုင်ကာ မကြာမီမှာပင် စားပွဲအတော်များများ ပြည့်သွားလေသည်။ သူမ ချက်ပြုတ်နေစဉ်တွင် ဝက်သားများကိုလည်း စတင်ပြင်ဆင်နေ၏။ သူမသည် အမြန်ရမည့်အရာတစ်ခုခုကို ပြုလုပ်ရန် စီစဉ်ထားပြီး ယင်းမှာအလွှာလိုက်လှီး၍ ကြော်ခြင်းပင် ဖြစ်သည်။

အခြားဒယ်အိုးတစ်လုံးတွင် မီးမွှေးပြီးနောက် လင်းယွဲ့သည် အရင်ဆုံးအဆီများကိုထည့်ကာ ဆီထုတ်လိုက်ပြီး ဆီထွက်လာသောအခါ အသားများကို ထည့်ကြော်လိုက်ကာ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ကိုထည့်၍ မွှေးလာသည်အထိ ဆီသတ်လိုက်ပြီးနောက် ပဲငံပြာရည်အကြည်နှင့် ချက်အရက်တို့ကို လောင်းထည့်လိုက်သည်။ မကြာမီမှာပင် ဝက်သားကြော်မှာ ပန်းကန်လုံးကြီးငါးလုံးအပြည့် ရရှိသွားလေသည်။

"ညီမလေး နင့်လက်တွေက သိပ်ကျွမ်းကျင်တာပဲ"

ရွာသူကြီး၏ဇနီးက လင်းယွဲ့လက်များ လျင်မြန်သော်လည်း စနစ်တကျ လှုပ်ရှားနေသည်ကိုကြည့်ကာ အဆက်မပြတ် ချီးကျူးလေသည်။ သူမ ခဏအတွင်းမှာပင် အပြီးသတ်သွား၏။ လင်းယွဲ့သည် သူမလက်များကို သုတ်လိုက်ပြီး မီးဖိုပေါ်ရှိ ဝမ်တန် ငါးပန်းကန်ကို လက်ညှိုးထိုးပြကာ ကူညီပေးနေသော ရွာသူများကိုပြောလိုက်သည်။

"ဒါတွေက ငါတို့အတွက်လေ၊ ငါတို့လည်း စားကြရအောင်"

"ကောင်းပြီလေ"

ရွာသူကြီး၏ဇနီးက ပန်းကန်လုံး တစ်လုံးကို ယူလိုက်သည်။

"ငါ ဒီအနံ့ကိုရနေတာ အချိန်အတော်ကြာပြီမလို့ တော်တော်စားချင်နေပြီ"

"လင်းယွဲ့ ခရိုင်တရားသူကြီးက နင့်ကို ခေါ်နေတယ်"

လင်းယွဲ့အပြင်ထွက်သွားသောအခါ အခန်းထဲရှိ ရွာသူရွာသားအားလုံးက သူမအားကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ ရွာသူကြီးက သူမကို လက်ယမ်းပြလိုက်၏။

"ဒီမှာ"

လင်းယွဲ့ အပြေးလေးသွားကာ ထိုင်လိုက်သည်။ ခရိုင်တရားသူကြီးက သူ့ပန်းကန်လုံးထဲရှိ ဝမ်တန်များအားလုံးကို စားပြီးသွားပြီဖြစ်ပြီး သူ့မျက်ဝန်းများတွင် ချီးကျူးမှုများဖြင့်ပြည့်နှက်နေကာ သူကပြောလိုက်သည်။

"မင်းရဲ့ဝမ်တန်တွေက တကယ်ကို အရသာရှိတာပဲ၊ ငါ့မိန်းမက အဲဒီအကြောင်းကို အမြဲပြောနေတာ မဆန်းပါဘူး၊ ဒါပေမဲ့...."

လင်းယွဲ့ အနည်းငယ်တွေဝေသွားပြီးနောက် ခရိုင်တရားသူကြီးမှပြုံးကာ ပြောသည်ကို တွေ့လိုက်ရသည်။

"ဒီငရုတ်သီးဆော့စ်က ပိုပြီးတောင် အံ့ဩဖို့ကောင်းသေးတယ်"

လင်းယွဲ့ပြန်ပြောလိုက်သည်။

"ဒီငရုတ်သီးဆော့စ်က မိသားစု အမွေအနှစ်ပါ၊ ခရိုင်တရားသူကြီးမင်း ကြိုက်နှစ်သက်လို့ ဝမ်းသာပါတယ်"

"ငါ သိပ်ကြိုက်တယ်"

ယန်ပန်း ပြောလိုက်သည်။

"ငါက အစပ်အရသာကိုသိပ်ကြိုက်တာ၊ မင်း ငါ့ကိုငရုတ်သီးဆော့စ်တစ်အိုးလောက် ပေးနိုင်မလား"

"နောက်တစ်သုတ်လုပ်ပြီးရင် ခရိုင်တရားသူကြီးမင်းရဲ့အိမ်တော်ကို ပို့ပေးပါ့မယ်"

"အဲဒါဆို ရက်နည်းနည်းကြာသွားလိမ့်မယ်"

ခရိုင်တရားသူကြီးမင်းက လင်းယွဲ့အား အနည်းငယ်အလျင်လိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ခရိုင်တရားသူကြီးမင်း တိုက်ဆိုင်လိုက်တာ၊ ကျွန်တော် ဒီရက်ပိုင်း လင်းယွဲ့ရဲ့အိမ်ထောင်စုစာရင်းလုပ်ဖို့ ကူညီပေးရဦးမယ်ဆိုတော့ သန်ဘက်ခါလောက်ဆိုရင်ရော ဘယ်လိုလဲ၊ သန်ဘက်ခါ အဆင်ပြေနိုင်မလား"

ရွာသူကြီးမှ ဝင်ပြောလိုက်ပြီး လင်းယွဲ့အား ချက်ချင်းမေးလိုက်သည်။ လင်းယွဲ့ ခဏမျှတွေးတောလိုက်သည်။

"ဟုတ်ကဲ့ တိုက်ဆိုင်လိုက်တာ၊ ကျွန်မရဲ့ ငရုတ်သီးဆော့စ်တစ်သုတ်က သန်ဘက်ခါဆိုရင် အဆင်သင့်ဖြစ်တော့မှာပါ"

ယန်ပန်း ပြုံးလိုက်သည်။

"ဒါဆို အိုးနည်းနည်းပိုယူခဲ့ပါ၊ ဒီငရုတ်သီးဆော့စ်က ထမင်းဖြူချည်းသက်သက်စားရင်တောင် ကောင်းလောက်တယ်လို့ ထင်တယ်"

ယန်ပန်း သူ့အင်္ကျီရင်ဘတ်ထဲစမ်းသပ်ရှာဖွေလိုက်ပြီး ကြေးပြားတစ်အိတ်ကို လင်းယွဲ့ထံ ကမ်းပေးလိုက်သည်။

"မင်းအနေနဲ့ စီးပွားရေးအသေးစားလေး လုပ်ရတာ မလွယ်ပါဘူး၊ ဒါကို ဒီနေ့ငါ အားလုံးကိုကျွေးတဲ့ ထမင်းဖိုးလို့ သဘောထားလိုက်ပါ"

"လုံးဝ မယူပါရစေနဲ့"

လင်းယွဲ့ ငြင်းဆိုလိုက်သည်။

"တရားသူကြီးက အချိန်မီရောက်လာပြီး လူယုတ်မာတွေကို နှိမ်နင်းပေးခဲ့တဲ့အတွက် ကျွန်မအသက်ပြန်ရှင်ခွင့်ရခဲ့တာပါ၊ ဒါက ကျွန်မရဲ့အနည်းငယ်သော ကျေးဇူးဆပ်မှုလေးပါပဲ၊ တရားသူကြီးကို ဘယ်လိုလုပ် ပိုက်ဆံပေးခိုင်းလို့ဖြစ်မှာလဲ"

"ဒါဆိုရင် အစိုးရအရာရှိတစ်ယောက်အနေနဲ့ ငါကပိုတောင်ပေးသင့်သေးတယ်၊ လူယုတ်မာ လက်အောက်ငယ်သားတွေ ပေါ်လာတာက ငါ့ရဲ့တာဝန်ပျက်ကွက်မှုပဲလေ၊ ပြည်သူတွေဆီက ငါအလကားမစားသောက်နိုင်ဘူး မဟုတ်ရင် ငါပညာရှင်တွေဆီမှာ ပညာသင်ခဲ့ရတဲ့နှစ်တွေကို ဘယ်လိုလုပ် ထိုက်တန်တော့မှာလဲ"

ထိုစကားကိုကြားသောအခါ ရွာသူရွာသားများမှာ မျက်ရည်ကျမတတ် ဝမ်းသာပီတိဖြစ်သွားကြသည်။

"ယူလိုက်ပါ"

ဝမ်စုန်ရှင်းပြုံးရင်း ပြောလိုက်သည်။

"မင်းသာမယူရင် ခရိုင်တရားသူကြီးမင်းက စိတ်အေးမှာမဟုတ်ဘူး"

ဝမ်စုန်ရှင်း ဆက်ပြောသည်။

"ငါ့အဘိုးသာ ရှီထိုင်ခရိုင်မှာ ဒီလို အရာရှိကောင်းတစ်ယောက်ရှိတယ်ဆိုတာကိုသိရင် သေချာပေါက် ဝမ်းသာသွားမှာပဲ"

‘ဒါဆို မင်းအဘိုးကို သေချာပေါက်သိအောင် ပြောပြရမယ်နော်’

ယန်ပန်း စိတ်ထဲမှ တိတ်တဆိတ်တွေးလိုက်သည်။ ယန်ဝူက ရှေ့သို့ထွက်လာကာ ပြောလိုက်၏။

"ခရိုင်တရားသူကြီးမင်း ကျွန်တော်တို့ သွားကြရအောင်၊ ခရိုင်ရုံးတော်မှာ ဖြေရှင်းစရာကိစ္စတွေ အများကြီးရှိပါသေးတယ်"

ယန်ပန်းက ဝမ်စုန်ရှင်းကိုကြည့်လိုက်ရာ ဝမ်စုန်ရှင်းပြောလိုက်သည်။

"ကျွန်တော့်မှာလည်း ကိစ္စတွေရှိသေးတယ်၊ အတူတူ သွားကြတာပေါ့"

ယန်ပန်းမှာ အလွန်အမင်းပျော်ရွှင်သွားပြီး ဤဖြစ်ရပ်အပြီးတွင် ဝမ်စုန်ရှင်းနှင့် သူ့ဆက်ဆံရေးမှာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားပြီဟု တွေးလိုက်သည်။ သူသည် မိမိ၏ဖြောင့်မတ်ပြီး တရားမျှတသောဘက်ကို သေချာပေါက်မြင်တွေ့ခဲ့ပြီး မိတ်ဆွေဖွဲ့ရန် ထိုက်တန်သူဖြစ်ကြောင်း ခံစားခဲ့ရပေမည်။ သူ ဝမ်းသာအားရဖြစ်နေသည်။

မနေ့က အစေခံကြောင့် သူ့ဇနီးကို ဆူပူခဲ့မိသဖြင့် ယနေ့တွင် တောင်းပန်ရမည်ဟု ထင်သည်။ သူ့ဇနီး၏ ထူးဆန်းသော အတွေ့အကြုံသာမရှိခဲ့လျှင် သူသည် ဝမ်မိသားစုထဲသို့ ဝင်ရောက်နိုင်ခဲ့မည် မဟုတ်ပေ။ ထို့ပြင် ဤအကြောင်းပြချက်များဖြင့် သူသည် ဝမ်မိသားစုထံသို့ မကြာခဏသွားရောက်လည်ပတ်နိုင်ပေသည်။

"ဒါပေမဲ့ လင်းယွဲ့နဲ့ အရင်စကားပြောစရာရှိသေးတယ်"

ဝမ်စုန်ရှင်း တောင်းပန်သည့်အနေဖြင့် လက်ခုပ်အုပ်ကာ ပြောလိုက်သည်။ ယန်ပန်းက ဘေးသို့ရှောင်ထွက်ကာ ဦးညွတ်ခြင်းကို ရှောင်လွှဲလိုက်ပြီး အမြန်ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး၊ အားနာစရာကြီး"

ထို့နောက် သူသည် လင်းယွဲ့ထံသိချင်စိတ်ဖြင့်ကြည့်လိုက်ပြီး သူတို့ဆက်ဆံရေးက အမှန်တကယ် မည်သို့ရှိသနည်းဟု တွေးတောနေမိသည်။ သူသည် အတင်းအဖျင်း နားထောင်ချင်စိတ်ဖြင့် နားစွင့်နေလိုက်သည်။ ရလဒ်အနေဖြင့် ဝမ်စုန်ရှင်းက လင်းယွဲ့အားထောင့်တစ်နေရာသို့ခေါ်သွားရာ ယန်ပန်းမှာ ခိုးနားထောင်ခြင်းကို လက်လျှော့လိုက်ရသော်လည်း သူတို့ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်း ပိုမိုခံစားလိုက်ရသည်။

‘လင်းယွဲ့အပေါ် သူ့သဘောထားက သာမန် ရွာသူရွာသားတွေအပေါ်ထားတဲ့ သဘောထားလို မဖြစ်နိုင်ဘူး’

ထိုသို့ သူတွေးလိုက်သည်။

“ဒီလောကမှာ ခေါင်းအုံးပေါ်က စကားတွေက ကြောက်စရာအကောင်းဆုံးပဲဆိုတာ သိထားရမယ်”

သူ ရေရွတ်လိုက်သည်။

အခြားတစ်ဖက်တွင် ဝမ်စုန်ရှင်းမှာ ယန်ပန်း စိတ်ကူးထားသကဲ့သို့မဟုတ်ပေ။ သူသည် ကျောက်စိမ်းဆွဲပြားကို လင်းယွဲ့ထံ ကမ်းပေးရုံမျှသာဖြစ်သည်။

"ဒါ ငါ့ရဲ့ပေါ့ဆမှုပါ၊ ဒီကနေ နင်ယွဲ့မြို့အထိ ဘယ်လောက်ဝေးတယ်ဆိုတာကို ငါ သတိမထားမိခဲ့ဘူး၊ နောက်ကျရင် မင်းဆီ စာပို့ခိုတစ်ကောင်လာပို့ပေးဖို့ လူလွှတ်လိုက်မယ်၊ ဒီနေ့လိုမျိုး ကိစ္စမျိုး ထပ်ကြုံလာရင် မင်း ငါ့ကိုရှာဖို့ စာပို့ခိုကိုသုံးလို့ရတယ်"

လင်းယွဲ့ ဝမ်းသာပိတီဖြစ်ကာပြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ဒီနေ့ကျေးဇူးကို နောက်ဘဝကျရင် ကျွဲနွားအဖြစ်နဲ့ပြန်ဆပ်ပါ့မယ်"

ဝမ်စုန်ရှင်းမှာ ထူးဆန်းသလိုခံစားလိုက်ရသည်။ ပုံမှန်အားဖြင့် သူ လူများကို ကယ်တင်သည့်အခါ ထိုအမျိုးသမီးငယ်လေးများသည် သူတို့ခန္ဓာကိုယ်နှင့်ပြန်ဆပ်မည်ဟု ပြောလေ့ရှိကြသည်။

'ဘာလို့ လင်းယွဲ့တစ်ယောက်တည်းကပဲ နောက်ဘဝကျမှပြန်ဆပ်မယ်လို့ပြောရတာလဲ'

ဝမ်စုန်ရှင်း အနေရခက်သွားသော်လည်း ဤအနေရခက်မှုက မည်သည့်နေရာမှ လာသည်ကို မသိပေ။ သူသည် ဤအတွေးများကို ချက်ချင်းခါထုတ်ပြီး ပြောလိုက်သည်။

"မလိုပါဘူး၊ ငါကကြုံလို့ ဝင်လုပ်ပေးရုံပါ၊ မင်းသာ ငါ့ကိုကျေးဇူးဆပ်ချင်ရင် အရသာရှိတဲ့ အစားအစာတွေ ပိုပြီးလေ့လာရှာဖွေပေးပါ"

ဝမ်စုန်ရှင်းစကားကိုကြားသောအခါ လင်းယွဲ့ ရုတ်တရက်ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်မ တခြားအရာတွေ မကျွမ်းကျင်ရင်တောင်မှ အရသာရှိတဲ့ အစားအစာတွေကို လေ့လာရှာဖွေတာက ကျွန်မရဲ့အထူးကျွမ်းကျင်မှုပဲ၊ လဆန်းတစ်ရက်နဲ့ လပြည့်နေ့တိုင်း တာ့ကွမ်းဘုန်းကြီးကျောင်းမှာ အချိုရည် သွားရောင်းဖို့ စီစဉ်ထားတယ်၊ ရှင် အချိန်ရရင် သေချာပေါက်လာပြီး အားပေးပါဦးနော်"

သူမအပြုံးမှာ ဖြူစင်ပြီး သဘာဝကျကာ ရင်တွင်းမှလာခြင်းဖြစ်သဖြင့် သူမမျက်နှာတစ်ခုလုံးကို အသက်ဝင်သွားစေသည်။ ဝမ်စုန်ရှင်းမှာ ညှို့ငင်ဖမ်းစားခံလိုက်ရ၏။

"သခင်လေး သခင်လေး”

လင်းယွဲ့ ဇဝေဇဝါဖြင့်အကြိမ်အနည်းငယ် ခေါ်လိုက်ပြီးနောက်မှ ဝမ်စုန်ရှင်းသည် အိပ်မက်မှနိုးလာသကဲ့သို့ ဖြစ်သွားသည်။ သူသည် မိန်းကလေးတစ်ဦးအား ငေးမောကြည့်နေမိပြီး သူ့အမူအရာများ သိသာစွာပျောက်ဆုံးသွားကြောင်း သတိပြုမိသွား၏။ သူကပျာကယာ ပြောလိုက်သည်။

"ငါ့မှာလုပ်စရာကိစ္စတွေရှိသေးလို့ အရင်သွားနှင့်မယ်နော်"

ခရိုင်တရားသူကြီးနှင့် ဝမ်စုန်ရှင်းတို့ ထွက်သွားပြီးနောက် အစောပိုင်းက တိတ်ဆိတ်နေသော ဧည့်ခန်းမကြီးမှာ နောက်ဆုံးတွင် ဆူညံလာလေတော့သည်။

"ဟူး ခုနက သေမတတ်လန့်သွားတာပဲ၊ အသက်တောင် မရှူရဲဘူး၊ ခရိုင်တရားသူကြီးနဲ့ အတူတူထမင်းစားရလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး"

"အဲဒါပြောတာပေါ့၊ ဒါက ငါနောက်ဆယ်နှစ်လောက်ထိကြွားလို့ရပြီ၊ စစ်ဆေးရေးအရာရှိတစ်ယောက်ကိုတောင် ငါရိုက်လိုက်သေးတယ် သိပ်ပျော်စရာကောင်းတာပဲ"

"ဒါနဲ့ ဘယ်သူ အရင်စရိုက်တာလဲ"

"ကုတာ့ဖူဖြစ်လောက်တယ်"

လူတော်တော်များများက ကုတာ့ဖူကို ကြည့်လိုက်ကြသည်။

"သူက လင်းယွဲ့နဲ့အဆင်မပြေဘူး မဟုတ်လား"

ကုတာ့ဖူက ဝမ်တန်တစ်လုတ်စားရင်း ပြောလိုက်သည်။

"ငါ့မိသားစုကို ပြင်ပလူတွေကလာပြီး အနိုင်ကျင့်လို့ မရဘူးလေ"

"ဟေ့"

ရွာသူရွာသားတစ်ဦးက ဝင်ပြောလိုက်သည်။

"ကုတာ့ဖူ မင်းရဲ့သားက မင်းတို့မိသားစုတို့ဟူး လျှို့ဝှက်ချက်နည်းက ဆီးတွေဆိုပြီးပြောတယ်ဟုတ်လား"

"အာ"

ကုတာ့ဖူက ကုရှန်းလင်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"ပြီးတော့ သူပြောသေးတယ်"

All Chapters