← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

Ch-158

လင်းယွဲ့ ခေါင်းခါလိုက်သည်။ လင်းယွဲ့က အပြစ်ကင်းသူများကို အကြောင်းမဲ့ မသတ်ချင်ခြင်းကြောင့်သာမဟုတ်ဘဲ ယန်ယိုထျန်းအား အသက်ကိုတန်ဖိုးမထားသော သွေးအေးသည့်လူတစ်ယောက်အဖြစ် မကြီးပြင်းလာစေချင်သောကြောင့်လည်း ဖြစ်၏။ လူ့အသက်များ၏ဝန်ထုပ်ဝန်ပိုးမှာ လေးလံလွန်းလှပြီး ယိုထျန်း ဤမျှငယ်ရွယ်သော အရွယ်တွင် ၎င်းကိုအလွန်အမင်း ထမ်းပိုးရမည်ကို လင်းယွဲ့စိုးရိမ်မိလေသည်။

နောက်ပိုင်းတွင် ထောင်ယွီက သူတို့ကို ဒုက္ခပေးလုနီးပါးဖြစ်ခဲ့သော်လည်း လင်းယွဲ့ ထိုအချိန်က သူမဆုံးဖြတ်ချက်ကို ဘယ်သောအခါမှ နောင်တမရခဲ့ပေ။ အလျင်စလိုခြေသံများက တံခါးများကို ဖြတ်ကျော်ကာ အိမ်တိုင်းသို့ဝင်ရောက်သွားပြီး နာကျင်စွာအော်ဟစ်သံများနှင့်အတူ လင်းယွဲ့တို့အိမ်ထောင်စုမှာ ပိုမို တင်းမာလာပြီး ကြောက်ရွံ့မှုသံသယများနှင့် ထိတ်လန့်မှုများဖြင့်ပြည့်နှက်လာလေသည်။

တစ်ခါတစ်ရံ နှင်းရည်များနှင့် ရောနေသော သွေးများတံခါးပေါက်သို့ စီးဝင်လာသည်ကိုပင် မြင်တွေ့ရလေသည်။ ထို့ပြင် အရှေ့လမ်းမှ မီးလောင်နေသော အိမ်များမှ အမည်းရောင်မီးခိုးငွေ့များလည်း ရံဖန်ရံခါထွက်ပေါ်လာလေသည်။ ထိုအချိန်တွင် အိမ်ထဲရှိလူများမှာ ယခင်ကထက် ပိုမိုညီညွတ်လာကြပြီး ဓားပြများအတင်းဝင်မလာနိုင်စေရန် အိမ်နောက်ဖေးနှင့် အရှေ့ဘက်ခြံဝင်းတံခါးများကို အမျိုးမျိုးသော ပစ္စည်းများအသုံးပြု၍ ခိုင်မာစွာ ပိတ်ဆို့ထားကြလေသည်။

သို့သော်မမျှော်လင့်ဘဲ ထောင်ယွီက ဓားပြများကို ဆွဲဆောင်လာခဲ့လေသည်။ ထိုအချိန်က လွီရှို့ယွီမှာ ထောင်ယွီကိုဆန်ပြုတ်ကျဲ အနည်းငယ်ပေးခဲ့သည်။ သူ သောက်ပြီးနောက် မီးဖိုချောင်သို့သွားကာ လွီရှို့ယွီကို ကျေးဇူးတင်စကားပြောခဲ့လေ၏။ ထို့နောက် သူလင်းယွဲ့ကိုကြည့်လိုက်ရာ သူ့မျက်လုံးများတွင် အေးစက်မှုနှင့် ဒေါသများပြည့်နှက်နေလေသည်။ သူ့ရင်ထဲတွင် ဖုံးကွယ်ထားသောနာကျင်မှုများက သူ့ကို ခဏချင်းအတွင်း အလွန် ရင့်ကျက်သွားစေလေသည်။

"ငါ့မိဘတွေ ဘယ်မှာလဲ"

"ငါမသိဘူး"

လင်းယွဲ့က ထောင်ယွီကိုမကြည့်ဘဲ ဟင်းသီးဟင်းရွက်နှင့် ဆန်ကိတ်ဟင်းချိုချက်နေရင်း ပြောလိုက်သည်။ ထောင်ယွီမျက်လုံးများတွင် အမုန်းတရားများပြည့်နှက်နေလေ၏။

"ငါ့မိဘတွေ အဲဒီညကမင်းမိသားစုရဲ့ စပါးတွေကို သွားလုမယ်လို့ပြောခဲ့တယ်၊ ဒါပေမဲ့ အဲဒီညမှာပဲ သူတို့ ပျောက်သွားတယ်၊ မင်းက ငါ့မိဘတွေကို သတ်လိုက်တာလား"

ကျောက်ဟုန်က လင်းယွဲ့ကိုရယ်ချင်စိတ်ဖြင့်ကြည့်နေပြီး လွီရှို့ယွီက စိုးရိမ်တကြီးကြည့်နေလေသည်။ လင်းယွဲ့ ပြောလိုက်၏။

"တစ်ကယ်လို့ ခိုးတာမဟုတ်ဘဲ လုယက်တာသာဆိုရင်ရော မင်းမိဘတွေက ဘယ်လိုလုယက်ဖို့ စီစဉ်ထားတာလဲ"

"သေချာပေါက် မင်းတို့ကိုသတ်ပြီး လုယက်မှာပေါ့"

ထောင်ယွီပြောလိုက်ပြီးနောက် လင်းယွဲ့ထောင်ချောက်ထဲ သူကျသွားကြောင်း သဘောပေါက်သွားလေသည်။ သူက အမြန်ထပ်ပြောလိုက်၏။

"ဒါပေမဲ့ မင်းတို့အားလုံး အသက်ရှင်နေပြီး ကျန်းမာနေတာပဲလေ၊ ငါ့မိဘတွေက မင်းတို့ကိုမသတ်ခဲ့ဘူး၊ မင်းပဲ ဒီယုတ်မာတဲ့မိန်းမ မင်းကငါ့မိဘတွေကို သတ်လိုက်တာပဲ"

"ဒါတွေက နင့်ရဲ့ခန့်မှန်းချက်တွေ သက်သက်ပဲလေ"

လင်းယွဲ့ပြတ်သားစွာ ပြောလိုက်ပြီး အလေးအနက်ထားကာ

"အဲဒီညက မင်းရဲ့မိဘတွေကို ငါမတွေ့ခဲ့ဘူး"

ထောင်ယွီ နက်နက်ရှိုင်းရှိုင်းမုန်းတီးနေသော်လည်း သူ လုပ်နိုင်သည်မှာ ဘာမှမရှိပေ။ လင်းယွဲ့က ၎င်းကိုအလေးအနက်မထားခဲ့သော်လည်း သူက ညဘက်တွင် အရှေ့ဘက်ခြံဝင်းတံခါးရှိ အတားအဆီးများကို တိတ်တဆိတ် ဖယ်ရှားကာ အပြင်သို့ပြေးထွက်သွားမည်ဟု သူမထင်မထားခဲ့ပေ။ နောက်တစ်နေ့နံနက်တွင် သူတို့ချက်ပြုတ်ရန် ပြင်ဆင်နေစဉ် အရှေ့ဘက်တံခါးမှာ ပွင့်ဟနေသည်ကို တွေ့လိုက်ရလေသည်။

[ T-N/ အေးရော]

"သခင်လေးသုံး ဒီနေရာပါပဲ၊ ဒီနေရာမှာ စပါးဆယ်ကျင်းကျော် ရှိပါတယ်၊ အဲဒါက ကျွန်တော်တို့ကို ဆယ်ရက်ကျော်လောက်ကျွေးမွေးဖို့ လုံလောက်ပါတယ်"

ထောင်ယွီအသံမှာ နီးကပ်သလို ဝေးကွာသလိုထွက်ပေါ်လာသဖြင့် သူတို့က အရှေ့ဘက်တံခါးကို အမြန်ပိတ်လိုက်ပြီး စားပွဲများ၊ ကုလားထိုင်များနှင့် ရေစည်များကိုအောက်ချကာ ပိတ်ဆို့လိုက်ကြလေသည်။

*ရွှပ်*

သို့သော် ဓားပြများက ပစ်မှတ်တစ်ခုကို ရရှိသွားပြီဖြစ်ရာ သူတို့ကိုကိုင်တွယ်ရန် ထိုမျှမလွယ်ကူတော့ပေ။ တံခါးအက်ကွဲကြောင်းမှ ဖြူဖွေးသောဓားရောင်လင်းလက်လာသည်ကို လင်းယွဲ့ မြင်လိုက်ရပြီး တုတ်ကိုချက်ချင်းဖြုတ်ပစ်လိုက်လေသည်။ ပြင်းထန်သောကန်ချက်များက တံခါးကို ဝင်ဆောင့်လာပြီး လီမင်နှင့် ဝမ်ချန်တို့ အစွမ်းကုန် ကြိုးစားကာ တားဆီးနေသော်လည်း အကြိမ်များစွာ ယိုင်လဲသွားခဲ့ရလေသည်။ လီမင်က အလျင်စလိုအော်ဟစ်လိုက်လေ၏။

"သခင်လေး ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းပြောပါရစေ၊ ကျွန်တော်တို့က ကိုယ်ပိုင်အိမ်တောင်မဝယ်နိုင်တဲ့ ဆင်းရဲသားတွေပါ၊ ကျွန်တော်တို့က ငှားထားတဲ့ အိမ်တစ်လုံးကို မိသားစု လေးစုမျှနေကြတာပါ၊ ဘယ်လိုလုပ် ကျွန်တော်တို့ဆီမှာ စပါးဆယ်ကျင်းကျော်ရှိနိုင်မှာလဲ၊ ကျေးဇူးပြုပြီး သခင်လေး ကျွန်တော်တို့ကိုသနားပြီး အသက်ချမ်းသာပေးပါ"

ထို့နောက် သူက တင်းမာစွာပြောလိုက်သည်။

"ထောင်ယွီ မင်းမိဘတွေက သူတို့အသက်ကိုကယ်ဖို့ မင်းကိုစွန့်ပစ်သွားခဲ့တာကို မင်းက လင်းယွဲ့ သူတို့ကိုသတ်တယ်လို့ အခိုင်အမာပြောပြီး ဓားပြတွေကိုပါခေါ်လာတယ်၊ သူတို့ကိုသုံးပြီး မင်းအတွက် လက်စားချေပေးဖို့ မျှော်လင့်နေတာပေါ့၊ မင်း တကယ်ကို ဒီလိုမလုပ်သင့်ဘူး"

ဤစကားကိုကြားသောအခါ ဓားပြခေါင်းဆောင်က နှင်းကဲ့သို့ဖြူဖွေးနေသော သူ့ဓားကို ထောင်ယွီလည်ပင်းတွင် နောက်ပြန်ထားလိုက်လေသည်။

"မင်းက ငါ့ကိုအသုံးချရဲတယ်ပေါ့"

သူတို့က တောင်သူလယ်သမားပုန်ကန်မှုကိုအခွင့်ကောင်းယူကာ ပြည်သူများနှင့် အစိုးရအရာရှိများ နှစ်ဖက်စလုံး တိုက်ခိုက်ခြင်းကြောင့် မောပန်းနေချိန်တွင် မြို့ထဲသို့ဝင်ရောက်လာကြခြင်း ဖြစ်သည်။ ယခု သူတို့တွင်အင်အားအကောင်းဆုံးစစ်တပ်ရှိနေပြီဖြစ်ရာ ရှီထိုင်ခရိုင်ကို အလျင်အမြန်ထိန်းချုပ်နိုင်ခဲ့ကြလေ၏။

သို့သော် ယခင်က တောင်သူလယ်သမားပုန်ကန်မှုကြောင့် ခရိုင်အစိုးရ၏စပါးကျီများနှင့် ကုန်သည်များ၏ စပါးကျီများနှစ်ခုစလုံးမှာ အမြောက်အမြားလုယက်ခံခဲ့ရပြီးဖြစ်သည်။ ဤရက်ပိုင်းအတွင်း ချမ်းသာသော မိသားစုများထံမှ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာအများအပြားကို လုယက်ခဲ့ကြသော်လည်း စားစရာ အစားအစာလုံလုံလောက်လောက်မရှိကြပေ။ ထောင်ယွီက အမြန်ကျိန်ဆိုလိုက်၏။

"သူမမိသားစုမှာ စပါးဆယ်ကျင်းကျော် သေချာပေါက်ရှိပါတယ်၊ တစ်ကယ်လို့ မတွေ့ဘူးဆိုရင် ကျွန်တော့်ကိုသတ်ဖို့ အချိန်မနှောင်းသေးပါဘူး"

"အရူး"

ဝမ်ချန် ဒေါသတကြီးကျိန်ဆဲလိုက်သည်။

"ထောင်ယွီ မင်းက ကျားကိုလှည့်စားဖို့ ကြိုးစားနေတာပဲ၊ မင်း ဒါကို လွတ်မြောက်သွားမယ်လို့ ထင်နေတာလား"

"ဟားဟား"

ထောင်ယွီ လှောင်ပြုံးပြုံးလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ့မိဘတွေသေသွားပြီပဲ၊ ငါ့အတွက် ဘာကောင်းတာ ဖြစ်လာမှာမို့လို့လဲ"

"ဖြိုချစမ်း"

ဓားပြခေါင်းဆောင်၏အမိန့်ပေးသံနှင့်အတူ အရှေ့မှဓားပြများက တံခါးကို သူတို့ခန္ဓာကိုယ်များဖြင့် ချက်ချင်းဝင်တိုက်ကြလေတော့သည်။ လီမင်နှင့် ဝမ်ချန်တို့က ဓားပြများ၏သဘောသဘာဝကိုသိကြသည်။ အကယ်၍ သူတို့ဝင်လာနိုင်ပါက သူတို့နှစ်ဦးစလုံး အသက်ရှင်မည်မဟုတ်ပေ။ သို့သော် သူတို့နှစ်ဦးတည်းဖြင့် လူအများအပြား၏ ပေါင်းစပ်တိုက်ခိုက်မှုကို မယှဉ်နိုင်ပေ။

ထိုအချိန်တွင် တံစဉ်းကိုကိုင်ထားသော ယန်ယိုထျန်းက ရှေ့သို့ထွက်လာပြီး ရေစည်ကို သူ့ကျောဖြင့်ထောက်ထားလိုက်လေသည်။ တံခါးပေါ်ရှိတိုက်ခိုက်မှုအရှိန်မှာ ချက်ချင်းပင် အတော်လေး လျော့ကျသွားလေသည်။ သို့သော် ဝမ်ချန်မှာ အကောင်းမြင်မနေပေ။

အသံကို နားထောင်ကြည့်ရသလောက် ဓားပြ ဒါဇင်ပေါင်းများစွာရှိလောက်သည်။ အကယ်၍ သူတို့ကတံခါးကို ဖြတ်ကျော်ရန် စိတ်ပိုင်းဖြတ်ထားပါက သူတို့အချိန်အကြာကြီးတားဆီးထားနိုင်မည် မဟုတ်ပေ။ သူက လွီရှို့ယွီကို လက်ယပ်ခေါ်ကာ တီးတိုးပြောလိုက်၏။

"ငါတို့ သူတို့ကို ဒီမှာတားထားမယ်၊ သူတို့သတိမထားမိခင် မင်းတို့အိမ်နောက်ပေါက်ကနေ ထွက်ပြေးကြ"

လွီရှို့ယွီ မျက်ရည်များဖြင့်ပြောလိုက်ပြီးနောက် သူမကလည်း တံခါးကို မှီထားလိုက်လေသည်။

"မဖြစ်ဘူး၊ ကျွန်မ ရှင့်ကိုဒီမှာကူညီချင်တယ်"

သို့သော် ဝမ်ချန်က သူမကိုတွန်းဖယ်ကာ ပြောလိုက်သည်။

"ငါ အသက်ရှင်မှာပါ၊ ဒါကြောင့် မင်းက ငါတို့ကလေးကိုခေါ်ပြီး အရင်သွားရမယ်"

ယန်ယိုထျန်းမျက်နှာထားမှာ ပြတ်သားနေလေသည်။

"အစ်မတို့ဆိုင်ကို အရင်သွားကြ၊ ခဏနေရင် ကျွန်တော်လိုက်ခဲ့မယ်"

လီမင်စကားမပြောနိုင်မီ ကျောက်ဟုန်က ခေါင်းညိတ်လိုက်၏။

"ငါသိပြီ၊ ငါ့သားကိုခေါ်ပြီး ချက်ချင်း ပြေးထွက်သွားမယ်"

ထိုသို့ပြောပြီးနောက် သူမနောက်လှည့်မကြည့်ဘဲ အခန်းထဲသို့ပြေးဝင်သွားကာ သူမကလေးကို ဆွဲပြီးပြေးလေတော့သည်။ ၎င်းကိုမြင်သောအခါ လီမင်မှာ စိတ်မအေးဖြစ်သွားပြီး စတင် တုံ့ဆိုင်းလာလေ၏။

"ငါ ငါ့သားက ငယ်သေးတယ်၊ သူကြီးလာတာကို ငါ မမြင်ရသေးဘူး"

သူက လင်းယွဲ့ကိုကြည့်လိုက်ရာ သူ့မျက်လုံးများ မည်းမှောင်သွားလေသည်။

"ဒါတွေအားလုံးက မင်းအမှားပဲ၊ အဲဒီအတွက် မင်းကပဲပေးဆပ်သင့်တာ၊ ငါက ဘာလို့အဲဒီအတွက် အပြစ်ခံရမှာလဲ"

"လီမင်"

ဝမ်ချန် ရုတ်တရက် ဒေါသတကြီးအော်လိုက်သည်။

"အခု ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ဆွေးနွေးဖို့လိုသေးလို့လား၊ အရေးအကြီးဆုံးက တံခါးကို ပိတ်ထားပြီး အသက်ရှင်ဖို့ပဲ"

"ငါ”

လီမင့်ခြေထောက်များ တုန်ယင်သွားပြီး ရုတ်တရက် သူပြောလိုက်သည်။

"မင်းတို့ တားချင်တဲ့လူကိုတား၊ ငါ ဂရုမစိုက်တော့ဘူး"

ထိုသို့ပြောပြီးနောက် သူထွက်ပြေးသွားကာ ကျောက်ဟုန်ရင်ခွင်ထဲမှ သားဖြစ်သူကိုလုယူပြီး အနောက်ဘက်ခြံဝင်းသို့ အလျင်စလို ပြေးသွားလေသည်။

"ဘန်း"

ထိုအချိန်တွင် တံခါးတွင်ကန်ပေါက်ရာတစ်ခု ဖြစ်သွားလေသည်။

"အစ်မ ပြေးတော့"

ယန်ယိုထျန်း သူ့တံစဉ်းကိုအင်္ကျီလက်ဖြင့် သုတ်လိုက်သည်။

"ခဏနေရင် ကျွန်တော်လာရှာမယ်"

အသံများကြားရသောအခါ တာ့ယာနှင့် ကုတန်တို့မှာ အရှေ့ဘက်ခြံဝင်းသို့ပြေးလာကြပြီဖြစ်သည်။ သူတို့က အလွန် စိုးရိမ်မကင်းဖြစ်ကာ လင်းယွဲ့လက်ကို ကိုင်ထားကြလေသည်။ လင်းယွဲ့က ကလေးနှစ်ယောက်ကို ငုံ့ကြည့်လိုက်ပြီးနောက် ယိုထျန်းကိုကြည့်ကာ ခက်ခဲစွာ ပြောလိုက်၏။

"ယိုထျန်း မင်းသေချာပေါက်ပြန်လာရမယ်နော်"

"သွားကြစို့"

သူမက ကလေးနှစ်ယောက်လက်ကို ကိုင်ကာ ထွက်ခွာရန်ပြင်လိုက်သည်။

"ညီမလေး ကျေးဇူးပြုပြီး ကျွန်တော့် ဇနီးနဲ့ သားကို ခေါ်သွားပေးပါ"

ထွက်သွားရန်ငြင်းဆန်နေသော လွီရှို့ယွီကိုတွန်းရင်း ဝမ်ချန်က လင်းယွဲ့ကို တောင်းပန်လိုက်၏။

"ဟုတ်ကဲ့ပါ"

လင်းယွဲ့က လွီရှို့ယွီကိုဖမ်းကိုင်လိုက်သည်။

"အစ်မ ကျွန်မတို့ ဒီမှာဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာ အရင် ထွက်ပြေးကြစို့၊ သူတို့ လိုက်လာနိုင်မယ်လို့ ကျွန်မယုံတယ်"

လွီရှို့ယွီမျက်နှာမှာ မျက်ရည်များဖြင့် ဖုံးလွှမ်းနေသော်လည်း နောက်ဆုံးတွင် သူမ အနည်းငယ်ယိမ်းယိုင်သွားလေသည်။

"သွားကြစို့"

လင်းယွဲ့ပြောကာ လွီရှို့ယွီကိုဆွဲခေါ်ရင်း စတင်ပြေးကြလေသည်။ လင်းယွဲ့က လွီရှို့ယွီကို ဘေးပေါက်ဆီသို့ဆွဲခေါ်သွားသောအခါ အနောက်ဘက်ခြံဝင်းမှ သွေးများပန်းထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရလေ၏။ သွေးများက ဆီးနှင်းများပေါ်သို့ကျဆင်းလာသော အနီရောင်မက်မွန်ပန်းများကဲ့သို့ဖြစ်ပြီး ၎င်း၏တောက်ပသောအနီရောင်မှာ ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။

*ဒေါက် ဒေါက်*

နောက်ပေါက်မှ လူခေါင်းတစ်ခုလိမ့်ဝင်လာလေသည်။ ၎င်းမှာ လီမင်ဖြစ်လေသည်။

"ဝူး ဝူးး"

ကလေးငယ်၏ရင်ကွဲမတတ်ငိုကြွေးသံများထွက်ပေါ်လာပြီး ရုတ်တရက် ရပ်တန့်သွားလေသည်။

‘သွေးတစ်စက် နောက်ထက်တစ်စက်’

လင်းယွဲ့နှင့် ကျောက်ဟုန်တို့၏ထိတ်လန့်နေသောမျက်လုံးများ ဆုံတွေ့သွားကြသော်လည်း ကျောက်ဟုန်မျက်လုံးများမှာ သွေးများလွှမ်းနေပြီး ခေါင်းဖြတ်ခံထားရပြီးဖြစ်လေသည်။

"ဟားဟားဟား ငတုံးတွေ၊ ငါတို့က အနောက်ဘက်ခြံဝင်းရှိတယ်ဆိုတာ မသိဘူးများမှတ်နေလား"

သူတို့အနောက်ဘက်ခြံဝင်းသို့ဝင်ရောက်လာချိန်တွင် ကြွားလုံးထုတ်သော အသံတစ်သံထွက်ပေါ်လာလေသည်။ လင်းယွဲ့မှာ ထပ်မံစောင့်ဆိုင်းရန် အချိန်မရှိတော့သဖြင့် ဘေးပေါက်ကို အမြန်ပိတ်လိုက်လေ၏။ ဘေးပေါက်တွင်တုတ်နှစ်ခုရှိသဖြင့် လင်းယွဲ့ကအမြန် သော့ခတ်လိုက်ပြီး အထောက်အကူပြုရန် အပိုတံခါးရွက်များကိုပါ အသုံးပြုလိုက်လေသည်။

*ဒုန်း ဒုန်း ဒုန်း*

အနောက်ဘက်ခြံဝင်းမှ ရိုက်ခွဲသံများ၊ လုယက်သံများနှင့် မီးရှို့သံများထွက်ပေါ်လာလေသည်။

"ဝိုး စပါးတွေအများကြီးပဲ၊ သခင်လေးသုံးကိုပြောလိုက် ငါတို့ စပါးတွေတွေ့ပြီ"

"သခင်လေးသုံး"

အနောက်ဘက်ခြံဝင်းမှ အရှေ့ဘက်ခြံဝင်းအထိ အော်သံတစ်သံထွက်ပေါ်လာလေသည်။

"စပါးတွေတွေ့ပြီ၊ တကယ်ပဲ ဆယ်ကျင်းကျော်ရှိတာပဲ"

"ကောင်းတယ် သိပ်ကောင်းတယ်၊ စပါးတွေကို ချက်ချင်းသယ်သွားကြ"

သခင်လေးသုံးက အားရပါးရရယ်မောလိုက်လေသည်။ လင်းယွဲ့သက်ပြင်းချလိုက်၏။ အကယ်၍ သူတို့ကစပါးများကိုသာသယ်ယူသွားပြီး သူတို့ကို ဆက်လက် ဂရုမစိုက်တော့လျှင် ကောင်းမည်ဖြစ်သည်။

"နေဦး"

ထောင်ယွီ၏အသံမှာ စူးရှနေလေသည်။

"ကျန်တာတွေရော သူတို့ကိုဘယ်တော့ သတ်မှာလဲ၊ သူတို့ကို သတ်ပေးမယ်လို့ ကျွန်တော့်ကို ကတိပေးထားတယ်လေ"

"မလောပါနဲ့"

သခင်လေးသုံးက ထောင်ယွီ၏ကျောကို ပုတ်ပေးလိုက်သည်။

"ငါ သေချာပေါက်ကတိတည်မှာပါ၊ အရင်ဆုံး စပါးတွေကိုသယ်လိုက်ကြစို့"

လင်းယွဲ့ရင်ခုန်သံတစ်ချက် ထပ်မံရပ်တန့်သွားလေသည်။

All Chapters