← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

Ch-137

ကုလင်က အမြဲတမ်းစကားကိုရှောင်လွှဲ ဖြေတတ်ပြီး ဘာတွေ အတိအကျဖြစ်ခဲ့သလဲဆိုသည်ကို သူမအား ဘယ်တော့မှ မပြောပြခဲ့ပေ။ သူ၏မည်သူမည်ဝါ ဖြစ်ကြောင်းမှာ အတည်မပြုနိုင်သေးပေ။ သူက တပ်ပြေးတစ်ယောက်လည်း ဖြစ်နိုင်လေသည်။

ထို့ပြင် ယခု သူကလျှို့ဝှက်နေပြန်သည်။ သူမ အမှုပတ်မခံချင်ပေ။ လင်းယွဲ့မှာ အနည်းငယ်မွန်းကျပ်သွားသလို ခံစားလိုက်ရ၏။ သူမရှေ့သို့ တစ်လှမ်းတိုးကာ သူမ၏တည်ကြည်လေးနက်သောအကြည့်များဖြင့် သူ့ကို တည့်တည့်စိုက်ကြည့်လိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ၊ ရှင် ဘာမှမပြောရင် ရုံးတော်ကို သွားတိုင်လိုက်မှာနော်"

"ကိုယ် စုဟိုင်ကိုလက်စားချေခဲ့တာ"

"ဘာ"

ဆာလောင်နေသောကုလင်က အိုးအဖုံးကို မ,ကြည့်လိုက်ရာ အိုးထဲတွင် ဝက်သားများပွက်ပွက်ဆူနေသည်ကို မြင်လိုက်ရသည်။ သူပြောလာသည်။

"မင်းကြားတာ မှန်ပါတယ်၊ ကိုယ် စုဟိုင်ကို သွားပြီးလက်စားချေခဲ့တယ်၊ သူ့ကို မစင်ကျင်းထဲတွန်းချခဲ့တာ"

ကုလင်က ရေစည်ကိုရှာတွေ့သွားပြီး ရေအနည်းငယ်ကို အရင်ခပ်ယူကာ သူ့လက်များကို သေချာဆေးကြောပြီးနောက် ဝက်သားတစ်တုံးကိုယူ၍ ပန်းကန်ပြားပေါ်တွင် တင်လိုက်ကာ ပြောလေသည်။

"ဒါကြောင့် ကိုယ်စားပြီးတာနဲ့ ထွက်သွားရမယ်၊ တစ်ကယ်လို့ ကိုယ့်ကိုမြင်သွားရင် မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့သူတွေက ရိပ်မိသွားမှာစိုးလို့"

သူ အငမ်းမရစားသောက်နေသည်ကို လင်းယွဲ့မြင်နေရပြီး သူ့ခြေထောက်များတွင် ရွှံ့များအများအပြားပေကျံနေလေသည်။

‘သူ ဒီကိုပြေးလာခဲ့တာများလား၊ အရမ်း ဝေးတာကို၊ သူ ဘယ်လောက်ကြာအောင် ပြေးလာခဲ့ရတာလဲ’

‘ဒါ့အပြင် သူနှင့်စုဟိုင်တို့ကြား ရန်ငြိုးရန်စမှမရှိပါဘဲ သူက ဘာလို့ စုဟိုင်ကို လက်စားချေရတာလဲ’

သူမအတွက် လုပ်ပေးခဲ့တာဖြစ်နိုင်သည်ဟု လင်းယွဲ့တွေးလိုက်မိပြီး သူမ အနည်းငယ်ရှက်သွေးဖြာသွားလေသည်။ သူက အလွန်မြန်မြန်စားပြီး မျက်စိတစ်မှိတ်အတွင်း ဝက်သားသုံးတုံးကုန်သွားလေသည်။ ထို့နောက် ဘေးနားရှိ ဆီစက္ကူထုပ်ကို ကျွမ်းကျင်စွာယူကာ နောက်ထပ်လေးတုံးကို ထုပ်ပိုးလိုက်၏။

သို့သော် ၎င်းကိုကြိုးဖြင့် မည်သို့ချည်ရမည်ကိုမသိသဖြင့် လင်းယွဲ့ထံ အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက ကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တာပဲဟု လင်းယွဲ့တွေးလိုက်ပြီး အရင်ကလောက် မငြင်းဆန်တော့ပေ။ သူမက ရှေ့သို့တိုးသွားကာ သူ့အတွက် ထုပ်ပိုးပေးလိုက်၏။

"ဒီဝက်သားနီချက်တွေက တကယ် အရသာရှိတာပဲ"

ကုလင်က ချစ်ရသူကိုငေးကြည့်နေသည့်အလား ဝက်သားနီချက်များကို စိုက်ကြည့်နေလေသည်။ သူက မော့ကြည့်ကာ လင်းယွဲ့ထံပြုံးပြလိုက်သောအခါ ထိုနူးညံ့ကြင်နာမှုများက သူ့မျက်လုံးများတွင် ကျန်ရစ်နေဆဲ ဖြစ်သည်။

"ဒီည ပိုချက်ထားနော်၊ ကိုယ်ပြန်လာစားမယ်"

"ထပ်ပြီးတော့လား"

"အင်း၊ တစ်ညတည်း ပညာပေးရုံနဲ့ လုံလောက်ပြီလား"

ကုလင်ရယ်မောလိုက်သည်။

"သူတောင်းစားလေးရဲ့ဒဏ်ရာတွေ သက်သာဖို့ အနည်းဆုံးလဝက်လောက် အချိန်ယူရလိမ့်မယ်၊ ဒါကြောင့် သူ့ကို သင်ခန်းစာပေးတဲ့အနေနဲ့ လဝက်လောက် ဒုက္ခခံခိုင်းလိုက်မယ်"

"လဝက် ဟုတ်လား၊ တစ်ကယ်လို့ သူသတိထားမိသွားပြီး ကင်းလှည့်ဖို့ ကျွမ်းကျင်သူတချို့ငှားလိုက်ရင် ရှင် အဖမ်းခံရမှာ မဟုတ်ဘူးလား"

"မင်း ကိုယ့်ကိုစိုးရိမ်နေတာလား"

ကုလင်၏ မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများက လူများကိုကြည့်သောအခါ ပြုံးနေကာ အလင်းရောင်များတလက်လက် တောက်ပနေသော ကြည်လင်သည့် ရေကန်တစ်ခုနှင့် တူလေသည်။

"မြန်မြန်လုပ်၊ မြို့တံခါးတွေဖွင့်တော့မယ်"

လင်းယွဲ့က ကုလင်အကြည့်ကို ရှောင်ဖယ်ကာ သူ့ကိုအလျင်စလိုပြောလိုက်သည်။ ကုလင်က ဝက်သားများကို သူ့အင်္ကျီရင်ဘတ်ထဲသို့ ထည့်လိုက်၏။

"ကောင်းပြီ၊ ကိုယ် သွားတော့မယ်"

ကုလင်က သစ်သားပြားတစ်ချပ်ကိုချကာ ဘေးတိုက်ထွက်သွားလေသည်။ ထိုအချိန်တွင် ကောင်းကင်က အပြည့်အဝမလင်းသေးဘဲ သူအမြန် ပြေးထွက်သွားလေသည်။ လင်းယွဲ့ သစ်သားပြားများအားလုံးကိုချကာ ဆိုင်စဖွင့်လေ၏။ သူမ မီးဖိုငယ်လေးကို အရင်မီးမွှေးပြီး ကြက်ဥနီချက်များကို အပြင်တွင်ထားလိုက်၏။

စာသင်ကျောင်းမှ ကျောင်းသားများမှာ မကြာမီ ရောက်ရှိလာကြပြီး ဇွန်ဘီ လှိုင်းလုံးများကဲ့သို့ သူတို့အားလုံးက လက်များဆန့်ထုတ်ကာ လင်းယွဲ့ထံမှ ကြက်ဥများကို တောင်းကြလေသည်။ လင်းယွဲ့မှာ ကြက်ဥများအားလုံးကို အပြေးအလွှားရောင်းချလိုက်ရပြီး ကြေးပြား တစ်ရာကျော်ရရှိခဲ့သည်။ အများကြီးမဟုတ်သော်လည်း ပုံမှန် ဝင်ငွေတစ်ခုဖြစ်လေသည်။

ကြက်ဥများရောင်းပြီးနောက် လင်းယွဲ့က မီးဖိုငယ်လေးကိုပြန်သိမ်းလိုက်၏။ သူမက ရေခဲသေတ္တာထဲမှကြက်ဥများကိုထုတ်ယူကာ သန့်ရှင်းအောင် ဆေးကြောပြီးနောက် မနက်ဖြန်အတွက် ကြက်ဥနီချက်လုပ်ရန် အိုးထဲထည့်ပြုတ်လိုက်သည်။ ယနေ့ကျုံးဟွာဆော့စ်လာဝယ်သူမှာ မနေ့ကထက် နည်းပါးသဖြင့် သူမတွင် အားလပ်ချိန်အများအပြားရှိလေသည်။

လင်းယွဲ့က ဖောက်သည်များနှင့် မိနစ်အနည်းငယ်ခန့် စကားစမြည်ပြောရန်ပင် အချိန်ရလေသည်။ ဖောက်သည် အများအပြားမှာ ပြုံးရွှင်နေကြပြီး မနေ့ညက စုဟိုင် မစင်ကျင်းထဲပြုတ်ကျသည့်အကြောင်းကို လင်းယွဲ့ထံ ပျော်ပျော်ကြီးပြောနေကြလေသည်။

"သူ အရမ်းဒေါသထွက်သွားတယ်လို့ ကြားတယ် ဟားဟား ဟားဟား ဒီလောက်ယုတ်မာတဲ့သူ့အတွက် တန်ပါတယ်၊ တစ်ယောက်ယောက်က သူ့ကို တမင်သက်သက် ဒီလိုလုပ်သွားတာ ဖြစ်ရမယ်"

"တမင်သက်သက်လုပ်တာ သေချာတယ် မဟုတ်ရင် သူ့မှာထူးခြားတဲ့ အကြိုက်ရှိလို့မစင်စားရတာကို သဘောကျလို့နေမှာပေါ့ ဟားဟား ဟားဟား"

"အသေအချာတော့ ပြောလို့မရဘူး၊ ဒီနေ့ သူ့ကိုမြင်လိုက်လား၊ သူက ကောလာဟလတွေကို ရှင်းပစ်ဖို့အတွက် နေရာအနှံ့ကိုတမင်သက်သက် လမ်းလျှောက်သွားနေတာ နံ့သာအိတ်တောင် ဆွဲထားသေးတယ်၊ အဲဒါက သူ့ကိုပ်ိုနံနေအောင်လုပ်လိုက်မိလို့ ရွံစရာပိုကောင်းနေသေးတယ်"

မမျှော်လင့်ဘဲ နေ့လယ်ပိုင်းတွင် ထိုကာယကံရှင်က လင်းယွဲ့ဆိုင်ထဲသို့ဝင်လာခဲ့သည်။ သူက ဆိုင်ထဲသို့မောက်မောက်မာမာဝင်လာပြီး လေတိုက်လာသည်နှင့်အမျှ ဆိုင်အတွင်းသို့အနံ့ အသက်ဆိုးတစ်ခု လွင့်ပျံ့လာလေသည်။ လင်းယွဲ့မျက်မှောင်ကြုတ်လိုက်ပြီးမထိန်းနိုင်ဘဲ သူမနှာခေါင်းကို ပိတ်ထားလိုက်၏။ စုဟိုင်က သူမကိုဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ကျုံးဟွာက အတုပါဆိုပြီး မင်း ကောလာဟလတွေဖြန့်နေတယ်လို့ ငါ ကြားတယ်"

"ကျုံးဟွာဆော့စ် အမျိုးအစားနှစ်ခုကို လူတိုင်းခွဲခြားသိနိုင်ဖို့ ကျွန်မမျှော်လင့်ရုံပါပဲ"

လင်းယွဲ့ မပြုံးချင်ပြုံးချင်ပြုံးလိုက်ပြီးနောက် အသက်ကို အမြန်အောင့်ထားလိုက်သည်။ ကုလင်က သူ့ကိုအိမ်သာထဲတွန်းချလိုက်ခြင်းမှာ ကြီးကြီးမားမား ကိစ္စမဟုတ်ဟု သူမ ကနဦးကထင်ထားခဲ့သည်။ သို့သော် အနံ့အသက်က အလွန်ပြင်းထန်လွန်းလှသည်။ မသိသူဆိုလျှင် မစင်အများကြီး သူမြိုချထားသည်ဟုပင် ထင်သွားနိုင်သည်။

လင်းယွဲ့မှာ မနေနိုင်တော့ဘဲ စက္ကူတစ်ရွက်ကိုယူကာ ယပ်ခတ်လိုက်သည်။ စုဟိုင်မျက်လုံးများ ပြူးကျယ်သွားပြီး ကြီးမားသော စော်ကားမှုကို ခံလိုက်ရသကဲ့သို့ အသက်ကိုပြင်းပြင်းရှူလိုက်၏။ သူစကားပင် ဆုံးအောင်မပြောနိုင်တော့ဘဲ တံခါးမှဒေါသတကြီး ထွက်သွားလေသည်။ သူ့လက်ပါးစေ စုရှန်းကမူ စကားတစ်ခွန်းချန်ထားခဲ့သည်။

"ငါတို့ ပြန်တွေ့ကြတာပေါ့၊ မင်း ငါတို့ကို စောင့်နေလိုက်"

လင်းယွဲ့မှာ မထိန်းနိုင်ဘဲ အသံထွက်အောင် ရယ်မောလိုက်လေသည်။

‘ဒီကုလင်က တကယ်လည်တဲ့လူပဲ’

ကျုံးဟွာဆော့စ် နောက်ဆုံးတစ်သုတ်ကိုရောင်းပြီးနောက် လမင်းကြီးမှာ ကောင်းကင်ထက်တွင် မြင့်တက်နေပြီ ဖြစ်သည်။ လင်းယွဲ့ သစ်သားပြားများကိုပြန်တပ်လိုက်၏။ သူမက ဖယောင်းတိုင်ထွန်းကာ ညစာကို ဖြည်းညင်းစွာစားလိုက်သည်။

ထိုအချိန်တွင် အိုးထဲ၌ဝက်သားနီချက် ခြောက်တုံးကျန်နေသေးပြီး ကုလင်အတွက် အထူးဖယ်ချန်ထားခြင်း ဖြစ်သည်။ စုဟိုင်က ယနေ့အိမ်သာကို ပိတ်ပစ်လိုက်ပြီး ကင်းလှည့်မှုများကို တိုးမြှင့်ထားသည်ဟု သူမကြားခဲ့ရသည်။

‘ဒီည ကုလင်အောင်မြင်ပါ့မလား၊ သူ အဖမ်းခံရမလား’

သူမ တွေးနေမိသည်။

လင်းယွဲ့ စိုးရိမ်နေသော ကုလင်မှာမူ လက်ရှိတွင် လင်းယွဲ့က သူ့အတွက် ပါဆယ်ထုတ်ပေးလိုက်သော ဝက်သားနီချက်များကို စားနေလေ၏။ တာ့ယာက နှုတ်ခမ်းဆူလိုက်ကာ သူမလည်း အစ်မဖြစ်သူ၏ဝက်သားနီချက်ကို စားချင်လေသည်။ သို့သော် ကုလင်က အရှက်မရှိဘဲ ဝက်သားနီချက်များကို သူ့ကိုယ်ပိုင် ပန်းကန်လုံးထဲတွင်သာ ထည့်ထားပြီး သူမကိုတစ်တုံးလေးတောင် မပေးခဲ့ပေ။

တာ့ယာ စားပွဲပေါ်သို့ကြည့်လိုက်ရာ ကုလင်ချက်ထားသော ဝက်သားနှပ်က တစ်ဝက်တူးနေပြီး တစ်ဝက်ကမကျက်သေးပေ။ ကြက်ဥများမှာ မည်းနက်နေပြီး ထမင်းမှာ တူးနံ့ထွက်နေလေသည်။

‘အသားနဲ့ဟင်းသီးဟင်းရွက်တွေရှိနေပေမဲ့လည်း ဘဝက ဘာလို့ပြန်ပြီး ခက်ခဲလာရတာလဲ’

သူမ တွေးနေမိသည်။

‘ညီမတော့ အစ်မကို အရမ်းလွမ်းတာပဲ’

တာ့ယာက သူမဘေးရှိထမင်းများကို အမြန်ပလုတ်ပလောင်းစားနေသော သူတောင်းစားလေးကို လှမ်းကြည့်လိုက်သည်။ သူက ယခုကုတန်၏ ဂွမ်းထိုးအင်္ကျီကိုဝတ်ထားသဖြင့် အရင်ကလောက် စုတ်ပြတ်သတ်မနေတော့ပေ။ သို့သော် သူစားနေပုံက ဟင်းကောင်းဟင်းလျာများ ပြည့်နှက်နေသောစားပွဲကြီးတစ်ခုကို စားနေရသကဲ့သို့ ဖြစ်နေလေသည်။

‘ဒီလူမှာ အရသာခံနိုင်စွမ်းရောရှိရဲ့လား’

တာ့ယာက မတတ်သာဘဲထမင်းတစ်လုပ်ကို စားလိုက်ရာ တူးနေသော အရသာကိုခံစားလိုက်ရပြီး လင်းယွဲ့ကို ပို၍ပင်လွမ်းဆွတ်သွားလေသည်။

"စားလေ"

သူ့အချက်အပြုတ်မှာ မည်မျှဆိုးရွားကြောင်းကို သတိမထားမိသည့်အလား ကုလင်က တာ့ယာကိုမကျေမနပ်ဖြင့် ကြည့်ကာပြောမည်ဟု မည်သူထင်မည်နည်း။

"ကလေးတွေက အစားချေးမများသင့်ဘူး၊ အစားချေးများရင် အရပ်မရှည်ဘူး"

တာ့ယာမှာ စိတ်ပျက်လွန်း၍စကားပင် မပြောနိုင်တော့ပေ။ သူမက ထိုသို့ တကယ်အော်ပစ်ချင်နေမိသည်။

"အစ်ကိုကျ ဘာလို့ အဲဒါကိုမစားတာလဲ၊ အစ်ကိုပဲ ဘာလို့ အစ်မထုပ်ပေးလိုက်တဲ့ ဝက်သားတွေကိုစားခွင့်ရနေတာလဲ"

သို့သော် သူ့ကို ပထမဆုံးမြင်တွေ့ခဲ့ရစဉ်က မည်မျှသနားစရာကောင်းနေခဲ့ကြောင်းကို ပြန်လည်သတိရမိပြီး တာ့ယာက သူမခံစားချက်များကို ဖိနှိပ်ကာ ကြက်ဥတစ်ဇွန်းကို ကော်စားလိုက်လေသည်။ ကုလင်က တကယ်ကိုဟင်းမချက်တတ်ပေ။ သူ့အမြင်တွင်တော့ အစားအသောက် ကောင်းသည် ဆိုးသည်မှာ အရေးမကြီးချေ။ ကမ္ဘာပျက်ကပ်တွင်ဆိုလျှင် ပုပ်သိုးနေသည့် အစားအစာများကိုတောင် စားခဲ့ရ၏။

“ဘာလို့ ငါမစားတာလဲလို့ မေးတာလား၊ ငါ့ခယ်မပေးလိုက်တဲ့ အစားအစာကို အရင်စားရမှာပေါ့”

ကုလင်က ပန်းကန်များကိုအမြန်ဆေးကြောလိုက်ပြီး ကလေးသုံးယောက်အတွက် ရေနွေးယူလာပေးသည်။ ကုတန်နှင့် ယိုထျန်းတို့က ခြေဆေးဇလုံတစ်လုံးကို မျှသုံးကြပြီး တာ့ယာက တစ်လုံး၊ သူက ကိုယ်ပိုင် တစ်လုံးသုံးလေသည်။ ကုတန် စာဖတ်နေဆဲဖြစ်သည်ကိုမြင်သောအခါ ကုလင်က စာအုပ်ကိုလုယူလိုက်၏။

"အလင်းရောင်က အရမ်းမှိန်နေတယ်၊ မင်းမျက်လုံးတွေ ပျက်စီးသွားလိမ့်မယ်"

တာ့ယာက ခြေထောက်ဆေးနေသော်လည်း သူမစိတ်က တခြားနေရာသို့ ရောက်နေလေသည်။ သူမ သက်ပြင်းချလိုက်၏။

"အစ်မသာ ဒီမှာရှိရင်သိပ်ကောင်းမှာပဲ၊ ညီမ ပုံပြင်ပြောပြတာကို တကယ် နားထောင်ချင်နေပြီ"

"ဘာပုံပြင်တွေလဲ"

"ကျောက်တုံးထဲကထွက်လာတဲ့ စွန်းဝူခုန်းအကြောင်းရယ်၊ စွန်းဝူခုန်းက သူ့ဆရာကို ကယ်တဲ့အကြောင်းတွေလေ၊ မကြာသေးခင်က သူမက မျောက်မင်း အစစ်နဲ့ အတုပုံပြင်ကို ပြောပြနေတာ၊ ထန်စန်းကိုယ်တော်က သူခိုးလေးကို မျောက်ကသတ်လိုက်တယ်လို့ထင်ပြီး သူ့ကို ကျောင်းထဲကနှင်ထုတ်လိုက်တဲ့ အကြောင်း ပြောနေတာ၊ ထန်စန်းကျန်းက စွန်းဝူခုန်းအစစ်ကို မှတ်မိပါ့မလား မသိဘူး"

လင်းယွဲ့မှာ ကူးပြောင်းလာသူတစ်ဦးဖြစ်ကြောင်း ကုလင်သေချာသွားလေသည်။

‘အနောက်အရပ်သို့ ခရီးသွားခြင်းပုံပြင်က တာ့ယုံမင်းဆက်မှာမှမရှိတာပဲ၊ သူမလည်း ကမ္ဘာပျက်ကပ်ကနေကူးပြောင်းလာတာများလား’

All Chapters