← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

Ch-139

မနေ့ညက စုဟိုင်သည် အအေးဒဏ်ကြောင့် လန့်နိုးလာခဲ့သည်။ သူနိုးလာသောအခါ တစ်ကိုယ်လုံးအေးခဲနေပြီး စောင်ကို ဆွဲယူရန်လက်လှမ်းလိုက်သော်လည်း လေဟာနယ်ကိုသာ စမ်းမိလိုက်၏။ "ဒုတ်" ဟူသော အသံနှင့်အတူ သူ နံရံကိုဝင်တိုက်မိသွားရာ အသံကျယ်ကြီး ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင် သူ ချက်ချင်းသတိဝင်လာလေသည်။ သူက လုံးဝအမှောင်ထုထဲတွင်ရောက်နေပြီး သူ့ခေါင်းပေါ်ရှိ ပေါက်နေသောအပေါက်အနည်းငယ်မှတစ်ဆင့် လရောင်အချို့ဝင်ရောက်နေသည်ကို တွေ့လိုက်ရ၏။

‘ဒါ ဘယ်နေရာလဲ’

သူ အသည်းအသန်တွန်းကြည့်သော်လည်း ဘာကိုမှရွှေ့၍မရပေ။ သူ့မျက်လုံးများက အမှောင်ထုနှင့် တဖြည်းဖြည်းကျင့်သားရလာသောအခါ သူ ခေါင်းတလားတစ်ခုထဲရောက်နေကြောင်း သဘောပေါက်သွားလေသည်။

‘ငါ သေသွားပြီလား ဒါမှမဟုတ် တခြားတစ်ခုခုလား’

ကြီးမားလှသော အကြောက်တရားတစ်ခုက သူ့ကိုလွှမ်းမိုးသွားလေသည်။ သူ့ရင်ခုန်သံများ ပြင်းထန်နေသည်ကို သူ ခံစားနေရ၏။ ကျဉ်းမြောင်းသောနေရာလေးထဲရှိ ပြင်းထန်လှသောရင်ခုန်သံများက ပို၍ပင်ကြောက်မက်ဖွယ် ကောင်းနေစေသည်။

စုဟိုင် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ညာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုနေရာရှိအပေါက်က ပိုကြီးနေကြောင်း တွေ့လိုက်ရ၏။ သူခေါင်းတလားနား မျက်လုံးကပ်၍ကြည့်လိုက်ရာ ထုပ်တန်းမှ တွဲလောင်းကျနေသောအလောင်းက သူ့အမြင်အာရုံထဲသို့ ဝင်ရောက်လာလေသည်။ စုဟိုင်မှာ အသက်ရှုပ်မဝတော့ဘဲ အကြောက်လွန်ကာ ထပ်မံသတိလစ်သွားပြန်လေသည်။

မနက်မိုးလင်းသည်အထိ သူမနိုးလာခဲ့ပေ။ နေရောင်ခြည်များ ဝင်ရောက်လာရာ အပြင်ဘက်ရှိအလောင်း၏ အသွင်အပြင်ကို ပိုရှင်းလင်းစွာမြင်နေရလေသည်။ သူ ထပ်ပြီးသတိလစ်သွားချင်မိ၏။ သို့သော် ကျဉ်းမြောင်းသော နေရာကို ကြောက်ရွံ့ခြင်းနှင့် အပြင်ဘက်ရှိအလောင်းကို ကြောက်ရွံ့ခြင်းတို့က သူ့ကိုရူးသွပ်လုနီးပါးဖြစ်စေခဲ့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် သူ ပိုသတိဝင်လာလေသည်။

သူက ခေါင်းတလားကို အသည်းအသန် တွန်းလိုက်သော်လည်း အရက်နှင့် မိန်းမများကြောင့် အားနည်းနေသော သူ့ခန္ဓာကိုယ်မှာ သံမှိုရိုက်ထားသောခေါင်းတလားကို အနည်းငယ်မျှပင်ရွှေ့နိုင်စွမ်းမရှိခဲ့ပေ။ သူ့ခမျာ အလွန်တရာ ကြောက်လန့်နေသဖြင့် လက်နှစ်ဖက်ရော ခြေနှစ်ဖက်ကိုပါ သုံး၍ အဆက်မပြတ် တွန်းနေ၏။

"ဒုန်း ဒုန်း ဒုန်း"

သူ့ကန်ကျောက်မှုများကြောင့် ခေါင်းတလားအဖုံး လှုပ်ရှားသွားလေသည်။ သူက အသက်ကယ်ကြိုးကိုရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရပြီး အသည်းအသန် ကန်ကျောက်လေသည်။ သို့သော် ဗိုက်ရွှဲနေသဖြင့် သူ့တွင် ခွန်အားများစွာမရှိပေ။

ထို့ကြောင့် သူဆောင့်ကြောင့်ထိုင်လိုက်ပြီး အပေါ်သို့ ရုတ်တရက်ကုန်းထလိုက်ရာ ဟာလာဟင်းလင်းအပေါက်တစ်ခု ပွင့်သွားပြီး သူ့ခန္ဓာကိုယ်တစ်ဝက် အပြင်သို့ ထွက်သွားလေသည်။ သို့သော် သူ့ဗိုက်က ကြီးလွန်းသဖြင့် ညပ်နေလေသည်။

သူသည် ညှပ်ပြီးဖမ်းခံထားရသောဖားပြုတ်ကြီးတစ်ကောင်ကဲ့သို့ အသည်းအသန် ရုန်းကန်နေ၏။ သူ့ကို ရှာတွေ့ချိန်တွင် သူ့ခမျာ အသက်ရှူပင်မဝတော့ပေ။ သူ့ခါးမှာလည်း အညှစ်ခံထားရသဖြင့် ပွန်းပဲ့ကာ ခရမ်းရောင် သန်းနေပြီး ကျိုးလုနီးပါးပင်ဖြစ်နေလေသည်။

"အသုံးမကျတဲ့ ကောင်တွေ၊ အသုံးမကျတဲ့ ကောင်တွေ၊ ငါ မြို့တောင်ဘက်က ဘုရားကျောင်းပျက်ကြီးထဲ ဘယ်လိုလုပ်ပြီး အသံတိတ်ရောက်သွားရတာလဲ၊ မင်းတို့ကောင်တွေက ဘာအသုံးကျလို့လဲ"

စုဟိုင်မှာ ဒေါသထွက်လွန်းသဖြင့် စုရှန်းကို အကြိမ်ကြိမ်ရိုက်ချလိုက်လေသည်။ စုဟိုင် ဟိန်းဟောက်လိုက်၏။

"သူ့ကို အိမ်သာထဲပစ်ချလိုက်"

"သခင်ကြီး ကယ်ပါဦး၊ သခင်ကြီး ကျွန်တော် မှားသွားပါပြီ"

စုရှန်း မည်မျှပင် သနားခံတောင်းပန်နေပါစေ စုဟိုင်၏ဒေါသကို မပြောင်းလဲနိုင်ခဲ့ပေ။ အိမ်သာကိုပိတ်ထားသော်လည်း မစင်များရှင်းလင်းရန်အတွက် သီးသန့်ထားရှိသောအပေါက်ငယ်တစ်ခုရှိနေသေးသည်။ စုရှန်းမှာ ထိုအပေါက်ထဲသို့ ပစ်ချခံလိုက်ရလေသည်။ စုရှန်း၏အဆက်မပြတ် တောင်းပန်သံများနှင့် အော့အန်သံများကို ကြားရသောအခါ စုဟိုင်၏ဒေါသများ အနည်းငယ်ငြိမ်ကျသွားလေသည်။

"ငါ့အတွက် စုံစမ်းပေးစမ်း၊ ဘယ်သူက ဒီလောက် ရဲတင်းနေတာလဲ"

"သခင်ကြီး"

စုဟိုင်၏ ဒုတိယအိမ်တော်ထိန်းဖြစ်သူ စုရွေ့က အမြန်ရှေ့ထွက်လာလေသည်။ သူက စုရှန်း၏ဖိနှိပ်ခြင်းကို အမြဲတမ်း ခံခဲ့ရသဖြင့် စုရွေ့တွင်ထင်ပေါ်ရန် အခွင့်အရေး တစ်ခါမှမရခဲ့ပေ။ ပုံမှန်အားဖြင့် သူက စုဟိုင်အတွက် လှပသောအမျိုးသမီးများကို ရှာဖွေပေးခြင်းဖြင့်သာ သူ့ရှေ့တွင် မျက်နှာပြခွင့် ရခဲ့ခြင်းဖြစ်သည်။

သို့သော် စုရှန်း ဤကဲ့သို့ခံရသည်ကို မြင်သောအခါ သူထွန်းတောက်ရန် အခွင့်အရေးကို မြင်တွေ့သွားပြီး အကြံပေးရန် အမြန်ရှေ့ထွက်လာခဲ့သည်။

"သခင်ကြီး၊ သခင်ကြီး ဒီလိုလုပ်ခံရတာ မကြာသေးခင်က တစ်ယောက်ယောက်ကို ပြစ်မှားမိလို့ သူတို့လက်စားချေတာဖြစ်ရမယ်"

စုဟိုင် ဒေါသတကြီးပြန်ပြောလိုက်သည်။

"အဲဒါ လက်စားချေတာဆိုတာ ငါမသိဘူးလို့ မင်းထင်နေလား"

"သခင်ကြီး ဒါဆိုမကြာသေးခင်က သခင်ကြီး ပြစ်မှားမိခဲ့တဲ့လူတွေဆီကနေ စပြီးစုံစမ်းကြတာပေါ့၊ အမှန်တရားကို သေချာပေါက်ရှာတွေ့မှာပါ"

"ငါက လူအများကြီးကိုပြစ်မှားခဲ့တာ၊ ဘယ်သူလဲဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ"

စုရွေ့ပြောလိုက်သည်။

"သခင်ကြီး၊ သခင်ကြီးက မနေ့ကမှစပြီး လက်စားချေခံရတာလေ၊ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလအတွင်းကို စုံစမ်းကြည့်ရင် နယ်ပယ်က အများကြီးကျဉ်းသွားပြီ၊ ပြီးတော့ ရှီထိုင်ခရိုင်မှာလူက သိပ်အများကြီး မရှိပါဘူး၊ အစောင့်တွေ အများကြီး ကင်းလှည့်နေတဲ့ကြားက သခင်ကြီးကိုကြိုးတုပ်ပြီး မြို့တောင်ဘက်ကို ခေါ်သွားနိုင်တာဆိုတော့ သာမန်လူတော့မဖြစ်နိုင်ဘူး"

စုဟိုင်က စုရွေ့ကိုစုံစမ်းရန်အမိန့်ပေးလိုက်၏။ သို့သော် တတိယမြောက်နေ့တွင် မြို့ပြင်ရှိ သစ်တောထူထပ်သောနေရာ၌ သူကြိုးဖြင့် ဇောက်ထိုးဆွဲခံထားရသည်ကို တွေ့ရှိခဲ့ရသည်။ သူ အအေးမိသွားလေသည်။

စတုတ္ထမြောက်နေ့တွင် ပြည့်တန်ဆာအိမ်၌ ကာမအားတိုးဆေးအာနိသင်ပြပြီးနောက် သူ့အစောင့်လေးယောက်နှင့် ပျော်ပါးခဲ့လေသည်။ ထို့နောက် တံခါးပွင့်သွားပြီး လူတိုင်းကြည့်ရှုခွင့်ရသွားကြ၏။ သူ ပွင့်လန်းသွားခဲ့လေပြီပင်။

ဆယ့်ငါးရက်မြောက်နေ့တွင် သူ့ကို သားသတ်သမား၏ဆိုင်ရှေ့တွင် အဝတ်ဗလာဖြင့် ဆွဲချိတ်ထားလေသည်။ သူ ဘယ်နေရာမှာပဲရှိနေပါစေ သူ့အစောင့်များကို ဘယ်လိုကာကွယ်ခိုင်းထားပါစေ သန်းခေါင်ယံတွင် သူနိုးလာတိုင်း အံ့အားသင့်စရာအသစ်တစ်ခုက အမြဲရှိနေလေသည်။

စုဟိုင်ခမျာ ရူးသွပ်တော့မည်ဖြစ်ပြီး ဒူးထောက်၍ ဘုရားသခင်ထံကာကွယ်ပေးရန် ဆုတောင်းချင်စိတ်ပင်ပေါက်လာလေသည်။ ထိုအချိန်တွင် စုရွေ့က စုဟိုင်၏လူသတ်ချင်နေသောအကြည့်ကို ရင်ဆိုင်ရင်း ပြောလိုက်၏။

"သခင်ကြီး၊ သခင်ကြီး ပြစ်မှားမိခဲ့တဲ့ မိသားစုတွေကို လူတချို့လွှတ်ပြီး အနီးကပ် စောင့်ကြည့်ခိုင်းထားပါတယ်၊ သူတို့ထဲက တချို့ကအရမ်းဆင်းရဲပြီး ဒီလိုကိစ္စမျိုးကို လုပ်နိုင်စွမ်းလုံးဝမရှိကြပါဘူး"

"အစကတော့ လင်းယွဲ့ကိုလည်း ဖယ်ထုတ်ထားခဲ့တာပါ၊ ဒါပေမဲ့ မနက်စောစောအချိန်တွေမှာ လူတစ်ယောက်က လင်းယွဲ့ရဲ့ဆိုင်ကို အမြဲရောက်လာတတ်ပြီး နေ့ခင်းဘက်မှာတော့ ဘယ်တော့မှမတွေ့ရတဲ့ လူတစ်ယောက်

ရှိနေတာကို တစ်ယောက်ယောက် သတိပြုမိသွားတယ်၊ အဲဒါအရမ်း ထူးဆန်းနေတယ်၊ အဲဒီအနီးအနားကို စောင့်ကြည့်ဖို့လူတွေ ကျွန်တော် လွှတ်လိုက်တယ်၊ လှုပ်ရှားမှုက အရမ်းမြန်ဆန်ပေမဲ့ ညဉ့်နက်ပိုင်းမှာ လင်းယွဲ့ဆိုင်ထဲဝင်သွားပြီး မနက်စောစောမှာ ထွက်သွားတဲ့သူတစ်ယောက် အမြဲရှိနေတယ်၊ သခင်ကြီးကို ဒုက္ခပေးနေတဲ့သူက လင်းယွဲ့လွှတ်လိုက်တဲ့သူလို့ ကျွန်တော် သံသယရှိတယ်"

စုဟိုင်မှာ ပြိုလဲလုနီးပါးဖြစ်နေပြီး လင်းယွဲ့ မှားယွင်းစွပ်စွဲခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ဂရုမစိုက်တော့ပေ။ ရေနစ်နေသူတစ်ဦး ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်သကဲ့သို့ သူက ဤအချက်ကို ဆုပ်ကိုင်လိုက်ပြီး ရက်စက်စွာပြောလိုက်သည်။

"လင်းယွဲ့ကို ငါ့ဆီခေါ်လာခဲ့စမ်း"

"သခင်ကြီး ကံမကောင်းတာက ဒီနေ့ သူ ဆိုင်ပိတ်ပြီးအပြင်ထွက်သွားတယ်"

"သူမကို သတ်ပစ်စမ်း၊ သတ်ပစ်"

ဤတလော သတိထားနေရန်ပြောခဲ့သော ယခင်နောက်ခံလူ၏ သတိပေးချက်များကို စုဟိုင်လုံးဝ လျစ်လျူရှုလိုက်၏။ ဤအိပ်မက်ဆိုးကာလကို အဆုံးသတ်ပြီး ညဘက် ကောင်းကောင်းအိပ်နိုင်ရန် လင်းယွဲ့ကို သတ်ပစ်ဖို့သာ သူလိုချင်လေသည်။

"ဟုတ်ကဲ့ပါ"

စုရွေ့မျက်လုံးများ တောက်ပသွားလေသည်။ မကြာသေးမီက စုဟိုင်မည်မျှ ဆင်းရဲဒုက္ခရောက်ခဲ့ရကြောင်းကို သူ သိပြီး သူကိုယ်တိုင်လည်း စုဟိုင်၏ဒေါသဖြေရာ ပစ်မှတ်မကြာခဏ ဖြစ်ခဲ့ရသည်။ သို့သော် သူက ဤကိစ္စကို ကောင်းစွာဖြေရှင်းနိုင်သရွေ့ သူ သေချာပေါက် အကြီးအကဲအိမ်တော်ထိန်းဖြစ်လာမည်။

လဝက်ခန့်ကုန်လွန်သွားခဲ့ပြီးနောက် လင်းယွဲ့သည် ကျီဝေ့လန်နှင့် တာ့ကွမ်ဘုန်းကြီးကျောင်းသို့ ဆော့စ်များ ပို့ဆောင်ရန် ဆိုင်ကိုတစ်ရက်ပိတ်ခဲ့ရလေသည်။ သူမက အရက်ချိုနှင့် အခြားပစ္စည်းများကိုလည်း ပြင်ဆင်ရန် လိုအပ်လေသည်။ ဆိုင်ထဲတွင် မီးဖိုတစ်ခု ရှိနေသဖြင့် ဆော့စ်များကို တိုက်ရိုက် ပြုလုပ်ကာ ပုလင်းထဲထည့်ပြီး ဆိုင်ထဲတွင်ပင်တံဆိပ်ကပ်လိုက်၏။

ထို့ကြောင့် နားရက်တွင် သူမကဆော့စ်များကို ပူးပေါင်းလုပ်ဆောင်သော နေရာအသီးသီးသို့ ပို့ဆောင်ရန်သာ လိုအပ်လေသည်။ ဆောင်းရာသီဖြစ်သောကြောင့် ရွာကုန်စုံဆိုင်များတွင် ဆော့စ်ပုလင်းအတော်များများ ရောင်းရလေသည်။ ဆိုင်ဆယ်ဆိုင်က ဆော့စ်ပုလင်း အလုံး ၂၀၀ခန့် ရောင်းချခဲ့ရသည်။

လင်းယွဲ့က ငွေကောက်ခံပြီး ပစ္စည်းများ ပြန်လည်ဖြည့်တင်းပေးပြီးနောက် တာ့ကွမ်ဘုန်းကြီးကျောင်းသို့ ဆက်ထွက်လာခဲ့လေ၏။ ကုလင်လည်း လားလှည်းပေါ်တွင်ထိုင်လိုက်ပါလာလေသည်။ မနေ့ညက စုဟိုင်ကိုသင်ခန်းစာပေးပြီးနောက် ဆိုင်ထဲတွင် သူထပ်အိပ်ဖြစ်ခဲ့၏။

လင်းယွဲ့က သူ့ကို မနက်ပိုင်းတွင် သူမနှင့်အတူ ရိုးရှင်းစွာပြန်လိုက်လာစေခဲ့သည်။ ဤတစ်ကြိမ် သူမကိုမြင်သောအခါ တာ့ကွမ်ဘုန်းကြီးကျောင်းမှ ဘုန်းကြီးဖိုခုန်းမှာ ထူးထူးခြားခြားစိတ်အားထက်သန်နေလေသည်။ ကိုရင်လေးက သူမကိုဧည့်ဆောင်သို့လိုက်ပို့ပေးစဉ် ဖိုခုန်းမှာ ဖိနပ်ပင်မစီးနိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် အပြေးရောက်လာလေသည်။

"ဒကာမလေးယွဲ့ နောက်ဆုံးတော့ ရောက်လာပြီပေါ့"

သူ အော်ပြောလိုက်သည်။

"မင်းရဲ့ဆော့စ်က အရမ်းနာမည်ကြီးတာပဲ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ကုန်သွားလို့ မင်းကိုစောင့်နေခဲ့ရတာ"

ဖိုခုန်းက ကြီးမြတ်သောကျေးဇူးရှင် တစ်ဦးကို ကြည့်သည့်အလား ပျော်ရွှင်မှုမျက်ရည်များဖြင့် သူမကိုကြည့်နေလေသည်။ လက်တွေ့တွင်လည်း သူမက ကျေးဇူးရှင်ဖြစ်လေ၏။ ဆော့စ်မှ ရရှိသော အကျိုးအမြတ်မှာ ဖိုခုန်းအတွက် များစွာမဟုတ်သော်လည်း ဖုံးကွယ်နေသော အကျိုးကျေးဇူးများရှိလေသည်။

မြင့်မြတ်သောလူအများအပြားက ဤဆော့စ်ကို အထူးနှစ်သက်ကြပြီး အလှူငွေများလည်း သိသိသာသာတိုးလာခဲ့သည်။ ယင်းကြောင့် သူသည် ကျောင်းထိုင်ဆရာတော်၏ချီးကျူးမှုကိုပင်ခံခဲ့ရပြီး မြင့်မြတ်သောလူတချို့နှင့်လည်း မိတ်ဆွေဖြစ်ခဲ့လေသည်။ အပြင်ဘက်ရှိ သက်သတ်လွတ်စားသောက်ခန်းမရှိ စီးပွားရေးမှာလည်း သိသိသာသာတိုးတက်လာ၏။

သို့သော် မှိုဆော့စ်မှာ လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ကုန်သွားခဲ့ပြီး လင်းယွဲ့ ဘယ်မှာနေသည်ကို သူမသိသဖြင့် နေ့ရက်များကိုရေတွက်ကာ စောင့်စားနေခဲ့ရခြင်း ဖြစ်သည်။ အပြေးအလွှား ထွက်ကြိုဆိုခြင်းမှာ ချဲ့ကားလွန်းရာကျသော်လည်း ဖိုခုန်းက လင်းယွဲ့ရောက်လာမည့်အချိန်ကို အမှန်တကယ်ပင် စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ ယခင်က လင်းယွဲ့အားပေးခဲ့သောဝေစုမှာ နည်းလွန်းသည်ဟုလည်း သူ ခံစားရသဖြင့် တိုက်ရိုက်ပင်ပြောလိုက်သည်။

"ဒကာမလေးယွဲ့ ဒီလိုလုပ်ရင်ရော ငါ့ကိုလဝက်တစ်ကြိမ် ပုလင်း ၂၀၀လာပို့ပေးပါ၊ ပြီးတော့ အမြတ်ကို တစ်ဝက်စီခွဲကြတာပေါ့"

All Chapters