← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း (၂၂၆) စွမ်းအားနဲ့ ရယူခဲ့တာကို ဘယ်လိုလုပ်ပြီး လုယက်တယ်လို့ ခေါ်လို့ရမှာလဲ

ထိုအသံ ကျရောက်သွားပြီးနောက်...ခုံးဝူတောက်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ကွေးတက်သွားပေ၏။မော့ရှဲ့အပေါ် ချန်ထားခဲ့သော နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားမှတစ်ဆင့် မကြာသေးမီက တစ်ဖက်လူ မည်သည့်အရာများကို လုပ်ဆောင်နေခဲ့သည်အား သူ အတိအကျ သိထားသည်။သူသည် တခြားရှေးဟောင်းပါရမီရှင်များ၏ စွမ်းအားကို တိုးမြှင့်ရန်နှင့် သူ့ကို သွယ်ဝိုက်၍ ထိန်းချုပ်ရန်အတွက် အခွင့်အရေးများ ရရှိစေရန် အမှန်တကယ် ကြိုးစားနေခဲ့ခြင်းပင်။ထိုအကြံအစည်နှင့် နည်းလမ်းများသည် အမှန်တကယ်ပင် ကောင်းမွန်ခဲ့သည်။သို့သော် ပြိုင်ဘက်၏ ထိုလှုပ်ရှားမှုသည် အလွန်အမင်း စိတ်ကူးယဉ်ဆန်လွန်းနေပေ၏။မည်သို့ပင်ဆိုစေကာမူ အကြွင်းမဲ့ ခွန်အား၏ရှေ့တွင် အကြံအစည်များအားလုံးသည် ထင်ယောင်ထင်မှားများမျှသာ ဖြစ်နေသည်။ထိုပုရွက်ဆိတ်များသည် ရှေးဟောင်း အမွေအနှစ်များကို ရရှိခဲ့လျှင်ပင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်မည် မဟုတ်ချေ။ဆန့်ကျင်ဘက်အနေဖြင့် မော့ရှဲ့၏ လုပ်ရပ်များသည် သူ၏ ကိုယ်ပိုင်အကျိုးအမြတ်များကိုသာ တိုးပွားစေပေလိမ့်မည်။မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင် အခွင့်အရေးများကို ရှာဖွေရန်အတွက် သူ အလုပ်ရှုပ်မခံနိုင်ခဲ့ချေ။သူသည် မော့ရှဲ့နှင့် တခြား ရှေးဟောင်းပါရမီရှင်များထံမှ ထိုအရာများကို လုယူနိုင်သည်။ထိုအကြောင်းကို စဉ်းစားကြည့်မည်ဆိုပါက မော့ရှဲ့သည် အမှန်တကယ်ကို ထူးချွန်ပေ၏။သူသည် အလကား အလုပ်လုပ်ပေးနေရုံသာမက သူ့အတွက် အလကား အလုပ်လုပ်ပေးရန် တခြားသူများကိုပင် သွေးထိုးပေးနေခဲ့သည်။ဤမျှထိ အသိဉာဏ်ရှိသော ကောင်းကင်ကံကြမ္မာ ရွေးချယ်ခံကို မြင်တွေ့ရရန် ရှားပါးလှသည်။ဤအလကားရရှိသော အလုပ်သမားများကို ရတနာတူးဖော်ရန်အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ခိုင်းထားကာ အချိန်ကျလာချိန်၌ သူသည် သူတို့ကို သွားရောက်လုယက်နိုင်ပေမည်။မဟုတ်ဘူး... အဲ့ဒါက မမှန်သေးဘူး... စွမ်းအားနဲ့ ရယူခဲ့တာကို ဘယ်လိုလုပ်ပြီး လုယက်တယ်လို့ ခေါ်လို့ရမှာလဲ...ရက်အနည်းငယ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပေ၏။ကောင်းကင်ကိုအန်တုသော ကံကြမ္မာရှိသည့် ပါရမီရှင် အများအပြားသည် ဤကာလအတွင်း အခွင့်အရေးများ သို့မဟုတ် ရှေးဟောင်း အမွေအနှစ်များကို ရရှိရန် ကံကောင်းခဲ့ကြသည်။အချိန်ခဏတာအတွင်း လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသော ပါရမီရှင် ကျင့်ကြံသူ အများအပြားသည် ထိုအကြောင်းကို ဆွေးနွေးနေခဲ့ကြ၏။"မင်းတို့ ကြားပြီးပြီလား... အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုရဲ့ ဆက်ခံသူက အထွတ်အထိပ် စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖန်တီးခဲ့တယ်လို့ ဆိုကြတဲ့ ပျောက်ဆုံးနေတဲ့ ထိပ်တန်း နတ်ဘုရားစွမ်းရည် တစ်ခုကို ရခဲ့တယ်တဲ့... သူ့ရဲ့ စွမ်းအားက ပိုပြီးတိုးတက်လာပြီ...""အဲ့ဒါက ဘာအရေးပါလို့လဲ... ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်က ကျန်းဝူကျီက သလင်းအနှစ်သာရကို ရသွားတယ်လေ...""လက်သည်းခွံလောက်ရှိတဲ့ သလင်းအနှစ်သာရ တစ်ပိုင်းက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို တိုးတက်လာစေနိုင်တယ်... ပြီးတော့ ကျန်းဝူကျီ ရသွားတဲ့ အပိုင်းက လက်ဝါးအရွယ်အစားလောက် ရှိတယ်...""ချူကျင်းရှန်းကလည်း မကြာသေးခင်ကမှ ရှေးဟောင်း အပျက်အစီးတစ်ခုထဲကနေ ထွက်လာပြီးတော့ ရှေးဦးခေတ်က အထူးရှေးဟောင်းအင်မော်တယ် ရတနာတစ်ခုကို ရခဲ့တယ်လို့ ငါ ကြားတယ်...""ချူကျင်းရှန်းက သွေးမျိုးဆက် အချုပ်အနှောင်တွေကို ချိုးဖျက်ခဲ့တဲ့ အထီးကျန်ရှေးဟောင်း မြင့်မြတ်ရုပ်ခန္ဓာကိုယ်ပိုင်ရှင်ပဲ... သူ့ရဲ့ ရုပ်ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းတယ်...""အခု ဒီလိုမျိုး ရှေးဟောင်း အင်မော်တယ်ရတနာနဲ့ ပေါင်းစပ်လိုက်တော့ သူက အဲ့ဒီမှာ ဒီအတိုင်း မတ်တတ်ရပ်နေရင်တောင် သာမန်သူတော်စင်တွေက သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် မလုပ်နိုင်မှာကို ငါ စိုးရိမ်တယ်..."မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အံ့အားတသင့် ဆွေးနွေးနေကြကာ သူတို့၏ စိတ်နှလုံးသားထဲတွင် ပို၍ပို၍ စိတ်ပျက်အားငယ်မှုနှင့် ခါးသီးမှုတို့ကို ခံစားလိုက်ကြရသည်။ထိုလူများအားလုံးသည် မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားပြီးဖြစ်သော ဧကရာဇ်ခုနစ်ပါးဂိုဏ်းများမှ ရှေးဟောင်းပါရမီရှင်များပင်။ထိုသို့ဆိုသည့်တိုင် သူတို့အပေါ်သို့ ကြီးမားသော ကံကြမ္မာများ အပ်နှင်းခံခဲ့ရသည်။ထိုကဲ့သို့ ကောင်းကင်ကိုအန်တုသော အခွင့်အရေးများကို ကြီးမားသော ကံကြမ္မာဖြင့် ရရှိပြီးနောက် သူတို့၏စွမ်းအားများသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့ပေ၏။တစ်ဖက်လူများကို ယှဉ်ပြိုင်ရန်အတွက် သူတို့တွင် မည်သည့် အရည်အချင်းများ ရှိနေသနည်း။သို့သော် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူတို့၏ အာရုံစိုက်မှုသည် တခြားကိစ္စတစ်ခုဆီသို့ ဆွဲဆောင်ခံလိုက်ရသည်။"မကြာသေးခင်က အဲ့ဒီအကြောင်းကို မင်း ကြားပြီးပြီ မဟုတ်လား... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က သတ်ဖြတ်ဖို့ကို ရူးသွပ်သွားပုံရတယ်...""အဲ့ဒါက အမှန်ပဲ... ဒီရက်အနည်းငယ်အတွင်းမှာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုရဲ့ ပါရမီရှင် အနည်းဆုံး တစ်ထောင်လောက်ကို သတ်ပြီးသွားပြီ...""တခြားပါရမီရှင်တွေက အခွင့်အရေးတွေကို အသည်းအသန် ရှာဖွေနေကြပေမယ့် နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကတော့ တခြားစီပဲ... သူက အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုရဲ့ ပါရမီရှင်တွေကို နေရာအနှံ့မှာ လိုက်လံသတ်ဖြတ်နေတယ်...""ကျန်နေတဲ့ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုရဲ့ ပါရမီရှင်တွေက သေမတတ် ကြောက်နေကြပြီလို့ ငါ ကြားတယ်... သူတို့က အခွင့်အရေးတွေကိုတောင် မရှာရဲကြတော့ဘဲ မြေကြွက်တွေလိုပဲ အသက်ရှင်ဖို့အတွက် မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေရဲ့ ထောင့်တစ်နေရာရာမှာ ပုန်းအောင်းနေရဲကြတော့တယ်...""လုံအောင်းယွီကလည်း ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ရခဲ့ပြီးတော့ အခု လောလောဆယ်မှာ တံခါးပိတ်ကျင့်ကြံနေတယ်လို့ ငါ ကြားထားတယ်... သူ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီးတော့ သူ့ရဲ့ မျိုးနွယ်ဝင်တွေ အများကြီး သေဆုံးသွားတာကို သိရင် သူ အရမ်းဒေါသထွက်သွားမှာကို ငါ စိုးရိမ်မိတယ်..."လူတိုင်းသည် ဤကိစ္စကို ပြင်းထန်စွာ ဆွေးနွေးနေကြစဉ် ခုံးဝူတောက်အပေါ် သူတို့၏ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများသည် ပို၍ပင်နက်ရှိုင်းလာသည်။ဤအရာမှတစ်ဆင့် ခုံးဝူတောက်၏ စရိုက်လက္ခဏာ၏ တခြားသွင်ပြင်တစ်ခုကို သူတို့ လေ့လာသိရှိခဲ့ရသည်ဟု ယူဆနိုင်ပေ၏။သူသည် အလွန်အမင်း စွမ်းအားကြီးမားရုံသာမက သူသည် လက်စားချေလိုစိတ် အလွန်ပြင်းထန်သည်။လူတိုင်းသည် ငတုံးငအများ မဟုတ်ချေ။ခုံးဝူတောက်သည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင်များကို ဤကဲ့သို့ လိုက်လံသတ်ဖြတ်နေခြင်းက ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးအတွက် ရှေ့ထွက်ပေးနေခြင်းဖြစ်သည်မှာ သံသယဝင်စရာ မလိုပေ။ကောလာဟလ အမျိုးမျိုးမှတစ်ဆင့် ဝမ်ယွဲ့ခန်းမဆောင်တွင် ဖြစ်ပျက်ခဲ့သောအရာများကို လူတိုင်း ရှင်းလင်းစွာ သိထားကြ၏။လုံအောင်းယွီသည် အဆင်အခြင်မဲ့စွာဖြင့် ခုံးဝူတောက်၏ ရင်းနှီးသော သူငယ်ချင်းဖြစ်သည်ဟု သံသယရှိရသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကို စော်ကားခဲ့သောကြောင့်သာ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ ပါရမီရှင်များ ဤကဲ့သို့ ဘေးဒုက္ခတစ်ခုကို ခံစားခဲ့ရခြင်းပင်။ဤသည်က မရေမတွက်နိုင်သော လူများ၏ စိတ်နှလုံးသားထဲသို့ နောက်ထပ် ထိတွေ့၍မရနိုင်သော တားမြစ်ချက်တစ်ခုကို ထပ်မံ၍ ပေါင်းထည့်လိုက်၏။ခုံးဝူတောက်ကို ရန်စ၍ မရနိုင်ချေ။ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကိုလည်း ရန်စ၍ မရနိုင်ပေ။ထိုကဲ့သို့ လက်စားချေတတ်ပြီး ရုန်ရင်းကြမ်းတမ်းသော နတ်ဘုရားသားတော်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။တခြားနေရာများတွင် ခရီးသွားလာကာ စူးစမ်းရှာဖွေနေသော နန်ကုန်းရှင်းယွဲ့သည် ကျင့်ကြံသူ အများအပြားမှ ပျံ့နှံ့လာသော ကောလာဟလများကို ကြားသိခဲ့ရသည်။အပြင်လူများသည် ခုံးဝူတောက်နှင့် သူမ၏ ဆက်ဆံရေးအပေါ် အထင်လွဲမှားမှုများ ရှိနေကြပြီး သူတို့ကို တာအိုလက်တွဲဖော် စုံတွဲတစ်တွဲအဖြစ်ပင် တွေးထင်နေကြသည်။ သို့ရာတွင် နန်ကုန်းရှင်းယွဲ့သည် စော်ကားခံရသည်ဟု မခံစားရရုံသာမက သူမ၏ စိတ်နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်သော စိတ်ကျေနပ်မှုတစ်ခုကိုလည်း ခံစားလိုက်ရပေ၏။သူမ၏ နှုတ်ခမ်းထောင့်များသည် အရာအားလုံးကို အရောင်အသွေး ကင်းမဲ့သွားစေသည့် ရင်သပ်ရှုမောဖွယ်ကောင်းသော အပြုံးတစ်ခုကိုပင် ဖော်ပြခြင်းမပြုဘဲ မနေနိုင်ခဲ့ချေ။သူမ၏နောက်သို့ လိုက်ပါလာသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဧကရာဇ် သားတော်သမီးတော်အနည်းငယ်သည် အချင်းချင်း ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။သူတို့၏ အေးစက်ပြီး လှပသော နတ်ဘုရားမသည် ဇနီးသည်တစ်ဦး၏ အမူအရာကို မည်သည်ကြောင့် ရုတ်တရက် ထုတ်ဖော်ပြသလိုက်သနည်း...သို့သော် မကြာမီမှာပင် သူတို့အားလုံးသည် အဓိပ္ပာယ်ပါပြီး သိနားလည်သည့် အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြ၏။နန်ကုန်းရှင်းယွဲ့နှင့်အတူ ရက်အနည်းငယ် လေ့ကျင့်ပြီးနောက် သူမ၏ အဆင့်အတန်းနှင့် စွမ်းအားကို သူတို့ နားလည်လာခဲ့ကြသည်။ရက်အနည်းငယ်က သူတို့သည် နတ်ဘုရားဘုရင်နယ်ပယ် ရှေးဟောင်းဆန်းကြယ်သားရဲ ဆယ်ကောင်ကျော်နှင့် ကြုံတွေ့ခဲ့ရသည်။ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားမည်ဟု သူတို့ ထင်မှတ်ခဲ့ကြသော်လည်း နန်ကုန်းရှင်းယွဲ့က လှုပ်ရှားမှုတစ်ခုသာ အသုံးပြုခဲ့သည်။ထိုနတ်ဘုရားဘုရင်နယ်ပယ် ရှေးဟောင်းဆန်းကြယ်သားရဲ ဆယ်ကောင်ကျော်သည် ချက်ချင်းဆိုသလိုပင် ခေါင်းဖြတ်ခံလိုက်ရ၏။ထိုသားရဲများ၏ မူလဘူတ နတ်ဘုရားစိတ်ဝိညာဉ်ပင်လျှင် နန်ကုန်းရှင်းယွဲ့၏ လုံးလုံးလျားလျား ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ထိုကဲ့သို့ စွမ်းအားကြီးမားသော ခွန်အားသည် သူတို့၏နတ်ဘုရားသားတော်အရှင်အောက် အနည်းငယ်မျှ မလျော့နည်းချေ။အကယ်၍ သူတို့၏ နတ်ဘုရားသားတော်တွင် အနာဂတ်၌ သူ အမှန်တကယ် ယုံကြည်အပ်နှံနိုင်ပြီး အဖော်ပြုနိုင်မည့်သူတစ်ဦး ရှိလာမည်ဆိုပါက နန်ကုန်းရှင်းယွဲ့အတွက် နေရာတစ်ခု ရှိလာရန် သူတို့ အလွန်အမင်း မျှော်လင့်မိကြသည်။တစ်ချိန်တည်းမှာပင် မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေရှိ ရှေးဟောင်း အမွေအနှစ်နေရာတစ်ခုတွင်...ဥပဒေသများ တလိမ့်လိမ့်ထနေပြီး နတ်ဘုရား အလင်းတန်းများ ရစ်သိုင်းလွှမ်းခြုံနေသည်။ဤသည်မှာ မိုင်ထောင်နှင့်ချီသော ဧရိယာအတွင်းရှိ ဥပဒေသ အရှိန်အဝါသည် ဆွဲငင်ခံရပြီး ဤနေရာဆီသို့ လျှင်မြန်စွာ စုစည်းလာနေသည့်အလားပင်။ရှေးဟောင်းအမွေအနှစ်နေရာ၏ အပြင်ဘက်တွင် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင် အများအပြားသည် အားအင်ကုန်ခမ်းနေကြခြင်း သို့မဟုတ် လက်များ ခြေထောက်များ ပြတ်တောက်ခြင်းတို့ ဖြစ်နေကြကာ အလွန်အမင်း မျှော်လင့်ချက်မဲ့စွာဖြင့် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ကြ၏။ဤရက်များအတွင်း သူတို့သည် ခုံးဝူတောက်၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို လုံလောက်အောင် ခံခဲ့ရပြီးဖြစ်သည်။ဤနေရာသို့ ဝင်ရောက်လာသော သူတို့၏ မျိုးနွယ်ဝင် အများအပြား သေဆုံးခဲ့ရုံသာမက သူတို့သည် အချိန်တိုင်း ပုန်းအောင်းနေခဲ့ကြရသည်။ယောင်မျိုးနွယ်စု၏ ရှေးဟောင်းအင်အားစုတစ်ခုနှင့် ဧကရာဇ်ခုနစ်ပါးဂိုဏ်းများ၏ အမွေဆက်ခံသူများအနေဖြင့် သူတို့သည် မရေမတွက်နိုင်သော လူများ မော့ကြည့်ရသည့် မြင့်မားသောနေရာတွင် အမြဲတစေ ရှိနေခဲ့သည်။သို့သော် ယခုအချိန်တွင် သူတို့သည် ခုံးဝူတောက်၏ ရိုက်နှက်ခြင်းကို လမ်းဘေးကြွက်များအလား ခံခဲ့ရပြီး သူ ရှာဖွေတွေ့ရှိကာ သတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့ရင်း ထိတ်လန့်စွာ အသက်ရှင်နေရတော့သည်။ယခုချိန်၌ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ လုံအောင်းယွီ တံခါးပိတ်ကနေ ထွက်လာပြီး ခုံးဝူတောက်အား ပြန်လည်တိုက်ခိုက်ရန်အတွက် သူတို့ကို ဦးဆောင်ပေးရန်အား စောင့်ဆိုင်းရန်ပင်။သို့သော် သူတို့ မသိခဲ့သောအရာမှာ ဤအရာများအားလုံး၏ ရလဒ်သည် အချိန်အတော်ကြာကတည်းက သတ်မှတ်ထားပြီး ဖြစ်နေခဲ့ခြင်းပင်။ခုံးဝူတောက်နှင့် ရန်သူများဖြစ်ရန် သူတို့ ရွေးချယ်ခဲ့သည့် အချိန်အခိုက်အတန့်မှစ၍ သူတို့အတွက် သေလမ်းတစ်ခုသာ ရှိတော့သည်။

All Chapters