← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

Ch-73

"နောက်တစ်နှစ်မှာ သူက အဘိုးကြီးရဲ့ အတန်းကိုဝင်ခဲ့ပြီး သုံးနှစ်မပြည့်ခင်မှာ ကျမ်းငါးစောင်ဖြစ်တဲ့ ကဗျာကျမ်း၊ မှတ်တမ်းကျမ်း၊ ပြောင်းလဲခြင်းကျမ်း ၊ ထုံးတမ်းစဉ်လာကျမ်းနဲ့ ကျိုကျွမ်တို့ကို သင်ယူနိုင်ခဲ့တယ်"

"ဒါပေမဲ့ သူ ကျူးရန်ဖြစ်ဖို့ ဆယ့်ငါးနှစ်တောင် စာမေးပွဲဖြေခဲ့ရတယ်၊ ဒီလောက် ဉာဏ်ကောင်းတဲ့သူ၊ ငါတို့ ဒေသမှာ နှစ်ပေါင်းများစွာနေမှ တစ်ယောက်ပေါ်လာတတ်တဲ့ အရည်အချင်းရှိတဲ့သူတောင်မှ ကျူးရန်ဖြစ်ဖို့ ဆယ့်ငါးနှစ်အချိန်ယူခဲ့ရတာ၊ စဉ်းစားကြည့်စမ်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွမ်းယွမ် ဒါမှမဟုတ် ကျူးရန်ဖြစ်သွားတဲ့ လူငယ်တွေဆိုရင် ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်မလဲ"

"မင်းတို့ရဲ့ရှေ့ဆက်ရမယ့်လမ်းက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းတယ်၊ ပြီးတော့ အဲဒီလိုပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာ၊ မင်းတို့က အပေါ်ယံ အသိပညာလေး နည်းနည်းသင်ယူရုံနဲ့ ကျေနပ်နေကြပြီ"

ဆရာမှသက်ပြင်းချလိုက်ရာ ကုတန်မှာ လန့်သွားလေသည်။ ကုတန်သည် နောက်ကျမှကျောင်းအပ်ခဲ့ပြီး တစ်လမပြည့်မီမှာပင် သုံးလုံးစပ်ကဗျာကို သင်ယူနိုင်ခဲ့၏။ အခြားသူများနှင့် ယှဉ်လျှင် သူ့တိုးတက်မှုမှာ အလွန်မြန်ဆန်သဖြင့် သူ ဂုဏ်ယူမိသည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

သူ့ဂုဏ်ယူမှုမှာ ကုရှန်းလင်းလောက်မသိသာဘဲ အနည်းငယ် ပို၍နက်ရှိုင်းစွာ ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။ သို့သော် သူ့ရင်တွင်း၌ သူဂုဏ်ယူနေမိသည်။ နေ့စဉ်နေ့တိုင်း သူသည် အထက်မှ ဆရာသင်ကြားသည်ကို နားထောင်ရင်း ဘေးနားရှိ ကျောင်းသားများ၏ဇဝေဇဝါဖြစ်နေသော မျက်လုံးများကို မြင်တွေ့ရပြီး ရွတ်ဆိုရန် ရုန်းကန်နေရသည်ကို တွေ့ရ၏။

သို့သော် သူကအရာအားလုံးကို နားလည်ပြီး အရာအားလုံးကို သိရှိနေ၏။ ဤကျေနပ်မှုခံစားချက်က သူ့ကို စွဲလမ်းစေခဲ့သည်။ သို့သော် ဆရာဖြစ်သူ၏ယနေ့စကားများက သူ့အတွက် ဉာဏ်အလင်းပွင့်သွားစေခဲ့သည်။ သူ့ပြိုင်ဘက်များမှာ ဤအခန်းထဲရှိလူများ လုံးဝမဟုတ်ဘဲ လောကပေါ်ရှိ ပညာရှင်များ အားလုံးဖြစ်ပေသည်။

"ဆရာ ကျွန်တော်လည်း နောက်စာအုပ်ဖြစ်တဲ့ သားသမီးဝတ်ကျမ်းကိုပြောင်းချင်ပါတယ်"

"မင်းလား၊ ငါမှတ်မိသလောက်ဆိုရင် မင်း ဒီကိုရောက်တာ တစ်လတောင်မပြည့်သေးဘူးလေ၊ မင်း သုံးလုံးစပ် ကဗျာကို အလွတ်ရသွားပြီလား၊ အရမ်း မျှော်လင့်ချက်ကြီးလွန်းလို့ မရဘူးနော်"

"ဘဝရဲ့အစမှာ ကြိုးကြိုးစားစား အားထုတ်သင့်တယ်....."

ကုတန်က တစ်ထိုင်တည်းနှင့် ရွတ်ဆိုပြလိုက်၏။ ဘေးနားရှိကျောင်းသားများ၏အံ့ဩနေသောအကြည့်များကို မြင်သော်လည်း သူကျေနပ်မနေခဲ့ပေ။ သူ့အမြင်များကို ဤကမ္ဘာငယ်လေးတွင်သာကန့်သတ်ထား၍ မရနိုင်ကြောင်း သဘောပေါက်လိုသော သူ့ရည်မှန်းချက်က ပိုမိုကြီးမားလာသည်။

ကုတန်သည် ရေတွင်းထဲမှဖားသူငယ်အကြောင်း လင်းယွဲ့ပြောပြခဲ့သော ပုံပြင်ကို ရုတ်တရက်သတိရသွားသည်။ ထိုစဉ်က ဘာကြောင့် ဤမျှမိုက်မဲသော ဖားတစ်ကောင်ရှိရသနည်းဟု သူမေးခဲ့ဖူးသည်။ သို့သော် ယခု သူကိုယ်တိုင်က လုံးဝမသိနားမလည်သော ထိုဖားတစ်ကောင်ဖြစ်နေပြီပင်။ ဆရာဖြစ်သူက သူ့ကို အနည်းငယ်အံ့ဩစွာဖြင့် ကြည့်လိုက်သည်။

"အမှားတစ်ချက်မှ မရှိဘူး၊ ဒါဆို 'ကလေးတွေက သင်ယူတယ်၊ လူကြီးတွေက လုပ်ဆောင်တယ်' ဆိုတဲ့ အဓိပ္ပာယ်ကို ပြောပြစမ်း"

ဆရာ၏စစ်ဆေးမှုမှာ အချိန်အတော်ကြာမြင့်ခဲ့ပြီး ကုတန်သည် မေးခွန်းတိုင်းကို တောက်လျှောက်ဖြေဆိုနိုင်ခဲ့သည်။ ကုရှန်းလင်းမှာ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာ၏။

‘ကုတန်က သူ့ထက်ပိုကောင်းအောင် ဘယ်လိုလုပ် ရွတ်ဆိုနိုင်ရတာလဲ၊ ဒီလိုလုပ်လို့မရဘူးလေ၊ ပြီးတော့ တချို့နေရာတွေမှာ အဲဒီအဓိပ္ပာယ်က ဘာလဲဆိုတာ သူ ကုတန်ကိုမပြောပြခဲ့ဘူးဆိုတာ သေချာတယ်၊ ဒါဆို ကုတန်က ဘယ်လိုလုပ်သိနေတာလဲ’

ကုရှန်းလင်းရင်တွင်း၌ အကျပ်အတည်းတစ်ခုကို ခံစားလိုက်ရသည်။

"သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်"

ဆရာက ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်။

"ဒီသားသမီးဝတ်ကျမ်းကို ယူသွားလိုက်၊ ကူးရေးပြီး ငါ့ကိုပြန်ပေး၊ အဲဒီမှာ မှတ်စုတွေ ပါတယ်၊ အခုကစပြီး ငါ မင်းကိုနေ့တိုင်း အပိုဒ်တစ်ပိုဒ်ရှင်းပြမယ်၊ နားမလည်တာရှိရင် ငါ့ကိုမေးလို့ရတယ်"

"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဆရာ"

ကုတန်သည် သားသမီးဝတ်ကျမ်းကို ကိုင်ထားရင်း သူ့သွေးများ ဆူပွက်လာလေသည်။

"ဒီကလေးကတော့"

လင်းယွဲ့က နောက်ထပ်ဖယောင်းတိုင် တစ်တိုင်ကို ထွန်းလိုက်သည်။

"ကုတန် မှောင်နေပြီ၊ ဒီအချိန်ကြီး စာဖတ်တာ မျက်လုံးအတွက်မကောင်းဘူး"

"အစ်ကိုက ပြန်ရောက်ကတည်းက အဲဒီလိုဖြစ်နေတာ၊ တစ်ခုခုကြောင့် စိတ်လှုပ်ရှားသွားတာလား ဒါမှမဟုတ် ကျောင်းစာတွေ ပိုခက်လာလို့လား မသိဘူး"

"ဒါဆိုရင်တော့၊ ငါ့ဘက်က အားဖြည့်ပေးဖို့လိုလာပြီပေါ့"

လင်းယွဲ့က သူတို့နှစ်ယောက်အတွက် သရေစာအချို့လုပ်ပေးရန် တွေးလိုက်၏။ သေချာစဉ်းစားပြီးနောက် နို့သကြားလုံးကသာ အကောင်းဆုံးဖြစ်မည်ဟု ထင်သည်။ ၎င်းမှာ အာဟာရလည်း ဖြစ်သလို အချိုဓာတ်ကြောင့် စွမ်းအင်လည်း ပေးစွမ်းနိုင်ပေသည်။ သူမသည် နို့မှုန့်၊ သကြား၊ ပဲမှုန့်နှင့် ဆန်မှုန့်တို့ကို အိုးတစ်လုံးထဲတွင်ထည့်ကာ အေးအေးဆေးဆေးကျိုလိုက်သည်။ ထို့နောက် သူမသည် ငရုတ်သီးဆော့စ်များကို ပုလင်းထဲသို့ ထည့်လိုက်ရာ ပုလင်းငယ် သုံးပုလင်းပြည့်သွားသောအခါ ရပ်လိုက်သည်။

"မရီး မနက်ဖြန် ကျွန်တော်မရီးနဲ့အတူ ခရိုင်မြို့တော်ကို လိုက်လို့ရမလား၊ ကျွန်တော့်တစ်သက်မှာ တစ်ခါမှမရောက်ဖူးလို့"

"ရတာပေါ့"

လင်းယွဲ့ပြောလိုက်သည်။

"မနက်ဖြန် ရွာသူကြီး နွားလှည်းရှာပြီးရင် နင်တို့လိုက်ပို့မယ်၊ တစ်ယောက်ပိုလဲ ထူးသွားမှာမှမဟုတ်တာ၊ ခရိုင်မြို့တော်ကိုရောက်ရင် အိမ်ထောင်စုစာရင်းလုပ်မယ်၊ ငရုတ်သီးဆော့စ်ကို ခရိုင်တရားသူကြီးဆီ ပေးမယ်၊ ပြီးရင် ဈေးဝယ်ထွက်ကြမယ်လေ"

"သိပ်ကောင်းတာပဲ၊ ခရိုင်မြို့တော်က သိပ်စည်ကားတယ်လို့ ကြားဖူးတယ်"

"တကယ် စည်ကားတာပဲ"

တာ့ယာမြို့တံခါးဝတွင်ရပ်ရင်း အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

"ဘာလို့ ဒီမြို့တံခါးက ဒီလောက်မြင့်ရတာလဲ၊ ဘာလို့လူတွေ ဒီလောက်များနေရတာလဲ"

"ရှီထိုင်"ဟုစာတန်းထိုးထားသော မြို့တံခါးအပြင်ဘက်တွင် စက်ဝိုင်းခြမ်းပုံစံ ဥမင်လိုဏ်ခေါင်းရှည်ကြီးတစ်ခုက သူတို့ကို မြို့အတွင်းရှိစည်ကားမှုကို မြင်တွေ့ခွင့်ပေးထားသည်။ မြို့တံခါးပေါ်တွင်တည်ဆောက်ထားသော မြို့ရိုးမျှော်စင်မှာလည်း မြင့်မားပြီး ခမ်းနားထည်ဝါလှ၏။ လူအများအပြားသည် မြင်းလှည်းများ၊ နွားလှည်းများဖြင့် မြို့ပြင်တွင် တန်းစီနေကြသည်။

လူတိုင်းက ခရီးသွားလက်မှတ်များနှင့် မှတ်ပုံတင်စာရွက်များကို ကိုင်ဆောင်ကာ စကားများပြောနေကြ၏။ ကြက်များ၊ ဘဲများ၊ ငန်းများနှင့် ဟင်းသီးဟင်းရွက်များကို သယ်ဆောင်လာသူများလည်း အများအပြားရှိပြီး မြို့ထဲသို့ သွားရောက်ရောင်းချရန်ဖြစ်လောက်သည်။ မွန်းတည့်ချိန်သို့ရောက်နေပြီဖြစ်ပြီး ပူပြင်းသောနေရောင်အောက်တွင် လင်းယွဲ့မှာ ချွေးများရွှဲနစ်နေ၏။

"မင်းယူလာပေးတဲ့ အသားပေါက်စီတွေ ကျေးဇူးကြောင့်သာပေါ့၊ မဟုတ်ရင် ငါ ဒီမနက်ဆန်ပြုတ် နည်းနည်းပဲစားလာရတော့ ဒီအချိန်အထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

ရွာသူကြီးက သူ့ဘေးရှိ ဘူးသီးခြောက်ကိုဖြုတ်ယူကာ ရေတစ်ငုံသောက်လိုက်သည်။

"ကျွန်မ လုပ်စရာကိစ္စတွေရှိနေလို့ပါ၊ မဟုတ်ရင် စောစောထွက်လို့ရတယ်၊ ဒီလောက် နောက်ကျမှရောက်မှာ မဟုတ်ဘူး"

နွားမှာငယ်ရွယ်ပြီး သန်မာသော်ငြားလည်း ငါးနာရီကြာအောင် လမ်းလျှောက်ခဲ့ရသည်။

"ငါတို့အထဲဝင်ပြီး အရင်စားကြမယ်၊ ပြီးမှ ခရိုင်ရုံးတော်ကိုသွားမယ်"

"အဘိုးရွာသူကြီး ခရိုင်မြို့တော်ကို အရင်က ရောက်ဖူးလားဟင်"

"ရောက်ဖူးတာပေါ့"

ရွာသူကြီး၏မျက်လုံးများတွင် အပြုံးများဖြင့် ပြောလိုက်သည်။

"နှစ်တိုင်းလာရတာပဲလေ၊ ဒီခရိုင်မြို့တော်မှာ ထျန်းရှန်းနားနေဆောင်နှင့် ကျိုဝေ့နားနေဆောင်တို့က နာမည်အကြီးဆုံးပဲ၊ ဒါပေမဲ့ နှစ်ခုစလုံးက စားသောက်ဆိုင်တွေဆိုတော့ ငါတို့အဲဒီကို မသွားဘူး၊ ငါတို့က သရေစာဆိုင်တွေကိုပဲ သွားမယ်၊ အထူးသဖြင့် နာမည်ကြီးပြီး အရသာလည်းရှိတဲ့ မြင်းသားဟော့ရှောင်ရှိတယ်၊ နောက်မှ အဲဒါကို သွားစားကြမယ်"

"ဘာလို့နားနေဆောင်ကို မသွားတာလဲဟင်"

"ဘာလို့လဲဆိုတော့ ဈေးကြီးလို့ပေါ့ ကောင်မလေးရယ်"

ရွာသူကြီးက ရယ်မော၍ပြောလိုက်သည်။

"ကျေးလက်က ရိုးရိုး ဟင်းသီးဟင်းရွက် တစ်ပန်းကန်တောင် အဲဒီမှာ ဆယ်ပြားပေးရတယ်၊ အရက်နည်းနည်းနဲ့ ဟင်းကောင်းကောင်းလေးတွေ ထပ်ထည့်လိုက်ရင် ငွေတစ်တေးလောက် အလွယ်တကူကုန်သွားနိုင်တယ်၊ ချမ်းသာတဲ့သူတွေပဲ အဲဒီကို သွားကြတာ၊ ငါတို့က အဲဒီလောက်မမိုက်မဲပါဘူး"

"ဒီ ထျန်းရှန်းနားနေဆောင်"

လင်းယွဲ့ပြောလိုက်သည်။

"မြို့တော်မှာလည်း ထျန်းရှန်းနားနေဆောင်ရှိတယ်လို့ ကြားဖူးတယ်၊ အဲဒီနှစ်ခုက ဆက်စပ်နေတာများလား"

"ဘယ်လိုဆက်စပ်မှုမျိုး ရှိနိုင်မှာလဲ၊ ဒီနေရာက မြို့တော်နဲ့အဝေးကြီးကို"

ရွာသူကြီး နှာမှုတ်၍ပြောလိုက်သည်။

"ဒါပေမဲ့ ဒီနားနေဆောင်က ဟင်းလျာတွေက မြို့တော်ကလိုပဲ ဈေးကြီးတယ်၊ ငါ အဲဒီမှာစားဖူးတယ်၊ တကယ်တော့ အဲဒီလောက်လည်း မကောင်းပါဘူး၊ ဟို မြင်းသားဟော့ရှောင်လောက်တောင် မကောင်းဘူး"

လူအုပ်ကြီးမှာ ဖြည်းညှင်းစွာရွေ့လျားသွားပြီးနောက် လင်းယွဲ့သည် မြို့တံခါးထဲသို့ဝင်ရောက်သွားရာ ခရိုင်မြို့တော်မှာ သူမမျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်လာလေ၏။ ဈေးသည်များ၏ အော်ဟစ်သံများ၊ ဆိုင်အမျိုးမျိုး၊ အဝတ်လှန်းထားသော အိမ်အမျိုးမျိုး တကယ်ကို ပိုပြီးစည်ကားလှပေသည်။

"လာ ငါတို့ မြင်းသားဟော့ရှောင်သွားစားကြမယ်"

ကျန်းမာသန်စွမ်းသော ရွာသူကြီးက တက်ကြွစွာဖြင့် ရှေ့မှလျှောက်သွားလေသည်။ ထို့နောက် လူအများအပြား တန်းစီနေသော ဆိုင်တစ်ဆိုင်ကို သူမြင်လိုက်ရသည်။

"ဘာလို့ ဒီဟော့ရှောင်ဆိုင်မှာ လူတွေ ဒီလောက် များနေတာလဲ၊ အရင်က တစ်ယောက်မှ မရှိပါဘူး"

ရှေ့မှလူက သူပြောသည်ကိုကြားသွားပြီး ပြန်ပြောလိုက်သည်။

"ဟော့ရှောင်ဆိုင်မရှိတော့ဘူး၊ အဲဒီဆိုင်က ပိတ်သွားတာကြာပြီ"

"ဘာလို့ ပိတ်သွားတာလဲ"

ရွာသူကြီးမှာ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားသည်။

"အဲဒီဆိုင်က အသားတွေအများကြီးပါပြီး ပမာဏလည်း များတယ် အတန်ဆုံးပဲဟာ"

ထိုလူ့ပါးစပ်နားတွင် ထင်ရှားသော မှဲ့နက်ကြီးတစ်ခုရှိပြီး သူကပြောလိုက်သည်။

"မပြောပါနဲ့တော့၊ အဲဒီမိသားစုက သေနေတဲ့မြင်းတွေ၊ ဖျားနေတဲ့မြင်းတွေကိုပဲ အဓိကဝယ်တာလေ၊ တချို့မြင်းတွေက ပုပ်တောင်ပုပ်နေပြီ၊ အဲဒါကို သူကရွှံ့ထဲမှာ မြှုပ်ထားလိုက်တော့ နောက်နေ့ကျ လတ်ဆတ်နေသလို ပုံပေါ်သွားတာ"

"ပြီးတော့ သူက အနံ့ပျောက်သွားအောင် ဆားတွေ၊ ပဲငပိတွေဖြူးပြီး ခင်ဗျားတို့လို အပြင်လူတွေကိုရောင်းတာလေ"

လင်းယွဲ့မေးလိုက်သည်။

"ဒါဆို သူဘယ်လို အဖမ်းခံလိုက်ရတာလဲ"

"မနှစ်က ဒေသခံကလေးတစ်ယောက် အဲဒါကိုစားပြီးဖျားလို့ သေသွားတယ်လေ"

မှဲ့နက်ကြီးနှင့်သူက သက်ပြင်းချလိုက်သည်။

"အဲဒီကလေးက အငြိမ်းစားယူထားတဲ့ ကွေ့ကျိုးပြည်နယ် ‌အုပ်ချုပ်ရေးမှူးရဲ့ မြေးလို့ကြားတယ်၊ ခင်ဗျားပဲ စဉ်းစားကြည့်လေ၊ ဆိုင်ရှင် ထောင်ထဲရောက်သွားတော့တာပေါ့"

"အဘိုးရွာသူကြီး သေနေတဲ့မြင်းသားအနံ့ကို မရဘူးလားဟင်"

ရွာသူကြီးခေါင်းကုတ်လိုက်သည်။

"မြင်းသားတိုင်းက အဲဒီလိုအနံ့ရတယ်လို့ ငါထင်နေတာ"

လင်းယွဲ့ မေးလိုက်သည်

"အခု ဒီဆိုင်မှာလူတွေ ဘာလို့ ဒီလောက် များနေရတာလဲ၊ သူတို့ ဘာရောင်းလို့လဲဟင်"

"ဝမ်တန်တွေ၊ ခေါက်ဆွဲတွေနဲ့ ပေါက်စီတွေ ရောင်းတာလေ"

မှဲ့နက်ကြီးနှင့်သူက ပြောလိုက်သည်။

"ဒီဆိုင်ရှင်က ထျန်းရှန်းနားနေဆောင်ကနေထွက်လာတဲ့ မုန့်ဖုတ်ဆရာကြီးလို့ ကြားတယ်၊ သူ့လက်ရာက သိပ်ကောင်းတော့ လူတွေက သေချာပေါက်မြည်းကြည့်ချင်ကြတာပေါ့"

"ထျန်းရှန်း နားနေဆောင်လား"

ရွာသူကြီးက အံ့အားသင့်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။

"ထျန်းရှန်းစားသောက်ဆိုင်က စားဖိုမှူး တစ်ယောက် ဆိုင်ထွက်ဖွင့်တာလား၊ ဒါဆို ငါ သေချာပေါက်မြည်းကြည့်ရမယ်"

ရွာသူကြီးက ဆက်ပြောလိုက်သည်။

"ဝမ်တန်တွေတဲ့လား၊ သူ့ဝမ်တန်တွေက မင်းလုပ်တဲ့ ဝမ်တန်တွေလောက် ကောင်းပါ့မလားမသိဘူး"

All Chapters