← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

Ch-85

တစ်ဖက်တွင်လည်း ငရုတ်သီးဆော့စ်၏ နေရာချထားမှုနှင့် ဒီဇိုင်းမှာ အလွန် မျက်စိကျစရာဖြစ်နေ၍ ငွေရှင်းရန် ကောင်တာသို့ သွားသူဆယ်ယောက်တွင် ကိုးယောက်မှာ ငရုတ်သီးဆော့စ်ကို ကြည့်ကာမေးလာကြသည်။

"ဒါက ဘာလဲ"

လင်းယွဲ့ မေဝေ့ကျိုက်ဆိုင်မှ မထွက်ခွာမီကပင် ငရုတ်သီးဆော့စ်လေးပုလင်း ရောင်းရပြီး ကြေးပြားခြောက်ဆယ် ရရှိခဲ့၏။ ချန်းဖူကွေ့လည်း အနည်းငယ် အံ့အားသင့်သွားသည်။

"ဒီလောက်တောင် အရောင်းသွက်တာပါလား"

လင်းယွဲ့လည်း ပစ္စည်းများကို ဆွဲဆောင်မှုရှိအောင် ပြသထားခြင်း၏အစွမ်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေ၏။ သူမနှင့် ချန်းဖူကွေ့တို့သည် ငါးရက်တစ်ကြိမ် နွားလှည်းက ကြက်ဥများ လာယူချိန်တွင် ငရုတ်သီးဆော့စ်များကိုပါ ယူဆောင်လာရန်နှင့် ထိုအချိန်တွင် ငွေရှင်းရန် သဘောတူခဲ့ကြသည်။ ချန်းဖူကွေ့ကလည်း သဘာဝကျကျပင် သဘောတူလိုက်၏။

ဟွမ်ရှန်းနှင့် အခြားသူများ ငရုတ်သီးဆော့စ်ကို စားပြီးသွားသောအခါ သူတို့မှာ လက်လွှတ်ရမည်ကို နှမြောနေကြသည်။ ရုံးတော်မှထွက်လာပြီးနောက် သူ့ခြေလှမ်းများက မသိမသာဖြင့် မေဝေ့ကျိုက်ဆိုင်ဆီသို့ ဦးတည်သွားလေသည်။ သူ ဆိုင်ထဲဝင်ဝင်ချင်း ပတ်လည်ကိုကြည့်လိုက်ရာ ငရုတ်သီးဆော့စ်များကို တွေ့လိုက်ရ၏။

သူ့လက်ထဲရှိ ကြေးပြားများကို ချိန်ဆကြည့်လိုက်သည်။ ဤငရုတ်သီးဆော့စ်တွင် အသားများပါဝင်သဖြင့် အလွန် ဈေးကြီးမည်ဟု သူ တွေးလိုက်မိ၏။ သို့သော် သူက တကယ်ကို အရသာရှိသည်ဟုထင်မြင်ပြီး အိမ်တွင် ဇနီးသည်လည်းမရှိသဖြင့် ထမင်းစားရာတွင် ဟင်းတစ်ခွက်အဖြစ် အလွန်သင့်တော်လှပေသည်။ သူ စိတ်ကိုတင်းကာ ငရုတ်သီးဆော့စ်ဆီသို့ လျှောက်သွားလိုက်ရာ စက္ကူနီပေါ်ရှိ စာလုံးများကို တွေ့လိုက်ရ၏။ တစ်ပုလင်းကို ကြေးပြား ၁၅ပြားဟု ရေးထားသည်ကို မြင်သောအခါ သူ ချက်ချင်း စိတ်သက်သာရာ ရသွားလေသည်။

‘ဒီဈေးနှုန်းက လက်ခံနိုင်တယ်’

"အရာရှိဟွမ် ရောက်လာပြီပဲ"

အလုပ်သမားက တက်ကြွစွာ နှုတ်ဆက်လိုက်သည်။

"ဒါလေး တစ်ပုလင်းလောက်ပေးပါ"

"အရာရှိဟွမ်က တကယ်ကို မျက်စိကျယ်တာပဲ၊ ဒါ မြို့တော်မှာ အရမ်းရေပန်းစားနေတဲ့ ငရုတ်သီးဆော့စ်လေ ခရိုင်တရားသူကြီး ကိုယ်တိုင်တောင် ကောင်းတယ်လို့ ပြောထားတာ"

အလုပ်သမားက ထုပ်ပိုးပေးရင်းပြောလိုက်သည်။

"၁၅ ပြားပါ၊ အထဲမှာ အသားတွေလည်း ပါတယ်"

ဟွမ်ရှန်းက ပြုံး၍ပြောလိုက်သည်။

"အရသာရှိမှန်း ငါ သိတယ်၊ နေ့လယ်ကပဲ စားထားတာ"

ဟွမ်ရှန်း ပြန်လာစဉ် ပေါက်စီဆိုင်တစ်ဆိုင်ကို ဖြတ်သွားရာ အငွေ့တထောင်းထောင်း ထနေသော ပေါက်စီလေးလုံးကို ကြေးပြားနှစ်ပြားတည်းဖြင့် ဝယ်ယူခဲ့သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အနောက်လမ်းရှိ သူငှားရမ်းနေထိုင်သော အိမ်ငယ်လေးသို့ ရောက်ရှိလာ၏။ ဤအိမ်တွင် သူက အခန်းတစ်ခန်းကို ငှားရမ်းထားခြင်းဖြစ်သည်။ အခန်းငယ်လေးထဲတွင် ကုတင်တစ်လုံးနှင့် ဗီရိုတစ်လုံးသာရှိပြီး ဟင်းချက်ရန်အတွက် အပြင်ဘက်ရှိ မီးဖိုသို့သွားရ၏။

"ဟေး ဘာတွေဝယ်လာတာလဲ"

အမျိုးသားတစ်ဦးသည် ခြံဝင်းထဲတွင် ထင်းခွဲနေသည်။ သူသည် အင်္ကျီချွတ်ထားပြီး သူ့ခန္ဓာကိုယ် အထက်ပိုင်းမှာ သန်မာတောင့်တင်းလှပေ၏။

"အစ်ကိုဟူ ပြန်ရောက်ပြီလား၊ ဒီတစ်ခေါက် အများကြီးရလာမှာပဲ"

ဟွမ်ရှန်းက ပေါက်စီများကို မြှောက်ပြရင်းပြုံးကာ ပြောလိုက်သည်။

"ပေါက်စီနဲ့ ငရုတ်သီးဆော့စ်လေ၊ ဒီလိုပဲ ဖြစ်သလို စားရတာပါပဲ"

"ဒီခရီးစဉ်က တစ်လလောက်ကြာသွားတယ်၊ တော်တော်လေး ပင်ပန်းသွားတာပဲ၊ ဒီမနက်မှ ပြန်ရောက်တာ၊ ဒါပေမဲ့ ကြည့်ဦးလေ မင်းအစ်မဟူက ငါ့ကို နားခွင့်တောင် မပေးဘူး"

လုဟူက မျက်နှာသုတ်ပုဝါဖြင့် ချွေးများကို သုတ်လိုက်သည်။

"ဒါပေမဲ့ ကျန်းရှစီရင်စုက ဆန်ဈေးတွေက တကယ်ကိုမြင့်တာ၊ ဒီတစ်ခေါက်တော့ အများကြီး ရခဲ့တယ်၊ ဒါပေမဲ့ ငါ ပြန်တောင် မရောက်နိုင်တော့ဘူးထင်နေတာ၊ အဲဒီဓားပြတွေက တကယ်ကို ကြောက်စရာကောင်းတယ်၊ ငါ ဆန်လှည်းကို အချိန်ပြည့်စောင့်နေရတာ၊ အိပ်တောင် မအိပ်ရဲဘူး"

"ဒီည ငါ့ဆီလာစားလေ၊ မင်း အစ်မဟူက အသားတွေ ချက်ထားတယ်၊ အရက်လည်း ရှိတယ်"

လုဟူက ဟွမ်ရှန်းလည်ပင်းကို ဖက်ကာ ပြောလိုက်သည်။

"ငါ့ကို မေးရင်တော့ မင်းက ယာမန်မလုပ်သင့်ဘူး၊ တစ်သက်လုံးလုပ်ရင်တောင် မိန်းမယူနိုင်မလား၊ အိမ်ဝယ်နိုင်မလားဆိုတာ မသိနိုင်ဘူး၊ ငါနဲ့အတူ ကုန်ပစ္စည်း လိုက်ပို့ပါလား၊ နောက်ကုန်ပို့ရမယ့် ခရီးစဉ်က လဝက်လောက်နေရင်ရှိတယ်၊ အဲဒီအခေါက်ကျရင် မင်း ဒီထက်ပိုပြီးတောင် ရနိုင်သေးတယ်၊ ခရီးစဉ်တစ်ခေါက်နဲ့တင် မိန်းမရနိုင်တယ်၊ မင်းရဲ့သိုင်းပညာတွေကို အလဟဿ မဖြစ်စေနဲ့"

ဟွမ်ရှန်းက တွေဝေသွားသည်။

"ကျန်းရှစီရင်စုက ဒီလောက်ရှုပ်ထွေးနေတာကို အစ်ကို သွားရဲသေးတာလား"

"ရှုပ်ထွေးနေမှ ပိုက်ဆံရှာလို့ရတာလေ၊ မင်း ဒါကို နားမလည်ဘူး မဟုတ်လား၊ ဓားသွားပေါ်က သွေးကိုလျက်ပြီး အသက်ရှင်ရတဲ့ ဘဝမျိုးကွ"

ဟွမ်ရှန်းက ခေါင်းခါလိုက်သည်။

"ထားလိုက်ပါတော့၊ မကြာခင် ကျွန်တော် ရာထူးတိုးနိုင်တယ်"

သူက ငရုတ်သီးဆော့စ်ကို မြှောက်ပြလိုက်သည်။

"ဒီနေ့ရောင်းတဲ့ ငရုတ်သီးဆော့စ်က အရမ်းအရသာရှိတာ၊ အစ်ကိုဟူ ခဏနေကျရင် မြည်းကြည့်ပါဦး"

ညစာစားပွဲတွင် လုဟူ၏ဇနီးက ငရုတ်သီးဆော့စ်ကို မြင်သောအခါ ပြုံးလိုက်သည်။

"ဒီနေ့ အစ်မလည်း တွေ့တယ်၊ အစက ဝယ်ချင်ပေမဲ့ အရသာမရှိမှာစိုးလို့ မဝယ်ဖြစ်ဘူး၊ အခု မြည်းကြည့်ရတာ ကောင်းတာပေါ့၊ တစ်ကယ်လို့ ကောင်းတယ်ဆိုရင် မင်းအစ်ကို ကုန်ပို့သွားတဲ့အခါ နည်းနည်းယူသွားလို့ရတယ်"

လုဟူ၏မျက်နှာမှာ ကြက်ဟင်းခါးသီးကဲ့သို့ တွန့်လိမ်သွားပြီး ခေါင်းခါလိုက်သည်။

"အဲဒီချဉ်ဖတ်တွေက တကယ်ကိုငန်လွန်းတယ်၊ ကျွတ် ကျွတ် ငါ မစားချင်ဘူး မစားချင်ပါဘူး၊ ရှောင်ဟွမ် မင်း ဟင်းတွေပဲစား၊ ငရုတ်သီးဆော့စ် မစားနဲ့"

ဟွမ်ရှန်းက အားမနာဘဲ ငရုတ်သီးဆော့စ်က တကယ်ကို အရသာရှိသည်ဟု ထင်မြင်နေသည်။ သူက ပေါက်စီတစ်လုံးကိုဖဲ့ကာ အထဲသို့ ငရုတ်သီးဆော့စ်သုတ်လိုက်၏။ အနီရောင် ဆီများက ပေါက်စီထဲသို့ စိမ့်ဝင်သွားပြီး သူ့လက်ပေါ်သို့ ကျလာလေသည်။ သူက လျက်လိုက်ပြီးနောက် ဆော့စ်သုတ်ထားသော ပေါက်စီကို အမြန် ကိုက်စားလိုက်ရာ သူ့မျက်လုံးများ အရောင်လက်သွားလေ၏။

"အရသာရှိလိုက်တာ အစ်ကိုဟူ အစ်ကိုလည်း မြည်းကြည့်ပါဦး"

လုဟူက ငြင်းဆန်လိုသော အမူအရာဖြင့် ကြည့်နေသည်။ အရက်သုံးပတ်လောက် သောက်ပြီးနောက် လုဟူက ငရုတ်သီးဆော့စ်ကို တစ်ကိုက်ကိုက်လိုက်ကာ အထဲမှ အသားခြောက်ကို ဝါးရင်း အရက်တစ်ငုံ သောက်လိုက်၏။ သူ့မျက်နှာမှာ နီမြန်းနေပြီး

"ရှောင်ဟွမ်၊ ငါက ပြောတာမဟုတ်ပါဘူး"

သူတို့နှစ်ဦးသည် ငရုတ်သီးဆော့စ်ကို သူတို့၏အရက်မြည်းရန် ဟင်းတစ်ခွက်အဖြစ် လုံးဝသဘောထားကာ အကုန် စားပစ်လိုက်ကြလေသည်။ အခြားသော မိသားစုများစွာလည်း ငရုတ်သီးဆော့စ်ကို ငြင်းဆန်ရာမှ နှစ်သက်စွာ စားသုံးလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် စွမ်းအားကြီးမားသော ပါဝင်ပစ္စည်း အမျိုးမျိုးပါဝင်သည့် ခေတ်သစ် အမဲသားဆော့စ်ဖြစ်သဖြင့် လူများ၏ အရသာခံဖုများကို ချက်ချင်းပင် သိမ်းပိုက်သွား၏။

နောက်တစ်နေ့တွင် ငရုတ်သီးဆော့စ်များ အကုန်ရောင်းထွက်သွားလေသည်။ ခရိုင်တရားသူကြီး၏ဧည့်ခံကျွေးမွေးမှုမှတစ်ဆင့် ငရုတ်သီးဆော့စ်ကို မမေ့နိုင်သော၊ ခရိုင်တရားသူကြီး အကြံပြုထားသည့် ချမ်းသာသော သို့မဟုတ် ဩဇာအာဏာရှိသောလူများလည်း ရှိကြသည်။ မေဝေ့ကျိုက်ဆိုင်တွင် ရောင်းချနေကြောင်းကြားသောအခါ သူတို့သည် စုံစမ်းရန်လူများကို ချက်ချင်း စေလွှတ်လိုက်ကြသည်။ ချန်းဖူကွေ့သည် ပုံမှန်အားဖြင့် မောက်မာလေ့ရှိသော ဤအစေခံများက ငရုတ်သီးဆော့စ် ဘယ်တော့ရောက်မလဲဟု မေးမြန်းနေကြသည်ကိုမြင်သောအခါ သူ့လက်ကိုင်ပဝါဖြင့် ချွေးများကို ထိတ်လန့်တကြားသုတ်ရင်း ဤလူများကို ခါးညွတ်ကာ အရိုအသေပေးလျက် ပြန်ဖြေနေရ၏။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ အမြန်ဆုံး စင်ပေါ် ပြန်တင်ပေးပါ့မယ်"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး၊ ကျွန်တော် အခုပဲ သွားတိုက်တွန်းလိုက်ဦးမယ်"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

ချန်းဖူကွေ့က အလုပ်သမားအားပြောလိုက်သည်။

"မင်း ဘာရပ်လုပ်နေတာလဲ၊ နွားလှည်းယူပြီး ငရုတ်သီးဆော့စ်သွားယူ”

ချန်းဖူကွေ့မှာ နောင်တများပြည့်နှက်နေလေသည်။ ငရုတ်သီးဆော့စ် ဤမျှအရောင်းသွက်မည်မှန်းသိခဲ့ပါက သူသည် ပထမနည်းလမ်းကို သေချာပေါက် ရွေးချယ်ခဲ့မည်ဖြစ်၏။ အရင်းဈေးဖြင့် ဝယ်ပြီး သူ့လက်မှတစ်ဆင့် ပြန်ရောင်းရန်ပင် ဖြစ်သည်။

‘အခု ရောင်းရတာက တစ်ပုလင်းကို ကြေးပြား ၁ ပြားပဲအမြတ်ရတာ၊ တကယ်လို့ ပထမနည်းလမ်းကို ရွေးချယ်ခဲ့ရင် ကြေးပြား ၈ ပြားတောင် အမြတ်ရနိုင်မှာ’

လင်းယွဲ့က ပထမအရောင်းပုံစံသို့ ပြောင်းလဲရန် သဘောတူမည်လားဟု သူ တွေးလိုက်မိသည်။ သို့သော် လင်းယွဲ့ကို ထောက်ခံပေးထားသော ခရိုင်တရားသူကြီးနှင့် စာရေးကြီးကျိုးတို့ကို တွေးမိသောအခါ ချန်းဖူကွေ့သည် သူ့လောဘစိတ်လေးများကို ဖိနှိပ်ထားလိုက်ရ၏။ ချန်းဖူကွေ့သည် နွားလှည်းဖြင့် ငါးနာရီကြာ ခရီးသွားပြီးနောက် မာယန်ရွာသို့ ရောက်ရှိလာသောအခါမှသာ စိတ်ကို ပြန်လည်စုစည်းနိုင်လေသည်။

“လင်းယွဲ့အိမ်က ဘယ်မှာလဲ၊ ငရုတ်သီးဆော့စ်တွေ ကျန်သေးရဲ့လား”

သူက ရွာသားများကို အမြန်မေးမြန်းပြီး ဝမ်ကျစ်၏လမ်းညွှန်မှုဖြင့် လင်းယွဲ့အိမ်သို့ မောင်းသွားလေသည်။ လင်းယွဲ့သည် တံခါးဝတွင်ထိုင်ကာ စာရေးကျင့်နေသည်ကို မြင်သောအခါ သူက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။

"အဖွားရယ် ဒီလောက်အချိန်ရနေသေးတာလား၊ ဟိုငရုတ်သီးဆော့စ်တွေ အကုန်ရောင်းကုန်ပြီ၊ အခု လက်ကျန်ရှိသေးရဲ့လား"

"ရောင်းကုန်ပြီလား"

လင်းယွဲ့သည် ပုလင်းများပေါ်တွင် စက္ကူနီများကို ကပ်လိုက်သည်။

"နည်းနည်းတော့ ကျန်သေးတယ်ထင်တယ်"

မည်သို့ပင်ဆိုစေ ဤခေတ်သစ် ငရုတ်သီးဆော့စ်တွင် ကြာရှည်ခံပစ္စည်းများ ပါဝင်သဖြင့် ပုပ်သိုးသွားမည် မဟုတ်ပေ။ လင်းယွဲ့သည် ပထမအသုတ်ကို ပို့ဆောင်ပြီးကတည်းက ဒုတိယအသုတ်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ အရောင်းသွက်မည်ဟု မျှော်လင့်ထားသော်လည်း ဤမျှမြန်မြန် ရောင်းကုန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ လင်းယွဲ့က မီးဖိုချောင်ဘက်သို့ လက်ညှိုးထိုးပြလိုက်ရာ ချန်းဖူကွေ့သည် မရပ်မနား အမြန်ပြေးဝင်သွားလေသည်။

"အများကြီးပဲ၊ လောက်တယ် လောက်တယ်"

ချန်းဖူကွေ့ သက်ပြင်းချလိုက်ပြီး အလုပ်သမားနှင့်အတူ နွားလှည်းပေါ်သို့ အမြန်သယ်တင်လေရာ လင်းယွဲ့က မေးလိုက်သည်။

"နေဦးလေ၊ ပိုက်ဆံကရော"

"ကျွန်တော် သေချာပေါက် အလိမ်အညာမလုပ်ပါဘူး"

ချန်းဖူကွေ့က သူ့အင်္ကျီရင်ဘတ်ထဲမှ ကြေးပြားများကို ထုတ်ယူကာပြောလိုက်သည်။

"စုစုပေါင်း ၂၈ပုလင်း၊ တစ်ပုလင်းကို ၁၅ ပြား၊ ကျွန်တော့်အတွက် တစ်ပုလင်းကို တစ်ပြားစီနှုတ်ပြီးတော့ စုစုပေါင်း ကြေးပြား ၃၉၂ပြား ရေကြည့်ပါဦး၊ မှန်ရဲ့လား"

"မှန်ပါတယ်"

အနီးအနားမှကြည့်နေသော ဝမ်ကျစ်မျက်လုံးများ ပြူးကျယ်သွားလေ၏။ လင်းယွဲ့သည် ခရိုင်တရားသူကြီး၏ အကြံပြုချက်ဖြင့် ခရိုင်မြို့တော်တွင် ပစ္စည်းများ ရောင်းချမည်ဖြစ်ကြောင်း ရွာသူကြီးပြောသည်ကို သူ ကြားခဲ့ဖူးသည်။ သို့သော် သူတို့အားလုံးက ရွာသူကြီး ကြွားနေသည်ဟုသာ ထင်နေခဲ့ကြ၏။

‘သူမက ခရိုင်မြို့တော်မှာ တကယ်ပဲ ပစ္စည်းတွေ သွားရောင်းနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ပြီးတော့ သူတို့စကားတွေကို နားထောင်ရတာ၊ သူမက နှစ်ရက်အတွင်းမှာ ကြေးပြား ၃၉၂ပြားတောင်ရခဲ့တယ်ဆိုတော့ အဲဒါက သူတို့မိသားစုအတွက် ခြောက်လစာနေထိုင်စရိတ်ပဲလေ’

ဝမ်ကျစ်ခေါင်းများ အနည်းငယ် မူးဝေသွားလေသည်။ လင်းယွဲ့ အရည်အချင်းရှိမှန်းသိသော်လည်း တကယ့် ရွှေငွေများ လင်းယွဲ့လက်ထဲသို့ ဝင်ရောက်လာသည်ကို မြင်ရခြင်းက ပိုမိုကြီးမားသော သက်ရောက်မှုရှိလေ၏။ မိုးမချုပ်မီမှာပင် လင်းယွဲ့ ခရိုင်မြို့တော်တွင် ကုန်ပစ္စည်းများ ရောင်းချကာ ချမ်းသာသွားပြီဟူသော သတင်းမှာ ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားလေသည်။

"ဒီမိန်းမက တကယ်ကိုသာမန်မဟုတ်ဘူးပဲ"

"ငါ အစကတည်းက သိသားပဲ"

"သူက အပျိုပဲရှိသေးတာလေ၊ ငါ့သားကိုများ သူသဘောကျမလား မသိဘူး”

"မင်းသားကို ရွှေကွပ်ထားရင်တောင် အလုပ်လုပ်ချင်မှာ မဟုတ်ဘူး၊ မင်း မသိဘူးလား၊ မြို့တော်က....."

လင်းယွဲ့က ဤကောလာဟလများကို ဂရုမစိုက်ပေ။ သူမသည် တာ့ကွမ်ဘုန်းကြီးကျောင်းတွင် ရောင်းချရန် အချိုပွဲများကို သုတေသနလုပ်နေလေသည်။ သူမသည် အချိုရည်ကို အသုံးပြုချင်ပြီး ချန်မိသားစုအချိုပွဲဆိုင်၏ပြိုင်ဘက်တစ်ဦး ဖြစ်လာကာ သူတို့ဆိုင်ကို အနိုင်ယူချင်နေ၏။ ရုတ်တရက် လင်းယွဲ့စိတ်ထဲတွင် အချိုရည်တစ်မျိုး ပေါ်လာလေသည်။

All Chapters