← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

Ch-165

ကုလင်က လတ်ဆတ်သော နှင်းပွင့်ကဲ့သို့ ဖြူဝင်းနေသည့် သူမမျက်နှာနှင့် လိပ်ပြာတောင်ပံများကဲ့သို့ တဖျပ်ဖျပ် လှုပ်ခတ်နေသော သူမမျက်တောင်ရှည်ကြီးများကို မြင်လိုက်ရ၏။ သူမက နူးညံ့ပြီးလှပပုံပေါ်သော်လည်း သူမနှလုံးသားမှာ သူနှင့်ထပ်တူ ကြံ့ခိုင်သည်ကိုသိထားလေသည်။

ထို့ကြောင့် ကုလင်၏နှလုံးသားမှာ နူးညံ့သွားပြီး မထိန်းနိုင်တော့ဘဲ ခေါင်းငုံ့ကာ လင်းယွဲ့နဖူးပြင်ထက် သူ့နှုတ်ခမ်းအစုံသက်ဆင်းလိုက်လေသည်။ ထိတွေ့ပြီးနောက် ချက်ချင်းပြန်ခွာလိုက်၏။ ကုလင်က ပေါ့ပေါ့ပါးပါးနှင့်ဂရုမစိုက်တတ်သူဟုထင်ရသော်လည်း သူက ဤကဲ့သို့သောအရာကို ယခင်ကတစ်ခါမှ မကြုံဖူးခဲ့ပေ။ အနမ်းပေးပြီးနောက် သူ့နားရွက်များ နီရဲသွားလေသည်။

"အချိန်ကျပြီ ကိုယ်သွားတော့မယ်"

သူ နောက်ဆုံးနှုတ်ဆက်စကားပြောလိုက်ရာ သူ့မျက်လုံးများက လင်းယွဲ့ထံမှ မခွာပေ။ လင်းယွဲ့ကိုယ်လေး တွန့်သွားခဲ့သည်။ အနမ်းက အင်မတန်ပေါ့ပါးသော်လည်း သက်ဝင်လှုပ်ရှားနေသော အပူပိုင်းမိုးသစ်တောကြီးတစ်ခုကဲ့သို့ နွေးထွေးစိုစွတ်နေသည်ဟု သူမ ခံစားလိုက်ရ၏။

သူမ မနေ့ညကတည်းက ထုပ်ပိုးထားသော ဝက်ခြေထောက်နှစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူမက ဆိုင်မှဝက်သားနီချက်အနှစ်ကိုယူကာ သူမကိုယ်တိုင် အထူးတလည်ချက်ပြုတ်ထားခြင်းဖြစ်သည်။ လင်းယွဲ့က ဝက်ခြေထောက်ကို ကုလင်ရင်ဘတ်ပေါ်သို့ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

"အားနည်းနေတယ်လို့ခံစားရရင် စားဖို့ သတိရနော်"

ဆီစိမ်စက္ကူထုပ်မှတစ်ဆင့် အသားရနံ့က သင်းပျံ့နေပြီး လင်းယွဲ့ရင်ခွင်ထဲတွင်ထည့်ထားခဲ့သဖြင့် နွေးထွေးနေဆဲ ဖြစ်သည်။ ၎င်းကနွေးထွေးနေသော်လည်း သူ့ရင်ဘတ်ကို ပူလောင်သွားစေသည်ဟု ကုလင်ခံစားလိုက်ရလေသည်။

"အင်း"

ကမ္ဘာပျက်ကပ်တွင် သူ့မိသားစုနှင့် သူငယ်ချင်းများ ပျောက်ကွယ်သွားခဲ့ပြီး သူ့ကိုတစ်ယောက်တည်း ချန်ရစ်ခဲ့လေသည်။ သူက ပေါ့ပေါ့ပါးပါးနေတတ်ပုံရသော်လည်းငြီးငွေ့ပြီး အထီးကျန်နေခဲ့၏။

‘ဒါပေမဲ့ အခုတော့ ငါအိမ်ပြန်လာမှာကို စောင့်နေတဲ့သူတွေ ရှိနေပြီ’

‘အရာအားလုံးက ချောမွေ့သွားပြီ၊ အရမ်းကို ချောမွေ့သွားခဲ့တာ’

ဒုတိယခေါင်းဆောင်က မီးခိုးအချက်ပြမှုများတက်လာသည်ကိုမြင်ပြီး မြို့တံခါးထဲသို့ အတင်းဝင်ရောက်သွားသောအခါ မြို့ရိုးတစ်လျှောက်ရှိ စစ်သားများအားလုံး လဲကျနေသည်ကို တွေ့လိုက်ရလေသည်။ လမ်းမများပေါ်တွင်လည်း လူသူကင်းမဲ့နေလေ၏။ သို့သော် သူက သိပ်အများကြီးမတွေးတော့ဘဲ အတင်းပြေးဝင်သွားလေသည်။ ရုတ်တရက် လေးနှင့်မြှားများကို ကိုင်ဆောင်ထားသော စစ်သားတစ်စုက ပင်မလမ်းမပေါ်ရှိ အရပ်မျက်နှာ အသီးသီးမှ ပေါ်ထွက်လာလေသည်။ မြှားမိုးများ ရွာကျလာလေတော့၏။

၎င်းမှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း သူတို့သဘောပေါက်သွားချိန်တွင် အချိန်နှောင်းသွားပြီ ဖြစ်သည်။ ဤစစ်သားများ ကိုင်ဆောင်ထားသောမြှားများမှာ အကွာအဝေး အဝေးကြီးအထိ ရောက်ရှိနိုင်ပြီး အလွန် ထိုးဖောက်နိုင်စွမ်းရှိလေ၏။ သူ့ရှေ့တွင် သစ်သားပြားတစ်ခုကို ကာထားလျှင်ပင် ၎င်းကဖောက်ထွင်းဝင်ရောက်နိုင်လေသည်။

၎င်းတို့မှာ ခေတ်သစ်လေးနှင့်မြှားများကို အခြေခံ၍ မကြာသေးမီက ကုလင် မွမ်းမံထားသော လေးနှင့်မြှားများဖြစ်ပြီး ၎င်းတို့ကို ပိုမိုအစွမ်းထက်စေခဲ့လေသည်။ ၁၅ မိနစ်မပြည့်ခင်မှာပင် ဓားပြများအားလုံးနီးပါး သေဆုံးသွားကြလေ၏။

"ထွီ"

ဒုတိယခေါင်းဆောင်က တံတွေးထွေးကာ ကျိန်ဆဲလိုက်သည်။

"အပြင်ကို ဖောက်ထွက်ကြ"

သူတို့ မြို့တံခါးသို့ရောက်သောအခါ တံခါးမှာ ပိတ်ထားသည်ကိုတွေ့လိုက်ရလေသည်။ မြေကြီးပေါ်တွင် လဲလျောင်းနေခဲ့သော စစ်သားများက မတ်တတ်ရပ်လာပြီး သူတို့လေးနှင့်မြှားများဖြင့် သူတို့ကိုချိန်ရွယ်လိုက်လေသည်။

"ရွှီး ရွှီး ရွှီး"

လူအများအပြားမှာ တစ်ချက်တည်းဖြင့်ပင် အသတ်ခံလိုက်ရလေသည်။

"သောက်ကျိုးနည်း သစ္စာဖောက်တွေ၊ မင်းတို့ခေါင်းဆောင်ကို ဒီကိုခေါ်ခဲ့စမ်း၊ ဒီလိုယုတ်မာတဲ့ နည်းလမ်းတွေကို သုံးရဲတယ်ပေါ့"

ဒုတိယခေါင်းဆောင်က မျက်လုံးများ သွေးလွှမ်းလျက် အော်ဟစ်လိုက်သည်။

"ငါ့ကိုရင်ဆိုင်ဖို့ အပြင်ထွက်လာရဲလား၊ ငါနဲ့ တစ်ယောက်ချင်းချရဲလား"

'ခွပ် ခွပ် ခွပ်'

ရှင်းလင်းသောမြင်းခွာသံများ ထွက်ပေါ်လာလေသည်။ လရောင်များဖြာကျနေပြီး လေနှင့် နှင်းများတိုက်ခတ်နေကာ ကုလင်ကအေးစက်စက်မျက်လုံးများဖြင့် မြင်းစီး၍ထွက်လာလေ၏။ သူက ဒုတိယခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက်ပြုံးလိုက်သည်။

"ယုတ်မာတဲ့ နည်းလမ်းတွေဟုတ်လား၊ အသုံးချစရာ အတွင်းလူတောင် ငါရှာမတွေ့သေးပါဘူး"

"အရှက်မရှိတဲ့ ကောင်စုတ်လေး၊ မင်း အောက်ဆင်းလာပြီး ငါနဲ့တစ်ယောက်ချင်း ချရဲလား"

ဒုတိယခေါင်းဆောင်က အော်ဟစ်လိုက်သော်လည်း ထွက်ပေါက်ရှာရန် သူ့မျက်လုံးများက ဟိုဟိုဒီဒီအကဲခတ်နေလေသည်။ ထိုအချိန်တွင် ကုလင်က သူ့ဘေးရှိ လူတစ်ယောက်ထံမှ လေးနှင့်မြှားကိုယူကာ လေးကြိုးကို အလွယ်တကူဆွဲလိုက်ရာ မြှားကပျံထွက်သွားလေသည်။

ဒုတိယခေါင်းဆောင်၏ပတ်ဝန်းကျင်ရှိ လူများက ၎င်းကိုကာကွယ်ရန် ဒိုင်းများကို အသုံးပြုခဲ့သော်လည်း မြှားမှာ ၎င်း၏ကြီးမားလှသော အရှိန်ကြောင့် သစ်သားဒိုင်းကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ဒုတိယခေါင်းဆောင်၏သူငယ်အိမ်နှင့် စင်တီမီတာ အနည်းငယ်အကွာသို့ ရောက်ရှိသွားလေသည်။ ဒုတိယခေါင်းဆောင်မှာ ချက်ချင်းပင်ထိတ်လန့်တကြား ထွက်ပြေးလေသည်။ လက်တစ်ဖက်ဖြင့် ဒိုင်းကိုလုယူကာ အခြားလက်တစ်ဖက်ဖြင့် ဓားမကြီးကို ကိုင်ဆောင်ပြီး ကုလင်ထံသို့ပြေးဝင်သွားလေသည်။

'ရွှီး'

ဒုတိယခေါင်းဆောင်က သူ့ခြေသလုံးရိုးတွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး အောက်သို့ငုံ့ကြည့်လိုက်ရာ သူ့ခြေသလုံးကို မြှားတစ်စင်း ဖောက်ထွင်းသွားသည်ကို တွေ့လိုက်ရလေသည်။

'ရွှီး'

ဒုတိယမြှားက သူ့အခြားခြေထောက်တစ်ဖက်ကို ဖောက်ထွင်းသွားလေသည်။ သူ့ ဒူးနှစ်ဖက်စလုံးထောက်ကျသွားပြီး ပြန်မထနိုင်တော့ပေ။

'ခွပ် ခွပ် ခွပ်'

မြင်းခွာသံများက တဖြည်းဖြည်း မြန်ဆန်လာလေသည်။ သူ မော့ကြည့်လိုက်သောအခါ ကုလင်မှာ ထက်မြိသောဓားတစ်လက်ကိုကိုင်ကာ သူ့ခေါင်းအားခုတ်ချလိုက်သည်ကို တွေ့လိုက်ရလေသည်။ သစ်သားဒိုင်း၏တစ်ဝက်ခန့်မှာ လွင့်ထွက်သွားပြီး သူ့ခေါင်းလည်းလွင့်စင်သွားလေတော့သည်။

စစ်သားများမှာ သူတို့မြင်တွေ့လိုက်ရသည့်အရာကြောင့် အလွန်အမင်း အံ့အားသင့်နေကြဆဲဖြစ်သည်။ ကုလင်က တပ်ကြပ်ကြီးကိုသတ်လိုက်ကတည်းက သူအလွန်သန်စွမ်းကြောင်း သိထားခဲ့သော်လည်း ဤတစ်ကြိမ်တွင် သူ မည်မျှအစွမ်းထက်ကြောင်းကို သဘောပေါက်သွားကြလေ၏။ အနည်းဆုံးတော့ လယ်သမားနောက်ခံမှလာကြသော သူတို့အထဲတွင် သူကအသန်မာဆုံး ဖြစ်လေသည်။

ကုလင်က သူတို့ကိုထပ်မံဦးဆောင် ထွက်ခွာသွားပြီး သူတို့ခိုအောင်းရာ စခန်းတွင် ကျန်ရစ်သောဓားပြများကို ရှင်းလင်းကာ အနာဂတ်ပြဿနာများကို အမြစ်ဖြတ်လိုက်လေ၏။ ဤဓားပြဂိုဏ်းမှာ မကြာသေးမီကတည်ထောင်ခဲ့သော အကြီးဆုံးဓားပြစခန်း ဖြစ်သည်။ သူတို့ကိုရှင်းလင်းပြီးသည်နှင့် အနီးအနားတွင် အန္တရာယ်မရှိနိုင်တော့ပေ။

လင်းယွဲ့က မျိုးဖြုတ်သတ်ဖြတ်ခံခဲ့ရသော ချမ်းသာကြွယ်ဝသည့်မိသားစုများထံမှ မြေဂရန်များကိုရယူကာ မြေခွန်မြေစာရင်းနှင့် နှိုင်းယှဉ်ကြည့်ရာ သဲလွန်စများစွာကို ရှာတွေ့ခဲ့လေသည်။ သို့သော် မြို့တံခါးများကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မြို့ထဲသို့ဝင်လာသူမရှိသော်လည်း ထွက်ခွာသွားသူ အတော်များများရှိလေသည်။ ပြီးခဲ့သည့်အကြိမ်က မြို့တောင်ဘက်ရှိ မြင်ကွင်းကို လင်းယွဲ့မြင်တွေ့ခဲ့ရသောအခါ ထိုအလွတ်ဖြစ်နေသောစံအိမ်ကြီးများကိုတွေးမိပြီး ကုလင်နှင့် တိုင်ပင်လိုက်သည်။

"မြို့ရိုးကိုမပြုပြင်ရတာ နှစ်အတော်ကြာနေပြီ၊ ပြီးတော့ မြို့တောင်ဘက်က အိမ်တွေထဲမှာလူတွေသေကုန်နိုင်တယ်၊ ဒါ့အပြင် ကျွန်မတို့ကမြို့ကိုသိမ်းပိုက်လိုက်ရင် ပတ်ဝန်းကျင်ခရိုင်တွေနဲ့ အဲဒီမှာ တပ်စွဲထားတဲ့စစ်တပ်တွေက သေချာပေါက် တုံ့ပြန်လာလိမ့်မယ်၊ သူတို့ကိုကာကွယ်ဖို့အတွက် စစ်ရေး အဆောက်အအုံတချို့ တည်ဆောက်ဖို့လိုတယ်"

"လူတစ်ယောက်ကို ငါးပေးတာထက် ငါးမျှားနည်းသင်ပေးတာက ပိုကောင်းတယ်၊ ဆန်ပြုတ်လာယူတဲ့သူတွေကို ဒီအလုပ်တွေလုပ်ခိုင်းလို့ ရတယ်၊ ဒီလိုဆိုရင် အစားအစာပိုလျှံနေပေမဲ့ အမြတ်အစွန်းသေးသေးလေးတွေကို လောဘတက်နေတဲ့သူတွေက သူတို့ဝေစုကိုလာမယူနိုင်တော့တဲ့အပြင် အလုပ်ကလည်း သေချာပေါက် ပြီးမြောက်သွားလိမ့်မယ်"

"ဒါ့အပြင် စစ်ရေးအောင်မြင်မှုတွေ ရထားတဲ့ စစ်သားတွေပဲဖြစ်ဖြစ်၊ နောက်တန်းမှာ အလုပ်လုပ်နေတဲ့ပြည်သူတွေပဲဖြစ်ဖြစ်၊ ဒီမြေနေရာတွေကို ကျွန်မတို့ ပြန်ခွဲဝေပေးလို့ရတယ်"

"နွေဦးရာသီမှာ အာလူးတွေ ကန်စွန်းဥတွေစိုက်မယ်ဆိုရင် ကျွန်မတို့မှာ အစားအစာ အတော်လေးလုံလောက်သွားမှာပါ"

ကုလင်၊ လင်းယွဲ့နှင့် သူတို့လက်အောက်ငယ်သားများက ပုံသေ စည်းမျဉ်းများသတ်မှတ်ကာ မူကြမ်းရေးဆွဲပြီးနောက် ခရိုင်သားများထံသို့ ထုတ်ပြန်ကြေညာလိုက်လေသည်။ ထွက်ခွာရန် တုံ့ဆိုင်းနေကြပြီးဖြစ်သော ရွာသားများမှာ ပို၍ပင်တုံ့ဆိုင်းသွားကြလေ၏။ စစ်ပွဲကိုကြောက်ရွံ့သဖြင့် အခြားနေရာများသို့ ထွက်ပြေးရန် သူတို့ တွေးတောနေခဲ့ကြခြင်းဖြစ်သည်။

သို့သော် သူတို့တွင် အစားအစာမရှိသဖြင့် တုံ့ဆိုင်းနေခဲ့ကြခြင်းဖြစ်လေသည်။ ယခုအခါ ထိုကဲ့သို့သော စည်းမျဉ်းများကို ထုတ်ပြန်လိုက်သောအခါ သူတို့အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲရှိ တုံ့ဆိုင်းနေမှုများကို တစ်ယောက်က သတိပြုမိသွားကြလေသည်။

"အလုပ်လုပ်သရွေ့ နေ့တိုင်းအသားဆန်ပြုတ်စားရမယ် ဟုတ်လား"

"အလုပ်ကောင်းကောင်းလုပ်ရင် အနာဂတ်မှာ မြေနေရာရမယ်တဲ့လား၊ တစ်ခါမှတောင် မကြားဖူးဘူး"

"သောက်ကျိုးနည်း၊ ဒါက ငါ့ကိုစစ်တပ်ထဲဝင်ချင်စိတ်ပေါက်အောင် လုပ်နေတာပဲ"

"သူတို့က မြို့တောင်ဘက်မှာအိမ်တွေ ဆောက်ချင်တယ်တဲ့လား၊ အဲဒါ ငါတို့ နေတဲ့နေရာပဲလေ၊ ဆိုလိုတာက ငါတို့ကိုယ်ပိုင်အိမ်တွေ ဆောက်နိုင်အောင် သူတို့က ငါတို့ကိုဆန်ပြုတ်တိုက်နေတာပေါ့"

"ကောင်းပြီ ကောင်းပြီ"

စာရင်းသွင်းသည့်စားပွဲမှာ စာရင်းလာသွင်းသူများဖြင့် ချက်ချင်းပြည့်နှက်သွားလေသည်။ ဤနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အပြင်းအထန် လုပ်ဆောင်နေစဉ် ဆွေ့ကျိုးမှ ဝမ်ကျုံးယွမ်နှင့် ဘယ်လိုဆက်သွယ်ပြီး လူတွေကို ဒီကိုဘယ်လိုခေါ်လာရမလဲဆိုသည်ကို ကုလင် တွေးတောနေလေသည်။ ဝမ်စုန်းရှင်းက ရှီထိုင်ခရိုင်သို့ တကယ်လာလိမ့်မည်ဟု လင်းယွဲ့မထင်ထားရာ အံ့အားသင့်သွားလေသည်။

မြင့်မြတ်သော သူ့အဆင့်အတန်းနှင့် လူအများအပြား သူ့ကိုသိနေခြင်းကြောင့် သူမြို့တံခါးမှဝင်လာသည်နှင့် တစ်ပြိုင်နက် နန်းတော်မှစေလွှတ်လိုက်သူဟုအထင်ခံရကာ စစ်သားများ၏ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရလေသည်။ ဝမ်စုန်းရှင်းမှာ မည်သည့် အစေခံမျှခေါ်မလာခဲ့ပေ။ သူက တည်ငြိမ်စွာရပ်နေပြီး ခေါင်းဆောင်ဖြစ်သူကိုပြောလိုက်သည်။

"ငါ လင်းယွဲ့ကိုလာတွေ့တာပါ၊ သူမကို အကြောင်းကြားပေးပါ"

လင်းယွဲ့ ယင်းကိုကြားသောအခါ အလျင်စလို ပြေးလာခဲ့သည်။ ဝမ်စုန်းရှင်းကိုမြင်သောအခါ သူမက အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး မေးလိုက်သည်။

"ရှင် ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ၊ ဘာလို့ခိုလေးကနေ မဆက်သွယ်လိုက်တာလဲ"

ဝမ်စုန်းရှင်းက လင်းယွဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးပြောလိုက်သည်။

"မင်းတို့နှစ်ယောက် တကယ်ကြီး ဒီလိုလုပ်လိမ့်မယ်လို့ ငါ....ငါမထင်ထားခဲ့ဘူး"

"မင်းတို့က ခရိုင်တစ်ခုကိုပဲသိမ်းထားတာ၊ လူလည်း နည်းတယ်၊ ငွေလည်း နည်းတယ်၊ မင်းတို့ တာ့ယုံကိုဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ၊ ဒီကိစ္စက အရမ်း ဆိုးရွားလွန်းတယ်ဆိုတာ မဆိုထားနဲ့ဦး၊ တစ်ကယ်လို့ တာ့ယုံက ဒါကို အကြောင်းပြချက်လုပ်ပြီး သူတို့အာဏာကိုပြသဖို့အတွက် စီရင်စုနှစ်ခုရဲ့အင်အားကို စုစည်းပြီးလာသိမ်းရင်ရော အဲဒါဆိုအရမ်းအန္တရာယ်များလွန်းတယ်"

သူသက်ပြင်းချလိုက်သည်။

"ငါနဲ့ လိုက်ခဲ့ပါ၊ မင်းကို ငါကာကွယ်ပေးမယ်"

လင်းယွဲ့ သူ့ကိုကြည့်လိုက်သည်။

"ဒါ မလွယ်ဘူးဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ ကျွန်မတို့က ဒီအခြေအနေကို တွန်းပို့ခံလိုက်ရတာ၊ ဒါ့အပြင် ကျွန်မကိုကာကွယ်ပေးဖို့ ရှင်က ဘာလုပ်ပေးနိုင်မှာလဲ၊ တပ်မှူးချုပ်က ကျွန်မခင်ပွန်းဆိုတာ လူတိုင်းသိနေတာကို ကျွန်မက ဘယ်လိုလုပ်ထွက်ပြေးရမှာလဲ"

"ငါ့ရာထူးကိုသုံးပြီး အာမခံပေးမယ်၊ တစ်ကယ်လို့ မင်းက သူနဲ့ အဆက်အသွယ်ဖြတ်လိုက်မယ်ဆိုရင် ငါ သေချာပေါက်နည်းလမ်းရှာပေးပါ့မယ်"

လင်းယွဲ့ ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

"ဒါပေမဲ့ ရှင်ကလျန်ကျိုးရဲ့စီရင်စုမှူး ရာထူးကိုတောင် ဆက်မထိန်းထားနိုင်ခဲ့ဘူးလေ"

ဝမ်စုန်းရှင်းဆွံအသွားပြီး ဘယ်လိုပြန်ချေပရမည်ကို မသိတော့ပေ။

All Chapters