← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

Ch-125

ဟွမ်ရှန်းက လူအုပ်ကို ချက်ချင်း တိုးထွက်လာပြီး အော်လိုက်သည်။

"ဖယ်ပေးကြ ဖယ်ပေးကြ၊ အရာရှိတွေ အမှုစစ်နေတယ်"

"ဟင်"

သူ မျက်လုံးများကို ပွတ်သပ်ရင်း စိတ်ထဲမှ တွေးလိုက်သည်။

‘ဒီလူ့မျက်နှာက ရင်းနှီးနေသလိုပဲ’

‘နေပါဦး၊ ပြီးခဲ့တဲ့အကြိမ်က တရားသူကြီးမင်းနဲ့ သခင်လေးဝမ်တို့ သူတို့ကို တင်း ၂၀ထွက်ရှိတဲ့ မာယန်ရွာကို သွားကြည့်ဖို့ ခေါ်သွားတုန်းကမြင်ခဲ့ဖူးတာပဲ’

သူ သတိရသွားသည်။

‘အဲဒီအမျိုးသမီးပဲ၊ ရွာတစ်ရွာလုံးကို ကောက်ပဲသီးနှံတွေ အလျှံပယ်ထွက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး။သခင်လေးဝမ်၊ ခရိုင်ဝန်နဲ့ အရာရှိချိုးတို့ အားလုံးသိကြတဲ့ ထူးချွန်တဲ့ အမျိုးသမီးလေ’

အိပ်ချင်စိတ်များ ချက်ချင်းပျောက်ကွယ်သွားပြီး ဟွမ်ရှန်းကယဉ်ကျေးစွာ မေးလိုက်သည်။

"စားပြီးသေသွားတဲ့သူက ဘယ်မှာလဲ၊ သေမှုသေခင်းသမားတော်ကို စစ်ဆေးခိုင်းရမယ်"

"ဗျာ"

"ဟင်"

အလုပ်သမားနှင့် လင်းယွဲ့တို့နှစ်ဦးစလုံး ဇဝေဇဝါဖြစ်သွားကြသည်။

"စားပြီးသေသွားတဲ့လူ ဟုတ်လား၊ စားပြီး သေသွားတဲ့လူက ဘယ်မှာမို့လို့လဲ"

"ဒီမှာဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ရန်ဖြစ်နေကြတာလဲ"

"သူတို့က ကျုံးဟွာဆော့စ်အတုကို ဝယ်မိပြီး ကျွန်မကို ပိုက်ဆံလာပြန်တောင်းနေတာ၊ ကျွန်မ ရှင်းပြပေမဲ့ သူတို့ကမယုံကြဘူး"

လင်းယွဲ့သည် သူတို့ကိုရှင်းပြနေရသဖြင့် အပြင်ဘက်တွင်လူများ ဤမျှများပြားစွာ စုရုံးနေကြောင်းကို သတိမထားမိခဲ့ပေ။ ဟွမ်ရှန်းလည်း ဤကိစ္စကို သိထားလေသည်။ အကြောင်းမှာ နောက်ပိုင်းသူဝယ်ခဲ့သော ကျုံးဟွာဆော့စ်မှာ အလွန်ဆိုးရွားလွန်းသဖြင့် လူမဆန်သည့်လုပ်ရပ်ဟုဆိုကာ လုဟူထံသို့ပင် သူညည်းညူခဲ့ဖူးသည်။

နောက်ဆုံးတော့ သူစားခဲ့တာကအတုဖြစ်ကြောင်း လုဟူမှသူ့ကိုပြောပြခဲ့သည်။ ၎င်းမှာ ဤစီးပွားရေးမှငွေရှာချင်သော်လည်း ကျုံးဟွာဆော့စ်၏လျှို့ဝှက်လုပ်နည်းကိုမရရှိခဲ့သော ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာန ကြီးကြပ်ရေးမှုးမှ တမင်တကာပြုလုပ်ထားသော ကျုံးဟွာဆော့စ်အတုသာ ဖြစ်သည်။

စုဟိုင်သည် ကနဦးက ဤဆော့စ်ကို အသုံးပြု၍ ကျုံးဟွာဆော့စ်၏နာမည်ဂုဏ်သတင်းနှင့် ယှဉ်ပြိုင်ကာ ထိုနာမည်ကိုအသုံးချပြီး ငွေရှာရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သူတို့ကဈေးကွက်ကို လက်ဝါးကြီးအုပ်လိုက်သဖြင့် ကျုံးဟွာဆော့စ်အစစ်ကို ရောင်းချရန် နေရာမရှိတော့ကြောင်း တွေ့ရှိခဲ့ကြ၏။ ထို့ကြောင့် သူတို့ကဟန်မဆောင်တော့ဘဲ အရှက်မဲ့စွာဖြင့် ငွေကိုသာဂရုစိုက်တော့သည်။

"အဲဒီစုဟိုင်က တကယ်ယုတ်မာတာပဲ"

ဟွမ်ရှန်းက လုံးဝဒေါသထွက်နေလျက် စုဟိုင်ကို ဆဲရေးတိုင်းထွာတော့သည်။ စုဟိုင်သည် မောက်မာပြီးဗိုလ်ကျရုံသာမက ဈေးနှိမ်ဝယ်ကာ ဈေးတင်ရောင်းခြင်း၊ ကုန်ပစ္စည်းများ သိုလှောင်ခြင်းနှင့် မသမာသောငွေမည်းများစွာကိုလည်း မကြာခဏရှာဖွေလေ့ရှိသည်။ လုဟူသည် ကျန်းရှစီရင်စုသို့စပါးများ ပို့ဆောင်နေစဉ် စပါးများကိုလုယက်သည့် ဓားပြများနှင့် ကြုံတွေ့ခဲ့ရသည်။

သူက ပြင်းပြင်းထန်ထန်ပြန်လည်ခုခံရင်း သူ့ညာဘက်လက်ကို အဖြတ်ခံလိုက်ရ၏။ လုဟူ၏ဓားမြှောင်နှစ်လက် ကိုင်တွယ်သည့် သိုင်းပညာမှာ ပြောင်မြောက်လှပြီး လက်တစ်ဖက်ဆုံးရှုံးသွားခြင်းက သူ့တိုက်ခိုက်ရေးစွမ်းရည်ကို များစွာကျဆင်းသွားစေမည်ဖြစ်ကြောင်း မှတ်သားထားသင့်သည်။ စုဟိုင်က လုဟူကိုကုန်ပို့ဌာနမှမောင်းမထုတ်မီ ဆေးကုသစရိတ်ပင်မပေးခဲ့ပေ။

ထို့ပြင် လုဟူသည် အဓိက သက်တော်စောင့်တစ်ဦးအနေဖြင့် သူ့တာဝန်များကို ပေါ့ဆခဲ့သည်ဟုဆိုကာ တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ဆုံးရှုံးသွားသော ငွေကြေးအားလုံးကို လုဟူအားပေးလျော်ရန် တောင်းဆိုခဲ့သည်။ ထိုအချိန်မှသာ စုဟိုင်က စာချုပ်တွင် လှည့်ကွက်သုံးထားပြီး ဆုံးရှုံးသွားသောကုန်ပစ္စည်းများအတွက် လျော်ကြေးအများစုကို လုဟူအား ပေးလျော်စေရန် လုပ်ဆောင်ထားကြောင်း သူတို့သိရှိသွားကြသည်။

သနားစရာကောင်းသော လုဟူမှာ ကုတင်ပေါ်တွင်လဲလျောင်းနေဆဲဖြစ်ပြီး သူ့ခယ်မမှာ နေရာအနှံ့မှငွေချေးငှားနေရကာ ပို၍များပြားသောငွေကို ချေးယူနိုင်ရန် အိမ်ရှေ့ခြံဝင်းငယ်လေးကိုပင် ရောင်းချခဲ့ရသည်။ ဌာနမှလူများ၏ စုပေါင်းဆန္ဒပြမှုကြောင့်သာ စုဟိုင်က လျော်ကြေးငွေကို တေး၂၀၀အထိ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက လုဟူမှာ ထောင်ကျသွားနိုင်သလို ပြည်နှင်ဒဏ်လည်းခံရနိုင်သည်။

လုဟူမှာ ဆေးခန်းပြရန်ငွေမရှိသဖြင့် ကုတင်ပေါ်တွင်သာ တွေဝေငေးမောစွာ လဲလျောင်းနေရလေသည်။ သူသာ စစ်ဆေးရေးမှုးတစ်ယောက်မဟုတ်ခဲ့လျှင် စုဟိုင်ကို ဖမ်းဆီးပြီး သတ်ပစ်ချင်စိတ်ပေါက်နေမိ၏။ စုဟိုင်ကျူးလွန်ခဲ့သော ယုတ်မာမှုများကိုကြားသိထားသဖြင့် သူကဟိန်းဟောက်လိုက်သည်။

"မင်းတို့ပြဿနာရှာချင်ရင် ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနကို သွားရှာကြ၊ မင်းတို့စားနေတဲ့ ဆော့စ်အတုတွေ အကုန်လုံးကို သူလုပ်ထားတာ၊ လူစုခွဲ လူစုခွဲကြစမ်း"

စစ်ဆေးရေးအရာရှိက လူများကို မောင်းထုတ်နေသည်အား မြင်သောအခါ လင်းယွဲ့ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက်ပေါ်လာလေသည်။

‘လူအများစု စောင့်ကြည့်နေကြချိန်မှာ ဒါကအဖြစ်မှန်ကို ရှင်းပြဖို့ အခွင့်အရေးကောင်းတစ်ခုပဲ’

သူမက ဆော့စ်ပုလင်းနှင့် လက်ကမ်းစာစောင်များကို အမြန်ဆွဲယူကာ အပြင်သို့ထွက်လာပြီး ဆိုင်၏လှေကားထစ်ပေါ်တွင် မတ်တတ်ရပ်လိုက်သည်။

"အားလုံးပဲ ကျွန်မကိုရှင်းပြခွင့်ပြုပါ"

ဟွမ်ရှန်းက ရပ်တန့်သွားသည်။ မောင်းထုတ်ခံလိုက်ရသူများမှာ ဟွမ်ရှန်းက သူတို့ကိုမတားဆီးတော့သည်ကို မြင်သောအခါ တိတ်တဆိတ်ပြန်လည်စုရုံးလာကြ၏။ အားလုံး၏အကြည့်များက လင်းယွဲ့ထံသို့ ကျရောက်နေပြီး သူမက အော်ပြောလိုက်သည်။

"ခုနက ကျွန်မတို့ဘာလို့ ရန်ဖြစ်နေကြလဲဆိုတာ အားလုံးသိကြလား"

"ဘာလို့လဲ"

ဤအခြေအနေကြောင့် သိချင်စိတ် ပြင်းပြနေကြသော လူများစွာက အလောတကြီး မေးလိုက်ကြသည်။

"ကျုံးဟွာဆော့စ်အကြောင်းကိုရော သိကြလား"

"သိတယ်"

လင်းယွဲ့က သူမလက်ထဲရှိပုလင်းကို မြှောက်ကိုင်လိုက်ပြီး ၎င်းပေါ်ရှိအနီရောင်စက္ကူတံဆိပ်ကို ဆွဲခွာလိုက်သည်။

"ကျုံးဟွာဆော့စ်နှစ်မျိုးရှိတယ်ဆိုတာကိုရော အားလုံးသိကြလား"

"ကျုံးဟွာမှာ အရသာသုံးမျိုး ရှိတယ် မဟုတ်ဘူးလား"

"မဟုတ်ပါဘူး"

လင်းယွဲ့ပြောလိုကိသည်။

"ကျုံးဟွာလို့နာမည်ပေးထားတဲ့ ဆော့စ်က နှစ်မျိုးရှိတာပါ၊ တစ်မျိုးက ကျွန်မတို့မိသားစုကထုတ်တဲ့ ပထမဆုံးစတင်ရောင်းချခဲ့ပြီး ကျွန်မရဲ့လျှို့ဝှက်လုပ်နည်းတွေအပြည့်ပါဝင်တဲ့ဆော့စ်ပါ"

လင်းယွဲ့က ဆော့စ်ကိုမြေပြင်ပေါ်သို့ သွန်ချလိုက်သည်။

"အဲဒါက အနီရောင်ပါ၊ အဲဒီအချိန်တုန်းက ယုံအန်းကုန်ပို့ဌာနက ကျွန်မရဲ့လျှို့ဝှက်လုပ်နည်းကို အပိုင်ဝယ်ချင်ခဲ့ပေမဲ့ ကျွန်မငြင်းခဲ့တယ်၊ အဲဒီရလဒ်အနေနဲ့ မူလကျွန်မဆီက ဆော့စ်တွေ ဝယ်နေတဲ့ဆိုင်တွေအကုန်လုံးဆီ ကျွန်မကို ဆက်မရောင်းခိုင်းတော့ဘူး၊ နှစ်ရက်အကြာမှာတော့ ရှီထိုင်ခရိုင်ထဲမှာ နောက်ထပ်ကျုံးဟွာဆော့စ်တစ်ခု ပေါ်လာပြီး အရင်က ကျွန်မတင်ရောင်းခဲ့တဲ့ဆိုင်တွေမှာ ဝင်ရောင်းတော့တာပဲ၊ ဒါပေမဲ့ သူတို့ကကျွန်မတို့မိသားစုဆီက ထွက်တာ မဟုတ်ဘူးရှင့်၊ အခု သူတို့က တခြားဆော့စ်ကိုဝယ်ပြီး ကျွန်မဆီလာပြီး လျော်ကြေးတောင်းနေကြတယ်၊ ကျွန်မ ပြန်ပေးသင့်တယ်လို့ထင်လား"

"မပေးသင့်ဘူး"

"ဒီလိုဆိုရင် မင်းဘယ်လိုလုပ် ပိုက်ဆံရှာနိုင်တော့မှာလဲ၊ ပစ္စည်းတွေတင်ရောင်းခွင့် အပိတ်ခံရရုံတင်မကဘူး၊ အတုအပတွေပါ လုပ်ခံရတယ်ဆိုတော့ မင်း တော်တော်လေးကံဆိုးနေပြီပဲ"

"အတုအပလုပ်တဲ့လူတွေ သေသင့်တယ်"

ပြည်သူများအကြားတွင် စုဟိုင်၏နာမည်ဂုဏ်သတင်းမှာ အလွန်ဆိုးရွားလှပြီး လူအများအပြားက အခွင့်ကောင်းယူကာ သူ့အား

ကျိန်ဆဲကြလေသည်။

"သူက တကယ့်တိရစ္ဆာန်ပဲ"

"ငါတို့သာမန်ပြည်သူတွေက ရိုးရိုးသားသား ပိုက်ဆံရှာနေကြတာ၊ ငါတို့အသက်မွေးဝမ်းကျောင်းကိုဖြတ်တောက်ချင်တဲ့လူတွေက သေကိုသေသင့်တယ်"

စောင့်ကြည့်နေသူများမှာ တရားမျှတမှုအတွက် ဒေါသထွက်နေကြလေသည်။ ပြဿနာရှာနေခဲ့သူများ၏မျက်နှာတွင် တောင်းပန်ချင်သည့်အမူအရာများ ပေါ်လာပြီး လီချုံကရှေ့သို့ထွက်ကာ ပြောလိုက်၏။

"ဆိုင်ရှင် ကျွန်တော်တို့ကိုခွင့်လွှတ်ပါ၊ ကျွန်တော်တို့ အထင်လွဲသွားလို့ပါ"

"ရပါတယ်"

လင်းယွဲ့ပြောလိုက်သည်။

"ရှင်တို့အကုန်လုံးလည်း အလိမ်ခံလိုက်ရတာပဲလေ၊ ဒါပေမဲ့"

သူမကလူတိုင်းကိုကြည့်ကာ ဆက်ပြောလိုက်သည်။

"နောက်နောင် တခြားကျုံးဟွာကနေ အလိမ်ခံရရင် ကျွန်မဆီလာမရှာကြနဲ့တော့နော်"

"ဒါဆို ငါတို့ဘယ်လို ခွဲခြားသိနိုင်မလဲ"

လူအုပ်ထဲမှ ပွင့်လင်းမြင်သာသော ထိုလူကိုကြည့်ရင်း သူက တကယ့် အသက်ကယ်ရှင်ပဲဟု လင်းယွဲ့တွေးလိုက်မိပြီး အမြန်ပြောလိုက်သည်။

"ရှီထိုင်ခရိုင်မှာ ကျုံးဟွာဆော့စ်ရောင်းတာ ကျွန်မတစ်ယောက်တည်းရှိပါတယ်၊ အားလုံးပဲ ကျွန်မကိုလာရှာကြပါနော်၊ သဘက်ခါဆိုရင် ဆိုင်ဖွင့်ပါပြီ၊ အားလုံးလာရောက် အားပေးကြဖို့ မျှော်လင့်ပါတယ်ရှင့်"

လင်းယွဲ့သည် လက်ကမ်းစာစောင် အထပ်လိုက်ကိုထုတ်ယူကာ နတ်သမီးလေးပန်းတွေ ကြဲချသကဲ့သို့ လူအုပ်ထဲသို့ ဖြန့်ကြဲလိုက်သည်။

"ဒါတွေယူထားကြပါ၊ သဘက်ခါကျရင် ဈေးလျှော့ပေးမှာမို့လို့ အသုံးဝင်ပါတယ်"

ထိုစကားကိုကြားသောအခါ လူအများအပြားက အလုအယက်ကောက်ယူကြလေသည်။ ထိုမြင်ကွင်းကိုမြင်သောအခါ ဟွမ်ရှန်းရင်ထဲတွင် လင်းယွဲ့အပေါ် လေးစားချီးကျူးမှုများပြည့်နှက်သွားလေသည်။ သူမက စကားလုံး အနည်းငယ်ဖြင့် အရာအားလုံးကို ရှင်းလင်းစွာ ရှင်းပြနိုင်ရုံသာမက အပြစ်အားလုံးကိုလည်း စုဟိုင်အပေါ်သို့လွှဲချနိုင်ခဲ့၏။ ထို့ပြင် သူတို့ ကိုယ်ပိုင်ဆိုင်ကိုကြော်ငြာဖို့လည်း ဒီအခွင့်အရေးကို အမိအရယူလိုက်သေးသည်။

‘မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သခင်လေးဝမ်နဲ့ အရာရှိကျိုးတို့ လေးစားရတဲ့သူတွေက တကယ်ကို လျှော့တွက်လို့မရဘူးပဲ’

"ကျွန်တော့်ကို ကြက်ဥနှစ်လုံးပေးပါ"

ဟွမ်ရှန်းပြောလိုက်သည်။

"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရာရှိဟွမ်"

လင်းယွဲ့ပြုံးရင်း ပြောကာ ဆော့စ်ဇွန်းငယ်တစ်ဇွန်းထည့်ထားသော ကြက်ဥနှစ်လုံးကို ကမ်းပေးလိုက်သည်။ ဟွမ်ရှန်းက ကြေးပြားလေးပြားကို သေတ္တာထဲသို့ထည့်လိုက်ပြီး တစ်ကိုက် ကိုက်စားကာ အံ့သြတကြီးပြောလိုက်လေ၏။

"အရသာရှိလိုက်တာ"

ကြက်ဥအကာက အရသာရှိပြီး အိစက်နေကာ အနှစ်မှာလည်း ဟင်းရည်ကြောင့် လုံးဝခြောက်သွေ့မနေဘဲ မွှေးကြိုင်ကာ အရသာရှိလှသည်။

‘ပဲငပိဆော့စ်လေးနည်းနည်း ထည့်လိုက်တော့ တကယ်ကို အံ့ဩစရာကောင်းသွားတာပဲ’

‘အရသာရှိလိုက်တာ၊ တွဲစားဖို့ပေါက်စီတချို့ဝယ်ရမယ်၊ မဟုတ်ရင် နှမြောစရာကြီး’

ဟွမ်ရှန်းက သူ့အရာရှိသုံးဓားကို သေချာပြင်ဆင်ကာ သူ၏စားချင်စိတ်ကို အောင့်အည်းပြီး ပေါက်စီနှစ်လုံး ဝယ်ရန် ခပ်သုတ်သုတ်ပြေးသွားလေသည်။ ရူဟိုင်စာသင်ကျောင်းတွင် ဆရာဖြစ်သူက ထိုမနက်သူစားခဲ့သော ဆန်ပြုတ်နှင့် ဟင်းသီးဟင်းရွက် ချဉ်ဖတ်တို့မှာ အရသာရှိသည်ဟုထင်ခဲ့သော်လည်း အများကြီးမစားဖြစ်ခဲ့ပေ။

‘ငါ အသက်ကြီးလာပြီထင်ပါတယ်၊ အစားလျှော့စားဖို့ လိုတယ်’

မနေ့မှဆာလောင်မှုက ခဏတာခံစားချက်လေးတစ်ခုသာ ဖြစ်ပုံရသည်။ ချိုးဇယ်က စာအုပ်ကိုလက်တွင်ကိုင်လျက် ကျောင်းထဲသို့ ဝင်လာခဲ့သော်လည်း တံခါးဝတွင် သင်းပျံ့သောမွှေးရနံ့တစ်ခုကို ရလိုက်၏။

"အစ်ကိုကြီး ငါဆက်ပြီး မခံစားနိုင်တော့ဘူး၊ တစ်ကိုက်လောက်ကျွေးပါ"

"မင်း ငါ့ကိုအဘိုးလို့ခေါ်ရင်တောင် မကျွေးနိုင်ဘူး”

"အရမ်းမွှေးတာပဲ၊ အဲဒါ ဘယ်ကဝယ်လာတာလဲ"

"ဟီးဟီး ငါမင်းကို မပြောပြဘူး"

“ပေါက်ကရတွေ အတန်းထဲမှာစားဖို့ ဘယ်သူက သူတို့ကိုခွင့်ပြုထားလို့လဲ၊ ပြီးတော့ ဒီလောက်တောင်ဆူညံနေရတာလား”

ဆရာချိုးဇယ်က တံခါးကိုရုတ်တရက် တွန်းဖွင့်လိုက်ရာ မွှေးရနံ့များကပိုပြင်းထန်လာပြီး မနေ့ကသူရခဲ့သော ဝက်သားနီချက်၏အနံ့အတိုင်းပင် ဖြစ်နေလေသည်။

“ဒါ လွန်လွန်းနေပြီ၊ သူတို့က ဘယ်လိုလုပ် ထပ်စားနေကြတာလဲ”

"အတန်းထဲမှာစားနေတဲ့လူ အကုန်လုံး မတ်တတ်ရပ်စမ်း"

အစာဆက်စားခွင့်မပြုမီ ကျောက်မင်ကဗျာပေါင်းချုပ်ထဲမှ ကဗျာတစ်ပုဒ်ကို ဆယ်ခေါက်ကူးရေးရမည်ဟု ဆရာချိုးဇယ်က သူတို့ကိုပြောလိုက်သည်။

“အဲဒီလိုဆိုရင် ဘယ်သူမှ သူနဲ့လုစားမှာ မဟုတ်တော့ဘူးလေ”

ဆရာချိုးဇယ်မှာ ဝမ်းသာအားရဖြင့် ဆိုင်ဘက်သို့ ခပ်သုတ်သုတ်လျှောက်သွားလေသည်။

All Chapters