← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

Ch-82

ဝမ်စုန်ရှင်းနှင့် ဝမ်ယာဝေ့တို့ ရောက်ရှိလာပြီး သူတို့နောက်မှ အစေခံက လက်ဝါးနှစ်ဖက်စာခန့်ရှိသော ထူးဆန်းသည့် ထင်းရှူးပင်ငယ်လေးတစ်ပင်ကို လက်ဆောင်ပေးရာ ကြည့်ရသည်မှာ အတော်လေး ခမ်းနားလှပေသည်။ လင်းယွဲ့သည် ထိုထင်းရှူးပင်လေးကို ဧည့်ခန်းဆောင်တွင် ထားလိုက်၏။ ထို့နောက် အစေခံက မှင်အိုးနှင့် စုတ်တံများကို ဆက်ပေးလာသည်။ ဝမ်စုန်ရှင်းက ပြုံး၍ပြောလိုက်သည်။

"မင်းရဲ့မောင်လေး စာသင်နေပြီလို့ ကြားတယ်၊ ဒီမှင်အိုးလေးက ကိုင်လို့ကောင်းပြီး သူ့အတွက် အများကြီး သင့်တော်ပါတယ်"

"ကျေးဇူးတင်ပါတယ်ရှင်"

ဝမ်ယာဝေ့က ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လိုက်ကြည့်နေသည်။

"အစ်မယွဲ့ အစ်မက ဒီမှာနေတာလား"

လင်းယွဲ့ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"သေးလိုက်တာ၊ ဒါပေမယ့် တော်တော်လေး ဆန်းသစ်တာပဲ"

ဝမ်ယာဝေ့သည် ငယ်စဉ်ကတည်းက လက်ရာမြောက်စွာထွင်းထုဆေးခြယ်ထားသော အိမ်ကြီးအိမ်ကောင်းများတွင် နေထိုင်ခဲ့သူဖြစ်သည်။ သူမသည် တစ်ချိန်က မြေပိုင်ရှင်ဝမ်၏အိမ်ပင်လျှင် အတော်လေး ရိုးစင်းလွန်းသည်ဟု ထင်ခဲ့ဖူးသည်။ ဤကဲ့သို့သော အိမ်မျိုး ရှိမည်ဟု သူမတစ်ခါမျှ မထင်ထားခဲ့ပေ။ ဝမ်ယာဝေ့သည် မြေကြီးကိုခြေဖြင့် ဆောင့်ကြည့်လိုက်သည်။

"ဒါက မြေကြီးသက်သက်ပဲလား၊ အုတ်ခဲတွေမပါဘူးလား၊ မညစ်ပတ်ဘူးလားဟင်"

လင်းယွဲ့ရှင်းပြလိုက်သည်။

"အပြာရောင် အုတ်ခဲတွေက ရှားပြီး ဈေးကြီးတယ်၊ ကျွန်မတို့အားလုံးက မြေကြီးကိုပဲ တိုက်ရိုက်ခင်းထားကြတာ၊ တံမြက်စည်းလှဲတဲ့အခါကျရင် မြေကြီးပေါ်ရေနည်းနည်းဖျန်းပြီးမှ လှဲတော့ ဖုန်တွေမထတော့ဘူးလေ"

အိမ်ကိုလှည့်ပတ်ကြည့်ရှုပြီးနောက် ဝမ်ယာဝေ့က ထပ်ပြောလိုက်သည်။

"သေးငယ်လိုက်တဲ့ အိမ်လေး၊ ဒီမှာနေရတာ အနေရမခက်ဘူးလားဟင်၊ ပန်းတွေ သစ်ပင်တွေရှိတဲ့ ဥယျာဉ်ကိုထားဦး စာကြည့်ခန်းတောင် မရှိဘူး၊ တကယ်ကို ဘာမှကိုမရှိတာ"

"ယာဝေ့"

ဝမ်စုန်ရှင်းက သူမကိုတားလိုက်သည်။ လင်းယွဲ့က စိတ်ထဲမထားဘဲပြုံးလိုက်သည်။

"အရင်ကဆိုရင် ကျွန်မတို့သုံးယောက်က အခန်းတစ်ခန်းထဲမှာနေရတာ၊ မီးဖိုချောင်နဲ့ အိပ်ခန်းက အကုန် အတူတူပဲ၊ အဲဒီတုန်းက ပိုတောင်ခက်ခဲသေးတယ်၊ အခု အိမ်သစ်လေး ဆောက်ပြီးတော့ အခြေအနေတွေ အများကြီးကောင်းသွားပါပြီ"

"သခင်လေးတို့ ဒီမှာထိုင်နေကြနော်၊ ကျွန်မ ဟင်းသွားချက်လိုက်ဦးမယ်"

လင်းယွဲ့သည် သူတို့အတွက် လေးယောက်ထိုင် စားပွဲတစ်လုံးကိုပြင်ဆင်ပေးလိုက်သည်။ ရွာသားများနှင့်အတူ ထိုင်ရသည်ကို သူတို့အနေရခက်မည်စိုးသဖြင့် သီးသန့်စားပွဲငယ်လေးတစ်လုံးကို သေချာပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်ယာဝေ့က အရာအားလုံးကို စပ်စုလိုစိတ်ဖြင့် လင်းယွဲ့နောက်သို့ လိုက်လာခဲ့၏။

"ဒါက မီးဖိုချောင်လားဟင်၊ အစ်မယွဲ့ ဘာဟင်းချက်နေတာလဲ"

"ဝက်သားချဉ်စပ်ကြော်လေ၊ ညီမလေးအတွက် သီးသန့်ချက်ပေးတာ"

လင်းယွဲ့သည် ဝက်သားများကို အမြှောင်းလေးများလှီးကာ အရသာနယ်ပြီးနောက် ပဲမှုန့်နှင့် ကြက်ဥတို့ကို ညီညာစွာ သုတ်လိမ်းကာ ဆီပူပူတွင်ကြော်လိုက်သည်။ ဝမ်ယာဝေ့သည် မွှေးပျံ့သောအနံ့ကိုရလိုက်သဖြင့် တက်ကြွသွားသည်။

"ဒါဆိုရင် ကျွန်မစောင့်နေပါ့မယ်၊ ဟိုဘက်ကဟာကရော ဘာလဲဟင်"

လင်းယွဲ့၏မီးဖိုတွင် သံဒယ်အိုးကြီးနှစ်လုံး ရှိသည်။ သံဒယ်အိုးကြီး နှစ်လုံးကြားတွင် ကျန်ရှိနေသော အပူချိန်ဖြင့် ရေနွေးတည်ရန် သံဒယ်အိုးငယ်လေး တစ်လုံးလည်းရှိသည်။ သူမ ယခုကြော်နေသော ဝက်သားချဉ်စပ်ကြော်အပြင် အခြားအိုးတစ်လုံးတွင် ခြင်္သေ့ခေါင်းအသားလုံးကိုပေါင်းနေ၏။

ဝမ်ယာဝေ့ လက်ညှိုးထိုးပြနေသည်မှာ ဘေးဘက်ရှိ မြေလွတ်တွင်တည်ထားသော မြေအိုးကြီးတစ်လုံးကို ဖြစ်သည်။ မြေအိုးကြီးကို အဖုံးအုပ်ထားပြီး အတွင်းတွင် ကြက်များ၊ ဘဲများ၊ ဝက်လက်များနှင့် အရိုးများရှိနေ၏။ ၎င်းမှာ လင်းယွဲ့ သေချာချက်ပြုတ်ထားသော ကြည်လင်သည့်ဟင်းရည်ဖြစ်ပြီး သခင်လေးဝမ်တို့မောင်နှမအတွက် သီးသန့် ပြင်ဆင်ထားခြင်းဖြစ်သည်။

သူမ သိထားသည်မှာ ဝမ်စုန်ရှင်းနှင့် ဝမ်ယာဝေ့တို့သည် ဝန်ကြီးချုပ်၏မြေးများဖြစ်ပြီး မြို့တော်တွင်ကြီးပြင်းလာကာ အရာရာအကောင်းစားများကိုသာ မြင်တွေ့ခဲ့ရပြီး ရေမြေတောတောင်မှ အကောင်းဆုံး အစားအစာများကိုသာ စားသုံးရင်း ကြီးပြင်းလာသူများ ဖြစ်သည်။ သူမ ဘာပဲလုပ်ပေးလုပ်ပေး သူတို့အတွက် အဆန်းတကြယ်ဖြစ်မည် မဟုတ်ပေ။

သို့သော် ဤကာလအတွင်း သူတို့၏စောင့်ရှောက်မှုကို သူမတကယ်ပင် ရရှိခဲ့သည်။ ခရိုင်တရားသူကြီးယန်က သူမအပေါ် ဤမျှကောင်းမွန်နေခြင်းမှာ ဝမ်စုန်ရှင်း၏ဩဇာလွှမ်းမိုးမှုကြောင့်ပင် ဖြစ်သည်။ လင်းယွဲ့သည် သူမ၏ကျေးဇူးတင်မှုကို အကောင်းဆုံး ဖော်ပြချင်ခဲ့၏။

ဤကြည်လင်သောဟင်းရည်ကို ဝက်ရိုးများဖြင့် အခြေခံကာ ဝက်လက်များ ထပ်ထည့်ပြီးနောက် အပေါ်မှ အိမ်မွေးကြက်နှစ်ကောင်နှင့် ဘဲအိုနှစ်ကောင်ကို တည်ထားခြင်း ဖြစ်သည်။ ပထမဆုံး မီးပြင်းပြင်းဖြင့် ဆူပွက်အောင် တည်ပြီးနောက် သွေးမြှုပ်များကို ဖယ်ရှားလိုက်၏။ ထို့နောက် ပါဝင်ပစ္စည်းများ ကျက်သည်အထိ မီးအေးအေးဖြင့် ဆက်တည်ပြီးနောက် ဖယ်ထုတ်ကာ ရေဆေးလိုက်သည်။ ပါဝင်ပစ္စည်းများကို ဆေးကြောထားသော ရေကိုအိုးထဲသို့ ပြန်လောင်းထည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုရေများတွင် အူမာမီခေါ် အရသာရှိသောဓာတ်များစွာ ပါဝင်နေသဖြင့် အနည်အနှစ်များကို စစ်ထုတ်ပြီးနောက် ဟင်းရည်အိုးထဲသို့ လောင်းထည့်လိုက်ပါက ရိုးရိုးရေဖြင့် တည်ထားသည်ထက် ဟင်းရည်မှာ ပိုမို အရသာရှိလာမည်ဖြစ်သည်။ နောက်တစ်နာရီခန့် ဆူပွက်အောင်တည်ပြီးနောက် ပါဝင်ပစ္စည်းများကို ဖယ်ထုတ်လိုက်၏။ ကြက်ပေါင်သားနှင့် ကြက်ရင်ပုံသားများကို ဟင်းရည်ကြည်လင်သွားစေရန် အပေါ်မှဖြန့်ခင်းထည့်လိုက်၏။ အသားများအပေါ်သို့ ပေါ်လာသည်နှင့် ဖယ်ထုတ်လိုက်ပြီး ပိတ်စထဲတွင် ကိတ်မုန့်ကဲ့သို့ ဖိသိပ်ကာ ဟင်းရည်ထဲသို့ ပြန်ထည့်လိုက်သည်။

လုပ်ငန်းစဉ်မှာ အလွန်ရှုပ်ထွေးပြီး အချိန်ကုန်သော်လည်း ရရှိလာသော ဟင်းရည်မျက်နှာပြင်မှာ ကြည်လင်နေသော်လည်း အလွန်အရသာရှိပြီး မွှေးပျံ့လှပေသည်။ ထို့ပြင် ဟင်းရည်တည်နေစဉ်အတွင်း အဝါရောင်အဆီများ ထွက်လာမည်ဖြစ်သည်။ ထိုအဝါရောင်အဆီများကို ဒယ်အိုးထဲတွင် ထည့်ကာ ရေခမ်းသည်အထိ အပူပေးပြီး ကြက်သွန်မြိတ်ဖြင့် ဆီသတ်လိုက်သောအခါ အလွန်မွှေးပျံ့သော ကြက်သွန်မြိတ်ဆီကိုရရှိလေ၏။ လင်းယွဲ့သည် ဤကြက်သွန်မြိတ်ဆီဖြင့် ခေါက်ဆွဲသုပ်ကိုလည်း လုပ်ထားသည်။

"သိပ်မွှေးတာပဲ"

ဝမ်ယာဝေ့က ဟင်းရည်မှလတ်ဆတ်သောရနံ့ကို ရှူရှိုက်ရင်း နှုတ်ခမ်းသပ်လိုက်သည်။ ဤဝေးလံခေါင်ဖျားပြီး ဆင်းရဲမွဲတေသောနေရာသို့ ရောက်လာကတည်းက သူတို့မိသားစု၏ နာမည်ကြီး စားဖိုမှူးမှာလည်း ထွက်သွားခဲ့ပြီဖြစ်ရာ အစားအသောက်များမှာလည်း ယခင်ကလောက် မကောင်းတော့ပေ။ ဝမ်ယာဝေ့သည် ဤမျှ မွှေးပျံ့သော ရနံ့မျိုးကို မရခဲ့သည်မှာ ကြာပြီဖြစ်ရာ သူမခံတွင်းမှာ အလွန် မြိန်သွားလေတော့သည်။

ထိုအချိန်တွင် ရွာထဲမှဖိတ်ကြားထားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ ဝမ်တာ့ဟိုင်က ကြက်မနှစ်ကောင်ကို ယူလာကာ ပျော်ရွှင်စွာရယ်မောရင်း ပြောလိုက်သည်။

"ညီမလေး၊ ဒီကြက်မတွေက အကောင်းဆုံး ဥ,ဥတဲ့ ကောင်တွေပဲ"

ကုတန်မှာ ဝမ်စုန်းရှင်းထံမှ သူ့ပညာရေးအတွက် အကြံဉာဏ်များတောင်းခံနေပြီး ဝမ်စုန်းရှင်း၏အတွေးအခေါ်များကို ကြားသောအခါ သူ့မျက်လုံးများ အရောင်လက်သွားလေသည်။

‘မြို့တော်က ဒီသခင်လေးက တကယ်ကို ထူးခြားတဲ့ အသိပညာတွေရှိတာပဲ’ဟု သူ တွေးလိုက်မိသည်။

ဝမ်စုန်ရှင်း၏အတွေးအခေါ် အနည်းငယ်နှင့် နောက်ဆုံးကျင်းပခဲ့သော တော်ဝင်စာမေးပွဲမေးခွန်းများအကြောင်း ရှင်းပြချက်က သူ့ကို ဖမ်းစားသွားလေသည်။

‘ကလေးတစ်ယောက်က ကောင်းကင်ဘုံက ကျမ်းစာတွေကို နားထောင်နေရသလိုမျိုးဖြစ်နေပေမဲ့ အဲဒီအထဲက အလှတရားနဲ့ နက်ရှိုင်းမှုတွေကို သူနားလည်နေခဲ့တယ်’

ဝမ်တာ့ဟိုင်က ကြက်မနှစ်ကောင် ယူလာသည့်အချိန်အထိပင် ထိုကြက်မများမှာ ကုတန်စိတ်ထဲတွင် သီးခြား အဆင့်တစ်ခုတွင် ရှိနေခဲ့သည်။

‘အဲဒီတုန်းကဘဝက အရမ်းခက်ခဲခဲ့ပြီး ရှောင်ဟုန်ဥတဲ့ ကြက်ဥတွေကပဲ သူ့ကို အသက်မွေးဝမ်းကျောင်းပြုဖို့ လမ်းစပြခဲ့တာလေ’

သူက ဝမ်စုန်ရှင်းအား အကြိမ်ကြိမ် တောင်းပန်ပြီးနောက် ကြက်မများကို လက်ခံရန် အမြန်ထသွားလေသည်။

"အဘိုးတာ့ဟိုင် ကျေးဇူးတင်ပါတယ်"

ကုတန်က ကြက်မများကိုကြက်ခြံထဲသို့ အမြန်ထည့်လိုက်ပြီး ကြက်မနှစ်ကောင်ကို ပွတ်သပ်ကာ မှာကြားလိုက်သည်။

"မင်းတို့နှစ်ကောင်က ရှောင်ဟုန်နဲ့ တည့်တည့်နေကြနော်၊ ပြီးတော့ မကြာခင် နတ်ကြက်တွေဖြစ်လာအောင် ကြိုးစားကြ"

ဝမ်စုန်းရှင်းကိုမြင်သည်နှင့် ဝမ်တာ့ဟိုင်သည် ဆူညံပူညံ သူ့အမူအရာများကို ချက်ချင်းပြင်ဆင်လိုက်ပြီး ဝမ်စုန်းရှင်းကို သတိထားကာ ခေါင်းညိတ်ပြလိုက်သည်။

'ဘုရားရေ၊ သူက ခရိုင်တရားသူကြီးရဲ့ ဘေးကလူမဟုတ်ဘူးလား၊ ဒီကို ဘယ်လိုရောက်လာတာလဲ'

ထိုသို့ သူ တွေးလိုက်မိသည်။

ဝမ်တာ့ဟဲက ဆူညံနေဆဲဖြစ်ပြီး ဝမ်စုန်းရှင်းကို အဆက်မပြတ်ချီးကျူးနေလေသည်။ ဝမ်ကျစ်မှာ ချွေးများတဒီးဒီးကျနေပြီး သူ့ဖခင် စကားများများမပြောစေရန် အင်္ကျီလက်ကိုအဆက်မပြတ် ဆွဲနေလေသည်။

"အိုး မင်းလည်း ရောက်နေတာပဲ"

ဝမ်တာ့ဟဲ၏အာရုံများ ပြောင်းသွားလေသည်။ ကုတာ့ဖူက တိုဟူးနှစ်တုံးနှင့် ငါးကြင်းကြီးနှစ်ကောင်အား သယ်လာသည်ကို တွေ့လိုက်ရ၏။

ကုတာ့ဖူတစ်ယောက် ဝမ်စုန်ရှင်းကိုမြင်လိုက်ချိန်တွင်လန့်သွားပြီး သူဟန်မလုပ်ခဲ့မိဘဲ စောစောစီးစီးရောက်လာသည်မှာ ကံကောင်းသည်ဟုတွေးလိုက်မိသည်။

သူက တိုဟူးနှင့် ငါးကြင်းကြီးကို ကုတန်ထံသို့ ပြုံးရွှင်စွာဖြင့်ကမ်းပေးလိုက်သည်။

"နှစ်စဉ်နှစ်တိုင်း ပေါများကြွယ်ဝပါစေလို့ ဆုတောင်းပေးပါတယ်၊ ဒီတို့ဟူးကလည်း ချမ်းသာကြွယ်ဝမှုတွေ ယူဆောင်လာပါစေ"

ကုတာ့ဖူ၏လက်ဆောင်မှာ ပေါ့သေးသေးမဟုတ်ဘဲ ကောင်းမွန်သော အဓိပ္ပာယ်ကိုလည်း ဆောင်နေသည်။ ကုတန်က မလိုလားစွာဖြင့် လက်ခံလိုက်ပြီး ဝမ်စုန်းရှင်းထံသို့ အမြန်ပြေးသွားလေသည်။

"အစ်ကိုဝမ်၊ လွန်ခဲ့တဲ့နှစ်နှစ်က တော်ဝင်စာမေးပွဲအကြောင်း ထပ်ပြောပြပါဦး"

ကုတာ့ဖူက ကုရှန်းလင်းခါးကို အမြန်ဆွဲလိမ်ကာ ပြောလိုက်သည်။

"မင်းလည်း သူ့ဘေးမှာသွားခိုးနားထောင်"

သူ မထင်မှတ်ထားသည်မှာ ကုရှန်းလင်းက နှုတ်ခမ်းစူကာပြောလိုက်သည်။

"ဟင့်အင်း သားက ငတ်သေတော့မယ်၊ အရသာရှိတဲ့အနံ့တွေ ရနေတယ်၊ သား တစ်ခုခု စားချင်ပြီ"

ထို့နောက် သူ့မျက်လုံးများ အရောင်လက်သွားပြီး ကုတာ့ဖူလက်ကို ဖယ်ရှားလိုက်သည်။

"အစ်မလင်းယွဲ့ဆီမှာ နို့သကြားလုံးများ ရှိမလားလို့ သွားမေးကြည့်မယ်"

"ဒီကလေးတော့ကွာ၊ မင်း ဒီတစ်သက် လူရာဝင်ပါဦးမလား"

လီရှောင်လျန်နှင့် ဝမ်တာ့ကျန်းတို့က ထင်းများနှင့် မုန့်များယူလာကြသည်။ လီရှောင်လျန်က ကလေးကို ဝမ်တာ့ကျန်းရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။

"ကူညီပေးစရာရှိမလား သွားကြည့်လိုက်ဦးမယ်"

လင်းယွဲ့သည် အလုပ်များကို စနစ်တကျ လုပ်ဆောင်နေသည်။ လူအားလုံးရောက်ရှိလာသည်နှင့်အမျှ အိုးထဲမှ နောက်ဆုံးဟင်းမှာလည်း ကျက်သွားပြီဖြစ်ရာ သူမအမြန် သွားပို့ခိုင်းလိုက်၏။ ခြင်္သေ့ခေါင်းအသားလုံးပေါင်း၊ ငါးအသားဆော့စ်ဆမ်း၊ ဝက်သားချဉ်စပ်ကြော်၊ ဝက်သားဟင်း၊ ကြက်ပေါင်း၊ ခရုကြက်ချက်၊ ကြက်သွန်မြိတ် သိုးသားကြော်၊ မောက်ရွှယ်ဝမ်၊ ဝက်ဗိုက်သား ချဉ်ဖတ်ဟင်း၊ ဟင်းရည်ကြည် ဂေါ်ဖီထုပ်ပေါင်း၊ ဂေါ်ဖီထုပ်ကြော်စသည့် ဟင်းလျာများကို တစ်ပွဲပြီးတစ်ပွဲချလာရာ လူတိုင်းကို မျက်စိကျိန်းသွားစေသည်။ သူတို့က နှုတ်ခမ်းသပ်ရင်း တွေးလိုက်ကြသည်။

'ဒါ နှစ်သစ်ကူးမဟုတ်ဘူးမလား၊ တကယ်ပဲ ဒီလောက်တောင်ကြီးကျယ်ခမ်းနားနေတာလား'

သူတို့သည် နှစ်သစ်ကူးတွင်တောင် ဤမျှ ကောင်းမွန်သော ဟင်းလျာများကို မစားဖူးခဲ့ကြပေ။ ထို့နောက် လင်းယွဲ့က အချိုရည်ကို ယူဆောင်လာသည်။ ၎င်းမှာ ကောက်ညှင်းဆန်ကို ထုတ်ယူကာ အချိန်အတိုင်းအတာတစ်ခုအထိ အချဉ်ဖောက်ပြီး ပုလင်းများထဲသို့ ထည့်ကာ ပြုလုပ်ထားသော ဆန်အရက်ဖြစ်သည်။ စားပွဲတစ်လုံးလျှင် ပုလင်းတစ်လုံးစီချထားပေးရာ လူတိုင်းကို အံ့အားသင့်သွားစေရန် လုံလောက်ပေသည်။ ဝမ်တာ့ဟိုင်က ကိုယ်ကိုကိုင်းကာ နမ်းကြည့်လိုက်သည်။

"မဖြစ်နိုင်တာ၊ ဒါ အရက်တော့မဖြစ်နိုင်ဘူး"

သူ့လက်များမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေလေသည်။

"မင်းသိလား၊ ဒီနှစ်တွေအတွင်း ရှီထိုင်မှာ သွားကူညီတုန်းက တစ်ခါပဲသောက်ဖူးတာ၊ အဲဒီအရသာကလေ ကျစ် ကျစ်"

All Chapters