အခန်း ၁၂၂
Vol. 13 Ch. 122
Ch-122
သူ့ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် လင်းယွဲ့က သူ့ကို အနီးအနားရှိ စာသင်ကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
“ဆိုင်ကို ရှင်းလင်းထားပြီးဆိုတော့ အရောင်းအဝယ်စပြီလား”
"ဘာယူမလဲရှင့်"
လင်းယွဲ့မေးလိုက်ရာ ဝမ်ရှင်းက လေထဲတွင် အနံ့ခံလိုက်သည်။
"ဝက်သားနီချက် အနံ့ရနေတယ်၊ ကျွန်တော့်ကို တစ်ပွဲပေးပါ"
လင်းယွဲ့အနံ့ခံကြည့်လိုက်ရာ ဝက်သားနီချက်၏မွှေးရနံ့မှာ ပြင်းပြင်းထန်ထန် လွှမ်းမိုးနေလေသည်။ ဖုံးအုပ်ထားသော အနီရောင်အဝတ်ကိုပင် လျစ်လျူရှုကာ သူက ဝင်ရောက်မေးမြန်းလာသည်မှာ မဆန်းတော့ပေ။
"ဟုတ်ကဲ့ပါ၊ ဒီနေ့ကအစမ်းဖွင့်တဲ့နေ့ဆိုတော့ ဈေးပိုသက်သာပါတယ်၊ တစ်ပန်းကန်ကို ကြေးပြားဆယ်ပြားပါ"
လင်းယွဲ့က ပန်းကန်လုံးနှင့် ပန်းကန်ပြား အနည်းငယ်သာ ယူလာခဲ့သည်။ သူမက ပန်းကန်ပြားတစ်ချပ်ကို ထုတ်ယူကာ ထမင်းကို ပန်းကန်လုံးထဲထည့်ပြီးနောက် ပန်းကန်ပြားပေါ်သို့ မှောက်ချလိုက်၏။ ထို့နောက် သူမက ဒယ်အိုးအဖုံးကိုဖွင့်လိုက်ရာ ဝက်သားနီချက်၏ မွှေးရနံ့မှာ ပိုမိုပြင်းထန်လာလေသည်။
လင်းယွဲ့က ဝက်သားတုံးအကြီး တစ်တုံးကိုခပ်ယူကာ ထမင်းပေါ်တွင် တင်လိုက်ပြီး အညိုရောင် ဟင်းရည်တစ်ဇွန်းကိုခပ်ကာ ထမင်းပေါ်သို့ ဆမ်းလိုက်သည်။ အရသာများရောနှောမသွားစေရန် သူမက ကြက်ဆီပဲငပိဆော့စ်တစ်ဇွန်းကို ပန်းကန်လုံးတစ်လုံးထဲသို့ ခပ်ထည့်ကာ အတူတကွချပေးလိုက်၏။ ဝမ်ရှင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး သူတံတွေးမျိုချလိုက်သံကို လင်းယွဲ့ပင်ကြားလိုက်ရလေသည်။
သူ့အကြည့်များက ဝက်သားပေါ်တွင် စူးစိုက်နေပြီး တစ်ခဏမျှပင်ဖယ်ခွာမသွားခဲ့ပေ။ ဝက်သားနီချက်အနံ့က သူ့နှာခေါင်းကို ပြင်းထန်စွာထိုးနှက်လိုက်ပြီး သူ့အရသာခံဖုများကို ပြင်းပြင်းထန်ထန် ထိုးနှက်လာပြန်သည်။
ဝက်သားမှာ အနည်းငယ်တုန်ခါနေပြီး နူးညံ့ကာ အလင်းဖောက်ထွင်းနိုင်လုနီးပါးဖြစ်နေသော အရေခွံများက မွှေးကြိုင်သောရနံ့ကို ထုတ်လွှတ်နေလေသည်။ ဟင်းရည်မှာ အနည်းငယ် ကျောက်ကျောကဲ့သို့ စေးကပ်နေပြီး အလွန်အမင်း စားချင်စရာကောင်းသည့် အသွင်ရှိလေ၏။
‘ဒီဝက်သားတစ်ပန်းကန်က မိန်းမလှတစ်ဦးထက်ကို ပိုလှတယ်'
ဝမ်ရှင်းတွေးလိုက်မိသည်။ အားရပါးရ ကြည့်ရှုပြီးနောက် သူကဇွန်းဖြင့် ထမင်းတစ်ဇွန်းကို မခပ်ဘဲမနေနိုင်တော့ပေ။
‘အရသာရှိလိုက်တာ’
ထမင်းက ဟင်းရည်ဖြင့်ရွှဲနစ်နေပြီး နူးညံ့စေးကပ်ကာ ဝက်သားနီချက်အရသာမှာလည်း သူအရင်က မြည်းစမ်းဖူးသမျှထက် ပိုကောင်းနေလေသည်။ ဖော်ပြ၍မရနိုင်သော အမွှေးအကြိုင်အမျိုးမျိုးက ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး အရသာရှိမှုက သူ့ပါးစပ်ထဲတွင် လွှမ်းမိုးသွားလေသည်။ နောက်ထပ် အကြိမ်အနည်းငယ်မျှ ဝါးလိုက်ရာ ထမင်း၏အချိုဓာတ်ကိုပါ မြည်းစမ်းမိသွားသည်။
‘ဒီဝက်သားနီချက်က တကယ့်ကို အရသာရှိလွန်းတယ်’
ဝမ်ရှင်းက အသားတစ်တုံးကို ယူလိုက်ရာ အလွယ်တကူပင်ပြတ်ထွက်သွားလေသည်။ သို့သော် သူ စားကြည့်လိုက်သောအခါ နူးညံ့ပြီး ပျော့ဖတ်နေရုံသာမက အနည်းငယ် ဝါးစားရသည့် အရသာမျိုးလည်း ရှိနေလေသည်။ အတွင်းရှိအသားက အထူးတလည် ထူးကဲလှ၏။ သူသည် ပုံမှန်အားဖြင့် အသားကိုမကြိုက်သော်လည်း ဤအသားမှာ လုံးဝခြောက်သွေ့မနေဘဲ အရသာများကို လုံးဝစုပ်ယူထားလေသည်။
အသား၏ထူးခြားသော ဝါးစားရသည့် အရသာနှင့် ပေါင်းစပ်လိုက်သောအခါ ဝက်သားကို မယုံနိုင်လောက်အောင် အရသာရှိသွားစေသည်။ ဝမ်ရှင်း မျက်လုံးပြန်ဖွင့်လာသောအခါ အာမေဍိတ်သံထွက်သွားလေသည်။
"ဟမ် ငါ့ဝက်သားနီချက်က ဘယ်ရောက်သွားပြီလဲ၊ ကိုယ့်ဘာသာ သတိမထားမိဘဲ ဘယ်လိုလုပ် အကုန်စားပစ်လိုက်တာလဲ၊ နောက်တစ်ပွဲ ပေးပါဦး"
"ဟုတ်ကဲ့ပါ"
"နောက်တစ်ပွဲ ပေးပါဦး"
"ဟုတ်ကဲ့ပါ"
"နောက်တစ်ပွဲ ပေးပါဦး"
"ဟုတ်ကဲ့ပါ"
လင်းယွဲ့သည် ဝမ်ရှင်းခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်မိသည်။ သူက မဝသော်လည်း အလွန်သန်မာလေသည်။
‘သူ ဘယ်လိုလုပ် ဒီလောက်အများကြီး စားနိုင်ရတာလဲ’
ဝမ်ရှင်းက ကြေးပြား ၄၀ထုတ်လိုက်သည်။
"သူဌေး ပါဆယ်ထုတ်ပေးလို့ရမလား"
သူ့စားပွဲပေါ်တွင် မစားရသေးသော ဝက်သားတစ်ဝက်၊ ထမင်းတစ်ပန်းကန်နှင့် ဆော့စ်ဇွန်းငယ် လေးဇွန်းတို့ရှိနေလေသည်။ ဤသည်က ဖောက်သည်ကြီးဖြစ်ရာ လျစ်လျူရှုထား၍မဖြစ်ပေ။
"အစမ်းဖွင့်ဖို့ ကမန်းကတန်းဖြစ်သွားတော့ ဆီစိမ်စက္ကူတွေမပြင်ဆင်ရသေးဘူးရှင့်၊ ဘေးဆိုင်မှာ သွားမေးကြည့်လိုက်ပါ့မယ်"
လင်းယွဲ့ မရောက်မီကတည်းက ဆိုင်နှစ်ဆိုင်ကျော်တွင် မုန့်ဆိုင်တစ်ဆိုင်ရှိကြောင်း သတိထားမိခဲ့သည်။ လင်းယွဲ့ ဝင်သွားလိုက်ရာ ကောင်တာအနောက်တွင် စာရင်းလုပ်ရင်း စကားစမြည်ပြောနေသော ဆိုင်ရှင်ကို တွေ့လိုက်ရသည်။
"အခု သကြားတွေက အရမ်းဈေးကြီးတယ် ဟူး အရောင်းအဝယ်က တော်တော်လေး ဆိုးလာတယ်"
သူမော့ကြည့်လိုက်ရာ လင်းယွဲ့ကို မြင်ပြီး ချက်ချင်းပင်ပြုံးရွှင်သွားလေသည်။
"သခင်မလေး ဘာယူမလဲ ခင်ဗျာ"
"တောင်းပန်ပါတယ်၊ ကျွန်မက ဘေးက မဖွင့်ရသေးတဲ့ ကျုံးဟွာဆော့စ်ဆိုင်ကပါ၊ ဆီစိမ်စက္ကူတစ်ရွက်လောက် ငှားလို့ရမလား"
ဆိုင်ရှင်၏မျက်လုံးများ ရုတ်တရက် အရောင်မဲ့သွားလေသည်။ သူက လက်ကာပြလိုက်ရာ စားပွဲထိုးက လင်းယွဲ့ထံသို့ ဆီစိမ်စက္ကူတစ်ရွက်နှင့် လျှော်ကြိုးတစ်ချောင်းကို အမြန်ကမ်းပေးလိုက်၏။
"ကျေးဇူးပါရှင့်"
"အာ ငါတို့ဆီမှာ ဧည့်သည်တွေသာရှိခဲ့ရင်ကောင်းမှာ၊ ဒီရက်ပိုင်း ငါ အရမ်း စိတ်ပူနေလို့ အစားတောင်မစားနိုင်ဘူး၊ ဟေး စောစောက အဲဒီမွှေးကြိုင်တဲ့အနံ့ကို မင်းရလိုက်လား"
စားပွဲထိုးက ပြန်ဖြေလိုက်သည်။
"ကျွန်တော်ရတယ်၊ အနံ့က အရမ်းမွှေးတာပဲ"
"ဘယ်ကလာတဲ့အနံ့လဲ သွားကြည့်စမ်း၊ တစ်ကယ်လို့ စားသောက်ဆိုင်ကဆိုရင် ငါ့အတွက် တစ်ပွဲဝယ်ခဲ့"
"ဟုတ်ကဲ့ပါ"
လင်းယွဲ့ အစားအသောက်များကို ပါဆယ်ထုတ်ပြီး ဝမ်ရှင်းထံသို့ကမ်းပေးလိုက်ချိန်မှာပင် စားပွဲထိုးဝင်လာခဲ့သည်။ သူက မျက်လုံးတစ်ဝက်မှိတ်ကာ နှာမှုတ်လိုက်ပြီး လှမ်းကြည့်ကာပြောလိုက်သည်။
"ဟေး ခင်ဗျားတို့က ဆော့စ်ရောင်းတာ မဟုတ်ဘူးလား၊ ဘာလို့ ဝက်သားနံ့ရနေတာလဲ"
"ကျွန်မတို့ ဝက်သားလည်းရောင်းပါတယ်"
လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။
"ဘယ်လိုလဲ နည်းနည်းယူမလား"
"ကောင်းပြီ၊ နှစ်ပွဲ ပေးပါ"
စားပွဲထိုးက ဆိုင်ထဲတွင်လမ်းလျှောက်ရင်းရပ်လိုက်ပြီး နှုတ်ခမ်းမဲ့ကာပြောလိုက်သည်။
"ဒီမှာ ကျုံးဟွာဆော့စ်ရောင်းတာလား"
"ဟုတ်ကဲ့၊ အစ်ကိုကြားဖူးလို့လား"
စားပွဲထိုး မျက်မှောင်ကြုတ်လိုက်သည်။
"ဟမ့် မရောင်းနဲ့၊ ခင်ဗျားတို့က လူတွေကို လိမ်စားနေတာပဲ"
"ဘာလို့ အဲဒီလိုပြောရတာလဲ"
စားပွဲထိုး၏မျက်လုံးများတွင် ရွံရှာမှုများ ပြည့်နှက်နေလေသည်။
"ဒီကျုံးဟွာဆော့စ်က အရသာရှိတယ်၊ တကယ်ကို ထူးခြားတယ်လို့ လူတွေပြောတာ ကျွန်တော်ကြားခဲ့ရတာ၊ ကျွန်တော် လစာရတော့ ဆားအစား ဝယ်စားမယ်လို့ စဉ်းစားခဲ့တယ်၊ ပထမတစ်ပုလင်းက အဆင်ပြေပါတယ်၊ သူတို့ပြောသလောက် မကောင်းပေမဲ့ မဆိုးပါဘူး၊ ဒါပေမဲ့ မနေ့ကဝယ်ခဲ့တဲ့ ပုလင်းက ဘာကြီးလဲဗျာ၊ အရသာလည်းမရှိ ပေါ့ပျက်ပျက်နဲ့ လုံးဝကို ဆိုးရွားတာပဲ"
စားပွဲထိုးမှာ ဒေါသထွက်နေဆဲဖြစ်ပြီး ထပ်ပြောလိုက်သည်။
"သူက တကယ့်လိမ်လည်သူပဲ"
ဝက်သားနီချက်ထမင်းနှစ်ပွဲကို ကြက်ဆီပဲငပိဆော့စ်ပန်းကန်လုံးငယ်လေးနှင့်အတူ ပြင်ဆင်ပြီးသွားလေသည်။
"ကျွန်မရဲ့ကျုံးဟွာဆော့စ်က အစစ်အမှန်ပါ၊ ရှီထိုင်ခရိုင်မှာ ဒီတစ်ခုတည်းပဲရှိတာ၊ အစ်ကို မြည်းကြည့်သင့်တယ်"
ဤနေရာတွင် စားပွဲထိုးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
"ခင်ဗျားကို ပါးနပ်တဲ့စီးပွားရေးသမားလို့ပြောတာ မဟုတ်ပါဘူး၊ တခြားသူတွေကို ပြောတာပါ"
သူက ကျသင့်ငွေကို အရင်ရှင်းလိုက်ပြီးနောက် လက်တစ်ဖက်စီဖြင့် ပန်းကန်ပြားတစ်ချပ်စီကိုကိုင်ကာ လက်နှစ်ဖက်ကြားတွင် ပန်းကန်လုံးငယ်ကို ညှပ်ကိုင်လိုက်သည်။ လမ်းတစ်လျှောက်တွင် ဝက်သားနီချက်ရနံ့က သူ့နှာခေါင်းကို အဆက်မပြတ်ထိုးနှက်နေသည်ကို ခံစားနေရသည်။
‘အရမ်းမွှေးလွန်းတယ်’
သူ မစောင့်နိုင်တော့ဘဲ ဆိုင်ထဲသို့ခပ်သုတ်သုတ် ပြေးဝင်သွားလေသည်။ သူ့အတွက်ဆယ်ပြားမှာ အနည်းငယ်ဈေးကြီးသော်လည်း မနေ့က အရသာဆိုးရွားသော ဟင်းတစ်ခွက်ကိုဝယ်မိခဲ့သဖြင့် သူအရှုံးခံ၍ မရတော့ပေ။ ပိုကောင်းသောအရာကို သူဝယ်သင့်သည်လေ။
"ဖြည်းဖြည်းလုပ်စမ်းပါ၊ ဒီလို အပြေးအလွှားနဲ့ ဒါဘယ်လို အမူအကျင့်လဲ"
ဆိုင်ရှင် စကားပင်မဆုံးလိုက်သေးမီ ရုတ်တရက် သွားရည်ကို မျိုချလိုက်မိသည်။
"ဒါ ဒါကဘာလဲ အရမ်းမွှေးနေတာပဲ"
အကယ်၍ လင်းယွဲ့သာ ဤနေရာ၌ရှိနေခဲ့ပါက သေချာပေါက် သဘောတကျရယ်မောကာပြောမည်ဖြစ်သည်။
"ရှင့်ရဲ့အရသာခံဖုတွေကို ခေတ်သစ်ဘဝရဲ့ရှုပ်ထွေးမှုတွေထဲမှာ ခံစားကြည့်ခွင့်ပေးလိုက်စမ်းပါ"
သူမက မည်သည့်နည်းပညာဗုံးများကိုမျှပင် အသုံးမပြုရသေးပေ။ သို့သော် ရှေးခေတ်လူများအတွက် ၎င်းကသူတို့၏ချို့တဲ့နေသော အရသာခံစားမှုအတွက် ရေတံခါးကြီးကိုဖွင့်ပေးလိုက်သကဲ့သို့ဖြစ်ပြီး သူတို့သွားရည်များမှာ ကျိုးကျသွားသော ဆည်ကြီးတစ်ခုလို စီးကျလာလေသည်။ ဆိုင်ရှင်မှာ ဝက်သားနီချက်ထဲတွင် စိတ်ပါဝင်စားနေပြီး နောင်တတရားဖြင့်အော်ဟစ်လိုက်၏။
"ငါ ဘာလို့ အခုမှဒီလောက်ကောင်းတဲ့ အရသာကို မြည်းစမ်းခွင့်ရတာလဲ၊ အရင်တုန်းကသာဆိုရင် ငါ့မှာရှိသမျှ ပိုက်ဆံအကုန်လုံးကို ထျန်းရှန်းနားနေဆောင်မှာမသုံးဘဲ ဒါ့အတွက်ပဲသုံးမှာ"
"ရပါတယ်လေ"
စားပွဲထိုးကပြုံးရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ ဒီတလော သူဌေးရဲ့ အရောင်းအဝယ်ကလည်း မကောင်းဘူး၊ ခံတွင်းကလည်း သိပ်မတွေ့ဘူးဆိုတော့ အများကြီးစားနိုင်မှာ မဟုတ်ပါဘူး"
*ဖောင်း*
ဆိုင်ရှင်က စားပွဲထိုး၏ခေါင်းကို ရိုက်လိုက်ပြီးနောက် ဆော့စ်တစ်ဇွန်းခပ်ယူလိုက်ရာ သူ့မျက်လုံးများမှာ မှေးကျဉ်းသွားလေသည်။
"ဒါက တစ်ကယ့်အရသာပဲ၊ စစ်မှန်တဲ့ ကျုံးဟွာဆော့စ်"
စားပွဲထိုးမျက်လုံးများ ပြူးကျယ်သွားသည်။
"အရင်ကဝယ်ခဲ့တဲ့ ကျုံးဟွာဆော့စ်တွေမှာ ဒီလိုမျိုးတစ်ခါမှ မတွေ့ဖူးဘူး"
"မင်းကို စာများများဖတ်ခိုင်းရမယ်"
ဆိုင်ရှင်က စားပွဲထိုး၏ခေါင်းကို ထပ်ရိုက်လိုက်ပြီးနောက် သူ့ထဲမှဝက်အရေခွံတစ်တုံးကို နှိုက်စားလိုက်သည်။
"တစ်ခုက 'ဟွာ’၊ နောက်တစ်ခုက အဲဒီ 'ဟွား' အရှေ့မှာ 'သစ်သား'ဆိုတဲ့စာလုံး ပေါင်းထည့်ထားတာ စာလုံးနှစ်လုံးကမတူဘူး"
"ဒါဆို ဒါ သူဌေး အရမ်းချီးကျူးနေတဲ့ အံ့ဩစရာကောင်းတဲ့ ကျုံးဟွာဆော့စ်ပေါ့၊ အရသာ ဘယ်လိုနေလဲဆိုတာ ကျွန်တော်မြည်းကြည့်ရအောင်"
စားပွဲထိုးက ထိုသို့ပြောကာ ကြက်သားခြောက်တစ်တုံးကို ယူဝါးလိုက်ရာ သူ့မျက်လုံးများ ချက်ချင်းအရောင်လက်သွားလေသည်။
"အရသာရှိလိုက်တာ၊ ဒါ တကယ် ကြက်သားပဲ"
"ငါ့အသားကို မယူနဲ့"
ဆိုင်ရှင်က သူ့ခေါင်းကို ထပ်ရိုက်လိုက်ပြီး အသားတစ်တုံးကိုယူရန် လက်လှမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် စားပွဲထိုးမှာ ပိုပါးနပ်သွားပြီး သူ့ခေါင်းကို အထိမခံတော့ပေ။ ယင်းအစား သူက လက်တစ်ဖက်ဖြင့် ပန်းကန်ပြားကို အမြန်ကာကွယ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဆော့စ်တစ်ဝက်ကိုခပ်ယူလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဝမ်ရှင်းသည် စာသင်ကျောင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး ယခင်က သူ အပြစ်ပေးခံခဲ့ရသောနေရာသို့ ပြန်လည်လစ်ထွက်သွားရန် ရည်ရွယ်ထားလေသည်။ သူ တံတိုင်းကိုကျော်လိုက်သည်နှင့် တစ်ပြိုင်နက် ခြံဝင်းထဲတွင် ရပ်ကာ သူ့ကိုခြိမ်းခြောက်သည့်ပုံစံဖြင့် စိုက်ကြည့်နေသော ဆရာဖြစ်သူကို တွေ့လိုက်ရ၏။ ဝမ်ရှင်းသည် ဆီစိမ်စက္ကူထုပ်ကို သူ့ကျောဘက်သို့ အမြန်ဝှက်လိုက်ပြီး ကျွမ်းကျင်စွာခေါင်းငုံ့ကာ သူ့အမှားကို ဝန်ခံလိုက်သည်။
"ဆရာ ကျွန်တော်မှားသွားပါတယ်"
"ဒီလထဲမှာ ဒီအမှားကို မင်းဘယ်နှစ်ခါ လုပ်ပြီးပြီလဲ၊ မနေ့က စာကို မင်းမကျက်ဘူး၊ အဲဒါကြောင့် သေချာပြန်စဉ်းစားဆင်ခြင်ဖို့ ငါ ပြောခဲ့တာကို မင်းက အဲဒီအစားထွက်ပြေးသွားတယ်ပေါ့လေ"
ဆရာက သူ့ကိုစိုက်ကြည့်လိုက်သည်။
"မင်း ဘာလုပ်ခဲ့တာလဲ"