← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

Ch-101

ဝမ်စုန်းရှင်းသည် အမှုတွဲများကို တစ်ညလုံး ဖတ်ရှုရင်း သူ့စိတ်များ ရှုပ်ထွေးနေကာ ခြေလှမ်းတိုင်းမှာ ခက်ခဲကြမ်းတမ်းသော ရုန်းကန်မှုတစ်ခုကဲ့သို့ ခံစားနေရသည်။ သူ သင်ယူခဲ့သော အသိပညာများနှင့် လက်တွေ့ဘဝတို့က သူ၏စိတ်ထဲတွင် ပွတ်တိုက်နေ၏။

'ကျယ်ကျယ်ပြန့်ပြန့် နားထောင်ပါ၊ နှိမ့်ချသူများထံမှ အကြံဉာဏ်ရယူပါ၊ သူရဲ့စိတ်ထား ဖြောင့်မတ်မှန်ကန်ပါက သူ့ကို အမိန့်မပေးဘဲနှင့်ပင် နာခံကြလိမ့်မယ်၊ သူရဲ့ စိတ်ထားက မဖြောင့်မတ်ပါက၊ အမိန့်ပေးသော်လည်း နာခံကြမှာ မဟုတ်ဘူး’

‘ဒါပေမဲ့ ဒီလိုဧကရာဇ်မျိုးနဲ့ အထက်အရာရှိတွေက ဘယ်လိုလုပ်သာမန်ပြည်သူတွေရဲ့ ယုံကြည်မှုကို ရနိုင်မှာလဲ၊ အရာရှိတစ်ယောက်ဖြစ်ရခြင်းက တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့နဲ့ ပြည်သူတွေကို စီမံအုပ်ချုပ်ဖို့ မဟုတ်တော့ဘဲ ရာထူးကြီးကြီး၊ လစာများများ၊ ချမ်းသာကြွယ်ဝမှုနဲ့ အမျိုးသမီးတွေအတွက်ဖြစ်နေပြီ'

သူက စိတ်ပျက်လက်ပျက်ဖြင့် တွေးတောနေမိသည်။ သူသည် ရှေးခေတ်မှ ယနေ့အထိ သမိုင်းကြောင်းများကို ပြန်လည်လေ့လာကြည့်ရာ မြေသိမ်းမှုဆိုသည်မှာ ပြောင်းလဲ၍မရသော အနာဂတ်တစ်ခုဖြစ်ကြောင်း၊ မင်းဆက်တိုင်း၏အလယ်အလတ်မှ နောက်ပိုင်းကာလများတွင် ဖြစ်ပွားလေ့ရှိသောအရာတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရ၏။ မတူညီသော မင်းဆက်များတစ်လျှောက် ပြုပြင်ပြောင်းလဲရေးသမားအများအပြားသည် အကျိုးစီးပွားများကို သွားရောက်ထိပါးမိသဖြင့် အောင်မြင်မှုမရှိရုံသာမက အသရေဖျက်ခံခဲ့ရသည်။

သူ့အဘိုးမှာလည်း ထိုသို့သောလူများထဲမှတစ်ဦးဖြစ်ပြီး အနှစ်သုံးဆယ်ကျော်ကျင့်သုံးခဲ့သော ရိုးရှင်းသည့် အခွန်စနစ်သည် သူ့အဘိုး အငြိမ်းစားယူပြီးနောက် ချက်ချင်းပင် ပယ်ဖျက်ခံခဲ့ရသည်။ ဝမ်စုန်းရှင်းသည် ဤသမိုင်းကြောင်း အထောက်အထားများကြားတွင်ရပ်နေရင်း တာ့ယုံမင်းဆက်၏ မကြာမီကျရောက်တော့မည့်ပြိုကျမှုကို မြင်နေရသကဲ့သို့ ခံစားနေရ၏။ ဝန်ကြီးချုပ်ကြီးဝမ်ဖြစ်ခဲ့သော သူ့အဘိုးက ဘာကြောင့် အကူအညီမဲ့နေခဲ့ရသလဲ ဆိုတာကိုလည်း သူ နားလည်သွားခဲ့သည်။

သို့သော် သူသည် အနည်းဆုံးတော့ သူ့ကတိကို တည်ချင်ပြီး ရှီထိုင်ခရိုင်၏ လက်ရှိအခြေအနေကို ပြောင်းလဲချင်ခဲ့သည်။ အခြားရွေးချယ်စရာမရှိတော့သဖြင့် သူသည် ခရိုင်ရုံးတော်တွင် တရားစွဲဆိုလိုက်၏။ နှစ်ရက်အကြာတွင် ယန်ပန်းမှာ ခေါင်းကုတ်ဖင်ကုတ် ဖြစ်နေရလေသည်။ သူသည် ခရိုင်လက်ထောက်တရားသူကြီးကို ဖယ်ရှားကာ အမှုကြီးတစ်ခုကို ဖြေရှင်းနိုင်ခဲ့သဖြင့် ပြည်သူများ၏ချစ်ခင်လေးစားမှုကို ယခုလေးတင်ရရှိထားခြင်း ဖြစ်သည်။ ထို့ပြင် အာဏာအစစ်အမှန်ကိုရရှိခဲ့သဖြင့်လည်း အလွန်ဝမ်းသာနေ၏။

ထို့နောက် ဝမ်စုန်းရှင်း၏တရားစွဲဆိုချက်ကို သူ ရရှိခဲ့သည်။ ယန်ပန်းသည် ဝန်ကြီးချုပ်ကြီးဝမ်နှင့် အဆင်ပြေအောင်နေပြီး သူ့အဆက်အသွယ်များကို အသုံးပြုကာ ရာထူးတက်ချင်သော်လည်း သေဘေးကိုတော့ သေချာပေါက် မရှာချင်ပေ။ အထက်တန်းလွှာမိသားစုတွင် မွေးဖွားလာပြီး ကိုယ်လုပ်တော်၏သားဖြစ်သဖြင့် သူသည် လူမှုရေးစည်းမျဉ်းများကို နားလည်သည်။

ရှုပ်ထွေးလှသော အဆက်အသွယ် ကွန်ရက်ကြီးအကြောင်းကို သူ ပို၍ပင် သတိထားမိ၏။ ဤသည်မှာ ရှုပ်ထွေးနေသော အရှုပ်အထွေးကြီးတစ်ခု ဖြစ်သည်။ လူတစ်ယောက်က စစ်ရေးဝန်ကြီးနှင့် ဆက်စပ်နေနိုင်သလို၊ နောက်တစ်ယောက်က စီရင်စုတရားသူကြီး၊ နောက်ထပ်တစ်ယောက်က ဝန်ထမ်းရေးရာဝန်ကြီးနှင့် ဆက်စပ်နေနိုင်၏။

အခွန်ဝန်ကြီး၏ အိမ်တော်ထိန်း၊ အစေခံ သို့မဟုတ် ကိုယ်လုပ်တော်တို့နှင့် အဆက်အသွယ်ရှိနေလျှင်ပင် အလျင်စလို လုပ်ဆောင်ရန်မသင့်တော်ပေ။

‘သူက ဒီကိုအရာရှိလုပ်ဖို့ လာတာလေ၊ သူက ပြည်သူတွေအတွက် ကိစ္စအသေးအမွှားလေးတွေကို ဖြေရှင်းပေးပြီး သူ့နာမည်ဂုဏ်သတင်းကို တည်ဆောက်ဖို့ အရမ်းဆန္ဒရှိပါတယ်၊ ဒါပေမဲ့ သေဘေးကိုသွားရှာဖို့ကတော့’

သူကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ၊ ကျွန်တော် သေချာလေ့လာပြီး အမြန်ဆုံး ဖြေရှင်းပေးပါ့မယ်"

စကားချိုချိုများဖြင့် ချော့မော့ပြောဆိုပြီးနောက် မျှော်လင့်ချက်များ အပြည့်အဝရှိနေသော ဝမ်စုန်းရှင်းမှာ အိမ်ပြန်ကာ သတင်းစောင့်ရန် သဘောတူသွားလေသည်။ ဤအချိန်အထိ သူသည် တာ့ယုံမင်းဆက်မှ အရာရှိများ၏တာဝန်လွှဲချတတ်သော အရည်အချင်းကို နားမလည်သေးပေ။ တစ်ချိန်တည်းမှာပင် ရုံးတော်မှ စစ်ဆေးရေးအရာရှိများနှင့် အရာရှိငယ်များသည် ရွာများနှင့် မြို့များ အသီးသီးသို့ သွားရောက်ကာ စပါးများကို ကောက်ခံနေကြသည်။

မာယန်ရွာသို့ ရောက်ရှိလာသောအခါ ရွာသူကြီးနှင့်ပူးပေါင်း၍ အိမ်ထောင်စု တစ်စုချင်းစီထံမှ အခွန်ကောက်ခံကြ၏။ ကုတာ့ဖူက အကယ်၍ အခွန်တွေ ဒီလောက်များများတကယ်ကောက်ရင် သူပုန်ကန်မည်ဟု အရင်က ပြောခဲ့ပေသိ ပထမဆုံးကြားရချိန်တွင် လက်မခံနိုင်စရာဖြစ်နေခဲ့ပေမဲ့လည်း နှစ်ရက်အကြာမှာတော့ ကံကြမ္မာကို သူလက်ခံလိုက်ရပြီး အခက်အခဲများကို ကျော်လွှားဖို့ နည်းလမ်းအမျိုးမျိုးကို ကြိုးစားရတော့သည်။ ပထမဆုံးအနေဖြင့် သူတို့မိသားစုတစ်ခုလုံး အပြင်ထွက်ကာ စပါးတစ်တိုလျှင် ကြေးပြား ၁၇၀ ဆိုသော ဈေးကြီးဖြင့် စပါးများကို အလုအယက်ဝယ်ယူခဲ့ကြရရာ ၎င်းက သူတို့မိသားစု၏ စုဆောင်းငွေများကို ကုန်လုနီးပါးဖြစ်သွားစေခဲ့သည်။

စစ်ဆေးရေးအရာရှိများသည် ခါးတွင် ဓားဆွဲကာ ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် စာရင်းအတိုင်း တစ်အိမ်တက်ဆင်း အခွန်ကောက်ခံနေကြ၏။ သို့သော် သူတို့ကလင်းယွဲ့ကို သိနေကြပုံရပြီး သူတို့သဘောထားမှာ အတော်လေး ပျော့ပျောင်းသွားလေသည်။ ပြုံးခဲလှသော စစ်ဆေးရေးအရာရှိတစ်ယောက်ကပင် လင်းယွဲ့ကို မြင်သောအခါ အတင်းပြုံးပြလိုက်ရာ လင်းယွဲ့မှာ သူ အတက်ရောဂါဖြစ်နေသည်ဟုပင် ထင်လိုက်မိ၏။

သို့သော် လူအများစုအတွက် ဤစပါးမှာ တစ်နှစ်စာအလုပ်ကြိုးစားမှုနှင့် အသက်ရှင်သန်ရန် တစ်နှစ်စာ အစားအစာဖြစ်ပေသည်။ လူများပြီး လယ်မြေနည်းပါးသော မိသားစုအချို့မှာ ဤအခွန်ကိုပင်မပေးဆောင်နိုင်ကြပေ။ သူတို့ကို စစ်ဆေးရေးအရာရှိများက အတင်းအကျပ်ဖိအားပေး တောင်းခံကြပြီး ကြက်ခြေခတ်အနီ အမှတ်အသားလုပ်ခံရပြီးနောက် ဒဏ်ကြေးပေးဆောင်ရန် ရှီထိုင်ခရိုင်သို့ သွားရောက်ရန် ပြောဆိုခံရသည်။

အကယ်၍ မပေးဆောင်ပါက အခွန်ရှောင်ရန် တမင်ကြံရွယ်သည်ဟု သတ်မှတ်ခံရမည်ဖြစ်ပြီး သူတို့လယ်မြေများကို သိမ်းဆည်းခံရမည် ဖြစ်သည်။ ခဏတာအတွင်း ရွာထဲတွင် ငိုယိုသံများနှင့် အော်ဟစ်သံများပြည့်နှက်သွားလေသည်။ ညနေစောင်းမှသာ စစ်ဆေးရေးအရာရှိများမှာ စပါးနှင့် တိရစ္ဆာန်အစာများကို လုံလောက်စွာ ကောက်ခံပြီးနောက်ထွက်ခွာသွားကြ၏။

ရွာလေးမှာ မှုန်ကုပ်မှုနှင့် စိတ်ပျက်လက်ပျက်ဖြစ်မှုများ ဖုံးလွှမ်းသွားလေသည်။ လင်းယွဲ့သည် အညှောင့်ထွက်စ အာလူးများနှင့် ကန်စွန်းဥများကို စိုက်ကြည့်နေရင်း ရွာသားများ တရုတ်နှစ်သစ်ကူးမတိုင်မီ တစ်သုတ်ခန့် ရိတ်သိမ်းနိုင်ရန်အတွက် စိုက်ပျိုးရန် ငှားရမ်းပေးရန် ဆုံးဖြတ်လိုက်၏။ ရိတ်သိမ်းချိန်ရောက်သောအခါ သူတို့က စပါးပမာဏအတူတူကိုသာ ပြန်ပေးရမည်ဖြစ်သည်။

၁၈ ရာစုတွင် အင်္ဂလန်၌ ၇၀၀ မီတာ ရှည်လျားသော စိုက်ပျိုးရေးဘောင် တစ်ခုသည် မိသားစုတစ်စုကို တစ်နှစ်စာကျွေးမွေးရန် လုံလောက်ကြောင်း လင်းယွဲ့ စာအုပ်တစ်အုပ်တွင်ဖတ်ခဲ့ဖူးသည်။ ၎င်းမှာလည်း အတော်လေး ရှေးကျသောအာလူးမျိုးကွဲဖြင့် ဖြစ်သည်။ လင်းယွဲ့သည် လီရှောင်လျန်အိမ်သို့ အရင်သွားခဲ့ရာ ကလေးတစ်ယောက်၏ ကျယ်လောင်စွာငိုနေသံကို ကြားလိုက်ရ၏။

"ပိုအေးလာပြီ၊ ဒီနှစ်က ပိုအေးမယ့်ပုံပဲ၊ ကျူးကျူးအတွက် ဂွမ်းစောင်တစ်ထည်ဝယ်ဖို့ လိုသေးတယ်"

"မနက်ဖြန် နင်ယွဲ့မြို့ကိုအလုပ်သွားရှာမယ်၊ လင်းယွဲ့ဆီက အကြွေးကို အရင်ဆပ်ချင်လို့"

"ဟူး"

"အစ်မရှောင်လျန်"

လင်းယွဲ့က သူတို့စကားများကို မကြားဟန်ဆောင်ကာ တံခါးကိုခေါက်လိုက်သည်။

"ညီမလေးယွဲ့၊ ဘာကိစ္စရှိလို့လဲ"

"အစ်မနဲ့ တိုင်ပင်စရာလေးရှိလို့"

လင်းယွဲ့က သူမလက်ထဲမှ အာလူးများနှင့် ကန်စွန်းဥများကို သစ်သားစားပွဲပေါ်တွင် တင်လိုက်သည်။

"ဒါတွေက ကျွန်မမွေးရပ်မြေမှာတွေ့ဖူးတဲ့ အစားအစာတွေလေ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က လက်ဖက်ရည်ဆိုင်ကို သွားတဲ့လမ်းမှာ တွေ့လိမ့်မယ်လို့ မထင်ထားဘူး၊ အဲဒါနဲ့ အကုန်တူးပြီးယူလာတာ"

"ဒါတွေက ဘာတွေလဲ"

သူတို့သည် တောရိုင်း ဟင်းသီးဟင်းရွက်များကို မကြာခဏ ရှာဖွေစားသောက်လေ့ရှိသဖြင့် လင်းယွဲ့ မျိုးကွဲအသစ်ယူလာသည်ကို သိပ်မအံ့ဩကြပေ။

"ဒါကို အာလူးလို့ခေါ်တယ်၊ ဒါကိုကျတော့ ကန်စွန်းဥလို့ ခေါ်တယ်။ တစ်မူကို အထွက်နှုန်းက အကြမ်းဖျင်းအားဖြင့် ၂၀ ရှစ်လောက် ရှိတယ်"

"အာ"

လီရှောင်လျန်က သူမအကြားအာရုံ မှားယွင်းသွားသလားဟု သံသယဝင်ကာ သူမနားကို မယုံနိုင်အောင်ဖြစ်သွားသည်။ သူမက ထပ်မံအတည်ပြုလိုက်၏။

"၂၀ ရှစ်"

"အင်း"

လင်းယွဲ့ အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ အမှန်က လင်းယွဲ့လျှော့ပြောထားခြင်းဖြစ်သည်။ အာလူးအထွက်နှုန်းမှာ တစ်မူလျှင် ကျင်း ၃၀၀၀ မှ ၅၀၀၀ခန့် ရှိပြီး ကောင်းစွာစီမံခန့်ခွဲပါက ကျင်း ၈၀၀၀အထိ အလွယ်တကူရရှိနိုင်၏။ ခေတ်သစ် ဒေသအချို့တွင် တစ်မူလျှင် ကျင်း ၁၀၀၀၀အထိပင် ရရှိနေပြီဖြစ်သည်။ လီရှောင်လျန် စိုးရိမ်တကြီးမေးလိုက်၏။

"စိုက်ရတာ ခက်လား"

"မခက်ပါဘူး၊ မြေကြီးထဲ မြှုပ်ထားပြီး ရေမှန်မှန်လောင်း၊ မြေဩဇာ ပုံမှန်ကျွေးရုံပါပဲ"

လင်းယွဲ့က အာလူးကိုလက်ညှိုးထိုးပြကာ ပြောသည်။

"ကြည့်လေ ဒီမှာ အစိမ်းရောင် အညှောင့်လေးတွေတောင် ထွက်နေပြီ"

လီရှောင်လျန် အလွန်တရာဝမ်းသာသွားသည်။

"ညီမလေး၊ ညီမလေးပြောတာ တကယ်လား၊ ၂၀ ရှစ်၊ တစ်မူကို ၂၀ ရှစ်တဲ့လား"

သူမလက်များ တုန်ရီစွာဖြင့် အာလူးကို ယူလိုက်သည်။

"ဒါတွေကိုသာ စိုက်လိုက်ရင် အစားအသောက်အတွက် ပူစရာမလိုတော့ဘူးပေါ့"

"ညီမလေး ပြောစမ်းပါ၊ အစ်မကို ဘာလုပ်စေချင်လဲ၊ အစ်မ ဘာမဆိုလုပ်ပါ့မယ်"

လင်းယွဲ့ သူမ၏စိတ်အားထက်သန်နေသောအမူအရာကို မြင်လိုက်ရာပြောလိုက်၏။

"အဲဒီလောက် ကြောက်စရာမကောင်းပါဘူး၊ ဒီနှစ် အခွန်တွေများတော့ တော်တော်လေး ခက်ခဲလိမ့်မယ်၊ အဲဒါကြောင့် ရွာသားတွေကို အခုအာလူးနဲ့ ကန်စွန်းဥတွေ စိုက်စေချင်တာ၊ ဒါမှ တရုတ်နှစ်သစ်ကူးမတိုင်ခင် တစ်သုတ်လောက် ရိတ်သိမ်းပြီး ဆောင်းတွင်းကို ကျော်ဖြတ်နိုင်မှာလေ"

"မနက်ဖြန်ကျရင် အစ်ကိုတာ့ကျန်းကို ရွာသားတွေကို သွားခေါ်ပေးဖို့ အကူအညီတောင်းလို့ ရမလား၊ ဒီအာလူးတွေကိုစိုက်ဖို့ နည်းလမ်းရှိတယ်၊ ဘယ်လိုစိုက်ရမလဲဆိုတာ ကျွန်မသင်ပေးပါ့မယ်"

လင်းယွဲ့သည် ဤကိစ္စကိုမဖြစ်မနေ လုပ်ရမည့် သို့မဟုတ် အလွန်အလေးအနက်ထားရမည့် ကိစ္စတစ်ခုမဖြစ်စေချင်သဖြင့် ရွာသူကြီးထံသို့မသွားခဲ့ပေ။ သူမကို ယုံကြည်သူများက စိုက်ပျိုးကြမည်ဖြစ်သည်။ မယုံကြည်သူများကို သူမ အတင်းအကျပ်မလုပ်နိုင်ပေ။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ၊ ဒီအံ့ဩစရာကောင်းတဲ့ ပစ္စည်းတွေက ဘယ်လောက်ပေးရမလဲ"

လီရှောင်လျန် ပြောလိုက်သည်။

"စက္ကူဘယ်မှာလဲ၊ အစ်မ နောက်ထပ် အကြွေးစာချုပ်တစ်ခု ရေးပေးမယ်၊ မနက်ဖြန်ကျရင် တာ့ကျန်းကို အလုပ်ထွက်ရှာခိုင်းပြီး အကြွေးကိုစောစော ဆပ်ပါ့မယ်"

"မလိုပါဘူး"

လင်းယွဲ့ ပြောလိုက်သည်။

"ကျွန်မပေးတဲ့ မျိုးစေ့ပမာဏအတိုင်း ရိတ်သိမ်းပြီးရင် စပါး ပြန်ပေးရင်ရပါပြီ၊ အော် နောက်တစ်ခုက တစ်ကယ်လို့ ရောင်းချင်ရင် ကျွန်မပထမဆုံးဝယ်ယူခွင့် ရှိတယ်နော်"

လင်းယွဲ့တွင် အမှန်ပင် အကြံတစ်ခုရှိသည်။ ယခု သူမတွင် အဆက်အသွယ် ရှိနေပြီဖြစ်သည်။ ဤအရာ အောင်မြင်ပြီးနောက် သူမသည် အာလူးနှင့် ကန်စွန်းဥမျိုးစေ့များကို ဝမ်စုန်းရှင်း သို့မဟုတ် ယန်ပန်းမှတစ်ဆင့် ဧကရာဇ်ထံသို့ဆက်သကာ ငွေကြေးအဖြစ် ပြောင်းလဲချင်နေ၏။

အဲဒီအချိန်ကျရင် ဧကရာဇ်ရဲ့ဆုချီးမြှင့်မှု ဒါမှမဟုတ် တော်ဝင်ကုန်သည်ဆိုတဲ့ ဘွဲ့ရရှိလာရင် ရှေ့ဆက်ပြီး ပိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မည်။ လီရှောင်လျန်၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ညီမလေး၊ ညီမလေးက ဘုရားလောင်းလား၊ ဒါက"

လင်းယွဲ့ပြုံးလိုက်သည်။

"မဟုတ်ပါဘူး၊ တစ်ကယ်လို့ အစ်မတို့ ပြန်မပေးနိုင်ရင် တစ်လုံးကိုကြေးပြား တစ်ပြား ပေးရမယ်နော်"

လီရှောင်လျန်သည် ဝမ်တာ့ကျန်းအား လူတိုင်းကို အခုချက်ချင်းသွားခေါ်ခိုင်းပြီး ဒီညပဲအာလူးနှင့် ကန်စွန်းဥများကို စိုက်ပျိုးချင်နေလေသည်။

All Chapters