← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) တမလွန်ကမ်းပါး၏ မူလအစ....အချစ် သင်္ကေတလား

တစ်ချိန်တည်းမှာပင်...မြေအောက်ကမ္ဘာကိုးထပ်မြို့တော်ရှိ ကြီးကျယ်ခမ်းနားစွာ အလှဆင်ထားသော အိပ်ခန်းတစ်ခုတွင်...ခုံးဝူတောက်က သူ၏မျက်လုံးများကို စုံမှိတ်ပြီး အနားယူနေသည်။သို့သော် မော့ရှဲ့၏ ထိတ်လန့်ပြီး စိတ်ဆိုးနေသော အသွင်အပြင် ပုံရိပ်နှင့်အတူ စနစ်မှကြေညာသံသည် သူ၏စိတ်ထဲတွင် ရှင်းလင်းစွာ ထွက်ပေါ်လာပေ၏။[ဒင်....ကူးပြောင်းလာသူ မော့ရှဲ့၏ နာမည်ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာသည် သခင်၏ နည်းလမ်းများကြောင့် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရပြီး သူ၏ တိုးတက်မည့် လမ်းကြောင်းကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိရပါသည်... တစ်ဖက်လူ၏ ကောင်းကင်ကံကြမ္မာအမှတ် ၃၀၀၀ လျော့ကျသွားပြီး အမှတ် ၂၀၀၀၀ ကျန်ရှိနေသည်][လက်ခံသူကို ဂုဏ်ပြုပါတယ်... နှစ်ဆထိခိုက်မှုကို ဖြစ်ပေါ်စေပြီး ကောင်းကင်ကံကြမ္မာအမှတ် ၆၀၀၀ကို အောင်မြင်စွာ ရရှိသွားပါတယ်...]စနစ်၏ကြေညာချက်ကို သူ လျစ်လျူရှုလိုက်သည်။ခုံးဝူတောက်သည် မော့ရှဲ့ အစောပိုင်းက ပြုလုပ်ခဲ့သော စကားပြောဆိုမှုကို ဆက်လက်၍ ပြန်လည်တွေးတောလိုက်သည်။"တမလွန်ကမ်းပါး နတ်ဆိုးမလား... ဒါက မော့ရှဲ့ရဲ့ နောက်ထပ် အဆင့်နိမ့် ရွှေလက်ညှိုးတစ်ခုများလား"သူ ယခင်က မော့ရှဲ့အပေါ် ထားရှိခဲ့သော နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားမှတဆင့်...ဤတမလွန်ကမ်းပါး နတ်ဆိုးမဟု ခေါ်သောသူသည် တမလွန်ကမ်းပါး ရှေးဟောင်းပုလွေနှင့် ကြီးမားသော ဆက်စပ်မှုရှိကြောင်းကို သူ အတည်ပြုပြီးပြီ ဖြစ်ပေ၏။တစ်ဖက်လူ၏အရှိန်အဝါသည် ထိုရတနာနှင့် အလွန်ဆင်တူလွန်းနေပြီး ကွဲပြားသော လမ်းကြောင်းများမှတဆင့် တူညီသော မူရင်းဇစ်မြစ်ကို မျှဝေထားသည့်အလားပင်။သူ၏စိတ်ထဲတွင် အတွေးများ ​ဖြတ်ပြေးနေစဉ်..ခုံးဝူတောက်က သူ၏လက်ကို ဟင်းလင်းပြင်ထဲသို့ ဆန့်တန်းလိုက်သည်။သူ၏သိုလှောင်လက်စွပ်အတွင်းမှ အနက်နှင့် အဖြူရောင်အလင်းတန်းများ ရောယှက်၍ တောက်ပနေသည့် ပစ္စည်းတစ်ခုကို သူ ထုတ်ယူလိုက်သည်။ထိုအရာသည် ဘတ်စကက်ဘော ဘောလုံးတစ်လုံးခန့် အရွယ်အစား ရှိလေ၏။ပစ္စည်းတစ်ခုလုံးကို ကြည့်ရသည်မှာ ထူးဆန်းသော ရေထုတစ်ခုကဲ့သို့ ခံစားရစေသည်။မရေမတွက်နိုင်သော နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးသည့် အက္ခရာများသည် ထိုအရာအတွင်းတွင် ပေါင်းစပ်ပြီး တလိမ့်လိမ့်ထနေကာ ထိုအရာများ၏ ရောယှက်နေသော အလင်းတန်းများကြားတွင် တမလွန်ကမ်းပါး ပန်းများနှင့် ဆင်တူသော ပုံစံများအဖြစ်သို့ စုစည်းသွားသည်။တမလွန်ကမ်းပါး၏မူလအစ...ဤသည်မှာ ယခင် ကောင်းကင်ဘုံများ အမဲလိုက်ခြင်း မှတဆင့် ခုံးဝူတောက် ရရှိခဲ့သော လောကကြီးထဲတွင် ပျောက်ဆုံးနေသည့် ပစ္စည်းပင်။ခုံးဝူတောက်၏အသိစိတ် လှုပ်ရှားသွားပြီး အသေးစိတ် အချက်အလက် မျက်နှာပြင်တစ်ခုက လေထုအလယ်တွင် ထွက်ပေါ်လာပေ၏။[တမလွန်ကမ်းပါး၏ မူလအစ....မရေမတွက်နိုင်သော ကမ္ဘာများ၏ ဆန္ဒစွမ်းအားများမှ စုစည်းထားပြီး ထိုအရာသည် တမလွန်ကမ်းပါး ပန်းခင်းပြင်ကို အာဟာရ ဖြည့်တင်းပေးသည့် တစ်ခုတည်းသော စွမ်းအင်အရင်းအမြစ်ဖြစ်သည်][ထိုအရာသည်သာ ညှိုးနွမ်းနေသော ပန်းခင်းပြင်ကို ပြန်လည်နိုးထလာစေပြီး တမလွန်ကမ်းပါး၏ အံ့အားသင့်ဖွယ်ရာများကို ပြန်လည်ဖန်တီးနိုင်သည်...][(မှတ်ချက်..ဤသည်က တစ်ခါသုံး ပစ္စည်းတစ်ခုဖြစ်ပြီး တမလွန်ကမ်းပါး ပန်းခင်းပြင်တွင်သာ အသုံးပြုနိုင်သည်][အထူးအကြံပြုချက်...အကယ်၍ ဤပစ္စည်းကို အသုံးပြုရန် တမလွန်ကမ်းပါး အကြွင်းအကျန် မျိုးနွယ်စုထံ လွှဲပြောင်းပေးပါက ထိုအရာသည် အံ့အားသင့်ဖွယ် အကျိုးသက်ရောက်မှုတချို့ကို ထုတ်လုပ်ပေးပေလိမ့်မည်)]တမလွန်ကမ်းပါးမူလအစ၏ အသေးစိတ် အချက်အလက်များကို ဖတ်ပြီးနောက် ခုံးဝူတောက်က နှုတ်ခမ်းမဲ့လိုက်၏။လောကကြီးကနေ ပျောက်ဆုံးနေတဲ့ ပစ္စည်း တွေ အားလုံးက မယုံကြည်နိုင်လောက်အောင် ဒုက္ခပေးတာပဲ....မည်သို့ပင်ဆိုစေကာမူ သတင်းအချက်အလက် အကျဉ်းချုပ်ကို ကြည့်ရုံမျှဖြင့် သူ ထိုအရာအကြောင်းကို နားလည်ရန် မဖြစ်နိုင်ချေ။ထိုအရာကို မည်ကဲ့သို့ အတိအကျ အသုံးပြုသင့်သည်နှင့် ပတ်သက်၍ကမူ...တမလွန်ကမ်းပါး ပန်းခင်းပြင်သို့ သူ ဝင်ရောက်ပြီးသည်နှင့် တပြိုင်နက် သူ မြင်တွေ့ရပေလိမ့်မည်။တမလွန်ကမ်းပါး၏မူလအစကို သိမ်းဆည်းပြီးနောက်....ခုံးဝူတောက်သည် ကိစ္စရပ်တချို့ကို ဆွေးနွေးရန်အတွက် နန်ကုန်းရှင်းယွဲ့ကို ရှာဖွေရမည် ဖြစ်သောကြောင့် အဓိကခန်းမဆောင်မှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။သို့သော် သူ အဓိကခန်းမဆောင်တံခါးကို တွန်းဖွင့်လိုက်သည့် အချိန်မှာပင်...သူ၏မျက်လုံးများနှင့် ဆုံတွေ့လိုက်သော မြင်ကွင်းမှာ မြေကြီးပေါ်တွင် ဒူးထောက်နေကြသော ကြီးမားသည့် လူအုပ်ကြီးတစ်စုပင်။သူတို့သည် မြေအောက်ကမ္ဘာခန်းမ၏ အဆင့်မြင့် အကြီးအကဲများ ဖြစ်ကြပြီး မရေမတွက်နိုင်သော တပည့်များနှင့်အတူ ဒူးထောက်နေသည်။ဝမ်ယွဲ့ခန်းမဆောင်မှ ဖြစ်ရပ်အကြောင်းကို သူတို့ သိရှိလိုက်သည့် အခိုက်အတန့်တွင် သူတို့သည် ဤနေရာသို့ အလျင်အမြန် ပြေးလာခဲ့ကြ၏။ခုံးဝူတောက်က သူတို့ကို တွေ့ချင်သည်ဖြစ်စေ မတွေ့ချင်သည်ဖြစ်စေ...သူတို့သည် ဦးညွှတ်ပြီး အရိုအသေပေးရန် အလေးစားဆုံးနှင့်အနှိမ့်ချဆုံးဟန်ပန်ကို အသုံးပြုခဲ့ကြသည်။ခုံးဝူတောက်ကို သနားညှာတာရန်နှင့် သူတို့၏ မြေအောက်ကမ္ဘာခန်းမအပေါ် သူ၏ဒေါသများကို လွှတ်မချရန် တောင်းပန်နေခဲ့သည်။လူတိုင်း၏ အသွင်အပြင်နှင့် ဆံပင်များသည် အေးစက်သော လေကြောင့် ဖရိုဖရဲ ဖြစ်နေပြီး သူတို့ကို အလွန်ဖရိုဖရဲဖြစ်ပြီး သနားစရာကောင်းပုံ ပေါက်စေခဲ့သည်။လူအများအပြား၏ နဖူးများတွင် သိသာထင်ရှားသော အညိုအမည်းဒဏ်ရာများ ရှိနေကြ၏။ဤကာလအတွင်း သူတို့သည် အကြိမ်များစွာ ဦးညွှတ်ပြီး တောင်းပန်ခဲ့ကြကြောင်း သိသာရှင်းလင်းနေသည်။အထူးသဖြင့် သူတို့ကို ဦးဆောင်နေသော မြေအောက်ကမ္ဘာခန်းမသခင်နှင့် အကြီးအကဲများပင်။သူတို့သည် ကောင်းကင်ဘုံများ၏နယ်မြေအသီးသီး၌ သိသာထင်ရှားသော အဆင့်အတန်းနှင့် ရပ်တည်မှုရှိသည့် ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်သော်လည်း....ဤအချိန်အခိုက်အတန့်တွင် သူတို့ထံ၌ ကျွမ်းကျင်သူ တစ်ဦး၏ ဂုဏ်သိက္ခာ သို့မဟုတ် အရှိန်အဝါ အနည်းငယ်မျှပင် မရှိတော့ချေ။ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် အနှိမ့်ကျဆုံး အစေခံများနှင့် တူညီနေသည်။ခုံးဝူတောက်ကို သူတို့ မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်....သူတို့သည် ကျယ်လောင်သော အသံများဖြင့် အော်ဟစ်ပြီး နောက်တစ်ကြိမ် ရူးသွပ်စွာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။"နတ်ဘုရားသားတော် ခုံးဝူတောက်ရဲ့ ခွင့်လွှတ်မှုကို ရဖို့အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်"သူတို့၏နဖူးများမှ သွေးများ ယိုစီးကျနေသည်ကို မည်သူမျှ ဂရုမစိုက်ကြချေ။သူတို့၏သနားစရာကောင်းသော အသွင်အပြင်ကို သူတို့ ပြန်ဂရုစိုက်ရန်လည်း အချိန်မရှိကြပေ။ဤသည်မှာ သူတို့အတွက် ခုံးဝူတောက်ကို တွေ့မြင်ရန် ရှားပါးသော အခွင့်အရေး တစ်ခု ဖြစ်သဖြင့် သူတို့သည် ထိုအရာကို အစွမ်းကုန် ဆုပ်ကိုင်ထားလိုကြ၏။တစ်ဖက်လူက သနားညှာတာပြီး သူတို့ကို ခွင့်လွှတ်ပေးရန် သူတို့ မျှော်လင့်နေကြသည်။သို့သော် အစမှအဆုံးထိ ခုံးဝူတောက်သည် သူတို့ထံသို့ အပိုအကြည့်တစ်ချက်ပင် မပေးခဲ့ချေ။သူသည် သူတို့ကို ဖြတ်ကျော်ပြီး နန်ကုန်းရှင်းယွဲ့ တည်းခိုနေသော အိပ်ခန်းဆီသို့ တိုက်ရိုက်လျှောက်လှမ်းသွားသည်။မည်သို့ပင်ဆိုစေကာမူ သူ၏ အဆင့်အတန်းနှင့် ရပ်တည်မှုသည် ရှိနှင့်ပြီးဖြစ်သည်။ဤသည်မှာ မော့ရှဲ့၏ ကိုယ်ပိုင် လုပ်ရပ်ဖြစ်ပြီး မြေအောက်ကမ္ဘာခန်းမနှင့် မသက်ဆိုင်သော်လည်း...ခွေး တစ်ကောင် အမှားလုပ်မိချိန်၌ သခင်ဖြစ်သူသည်လည်း တန်ကြေးတစ်ခု ပြန်ပေးဆပ်ရပေမည်။ထို့ပြင် မော့ရှဲ့သည် မြေအောက်ကမ္ဘာခန်းမ၏ အဓိက သူတော်စင် တစ်ပါး ဖြစ်သောကြောင့် မြေအောက်ကမ္ဘာခန်းမသည် သူ၏ကျောထောက်နောက်ခံ အနေဖြင့် မည်သို့ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်မည်နည်း။ခုံးဝူတောက်သည် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို မခံစားခဲ့ရချေ။မည်သို့ပင်ဆိုစေကာမူ မြေအောက်ကမ္ဘာ ခန်းမ ပျက်စီးခြင်းရှိမရှိ ဆိုသည်မှာ....သူ၏ စိတ်ခံစားချက်နှင့် အတွေးတစ်ချက်အပေါ်မှာသာ လုံးလုံးလျားလျား မူတည်သည်။တခြားအိပ်ခန်းတစ်ခန်း၏တံခါးကို တွန်းဖွင့်လိုက်ပြီးနောက်...ထိုအခန်းအတွင်း၌ နတ်ဘုရားအလင်းတန်းများ တလိမ့်လိမ့်ထနေသည်။မဟာတာအို၏ မရေမတွက်နိုင်သော ရွှေကြာပန်းများ ပွင့်လန်းနေပြီး သူ၏အမြင်အာရုံအတွင်းရှိ မြင်ကွင်းကို ယှဉ်ပြိုင်၍မရနိုင်လောက်အောင် မြင့်မြတ်နေစေခဲ့သည်။ရွှေရောင်အလင်းတန်း သမုဒ္ဒရာကြီး စုဆုံသော နေရာတွင် နန်ကုန်းရှင်းယွဲ့သည် မျက်လုံးစုံမှိတ်၍ ကျင့်ကြံနေပြီး ကောင်းကင်ကိုးထပ်မှ ဆင်းသက်လာသော နတ်ဘုရားမတစ်ပါးအလားပင်။သူမ၏စွမ်းအားကို တမင်သက်သက် လှုံ့ဆော်ခြင်းမပြုသည့်တိုင်...ဟင်းလင်းပြင်တွင် လွင့်မျောနေသော ဥပဒေသများနှင့် တာအိုစည်းချက်များသည် စနစ်တကျရှိပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပေါင်းစပ်ဝင်ရောက်နေသည်။ခုံးဝူတောက်၏အရှိန်အဝါကို အာရုံခံမိပြီးနောက်...နန်ကုန်းရှင်းယွဲ့၏ မျက်တောင်များ အနည်းငယ် တုန်ယင်သွားပြီး သူမ၏လှပသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။"ကြည့်ရတာ... နန်ကုန်းရှင်းယွဲ့... မင်းရဲ့ စွမ်းအားတွေက အရင်ကထက် ပိုပြီးအားကောင်းလာတယ် ထင်တယ်..."ခုံးဝူတောက်က ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုသည်။နန်ကုန်းရှင်းယွဲ့၏ပါရမီသည် သူ မြင်တွေ့ဖူးသမျှထဲတွင် အမှန်တကယ်ကို အားအကောင်းဆုံး တည်ရှိမှု ဖြစ်ကြောင်း သူ ဝန်ခံရပေမည်။တစ်ဖက်လူသည် ယခုလေးတင်မှ နိုးလာခဲ့သော်လည်း သူမသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။သူမသည် သူ့ကဲ့သို့ ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်းသော နတ်ဘုရားဘုရင်ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခုကို မစုစည်းနိုင်ခဲ့သော်လည်း..သူမသည် နတ်ဘုရားဘုရင်ဓမ္မပုံရိပ်ယောင် ကိုးခုတိတိကို စုစည်းနိုင်ခဲ့ပေ၏။ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးမှ သမိုင်းကြောင်းကို ကြည့်မည်ဆိုပါက ဤသည်ကို ပြိုင်ဘက်ကင်းဟုလည်း ခေါ်ဆိုနိုင်သည်။အလွန်အမင်း ဒေါသထွက်စရာ အကောင်းဆုံး အပိုင်းမှာ တစ်ဖက်လူသည် ထိပ်တန်းအဆင့် မူလဘူတ ရုပ်ခန္ဓာကိုယ်နှစ်ခုကို ပိုင်ဆိုင်ထားခြင်းပင်။သူ့ထံ၌မူ ထိုကဲ့သို့ ရုပ်ခန္ဓာကိုယ်လေးခုရှိနေကာ ကြောက်မက်ဖွယ်ကောင်းသော မူလဘူတတာအို အရိုးနှစ်ရာ့ခြောက်ချောင်း ရှိနေခြင်းကို ထည့်ပြောရန်ပင် မလိုတော့ချေ။"ခုံးဝူတောက်... နင်က ငါနဲ့ အပြန်အလှန် တိုက်ခိုက်ချင်လား..."နန်ကုန်းရှင်းယွဲ့သည် ခုံးဝူတောက်ကို မြင်လိုက်သည့် အခိုက်အတန့်တွင် သူမ၏ လှပသောမျက်လုံးများမှ အနက်ရှိုင်းဆုံးနေရာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု တလိမ့်လိမ့်ထလာသည်။တစ်ဖက်လူထံမှ ဤစကားများသည် နားလည်မှုလွဲမှားခြင်းများကို ဖြစ်ပေါ်စေရန် လွယ်ကူသော်လည်း....ခုံးဝူတောက်သည် ထိုစကားများ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သဘာဝကျကျ နားလည်သည်။ဤသည်က သူမ၏ တံခါးပိတ်ကျင့်ကြံခြင်း အတွင်း၌ ထိုးထွင်းသိမြင်မှုတချို့ ရရှိခဲ့ပြီး သူမ၏စွမ်းအား ကြီးမားစွာ တိုးတက်လာသည်ဟု ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။သူမသည် သူ့ကို တိုက်ခိုက်လိုခြင်းပင်။နုနယ်တဲ့ ကြာပန်းဖြူလေးတစ်ပွင့်ကဲ့သို့ ဖြစ်နေသော နန်ကုန်းရှင်းယွဲ့၏အသွင်အပြင်ကြောင့် လှည့်စားမခံသင့်ချေ။ထိုဖျက်ဆီးခြင်းခေတ်တွင်...သူမသည် တာအိုနန်းတော်နယ်ပယ် ကျင့်ကြံဆင့်ကို မှီခိုအားထားကာ ထိပ်တန်းနတ်ဘုရားဘုရင် ဆယ်ယောက်ကို လက်ဗလာဖြင့် ဆုတ်ဖြဲခဲ့သော ရက်စက်သည့် လူတစ်ယောက်ပင်။ယခုအချိန်၌ သူမသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူမသည် ယခင်ကထက် ပို၍သန်မာအားကောင်းနေသည်မှာ သိသာထင်ရှားလှ၏။ခုံးဝူတောက် ခပ်ဖျော့ဖျော့အပြုံးဖြင့် ခေါင်းခါယမ်းလိုက်သည်။"အခု မရဘူး... အချိန်လေဟာနယ် တားမြစ်နယ်မြေ ကို ပြန်ရောက်မှပဲ ရမယ်..."ဤသည်မှာ သူ နန်ကုန်းရှင်းယွဲ့ကို အနိုင်မယူနိုင်ဟု တွေးထင်သောကြောင့် မဟုတ်ချေ။ယခုအချိန်၌ လူအများကြီး၏အာရုံစိုက်မှုသည် သူ့ထံ၌ ကျရောက်နေခြင်းကြောင့်သက်သက်ပင်။အထူးသဖြင့် ဝူဟွမ်ကဲ့သို့လူများ ဖြစ်ပေ၏။မကြာသေးမီက သူတို့သည် အလွန်ဂနာမငြိမ် ဖြစ်နေကြပြီး သူနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လျှို့ဝှက်စွာ စုဆောင်းကာ စုံစမ်းစစ်ဆေးနေကြပြီး တစ်ခုခုကို ကြံစည်နေပုံရသည်။အစောပိုင်းက သူ တခြားသူများ၏ရှေ့တွင် လှုပ်ရှားခဲ့စဉ်က သူသည် သူ၏ဝှက်ဖဲများကို မဆိုထားနှင့် သူ၏ အပြည့်အဝ စွမ်းအားကိုပင် အမှန်တကယ် အသုံးမပြုခဲ့ချေ။သို့သော် သူ နန်ကုန်းရှင်းယွဲ့နှင့် တိုက်ခိုက်သည်နှင့် တပြိုင်နက်...စွမ်းအားအပြည့်အဝကို အသုံးပြုခြင်းသည် အနည်းဆုံး ဖြစ်ပြီး သူ၏ဝှက်ဖဲတချို့ကိုပင် သူ အသုံးပြုရပေမည်။ဤအရာက သူ၏ အစစ်အမှန် ခွန်အားကို တခြားသူများထံ ထုတ်ဖော်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။သူ၏အစစ်အမှန်စွမ်းအား ပေါက်ကြားမှုကြောင့် သူ၏ ဝှက်ဖဲများ ဆုံးရှုံးရမည်ကို သူ မကြောက်သော်လည်း....တစ်ခါတစ်ရံတွင် သတိထားခြင်းက မျှော်လင့်မထားသော အကျိုးအမြတ်များဆီသို့ ဦးတည်သွားစေနိုင်သည်။"နားလည်ပါပြီ..."နန်ကုန်းရှင်းယွဲ့သည် အတင်းအကြပ်မလုပ်ခဲ့ဘဲ နာခံမှုရှိရှိ ခေါင်းညိတ်လိုက်၏။ဤအရာက ခုံးဝူတောက်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ဖျက်ဆီးခြင်းခေတ်အတွင်းရှိ နန်ကုန်းရှင်းယွဲ့၏စရိုက်အရ...သူမထံတွင် သခင်မလေးတစ်ဦးကဲ့သို့ ပုန်ကန်တတ်သည့် စရိုက်သဘာဝအနည်းငယ် ရှိနေသည်။ဤမျှထိ ကြာမြင့်စွာ အိပ်မောကျပြီးနောက် သူမသည် ယခုအချိန်၌ မတူညီသော လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ဤအတွေးများကို ဘေးဖယ်ထားလိုက်ပြီး ခုံးဝူတောက်က ပြောဆိုသည်။ "အင်း... ငါ ဒီကို လာခဲ့တာက နင့်ကို ပေးစရာတစ်ခု ရှိလို့ပဲ..."မည်သို့ပင်ဆိုစေကာမူ နန်ကုန်းရှင်းယွဲ့သည် ယခင်က သူ့ကို အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့သော ကောင်းကင်နှင့်မြေကြီး ထိပ်တန်းရတနာများစွာကို ပေးခဲ့ဖူးသည်။သူငယ်ချင်းဟောင်းတစ်ယောက်အနေဖြင့် သူသည် လက်ဆောင်တစ်ခုကို မည်သည်ကြောင့် ပြန်မပေးဘဲ နေနိုင်မည်နည်း..."ငါ့ကို ပေးစရာတစ်ခု ရှိနေတာလား..."နန်ကုန်းရှင်းယွဲ့ အနည်းငယ် မှင်သက်သွားသည်။ထိုစကားကို ပြောဆိုနောက် သူမ၏တည်ငြိမ်ပြီး လှပသော မျက်လုံးများသည် ချက်ချင်းတောက်ပသွားပေ၏။သူမ၏ အသွင်အပြင်သည် အေးစက်ပြီး ဂရုမစိုက်သကဲ့သို့ ရှိနေသေးသော်လည်း...သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အလွန်အမင်း မျှော်လင့်ချက်ကြီးမားမှုနှင့် ဝမ်းသာပျော်ရွှင်မှု ခံစားချက်ကို ထုတ်လွှတ်နေသ​ည်။ဖြစ်နိုင်တာက... ဒါက အမေပြောခဲ့တဲ့ အချစ် သင်္ကေတများလား...

All Chapters