← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂) အင်မော်တယ် ငှက်မွေးသက်တန့်ဝတ်ရုံ...အရပ်မျက်နှာအားလုံးမှ လှုပ်ရှားမှုများ

နန်ကုန်းရှင်းယွဲ့က ဝမ်းသာသည့် အမူအရာကို ရုတ်တရက် ပြသလိုက်သည်အား မြင်လိုက်ရသောအခါ ခုံးဝူတောက်သည်လည်း အနည်းငယ် မှင်သက်သွားသည်။ဒါက ရိုးရှင်းတဲ့ လက်ဆောင်ဖလှယ်တာလေး တစ်ခု မဟုတ်လား...သူက ဒီလောက်တောင် ပျော်နေတာလား...မျှော်လင့်ချက်နှင့် ဝမ်းသာပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသော နန်ကုန်းရှင်းယွဲ့၏အကြည့်အောက်တွင် ခုံးဝူတောက်သည် အနည်းငယ် နေရခက်သကဲ့သို့ပင် ခံစားလိုက်ရသည်။"ဒါက အရင်က ရှေးဟောင်း အပျက်အစီး တစ်ခုကနေ ငါ ရခဲ့တာ... ဒါက မင်းအတွက် အရမ်းသင့်လျော်မယ်လို့ ငါ ထင်တယ်..."ခုံးဝူတောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ဟင်းလင်းပြင်နယ်ပယ်တွင် လှိုင်းဂယက်များ ထသွားခဲ့သည်။ထို့နောက် ချက်ချင်းဆိုသလိုပင် အမည်မသိ ပြိုင်ဘက်ကင်းပစ္စည်းများနှင့် ဖန်တီးထားသော သက်တန့်ဝတ်ရုံတစ်ထည် ထွက်ပေါ်လာသည်။ထိုသက်တန့်ဝတ်ရုံတစ်ထည်လုံးသည် အဖြူရောင်​ရှိပြီး တောက်ပသော အဖြူရောင်ပိုးသားဖြင့် ရက်လုပ်ထားသည့် အင်မော်တယ်ဖီးနစ်သည် အသက်ဝင်နေပုံရကာ အချိန်မရွေး ဝတ်ရုံမှပျံသန်းသွားနိုင်သည့်အလားပင်။ဝတ်ရုံတစ်ထည်လုံးသည် ပုစဥ်းရင်ကွဲ၏ အတောင်ပံ ကဲ့သို့ ပါးလွှာသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပေ၏။သို့သော် ဝတ်ရုံပေါ်တွင် ထွင်းထုထားသော တာအိုပုံစံများသည် နည်းစနစ်များအားလုံးမှ ထိုးဖောက်၍မရနိုင်သော ခံစားချက်တစ်ခုကို ထုတ်လွှတ်နေသည်။အင်မော်တယ် ငှက်မွေးသက်တန့်ဝတ်ရုံသည် ယခင်က ကောင်းကင်ဘုံများ အမဲလိုက်ခြင်းမှတဆင့် ခုံးဝူတောက် ရရှိခဲ့သော ထိပ်တန်းကာကွယ်ရေး လျှို့ဝှက်ရတနာတစ်ခုပင်။ဤအင်မော်တယ် ငှက်မွေးသက်တန့်ဝတ်ရုံသည် အလွန်သေသပ်စွာ ဖန်တီးထားပြီး သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်း ရှိသော်လည်း...ခုံးဝူတောက် သိထားသောအချက်မှာ...ထျန်းကွမ်တားမြစ်နယ်မြေ၏ နတ်ဘုရားမအနေဖြင့် နန်ကုန်းရှင်းယွဲ့ထံတွင် ကာကွယ်ရေးရတနာများ မရှားပါးချေ။ဂရုတစိုက်စဉ်းစားပြီးနောက် ခုံးဝူတောက်သည် ကောင်းကင်ဘုံများ အမဲလိုက်ခြင်းမှ ရရှိသော ဤအင်မော်တယ် ငှက်မွေးသက်တန့်ဝတ်ရုံကို သူမအားပေးရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ထိုအရာကို ဝတ်ဆင်၍ မရချေ။မည်သို့ပင်ဆိုစေကာမူ သင့်လျော်မှုအရ ပြောရမည်ဆိုလျှင် ဤနေရာတွင် နန်ကုန်းရှင်းယွဲ့ထက် ပို၍သင့်လျော်သော တခြားအမျိုးသမီး မရှိလောက်ပေ။"ဘယ်လောက်တောင် လှပတဲ့ သက်တန့်ဝတ်ရုံလဲ... ငါ အရမ်းသဘောကျတယ်..."ထိုအရာသည် အလွန်သာမန်ဆန်သော ပစ္စည်းတစ်ခု ဖြစ်သော်လည်း နန်ကုန်းရှင်းယွဲ့သည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကို ရရှိထားသည့်အလား ထိုအရာကို ဂရုတစိုက်ယူကာ ပွေ့ဖက်ထားလိုက်၏။သူမ၏ လှပသောမျက်လုံးများ အနက်ရှိုင်းဆုံး နေရာတွင် ခုံးဝူတောက်ပင် ဘယ်သောအခါမှ မမြင်ဖူးသော ကျေနပ်မှုနှင့် ပျော်ရွှင်မှု ခံစားချက်တစ်ခု ရှိနေခဲ့သည်။ဤအရာက ခုံးဝူတောက်ကို အနည်းငယ် နေရခက်သွားစေသည်။ရိုးရိုးသားသား ပြောရလျှင် နန်ကုန်းရှင်းယွဲ့ သူ့ကို ပေးခဲ့သောအရာများနှင့် နှိုင်းယှဉ်ပါက သူ၏လက်ဆောင်သည် စိတ်ခံစားချက်မှလွဲ၍ အလွန်ဈေးပေါသည်ဟု ဆိုနိုင်ပေ၏။ဤသည်မှာ ငှက်ပစ်သေနတ်တစ်လက်ကို အမြှောက် တစ်လက်နှင့် လဲလှယ်သည့်အလားပင်။ ဤသည်က အမြဲတစေ အရှုံးမခံတတ်သော ခုံးဝူတောက်ကို ရှင်းပြ၍မရသော သနားစရာ ခံစားချက်တစ်ခုအား ဤအပေးအယူမှ ခံစားရစေသည်။ဤကောင်မလေး နန်ကုန်းရှင်းယွဲ့ကို သူ ရောင်းလိုက်လျှင်ပင်...သူမက သူ့အတွက် ပိုက်ဆံများကို မိုက်မဲစွာ ရေတွက်ပေးနေအုံးမည်ဟု သူ အမြဲတစေ ခံစားရသည်။"ခုံးဝူတောက်... နင် နိုးလာကတည်းက... တခြားသူတွေကို ဒီလိုလက်ဆောင်မျိုး ပေးဖူးလား"နန်ကုန်းရှင်းယွဲ့ ရုတ်တရက် အသံတိုးတိုးဖြင့် မေးမြန်းလေ၏။"တခြားသူကို ငါက ဘာလို့ သက်တန့်ဝတ်ရုံ ပေးရမှာလဲ"ခုံးဝူတောက် အလွန်ဇဝေဇဝါ ဖြစ်သွားသည်။သူ ယခင်က ကြုံတွေ့ခဲ့ရဖူးသော ထူးဆန်းသည့် အမျိုးသမီးများကို ကြည့်မည်ဆိုလျှင်....သူမတို့တွင် တန်ဖိုးရှိကြပြီး သူ၏ကိုယ်ပိုင် အကျိုးစီးပွားများကို အောင်မြင်ရန်အတွက် သူ၏ကိရိယာများအဖြစ် အသုံးပြုခံရသည်။ထိုသို့မဟုတ်ပါက သူမတို့သည် သူ့အပေါ် အကြံအစည် ရှိနေကြပြီး ဖီးနစ်၏အကိုင်းအခက်ပေါ် ပျံတက်ချင်နေသည့် ရစ်ငှက်တစ်ကောင်ဖြစ်ပြီး သူ၏ပေါ့ပေါ့ပါးပါး ရိုက်သတ်ခြင်းကို ခံခဲ့ရပေ၏။မိန်းမ တစ်ယောက်ကို ငါ့ရဲ့ ကိုယ်ပိုင် စိတ်ခံစားချက် ပါဝင်တဲ့ လက်ဆောင်တစ်ခု ပေးရမှာလား...လက်ရှိအချိန်တွင် ပြိုင်ဘက်တစ်ဦးအဖြစ် သူ အသိအမှတ်ပြုထားသော နန်ကုန်းရှင်းယွဲ့နှင့် သူ၏မိခင်မှလွဲ၍...တခြားမည်သည့်အမျိုးသမီးတွင်မျှ ဤကဲ့သို့ အရည်အချင်း ရှိမနေချေ။"အင်း... ငါ သိပြီ...""လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်... ငါ အရမ်းသဘောကျတယ်..."ထိုသို့ပြောဆိုနေရင်း နန်ကုန်းရှင်းယွဲ့သည် သူမ၏ မျက်နှာကို အင်မော်တယ် ငှက်မွေးသက်တန့်ဝတ်ရုံထဲသို့ မြှုပ်ထားလိုက်သဖြင့် သူမ၏မျက်နှာအမူအရာကို မြင်တွေ့ရန် မဖြစ်နိုင်တော့ချေ။သို့သော် နီရဲနေပြီဖြစ်သော သူမ၏နားရွက်အခြေများကို ကြည့်ရလျှင်...အနည်းဆုံးအနေဖြင့် သူမသည် ထိုအရာကို အမှန်တကယ် သဘောကျသည်ဟု ခုံးဝူတောက် ခံစားလိုက်ရသည်။မကြာသေးမီက မြေအောက်ကမ္ဘာကိုးထပ်သည် ယာယီငြိမ်းချမ်းမှုအတွင်းသို့ ကျရောက်သွားပေ၏။ဤနေရာသို့ ဆင်းသက်လာသော ပါရမီရှင်အများအပြားသည် သူတို့၏ကျင့်ကြံခြင်းကို အဆက်မပြတ် အရှိန်မြှင့်တင်ခဲ့ကြသည်။ဤသည်မှာ မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ ထွက်ပေါ်လာပြီးနောက် သူတို့အတွက် အခွင့်အရေးများ ပို၍ရရှိနိုင်ရန်အတွက်ပင်။အထူးသဖြင့် ဝမ်ယွဲ့ခန်းမဆောင် စားသောက်ပွဲတွင် ရှိနေခဲ့သူများ ဖြစ်ပေ၏။ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မျက်မြင်တွေ့ရှိခဲ့ရသော ရှေးဟောင်း ပါရမီရှင်များသည် အရာအားလုံးကို လျစ်လျူရှုကာ သူတို့၏စွမ်းအားကို စတင်၍ မြှင့်တင်လိုက်ကြသည်။မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် ရှေးဟောင်း ပါရမီရှင်စာရင်းတွင် ပါဝင်သည်။အကယ်၍ ခုံးဝူတောက်နှင့် ကွာဟချက် အလွန်ကြီးမားသွားပါက ဤသည်က သူတို့အတွက် အရှက်ရစရာ ကိစ္စတစ်ရပ် ဖြစ်လာပေလိမ့်မည်။သို့သော် တည်ရှိမှုတချို့သည် မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ မပွင့်မီကပင် ခုံးဝူတောက်ကို ပစ်မှတ်ထားသော ထောင်ချောက်များကို စတင်၍ ပြင်ဆင်နေလေပြီ။မြေအောက်ကမ္ဘာကိုးထပ်ရှိ ဝေးလံခေါင် သီသော တောင်တန်းတစ်ခု၌....ဟင်းလင်းပြင်လှိုင်းလုံးများ တွန့်လိမ်သွားကာ အနက်ရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော ပုံရိပ် နှစ်ခု ပေါ်လာခဲ့သည်။"ဟီး ဟီး... မော့ရှဲ့... မင်းလည်း အဲ့ဒီကောင် ခုံးဝူတောက်ကို အရမ်းမုန်းနေမယ်လို့ ငါ ထင်တယ်...""လူငယ်ပါရမီရှင်တွေက မကောင်းဆိုးဝါး အင်အားစုတွေရဲ့ ဖိနှိပ်မှုကိုခံရပြီးတော့ နှိမ့်ချခံရတာကို မြင်ရတာ ငါ့ရဲ့ သခင်လေးက မုန်းတယ်လို့ ပြောတယ်..."အနက်ရောင်ဝတ်ဆင်ထားသော တုတ်ခိုင်သန်မာသည့်ပုံရိပ်က သူ၏လက်ဖြင့် တစ်စုံတစ်ခုကို ပစ်ပေးလိုက်သည်။သိုလှောင်လက်စွပ်တစ်ကွင်းသည် မော့ရှဲ့၏လက်ထဲသို့ ချက်ချင်းဆိုသလိုပင် ကျရောက်သွားပေ၏။"အခု မင်းက နတ်ဘုရားဘုရင်နယ်ပယ်ကို ရောက်ရှိသွားပြီဆိုပေမယ့်... မင်းရဲ့ စွမ်းအားတွေက အရမ်းတိုးတက်လာပြီ...""ဒါပေမယ့် မင်းက အဲ့ဒီကောင် ခုံးဝူတောက်ကို လက်စားချေချင်တယ် ဆိုရင်တော့...နတ်ဘုရားဘုရင် နယ်ပယ် အဆင့်တစ်ရဲ့ ခွန်အားလေးလောက်က လုံးဝမလုံလောက်ဘူး...""ဒီသိုလှောင်လက်စွပ်ထဲက ကျင့်ကြံခြင်း အရင်းအမြစ်တွေက... နတ်ဘုရားဘုရင်နယ်ပယ် အဆင့်လေး ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်တဲ့ နယ်ပယ် ကို မင်း ချိုးဖျက်ဝင်ရောက်ဖို့ လုံလောက်တယ်..."မော့ရှဲ့သည် ထိုပုံရိပ်မှ ပစ်ပေးလိုက်သော သိုလှောင်လက်စွပ်ကို တည်ငြိမ်စွာ ဖမ်းယူလိုက်၏။ထိုသို့ဆိုသည့်တိုင် သူ၏ အေးစက်သော အကြည့်တွင် သတိထားမှုများ အပြည့်အဝ ရှိနေဆဲပင်။"ငါ့ကို ဘာလို့ ကူညီချင်ရတာလဲ...""ခုံးဝူတောက်ကို စော်ကားမိမှာ မကြောက်ဘူးလား..."မကြာသေးမီက ပုန်းအောင်းနေခဲ့ရသည့် နေ့ရက်များတွင်....အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ သေချာပေါက် နားလည်သွားခဲ့လေပြီ။ယခင်က သူ ရှိနေခဲ့သော မြေအောက်ကမ္ဘာခန်းမ သည် ဤဖြစ်ရပ် ဖြစ်ပွားသည့် ပထမဆုံး အချိန်အခိုက်အတန့်တွင် သူ့ကို ခပ်ခွာခွာ နေခဲ့ရုံသာမက...ဂိုဏ်းတစ်ဂိုဏ်းလုံးမှ မရေမတွက်နိုင်သောတပည့်များကို ခေါ်ဆောင်ပြီး...ခုံးဝူတောက်ထံသို့ သွားရောက်ဦးညွှတ်ကာ နေ့ရက်များစွာ ကြာသည်အထိ ခွင့်လွှတ်မှု တောင်းခံပြီးနောက်မှသာ သူ၏ခွင့်လွှတ်မှုကို အနိုင်နိုင် ရရှိခဲ့ကြ၏။ဤဖြစ်ရပ် အဆုံးသတ်ပြီးနောက်...မြေအောက်ကမ္ဘာခန်းမတစ်ခုလုံးကို မဆိုထားနှင့် တစ်ချိန်က သူနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သော ဂိုဏ်းတူညီအစ်ကိုများပင်လျှင်...ယခုအချိန်၌ သူ့ကို ရန်သူတော်ကြီးတစ်ယောက်ကဲ့သို့ ဆက်ဆံနေကြလေပြီ။မကြာသေးမီက သူတို့သည် သူ၏သဲလွန်စများကို ရူးသွပ်စွာ ရှာဖွေနေခဲ့ကြ၏။သူတို့ကို လွှတ်ပေးခဲ့သော ခုံးဝူတောက်၏ သနားညှာတာမှုအတွက် ကျေးဇူးဆပ်ရန် သူ့ရဲ့ ခေါင်းကို ဖြတ်လိုသည်ဟုပင် ပြောနေကြသည်။တစ်ချိန်က သူ၏ အချစ်ဆုံး ဂျူနီယာညီမလေးနှင့် ဂျူနီယာညီလေးပင်လျှင် ကြောက်မက်ဖွယ်အကောင်းဆုံး အကြွေးတောင်းသည့် အငြိုးကြီးတစ္ဆေများအဖြစ် ပြောင်းလဲသွားလေပြီ။ဤသည်က မော့ရှဲ့ကို ဝမ်းနည်းစေပြီး တစ်ချိန်တည်းမှာပင် သူကို ဒေါသထွက်စေခဲ့သည်။ခုံးဝူတောက်အပေါ် သူ၏ နာကြည်းချက်များ ပို၍ပို၍ ကြီးထွားလာပေ၏။ခုံးဝူတောက်သည် ဝတ္ထုဇာတ်လိုက်တစ်ယောက် ဖြစ်လာရန် သူ၏အိပ်မက်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်ရုံသာမက....သူ၏ မူလဘဝကိုလည်း ဆုံးရှုံးစေခဲ့ပြီး သူ့ထံ၌ ဘာမှမရှိတော့အောင် လုပ်​ဆောင်ခဲ့သည်။အကယ်၍ ဤရန်ငြိုးကို ပြန်မဆပ်ပါက သူသည် ကူးပြောင်းလာသူတစ်ဦးဖြစ်သော သူ၏ အထောက်အထားကို အလဟဿ ဖြစ်စေပေလိမ့်မည်။"ဟမ့်... ခုံးဝူတောက်နဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေ က အားကောင်းပေမယ့်... ဒီခေတ်ကြီးမှာ ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးကွယ်ချင်တယ်ဆိုတာက လေထဲမှာ တိုက်အိမ်ဆောက်တာပဲဆိုတာ သံသယဖြစ်ဖို့မလိုဘူး..."အရပ်ရှည်ရှည်ပုံရိပ်က လှောင်ပြောင်လိုက်ပြီး သူ၏ လေသံတွင် မထီမဲ့မြင်ပြုမှုများ ပို၍ပင် ပီပြင်ထင်ရှားနေသည်။"ငါ့ရဲ့ သခင်လေးမှာ အခြေချဖို့ အချိန်အလုံအလောက် ရှိနေသရွေ့... ခုံးဝူတောက်တောင်မှ ငါ့သခင်လေးရဲ့ ခြေထောက်အောက်မှာ သေချာပေါက် နင်းခြေခံရလိမ့်မယ်...""စိတ်ချပါ... မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ ပွင့်လာတဲ့အချိန်ကျရင် မင်းကို ငါတို့ ထပ်ပြီး ဆက်သွယ်ပါ့မယ်...""တကယ်လို့ မင်းက နောက်ပိုင်းကျရင် ခုံးဝူတောက်ကို ဝန်းရံတိုက်ခိုက်မှုမှာ မင်းရဲ့ ဒေါသကို တတ်နိုင်သမျှ ထွက်ပေါက်ပေးချင်တယ် ဆိုရင်... မင်းရဲ့ စွမ်းအားကို မြှင့်တင်ဖို့ ဒီအချိန်ကို အခွင့်ကောင်းယူတာ အကောင်းဆုံးပဲ..."ထိုစကားများ ကျရောက်လာပြီးနောက်...အရပ်ရှည်ရှည်ပုံရိပ်သည် ဆက်မနေတော့ဘဲ ဟင်းလင်းပြင်ကို ချက်ချင်းချိုးဖျက်ကာ ဤနေရာမှ ပျောက်ကွယ်သွားတော့သည်။"ခုံးဝူတောက်ကို ဝန်းရံတိုက်ခိုက်မှာလား...."မော့ရှဲ့သည်လည်း အရူးမဟုတ်ချေ။တစ်ဖက်လူ၏စကားများမှ တစ်စုံတစ်ခုကို သူ လျှင်မြန်စွာ သတိပြုမိသွားသည်။ဒါဆို ဆိုလိုတာက... မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ စတင်တဲ့အချိန်ကျရင် ခုံးဝူတောက်ကို တိုက်ခိုက်ဖို့ စွမ်းအားကြီးမားတဲ့ တည်ရှိမှုအများအပြားက ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးပြီပေါ့...ဤအကြောင်းကို တွေးမိသောအခါ....အေးစက်ပြီး ရက်စက်သောအရိပ်အယောင်တစ်ခုက မော့ရှဲ့၏မျက်လုံးများတွင် ထင်ဟပ်လာသည်။"ဟမ့်... အဲ့ဒီကောင် ခုံးဝူတောက်က သူ့ရဲ့ တရားလွန်မောက်မာမှုကြောင့် တခြား တည်ရှိမှု တွေရဲ့ မကျေနပ်မှုကို နှိုးဆွပြီးသား ဖြစ်ပုံရတယ်..."သူ၏အမြင်အရ ခုံးဝူတောက်သည် အားကောင်းသော်လည်း လက်နှစ်ဖက်ဖြင့် လက်လေးဖက်ကို အနိုင်မယူနိုင်သေးချေ။ယခုချိန်၌ တစ်စုံတစ်ယောက်က ခုံးဝူတောက်အပေါ် ဝန်းရံတိုက်ခိုက်မှု တစ်ခုကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေပြီဖြစ်ရာ....ဤသည်မှာ သူ၏လက်စားချေမှုအတွက် ကြီးမားသော အခွင့်အရေးတစ်ခုပင်။အရိုးလက်စွပ်ထဲတွင် ပုန်းအောင်းနေသော တမလွန်ကမ်းပါးနတ်ဆိုးမသည် အစောပိုင်းက မြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး သူမ၏ နှလုံးသားထဲတွင် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ခုံးဝူတောက်သည် သူမကို အလွန်ရိုးရှင်းခြင်း မရှိသော ခံစားချက်တစ်ခု ပေးစွမ်းခဲ့ပေ၏။ထိုကဲ့သို့သော အထွတ်အထိပ် ပါရမီရှင် တစ်ဦးကို ဖိနှိပ်လိုခြင်းသည်...အရေအတွက် အားသာချက်ကို အားကိုးရုံဖြင့် ရိုးရိုးရှင်းရှင်း အောင်မြင်နိုင်မည့် အရာမျိုး မဟုတ်ချေ။

All Chapters