← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃) ငါ့ကို ပြန်ပြောရဲတယ်ပေါ့လေ

ထို့နောက် အိမ်ရှိ ကလေးငယ်များထံသို့ သူ၏ အတွေးများ ရောက်ရှိသွားခဲ့ပြီး သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

သူသည် သန့်ရှင်းသော စစ်သုံးရေဘူး တစ်ဘူးကို ချက်ချင်းယူလိုက်ပြီး ကလေးငယ်များ နှစ်သက်လေ့ ရှိသော အရသာမျိုးဖြစ်သည့် ချိုသော်လည်း မအီလွန်းသော နို့လက်ဖက်ရည်ကို အပြည့် ထည့်လိုက်လေ သည်။

တစ်အောင့်ခန့် စဉ်းစားပြီးနောက် သူသည် စင်ပေါ်မှ လိမ္မော်ရည်ဆိုဒါ နောက်ထပ် ခြောက်ပုလင်းကို ယူလိုက်လေ၏။

၎င်းမှာ ဤခေတ်ကာလတွင် လူကြိုက်အများဆုံး သောက်စရာများထဲမှ တစ်ခုဖြစ်ပြီး မကြာသေးမီက သူ အထူးတလည် သိုလှောင်ထားခဲ့ခြင်း ဖြစ်ပေသည်။

ဤအကြောင်းကို တွေးမိသောအခါ ကျိုးချန်ယဲ့မှာ တိတ်တဆိတ် ကံကောင်းသည်ဟု ခံစားလိုက်ရ လေသည်။

သူသည် ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်သို့ ပုလင်းအနည်းငယ် သွားဝယ်စဉ်က အကုန် ရောင်းကုန်သွားပြီဖြစ်ကာ ပုလင်းအလွတ်တစ်လုံးပင် မကျန်တော့ကြောင်း အပြောခံခဲ့ရလေသည်။

ထိုအချိန်၌ သူသည် အန္တရာယ်ကို ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး သူ၏ နေရာလွတ်အတွင်း နေ့စဉ် သုံးနှင့် ဝယ်လိုအားများသော ဤပစ္စည်းတစ်သုတ်ကို အလျင်အမြန် သိုလှောင်ထားလိုက်ခြင်းဖြစ် လေသည်။

ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်၌ ပစ္စည်းပြတ်လပ်နေနိုင်ခြင်း သို့မဟုတ် အခြားနေရာများ တွင် ဝယ်ယူ၍မရနိုင်ခြင်းတို့ကြောင့် တကယ်တမ်း လိုအပ်လာချိန်တွင် မည်သို့လုပ်ရမည်ကို မသိဘဲ ဖြစ်နေခြင်းမျိုးမှ ဤသို့ ကြိုတင်ပြင်ဆင်ထားခြင်းက ကာကွယ်ပေးနိုင်မည် ဖြစ်လေသည်။

ထိုသိုလှောင်ထားသော ကုန်ပစ္စည်းများ ယနေ့တွင် ဤမျှ အသုံးဝင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ ချေ။

ကျိုးချန်ယဲ့သည် သူသယ်ဆောင်လာသော အစားအသောက်များနှင့် အချိုရည်မျိုးစုံ အပြည့်ပါဝင်သည့် အိတ်ကြီးအိတ်ငယ်များကို ငုံ့ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထက်တွင် ကျေနပ်သော အပြုံးတစ်ခုက မသိ မသာ ပေါ်လာခဲ့လေသည်။

နေရာလွတ်တစ်ခုကို ပိုင်ဆိုင်ထားပြီး လုံလောက်သော အရင်းအမြစ်များ ရှိနေသဖြင့် မည်သည့်ခေတ် ကာလ တွင် နေထိုင်ရသည်ဖြစ်စေ တည်ငြိမ်၍ သက်သောင့်သက်သာရှိသော ဘဝတစ်ခုကို ဖြတ်သန်း နိုင်ပေသည်။

ကျိုးချန်ယဲ့ ခြံဝင်းတံခါးဝသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ဒုတိယယောက်ဖဖြစ်သူ ခြံဝင်း အတွင်း၌ ထင်းခွဲနေသည်ကို လှမ်းမြင် လိုက်ရလေသည်။

သူက ရှေ့သို့သွားကာ နှုတ်ဆက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် တတိယအစ်ကိုထျန် မီးဖိုချောင်ထဲမှ ရေပုံး တစ်ပုံးကို ဆွဲကာ ထွက်လာသည်ကို မြင်လိုက်ရလေ၏။

တတိယအစ်ကိုထျန်သည် တံခါးဝတွင် ရပ်နေသော ကျိုးချန်ယဲ့ကို မြင်လိုက်ရသောအခါ အလျင်အမြန် ပြုံးကာ နှုတ်ဆက်လိုက်လေသည်...။

"ချန်ယဲ့... မင်း ပြန်ရောက်လာပြီပဲ... အချိန်ကိုက်ပဲ ညစာလည်း အသင့်ဖြစ်တော့မယ်..."

"ဟုတ်ကဲ့... ဒုတိယအစ်ကို တတိယအစ်ကို..."

ကျိုးချန်ယဲ့က ပြန်ဖြေလိုက်ပြီးနောက် ပစ္စည်းများကို သယ်ကာ ခြံဝင်းအတွင်းသို့ ဝင်လာခဲ့လေသည်။

အဖေထျန်မှာ ခြံဝင်းထဲမှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ကျောက်ခဲလေးကို ချီကာ ထွက်လာခဲ့ပြီး သူ၏နောက်တွင် ကလေးငယ်လေး နှစ်ဦးက အမြီးလေးများသဖွယ် လိုက်ပါလာခဲ့လေသည်။

"ဦးလေး လေး..."

၎င်းတို့၏ စကားမဆုံးမီမှာပင် ကလေးငယ်နှစ်ဦးမှာ ပြေးလာခဲ့ကြလေသည်။

"ဟေ့... ဖြည်းဖြည်း... ချော်မလဲစေနဲ့..."

အဖေထျန်က အနောက်မှနေ၍ စိုးရိမ်တကြီး သတိပေးလိုက်လေသည်...။

ကျိုးချန်ယဲ့က အလျင်အမြန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏လက်ထဲမှ အထုပ်များကို ညင်သာစွာ ချထားလိုက်ပြီး ပြေးလာသော ကလေးငယ်နှစ်ဦးအား လက်လှမ်း၍ ဖမ်းဆီးလိုက်ကာ တစ်ဖက်တစ် ချက်စီတွင် မြဲမြံစွာ ပွေ့ချီလိုက်လေ၏။

"ဦးလေးလေး... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... သား ဦးလေးလေးကို လွမ်းနေတာ..."

ဆန်းဝါက ကျိုးချန်ယဲ့၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားရင်း ကျယ်လောင်စွာ အော်ဟစ်လိုက် လေသည်...။

ရှောင်ထင်ကလည်း ကလေးသံဝဲဝဲလေးဖြင့် ခေါ်လိုက်လေသည်...။

"ရှောင်တု... ရှောင်တု အဖေ..."

"မဟုတ်ဘူး... မဟုတ်ဘူး..."

ဆန်းဝါက အလျင်အမြန် ပြင်ပေးလိုက်လေသည်...။

"ညီမလေး ထင်ထင်... ဦးလေး လေ... ရှောင်တု အဖေ မဟုတ်ဘူး..."

ဤသည်ကို မြင်သောအခါ လူတိုင်းမှာ ရယ်မောခြင်းကို မအောင့်ထားနိုင်ခဲ့ကြချေ။

"လက်ဆေးပြီး စားဖို့ ပြင်ကြတော့..."

ထျန်ရှောင်ယာ၏ အသံမှာ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာခဲ့လေသည်...။

လူတိုင်းမှာ ချက်ချင်း လှုပ်ရှားလာကြပြီး အချို့က ဟင်းပွဲများ ပြင်ဆင်ကာ အချို့က လက်ဆေးကြဖြင့် ခြံဝင်းလေးမှာ ရုတ်တရက် သက်ဝင်လှုပ်ရှားလာခဲ့လေ၏။

မကြာမီမှာပင် မိသားစုတစ်စုလုံးမှာ စားပွဲဝိုင်းတွင် စုရုံးထိုင်လိုက်ကြပြီး လေထုမှာ အသက်ဝင်နေခဲ့ လေသည်။

ကျိုးချန်ယဲ့က သူ၏ နေရာလွတ်ထဲမှ ယူထုတ်လာသော ထမင်းဘူးများကို စားပွဲပေါ်၌ တစ်ဘူးချင်း ချထားကာ တစ်ခုပြီးတစ်ခု ဖွင့်လိုက်လေသည်။

တောက်ပသော အနီရောင် ဝက်သားနှပ်၊ နူးအိနေသော ဝက်ခြေထောက် ကျောက်သကြားနှပ်၊ အရသာ ရှိပြီး မွှေးကြိုင်သော မှိုကြက်သားပေါင်းနှင့် ဆွဲဆောင်မှုရှိသော ဝက်သားချိုချဉ်ကြော်တို့ ပါဝင်လေ သည်။

ထို့အပြင် မီးဖိုချောင်ထဲမှ လတ်လတ်ဆတ်ဆတ် ယူဆောင်လာသော ဟင်းပွဲများဖြစ်သည့် ကြက်သွန် မြိတ် ကြက်ဥမွှေကြော်၊ ဝက်သားခြောက် ဂေါ်ဖီထုပ်ကြော်၊ ဝက်နံရိုးနှပ်နှင့် ဝက်သား ဂေါ်ဖီထုပ် ပဲကြာ ဆံပေါင်းဟင်းတို့လည်း ရှိနေသေး၏။

အရသာရှိသော ဟင်းလျာများ အပြည့်တင်ထားသည့် စားပွဲဝိုင်းကြီးက အခန်းတွင်းရှိ လူတိုင်းကို သွားရည်ကျသွားစေခဲ့ပေသည်။

ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ မျက်လုံးများ ပြူးကျယ်သွားကာ အာမေဍိတ်သံဖြင့် ပြောလိုက် လေသည်....။

"ဘုရားရေ... ဒီဟင်းပွဲတွေက သိပ်ကို ခမ်းနားလွန်းတယ်..."

တတိယချွေးမ ဝမ်ကျင်းရိက သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်...။

"ဒါက တရုတ်နှစ်သစ်ကူးမှာ စားရတာထက်တောင် ပိုပြီး ခမ်းနားနေသေးတယ်..."

ထို့နောက် ကျိုးချန်ယဲ့က အိတ်ထဲမှ မောက်ထိုင် အရက်နှစ်ပုလင်းကို ဆွဲထုတ်ကာ စားပွဲပေါ်သို့ ချထား လိုက်လေသည်။

အဖေထျန်နှင့် သူ၏ ဒုတိယအစ်ကို၊ တတိယအစ်ကိုတို့၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားခဲ့ပြီး ၎င်းတို့၏ အပြုံးများကို မဖုံးကွယ်နိုင်တော့ဘဲ ပြောလိုက်လေသည်...။

"အိုကွယ်... ဒီဟာက... ဒီဟာက မောက်ထိုင်ပဲ..."

"ဒီနေ့ သားတို့ အားလုံး စိတ်ခံစားချက်ကောင်းနေကြတာဆိုတော့ တူတူသောက်ကြတာပေါ့..."

ကျိုးချန်ယဲ့က ပြုံးလျက် ပြောလိုက်လေသည်...။

ကလေးများမှာ ဘေးနားမှနေ၍ လိုချင်တပ်မက်စွာ ကြည့်နေကြပြီး ၎င်းတို့၏ ပါးစပ်သေးသေးလေး များကို တင်းကျပ်စွာ စေ့ထားကြလေ၏။

ကျိုးချန်ယဲ့သည် ဤသည်ကို မြင်သောအခါ သဘောကျသွားပြီး ၎င်းတို့ကို မေ့မထားခဲ့ချေ။

သူက ပထမဦးစွာ လိမ္မော်ရည်ဆိုဒါ ပုလင်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်လေသည် ထိုခေတ် ကာလတွင် ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည့် ကြည်လင်နေသော ဖန်ပုလင်းများ ဖြစ်လေ၏။

ထို့နောက် သူက စစ်သုံးရေဘူးကို ယူကာ အဖုံးကို ဖွင့်လိုက်ရာ ချိုမြိန်ပြီး ချောမွေ့သော နို့လက်ဖက် ရည်၏ မွှေးရနံ့များ ထွက်ပေါ်လာခဲ့လေသည်။

"လာ... အားလုံး တစ်ယောက်နည်းနည်းစီ သောက်ကြ..."

ဆန်းဝါနှင့် ရှောင်ထင်တို့၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့ပြီး ၎င်းတို့၏ မျက်နှာလေး များမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားကာ ချက်ချင်းပင် လက်ခုပ်တီးလျက် အော်ဟစ် အားပေးလိုက် ကြလေတော့သည်။

"ဟေး…"

စားပွဲပေါ်တွင် အရသာရှိသော အစားအသောက်များဖြင့် ပြည့်နှက်နေခဲ့ပြီး အလွန်မွှေးကြိုင်နေသဖြင့် စားသုံးခြင်းကို မရပ်တန့်နိုင်လောက်အောင် ဖြစ်စေခဲ့ပေသည်။

ရုတ်တရက် ရှောင်ထင်က လက်လှမ်းကာ ထျန်ရှောင်ယာ၏ အင်္ကျီလက်စကို ညင်သာစွာ ဆွဲလိုက်ပြီး သူမ၏ မျက်နှာလေးကို မော့လျက် အလျင်စလို ပြောလိုက်လေသည်...။

"အဒေါ်လေး... သမီး အသားစားချင်တယ်... အချို... အသား..."

"ကောင်းပါပြီ..."

ထျန်ရှောင်ယာက ပြုံးလိုက်ပြီး သူမ၏ ပန်းကန်ထဲသို့ ဝက်သားချိုချဉ် တစ်တုံးကို ထည့်ပေးလိုက် လေသည်... ။

"ဖြည်းဖြည်းစားနော်... အများကြီး ရှိသေးတယ်..."

ထိုသို့ ပြောပြီးနောက် သူမက ဆန်းဝါ၏ ပန်းကန်ထဲသို့ ကြက်သား နောက်ထပ်တစ်တုံးကို ထည့်ပေး လိုက်ပြီး သူ၏ ခေါင်းသေးသေးလေးကို ပွတ်သပ်ရန် လက်ကိုမြှောက်ကာ ညင်သာစွာ ပြောလိုက်လေ သည်...။

"ဆန်းဝါလည်း စားဦးလေ..."

"ကျေးဇူးတင်ပါတယ် အဒေါ်လေး..."

ထိုသို့ ပြောပြီးနောက် ဆန်းဝါသည် ပန်းကန်လုံးငယ်လေးကို ကောက်ကိုင်ကာ အသားကို အပတ် တကုတ် စတင် ကိုက်စားတော့လေ၏။

အစားအစာ၏ မွှေးရနံ့များ မပျောက်ကွယ်မီမှာပင် တတိယအစ်ကိုထျန်သည် သူ၏ တူများကို အောက်သို့ ချထားလိုက်လေသည်။

သူက အဖေထျန်နှင့် အမေထျန်တို့ကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်လေသည်...။

"အဖေ အမေ... သား လွန်ခဲ့တဲ့ရက်ပိုင်းက အိမ်တစ်လုံးရှာတွေ့ထားပြီး အကုန်ပြင်ဆင်ပြီးနေပါပြီ... သားနဲ့ လာမနေကြဘူးလား..."

သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...။

"သား ဒုတိယအစ်ကိုရဲ့ မုန့်ဆိုင်ဘေးမှာ ခြံဝင်းငယ်လေးတစ်ခု ရှာတွေ့ထားတာပါ... အရမ်းမကြီးပေမယ့် ခြံဝင်းထဲမှာ ရေတွင်းတစ်တွင်း ရှိတော့ အဝတ်လျှော်ဖို့နဲ့ ဟင်းချက်ဖို့ အဆင်ပြေတယ်လေ..."

ဤစကားကို ကြားသောအခါ ဒုတိယအစ်ကို ထျန်ချင်းလင်းက ချက်ချင်းပင် တူများကို ချထားလိုက်ပြီး ပြောလိုက်လေသည်....။

"ဘယ်လိုလုပ် ဖြစ်မှာလဲ... မိဘတွေက ငါ့အိမ်ကို ပြောင်းရမှာပေါ့... မင်းရဲ့ ဒုတိယမရီးက အိမ်ကို သန့်ရှင်းရေးတောင် လုပ်ပြီးသွားပြီ..."

"ငါ ဒုတိယအစ်ကို ရှိနေတာပဲ... အမေနဲ့ အဖေကို မင်းအိမ်မှာ ဘယ်လိုလုပ် ကြပ်ကြပ်တည်းတည်း နေခိုင်းလို့ရမှာလဲ... ငါ့အိမ်မှာ လာနေလို့ရတယ်..."

"ဟုတ်ပါတယ် အဖေနဲ့ အမေ... သမီး အိမ်ကို ကြိုတင်ပြီး ရှင်းလင်းထားပါတယ်... သမီးတို့နဲ့ လာနေကြ ပါ..."

ဒုတိယမရီးက အလျင်အမြန် ဝင်ပြောလိုက်လေသည်...။

ဤစကားကို ကြားသောအခါ ကျိုးချန်ယဲ့က ပြုံးကာ ပြောလိုက်လေသည်...။

"အဖေနဲ့ အမေ... ဘယ်မှ သွားစရာမလိုပါဘူး... ဒီမှာပဲ နေပါ..."

"ရှောင်ယာက အဖေတို့ ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေခဲ့တာ အတော်ကြာပြီလေ... သူက အဖေတို့အတွက် အရှေ့ဘက်ဆောင်က အပူပေးအုတ်ကုတင်ကိုတောင် နွေးနေအောင် လုပ်ပေးထား သေးတာ..."

"ပြီးတော့ ကျောက်ခဲလေးကလည်း သူ့ရဲ့ အဘိုးအဘွားတွေကို သူနဲ့အတူ နေစေချင်နေတာ..."

ကျိုးချန်ယဲ့၏ စကားကို ကြားသောအခါ အဖေထျန်နှင့် အမေထျန်တို့၏ စိတ်ထဲရှိ ဆုံးဖြတ်ချက် ချိန်ခွင်လျှာမှာ ဤဘက်သို့ ချက်ချင်း အလွန်အမင်း တိမ်းညွတ်သွားခဲ့လေတော့သည်။

ထို့ကြောင့် သူမက လက်ယမ်းကာ ပြုံးလျက် ပြောလိုက်လေသည်...။

"ဟုတ်ပါပြီ... သားတို့အားလုံး မိဘအပေါ် သိတတ်ကြတယ်ဆိုတာကို အမေ သိပါတယ်... အဖေနဲ့ အမေ ကတော့ ရှောင်ယာနဲ့ပဲ နေလိုက်ပါ့မယ်..."

မိခင်ဖြစ်သူမှာ ဆုံးဖြတ်ချက်ချပြီးကြောင်း မြင်သောအခါ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့မှာ ငြင်းခုံ နေခြင်းကို ရပ်တန့်လိုက်ကြလေသည်။

၎င်းတို့သည် အိမ်ပြန်ရောက်သောအခါ အစားအသောက်အချို့ကို ယူလာပေးမည်ဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြလေတော့သည်။

မိဘများက ညီမလေးနှင့်အတူ နေထိုင်လျှင်ပင် ၎င်းတို့အနေဖြင့် တာဝန်ကင်းလွတ်သွားပြီဟု သဘော ထား၍ မရဘဲ ၎င်းတို့၏ သားသမီးဝတ္တရားများကို ဆက်လက် ထမ်းဆောင်ရမည် ဖြစ်ပေသည်။

ထမင်းဝိုင်းမှာ သက်ဝင်လှုပ်ရှားပြီး ပျော်ရွှင်ဖွယ်ကောင်းလှပေသည်။ လူတိုင်း ဗိုက်ပြည့်သည်အထိ စားသောက်ပြီးကြသောအခါ အချိန်မှာလည်း အတော်လေး ညဉ့်နက်နေပြီ ဖြစ်လေ၏။

ခရီးရှည်ကြီးကို ဖြတ်သန်းပြီးနောက် လူတိုင်းမှာ ပင်ပန်းနွမ်းနယ်နေခဲ့ကြပြီး တတိယချွေးမမှာလည်း အိမ်သစ်ကို ပြန်လည်ရှင်းလင်းရန် မျှော်လင့်နေခဲ့လေသည်။

နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့သည် ၎င်းတို့၏ မိသားစု အသီးသီးကို ခေါ်ဆောင်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်ကြလေ၏။

ကျိုးချန်ယဲ့နှင့် ထျန်ရှောင်ယာတို့က ၎င်းတို့ကို တံခါးဝအထိ လိုက်ပို့ပေးခဲ့ပြီး မိသားစု နှစ်စု ထွက်ခွာသွား သည်ကို ကြည့်ပြီးမှသာ ခြံဝင်းအတွင်းသို့ လှည့်ပြန်လာခဲ့ကြလေသည်။

၎င်းတို့ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထျန်ရှောင်ယာက အမေထျန်ကို ကူညီရန် ရှေ့သို့ တက်လာပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"အမေ... အမေနဲ့ အဖေက အရှေ့ဘက်ဆောင်မှာပဲ ဆက်နေရမှာနော်... သမီး အခန်းကို သန့်ရှင်း ရေးလုပ်ပြီး အပူပေးအုတ်ကုတင်ကို နွေးနေအောင် လုပ်ပေးထားပြီးပြီ..."

သူမက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...။

"မီးဖိုချောင်ထဲမှာ ရေနွေးနည်းနည်း ကျန်သေးတယ်... သမီး သွားယူပေးမယ်နော်... ခြေထောက်စိမ်ပြီးမှ အနားယူလိုက်နော်..."

သူမ စကားမဆုံးမီမှာပင် ထျန်ရှောင်ယာသည် မီးဖိုချောင်ဆီသို့ လျှောက်သွားနေခဲ့ပြီ ဖြစ်လေ၏။

အမေထျန်က ရှေ့သို့ အလျင်အမြန် တက်လာပြီး သူမ၏ လက်မောင်းကို ဆုပ်ကိုင်ကာ ပြောလိုက် လေသည်...။

"အမေ့ဘာသာ သွားလို့ရပါတယ်... သမီးက တစ်နေ့လုံး အလုပ်များနေတာဆိုတော့ အနားယူလိုက်ပါ... ကိုယ့်ကိုယ်ကို အရမ်း မပင်ပန်းစေနဲ့..."

"အမေ... သမီး တကယ် မပင်ပန်းပါဘူး..."

ထျန်ရှောင်ယာက ပြုံးလျက် ပြောလိုက်လေသည်...။

သူမ၏ နှုတ်ခမ်းမှ စကားမဆုံးမီမှာပင် ခြံဝင်းတံခါးအပြင်ဘက်မှ စူးရှပြီး ဒေါသတကြီး ကျိန်ဆဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ တိတ်ဆိတ်ငြိမ်သက်နေသော လေထုကို ချက်ချင်းပင် ဖြိုခွဲလိုက်လေ တော့သည်...။

"အောင်မယ်... နင့်လို ကလေးမိုက်ကများ... နင့်အမေကို ပြန်ပြောရဲတယ်ပေါ့လေ..."

All Chapters