← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

Ch-138

ကုလင်က 'မျောက်မင်း အစစ်နဲ့ အတု' ပုံပြင်ကို ဆက်ပြောပြလေသည်။ ကလေးသုံးယောက် အိပ်ပျော်သွားအောင် ချော့သိပ်ပြီးနောက် သူက အဝတ်အစားများကို တင်းကျပ်စွာ ဝတ်ဆင်ကာ တံခါးမှပြေးထွက်သွားလေသည်။ မြို့တံခါးကို ကျော်ဖြတ်ပြီးနောက် မနေ့ကထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် စုမိသားစုအိမ်တော်ဆီသို့ ပြေးသွားလေသည်။

မနေ့က ဒီအချိန်တွင် စုမိသားစုအိမ်တော်မှာ လုံးဝမှောင်မိုက်နေသော်လည်း ယခုအခါတွင် လင်းထိန်နေလေသည်။ အဝေးမှကြည့်လျှင်ပင် အမှောင်ထုထဲတွင် ထင်ရှားစွာမြင်နေရလေသည်။ သူတို့လုံခြုံရေးကို တိုးမြှင့်ထားပုံရ၏။

ကုလင်က အခြေအနေကိုစောင့်ကြည့်ရန် ခြံဝင်းအပြင်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ အရင်ဆုံးတက်သွားလေသည်။ လင်းထိန်နေသော်လည်း ကင်းလှည့်နေသော အစောင့်အရေအတွက်မှာ မများပြားကြောင်းနှင့် မျက်ကွယ်နေရာများစွာရှိနေကြောင်း သူမြင်တွေ့လိုက်ရ၏။ ယေဘုယျအားဖြင့် အားနည်းချက်ကြီးများ ရှိနေလေသည်။

မည်သို့ပင်ဆိုစေ ကျွမ်းကျင်သော အစောင့်များမှာ ဒီခေတ်တွင် ဈေးကြီးပြီး စုဟိုင်မှာ ရာထူးကြီးသောအရာရှိ သို့မဟုတ် မြင့်မြတ်သူတစ်ဦး မဟုတ်သဖြင့် အများအပြားမငှားနိုင်ပေ။ သို့သော် မနေ့ကဖွင့်ထားခဲ့သော အိမ်သာမှာ ယခုအခါပိတ်ထားကြောင်း သူ သတိပြုမိလိုက်သည်။

‘ဒီနေ့တော့ စုမိသားစုရဲ့အိမ်သာထဲ သူ့ကို ပစ်ချလို့ မရတော့မယ့်ပုံပဲ’

ကုလင်က သူ့ချဉ်းကပ်မှုကို အချိန်ကိုက် လုပ်ဆောင်ရန် ဆုံးဖြတ်ပြီး ခဏအနားယူရန် သစ်ပင်ကိုတည်ငြိမ်စွာ မှီနေလိုက်သည်။ ညဉ့်နက်လာပြီး တိတ်ဆိတ်သွားသည်နှင့်အမျှ ကြောင်အော်သံအနည်းငယ်ကသာ ညဉ့်နက်ပိုင်း၏အထီးကျန်မှုကို ပိုမိုထင်ရှားစေလေသည်။ စုမိသားစုအိမ်တော်ရှိ ကင်းလှည့်နေသော အစောင့်များမှာလည်း သိသိသာသာပင်ပန်းနွမ်းနယ်နေပြီး နှေးကွေးစွာ လမ်းလျှောက်နေကြလေသည်။

စုဟိုင်အိပ်ခန်းထဲရှိ မီးများငြိမ်းသွားပြီး အပြင်ခန်းရှိ အစောင့်၏ဖယောင်းတိုင်မီးလေးသာ ကျန်တော့သည်။ သူက အမှောင်ထုထဲတွင် လုံးဝပုန်းကွယ်လျက် မည်သူမျှ သတိမထားမိဘဲ တိတ်တဆိတ် ဝင်ရောက်သွားလေသည်။ ကုလင်က ခေါင်မိုးပေါ်သို့ ပေါ့ပါးစွာ ခုန်တက်သွားပြီး အမိုးအုပ်ကြွပ်ပြားတစ်ချပ်ကို မ,ကြည့်လိုက်ရာ အိပ်ခန်းထဲတွင် လူတစ်ယောက်တည်း လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ ထိုသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး စုမိသားစု၏သခင်မ ဖြစ်လောက်ပေသည်။

‘စုဟိုင် ဒီမှာမရှိဘူး၊ သူ အိပ်တဲ့နေရာကို ပြောင်းလိုက်ပုံရတယ်’

သို့သော် စုမိသားစုအိမ်တော်မှာ မကြီးမားဘဲ သခင့်ခြံဝင်းနှင့် အစေခံများ၏အဆောင်များမှာ ဖွဲ့စည်းပုံအရ အလွန်ကွာခြားလေသည်။ နေရာနှင့် အရွယ်အစားကိုသာ အခြေခံ၍ ကုလင်က အခန်းအနည်းငယ်ကိုချက်ချင်း ရှာဖွေနိုင်ခဲ့သည်။

‘ထင်တဲ့အတိုင်းပဲ’

အခန်းသုံးခန်း၏အမိုးအုပ်ကြွပ်ပြားများကို မ,ကြည့်ပြီးနောက် စုဟိုင်ကို သူ ရှာတွေ့သွားလေ၏။ စုဟိုင်မှာ ကုတင်ပေါ်တွင် အလွန်တရာနှစ်နှစ်ခြိုက်ခြိုက်နှင့် ချိုမြိန်စွာအိပ်မောကျနေလေသည်။ ကုလင်က အသာခေါင်းစောင်းလိုက်၏။

‘ဒီနေ့ စုဟိုင်ကို ဘယ်လိုသင်ခန်းစာပေးရမလဲ’

ကုလင်က တံခါးကိုတွန်းဖွင့်လိုက်ပြီး သူ့ကို လက်စောင်းဖြင့်ခုတ်ကာ သတိလစ်သွားစေပြီးနောက် မြို့အနောက်ဘက်ရှိ ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းတစ်ခုသို့ခေါ်ဆောင်သွားလေသည်။ သူက ဤနေရာကို ကြိုတင်စူးစမ်းလေ့လာထားပြီး ဖြစ်သည်။ ဘုရားကျောင်းမှာ ပျက်စီးနေပြီး စောင့်ကြည့်သူမရှိသည်မှာ ကြာပြီဖြစ်၏။ ထို့ပြင် ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းထဲတွင် ကျိုးပဲ့နေသည့် ခေါင်းတလားတစ်ခုလည်း ရှိနေသေးသည်။

‘မင်္ဂလာမဆောင်ခင် ကိုယ်ဝန်ရသွားတဲ့ အမျိုးသမီးတစ်ယောက်က ခိုးရာလိုက်ပြေးဖို့ကြိုးစားပေမဲ့ စွန့်ပစ်ခံလိုက်ရလို့ နောက်ပိုင်းဆွဲကြိုးချသေသွားတယ်လို့ ဆိုကြတယ်၊ အဲဒါနဲ့ သူမရဲ့မိသားစုက အလောင်းကိုသွားယူဖို့ လူတွေလွှတ်လိုက်ပေမဲ့ သူတို့က သဘာဝလွန်ဖြစ်ရပ်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရပြီး သူမကိုမမြှုပ်ရသေးခင်မှာတင် ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ကြတာ၊ ခေါင်းတလားက အဲဒီမှာပဲ ကျန်ခဲ့တယ်’

သဘာဝလွန်ဖြစ်ရပ်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်ကြောင့် သူတောင်းစားများတောင် ဒီကိုမလာရဲကြပေ။ ကုလင်ကတော့ ရဲရင့်ပြီးဘာကိုမှ မကြောက်ပေ။ အကယ်၍ တစ္ဆေများတကယ်ရှိနေလျှင်တောင် သူကခေတ်မီ လက်နက်များသုံးပြီး သူတို့ကို 'ဒက် ဒက် ဒက်'နှင့် ပစ်လိုက်မည်ပင်။

'ဘယ်သူက ပိုကြမ်းလဲကြည့်ကြသေးတာပေါ့’

ကုလင်က ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းသို့ ရောက်ရှိလာပြီး စုဟိုင်ကို အောက်သို့ပစ်ချလိုက်သည်။

"သူက ဝက်သေကောင်တစ်ကောင်လိုပဲ၊ တော်တော်လေး လေးတာပဲ"

ကုလင်က ပတ်ပတ်လည်ကိုကြည့်လိုက်ရာ ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းမှာ တကယ်ကို တော်တော်လေးကြောက်စရာကောင်းသည်ကို သတိပြုမိသွား၏။ ဘုရားကျောင်းမှာ မကြီးသော်လည်း အခန်းနှစ်ခန်းပါရှိသည်။ ထောက်တိုင်များမှာ ဆွေးမြည့်နေပြီး နံရံတစ်ဝက်မှာလည်း ပြိုကျနေလေ၏။

လရောင်က အထဲသို့စိမ့်ဝင်လာပြီး ဆေးအကွက်များ ကွာကျနေသော ဗုဒ္ဓရုပ်ပွားတော်များကို လင်းထိန်စေသဖြင့် အင်မတန်ကြောက်မက်ဖွယ်ကောင်းသောပုံပေါက်နေစေသည်။ ထုပ်တန်းတွင်လည်း အလောင်းတစ်ခု တွဲလောင်းကျနေပြီး မျက်နှာမှာ မည်သူမည်ဝါမှန်း မခွဲခြားနိုင်တော့ပေ။

ကြိုးပေါ်တွင် အရေပြားတစ်လွှာသာ တွဲလောင်းကျနေပြီး မျက်နှာမှာ ရွံရှာဖွယ်ကောင်းသောပုံစံဖြင့် ရှုံ့မဲ့နေသည်။ အလောင်းအောက်ရှိမြေကြီးပေါ်သို့ luဆီများယိုကျနေပြီး ဖော်ပြ၍မရသော အနံ့အသက်တစ်ခုကို ထွက်ပေါ်နေစေသည်။ လေအေးတစ်ချက်ဖြတ်တိုက်သွားရာ သတ္တိအပြည့်ဖြင့်ကုလင်တောင်မှ ကြက်သီးထသွားလေ၏။

ခေါင်းတလားက ဗုဒ္ဓရုပ်ပွားတော်အောက်မှာရှိနေပြီး အဖုံးတစ်ဝက်ပွင့်နေသည်။ ဘေးနားမှာလည်း ကြိုးများ၊ တူတစ်လက်နဲ့ သံမှိုများပြန့်ကျဲနေ၏။ ရှုပ်ယှက်ခတ်နေသောမြင်ကွင်းကို ကြည့်လိုက်ကာ

‘အဲဒီလူတွေ ကြောက်လန့်တကြား ထွက်ပြေးသွားပြီး ခေါင်းတလားကို အဲဒီမှာတန်းစွန့်ပစ်ခဲ့ကြတာ သိသာတယ်’

ကုလင် ခေါင်းတလားအဖုံးကိုတွန်းဖွင့်လိုက်ပြီး စုဟိုင်ကို အထဲသို့ထည့်လိုက်သည်။ ၎င်းကိုပိတ်ပြီးနောက် သူက ဘေးနားရှိတူနှင့် သံမှိုကိုယူကာ ခေါင်းတလား သံမှိုတစ်ချောင်းကိုရိုက်သွင်းလိုက်၏။ သို့သော် ခေါင်းတလားအားထိတွေ့သူမရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းမှာလည်း မိုးဒဏ်လေဒဏ်ကိုခံခဲ့ရသဖြင့် ခေါင်းတလားတွင် ဆွေးမြည့်နေသော အပေါက်များစွာရှိနေလေသည်။

ထို့ကြောင့် စုဟိုင်အောက်ဆီဂျင် ပြတ်လပ်၍ သေဆုံးသွားမည်ကို စိုးရိမ်စရာမလိုပေ။ သူ အလုပ်ပြီးသွားသောအခါ ကုလင်က သူ့လက်ရာကို အားရကျေနပ်စွာကြည့်ရှုနေဖို့ အချိန်မဖြုန်းတော့ဘဲ လင်းယွဲ့ဆိုင်သို့အမြန် ပြေးပြန်သွားလေသည်။ သူ ကောင်းကင်ယံရှိလကို မော့ကြည့်လိုက်ရာ မနက်တစ်နာရီလောက် ရှိလောက်ပြီဟု ခန်းမှန်းလိုက်သည်။

‘လင်းယွဲ့ အိပ်ပျော်နေလောက်ပြီ’

သို့သော် ကုလင်မှာ ပြတင်းပေါက်မှတစ်ဆင့်ထွက်ပေါ်နေသော ဖယောင်းတိုင်အလင်းရောင်ကို မြင်လိုက်ရသည်။

‘သူမ မအိပ်သေးဘူးလား၊ ငါ့ကို စောင့်နေတာလား’

ကုလင်က တဂွီဂွီမြည်နေသော သူ့ဗိုက်ကို ပွတ်သပ်လိုက်ပြီး မျှော်လင့်ချက် အနည်းငယ်ဖြင့် တံခါးကိုခေါက်လိုက်သည်။

*ဒေါက် ဒေါက် ဒေါက်*

သူ အရမ်းမျှော်လင့်ထားလွန်းသွားမည်ကို စိုးရိမ်သဖြင့် သုံးကြိမ်ခန့် ညင်သာစွာ ခေါက်ပြီးနောက် မည်သည့်တုံ့ပြန်မှုမျှ မရခဲ့ပေ။

‘ငါ တကယ်ကိုအရမ်းမျှော်လင့်လွန်းသွားတာပဲ’

ကုလင်ပြုံးကာ ခေါင်းခါလိုက်ပြီး သူမ ဆိုင်အလုပ်များလွန်းပြီး ပင်ပန်းကာ ဖယောင်းတိုင်ကိုငြိမ်းရန်မေ့သွားသည်ဟု သူတွေးလိုက်သည်။

ကုလင် ခဏတစ်ဖြုတ်အနားယူရန် ခေါင်မိုးပေါ်သို့တက်ရန် ပြင်ဆင်ရင်း သူ့အဝတ်အစားများကို ဆွဲစိလိုက်သည်။

*ရှပ် ရှပ် ရှပ်*

အိမ်ထဲမှ ခပ်သဲ့သဲ့ထွက်ပေါ်လာသော ခြေသံများကို ကြားလိုက်ရသဖြင့် သူ့နားရွက်များ လှုပ်ရှားသွားလေသည်။ ကုလင်မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။ လင်းယွဲ့က သစ်သားပြား တစ်ချပ်ကို ဖယ်ရှားလိုက်စဉ် သူ့ကိုယ်ကိုကျုံ့ကာ အမြန်တိုးဝင်သွားပြီး လက်မောင်းများကို ပွတ်သပ်ကာပြောလိုက်သည်။

"ချမ်းလိုက်တာ သေတော့မယ်"

"အခြေအနေ ဘယ်လိုလဲ"

အမှောင်ထဲတွင် တောက်ပနေသော လင်းယွဲ့၏ အနည်းငယ်မျှော်လင့်နေပြီး သိချင်စိတ် ပြင်းပြနေသောမျက်လုံးများကို မြင်သောအခါ ကုလင်ပြုံး၍ ပြောလိုက်သည်။

"ကိုယ် အလုပ်လုပ်တာကို မင်းမယုံဘူးလား"

"ရှင် အလုပ်လုပ်တာကို ကျွန်မအရင်ကမှ မမြင်ဖူးတာ၊ အဲဒါကို ရှင့်ကိုယုံလို့ ရမရ ဘယ်လိုလုပ်သိနိုင်မှာလဲ"

"ကိုယ် သူ့ကို မြို့တောင်ဘက်ကဘုရားကျောင်းပျက်ထဲ ပစ်ထည့်ခဲ့တယ်၊ ပြီးတော့ ခေါင်းတလားကို သံမှိုတောင် ရိုက်ခဲ့သေးတယ်၊ အဲဒီကနေ ထွက်လာနိုင်ဖို့က တော်တော်လေးကြာလောက်တယ်၊ ပြီးတော့ အဲဒီမှာဘယ်သူမှလည်း မရှိဘူးလေ"

ထိုစကားကိုကြားသောအခါ လင်းယွဲ့မျက်လုံးများ ပြူးကျယ်သွားပြီး လက်မထောင်ပြကာ ပြောလိုက်သည်။

"မိုက်တယ်"

"မင်းရဲ့အမိုက်စား အစ်ကိုကိုစားစရာလေးနည်းနည်း ပေးပါဦး၊ အရမ်း ဆာနေပြီ"

ကုလင် ချက်ချင်းဆက်ပြောလိုက်သည်။

"ဒါပေမဲ့ သူကမကောင်းမှုတွေအများကြီး လုပ်ထားတာဆိုတော့ အဲဒီလောက် ခြောက်လှန့်ခံရရင် ရူးသွားမလားမသိဘူးနော်"

လင်းယွဲ့က ကုလင် ဒီညလာမည်ကို သိသဖြင့် အစားအစာများကိုကြိုတင်ပြင်ဆင်ကာ အိုးထဲတွင် နွှေးထားပြီး ဖြစ်သည်။ ဝက်သားနီချက်ကို ဟင်းသီးဟင်းရွက်စိမ်း အနည်းငယ်နှင့် မုန်လာဥချဉ်ဖတ်တို့ဖြင့် အပေါ်မှအုပ်ထားလေသည်။ ကုလင်က အစားအစာများကိုမြင်သည်နှင့်တစ်ပြိုင်နက် သူ့မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း လှမ်းယူကာပြောလိုက်၏။

"ဒါပေမဲ့ ဒီည ကိုယ်သွားတဲ့အချိန်မှာ သူ အခန်းပြောင်းသွားတယ်၊ ဒီည အဖြစ်အပျက်တွေပြီးသွားရင် သူ စုမိသားစုအိမ်တော်မှာ ဆက်အိပ်ရဲပါ့မလား မသိဘူး"

"ဒါဆို ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ"

"စစ်သားတွေလာရင် တားမယ်၊ ရေလာရင် မြေနဲ့ဖို့မယ်၊ သူ အိမ်ကိုပြန်လာသရွေ့ နေ့ခင်းဘက်မှာလည်း သူ့ကိုဖြေရှင်းလို့ရပါတယ်"

ကုလင်က ဘာမှမစိုးရိမ်သည့်အလား ကျယ်လောင်စွာရယ်မောပြီး ပြောလိုက်သည်။

"မင်းရဲ့ဒီဝက်သားနီချက်က အရမ်းအရသာရှိတာပဲ၊ တသက်လုံး စားချင်လိုက်တာ"

"မနက်ဖြန် မနက်ကျရင် ရှင့်အတွက် နည်းနည်းပါဆယ်ထုတ်ပေးလိုက်မယ်"

ကုလင် စားပြီးသွားသောအခါ ရေအေးဖြင့် ပန်းကန်များကို ဆေးကြောပြီး ပြောလိုက်သည်။

"ဒီည ကိုယ်ဘယ်မှာအိပ်ရမလဲ"

လင်းယွဲ့ အိပ်ခန်းထဲမှ စောင်တစ်ထည်ကိုယူလာပြီး စားပွဲနှစ်လုံးကိုပူးလိုက်ကာ စောင်ကို တစ်ဝက်ခေါက်ပြီး တစ်ဝက်ခြုံရန် လုပ်ပေးထားလေသည်။

"ဒီမှာ"

"အရမ်း အေးမှာမဟုတ်ဘူးလား"

ကုလင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ကုလင်က ယနေ့ညတွင် စုဟိုင်ကိုအဝေးကြီးအထိ သယ်ဆောင်သွားခဲ့ကြောင်း လင်းယွဲ့မသိခဲ့ပါက သူ့ကို ဤကဲ့သို့မြင်တွေ့ရလျှင် သူသည်အနည်းငယ် နူးညံ့ပြီး သနားစရာကောင်းသည်ဟု သူမထင်ကောင်း ထင်မိပေမည်။

"ဒါဆိုရင်လည်း စိတ်ချလက်ချအိပ်လိုက်ပါ၊ ခေါင်မိုးပေါ်မှာ အိပ်ရတာထက်တော့ ဒီမှာကပိုနွေးပါတယ်"

ကုလင်မျက်လုံးများတွင် မတတ်သာသောအပြုံးတစ်ခု ဖြတ်ပြေးသွားလေသည်။

"အဲဒါ အမှန်ပဲ"

လင်းယွဲ့က သူမကိုယ်ပိုင်စောင်ကို ကုလင်အား ပေးလိုက်ခြင်းဖြစ်သည်။ သူမ အိပ်ခန်းသို့ပြန်ရောက်သောအခါ မွေ့ရာကို တစ်ဝက်ခေါက်ပြီး ထိုအထဲတွင် ဝင်အိပ်ရုံသာ တတ်နိုင်လေသည်။ ကံမကောင်းစွာဖြင့် မွေ့ရာမှာ သေးငယ်သဖြင့် လင်းယွဲ့က သူမအိပ်ရာထဲသို့ လေအေးများ စိမ့်ဝင်လာသည်ကို အမြဲလိုလို ခံစားနေရလေသည်။ သူမကွေးကွေးလေးအိပ်နေသဖြင့် သူမခြေထောက်များအားလုံသွားစေ၏။

အကယ်၍ သူမသာ ကွေးကွေးလေးမအိပ်ပါက သူမခန္ဓာကိုယ်မှာ အပူဓာတ်ကို အများကြီးထုတ်လုပ်ပေးနိုင်မည် မဟုတ်ဘဲ အထူးသဖြင့် သူမ ခြေထောက်များမှာ အလွန်တရာအေးစက်နေပေမည်။ အကယ်၍ကုလင်သာ နေ့တိုင်းဆက်လာနေမည်ဆိုပါက မနက်ဖြန်တွင် ဝါဂွမ်းစောင်တစ်ထည် ဝယ်ရမည့်ပုံပေါ်လေသည်။ ကုလင်၏ အဝတ်အစားတစ်ထည်တည်းကိုသာတွေးမိပြီး သူမစဥ်းစားလိုက်သည်။

‘သူတောင်းစားလေးနဲ့ ကုလင်တို့အတွက်လည်း မနက်ဖြန်အဝတ်အစားတွေ ဝယ်ပေးရမယ်’

ဧည့်ခန်းထဲတွင် ကုလင်က စောင်ကိုဆွဲခြုံလိုက်သည်။ သိမ်မွေ့သောရနံ့တစ်ခုက သူ့နှာခေါင်းမှတဆင့် အဆုတ်ထဲသို့ ဝင်ရောက်လာလေသည်။ ၎င်းက နှင်းပန်းရနံ့နှင့်တူသော်လည်း ထိုမျှမပြင်းထန်ပေ။ ၎င်းက ညင်သာသော လေပြေလေးကဲ့သို့ သူ့မျက်နှာကို ပွတ်တိုက်သွားသဖြင့် ရင်ထဲအသာတုန်လှုပ်သွားစေသည်။

ဤရနံ့မှာ ကုလင်အတွက် အလွန်တရာစိမ်းသက်နေလေသည်။ သူ ၎င်းကို အနံ့ခံလိုက်သည်နှင့်အမျှ လင်းယွဲ့၏ပုံရိပ်က မျက်လုံးများရှေ့ပေါ်လာပြီး လုံခြုံမှုခံစားချက်တစ်ခုကို ယူဆောင်လာပေးလေသည်။

နောက်တစ်နေ့ နံနက်တွင် အိမ်နီးချင်းခြံဝင်းမှ ကြက်ဖတွန်သံကြောင့် လင်းယွဲ့ နိုးလာလေသည်။ သူမနိုးလာသောအခါ အေးစက်မှုကိုမခံစားရပေ။ သူမ ဖယောင်းတိုင်ထွန်းလိုက်ရာ စောင်မှာ ကုတင်ပေါ်တွင်ရှိနေကြောင်း တွေ့လိုက်ရ၏။ သူမအပြင်သို့ အမြန်ထွက်လာရာ ဧည့်ခန်းမှာအလွတ်ဖြစ်နေပြီး စားပွဲများမှာလည်း မူလနေရာသို့ပြန်ရောက်နေကြောင်း တွေ့လိုက်ရသည်။ ကုလင် ထွက်သွားနှင့်ပြီဖြစ်၏။

နေ့ခင်းဘက်တွင် အရာရှိများ တစ်သုတ်ပြီးတစ်သုတ် ကင်းလှည့်နေသည်ကို သူမတွေ့လိုက်ရသည်။ ယမန်နေ့ညက စုဟိုင်ရုတ်တရက် ပျောက်ဆုံးသွားပြီး မည်သူမျှသူ့ကို ဘယ်နေရာတွင်မှရှာမတွေ့ကြောင်း လင်းယွဲ့ ဖောက်သည်များထံမှသိလိုက်ရ၏။ ထို့ပြင် အရာရှိများက စုဟိုင်ကို ရှာဖွေရန်အတွက် ဤမျှမကြာခဏ ကင်းလှည့်နေကြခြင်းဖြစ်သည်။

All Chapters