← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

Ch-98

ချန်ဖူကွေ့ ခေါင်းကုတ်လိုက်သည်။

"ဒီလိုလေ ညီမလေးရဲ့ငရုတ်သီးဆော့စ်က အရေအတွက်သိပ်မများဘူး၊ ပြီးတော့ ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေး ဌာနကလည်း အကုန်ဝယ်သွားတယ်၊ ဒီနေရာက အလကားဖြစ်နေမှာစိုးလို့၊ ကျွန်တော်လည်း ငရုတ်သီးနဲ့ လုပ်ထားတဲ့ ဟင်းပွဲလေးတွေလုပ်ပြီး ဒီမှာလာထားဖို့ လူတစ်ယောက်ကိုခိုင်းလိုက်တာ"

"အကုန်ဝယ်သွားတာလား"

"ဟုတ်တယ်"

ချန်ဖူကွေ့ ပြန်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငရုတ်သီးဆော့စ်တွေ အကုန်ရောင်းရတယ်၊ ပြီးတော့ ဈေးကလည်း သဘောတူထားပြီးသားဆိုတော့ ညီမလေး ဘာမှမရှုံးပါဘူး"

သို့သော် လင်းယွဲ့က ကျုံးဟွာတံဆိပ်ကို နာမည်ကြီးလာစေရန် ငရုတ်သီးဆော့စ်ကို အသုံးပြုချင်ခဲ့ပြီး နောက်ပိုင်းတွင် ကုန်ပစ္စည်းများ ထပ်မံထုတ်လုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းမှာ အရေးအကြီးဆုံးကိစ္စမဟုတ်ပေ။ လင်းယွဲ့ ပြောလိုက်သည်။

"ဆိုင်ရှင် ကျွန်မ စပါး၁၅ရှစ်လောက် လိုချင်တယ်၊ ရှာပေးနိုင်မယ့် အဆက်အသွယ်များ ရှိမလား"

"ဒါက အခုနေရာတိုင်းမှာ ဝယ်ယူခွင့် ကန့်သတ်ထားတယ်လေ"

ချန်ဖူကွေ့ တွေဝေသွားသော်လည်း သူ့သဘောထားကို ကြည့်ခြင်းအားဖြင့် သူ၌ နည်းလမ်းရှိနိုင်ကြောင်း လင်းယွဲ့ ခံစားလိုက်ရသည်။

"ကျွန်မတို့ရဲ့ခင်မင်မှုကို ထောက်ထားပြီးတော့ ဆိုင်ရှင်ချန် ကျွန်မကို ကူညီပေးပါ"

လင်းယွဲ့ ပြောလိုက်သည်။

"အခွန်တွေတိုးလာမယ့် သတင်းကို လူအတော်များများ သိထားလောက်ပြီ၊ ဒါပေမဲ့ ခရိုင်မြို့တော်ကလူတွေက ငွေပဲ ပေးရမှာ၊ ကောက်ပဲသီးနှံပေးစရာ မလိုဘူး၊ ဒါပေမဲ့ ကျေးလက်ကလူတွေအတွက်ကတော့ မတူဘူး၊ ကျွန်မမှာ လယ်မရှိရင်တောင်မှ စပါးပေးရဦးမှာပဲ”

"ကျွန်မက နောက်ပိုင်းမှာ တည်ငြိမ်တဲ့ ဘဝတစ်ခုရဖို့အတွက် ငရုတ်သီးဆော့စ်ကို ပိုပြီးတည်တည်ငြိမ်ငြိမ်ထုတ်လုပ်နိုင်ဖို့အတွက်ပါ ဒါကိုလုပ်ရတာ၊ အဲဒါကြောင့် စပါးကိုပိုဝယ်ချင်တာ၊ အနည်းဆုံးတော့ နောက်ပိုင်းအတွက် ရိက္ခာကို အာမခံချက်ရှိတာပေါ့"

ဤစကားများမှာ နူးညံ့မှုနှင့် ခိုင်မာမှုတို့ကို ရောနှောထားခြင်းဖြစ်၏။ ချန်ဖူကွေ့ကလည်း လင်းယွဲ့နှင့် ရေရှည်တည်တံ့ပြီး တည်ငြိမ်သော ကုန်သွယ်ရေး ဆက်ဆံရေးမျိုးရှိလိုပေသည်။

"ကောင်းပြီ၊ ကျွန်တော် နည်းလမ်းရှာကြည့်ပါ့မယ်"

ချန်ဖူကွေ့၏မေဝေ့ကျိုက်ဆိုင်မှာ အဓိကအားဖြင့် ဟင်းသီးဟင်းရွက်၊ အသားနှင့် ဥများကိုသာ အရောင်းအဝယ် လုပ်သော်လည်း အဆင့်မြင့် အရာရှိများနှင့် မင်းမျိုးမင်းနွယ်များအတွက် အရည်အသွေးမြင့် ဆန်ချောများကိုလည်း ထောက်ပံ့ပေးလေ့ရှိ၏။ သူ၌ တကယ်ပင် အဆက်အသွယ်များရှိပေသည်။

"ဒါပေမဲ့ ဒီတစ်ခါပဲနော်၊ အနာဂတ်မှာ စပါးဈေးတွေ သေချာပေါက်တက်လာတော့မယ်၊ ပြီးတော့ နေရာတိုင်းမှာ ဝယ်ယူခွင့် ကန့်သတ်ထားတယ်၊ ကျွန်တော်ကလည်း စည်းကမ်းဖောက်တဲ့သူမဖြစ်ချင်ဘူး၊ ဒီတစ်ခါပဲ ကူညီပေးမယ်"

လင်းယွဲ့ ခေါင်းကို အဆက်မပြတ်ညိတ်ပြလိုက်၏။ ချန်ဖူကွေ့ အပြင်ထွက်သွားပြီး မကြာမီမှာပင် စပါးများတင်ဆောင်လာသော နွားလှည်းနှစ်စီးရောက်ရှိလာလေသည်။

"တစ်တိုကို ကြေးပြား ၁၀၅ ပြား၊ စုစုပေါင်း ၁၅ တေးနဲ့ ကြေးပြား ၇၅၀"

လင်းယွဲ့ရောက်လာစဉ်က အခြားဆန်ဆိုင်များ၏ အပြင်ဘက်တွင်ပြသထားသော ဈေးနှုန်းများမှာ တစ်တိုလျှင် ကြေးပြား ၁၂၅ပြားအထိရောက်နေပြီဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ချန်ဖူကွေ့ ပေးသောဈေးမှာ အရင်းဈေးဖြစ်ကြောင်း သိသာလှပေသည်။ လင်းယွဲ့က ငွေပေးချေလိုက်ပြီးနောက် ပြုံး၍ ပြောလိုက်၏။

"ဆိုင်ရှင် ကူညီတဲ့အလုပ်ကို အဆုံးထိ လုပ်ပေးပါလား၊ ဆိုင်ရှင်ရဲ့ နွားလှည်းနဲ့ စပါးတစ်ဝက်ကို ဒီနေ့ ကျွန်မအိမ်ကိုပို့ပေးလို့ ရမလား"

"ညီမလေးကတော့ လုပ်ချလိုက်ပြန်ပြီ"

ချန်ဖူကွေ့က သူ့နဖူးကိုပွတ်သပ်လိုက်သည်။

"နောက်တစ်ခါ ညီမလေးဆီမှာ ပစ္စည်းကောင်းတွေရှိရင် ကျွန်တော့်ကိုမမေ့နဲ့နော်"

"သေချာပေါက်ပေါ့"

လင်းယွဲ့သည် ဆန်ဆိုင်သို့ အမြန်သွားလိုက်သည်။ ဤအချိန်တွင် တာ့ကျန်းနှင့် အခြားနှစ်ယောက်မှာ လူတန်း၏ အရှေ့သို့ မရောက်သေးပေ။

"ဆက်မတန်းစီနဲ့တော့ လှည်းမောင်းပြီး ကျွန်မနောက်ကို လိုက်ခဲ့၊ မေဝေ့ကျိုက်ကို သွားမယ်"

တာ့ကျန်းသည် ဆန်၁၅အိတ်ကို ကြည့်ကာ အလွန်အမင်း အံ့ဩသွားပြီး လက်မထောင်ပြလိုက်သည်။

"တော်လိုက်တာ"

"မြန်မြန် တင်ကြ"

ကြီးမားသော စိုးရိမ်ပူပန်မှုကြီးတစ်ခုကို ဖြေရှင်းပြီးနောက် လင်းယွဲ့ အင်မတန်စိတ်သက်သာရာရသွားလေ၏။ သို့သော် ဤအသုံးစရိတ်မှာ အတော်လေး ကြီးမားလှပေသည်။ သူမဝင်ငွေမှာ အဓိကအားဖြင့် လက်ဖက်ရည်ဆိုင်နှင့် ငရုတ်သီးဆော့စ်ပေါ်တွင် မူတည်သော်လည်း လျံဖန်နှင့် ကြက်ဥများမှလည်း အပိုဝင်ငွေ ရရှိ၏။

လက်ဖက်ရည်ဆိုင်မှာ ဝမ်အာမေအား နေ့စဉ် ကြေးပြား ၃၀ပေးပြီးနောက် လစဉ်ဝင်ငွေ ငွေနှစ်တေးခွဲခန့်ရှိသည်။ ငရုတ်သီးဆော့စ်မှာ နှိုင်းယှဉ်ချက်အရ တည်ငြိမ်ပြီး ၃ တေးနှင့် ကြေးပြား ၃၆၀ ရရှိ၏။ ဒုတိယအဒေါ်ကုအား ရောင်းချသောလျံဖန်မှ တစ်လလျှင် ကြေးပြား ၇၅၀ခန့် ရရှိသည်။ မေဝေ့ကျိုက်သို့ ရောင်းချသော ကြက်ဥများမှ ကြေးပြား ၃၀၀ခန့် ရရှိသည်။ တာ့ကွမ်ဘုန်းကြီးကျောင်းမှ ဝင်ငွေမှာ မတည်ငြိမ်သေးသော်လည်း ဤလတွင် ကြေးပြား ၈၀၀ရရှိခဲ့၏။

ထို့ကြောင့် သူမ၏လစဉ်ဝင်ငွေမှာ ၇ တေး သို့မဟုတ် ၈ တေးခန့်ရှိသည်။ ဤဝင်ငွေမှာ ရွာသားအားလုံးကို အများကြီး ကျော်လွန်နေပြီဖြစ်၏။ သို့သော် ဤတစ်ကြိမ် စပါးဝယ်ရာတွင် သူမသည် မနေ့က ၆ ရှစ်နှင့် ၆ တို ဝယ်ခဲ့ပြီး၊ ယနေ့တွင် ၁၅ ရှစ် ဝယ်ခဲ့သဖြင့် စုစုပေါင်း ၂၂ တေးနှင့် ကြေးပြား ၉၅၀ ကုန်ကျခဲ့ရာ ၂၃ တေးနှင့် ညီမျှပေသည်။ ၎င်းမှာ သူမ၏သုံးလစာ ဝင်ငွေနီးပါးကို ကုန်ဆုံးသွားစေခဲ့၏။

ယခင်က ဝမ်စုန်းရှင်းပေးခဲ့သော ငွေများသာမရှိပါက သူမ ဤမျှများပြားသောငွေကို တတ်နိုင်မည်မဟုတ်ပေ။ သို့သော် ဝမ်စုန်းရှင်းပေးခဲ့သော ငွေများမှာလည်း အိမ်ဆောက်ခြင်း၊ ရေခဲသေတ္တာဖွင့်ခြင်း၊ ပရိဘောဂအမျိုးမျိုး ဝယ်ခြင်း၊ လားဝယ်ခြင်းနှင့် စပါးဝယ်ခြင်း စသည့် ကုန်ကျစရိတ်အမျိုးမျိုးကြောင့် ကုန်လုနီးပါးဖြစ်နေလေ၏။ သူမတွင် ကျန်ရှိသောငွေများနှင့် ဤနှစ်လစာ ဝင်ငွေများကို ပေါင်းလိုက်ပါက ၂၀ တေးခန့်သာ ရှိတော့သည်။

‘ပိုက်ဆံဆိုတာ တကယ်ကို ကြာကြာမခံပါလား’

"အစ်ကိုတာ့ကျန်း၊ ဒီစပါးလေးရှစ်က အစ်ကို့အတွက်၊ တစ်တိုကို ကြေးပြား ၁၀၅ပြားနှုန်းနဲ့ဆိုတော့ ဈေးက ၄ တေးနဲ့ ကြေးပြား ၂၀၀ ကျတယ်၊ အိမ်ရောက်ရင် ကျွန်မကိုအကြွေးစာချုပ်ရေးပေး"

"ညီမလေး"

တာ့ကျန်းမျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာလေသည်။ စောစောက ဆန်ဆိုင်တွင် လူတိုင်းအလုအယက် ဝယ်နေကြစဉ်က သူတွေ့ခဲ့ရသော တစ်တိုလျှင် ကြေးပြား ၁၂၅ပြား ဈေးနှုန်းဖြစ်စေ မနေ့က ဝယ်ခဲ့သောတစ်တိုလျှင် ကြေးပြား ၁၂၀ ဈေးနှုန်းဖြစ်စေ ဤအရာများအားလုံးက လင်းယွဲ့သည် သူ့ကိုကြီးမားသော အခွင့်အရေးကြီးတစ်ခုပေးနေကြောင်း သဘောပေါက်သွားစေခဲ့၏။ အဆက်မပြတ် ကျေးဇူးတင်စကားပြောနေခြင်းက အဓိပ္ပာယ်မရှိပေ။

တာ့ကျန်းသည် ကျေးဇူးတရားကို ရင်ထဲတွင်သာသိမ်းထားပြီး သူ တွေးလိုက်သည်။

‘အနာဂတ်မှာ လင်းယွဲ့ကို ကောင်းကောင်း ကျေးဇူးဆပ်ရမယ်’

တစ်ချိန်တည်းမှာပင် တာ့ကျန်းသည် ဆန်ဆိုင်တွင် လူများအလုအယက် ဆန်လုဝယ်နေကြသည်ကို ယခုလေးတင် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရရာ မသိနားမလည်ဆုံးလူပင်လျှင် မုန်တိုင်းတစ်ခုကျရောက်တော့မည်ကို ခံစားရမည် ဖြစ်၏။ သူသည်လည်း အလွန်အမင်း ကံကောင်းသည်ဟုခံစားရပြီး လင်းယွဲ့နောက်သို့လိုက်ကာ စပါးဝယ်ခွင့်ရခဲ့သည့်အတွက် ကံကောင်းသည်ဟု မှတ်ယူလိုက်လေသည်။ သူတို့ရွာသို့ ပြန်ရောက်သောအခါ ရွာသားများ နေ့လယ်ဘက် အနားယူနေချိန်နှင့် အတိအကျတိုက်ဆိုင်နေလေ၏။

"ညီမလေးယွဲ့ ဘာလို့ စပါးတွေအများကြီး ဝယ်လာတာလဲ"

သစ်ပင်ကြီးတစ်ပင်အောက်တွင် အနားယူနေသော ကုတာ့တန်သည် လင်းယွဲ့ကိုမြင်သောအခါ သတင်းအသစ်အဆန်းများကို မလွတ်တမ်းစပ်စုတတ်သူပီပီ ချက်ချင်းမေးလိုက်သည်။

"ဒီနှစ်အခွန်တွေက အနည်းဆုံးသုံးဆလောက် တက်လိမ့်မယ်၊ သိုလှောင်ထားဖို့ စပါးသွားဝယ်တာလေ၊ အစ်ကိုတို့လည်း သွားဝယ်ထားတာ အကောင်းဆုံးပဲ၊ ဆန်ဆိုင်တော်တော်များများမှာ ဝယ်ယူခွင့် ကန့်သတ်ထားပြီ"

လင်းယွဲ့က သူတို့ကိုသတိပေးလိုက်သည်။ ထို့ပြင် မနေ့ညက စပါးဝယ်ပြီး ရွာသို့ပြန်လာစဉ်ကလည်း အခြားသူများမြင်သွားခဲ့သဖြင့် သူမ ဤသို့ ပြောခဲ့ပြီးဖြစ်၏။ နောက်ပိုင်းတွင် ဒုတိယအဒေါ်ကုက ဝမ်တာ့ဟိုင်နှင့် သူမနှင့် ရင်းနှီးသောအခြားရွာသားများကို အထူးတလည်သတိပေးခဲ့သည်။ သို့သော် သူတို့အများစုက ဂရုမစိုက်ခဲ့ကြပေ။

"အာ ဒါပေမဲ့ ငါတို့ဆီမှာ အပိုငွေမှမရှိတာ၊ အစိုးရကလည်း အရမ်းကြီးတော့ မကောက်လောက်ပါဘူး"

"မစိုးရိမ်ပါနဲ့၊ ဒီနှစ် စပါးထွက်နှုန်းက အများကြီးပဲ စားဖို့လောက်ပါတယ်၊ လယ်သမားတွေက စပါးဝယ်ရမယ်ဆိုတာ ဘာယုတ္တိရှိလို့လဲ၊ လူတွေက ရယ်သေလိမ့်မယ်"

ဝမ်တာ့ဟိုင်မိသားစုပင်လျှင် စပါးစိုက်ပျိုးသူများဖြစ်ပြီး ဒီနှစ်စပါးဈေးကောင်းနေသဖြင့် အသုတ်လိုက် ရောင်းချင်သည်ဟု ပြောခဲ့သေးသည်။ တာ့ကျန်းတားမြစ်လိုက်မှသာ သူကမလိုလားဘဲ ထိုအကြံကို စွန့်လွှတ်လိုက်ခြင်းဖြစ်၏။ လင်းယွဲ့နှင့် ရင်းနှီးသူများပင်လျှင် သူမကိုမယုံကြည်ကြပေ။ သာမန်ဆက်ဆံရေးရှိသူများ သို့မဟုတ် ဆက်ဆံရေးမကောင်းသူများဆိုလျှင် ပို၍ပင်မယုံကြည်ကြပေ။ ကုတာ့တန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ညီမလေး၊ ညီမလေးက အရမ်း ကြောက်တတ်တာပဲ၊ ဝမ်ကျစ်ရဲ့ဖြစ်သလိုပြောလိုက်တဲ့ စကားလေးကြောင့် ညီမလေးကကြောက်ပြီး စပါးအမြန်သွားဝယ်ရတယ်လို့၊ ဘာလို့ စောစောက မပြောတာလဲ၊ စပါးဈေးကမနည်းဘူး မဟုတ်လား၊ အစောကတည်းကသိရင် အစ်ကို ညီမလေးကိုရောင်းပေးတာပေါ့"

သူ့လေသံမှာ လှောင်ပြောင်နေပြီး လင်းယွဲ့သည် လူမိုက်ကြီးဖြစ်ကြောင်း တိုက်ရိုက်ပြောနေသကဲ့သို့ပင်ဖြစ်သည်။ ဒေသခံတွေဆီကနေ တိုက်ရိုက်ဝယ်လို့ရနေတာပဲ ဝေးဝေးလံလံသွားမဝယ်ဖို့ တာ့ကျန်းကလည်း အကြံပြုခဲ့ဖူး၏။ သို့ပေသိ အသစ်ရိတ်သိမ်းထားသောစပါးများမှာ ပိုမို ကောင်းမွန်စွာ သိုလှောင်နိုင်ရန် အစိုဓာတ်ဖယ်ရှားရန်အတွက် နေလှန်းရန် လိုအပ်သေးသည်။ နေလှန်းနေစဉ်အတွင်း အစိုးရ၏အမိန့် ထွက်ပေါ်လာနိုင်ပေ၏။ အဲဒီအချိန်ကျရင် ရွာသားတွေက သူမကိုပြဿနာရှာပြီး သူတို့စပါးတွေကို ပြန်တောင်းချင်တောင်းနေလိမ့်မည်။

“အပြင်ကနေဝယ်တာက ပိုစိတ်ချရတယ်”

တစ်ရွာတည်းသားတွေဖြစ်နေသဖြင့် လင်းယွဲ့သည် သူတို့ရှေ့လာမည့်ရက်များတွင် အလွန်အမင်းဒုက္ခရောက်သည်ကို မမြင်ချင်ပေ။ သူမ ထပ်ပြောလိုက်သည်။

"ကျွန်မအမိန့်စာကို သေချာသွားစစ်ခိုင်းပြီးပြီ၊ ဒီနှစ်မှာ အခွန်တွေအများကြီး ပိုကောက်မှာ အသေအချာပဲ၊ အဲဒီအချိန်ကျရင် စပါးဈေးတွေ အဆမတန် တက်သွားလိမ့်မယ်၊ ဒါကြောင့် အခုဝယ်ထားတာ အကောင်းဆုံးပဲ"

ကုတာ့ဖူက သူ့ဆေးတံကို တစ်ချက်ဖွာလိုက်သည်။

"ငါ ဒီမှာနေလာတာ အနှစ်ငါးဆယ် ခြောက်ဆယ် ရှိပြီ၊ လူခွန်ဆိုတာ တစ်ခါမှမကြားဖူးဘူး၊ တကယ်လို့ ကောက်မယ်ဆိုရင် ငါဓားပြသွားလုပ်မယ်"

အဒေါ်ကုက သူ့ပါးစပ်ကို ရိုက်လိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့၊ ဆေးတံလေး သုံးလေးဖွာလောက် ဖွာပြီးတာနဲ့ ရှင့်ကိုယ်ရှင် နတ်ဘုရားလို့များ ထင်နေလား၊ ရှင် သေချင်နေတာလား"

ကုတာ့ဖူသည် သူလွန်သွားကြောင်း သဘောပေါက်သွားပြီး အလျင်အမြန် ပါးစပ်ပိတ်သွားလေသည်။ သို့သော် လင်းယွဲ့၏တိုက်တွန်းမှုက လူအတော်များများကို ယိမ်းယိုင်သွားစေခဲ့၏။ အထူးသဖြင့် ထိုနေ့ညနေ ညောင်မုတ်ဆိတ်ပင်ကြီးအောက်တွင် ဝမ်ကျစ်ပြောလိုက်သောအခါဖြစ်သည်။

"မင်းတို့ သိလား၊ အရင်က ဆန်တစ်တိုကို ကြေးပြား ၁၀၀ရှိတဲ့ အနားက ကုန်စုံဆိုင်မှာ ဒီနေ့ ကြေးပြား ၁၂၅ပြားအထိ တက်သွားပြီ"

"ဘာ ဆန်တစ်တိုကို ၈၀မဟုတ်ဘူးလား"

"အာ ဟိုတုန်းက တစ်ရှစ်ကိုမှ....."

"အဲဒါ ရှေးခေတ်ဈေးနှုန်းတွေဖြစ်နေပြီ"

"ငါတို့လည်း သွားဝယ်သင့်လား"

"ဘယ်မှာအချိန်ရှိလို့လဲ၊ စပါးတွေတောင် မရိတ်ရသေးဘူး"

"ဒါပေမဲ့ လင်းယွဲ့ကမြို့တော်ကသခင်လေးတစ်ယောက်နဲ့ အဆက်အသွယ်ရှိတယ်လေ၊ သူမသတင်းက ယုံကြည်ရလောက်တယ်"

ခဏတာအတွင်း လူများမှာ အထိတ်တလန့် ဖြစ်သွားကြလေသည်။

All Chapters