← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

Ch-135

လင်းယွဲ့သည် တောင့်တင်းနေသော သူမကြွက်သားများကို ပြေလျော့သွားစေရန် ပခုံးများကို ပွတ်သပ်လိုက်သည်။ အမှောင်ကျနေပြီဖြစ်ပြီး ကုတန်၊ တာ့ယာ၊ ယန်ယိုထျန်းနှင့် ကုလင်တို့မှာ ဝမ်စုန်းရှင်းနှင့်အတူ အိမ်သို့ပြန်သွားကြပြီဖြစ်၏။ ထိုအချိန်က ဆိုင်ထဲတွင် လူအရမ်းများနေသဖြင့် လင်းယွဲ့မှာ အမြန်နှုတ်ဆက်ပြီးနောက် အလုပ်ကိုသာ ဆက်လုပ်နေခဲ့ရသည်။

လင်းယွဲ့သည် ကောင်တာ၌ထိုင်ချကာ အနားယူလိုက်၏။ သို့သော် အလုပ်များနေခြင်းမှ ရပ်တန့်လိုက်သည်နှင့် သူမဗိုက်ကတဂွီဂွီမြည်လာပြီး ဆာလောင်မှု လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။ သူမက ဝက်သားနီချက်ကို အနည်းငယ် ပြန်နွှေးကာ အငမ်းမရစားသောက်လိုက်ပြီး ဤသည်မှာ သူမ တစ်သက်တွင်စားဖူးသမျှ အကောင်းဆုံး ဝက်သားနီချက်ဖြစ်ကြောင်း ခံစားလိုက်ရသည်။

တစ်ဝက်လောက်စားပြီးနောက် သိပ်မဆာတော့သဖြင့် ယနေ့ရရှိသောကြေးပြားများကိုယူကာ ငွေမည်မျှရှိသည်ကို လင်းယွဲ့ အမြန်သွားကြည့်လိုက်သည်။ လင်းယွဲ့သည် ကြိုးတစ်ချောင်းကို အသုံးပြု၍ ကြေးပြားတစ်ရာကို ရေတွက်ကာသီပြီး အထုံးတစ်ခုထုံးလိုက်၏။ ကြေးပြား ၁၀၀၀သီပြီးတိုင်း ကြိုးအသစ်တစ်ချောင်းသို့ ပြောင်းလေသည်။

ကြေးပြားကြိုးနှစ်ချောင်းရှိပြီး နောက်ထပ် ၁၀၀ပြား ၅ စုနှင့် ၄ပြားရှိလေသည်။ ယနေ့ သူမသည် ငွေ ၂တေးနှင့် ကြေးပြား ၅၀၄ပြား အမှန်တကယ် ရရှိခဲ့သည်။ သူမက ဆော့စ်ပုလင်း ၃၀၀နီးပါး ရောင်းရသည်ဟု ခန့်မှန်းလိုက်၏။ မမျှော်လင့်ဘဲ ကံဆိုးမှုမှ သူမ အကျိုးအမြတ်ရရှိခဲ့သည်။

စုဟိုင်၏ပြဿနာရှာမှုကြောင့် လူတိုင်းက စုဟိုင်အပေါ် မူလကတည်းကရှိနေသော မုန်းတီးမှုများကို အားပေးမှုအဖြစ်ပြောင်းလဲကာ သူမတို့ မိသားစု၏ဆော့စ်များကို ဝယ်ယူခဲ့ကြသည်။ သို့သော် ယနေ့သည် တကယ်ကို ပင်ပန်းခဲ့ပြီး လင်းယွဲ့က ရေနွေးဖြင့် ကိုယ်လက်သန့်စင်ပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းကာ တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။

တခြားတစ်ဖက်တွင် ကုလင်က ဖယောင်းတိုင်ကိုမှုတ်ပြီးနောက် ကလေးသုံးယောက်၏အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်လာသည်ကိုကြားသောအခါ တံခါးကိုတိတ်တဆိတ် တွန်းဖွင့်လိုက်၏။ လရောင်အောက်တွင် သူသည် လျင်မြန်စွာပြေးလွှားနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ရှီထိုင်ခရိုင်ဆီသို့ မယုံနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ဦးတည် သွားလေသည်။ တစ်ဝက်ကျော်ခန့်ပြေးပြီးနောက် ပင်ပန်းနွမ်းနယ်မှုထက် သူ့ခန္ဓာကိုယ်စွမ်းအင်များ ကုန်ခမ်းသွားမှုကြောင့် အလွန်တရာဆာလောင်မှုကို ခံစားလိုက်ရပြီး သူမလှုပ်ရှားနိုင်တော့ပေ။

ကုလင် အင်္ကျီရင်ဘတ်ထဲမှဝက်သားနီချက်နှစ်ခုကို အမြန်ဆွဲထုတ်ကာ စတင် ကိုက်စားလိုက်သည်။ ၎င်းတို့ကို သူတို့ ထွက်ခွာလာစဉ်က လင်းယွဲ့မှ အထူးတလည် ပါဆယ်ထုတ်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းတို့ကို အမြန် အငမ်းမရစားသောက်ပြီးနောက် အစားအစာများက စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသို့ ထောက်ပံ့ပေးလိုက်သဖြင့် သူ့ခန္ဓာကိုယ်မှာနွေးထွေးလာ၏။

သူ မြို့ရိုးသို့ရောက်သောအခါ ညကင်းစောင့်စစ်သားများမှာ ပေါ့ပေါ့ဆဆမှီအိပ်နေကြရာ အချိန်ကြာမြင့်စွာ အေးချမ်းနေမှုက သူတို့ကို ပေါ့ဆသွားစေကြောင်း သိသာလေသည်။ ကုလင် ပုန်းကွယ်ရန်နေရာတစ်ခုကိုရှာဖွေလိုက်ပြီးနောက် မြို့ရိုးပေါ်ရှိ ငေါထွက်နေသော အုတ်ခဲများကိုခြေကုပ်ယူရန် ချက်ချင်းခွဲခြမ်းစိတ်ဖြာလိုက်၏။ ပေါ့ပါးသွက်လက်စွာဖြင့် သူသည် ဆယ်မီတာကျော်မြင့်သော မြို့ရိုးကို ကြောင်တစ်ကောင်ကဲ့သို့ လွယ်ကူစွာ တွယ်တက်သွားလေသည်။

မြို့ရိုးကို ကျော်တက်ပြီးနောက် သူ အသံမထွက်ဘဲ အောက်သို့ဆင်းသက်လိုက်သည်။ ကုလင်သည် နေ့ခင်းဘက်ကတည်းက စုဟိုင်၏အိမ်အကြောင်းကို စုံစမ်းထားပြီးဖြစ်၏။ ကင်းလှည့်သမားများကို လမ်းတစ်လျှောက်လုံး ရှောင်ရှားကာ စုဟိုင်အိမ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားလေသည်။ ထိုအချိန်တွင် မီးများငြိမ်းနေပြီဖြစ်ပြီး လရောင်ဖြင့်သာ သူမြင်နိုင်၏။

ကုလင်က ပစ္စည်းဟောင်းပုံထဲမှ လျှော်ကြိုးတစ်ချောင်းကို ပေါ့ပေါ့ပါးပါးယူလိုက်ပြီး အကြီးဆုံးအိပ်ခန်းထဲသို့ ဝင်သွားလေသည်။ လရောင်အောက်တွင် ကုလင်က စုဟိုင်၏မျက်နှာကို မြင်လိုက်ရ၏။ သူက စုဟိုင်နှင့် သူ့ဇနီးတို့ကို သတိလစ်သွားအောင်ရိုက်လိုက်သည်။

ထို့နောက် စုဟိုင်ကို လျှော်ကြိုးဖြင့် တင်းကျပ်စွာ ချည်နှောင်လိုက်ပြီး အိမ်သာဆီသို့ ထမ်းခေါ်သွားလေသည်။ စုဟိုင် အိမ်သာထဲတွင် ရေမွန်းမသေစေရန် သူကလျှော်ကြိုးကို သစ်ပင်တစ်ပင်တွင် ချည်လိုက်ပြီးနောက် သူ့ကို အထဲသို့ ကန်ချလိုက်၏။ ထို့နောက် သူက မြင်ကွင်းကိုကြည့်ရန် ခြံစည်းရိုးဘေးရှိ ပေါင်းပင်များကြားတွင် ပုန်းအောင်းနေလိုက်သည်။

အေးစက်မှု၊ စေးကပ်မှု၊ အသက်ရှူကြပ်မှု၊ အနံ့အသက်ဆိုးရွားမှုတို့ဖြင့် စုဟိုင်မှာ တစ်ယောက်ယောက်က သူ့ပါးစပ်ထဲသို့ မစင်များကို လက်ခုပ်ဖြင့် အတင်းထိုးထည့်နေသည်ဟု ရုတ်တရက် အိပ်မက်မက်နေလေသည်။ သို့သော် သူ ပိုမက်လေလေ အနံ့က ပိုထင်ရှားပြီး တကယ့်အစစ်လိုဖြစ်လာလေလေပင်။ သူ နှုတ်ခမ်းကိုအကြိမ်အနည်းငယ်သပ်လိုက်ပြီးနောက် သူ့မျက်လုံးများ ရုတ်တရက်ပွင့်လာလေသည်။

အနံ့အသက်ဆိုးက သူ့သတိကိုလွင့်စင်သွားစေလုမတတ် ဖြစ်သွားလေသည်။ စုဟိုင်မသိစိတ်မှ အော်ဟစ်ချင်သွားသော်ငြား....

*ဂလု ဂလု*

သူ့ပါးစပ်မှာ မစင်ကျင်းမျက်နှာပြင်နှင့် ကွက်တိတစ်ပြေးတည်း ဖြစ်နေလေ၏။ သူ ပါးစပ်ကိုဟလိုက်သည်နှင့် မစင်များက သူ့ပါးစပ်ထဲသို့ ဝင်ရောက်သွားလေသည်။

“ဝေါ့ ဂလု ဂလု”

သူ ပါးစပ်ကိုပိတ်လိုက်သော်လည်း သူ့ဗိုက်ထဲတွင် မွှေနှောက်နေပြီး အန်ချင်စိတ်ကိုမထိန်းထားနိုင်တော့ပေ။ သူ အန်ရန် ပါးစပ်ကိုဟလိုက်သောအခါ မစင်များက သူ့ခံတွင်းထဲသို့ ပြန်လည် စီးဝင်လာပြန်လေ၏။ သူသည် အဆက်မပြတ်အန်နေသော စက်တစ်လုံး ဖြစ်သွားလေသည်။

သူ အော်တောင်မအော်နိုင်တော့ပေ။ သူ သတိလစ်သွားဖို့သာ ဆုတောင်းနေမိသော်လည်း အနံ့အသက်ဆိုးက သူ့ကို အဆက်မပြတ် သတိပြန်ရလာစေလေသည်။

‘မဖြစ်ဘူး၊ ဒီအတိုင်း ဆက်သွားနေရင် သူ သေတော့မယ်’

ရှင်သန်လိုစိတ်ပြင်းပြမှုက သူ့ကို တွန်းအားပေးလာပြီး မစင်ပင်လယ်ထဲတွင် သူ့ခြေလက်များကို အဆက်မပြတ်ခတ်ကာ ကူးနေလေသည်။ မျောနေသယောင်ယောင်ရှိသော မည်သည့်အရာမဆိုက အားကိုး၍မရကြောင်း သူသိလေသည်။ နောက်ဆုံးတွင် သူ့ခါး၌ ကြိုးတစ်ချောင်းချည်ထားကြောင်း သူသတိပြုမိသွားသည်။

စုဟိုင်က ကြိုးကိုအမြန်ဆုပ်ကိုင်ကာ မစင်ကန်ဘောင်ဘက်သို့ ကူးသွားလေ၏။ ကန်ဘောင်ပေါ်ရောက်သောအခါ နောက်ဆုံးတွင် သူ အသက်ရှူဝသွားသော်လည်း အသက်ရှူလိုက်တိုင်းမှာ မစင်အနံ့များသာဖြစ်နေလေသည်။ သူက မစင်များဖြင့်ဝိုင်းရံ ခံထားရသကဲ့သို့ ခံစားလိုက်ရ၏။

မဟုတ်ဘူး။ မစင်လူသား တစ်ယောက်လိုဖြစ်နေလေ၏။ စုဟိုင်က တံတွေးအနည်းငယ်ကို အမြန်ထွေးထုတ်လိုက်သော်လည်း သူ့သွားကြားများမှာပင် မသန့်ရှင်းတော့သလို ခံစားနေရသည်။

"လူလာကြဦး လာကြစမ်း"

သူမျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သော်လည်း အိမ်သာမှာခေါင်သောနေရာတွင်ရှိနေသဖြင့် ညကင်းစောင့်များပင် ဘာမှမကြားခဲ့ကြပေ။ စုဟိုင်မှာ ဒေါသထွက်သွားပြီး ခြံဝင်းဘက်သို့ တစ်လှမ်းချင်း လျှောက်သွားကာ ဒေါသတကြီး အော်လိုက်သည်။

"မင်းတို့ အကုန်သေနေကြပြီလား၊ ထကြစမ်း၊ အကုန်လုံး ထကြစမ်း"

အော်ဟစ်သံနှင့်အတူ ညကင်းစောင့်များက ဖယောင်းတိုင်များကိုထွန်းလိုက်ရာ အခန်းတိုင်းလင်းထိန်သွားလေသည်။ ပထမဆုံးပြေးထွက်လာသူမှာ စုရှန်း ဖြစ်သည်။

သူက အကြီးအကဲအိမ်တော်ထိန်းဖြစ်သော်လည်း မျက်နှာသာပေးမှုဆုံးရှုံးမည်ကို ကြောက်ရွံ့သဖြင့် စုဟိုင်ခြံဝင်းနှင့် အနီးဆုံးတွင် နေထိုင်ခြင်း ဖြစ်သည်။ သူဖယောင်းတိုင်ထွန်းကာ ထွက်လာပြီး ပထမဆုံး အနံ့အသက်ဆိုးတစ်ခုကို ရလိုက်၏။

"မင်းတို့ ဘာလို့ ဖယောင်းတိုင်မြန်မြန်မထွန်းကြတာလဲ"

ခြံဝင်းထဲရှိ ဖယောင်းတိုင်များအားလုံး လင်းလာသောအခါ စုရှန်းက စုဟိုင်၏ အသွင်အပြင် အပြည့်အစုံကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။

‘မစင်တွေ၊ မစင်တွေချည်းပဲ၊ မစင်တွေက အောက်ကို စီးကျနေတာပဲ’

"အော့ အော့"

ဇီဝကမ္မတုံ့ပြန်မှုကြောင့် စုရှန်းမှာ မထိန်းနိုင်ဘဲ အန်ချလိုက်ရလေ၏။ ဇဝေဇဝါဖြစ်မှု သုံးပုံ၊ လေးစားမှု လေးပုံ၊ အံ့အားသင့်မှု သုံးပုံတို့ဖြင့် သူပြောလိုက်သည်။

"သခင်ကြီး သခင်ကြီးရဲ့ဒီနည်းလမ်းသစ်က တကယ်ကို တစ်မူထူးခြားတာပဲ ဝေါ့"

"မင်း အမေဆီသာသွားစမ်း"

စုဟိုင်က စုရှန်းမျက်နှာကို ရိုက်ချလိုက်သည်။

"ငါ ရေချိုးချင်တယ်၊ ရေချိုးမယ်"

"ဟုတ်ကဲ့ပါ"

စုရှန်းက မစင်တစ်ဝက်ပေကျံသွားသော သူ့မျက်နှာကို သည်းခံကာ ရေနွေးပြင်ဆင်ရန် လူများကိုအမြန် အမိန့်ပေးလိုက်သည်။ မစင်ရေပုံးတစ်ပုံးပြီးတစ်ပုံးကို သယ်ထုတ်လာကြပြီး ရေများ၏အဝါရောင် တဖြည်းဖြည်းမပျောက်ကွယ်သွားမီအထိ ပုံးနှစ်ဆယ်ကျော်ခန့်ဆက်တိုက် သယ်ထုတ်ခဲ့ရ၏။ သို့သော် စုဟိုင်ခန္ဓာကိုယ်ပေါ်ရှိ အနံ့အသက်ဆိုးမှာ သိသာနေဆဲပင် ဖြစ်သည်။

သူက ဒေါသတကြီးဖြင့် ပါးစပ်ကို ပလုတ်ကျင်းလိုက်သည်။

"သူ့ကို ရှာပေးစမ်း၊ ငါ့ကို ဘယ်သူက ဒုက္ခပေးတာလဲ၊ သူ့ကို ရှာစမ်း"

All Chapters