← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

Ch-89

"ညီမလေး၊ အခုက ပိုက်ဆံရှာရမယ့် အချိန်လေ၊ ဘယ်လိုလုပ် ကုန်သွားလို့ရမှာလဲ"

ချန်းဖူကွေ့က စိုးရိမ်တကြီးပြောလိုက်သည်။

"လူတွေထပ်ငှားပြီး ပိုလုပ်ပါလား၊ ဒီငရုတ်သီးဆော့စ်က တကယ်ကို သူ့ဟာသူ ရောင်းရတာလေ"

လင်းယွဲ့က သူ့ကိုပြုံးကာ ကြည့်လိုက်သည်။

"ဆိုင်ရှင် အခွင့်အရေးသစ်များရှိနေလို့လား"

မဟုတ်လျှင် သူ့ဟာသူရောင်းရမည်ဟု သူက ဘာကြောင့်အာမခံရမည်နည်း။

"ဟီးဟီးဟီး ညီမလေးက တကယ်ကို အမြော်အမြင်ကြီးတာပဲ၊ ညီမလေးကိုတော့ ဖုံးထားလို့မရတော့ဘူး ထင်တယ်"

ချန်းဖူကွေ့က ပြောလိုက်သည်။

"ညီမလေးရဲ့ငရုတ်သီးဆော့စ်ကို 'ယုံအန်း' ကုန်သွယ်ရေးလုပ်ငန်းက သဘောကျသွားပြီး အကုန်ဝယ်သွားတာလေ"

"ယုံအန်း ကုန်သွယ်ရေးလုပ်ငန်းဟုတ်လား"

"ညီမလေး မကြားဖူးဘူးလား၊ ယုံအန်း ကုန်သွယ်ရေးလုပ်ငန်းက တာယုံမင်းဆက်တစ်ခွင်လုံးမှာ ရှိတာလေ၊ ခရိုင်ထဲက ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနက သူတို့လက်အောက်မှာရှိတာ၊ ယုံအန်း ကုန်သွယ်ရေးလုပ်ငန်းက အထည်ဆိုင်တွေ၊ ဆန်ဆိုင်တွေ၊ လက်ဝတ်ရတနာဆိုင်တင်သာမက ဘဏ်တွေ၊ ကုန်ပစ္စည်းပို့ဆောင်ရေးဌာနတွေ ပါ အကုန်လုပ်တာ၊ သူတို့ရဲ့ငွေစက္ကူတွေကို နေရာတိုင်းမှာ လဲလှယ်လို့ရတယ်"

"အဲဒီလောက်တောင် အံ့ဩစရာကောင်းတာလား"

လင်းယွဲ့သည် ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနအကြောင်းကို ကြားဖူး၏။ ပြီးခဲ့သည့်အကြိမ်က ယုံအန်း ကုန်ပစ္စည်းပို့ဆောင်ရေးဌာနက ကျန်းရှစီရင်စုသို့ ရိက္ခာများပို့ဆောင်စဉ် သူမ၏လက်ဖက်ရည်ဆိုင်ကို ဖြတ်သွားခဲ့သည်။ ထိုအချိန်က အစောင့်များက လျံဖန်အများအပြား စားသွားခဲ့ကြပြီး ၎င်းမှာ သူမ၏ပထမဆုံး အော်ဒါကြီး ဖြစ်ခဲ့၏။

‘ဒါပေမဲ့ အခုယုံအန်း ကုန်သွယ်ရေးလုပ်ငန်းက သူမရဲ့ငရုတ်သီးဆော့စ်ကို စိတ်ဝင်စားနေတာလား’

"ညီမလေး မသိဘူးလား၊ ယုံအန်း ကုန်သွယ်ရေးလုပ်ငန်းရဲ့ နောက်ကွယ်မှာ တော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံရှိတယ်လေ၊ မဟုတ်ရင် ဘယ်လိုလုပ် အဲဒီလောက် အံ့ဩစရာကောင်းနိုင်မှာလဲ"

ချန်းဖူကွေ့က ပြောလိုက်သည်။

"တတိယမင်းသားကိုရော ညီမလေးသိလား၊ မိဖုရားကြီးယုံကွေ့ရဲ့ တရားဝင် သားတော်လေ၊ လက်ရှိမှာ ပထမမင်းသားက တရားမဝင်ဘူး၊ ဒုတိယမင်းသားက ခြေထောက်ကျိုးသွားပြီဆိုတော့ တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့ပဲ အင်အားအကောင်းဆုံးဖြစ်နေတာ၊ လူတိုင်းက တတိယမင်းသားက နောက်ထပ် အိမ်ရှေ့စံဖြစ်လာလိမ့်မယ်လို့ ပြောနေကြတာ"

လင်းယွဲ့ အခုမှသိတော့သည်။

"ဆိုင်ရှင်က နန်းတွင်းရေးရာတွေကိုတောင် ဆွေးနွေးရဲတာလား"

"အိုး ညီမလေးရယ်"

ချန်းဖူကွေ့ လန့်သွားသည်။

"ဒါက လူတိုင်းသိတဲ့ကိစ္စပဲလေ၊ ဘယ်လိုလုပ် နန်းတွင်းရေးရာတွေကို ဆွေးနွေးတာ ဖြစ်ရမှာလဲ"

"ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေး ဌာနရဲ့ ကြီးကြပ်ရေးမှူးက ပြောတယ်၊ ညီမလေးရဲ့ ငရုတ်သီးဆော့စ်က အရသာရှိပြီး ထူးခြားတယ်၊ လမ်းခရီးမှာ အစောင့်တွေ ရိက္ခာခြောက်တွေနဲ့ တွဲစားဖို့ သင့်တော်တယ်ဆိုပြီး အကုန်ဝယ်သွားတာ"

ချန်းဖူကွေ့က ပြောပြလိုက်သည်။

"ဒါကြောင့် ညီမလေးဆီမှာ ထပ်ရှိသေးလား၊ ကျွန်တော့်ကို ပိုပေးပါ၊ ယုံအန်း ကုန်ပစ္စည်းပို့ဆောင်ရေးဌာနရဲ့ ကြီးကြပ်ရေးမှူးက ညီမလေးဆီမှာရှိသမျှ အကုန်ယူမယ်လို့ပြောတယ်"

"ယုံအန်းကုန်သွယ်ရေးလုပ်ငန်း မဟုတ်ဘူးလား၊ ဘာလို့ ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနရဲ့ ကြီးကြပ်ရေးမှူးက လိုချင်ရတာလဲ"

"ရှီထိုင်ခရိုင်မှာ ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးငှာန တစ်ခုပဲရှိတာလေ၊ ငါတို့ ရှီထိုင်ခရိုင်က အဓိကသယ်ယူပို့ဆောင်ရေး လမ်းကြောင်းပေါ်မှာရှိနေလို့ ကံကောင်းပြီး အကျိုးခံစားရတာ၊ တခြားခရိုင်တွေမှာ ယုံအန်း ကုန်သွယ်ရေးလုပ်ငန်းရဲ့ဆိုင်ခွဲတွေ မရှိဘူး၊ လျန်စီရင်စုအထိ သွားရှာမှရမှာ”

"ယုံအန်းကုန်သွယ်ရေးလုပ်ငန်းဆိုတာ ကြီးမားတဲ့ ကုန်သွယ်ရေးလုပ်ငန်းကြီးလေ၊ ဘာလို့ ဒီလိုကိစ္စသေးသေးလေးတွေကို အာရုံစိုက်နေမှာလဲ၊ ညီမလေးရဲ့ ငရုတ်သီးဆော့စ်ကို ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနက သတိထားမိသွားတာကိုက တကယ့်ကိုကံကောင်းလွန်းတာ"

ဤမျှကံကောင်းမှုကြီးနှင့် ကြုံရသော်လည်း လင်းယွဲ့မှာ တစ်နေ့လျှင် ရှစ်ပုလင်းသာထုတ်လုပ်နိုင်သည်။

"မရဘူး၊ ကျွန်မ ဒီလောက်ပဲထုတ်နိုင်တယ်"

"ဘာတွေများ လိုအပ်လို့လဲ၊ ကျွန်တော့်ရဲ့မေဝေ့ကျိုက်ဆိုင်မှာ ရှီထိုင်ခရိုင်ရဲ့ အထူးကုန်ပစ္စည်းတွေ အကုန်စုစည်းထားတယ်ဆိုတာ ညီမလေးလည်းသိတာပဲ၊ အရမ်းကြီး ရခက်တာမဟုတ်ဘူးဆိုရင် ကျွန်တော်ရှာပေးနိုင်ပါတယ်"

လင်းယွဲ့က တစ်စက္ကန့်မျှပင် မစဉ်းစားဘဲ တွေးလိုက်သည်။

'ငရုတ်သီးတွေ၊ အခုချိန်ဆို အမေရိကတိုက်မှာပဲ ရှိလောက်ဦးမယ်၊ ဒါမှမဟုတ် ဒီကိုရောက်လာရင်တောင် အလှစိုက်ပင်တွေအဖြစ်ပဲ သုံးကြဦးမှာ၊ အမဲသားဆိုရင်လည်း တရားဝင် အရောင်းအဝယ်လုပ်ဖို့အတွက် မှတ်ပုံတင်ရဦးမယ်’

လင်းယွဲ့က ချန်းဖူကွေ့ကိုကြည့်ကာ ခေါင်းခါလိုက်သည်။

"ဆိုင်ရှင် ရှာနိုင်မှာမဟုတ်ပါဘူး"

ဤစကားက ချန်းဖူကွေ့၏ယှဉ်ပြိုင်လိုစိတ်ကို နှိုးဆွလိုက်လေသည်။ သူသည် လမ်းဘေးဈေးသည်ဘဝမှ စတင်ခဲ့ပြီး ရှီထိုင်ခရိုင်၏မြေပြင်ကို ခြေတစ်လှမ်းချင်းတိုင်းတာခဲ့သည်ဟု ပြောလျှင်ပင် ပိုမည်မထင်ပေ။ ယခုဆိုလျှင် ရှီထိုင်ခရိုင်တွင် အကြီးဆုံးဆန်ဆိုင်ကြီးကို ဖွင့်လှစ်နိုင်သည်အထိ တက်လှမ်းလာခဲ့သူဖြစ်သည်။ သူသည် ယုံအန်း ကုန်သွယ်ရေးလုပ်ငန်းကို မယှဉ်နိုင်သော်လည်း ရှီထိုင်ခရိုင်တွင် လေးစားခံရသော စီးပွားရေးသမားတစ်ဦးဖြစ်နေပြီ ဖြစ်သည်။

‘ငါ ဘယ်လိုလုပ်မရှာနိုင်ရမှာလဲ’

"ညီမလေး တကယ်ဘာလိုတာလဲ၊ ကျွန်တော့်ရဲ့ဩဇာလွှမ်းမိုးမှုက ညီမလေး ထင်ထားတာထက် ပိုကောင်းပိုနေလိမ့်မယ်"

"လျှို့ဝှက်ချက်"

ချန်းဖူကွေ့က ပတ်လည်ကိုကြည့်လိုက်သည်။

"ဒီမှာ ထူးခြားတာဘာမှမတွေ့ပါဘူး၊ ဒါနဲ့ ညီမလေးက ငရုတ်သီးဆော့စ်တွေကို အမြဲတမ်း ဘယ်မှာလုပ်တာလဲ၊ နေလှန်းဖို့ ဒါမှမဟုတ် ဆော့စ်စိမ်ဖို့နေရာ ဘာတစ်ခုမှ မတွေ့ပါလား"

လင်းယွဲ့မျက်လုံးများ တစ်စက္ကန့်မျှ တုန်ခါသွားပြီး ဤသည်မှာ သူမ၏အမှားဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူမက နောက်ပြောင်သလိုဖြင့် ပြောလိုက်၏။

"နတ်မင်းကြီးက အိပ်မက်ထဲမှာပေးသွားတာလေ"

ဘေးမှ တာ့ယာက လင်းယွဲ့ကို လှမ်းဆွဲလိုက်ပြီး စိုးရိမ်တကြီးကြည့်နေသည်။

“ယောင်းမက ချန်းဖူကွေ့ကို ဘယ်လိုလုပ် အမှန်တိုင်းပြောပြလိုက်ရတာလဲ၊ တစ်ကယ်လို့ သူက နတ်မင်းကြီးကို လုယူဖို့ကြိုးစားရင် ဘယ်လိုလုပ်မလဲ၊ သူတို့ နိုင်ပါ့မလား”

"ဟားဟားဟား ညီမလေးပျော်ရင် ပြီးတာပါပဲ"

ချန်းဖူကွေ့က ထိုနောက်ပြောင်မှုကို အလွန်ရယ်စရာကောင်းသည်ဟု ထင်ဟန်ဖြင့် နှုတ်ခမ်းတွန့်ကာ ရယ်လိုက်သည်။ သူက ဆက်ပြောလိုက်၏။

"ညီမလေး၊ ကျွန်တော့်ကို တည့်ပဲပြောပါ၊ တစ်လကို ဘယ်နှစ်ပုလင်းပေးနိုင်မလဲ"

"ပုလင်း ၂၀၀ အများဆုံးပဲ"

"ဒီလထဲမှာ ပုလင်း ၃၀၀ ကျော်တောင် ပေးခဲ့တယ်မဟုတ်လား"

"လက်ကျန်ကုန်သွားလို့ပါ"

ဆိုင်ရှင်ချန်းမှာ ငိုတော့မည့်ပုံပေါက်နေရာ လင်းယွဲ့က သူ့ကိုနှစ်သိမ့်လိုက်၏။

"ဆိုင်ရှင် ဆာလောင်အောင်လုပ်ပြီး ရောင်းချတဲ့ နည်းဗျူဟာအကြောင်း ကြားဖူးလား"

ဆိုင်ရှင်ချန်းက ခေါင်းခါလိုက်ရာ လင်းယွဲ့က နည်းဗျူဟာအကြောင်းရှင်းပြလိုက်၏။

‘ဆိုင်ရှင်ချန်းက တစ်ပုလင်းကိုကြေးပြားတစ်ပြားပဲ မြတ်တာ၊ ဘာတွေများ ဒီလောက် စိုးရိမ်နေရတာလဲ’ဟု သူမ တွေးလိုက်မိသည်။

ချန်းဖူကွေ့၏ခေါင်းများ မူးဝေနေလေသည်။ သူသည် ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနသို့ ရောင်းချခဲ့ပြီး ဌာနက အကုန်ဝယ်ယူကာ သူ့အားတစ်ပုလင်းလျှင် ကြေးပြားသုံးပြား အပိုဆောင်းပေးခဲ့၏။ ဤလအတွင်း သူသည် ငွေတစ်တေးကျော်ရရှိခဲ့ပြီး ၎င်းမှာ သူ နေရာအနှံ့ ဆန်ရောင်းဝယ်နေရသည်ထက် အများကြီး ပိုမို တွက်ခြေကိုက်ပေသည်။

'ဒီလောက်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကို မင်းက နည်းနည်းလေးတောင် ပိုပြီးအလေးအနက်မထားနိုင်ဘူးလား' ဟု သူ တွေးလိုက်မိသည်။

သို့သော် လင်းယွဲ့မှာ တကယ်ကိုအခြားနည်းလမ်းမရှိသည်အား မြင်သောအခါ သူက သက်ပြင်းချကာ

"ရှိသလောက်သာ ပေးပါတော့"

လင်းယွဲ့ လက်ဖြန့်ပြလိုက်သည်။

"နောက်ငါးရက်နေမှ ရတော့မယ်"

ချန်းဖူကွေ့မှာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားသော်လည်း လင်းယွဲ့မှာမူ သူ့စကားကြောင့် သတိဝင်လာခဲ့သည်။

‘လူတွေအထဲကို ချောင်းမကြည့်နိုင်အောင် မီးဖိုချောင်ဘေးမှာ ခြံဝင်းတစ်ခု ဆောက်ထားတာ အကောင်းဆုံးပဲ၊ ပစ္စည်းတွေ အကုန်လုံးကို အဲဒီကနေ ထုတ်ယူလိုက်ရင် သူမအခုလေးတင် လုပ်ပြီးသွားသလို ဖြစ်သွားလိမ့်မယ်၊ အဲဒါဆိုရင် တခြားလူတွေရဲ့ သံသယကိုလည်း လျှော့ချပေးနိုင်လိမ့်မယ်’

အချိန်ဆွဲနေ၍မရတော့ဟု လင်းယွဲ့ ခံစားလိုက်ရသဖြင့် ဝမ်တာ့ကျန်းအား ရွှံ့အုတ်များဖြင့် အမြင့်သုံးမီတာရှိသော ခြံဝင်းတစ်ခု ဆောက်လုပ်ရန် အမြန်ခေါ်လိုက်သည်။ သုံးရက်မတိုင်မီမှာပင် ပြီးစီးသွားလေ၏။ လင်းယွဲ့က ကျေးဇူးဆပ်သည့်အနေဖြင့် ကြေးပြား တစ်ရာပေးသော်လည်း ဝမ်တာ့ကျန်းက တွန်းဖယ်လိုက်သည်။

"ညီမလေး၊ ငါ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ၊ ခြံဝင်းလေး ဆောက်ပေးရုံနဲ့ ငါက ဘာလို့ ပိုက်ဆံယူရမှာလဲ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ညီမလေးပေးခဲ့တဲ့ နို့မှုန့်တွေကြောင့် ငါ့သားလေးဝလာပြီး ညီမလေးရဲ့အစ်မလည်း စိတ်ပူစရာ မလိုတော့ဘူးလေ၊ ငါက ညီမလေးကို ကျေးဇူးတင်နေတာ ပိုက်ဆံ မယူဘူး"

စကားများများမပြောတော့ဘဲ ဝမ်တာ့ကျန်းက ဒေါသတကြီးဖြင့်ထွက်သွားလေ၏။ မိနစ်အနည်းငယ်အကြာတွင် သူ ပြန်ရောက်လာပြီး သူ့လက်ထဲတွင် ငါးတစ်ကောင်ကို ကိုင်ထားသည်။

"ညီမလေး သင်ပေးတဲ့ နည်းလမ်းအတိုင်းဖမ်းတာ ငါးတွေ အများကြီးရတယ်၊ ဒီတစ်ကောင်က တာ့ယာနဲ့ ကုတန် စားဖို့"

ပြောပြီးသည်နှင့် သူက ခေါင်းမာသော အမူအရာဖြင့် ပြန်ထွက်သွားလေ၏။ လင်းယွဲ့က သူတို့ကိုရင်းနှီးသူများအဖြစ် မဆက်ဆံဘူးဟု ခံစားရသဖြင့် သူတို့စိတ်ခုသွားကြမှန်း သူမ သိသည်။ သို့သော် သူစိတ်ခုနေသော်လည်း သူမအား ငါးတစ်ကောင်ပေးခဲ့သေး၏။

ဤခံစားချက်မှာ အသစ်အဆန်းဖြစ်ပြီး လင်းယွဲ့၏ နှလုံးသားကို နွေးထွေးပြီး နူးညံ့သွားစေသည်။ အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး တစ်နေ့တွင် လင်းယွဲ့သည် အိမ်တွင်ထိုင်နေစဉ် သစ်မွှေးပန်းရနံ့သင်းသင်းလေးများ နှာခေါင်းထဲသို့ လွင့်ပျံလာသည်ကို ရလိုက်ရာ ဆောင်းဦးရာသီရောက်လာပြီဖြစ်ကြောင်း သဘောပေါက်လိုက်၏။

ကုတန်မှာလည်း စိုက်ပျိုးရေး အလုပ်များသောရာသီဖြစ်သဖြင့် ကျောင်းပိတ်လေသည်။ သို့သော်လည်း သူသည် နေ့စဉ် စာအုပ်များထဲတွင်သာ မျက်နှာအပ်နေဆဲ ဖြစ်သည်။

‘သစ်မွှေးပန်းက ကောင်းတဲ့အရာပဲ’

လင်းယွဲ့သည် ပင်လုံးကြိုင်ပန်းများခူးရန် တာ့ယာကို စိတ်လှုပ်ရှားစွာခေါ်လိုက်သည်။ သူမသည် အိမ်တွင်ကျန်ရှိနေသော အိပ်ရာခင်းများကိုယူကာ တောင်ငယ်လေးဆီသို့ လျှောက်သွားလေ၏။ စိုက်ပျိုးရေးအလုပ်များသော ရာသီဖြစ်သဖြင့် တောင်ပေါ်သို့တက်သူမရှိလုနီးပါးပင်။ လင်းယွဲ့သည် တောင်ပေါ်ရှိ တောသစ်အယ်သီးများမှည့်နေပြီး မြေပေါ်တွင် ပြန့်ကျဲနေသည်ကို ဦးစွာ တွေ့လိုက်ရ၏။ လင်းယွဲ့က အစိမ်းရောင်ဆူးများပါသော အပြင်ခွံကို ခြေဖြင့်နင်းကာ သစ်အယ်သီးများကို ထုတ်ယူပြီး သူမကျောပိုးခြင်းထဲသို့ ပစ်ထည့်လိုက်သည်။

‘သစ်အယ်သီးကြက်သားဟင်းက အရမ်းအရသာရှိတာ၊ ဒီည ချက်ကျွေးမယ်’

တွေးရင်းဖြင့်ပင် လင်းယွဲ့သွားရည်ကျလာသည်။

"ပြီးတော့ သစ်အယ်သီးကိတ်မုန့်ကလည်း အရသာရှိတယ်"

"ကိတ်မုန့်လား"

တာ့ယာက လင်းယွဲ့ကိုနားမလည်နိုင်စွာ စိုက်ကြည့်နေသည်။

"ဟားဟားဟား အရသာရှိတဲ့ဟာတွေလေ"

သစ်အယ်သီး ကိတ်မုန့်ပြုလုပ်ရသည်မှာ အလွန်ရိုးရှင်းသည်။ သစ်အယ်သီးများကိုအနှစ်ဖြစ်အောင် ထောင်းပြီး အပေါ်မှ ခရင်မ်တစ်ထပ်တင်လိုက်ရုံသာ ဖြစ်၏။ သို့သော် အနှစ်ဖြစ်အောင် ထောင်းရသည်မှာ အလွန်ခက်ခဲသဖြင့် သစ်အယ်သီးသကြားလုံး ပြုလုပ်သည်က ပိုကောင်းပေသည်။

ကျေးလက်ဒေသတွင် အများအားဖြင့် ပြုလုပ်လေ့ရှိသည်မှာ သကြားကြော် သစ်အယ်သီးများမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သကြားကြော် သစ်အယ်သီးများ ပြုလုပ်ရန် ပထမဆုံး ပင်လယ်ဆားဖြင့်ကြော်ပြီးမှ သကြားအဖြူထည့်ရသောကြောင့် ဖြစ်သည်။ သကြားဖြင့် တိုက်ရိုက်ကြော်ပါက သစ်အယ်သီး၏အပြင်ဘက်တွင် စေးကပ်နေသော သကြားခွံတစ်ခုသာ ရရှိမည်ဖြစ်သည်။ ထို့ကြောင့် လင်းယွဲ့ ငယ်စဉ်က သူမတွေ့ရှိသော သစ်အယ်သီးများကို သကြားရည်ထဲတွင်ပြုတ်လေ့ရှိ၏။

ပြုတ်ထားသော သစ်အယ်သီးများမှာ နူးညံ့၊ စေးပိုင်ပြီး ချိုမြိန်ကာ အထူးကို အရသာရှိလှပေသည်။ လင်းယွဲ့သည် ၎င်းတို့အစိမ်းရောင်ဆူးများပါသော အခွံများမှ အက်ကွဲထွက်နေသည့် သစ်အယ်သီး အားလုံးကို သူမကျောပိုးခြင်းထဲသို့ စုထည့်လိုက်၏။ မကြာမီမှာပင် ခြင်းတောင်း၏တစ်ဝက်နီးပါး ပြည့်သွားလေသည်။

All Chapters