← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

Ch-162

ကုလင်က မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအရာဖြင့် ခေါင်းညိတ်ကာပြောလိုက်သည်။

"ကိုယ်နည်းလမ်းတစ်ခု စဉ်းစားကြည့်ပါ့မယ်"

"ကျွန်မ ရှင့်ကိုကူညီနိုင်လောက်တယ်"

သူတို့နှစ်ဦးတစ်ချိန်တည်း ပြိုင်တူပြောလိုက်မိရာ ကုလင်က လင်းယွဲ့ကို အနည်းငယ် အံ့အားသင့်စွာကြည့်လိုက်ပြီး

"မင်းက ကိုယ့်ကိုကူညီမလို့လား"

သူ မေးလိုက်သည်။ ထို့နောက် သူခေါင်းခါလိုက်၏။

"မင်းရဲ့နေရာလွတ်ထဲမှာ အစားအသောက် အကန့်အသတ်ပဲရှိတာလေ၊ ပြီးတော့ အဲဒါက မင်း အသက်ရှင်သန်ရေးရဲ့အခြေခံပဲ၊ အဲဒါတွေကို အလွယ်တကူ သုံးပစ်လို့မဖြစ်ဘူး"

"ကျွန်မရဲ့အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိတာတော့ မှန်ပါတယ်"

ဤတစ်ကြိမ်တွင် လင်းယွဲ့၏ကံကြမ္မာမှာ ကုလင်နှင့် အလွန်အမင်းရောယှက်နေပြီး သူမ၏ကိုယ်ပိုင်အသက်ရှင်သန်ရေးကိုသာ တွေးနေ၍မရတော့ပေ။ ကုလင်က ပုန်ကန်ထားပြီးဖြစ်ရာ ယင်းမှာ မိသားစုဆွေစဉ်မျိုးဆက်ကိုးဆက်လုံးကို သေဒဏ်ပေးနိုင်သော ရာဇဝတ်မှုဖြစ်သည်။ သူမကလည်း အခြေအနေထဲတွင် နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေပြီးဖြစ်ကာ ရုန်းထွက်မရနိုင်တော့ပေ။

ထို့အပြင် ကုလင်က သူမကိုသူ့လျှို့ဝှက်ချက်အစွမ်းကိုလည်း ပြောပြထားပြီး ဖြစ်ရာ လင်းယွဲ့ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်မရဲ့ပါဝင်ပစ္စည်းတွေက ပြန်လည်စတင်နိုင်တယ်၊ ဒါပေမဲ့ နေရာလွတ်ထဲမှာ ပေါက်စီလေးလုံးရှိတယ်ဆိုရင် တစ်နာရီမှာ ပေါက်စီလေးလုံးပဲပြန်စတင်နိုင်တယ်၊ ကျွန်မရဲ့ပါဝင်ပစ္စည်းတွေက အကန့်အသတ်ရှိပြီး ပြန်စတင်ဖို့ အချိန်ကြာတဲ့အတွက် တစ်ကြိမ်တည်းနဲ့ ပါဝင်ပစ္စည်းအများကြီး မစုဆောင်းနိုင်ဘူး၊ ဒါပေမဲ့...."

ကုလင် ချက်ချင်း သဘောပေါက်သွားသည်။ သူမ၏အစားအစာများက ပြန်လည်အသစ်ဖြစ်နိုင်သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ”

"ရွှေတွေကို စုပ်ယူလိုက်သရွေ့ပြန်စတင်တဲ့အချိန်ကို လျှော့ချနိုင်တယ်"

ကုလင်မျက်လုံးများ အရောင်လက်သွားပြီး အနည်းငယ်စိတ်လှုပ်ရှားသွားလေသည်။ သူက လင်းယွဲ့လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်၏။

"အခု မင်းကထောက်ပံ့ပို့ဆောင်ရေးကို တာဝန်ယူထားတာဆိုတော့ ရွှေနဲ့ငွေတွေကို မင်းသဘောကျသလို သုံးနိုင်ပါတယ်၊ ဒါ့အပြင် ဒီရွှေနဲ့ ငွေတွေက ကိုယ့်အတွက် အသုံးမဝင်ပါဘူး"

ကုလင်စကားကိုကြားသောအခါ လင်းယွဲ့မှာ စိတ်သက်သာရာရသွားလေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဓားပြများလုယက်ထားသော လက်ဝတ်ရတနာများကို သူမခွဲခြားစီစဉ်နေစဉ် ရွှေများကို တစ်နေရာတည်းတွင်စုထားခဲ့လေသည်။ ထိုသို့ဖြင့် သူမက ရွှေများကိုစုပ်ယူရန်တွေးတောရင်း ရွှေများပေါ်သို့ လက်ကိုတင်လိုက်၏။

ရွှေတစ်သေတ္တာမှာ ချက်ချင်းပျောက်ကွယ်သွားလေသည်။ အဆင့်တစ်ခုစီ တက်ရန်အတွက် ရွှေ ပိုမိုလိုအပ်လာမည်ကို လင်းယွဲ့ခန့်မှန်းထားပြီးဖြစ်လေသည်။ သို့သော် မမျှော်လင့်ဘဲ ရွှေနှစ်သေတ္တာက ရေခဲသေတ္တာကို အဆင့် (၃) ဆင့်သာမြင့်တက်သွားစေလေသည်။ မည်သို့ပင်ဆိုစေ နေရာလွတ်မှာနှစ်ဆပိုကြီးလာပြီး ပြန်လည်စတင်သည့် အချိန်မှာလည်း ၁၀မိနစ်လျှင် တစ်ကြိမ် ဖြစ်လာလေသည်။

သို့သော် စစ်သားတစ်ထောင်ခန့်ရှိနေပြီး ပြန်လည်စတင်ချိန်က ၁၀မိနစ်ဖြစ်နေလျှင်ပင် ရေခဲသေတ္တာ၏မူလပမာဏနှင့်ယှဉ်လျှင် များများစားစားမဟုတ်ပေ။ ထို့အပြင် သူမ၏ရေခဲသေတ္တာထဲတွင် ဆန်နှင့်ခေါက်ဆွဲကဲ့သို့သော အခြေခံအစားအစာများ အများအပြား မရှိဘဲနေရာယူသော ရေခဲမုန့်များ၊ အေးခဲထားသောဘလူးဘယ်ရီသီးများနှင့် အခြားပစ္စည်းများ အများအပြားရှိနေလေသည်။

လင်းယွဲ့ နောက်ဆုံးကျန်ရှိနေသော ရွှေနှင့် လက်ဝတ်ရတနာသေတ္တာကိုကြည့်လိုက်ပြီးနောက် ကုလင်ကိုကြည့်လိုက်လေ၏။ ဤသည်မှာ သူတို့စစ်သားများ ဓားပြများကိုသတ်ပြီး ရွှေငွေရတနာများရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လူအများအပြားက ၎င်းတို့ကို မျက်စိကျနေကြမည်မှာ သေချာလေသည်။

‘ငါ အဲဒါတွေအားလုံးကို တကယ်ပဲ အသုံးပြုနိုင်ပါ့မလား၊ လက်အောက်က စစ်သားတွေ မကျေမနပ်ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ’

သူမမျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုများက သိသာလွန်းနေပုံရသဖြင့် ကုလင်ရှေ့သို့တိုးလာကာ သူမကိုခေါင်းညိတ်ပြပြီး လက်ကိုကိုင်ကာ ပြောလိုက်သည်။

"အဆင်ပြေပါတယ်၊ မင်းသဘောကျသလို သုံးလိုက်၊ အခုချိန်မှာ စစ်သားတွေ အားလုံးဆာလောင်နေကြပြီး အစာအလုံအလောက်တောင်မစားရတဲ့အတွက် သူတို့က တခြားဘာကိုမှ ဂရုစိုက်မှာမဟုတ်ဘူး၊ ဒါ့အပြင် သူတို့မှာ တခြားအကြံအစည်တွေရှိလာရင်တောင် ကိုယ် အားလုံးကို တာဝန်ယူ ဖြေရှင်းပေးပါ့မယ်"

လင်းယွဲ့ ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးရွှေသေတ္တာကို စုပ်ယူလိုက်လေသည်။ ရေခဲသေတ္တာမှာ ထပ်မံ အဆင့်တက်သွားပြီးပြန်လည်စတင်ချိန်က ငါးမိနစ်ဖြစ်လာလေသည်။ သူမ ၎င်းကိုစစ်ဆေးကြည့်လိုက်ရာ အဆင့်တက်ပြီးနောက် လုပ်ဆောင်ချက် အသစ်များပါလာသည်ကို တွေ့လိုက်ရလေသည်။

သူမနေရာလွတ်မှာ မူလက ရေခဲသေတ္တာထဲမှ ပစ္စည်းများကိုသာ သိုလှောင်ခြင်းနှင့် ထုတ်ယူခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း ယခုအခါတွင် လင်းယွဲ့ကအလွတ်ဖြစ်နေသော သစ်သားသေတ္တာပေါ်သို့ လက်ကိုပေါ့ပေါ့ပါးပါးဖိလိုက်ရာ မူလကမြေကြီးပေါ်တွင်ရှိနေသော သစ်သားသေတ္တာ အလွတ်မှာ ပျောက်ကွယ်သွားပြီး သူမနေရာလွတ်ထဲတွင် ပေါ်လာလေသည်။ လင်းယွဲ့မှာ အံ့အားသင့်သွားလေသည်။ ၎င်းက တကယ့်ကိုနေရာလွတ်အစွမ်းနှင့် တူနေလေသည်။

‘ဒါဆို ငါထိလိုက်တဲ့ ဘယ်အရာကိုမဆို ငါ့ရဲ့ကိုယ်ပိုင် နေရာလွတ်ထဲကို လွှဲပြောင်းလို့ရနိုင်မှာ မဟုတ်ဘူးလား’

‘ငါက ရန်သူ့ရဲ့ထောက်ပံ့ရေးပစ္စည်းတွေကို တိတ်တဆိတ်ခိုးယူမယ်ဆိုရင် တစ်စက္ကန့်အတွင်းမှာပဲ လွှဲပြောင်းယူလိုက်လို့ ရတယ်၊ ငါက ရန်သူ့ရဲ့ လက်နက်တိုက်ကိုဝင်စီးပြီး သတ္တုလက်နက်တွေအားလုံးကို ငါ့ရဲ့ နေရာလွတ်ထဲ လွှဲပြောင်းယူလိုက်ပြီး စစ်သားတွေကို လက်နက်မဲ့တိုက်ခိုက်ခိုင်းလို့လည်းရတယ်၊ ဒီလုပ်ဆောင်ချက်က တကယ်ကိုမယုံနိုင်စရာပဲ’

အကယ်၍ ရေခဲသေတ္တာကိုထပ်ပြီး အဆင့်မြှင့်လိုက်ရင် ဘယ်လို လုပ်ဆောင်ချက်အသစ်များထပ်ပေါ်လာမလဲဆိုသည်ကို လင်းယွဲ့မတွေးရဲတော့ပေ။ လင်းယွဲ့က ရေခဲသေတ္တာထဲတွင် အဆက်မပြတ်ပြန်လည်ပြည့်ဖြိုးနေသော အစားအစာများကိုကြည့်လိုက်ပြီး ၎င်းတို့ကို သူမနေရာလွတ်ထဲမှ အပြင်သို့ ထုတ်ယူလိုက်လေသည်။ ရုတ်တရက် အတွေးတစ်ခုက ခေါင်းထဲ ပေါ်လာ၏။

‘ဒီအစားအစာတွေကို စစ်သားတွေဆီ ဒီတိုင်းပေးလိုက်လို့ မဖြစ်ဘူး၊ အဲဒါတွေကို ဒီလိုနည်းနဲ့အသုံးပြုခြင်းက မမျှော်လင့်ထားတဲ့ရလဒ်တွေကို ရရှိစေနိုင်တယ်’

ထိုအချိန်တွင် ခရိုင်အစိုးရရုံးတော် အပြင်ဘက်ရှိကွင်းပြင်ထဲတွင် လေ့ကျင့်ရေးဆင်းနေသင့်သော စစ်သားများမှာ ပိန်ချုံးနေပြီး စိတ်ဓာတ်ကျနေကြလေသည်။ သူတို့မှာ မူလက လယ်သမားများဖြစ်ပြီး ယခုနှစ် ကောက်ပဲသီးနှံအထွက်နှုန်းမှာလည်း ညံ့ဖျင်းခဲ့လေသည်။ ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်တွင် ပိုစားပြီး ကျန်းမာရေးကို ဂရုစိုက်သင့်သော်လည်း အခွန်တိုးမြှင့်လိုက်ကြောင်း သတင်းကို သူတို့ကြားသိခဲ့ရလေသည်။

သူတို့က တစ်နှစ်ပတ်လုံးအလုပ်များနေခဲ့ပြီး သူတို့ခန္ဓာကိုယ်များမှာလည်း အတော်လေး ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ ကောင်းကောင်းစားရဖို့မဆိုထားနှင့် ဝမ်းဗိုက်ပြည့်အောင်ပင် မစားခဲ့ရပေ။ ထို့အပြင် စစ်မှုထမ်းရန်ဆင့်ခေါ်ခံရပြီးနောက် ခရီးရှည်နှင့်အဆက်မပြတ် ကြောက်ရွံ့နေရမှုတို့က သူတို့ကျန်းမာရေးကို ထိခိုက်စေခဲ့လေသည်။

ယခုအခါ ခရိုင်မြို့တော်ထဲသို့ဝင်ရောက်လာပြီး တိုက်ခိုက်အောင်ပွဲခံပြီးနောက် ကောင်းကောင်းစားရလိမ့်မည်ဟုထင်ခဲ့သော်လည်း အရသာမရှိသော ဟင်းရည်ကျဲသာဖြစ်ပြီး လေ့ကျင့်ရေးလည်း ဆင်းနေရဆဲဖြစ်လေသည်။ သူတို့က ဝမ်တာ့ကျန်း၏လက်ဝှေ့နှင့် လှံစွပ်လေ့ကျင့်ခန်းစာရင်းကို စိတ်မပါတပါဖြင့် လိုက်လေ့ကျင့်နေကြပြီး မကြာမီမှာပင် သူတို့ထဲမှတစ်ယောက်က တဂွီဂွီမြည်နေသော ဗိုက်ကိုပွတ်ရင်း မြေကြီးပေါ်သို့ လဲကျသွားလေသည်။

"မင်း ဘာလုပ်နေတာလဲ ထစမ်း"

ဝမ်တာ့ကျန်းက ထိုလူကိုစူးစိုက်ကြည့်လိုက်သည်။ ထိုလူမှာ ဒေသခံလူဆိုးတစ်ယောက်ဖြစ်ခဲ့ပြီး ထိန်းကျောင်းရန် ခက်ခဲလေ၏။ ယခုအခါ သူ လဲလျောင်းနေသဖြင့် လူအများအပြားကို ချက်ချင်းစိတ်မအေးဖြစ်သွားစေလေသည်။

"လွန်ခဲ့တဲ့နှစ်ရက် သုံးရက်လောက်ကတည်းက အရသာမရှိတဲ့အစားအစာတွေချည်းပဲ စားနေရတာ ဆန်တစ်စေ့တောင် မပါသလောက်ပဲ၊ ဒီလို လေ့ကျင့်ရေးမျိုးနဲ့ ဘယ်သူကခွန်အားရှိမှာလဲ"

"ငါတို့အားလုံးက ပုန်ကန်တဲ့သူတွေပဲ၊ ငါတို့က ဘာလို့ ဒီလိုဆင်းရဲဒုက္ခ ရောက်နေရတာလဲ၊ ကုလင်က ဘာလို့ငါတို့ကို မြို့ကိုသတ်ဖြတ်လုယက်ခွင့်မပေးရတာလဲ၊ တစ်ကယ်လို့ ငါတို့သာမြို့ကို သတ်ဖြတ်လုယက်မယ်ဆိုရင် ဒီလူတွေ ဖွက်ထားတဲ့ကောက်ပဲသီးနှံတွေက ငါတို့ဗိုက်ကို သေချာပေါက်ပြည့်အောင်လုပ်နိုင်မှာ"

"အဲဒါက ဓားပြဖြစ်တာနဲ့ဘာကွာတော့မှာလဲ"

"ငါ မလုပ်ဘူး၊ ငါတို့က တာ့ယုံမင်းဆက်ရဲ့ဖိနှိပ်တဲ့အုပ်ချုပ်မှုနဲ့ ဓားပြတွေရဲ့ ရက်စက်မှုတွေကြောင့် ဒုက္ခရောက်ခဲ့ရပြီးပြီ၊ တစ်ကယ်လို့ ငါတို့ကလည်း မြို့တွေကို သတ်ဖြတ်လုယက်မယ်ဆိုရင် ငါတို့က သူတို့နဲ့ဘာကွာခြားတော့မှာလဲ၊ ငါတို့မှာ ပုန်ကန်ဖို့ဘာအခွင့်အရေးရှိတော့မှာလဲ"

"ဟုတ်တယ် ငါလည်းမလုပ်ဘူး၊ ဒါပေမဲ့ ငါ ဗိုက်ဆာလွန်းလို့ သေတော့မယ်၊ ငါ စစ်သားခေါင်းဆောင်ရဲ့သတ်တာကိုပဲ ခံလိုက်ရရင် ကောင်းမယ်၊ အခုလိုဗိုက်ဆာတဲ့ဒုက္ခကို ခံစားနေရမှာမဟုတ်ဘူး"

မြို့ရိုးအခြားတစ်ဖက်တွင် မူလက ကင်းလှည့်နေသော စစ်သားများမှာ ယခုအခါ ခွေကျနေပြီး စိတ်ဓာတ်ကျကာ အားနည်းနေပုံရလေသည်။ အဝေးတွင် မီးဖိုပေါ်၌သိုးတစ်ကောင်လုံးကို ကင်နေသော ဓားပြများအား သူတို့ငေးကြည့်နေကြလေသည်။ ဟင်းချက်မီးခိုးငွေ့များမှထွက်ပေါ်လာသော အသားရနံ့က သူတို့နှာခေါင်းများထဲသို့ ဖြည်းညင်းစွာဝင်ရောက်လာရာ မသိမသာလေးသာရသော်လည်း သူတို့ကို ဂနာမငြိမ်ဖြစ်သွားစေလေသည်။

"ငါ့ကို လေးတစ်လက်ပေး"

စစ်သားတစ်ယောက်က အနီးအနားရှိ လူတစ်ယောက်ထံမှ လေးတစ်လက်ကို ယူကာမြှားတပ်ပြီး လေးကိုဆွဲကာ အဝေးရှိ ဓားပြများကို ချိန်ရွယ်လိုက်လေသည်။ သို့သော် အချိန်အတော်ကြာအောင် အစားအလုံအလောက်မစားရသော သူ့လက်များမှာ အားနည်းနေပြီး လေးကိုဆွဲချိန်တွင် အနည်းငယ် တုန်ယင်နေလေသည်။

'ရွှီး'

မြှားကပျံထွက်သွားပြီး ဓားပြများနှင့် မီတာငါးဆယ်အကွာရှိ ကွင်းပြင်တွင် ကျသွားလေသည်။ အကွာအဝေးမလုံလောက်ပေ။

"မင်းရဲ့အားအင်တွေကို အလကားမဖြုန်းနဲ့ မဟုတ်ရင် ဒီညဗိုက်ဆာလွန်းလို့ အိပ်ရမှာ မဟုတ်ဘူး၊ ဒီနေ့ညစာ ဘာစားရမလဲဆိုတာ ခန့်မှန်းကြည့်ရအောင်၊ ဒီဓားပြတွေက ရူးသွပ်နေသလို စားသောက်နေကြချိန်မှာ ငါတို့ကတော့ စားစရာဘာမှမရဘူး"

"ခန့်မှန်းဖို့ အားကုန်ခံမနေနဲ့၊ ရေကျဲကျဲပဲ ထပ်ဖြစ်မှာပေါ့"

"အား ပျစ်ပျစ်နှစ်နှစ်ဆန်ပြုတ်ဖြူလေးသာရမယ်ဆိုရင် ငါ လုံးဝကျေနပ်ပြီ၊ ဗိုက်ဆာလွန်းလို့ ကတုန်ကရင်နဲ့ သစ်ခေါက်တွေကိုတောင် ကိုက်စားချင်စိတ်ပေါက်လာပြီ"

အနီးအနားရှိ လူတစ်ယောက်က ဝင်ပြောလိုက်သည်။

"ဟေ့ မင်းတို့ ကုလင်ကအရမ်းဆင်းရဲပြီး ငါတို့နဲ့နောက်ခံတူတယ်လို့ပြောခဲ့တာလေ၊ သူက ဓားပြတွေကိုသတ်ပြီး ရလာတဲ့ရွှေနဲ့ ငွေတွေကို ငါတို့ဆီနည်းနည်းလေးတောင် မပေးဘူး၊ သူ ခိုးဝှက်ထားတာ သေချာတယ်၊ အခု ငါတို့မှာ ရွှေနဲ့ ငွေမပြောနဲ့ စားစရာတောင်မရှိဘူး၊ သူ့နောက်ကို ဆက်လိုက်သင့်သေးလား"

"တစ်ကယ်လို့ အခုမင်းကိုရွှေနဲ့ငွေပေးရင် မင်း အဲဒါတွေကိုစားလို့ရလား၊ သုံးလို့ရလား"

"သူနဲ့မဟုတ်ဘဲ မင်းနဲ့ဆိုရင်ရောရမှာမို့လို့လား၊ အနည်းဆုံးတော့ သူကသိုင်းပညာ အရမ်းတော်တယ်၊ အဲဒီဓားပြခေါင်းဆောင်က ရက်စက်တဲ့လူသတ်သမားပဲ၊ ပြီးတော့ သူ့မှာလည်း သိုင်းပညာအတော်လေး ရှိတယ်လို့ကြားတယ်၊ သူက သိုင်းကွက်တွေကိုတောင် မသုံးလိုက်ရဘဲ ကုလင်က သူ့ကို ချက်ချင်း သတ်ပစ်လိုက်တာလေ"

သူတို့ဗိုက်များ ပိုဆာလာသည်နှင့်အမျှ သူတို့စိတ်ဓာတ်များမှာလည်း ထိုးကျသွားလေသည်။ ထိုအချိန်တွင် ရာသီဥတုကောင်းမွန်ရန်နှင့် ကောက်ပဲသီးနှံများ အထွက်တိုးရန် ဆုတောင်းသည့်ပူဇော်ပသခြင်း အခမ်းအနားကိုတက်ရောက်ရမည်ဟု ကုလင်က သူတို့ကိုအသိပေးလာလေသည်။ စစ်သားများမှာ သူဘာကိုဆိုလိုသည်ကို နားမလည်ကြသော်လည်း သူတို့မျက်နှာများတွင် မကျေနပ်မှုများ အပြည့်ဖြစ်နေလေသည်။ သူတို့ အများစုကပြောနေကြလေသည်။

"ဒီလိုထူးဆန်းတဲ့ကိစ္စတွေက ဘာတွေလဲ၊ တကယ့် အစားအသောက်လေးရရင် ပိုကောင်းမယ်"

လူတစ်ယောက် ဝင်ပြောလိုက်၏။

"ဟား မိုးခေါင်တဲ့အချိန် မိုးရွာဖို့ ဆုတောင်းတယ်ဆိုတာလောက်ပဲ ငါတို့ ကြားဖူးတာ၊ အခု လူတိုင်းငတ်နေတာ အစားအစာ ဘယ်လိုရမလဲတွေးမယ့်အစား ပူဇော်ပသနေကြတယ်၊ ကောင်းကင်ကနေ အစားအသောက်တွေကျလာမယ်လို့ သူတို့မျှော်လင့်နေတာလား"

"ဘယ်သူ ငြင်းနိုင်မှာလဲ"

All Chapters