← Chapters

အခန်း (၄၈၈)

Vol. 49 Ch. 488

အခန်း (၄၈၈)

Vol. 49 Ch. 488

အခန်း(၄၈၈) ဒါက အဆင်မပြေဘူး

"လရိပ်ဂိုဏ်းလား။ တစ်ခါမှ မကြားဖူးဘူး။"

တုရှန်ယွဲ့၏မျက်နှာတွင် သံသယများပြည့်နှက်နေပြီး ဝမ်တာကန်၏ခေါင်းကို ခြေဖဝါးအောက်တွင် ပိုမို၍ ပြင်းထန်စွာ ဖိနင်းလိုက်သည်။

"ငါ့ကိုလှည့်စားဖို့ ဂိုဏ်းနာမည်တစ်ခုခုကို လျှောက်ပြောနေတာလား။"

"ဘယ်လိုလုပ် ပြောရဲရမှာလဲ။" ဝမ်တာကန်သည် သွေးမျက်ရည်များကျကာ သူ၏မျက်နှာပေါ်တွင် နှပ်ရည်များနှင့် မျက်ရည်များ ရောထွေးနေ၏။ "ကျွန်တော်က အသက်တစ်သောင်း ရှိရင်တောင် မဟာပဏ္ဍိတကို မလှည့်စားရဲပါဘူး။ မဟာပဏ္ဍိတက သိချင်မှ သိပါလိမ့်မယ်။ ဒါပေမဲ့ မြင့်မြတ်နယ်မြေ သုံးခုက မရှိတော့ပါဘူး။ ဓားကျောင်းတော်ရဲ့တည်ထောင်သူက သူတို့ကို ဓားကျောင်းတော်ထဲ သိမ်းသွင်းလိုက်ပါပြီ။ ကောလာဟလတွေ အရတော့ ဒီလရိပ်ဂိုဏ်းဆိုတာ ဓားကျောင်းတော်၊ လင်းရှီးတောင်ကြားနဲ့ မြင့်မြတ်နယ်မြေသုံးခုထဲက အဂ္ဂိရတ်ဂိုဏ်းတို့ရဲ့ ပေါင်းစပ်ထားတဲ့အရင်းအမြစ်တွေကိုသုံးပြီးတော့ ဓားကျောင်းတော်ရဲ့ တည်ထောင်သူ အသစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းတစ်ခုပါ။"

"ကျွန်တော်က လရိပ်ဂိုဏ်းကို တစ်ခါမှ မရောက်ဖူးပေမယ့် စဉ်းစားကြည့်ရုံနဲ့တင် သူတို့က အခု အစွမ်းအထက်ဆုံး အဖွဲ့အစည်း ဖြစ်ရမယ်ဆိုတာ သိသာပါတယ်။ တခြားဘယ်သူကများ မိစ္ဆာမျိုးနွယ်ရဲ့ အဆင့်မြင့်ဝိညာဉ်ကြောတွေကို ခိုးယူနိုင်မှာလဲ။"

တုရှန်ယွဲ့ ဤအရာကို စဉ်းစားလိုက်ရာ ယုတ္တိရှိသည်ဟု ထင်လိုက်သည်။ အကယ်၍ လရိပ်ဂိုဏ်းသည် မြင့်မြတ်နယ်မြေသုံးခုစလုံးကို သိမ်းသွင်းထားပါက သူတို့၏စွမ်းအားသည် အမှန်တကယ်ပင် အရင်က မရှိခဲ့ဖူးလောက်အောင် ကြီးမားနေမည်ဖြစ်၏။ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး လူသားအဖွဲ့အစည်းပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

"အဲဒီလရိပ်ဂိုဏ်းက ဘယ်မှာလဲ။" သူက ခြေထောက်ကို ဘယ်ညာပွတ်ချေလိုက်ပြီး အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်: "ငါတို့ကို အဲဒီခေါ်သွား။"

...

ချန်ဟွိုက်အန်သည် သူတော်စင်ဟွာကျင်းထံမှ အပြစ်ပေးခံရရန် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပြီး ဖြစ်သည်။

သူ၏ခန့်မှန်းချက်အရ ဟွာကျင်းသည် ဤတစ်ကြိမ်တွင် သိသာထင်ရှားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ သူ့အတွက် မိမိ၏အသုံးဝင်မှုနှင့် ဝမ်ရှိုယီ၏လွှမ်းမိုးမှုတို့ကို ထည့်သွင်းစဉ်းစားပါက သူသည် မိမိကို သတ်မည်မဟုတ်ပေ။ သို့သော် သူ့ကို သေချာပေါက် အလွယ်တကူလွှတ်ပေးမည် မဟုတ်ပေ။

သို့သော် လက်တွေ့တွင် တစ်မျိုးတစ်ဖုံ ဖြစ်နေခဲ့သည်။

ထိုကိစ္စက ငှက်မွေးလေးတစ်ခုလို ပေါ့ပေါ့ပါးပါး ပြီးဆုံးသွားပုံရသည်။

ဟွာကျင်း ဒေါသထွက်နေပုံရသော်လည်း ထင်ထားသလောက် ဒေါသမပြင်းထန်ခဲ့ပေ။

၎င်းက နွေဦးကိုးလွှာ၏ လွှမ်းမိုးမှုကြောင့်လား။ အချစ်တွင် ကျရှုံးနေသော အမျိုးသမီးတစ်ယောက်ကို ခန့်မှန်ရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်ပေ။

ချန်ဟွိုက်အန်သည် ခွန်းလွန်အင်မော်တယ်နန်းတော်၏ တပည့်များကြားတွင် ပုန်းအောင်းကာ မိုးပျံလှေ၏ထောင့်တစ်နေရာတွင် ကွေးကွေးလေးထိုင်နေပြီး သူ၏အကြည့်များသည် မိုးပျံလှေ၏ဦးပိုင်းဆီသို့ မသေမချာ ရွေ့လျားနေသည်။

အရှေ့ဆုံးတွင် ဟွာကျင်းရပ်နေပြီး သူ၏ဝတ်ရုံများက ကျက်သရေရှိစွာ လွင့်ခေါက်နေကာ ဝမ်ရှိုယီက သူ၏အနောက်တွင် ခြေတစ်ဝက်ခန့်အကွာ၌ ရပ်နေသည်။ ဤမြင်ကွင်းမှာ ခွန်းလွန်အင်မော်တယ်နန်းတော်၏ တိုက်တန်းနစ်ဗားရှင်းနှင့် ခပ်ဆင်ဆင် တူနေသည်။

"ဒါနဲ့ ဝမ်ရှိုယီ၊ မဟာမိုးကြိုးကျောင်းတော်ဆီမှာ အခုလောလောဆယ် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ ဘယ်လောက်ရှိလဲ။"

"အရှင်မကိုကို ဖြေကြားရရင်တော့ ဘာမှ မရှိပါဘူး။"

"ငါတို့ရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်ကကော။"

"ကျွန်တော်တို့ဆီမှာ အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ချောမော၊ ထက်မြက်ပြီးတော့ ရဲရင့်တဲ့ အကြီးအကဲချန်က အသက်စွန့်ပြီး ကာကွယ်ပေးထားတာပါ။"

ဟွာကျင်း - "..."

"ချန်ဟွိုက်အန်ရဲ့ပုံရိပ်ကို အမွှမ်းတင်နေစရာ မလိုပါဘူး။ ငါက သူ့ကိုသတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။"

ဤစကားကို ကြားသောအခါ ဝမ်ရှိုယီသည် အလွန်ကြီးမားသော သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုဆေး၏ ကြောက်မက်ဖွယ်ကောင်းသော ဘေးထွက်ဆိုးကျိုးများကို မည်ကများ ကြိုတင်ခန့်မှန်းနိုင်မည်နည်း။ သူတို့ သတိထားမိချိန်တွင် အလွန်နောက်ကျနေပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ယခုတော့ စီနီယာက စီနီယာတစ်ယောက် သက်သက် မဟုတ်တော့ပေ။

အရှေ့မှ ဟွာကျင်း၏ ကျက်သရေရှိသောပုံရိပ်ကို စိုက်ကြည့်ရင်း ဆွဲဆောင်မှုရှိသော ကောက်ကြောင်များ၊ အဖြူရောင်ပိတ်ပါးဝတ်ရုံအောက်တွင် ဝိုးတဝါးမြင်နေရသော မက်မွန်သီးကဲ့သို့ တင်ပါးများ...

ဘာမှထပ်ပြောစရာ မလိုတော့ပေ။ ယနေ့ကစ၍ စီနီယာက သူ၏ကျေးဇူးရှင် ဖခင်ကြီး ဖြစ်သွားလေပြီ။

"ငါတို့ရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်အပြင် တခြားဘယ်အဖွဲ့အစည်းတွေက အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို ရခဲ့သေးလဲ။"

"လေဝိညာဉ်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုလည်း ရခဲ့ပါတယ်။"

"အို။ လေဝိညာဉ်ဂိုဏ်းလား။" ဟွာကျင်းသည် တစ်ခုခုကို သတိရသွားသည့်အလား သံသယဖြင့် မျက်တောင်ခတ်လိုက်သည်။

ဝမ်ရှိုယီက အမြန် ဖြည့်စွက်လိုက်သည်။ "ဓားနက်ဂိုဏ်းနေရာမှာ အစားထိုးဝင်လာတဲ့ ဂိုဏ်းပါ။"

"စိတ်ဝင်စားစရာပဲ။" ဟွာကျင်းသည် နှုတ်ခမ်းများကို ဖိကပ်လိုက်ရာ သူ၏မျက်လုံးများတွင် သိချင်စိတ် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

လေဝိညာဉ်ဂိုဏ်းက ကျောက်စိမ်းခြင်ဆီကို ရရှိသွားခြင်းက သူ့ကို အံ့အားသင့်စေခဲ့ခြင်း မဟုတ်ပေ။ ထိုအစား အသစ်ပေါ်ထွက်လာသော အဖွဲ့အစည်းတစ်ခုက ဤမျှလျင်မြန်စွာ တိုးတက်လာခြင်းမှာ သေချာပေါက် သံသယဖြစ်စရာ ကောင်းနေ၏။ မေးခွန်းထုတ်စရာအချက်များ မရှိလျှင်ပင်၊ ဖြစ်လာနိုင်သော ခြိမ်းခြောက်မှုများ အဖြစ်ဖြစ်စေ၊ အနာဂတ်မဟာမိတ်များ အဖြစ်ဖြစ်စေ သူတို့ကို အနီးကပ် စောင့်ကြည့်ရန် ထိုက်တန်ပေသည်။

"ဝမ်ရှိုယီ၊ မင်းအတွက် တာဝန်တစ်ခု ရှိတယ်။"

"တာဝန်"ဟူသော စကားလုံးကြောင့် ဝမ်ရှိုယီ၏မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ချန်ဟွိုက်အန်လည်း နားစွင့်လိုက်သည်။

"ခွန်းလွန်အင်မော်တယ်နန်းတော်ကို ပြန်ရောက်တာနဲ့ မင်း လေဝိညာဉ်ဂိုဏ်းကို ချက်ချင်း ထွက်သွားပြီး သူတို့ရဲ့ဂိုဏ်းချုပ်ကို ငါတို့ဆီ လာလည်ဖို့ဖိတ်ခေါ်ရမယ်။"

ဝမ်ရှိုယီ - "Σ(°△°|||) အရှင်မ၊ ဒါက အဆင်မပြေဘူး။"

ချန်ဟွိုက်အန်သည် ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်သည်။ ၎င်းက တကယ်ကို အဆင်မပြေပေ။ အဓိကအကြောင်းရင်းမှာ လျှို့ဝှက်ချက် ပေါ်လွင်သွားနိုင်၍ပင်။

"ဘာလို့ အဆင်မပြေရမှာလဲ။" ဟွာကျင်းက စိတ်မရှည်စွာ မျက်လုံးလှန်လိုက်သည်။ "မင်း တစ်ခါ အရိုက်ခံရဖူးလို့လား။ ဒီတစ်ခါ ငါ အကြီးအကဲချန်ကို မင်းနဲ့အတူ လွှတ်လိုက်မယ်။ မင်း ထပ်ပြီးတော့ အရိုက်ခံရရင်... ကောင်းပြီ၊ ဒီအရှင်မက အကြီးအကဲချန်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမှာပေါ့။"

သူ စကားပြောနေရင်း ချန်ဟွိုက်အန် ကို စူးစူးရဲရဲ ကြည့်လိုက်သည်။

၎င်းက မိမိနှင့် ဘာမှမဆိုင်ဟု ချန်ဟွိုက်အန် တွေးလိုက်မိသည်။

သို့သော်လည်း ၎င်းက အကောင်းဆုံး ဖြစ်နိုင်သည်။ ဝမ်ရှိုယီနှင့်အတူသွားခြင်းက သူ့ကို ကျန်းယိပိုင်နှင့် ကြိုတင်ပြင်ဆင်ခွင့် ရစေလိမ့်မည်။

"အရှင်မ စိတ်ပူစရာမလိုပါဘူး။" သူက ဟွာကျင်းကို ချက်ချင်း အရိုအသေပြုလိုက်သည်။ "ဒီဂျူနီယာက ဝမ်ရှိုယီကို သေချာပေါက် ကာကွယ်ပေးပါ့မယ်။"

"ဟွန့်။ ဝမ်ရှိုယီရဲ့ဘေးကင်းရေးကို ငါ ဂရုမစိုက်ဘူး။"

ဟွာကျင်းလှည့်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါက သူ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမှာကိုပဲ စိုးရိမ်တာပါ။"

ချန်ဟွိုက်အန် - "..."

...

"နောက်ဆုံးတော့ ဒဏ်ရာတွေ တည်ငြိမ်သွားပြီ။"

မဟာမိုးကြိုးကျောင်းတော်၏ မဟာဝက်ဝံခန်းမအတွင်း ဆရာတော်ဖာမင်သည် လေကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။

ဘေးကင်းမှု ရရှိပြီ ဖြစ်သော်လည်း၊ အနောက်မှ ထိုဓားချက်ကို သတိရလိုက်တိုင်း ကြွင်းကျန်နေသော ကြောက်ရွံ့မှုများက သူ့ကို ဖုံးလွှမ်းနေဆဲပင်။ ထိုလျှို့ဝှက်ဆန်းကြယ်သော ဓားကျောင်းတော်၏ အန္တိမအကြီးအကဲသည် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်သို့ မရောက်ရှိသေးသည်မှာ သေချာသော်လည်း ထိုဓားတစ်ချက်တည်းဖြင့် သူ့ကိုသတ်နိုင်သည့်စွမ်းအားကို တကယ်ပင် ပိုင်ဆိုင်ထားခဲ့သည်။

"ဒီနေ့အဖြစ်အပျက်တွေက အရမ်းကို ထူးဆန်းလွန်းတယ်။ ဘာဖြစ်လို့ ဒီလောက်ထူးဆန်းတဲ့လူတွေ ရုတ်တရက် ပေါ်လာရတာလဲ။"

ဆရာတော်ဖာမင် အဖြေရှာမရနိုင်အောင် ဖြစ်နေသည်။

ပထမဆုံး လရိပ်ဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်ကြံသူ ငါ့ရှေ့မှာတင် ထွက်ပြေးလွတ်မြောက်သွားပြီး အဆင့်ကြီးတစ်ခုလုံး နိမ့်ကျနေတာတောင် ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို ခိုးယူသွားတယ်။

နောက်တော့ ဗုဒ္ဓကျင့်ကြံသူတွေအပေါ် ရန်ငြိုးတစ်ခုခုရှိနေတဲ့ ရှင်းပြလို့မရနိုင်တဲ့ အဲဒီဓားသမား ရောက်လာတယ်။ ပေါင်းစည်းခြင်းအဆင့်မှာပဲ ရှိသေးတာတောင် အဓိပ္ပာယ်မရှိလောက်အောင် ကြောက်စရာ ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားတယ်။

သံသရာလည်ခြင်းများကြားတွင် မှတ်ဉာဏ်အများစုမှာ ပျောက်ကွယ်သွားသော်လည်း သူနှင့် သူတော်စင် ဟွာကျင်းတို့ကဲ့သို့ အခွင့်ထူးခံပုဂ္ဂိုလ်များသည် အပိုင်းအစများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ထိုမှတ်ဉာဏ်အပိုင်းအစများတွင် လရိပ်ဂိုဏ်း သို့မဟုတ် ဓားကျောင်းတော်ဟူ၍ မရှိခဲ့သလို ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် တက်လှမ်းသူများလည်း မရှိခဲ့ပေ။

"ဧကန္တ... ဒါက ဆရာသခင်ပြောခဲ့တဲ့ အပြောင်းအလဲပဲ ဖြစ်ရမယ်။"

ဆရာတော်ဖာမင်၏ မျက်လုံးများ တောက်ပသွားသည်။

မရေမတွက်နိုင်တဲ့ သံသရာလည်ခြင်းတွေ တစ်လျှောက်လုံး ဆရာသခင်က အဲဒီအပြောင်းအလဲတွေကိုပဲ တိတိကျကျ ရှာဖွေနေခဲ့တာ မဟုတ်ဘူးလား။

ဤအတွေးဖြင့် သူသည် ညစ်ပတ်နေသောသင်္ကန်းကို ချက်ချင်း လဲလှယ်လိုက်ပြီး မဟာဝက်ဝံခန်းမ၏ ဗုဒ္ဓရုပ်ပွားတော်အနောက်ရှိ လျှို့ဝှက်လမ်းကြောင်း တစ်ခုမှတစ်ဆင့် လျှို့ဝှက်အခန်းတစ်ခု အတွင်းသို့ ဝင်ရောက်သွားသည်။

ဟွာကျင်း၏ အခြေအနေကဲ့သို့ မျက်နှာသုံးခုပါသော ရုပ်တုတစ်ခုကို ကိုးကွယ်ခြင်းနှင့် မတူဘဲ ဆရာတော်ဖာမင် ဝတ်ပြုကိုးကွယ်နေသော နတ်ဘုရားမှာ မြွေကိုယ်လုံး၊ လူခေါင်းနှင့် အရုပ်ဆိုး အကျည်းတန်သော အရာတစ်ခုပင်။

မှိန်ပျပျ ဖယောင်းတိုင်အလင်းရောင်တွင် ထိုသတ္တဝါ၏ အကြေးခွံများသည် မကျန်းမမာ စိမ်းဖျော့ဖျော့ အရောင်ဖြင့် တောက်ပနေပြီး လူမျက်နှာမှာမူ ပြီးပြည့်စုံလုနီးပါးလှပမှုကို ပြသနေသည်။ ၎င်း၏ ဟောင်းလောင်းပေါက်ဖြစ်နေသော နက်ရှိုင်းသည့်မျက်လုံးများသည် ဝိညာဉ်များထဲသို့ ထိုးထွင်းကြည့်ရှုနိုင်ပုံရပြီး မိစ္ဆာဆန်သောထူးဆန်းမှုနှင့် ချိုးဖောက်၍မရနိုင်သော မြင့်မြတ်သည့်အရှိန်အဝါ နှစ်ခုစလုံးကို တစ်ပြိုင်တည်း ဖြာထွက်နေသည်။

၎င်း၏အကြည့်နှင့် ဆုံမိလိုက်သည်နှင့် ကျောရိုးခြင်ဆီထဲမှနေ၍ ခုခံ၍မရနိုင်သော နာခံလိုစိတ်တစ်ခုကို ဖြစ်ပေါ်စေသည်။

အေးစက်သောကျောက်ကြမ်းပြင်ပေါ် ဝတ်ပြုရင်း ဆရာတော်ဖာမင်းက ရှေးကျပြီး နားလည်ရခက်သော အက္ခရာများကိုရွတ်ဆိုကာ တုန်ယင်နေသည်။

အက္ခရာများက အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်သည် သဘာဝမကျစွာ လိမ်ကောက်လာသည်။ အရိုးများမှ စိတ်မချမ်းမြေ့ဖွယ် အက်ကွဲသံများ ထွက်ပေါ်လာပြီး အဆစ်များက နောက်သို့ ကွေးညွတ်သွားသည်။ မမြင်ရသောလက်တစ်ဖက်က သူ၏ကျောရိုးကို ကိုင်တွယ်လှုပ်ရှားနေသည့်အလား သူ၏ ဒူးထောက်နေသော ကိုယ်ဟန်ကို ဆွဲဆန့်ကာ လိမ်ကောက်သွားစေပြီး နောက်ဆုံးတွင် သူသည် အရိုးမပါသော တီကောင်တစ်ကောင်ကဲ့သို့ ဖြစ်သွားကာ တောက်ပနေသော အချွဲကြောင်းများကိုချန်ရစ်ခဲ့ရင်း ကြမ်းပြင်ပေါ်တွင် ဆန့်တငင်ငင် တွားသွားနေသည်။

...

အချိန်အတော်ကြာပြီးနောက်။

ဆရာတော်ဖာမင်သည် လျှို့ဝှက်လမ်းကြောင်းထဲမှ ထွက်လာ၏။

သူက သင်္ကန်းအသစ်ကို ဝတ်ဆင်ထားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်နေလေပြီ။ သူ၏လက်ထဲရှိ မြွေခေါင်းပုံစံ တောင်ဝှေးအသစ်မှလွဲ၍ပင်။

…

All Chapters