← Chapters

အခန်း (၇၅၁-၇၅၂)

Vol. 63 Ch. 751-752

အခန်း (၇၅၁-၇၅၂)

Vol. 63 Ch. 751-752

အခန်း(၇၅၁)

စမ်းသပ်မှုတွေ စတင်ပြီးနောက်မှာ တစ်မိနစ်တောင် မပြည့်သေးဘူး။ ပြိုင်ပွဲဝင် အများအပြားက သူတို့ ခုတ်လှဲနိုင်တဲ့ ကောက်ရိုးရုပ်အရေအတွက်ကို တိုးလာစေဖို့ အကြိတ်အနယ် တိုက်ခိုက်နေကြတယ်။

အချို့ကတော့ ပစ်မှတ်တွေဟာ အရမ်းမြန်လွန်းပြီး ခန့်မှန်းရခက်လွန်းနေတာကြောင့် ကောက်ရိုးရုပ် အနည်းငယ်ကိုသာ ခုတ်လှဲနိုင်ခဲ့ကြတယ်။

ဝံပုလွေလူသားတွေက ကောက်ရိုးရုပ်တွေကို လူတစ်ယောက်လို မလှုပ်ရှားနိုင်အောင် ဖန်တီးထားခဲ့တာပဲ။ ဒါက ဓားသမားတစ်ယောက်ရဲ့ ချက်ချင်း ဆုံးဖြတ်တွေးခေါ်နိုင်စွမ်းကို စိန်ခေါ်လိုက်တာဖြစ်ပြီး ပုံသေ တိုက်ခိုက်ရေးဟန်တွေအပေါ် မှီခိုနေလို့ မရနိုင်ဘူး။

နောက်ဆုံးမှာတော့ စမ်းသပ်မှုက ပြီးဆုံးသွားခဲ့ပြီး ပြိုင်ပွဲဝင်တွေကို အုပ်စုဆီ ပြန်လည် ခေါ်ဆောင်သွားခဲ့တယ်။

လူပန် က သူတို့အားလုံးကို ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ "မင်းတို့ထဲက အများစုက ထူးချွန်တဲ့ စွမ်းရည်တွေကို ပြသနိုင်ခဲ့တယ်" လို့ သူက ပြောလိုက်တယ်။

ဝံပုလွေလူသား အများအပြားက လူပန် ရဲ့ နောက်မှာ ရပ်နေကြပြီး သူတို့အားလုံးက စမ်းသပ်မှုအတွင်းမှာ ဓားသမားတစ်ယောက်ကို စောင့်ကြည့် အကဲခတ်နေခဲ့ကြတာပဲ။

သူတို့ထဲက တစ်ယောက်ကတော့ ဂျာကူ ကို စောင့်ကြည့်ဖို့ တာဝန်ကျတဲ့ ဝံပုလွေလူသား အမျိုးသမီးပဲ ဖြစ်တယ်။

အခုချိန်ထိတောင် သူမက လူအုပ်ကြီးကို ကျော်လွန်ပြီး သူ့ကို ခိုးမကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ သူက အရင်ကလိုပဲ အေးတိအေးစက် နေနေဆဲဖြစ်ပြီး သူတို့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ ကြေညာချက်တွေကိုတောင် အာရုံမစိုက်နေဘူး။ သူက မြက်ခင်းပေါ်မှာ လှဲလျောင်းနေပြီး တစ်ဝက်လောက် အိပ်ပျော်နေပြီ။

"ဒီလူသားတွေက အားနည်းချင် အားနည်းနေမယ်၊ ဒါပေမဲ့ သူတို့က လက်နက်သုံးတဲ့နေရာမှာတော့ တော်တော်လေး တော်ကြတယ်" လို့ သူမဘေးမှာရှိတဲ့ ဝံပုလွေလူသား တစ်ယောက်က ပြောလိုက်တယ်။

"အလားအလာကောင်းတဲ့ ပါရမီရှင်တွေ အများကြီး ရှိတယ်" လို့ နောက်တစ်ယောက်က ပြောလိုက်တယ်။ "ဒါပေမဲ့ ငါ့ရဲ့ ဓားသမားက အနိုင်ရမယ်လို့ ငါ ထင်တယ်၊ သူက စမ်းသပ်မှု ကာလတစ်လျှောက်လုံးမှာ ကောက်ရိုးရုပ် ၅၀ ကို ခုတ်လှဲနိုင်ခဲ့တယ်"

ဒါကို ကြားတော့ ဝံပုလွေလူသား အများစုက ဝမ်းသာအားရနဲ့ အံ့ဩသွားကြတယ်။ အဲဒီလူက ဘယ်သူလဲဆိုတာကို သူတို့ သိချင်စိတ် ပြင်းပြသွားခဲ့တယ်။

"ဟိုဘက်က ဆံပင်အစိမ်းရောင်နဲ့ သူ့အရွယ်အစားလောက်ရှိတဲ့ ဓားကြီးကို ကိုင်ထားတဲ့ လူသားကို မင်းတို့ မြင်လား"

သူတို့အားလုံးက လူအုပ်ထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေတဲ့ လူငယ်လေးဆီကို လှည့်ကြည့်လိုက်ကြတယ်။ သူက တော်တော်လေး ငယ်ရွယ်ပေမဲ့ ဝံပုလွေလူသားတွေ သဘောကျလောက်တဲ့ ကျစ်လျစ်ခိုင်မာတဲ့ ကြွက်သားတွေနဲ့ ပြည့်နှက်နေတယ်။

သူက သူ့ရဲ့ ဧရာမ ဓားကြီးကို မှီပြီး ဝင့်ဝင့်ကြွားကြွား ရပ်နေကာ ဘေးနားက လူတွေကို ကြွားလုံးထုတ်နေတယ်။

အဲဒီအချိန်မှာပဲ လူပန် ဆီကို ဝံပုလွေလူသား တစ်ယောက်က စာလိပ်တစ်ခု ကမ်းပေးလိုက်ပြီး သူ့ရဲ့ အာရုံကလည်း ဆံပင်အစိမ်းရောင် ထောင်ထောင်မောင်းမောင်းနဲ့ ထိုလူသားဆီကိုပဲ ရောက်သွားခဲ့တယ်။

"ဒီစမ်းသပ်မှုက ပြိုင်ပွဲရဲ့ အနိုင်ရရှိသူကို မဆုံးဖြတ်ပေးနိုင်ပေမဲ့ ဒီထဲမှာ ဘယ်သူက အလားအလာ အကောင်းဆုံးလဲဆိုတာကိုတော့ ပြသနိုင်ခဲ့တယ်၊ သူက ပစ်မှတ် ငါးဆယ်ကို သန့်သန့်ရှင်းရှင်း ထက်ပိုင်းဖြတ်ပြီး အနိုင်ယူနိုင်ခဲ့တယ်၊ မော်ရီစီယို အော်ဘတ် ပဲ"

လူအုပ်ကြီးက မော်ရီစီယို ရဲ့ အံ့မခန်း စွမ်းဆောင်ရည်အတွက် ဂုဏ်ပြုရင်း လက်ခုပ်တီးပေးလိုက်ကြတယ်။ သူတို့အားလုံးက ဒီပြိုင်ပွဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြပေမဲ့ နောက်ဆုံးမှာ ဘရောင်းဘလဒ် မျိုးနွယ်စု ဝံပုလွေလူသား မျိုးနွယ်စုနဲ့ မဟာမိတ် ဖြစ်လာနိုင်ခြေရှိသူ တစ်ယောက်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားတာကလည်း မနစ်နာဘူးလေ။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူက ဒီပြိုင်ပွဲမှာ နိုင်လိမ့်မယ်" လို့ ဘရော့ခ် က ပြောလိုက်တယ်။ "ဘာပဲဖြစ်ဖြစ် သူက အော်ဘတ်ကုမ္ပဏီ ရဲ့ ဂုဏ်ယူရတဲ့ ပါရမီရှင်လေ"

ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ သူ့အတွက် အခွင့်အရေး မရှိတော့ဘူးဆိုတာကို ဘရော့ခ် အဲဒီအချိန်မှာပဲ သိလိုက်တယ်။ ဝံပုလွေလူသားတွေက သူ့ရဲ့ စွမ်းရည်တွေကို အသိအမှတ်ပြုပေးပြီး မဟာမိတ်ဖွဲ့ဖို့ ထိုက်တန်သူအဖြစ် သတ်မှတ်ပေးလာဖို့ကိုပဲ သူ မျှော်လင့်နိုင်တော့တယ်။

သူက စမ်းသပ်မှုရဲ့ ရလဒ်ကို သိပ်ပြီး စိတ်ဝင်စားပုံမရတဲ့ ဂျာကူ ဘက်ကို အမြန်လှည့်လိုက်တယ်။

"မင်း ဘယ်လို လုပ်ခဲ့လဲ"

ဂျာကူ က ပခုံးတွန့်လိုက်တယ်။ "ငါ အဆင်ပြေပါတယ်" လို့ သူက မျက်လုံးတောင် မဖွင့်ဘဲ ပြန်ဖြေလိုက်တယ်။

"မင်းက ဘာလို့ ပြိုင်ပွဲအတွက် မစိုးရိမ်ရတာလဲ၊ မော်ရီစီယို ဘယ်လောက် သန်မာလဲဆိုတာ မင်း မမြင်ဘူးလား၊ သူက ကောက်ရိုးရုပ် ၅၀ ကိုတောင် ခုတ်လှဲခဲ့တာ"

"ဟင်... သူက ဘယ်သူလဲဆိုတာ ငါ မသိဘူး"

ဂျာကူ က မော်ရီစီယို ဒါမှမဟုတ် အော်ဘတ်ကုမ္ပဏီ အကြောင်း မကြားဖူးဘူးဆိုတာကို ဘရော့ခ် မယုံနိုင်အောင် ဖြစ်သွားတယ်။

သူ ရှင်းပြဖို့ ပြင်လိုက်ချိန်မှာပဲ ဂျာကူ က သူ့လက်ကို မြှောက်တားလိုက်တယ်။

"ငါ သိဖို့ မလိုဘူး" လို့ ဂျာကူ က ပြောလိုက်တယ်။ "သူက ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး"

ပြီးတော့ ဂျာကူ က ဘာကိုမှ ဂရုမစိုက်တော့ဘဲ မြက်ခင်းပေါ်မှာ ပြန်အိပ်နေလိုက်တယ်။

ဘရော့ခ် တစ်ယောက် စကားတောင် မပြောနိုင်တော့ဘူး။ ပြိုင်ပွဲဝင်တွေကိုတောင် ဂရုမစိုက်ရလောက်အောင် ဂျာကူ က ဘယ်လိုလုပ်ပြီး ဒီလောက် ယုံကြည်မှု လွန်ကဲနေရတာလဲဆိုတာ သူ နားမလည်နိုင်အောင် ဖြစ်သွားတယ်။

သူက ရှုံးမှာကို ဂရုမစိုက်တာလား၊ ဒါမှမဟုတ် သူ မရှုံးဘူးဆိုတာကို သိနေလို့လား။

* * * * * * * *

တစ်ဖက်မှာတော့ ဝံပုလွေလူသားတွေနဲ့ လူသားတွေက စမ်းသပ်မှုမှာ မော်ရီစီယို ရဲ့ အောင်မြင်မှုတွေကို ချီးကျူးနေကြချိန်မှာ ဝံပုလွေလူသား အမျိုးသမီးကတော့ တိတ်ဆိတ်နေခဲ့တယ်။

သူမရဲ့ ပုံမှန်မဟုတ်တဲ့ တိတ်ဆိတ်နေမှုကို သူငယ်ချင်းဖြစ်သူက သတိထားမိသွားတယ်။

"ဘာဖြစ်လို့လဲ၊ မျိုးနွယ်စုခေါင်းဆောင်က ဒီ မော်ရီစီယို ကို သေချာ စောင့်ကြည့်ဖို့ ငါတို့ကို ညွှန်ကြားထားတယ်လေ၊ သူက ငါတို့ ရှာနေတဲ့သူ ဖြစ်နိုင်တယ်" လို့ သူက ပြောလိုက်တယ်။

ဒါပေမဲ့ ဝံပုလွေလူသား အမျိုးသမီးက ခေါင်းယမ်းလိုက်တယ်။ "ငါ အဲလို မထင်ဘူး"

"ဘာဖြစ်လို့လဲ"

"ဘာလို့လဲဆိုတော့ နိုင်မယ့်သူက သူ ဖြစ်လိမ့်မယ်လို့ ငါ ထင်လို့ပဲ" လို့ ဝံပုလွေလူသား အမျိုးသမီးက ဂျာကူ ကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။

သူမရဲ့ သူငယ်ချင်းကတော့ သိသိသာသာကို နားမလည်နိုင် ဖြစ်သွားတယ်။ "သူလား... သူက မှော်သားရဲ တစ်ပိုင်းသတ္တဝါ လည်း မဟုတ်ဘူး၊ မက်ဂ်နက်တစ် လည်း မဟုတ်ဘူးလေ"

"အင်း" သူမက ခေါင်းညိတ်လိုက်တယ်။ "ဒါပေမဲ့ ဓားအသုံးချတဲ့နေရာမှာ သူ့ရဲ့ စွမ်းရည်ကတော့ ငြင်းလို့မရဘူး"

"သူ စမ်းသပ်မှုမှာ ဘယ်လို စွမ်းဆောင်နိုင်ခဲ့လဲ၊ သူကကော ပစ်မှတ် ၅၀ လောက်ကို ခုတ်လှဲနိုင်ခဲ့လို့လား"

ဝံပုလွေလူသား အမျိုးသမီးက ခေါင်းယမ်းလိုက်တယ်။ "မဟုတ်ဘူး... သူက ပစ်မှတ် လေးဆယ်ပဲ ရခဲ့တာ"

"ဒါဆို မင်းက ဘာလို့…"

"ဝံပုလွေလူသား ပစ်မှတ် လေးဆယ်ပါ" လို့ သူမက ဖြည့်စွက်ပြောလိုက်တယ်။

သူမ အဲဒီလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် သူငယ်ချင်းဖြစ်သူက အသံထွက်အောင် အံ့ဩတကြီး ရေရွတ်လိုက်မိတယ်။ "ဟာ... မင်း အဲလို မလုပ်ခဲ့ဘူးမလား"

"အသံတိုးတိုး လုပ်ပါ" လို့ သူမက သတိပေးလိုက်တယ်။ "အင်း... ငါ လုပ်ခဲ့တယ်၊ ငါက သူ့ကို ကြည့်မရဖြစ်လာတာနဲ့ ကောက်ရိုးရုပ်တွေရဲ့ ပုံစံပြောင်းလဲမှုကို အသက်သွင်းလိုက်တာပဲ"

အဲဒီပစ်မှတ်တွေက ရိုးရှင်းတဲ့ ဖန်တီးမှုတွေ မဟုတ်ဘူး။ အဲဒါတွေက ဝံပုလွေလူသား တစ်ယောက်ရဲ့ အသွင်အပြင် နှစ်ခုလုံးကို အတုယူထားတာဖြစ်တယ်။

လူသားအသွင်ကတော့ ပြိုင်ပွဲဝင်အားလုံး တိုက်ခိုက်နေကြတဲ့အရာဖြစ်ပြီး နောက်တစ်ခုက ဝံပုလွေလူသား အသွင်ပဲ ဖြစ်တယ်။

ကောက်ရိုးရုပ်တွေက တကယ့် ဝံပုလွေလူသားအစစ်ကို အတုယူထားတာဖြစ်လို့ လူသားအသွင်က ဝံပုလွေလူသား ပစ်မှတ်နဲ့ နှိုင်းယှဉ်ရင် နှိုင်းယှဉ်လို့ မရနိုင်လောက်အောင် အားနည်းပြီး နှေးကွေးလွန်းတယ်။

အဲဒီနှစ်ခုကြားက ကွာခြားချက်က ကြီးမားလွန်းတယ်။ အရမ်းကြီးမားလွန်းလို့ ဝံပုလွေလူသားအသွင်က ပြိုင်ပွဲဝင်တွေအတွက် အနိုင်ယူဖို့ ခက်ခဲလွန်းတာကြောင့် မျိုးနွယ်စုခေါင်းဆောင်က ကောက်ရိုးရုပ်တွေရဲ့ လူသားအသွင်ကိုသာ အသုံးပြုဖို့ သူတို့ကို ညွှန်ကြားထားခဲ့တာလေ။

ပြိုင်ပွဲမှာ ပျမ်းမျှ ကောက်ရိုးရုပ် ခုတ်လှဲနိုင်တဲ့ အရေအတွက်က ပစ်မှတ် ၂၅ ခုလောက် ရှိတယ်ဆိုရင် ဝံပုလွေလူသား ကောက်ရိုးရုပ်နဲ့ ယှဉ်ပြိုင်ရတဲ့အခါမှာတော့ အံ့ဩစရာကောင်းလောက်အောင် ၂ ခု သို့မဟုတ် ၃ ခုလောက်အထိ ကျဆင်းသွားလိမ့်မယ်။

ဆိုလိုတာက ဂျာကူ ရရှိခဲ့တဲ့ ပစ်မှတ် '၄၀' ဆိုတာက မော်ရီစီယို ခုတ်လှဲခဲ့တဲ့ ပစ်မှတ် ၅၀ နဲ့ မတူညီဘူးဆိုတာပဲ။ ဒါက အဆများစွာ ပိုပြီး ကြီးမားနေခဲ့တယ်။

"သူက အဲဒါ ၄၀ ကိုတောင် အနိုင်ယူခဲ့တာလား"

ဝံပုလွေလူသား အမျိုးသမီးက ခေါင်းညိတ်လိုက်တယ်။ "ငါ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ပဲ၊ သူ့ရဲ့ ဓားစွမ်းရည်က တကယ့်အစစ်အမှန်ပဲ"

* * * * * * * *

တစ်ဖက်မှာတော့ မိုက်ကယ် တို့ဆီ အာရုံပြန်လှည့်ရရင် တစ်ဖက်လပ် နဲ့ ပါမောက္ခ တို့က သူတို့ရဲ့ ဆွေးနွေးမှုကို ဆက်လုပ်နေကြဆဲပဲ။

"ပါမောက္ခ... မက်ထရိုပိုလစ် ထဲက ပါရမီရှင်ဆိုတာ ကောလာဟလ သက်သက်ပါလို့ ခင်ဗျား ပြောရင်တောင် ကျွန်တော်ကတော့ အဲဒီစွန့်စားမှုကို မလုပ်ချင်ဘူး၊ မက်ထရိုပိုလစ် က လူတွေကို ကျွန်တော် ရန်မစဘူး၊ နောက်တစ်နှစ်အကြာမှာ လုပ်မယ့် ပြိုင်ပွဲစုံ ပြိုင်ပွဲမှာ ပထမနေရာကို သူတို့ကိုပဲ ယူခိုင်းလိုက်မယ်"

"ဒါပေမဲ့ ဒါက ဒုတိယနေရာအတွက်တော့ အခွင့်အရေး ရှိနေသေးတယ်လို့ ဆိုလိုတာပဲ၊ ပြီးတော့ ဒါက ဇန်သေဗန်မြို့ နဲ့ ဘိုနာကိုးမြို့ က ကျွန်တော်တို့ကြားမှာ အပြိုင်အဆိုင် ဖြစ်လိမ့်မယ်"

"ဇန်သေဗန်မြို့ လား" လို့ ပါမောက္ခ လစ်ချ်တန်စတိုင်း က စဉ်းစားခန်း ဝင်လိုက်တယ်။ "သူတို့က မြို့တော်ဟောင်း တစ်ခုဖြစ်ခဲ့ပြီးတော့ အခု ငါတို့ဆီမှာရှိနေတဲ့ ကုမ္ပဏီကြီး ငါးခုနဲ့ ရင်ပေါင်တန်းနိုင်တဲ့ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခု အခြေစိုက်ခဲ့တဲ့ နေရာလေ"

တစ်ဖက်လပ် က ခေါင်းညိတ်လိုက်တယ်။ "ဟုတ်ပါတယ်... အော်ဘတ်ကုမ္ပဏီ လေ၊ သူတို့က စီးပွားရေးလုပ်ငန်းစုကြီးတစ်ခု ဖြစ်ခဲ့ပေမဲ့ မကြာသေးခင်ကမှ ကျဆင်းသွားခဲ့တာ၊ ဒါပေမဲ့ သူတို့က အခု တစ်ကျော့ပြန် အားကောင်းလာတော့မယ်လို့ ကျွန်တော် ထင်တယ်"

"သူတို့ဆီမှာ မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်တွေကြားမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိတယ်၊ သူတို့က ဒုတိယနေရာကို သေချာပေါက် ရဖို့အတွက် ကျွန်တော်တို့ကို အရင် တိုက်ခိုက်ပြီး အားနည်းသွားအောင် အသေအချာကို ကြိုးစားကြလိမ့်မယ်၊ အဲဒါက ကျွန်တော်သာဆိုရင်လည်း သူတို့ကို အဲဒီလို လုပ်မိမှာပဲလေ"

"ဒါကြောင့် ကျွန်တော် ဒီ မီသရယ် အမွေအနှစ်ကို လိုအပ်တာပါ ပါမောက္ခ၊ ပိုကောင်းတဲ့ ပလွေအသစ်တစ်ခုနဲ့ဆိုရင် ကျွန်တော်က အော်ဘတ် တွေကို အနိုင်ယူနိုင်မှာဖြစ်ပြီး ဘိုနာကိုးမြို့ ရဲ့ အနာဂတ်ကို ခရီးသွားဧည့်သည် တွေနဲ့အတူ သေချာအောင် လုပ်နိုင်လိမ့်မယ်"

ပါမောက္ခ လစ်ချ်တန်စတိုင်း က သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အပြည့်အဝ နားလည်သွားခဲ့တယ်။ "အင်း... ဟုတ်တယ်၊ ဘရောင်းဘလဒ် မျိုးနွယ်စု တွေ လုပ်တဲ့ ပြိုင်ပွဲမှာ ဆံပင်အစိမ်းရောင်နဲ့ လူငယ်တစ်ယောက်ကို ငါ မြင်ခဲ့သလိုပဲ"

"အဲဒါ မော်ရီစီယို ပဲ ဖြစ်ရမယ်" လို့ တစ်ဖက်လပ် က တီးတိုးရေရွတ်လိုက်တယ်။ "ကြည့်ရတာ သူတို့က သူတို့ရဲ့ ပါရမီရှင်ကို သုံးပြီး ဝံပုလွေလူသားတွေနဲ့ ဆက်ဆံရေး ခိုင်မာအောင် ကြိုးစားနေပုံရတယ်"

* * * * * * * *

စာစဉ်(၆၃)

အခန်း(၇၅၂)

တစ်ဖက်လပ် နဲ့ ပါမောက္ခ လစ်ချ်တန်စတိုင်းတို့က မော်ရီစီယို ကို တော်တော်လေး သဘောကျနေကြတယ်။ သူက ထူးချွန်တဲ့ လူငယ်တစ်ယောက်ဖြစ်တာ သိသာနေပြီး ဝံပုလွေလူသားတွေနဲ့ ထိုက်တန်သူတစ်ယောက်ဖြစ်လာနိုင်တယ်လေ။

ဒါပေမဲ့ မိုက်ကယ်က ဓားသမားပြိုင်ပွဲဝင်တွေကို အကုန်လုံး အကဲခတ်ကြည့်ပြီးသွားပြီပဲ။ ဘယ်သူကမှ သူ့မျက်စိထဲ ထူးထူးခြားခြား မရှိခဲ့ဘူး။ ဂျာကူသာ သူ့ရဲ့ပျင်းရိမှုတွေကို ခဝါချနိုင်မယ်ဆိုရင် တခြားဓားသမားတွေအားလုံးကို အနိုင်ယူနိုင်မယ်ဆိုတာ သူ သေချာပေါက် ယုံကြည်ထားတယ်။

'ဒီကောင် ပျင်းချင်ပျင်းမယ်၊ ဒါပေမဲ့ လိုအပ်တဲ့အချိန်ရောက်ရင်တော့ သူ ပေါ်လာမှာပါ' လို့ မိုက်ကယ်က တွေးလိုက်တယ်။

ဒါအတွက် သူ စိတ်ပူနေစရာ မလိုပါဘူး။

"ပါမောက္ခ လိုချင်နေတဲ့အရာအကြောင်း ပြောကြတာပေါ့" လို့ တစ်ဖက်လပ် က ပြောလိုက်တယ်။

"အာ... ဟုတ်တယ်၊ ဟုတ်တယ်" လို့ ပါမောက္ခက ပြုံးရွှင်စွာ ပြောလိုက်တယ်။

"ငါတို့ သဘောတူထားတဲ့အတိုင်း ပါမောက္ခရဲ့ ပြဿနာတွေကို ငါ ကူညီပေးပါ့မယ်"

မြေပုံဆီကနေ သူမျှော်လင့်ထားတဲ့ အဖြေကို မရခဲ့ပေမဲ့ တစ်ဖက်လပ် က ပါမောက္ခနဲ့ သဘောတူညီထားတဲ့ ကိစ္စကို ဆက်လုပ်ပေးဖို့ ဂုဏ်သိက္ခာရှိရှိ ဆုံးဖြတ်ထားဆဲပဲ။

"ဒီ ရှေးဟောင်းအမွေအနှစ် က အစစ်ပဲလား" လို့ ပါမောက္ခက လေးနက်စွာ မေးလိုက်တယ်။

ကံကောင်းစွာနဲ့ပဲ တစ်ဖက်လပ် က ခေါင်းညိတ်ပြီး အတည်ပြုပေးခဲ့တယ်။ "ငါ့မျက်စိနဲ့တပ်အပ် မြင်ခဲ့တာပါ ပါမောက္ခ၊ အဲဒါ အစစ်ပဲ"

"ဘုရားရေ..." လို့ ပါမောက္ခ လစ်ချ်တန်စတိုင်းက စိတ်လှုပ်ရှားမှုကြောင့် လက်တွေတုန်ရီနေလျက် တီးတိုးရေရွတ်လိုက်တယ်။ "မင်း အဲဒါကို မြင်ခဲ့တာပေါ့၊ ငါ ပြောပြထားတဲ့အတိုင်းပဲလား"

ပါမောက္ခရဲ့ အမူအရာကို မြင်တော့ ဒီ ရှေးဟောင်းအမွေအနှစ် ဆိုတာက ဘာကို ကိုယ်စားပြုလဲဆိုတာကို မိုက်ကယ် တော်တော်လေး သိချင်သွားခဲ့တယ်။ အဲဒါက ရှေးဟောင်းလက်နက်တစ်ခုလား၊ စာအုပ်တစ်အုပ်များလား။

"ဟုတ်ပါတယ် ပါမောက္ခ၊ ဒါက ရှေးကျပေမဲ့ စွမ်းအားတွေ အပြည့်အဝပါပဲ။ အဝေးကနေတောင် သမိုင်းမှာ ကြီးမားလှတဲ့ သူ့ရဲ့တည်ရှိမှုကို ငါ ခံစားနိုင်တယ်"

ပါမောက္ခက သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ တစ်ဖက်လပ် ဆီ အပြေးသွားကာ မျက်နှာချင်းဆိုင် ရပ်လိုက်တာမို့ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေက လက်မအနည်းငယ်လောက်ပဲ ကွာဝေးတော့တယ်။

ပါမောက္ခ လစ်ချ်တန်စတိုင်းက တစ်ဖက်လပ် ရဲ့ ခေါင်းထဲကနေ ရှေးဟောင်းအမွေအနှစ် နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ခိုးယူချင်နေတဲ့ပုံစံပဲ။ အဲဒီ သမိုင်းဝင်ပစ္စည်းအပေါ် သူ အဲဒီလောက်အထိ စွဲလမ်းနေခဲ့တာလေ။

"အဲဒါ ဘယ်မှာရှိလဲဆိုတာ ငါ့ကို ပြောပြစမ်း၊ အခုချက်ချင်းနော်" လို့ ပါမောက္ခက တောင်းဆိုလိုက်တယ်။

"စိတ်အေးအေးထားပါ ပါမောက္ခ" လို့ တစ်ဖက်လပ် က သူ့ကို တွန်းဖယ်ရင်း ပြောလိုက်တယ်။ "ပါမောက္ခ ပြောသလိုပဲ ဒီ ရှေးဟောင်းအမွေအနှစ် က လျှို့ဝှက်တဲ့ နည်းလမ်းတွေနဲ့ မှောင်ခိုကူးခံထားရတာ၊ ဒီ ရှေးဟောင်းအမွေအနှစ် ကို သူတို့ကိုယ်ပိုင် ဖြစ်ချင်နေတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်

ဒီပစ္စည်းအကြောင်း သိထားတာလေးကတင် အလွန်တရာ အစွမ်းထက်သူတွေ ဒါမှမဟုတ် ဩဇာလွှမ်းမိုးနိုင်သူတွေအတွက်ပဲ သီးသန့်ဖြစ်နေတာ။ ကံကောင်းစွာနဲ့ ငါက ငါ့ရဲ့ လျှို့ဝှက်လမ်းကြောင်းတွေကတစ်ဆင့် အဲဒါကို ကြုံကြိုက်သွားခဲ့လို့ပေါ့။

ပါမောက္ခ၊ ရှေးဟောင်းအမွေအနှစ် က နယူးစပါတာမှာ ရှိတယ်၊ လောလောဆယ် ရေလူသား ရပ်ကွက်ထဲက ရေသူမမင်းသမီးတစ်ပါးဆီမှာ ရှိနေတာ"

တစ်ဖက်လပ် ရဲ့ စကားတွေက ပါမောက္ခကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့တယ်။ သူ့ရဲ့ စိတ်လှုပ်ရှားမှုက ပိုပြီးတော့တောင် နက်ရှိုင်းသွားသေးတယ်။

သူ အလိုချင်ဆုံးနဲ့ အိပ်မက်မက်ရဆုံးအရာက တကယ်ပဲ ဒီနယူးစပါတာမှာ ရှိနေခဲ့တာလေ။

သူ မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။ ဒီပစ္စည်းကို ရှာဖွေဖို့ သူ နှစ်ပေါင်းများစွာ အချိန်ကုန်ခံခဲ့ရတာပဲ။ အချိန်တိုင်း နီးစပ်သွားခဲ့ပေမဲ့ အမြဲတမ်း သတင်းအမှားတွေသာ ဖြစ်နေခဲ့ပြီး ဘာရလဒ်မှ မထွက်လာတဲ့ အချည်းနှီး ရှာဖွေမှုတွေချည်းသာ ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ အခုတော့ တကယ်ကြီး ဒီမှာ ရှိနေပြီလေ။

"ကျေးဇူးတင်ပါတယ် တစ်ဖက်လပ် ရာ၊ ဒီအချက်အလက်အတွက် ငါ တကယ်ကို ကျေးဇူးတင်တယ်"

တစ်ဖက်လပ် က ခေါင်းညိတ်လိုက်တယ်။ "ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး ပါမောက္ခ၊ ဒါက ငါတို့ကြားက မျှတတဲ့ အလဲအလှယ်တစ်ခုပါပဲ"

ဒါပေမဲ့ ပါမောက္ခက ဒါကို လက်မခံဘူး။ ဒီနေရာမှာ တစ်ဖက်လပ် ရဲ့ အကူအညီက ဘယ်လောက် အရေးပါလဲဆိုတာကို သူ ကောင်းကောင်းသိထားတယ်လေ။

"မင်းက ဒီသတင်းကို ငါ့ကိုပေးလို့ မင်းရဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုလုံးကို စွန့်စားနေတာပဲ" လို့ ပါမောက္ခ လစ်ချ်တန်စတိုင်းက ပြောလိုက်တယ်။ "တကယ်လို့ တခြားလူတွေသာ ဒါကို သိသွားရင် သူတို့က မင်းနဲ့ အဆက်အသွယ် အကုန်ဖြတ်ပစ်ကြမှာမို့ မင်းရဲ့ ကွန်ရက်တွေအားလုံး ဆုံးရှုံးသွားလိမ့်မယ်"

တစ်ဖက်လပ် က အခြေခံအားဖြင့် ရှေးဟောင်းအမွေအနှစ် တွေ အလဲအလှယ်လုပ်တဲ့နေရာမှာ ကြားပွဲစားတစ်ယောက်သာ ဖြစ်တယ်။ သူက ဘာမေးခွန်းမှ မမေးဘဲ မျက်စိမှိတ်ပြီး ရှေးဟောင်းအမွေအနှစ် တွေကို သတ်မှတ်ထားတဲ့ နေရာဆီ ပို့ဆောင်ပေးဖို့ပဲ တာဝန်ရှိတာလေ။

ဒါပေမဲ့ ပါမောက္ခရဲ့ တောင်းဆိုမှုကြောင့် တစ်ဖက်လပ် က သူ့ရဲ့ လျှို့ဝှက်မှုစည်းမျဉ်းကို ချိုးဖောက်ပြီး ဒီပစ္စည်းကို ခြေရာခံခဲ့တယ်။

လူတွေသာ ဒါကို သိသွားရင် တစ်ဖက်လပ် ရဲ့ စီးပွားရေး ဘာဖြစ်သွားမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်တယ်။

"ဒီ ရှေးဟောင်းအမွေအနှစ် ကို သိမ်းဆည်းမထားသင့်ဘူး" လို့ တစ်ဖက်လပ် က ပြောလိုက်တယ်။ "အဲဒါကို လေ့လာပြီး တစ်ကမ္ဘာလုံးကို မျှဝေပေးသင့်တာ၊ ငါတို့ရဲ့ သမိုင်းကို သိဖို့က လူသားတွေဖြစ်တဲ့ ငါတို့ရဲ့ တာဝန်ပဲ

ပါမောက္ခ၊ လူသားတွေရဲ့ သမိုင်းမှာ ပဟေဠိဖြစ်နေတဲ့ အရာတွေကို နောက်ဆုံးမှာ ခင်ဗျား ဖော်ထုတ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

ပါမောက္ခ လစ်ချ်တန်စတိုင်းက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

အဲဒီနောက် ပါမောက္ခက ထပ်မစောင့်တော့ဘဲ တဲအိမ်လေးထဲကနေ ထွက်ခွာသွားတော့တယ်။

မိုက်ကယ်လည်း မေးခွန်းတွေ အပြည့်ဖြစ်နေတဲ့ မျက်နှာနဲ့ သူ့နောက်ကနေ လိုက်သွားခဲ့တယ်။

ဒါပေမဲ့ သူ မထွက်သွားခင်မှာပဲ တစ်ဖက်လပ် က သူ့ကို လှမ်းခေါ်ပြီး အကြံဉာဏ်အချို့ ပေးလိုက်တယ်။

"ကီယို ရေ... မင်း ဆရာ့ရဲ့ ခြေရာကို နင်းနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ သူက ကမ္ဘာ့သမိုင်းကလွဲရင် ဘာကိုမှ ဂရုမစိုက်ဘူးလေ"

မိုက်ကယ်က သူ့စကားတွေကို ခေါင်းညိတ်ပြီး အသိအမှတ်ပြုလိုက်ကာ လှည့်ပြီး ပါမောက္ခနောက်ကို ပြေးလိုက်သွားတော့တယ်။

* * * * * * * *

တစ်ဖက်မှာတော့ ဘရောင်းဘလဒ် မျိုးနွယ်စု နယ်မြေမှာ ရင်းနှီးနေတဲ့ ဝံပုလွေလူသား အမျိုးသမီးတစ်ယောက်က လာနှိုးလို့ ဂျာကူတစ်ယောက် နိုးလာခဲ့တယ်။

"မင်းရဲ့ ပထမဆုံးပွဲက ဆုံးဖြတ်ပြီးသွားပြီ" လို့ သူမက သူ့ကို ပြောလိုက်တယ်။ "မင်းက ပီထရို မီဇိုလ် လို့ခေါ်တဲ့ တစ်ယောက်နဲ့ တိုက်ခိုက်ရမယ်၊ သူက အမြန်နှုန်းနဲ့ တိကျမှုကို အဓိကထားတဲ့ ဓားသမားတစ်ယောက်ပဲ၊ ငါတို့ မင်းကို ပြင်ဆင်ဖို့ အချိန်ခဏပေးမယ်"

ဒါပေမဲ့ သတိပေးစကားအတွက် ကျေးဇူးတင်ရမယ့်အစား ဂျာကူက စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ပုံပဲ။ "ဒါဆို ငါ တိုက်ရဦးမှာ မဟုတ်ဘူးပေါ့၊ ဒါဆို ဘာလို့ လာနှိုးနေတာလဲ"

ဂျာကူက မျက်လုံးတွေကို ပြန်မှိတ်ပြီး ဆက်အိပ်နေတော့တယ်။

ဒီလုပ်ရပ်က ဝံပုလွေလူသား အမျိုးသမီးကို ပိုပြီး ဒေါသထွက်သွားစေတယ်။ သူမက ပြိုင်ဘက်အကြောင်း သတင်းပေးပြီး ကူညီဖို့ ကြိုးစားခဲ့တာကို သူက ကျေးဇူးတင်စကားလေးတောင် မဆိုဘူးလေ။ သူက လုံးဝတောင် ဂရုမစိုက်တာ။ တော်ဝင်တိုက်ကြီးက လူတွေက ဒီလောက်တောင် ခံစားချက်မဲ့ကြတာလား။

သူမက ဒေါသတကြီးနဲ့ သူ့အနားကနေ ခြေစောင့်နင်းပြီး ထွက်သွားတော့ရာ သူမရဲ့ ဆံပင်တွေတောင် ထောင်မတ်နေမတတ်ပဲ။

ပီထရို မီဇိုလ် က ပြီးခဲ့တဲ့အချီမှာ ပစ်မှတ် ၄၀ ထက်မက ခုတ်ဖြတ်နိုင်ခဲ့တဲ့ ဓားသမား အနည်းငယ်ထဲက တစ်ယောက်ဖြစ်တယ်။ သူက လွယ်လွယ်နဲ့ အနိုင်ယူလို့ရမယ့် ပြိုင်ဘက်မျိုး မဟုတ်ဘူး။

သူ့နဲ့ ဂျာကူကို ယှဉ်ကြည့်လိုက်ရင် ကွာခြားချက်က အတော်လေးကို သိသာနေတယ်။

ပီထရို က သူ့ဓားနဲ့ လေ့ကျင့်နေချိန်မှာ ဂျာကူက မြက်ခင်းပေါ်မှာ အိပ်နေခဲ့တယ်။ ပီထရို က ဓားသွေးနေချိန်မှာ ဂျာကူက သူ့ဓားကို ခေါင်းအုံးအဖြစ် သုံးနေတာပဲ။

အဘက်ဘက်ကကြည့်ရင် ပီထရို ပဲ နိုင်သင့်တာလေ။

ဒါပေမဲ့ ဝံပုလွေလူသား အမျိုးသမီးက စမ်းသပ်မှုတုန်းက ဂျာကူရဲ့ မှင်တက်ဖွယ်ကောင်းတဲ့ စွမ်းရည်တွေကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ 'ဝံပုလွေလူသား' ကောက်ရိုးရုပ်တွေကို သူ ခုတ်ဖြတ်သွားတဲ့ ပုံစံက အစစ်အမှန် သိုင်းဆရာတစ်ယောက်လို လျင်မြန်ပြီး တိကျလွန်းနေတာပဲ။

အခု အိပ်နေတဲ့ကောင်က သူမ မြင်ခဲ့တဲ့သူနဲ့ တကယ်ရော တစ်ယောက်တည်းပဲလား။

နောက်ဆုံးမှာတော့ စိန်ခေါ်တိုက်ခိုက်ပွဲ စတင်သွားခဲ့တယ်။

ခေါင်းလောင်းသံ မြည်လာပြီး ပွဲစပြီဖြစ်ကြောင်း အချက်ပြလိုက်တယ်။

ချက်ချင်းပဲ ပီထရို က အိပ်နေတဲ့ ဂျာကူဆီကို ခုန်ဝင်သွားတယ်။ ပြိုင်ဘက်ဖြစ်သူက သူ့ကို လုံးဝ အရေးမလုပ်ဘဲ ပွဲအတွက် ပြင်ဆင်မယ့်အစား မြက်ခင်းပေါ်မှာ အိပ်နေတာကို သူ မြင်ထားတာလေ။ ဒါက သူ့ကို စော်ကားလိုက်တာပဲ။

ဒါပေမဲ့ သူ့ရဲ့ဓားက ဂျာကူရဲ့ အပြာရင့်ရောင် အကြေးခွံတွေကို ဖောက်ထွင်းဝင်ရောက်သွားခါနီးမှာတင် အပြာရောင် လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ဂျာကူ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။

ပီထရို အငိုက်မိသွားတယ်။ ဂျာကူက အရမ်းကို မြန်လွန်းနေတာပဲ။

ချက်ချင်းပဲ ပီထရို ရဲ့ ဘေးဘက်မှာ အလင်းတန်းတစ်ခု ထွက်ပေါ်လာတယ်။ သူ့ရဲ့ ပင်ကိုယ်အသိစိတ်က သတိပေးလိုက်တာမို့ သူ အမြန်ခုခံလိုက်ချိန်မှာပဲ ဂျာကူရဲ့ဓားက သူ့ဓားကို လာရောက်ရိုက်ခတ်သွားတော့တယ်။

"ဘာ"

ပီထရို က ချက်ချင်း ရှောင်ထွက်လိုက်ပေမဲ့ နောက်တစ်လှမ်းဆုတ်ဖို့တောင် အချိန်မရခင်မှာပဲ ဂျာကူက မျက်စိတစ်မှိတ်အတွင်း သူ့ဓားကို ဆယ်ကြိမ်ထက်မက ခုတ်ပိုင်းလိုက်တဲ့ နောက်ထပ်အလင်းတန်းတစ်ခုကို မြင်လိုက်ရတယ်။

ဒီအခြေအနေက ပီထရို ကို လုံးဝ မှင်တက်သွားစေပြီး တိုက်ခိုက်မှုတွေကို ကာကွယ်တာကလွဲလို့ သူ ဘာမှ မလုပ်နိုင်တော့ဘူး။

အိပ်နေတဲ့ လူတစ်ပိုင်းသတ္တဝါက ဒီလောက် လျင်မြန်တဲ့ လှုပ်ရှားမှုတွေကို လုပ်နိုင်လိမ့်မယ်လို့ ပီထရို လုံးဝ ထင်မထားခဲ့ဘူးလေ။

ပီထရို တစ်ယောက် ရှုံးတော့မယ်လို့ ထင်ရတဲ့အချိန်မှာပဲ သူက သူ့ရဲ့ ဒီဗာကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

ပီထရို ရဲ့ ခေါင်းပေါ်မှာ ပုံရိပ်တစ်ခု တလက်လက် တောက်ပလာပြီး သူ့ရဲ့နှလုံးသားကနေ သူ့ဓားကို အားဖြည့်ပေးမယ့် တန်ခိုးစွမ်းရည် အမျှင်တန်းတွေကို စတင် ထုတ်လွှတ်ပေးလိုက်တယ်။

ဒါက ပွဲအခြေအနေကို လုံးဝ ပြောင်းလဲသွားစေလိမ့်မယ်။

ဒါပေမဲ့ သူ့ရဲ့ ဒီဗာ ပုံဖော်မှု မပြီးဆုံးခင်မှာတင် ရင်ဘတ်ထဲကနေ ပူလောင်တဲ့ နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။

သူ အောက်ကို ငုံ့ကြည့်လိုက်ချိန်မှာတော့ ညာဘက်ပခုံးကနေ ဘယ်ဘက်ဗိုက်အထိ နက်ရှိုင်းတဲ့ ဓားဒဏ်ရာကြီးတစ်ခုကို မြင်လိုက်ရတော့တာပဲ။

* * * * * * * *

All Chapters