← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း (၂၂၈) အရေးမပါတဲ့ ငါးရှဉ့်လေးတစ်ကောင်က ဒီလောက်ထိ မောက်မာထောင်လွှားတဲ့ စကားတွေကို ပြောရဲတာလား

ဤစကားကို ကြားလိုက်ရသောအခါ ခုံးဝူတောက်၏ မျက်နှာအမူအရာ အချိန်တခဏမျှ အေးခဲတောင့်တင်းသွားပေ၏။ နန်ကုန်းရှင်းယွဲ့က လှုပ်ရှားချင်နေတာလား...သူ၏ မျက်လုံးများတွင် လုံအောင်းယွီသည် ရှေးဟောင်း အမွေအနှစ်တစ်ခုကို ရရှိခဲ့လျှင်ပင် အသေးအဖွဲ ကောင်လေးတစ် ယောက်သာ ဖြစ်နေသေးသည်။သူသည် နန်ကုန်းရှင်းယွဲ့၏ ပြိုင်ဘက် ဖြစ်လာရန် လုံးလုံးလျားလျား မဖြစ်နိုင်ချေ။သေချာသည်မှာ သူသည် နန်ကုန်းရှင်းယွဲ့ကို လှုပ်ရှားခွင့်ပြုမည် မဟုတ်ချေ။ လုံအောင်းယွီကို မြေကြီးပေါ်တွင် ဖိထားပြီး မြေကြီးထဲသို့ ပွတ်ဆွဲရန် သူ အလိုရှိနေသည်ကို ထည့်ပြောရန်ပင် မလိုတော့ပေ။ ထို့ပြင် အစမှအဆုံးထိ လုံအောင်းယွီ စိန်ခေါ်ခဲ့သောလူသည် သူသာလျှင် ဖြစ်ပေ၏။အကယ်၍ နန်ကုန်းရှင်းယွဲ့သာ လှုပ်ရှားခဲ့မည်ဆိုပါက ဤကိစ္စကို မကောင်းသော ရည်ရွယ်ချက်ရှိသူများက အခွင့်ကောင်းယူသွားနိုင်သည်။"ဒီကောင်မလေးကတော့..." ခုံးဝူတောက်သည် ခပ်သဲ့သဲ့ ရယ်မောပြီး ခေါင်းခါယမ်းလိုက်သည်။နန်ကုန်းရှင်းယွဲ့၏ စိတ်ထဲတွင် မည်သည့်အရာ ရှိနေသည်ကို သူ သဘာဝကျကျ နားလည်ပေ၏။ဤကောင်စုတ် လုံအောင်းယွီက သူ့ကို စော်ကားခဲ့သည်ဟု သူမ ခံစားရသောကြောင့်သာ ဖြစ်သည်။သူမက သူ့အတွက် 'ရှေ့ထွက်'ပေးရန် ထိုကောင်ကို သတ်ချင်နေသည်။နောက်ပိုင်းတွင် လားတစ်ကောင်ကဲ့သို့ ခေါင်းမာသော နန်ကုန်းရှင်းယွဲ့အား နောက်ဆုံးတွင် အရှုံးပေးပြီး ဤကိစ္စတွင် ဝင်မပါရန် ဆုံးဖြတ်လာစေရန်အတွက် ခုံးဝူတောက်သည် အတော်လေး 'နှစ်သိမ့်' ပေးခဲ့ရသည်။ သေချာသည်မှာ ဤသည်က နန်ကုန်းရှင်းယွဲ့၏ ဒေါသ လျော့ကျသွားသည်ဟု မဆိုလိုခြင်းပင်။ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ ဒေါသများကြားတွင် သူမသည် လုံအောင်းယွီနှင့် ရင်းနှီးသော ယောင်မျိုးနွယ်စု ပါရမီရှင် ထက်ဝက်ကျော်ကို တိုက်ရိုက်သုတ်သင်ဖယ်ရှားခဲ့သည်။နှစ်ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပေ၏။မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ၏ အမြင့်ဆုံး တောင်ထိပ်ဖြစ်သော ကောင်းကင်ကျဆင်းခြင်း ချောက်ကမ်းပါး၌....ထိုနေရာတွင် လူများ ပြည့်နှက်နေပြီး အရပ်မျက်နှာအဘက်ဘက်၌ လူအုပ်ကြီးများ ရှိနေလေပြီ။သူတို့အားလုံးသည် ဤအထွတ်အထိပ် ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဆွဲဆောင်ခံခဲ့ရသော ကျင့်ကြံသူများပင်။ရှေးဟောင်း ပါရမီရှင် အများအပြားပင်လျှင် ယနေ့၌ အခွင့်အရေးများကို ရှာဖွေခြင်းကို စွန့်လွှတ်ကာ ဤနေရာသို့ လာရောက်ကြည့်ရှုရန် ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ထိပ်တန်း ရှေးဟောင်း ပါရမီရှင်နှစ်ဦးပင်။ အကယ်၍ သူတို့သာ ကံကောင်းမည်ဆိုပါက ဤထိပ်တိုက်တွေ့ဆုံမှုမှ ထိုးထွင်းသိမြင်မှု တချို့ကိုပင် သူတို့ ရရှိနိုင်ပေလိမ့်မည်။လူတိုင်း အသက်ရှူအောင့်ကာ စောင့်ဆိုင်းနေကြစဉ်မှာပင်...ဝုန်း...ဤအချိန်အခိုက်အတန့်၌...မိုးကုတ်စက်ဝိုင်း၏ တခြားတစ်ဖက်ရှိ ကောင်းကင်ယံတွင်.. တလိမ့်လိမ့်ထနေသော နဂါးချီစွမ်းအင်များ ပျံ့နှံ့လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက လောကကြီး၏ အရောင်အသွေးကို အနည်းငယ် မှိန်ပျပျ ဖြစ်သွားစေခဲ့၏။"လုံအောင်းယွီ ရောက်လာပြီ..." အော်ဟစ်သံတစ်သံ ကျရောက်လာသည်နှင့်အတူ...နဂါးချီစွမ်းအင်များ စုစည်းမှုမှ ဖြစ်ပေါ်လာသော ဥပဒေသ သမုဒ္ဒရာထဲမှ လူငယ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ရွှေရောင် နဂါးအကြေးခွံများတွင် အဆုံးအစမရှိသော တောက်ပသည့် တာအို စည်းချက်များဖြင့် စီးဆင်းနေပြီး သူ၏ အရှိန်အဝါသည် တောက်ပသော ရွှေရောင်နေမင်းတစ်စင်းအလား အလွန်အမင်း စွမ်းအားကြီးမားလှ၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် တလိမ့်လိမ့်ထနေပြီး လွင့်မျောနေသော ဥပဒေသ မြူခိုးများသည် သူ၏ အစစ်အမှန်ပုံစံကို ဖုံးကွယ်ထားသဖြင့် သူ၏ အတိအကျ အသွင်အပြင်ကို မြင်တွေ့ရန် မဖြစ်နိုင်ချေ။သို့သော် သူ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင်...ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ကျဆင်းလာပြီး အောက်ဘက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဦးညွှတ်အရိုအသေပြုချင်စိတ်အား ပေါက်ဖွားလာစေသည်။ သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သူ့ကို ရစ်ပတ်နေသော နဂါးချီစွမ်းအင်များသည် အဆုံးအစမရှိသော လျှို့ဝှက်ချက်များအဖြစ်သို့ အသွင်ပြောင်းသွားကာ ဧရာမ ကြယ်များ ကျဆင်းခြင်းနှင့် တောင်များနှင့်မြစ်များ ပြိုကျခြင်း၏ သရုပ်ထင်ဟပ်ခြင်းများ ပါဝင်နေသည်။ ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသည့် ရှေးဟောင်း ပါရမီရှင်များပင်လျှင် အလွန်အမင်း သုန်မှုန်သော မျက်နှာအမူအရာများ ရှိနေကြပြီး ကြောက်ရွံ့မှု ခံစားချက်တစ်ခုက သူတို့၏ စိတ်နှလုံးသားထဲတွင် အထိန်းအကွပ်မဲ့စွာ မြင့်တက်လာပေ၏။နတ်ဘုရားဘုရင်နယ်ပယ် ပဉ္စမအဆင့်...လုံအောင်းယွီ၏ကျင့်ကြံခြင်းသည် နောက်တစ်ကြိမ် တိုးတက်လာခဲ့ရုံသာမက သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ယခင်ကနှင့် လုံးလုံးလျားလျား ကွာခြားနေသည်။ရှေးဟောင်း ပါရမီရှင် အများအပြားသည် သူတို့၏ စိတ်နှလုံးသားထဲတွင် ထိတ်လန့်မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ အကယ်၍ သူတို့သာ လက်ရှိ လုံအောင်းယွီကို ရင်ဆိုင်ရမည်ဆိုပါက သူတို့သည် သူ၏ပြိုင်ဘက် မည်သို့မျှ မဖြစ်နိုင်ချေ။မွေးရာပါသက်ရှိ၏ ရှေးဟောင်း အမွေအနှစ်သည် သာလွန်ထူးကဲကြောင်း သိသာထင်ရှားပေ၏။ထိုအမွေအနှစ်က လုံအောင်းယွီ၏စွမ်းအားကို ဤမျှအဆင့်အထိ မြှင့်တင်ပေးနိုင်ခဲ့သည်။မရေမတွက်နိုင်သော ကျင့်ကြံသူများထံတွင် နှလုံးတုန်လှုပ်မှုနှင့် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။ "လုံအောင်းယွီက ရှေးဟောင်းနဂါး စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားရုံတင်မကဘူး အသန့်စင်ဆုံး ခြေသည်းကိုးချောင်း ရွှေနဂါးမျိုးနွယ်စု သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားတယ်... ပြီးတော့ သူ့ရဲ့ ရုပ်ခန္ဓာကိုယ် ခွန်အားက ထိပ်တန်း မဟာတာအို မြင့်မြတ်ရုပ်ခန္ဓာကိုယ်တစ်ခုနဲ့တောင် နှိုင်းယှဉ်လို့ရတယ်..." "အခု သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ စွမ်းအားက အရမ်းတိုးတက်လာပြီဆိုတော့ ဒီတိုက်ပွဲရဲ့ ရလဒ်က မသေချာတော့ဘူးလို့ ငါ ထင်တယ်..." "အမှန်ပဲ... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကလည်း အရမ်းသန်မာပေမယ့် လက်ရှိ လုံအောင်းယွီကို ဆန့်ကျင်တဲ့နေရာမှာ ဘယ်သူက ပိုသန်မာပြီး ဘယ်သူက ပိုအားနည်းတယ်ဆိုတာကို ပြောဖို့ ခက်တယ်..." စောင့်ကြည့်နေသူ အများအပြားသည် အံ့အားသင့်စွာ ဆွေးနွေးနေကြစဉ်...သူတို့သည် ထိုနှစ်ဦးကြားရှိ ထိပ်တိုက်တွေ့ဆုံမှုကို ပို၍ပင် မျှော်လင့်နေကြ၏။လုံအောင်းယွီ ဦးစွာဆင်းသက်လာသည်နှင့်အတူ...ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်အမင်း တိတ်ဆိတ်ခြင်းသို့ ကျရောက်သွားသည်။လုံအောင်းယွီသည် သူ၏လက်များကို နောက်ပစ်၍ ကောင်းကင်ယံအထက်တွင် မတ်တတ်ရပ်နေသည်။ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်ပြီးနောက် ခုံးဝူတောက်၏ပုံရိပ်ကို မတွေ့ရသောအခါ....လုံအောင်းယွီသည် သရော်တော်တော်အပြုံးတစ်ခုဖြင့် သူ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး သူ၏ အသံသည် ကောင်းကင်ကိုးထပ်နှင့် မြေကြီးဆယ်ထပ်တခွင်လုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။ "ခုံးဝူတောက်... ငါ ရောက်လာပြီ... မင်းက ဘာလို့ မပေါ်လာသေးတာလဲ..." "မင်းက သတ္တိကြောင်ပြီး တိုက်ခိုက်ရမှာကို ကြောက်လို့ မျက်နှာမပြရဲတော့တာများလား..." အေးစက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အသံသည် တလိမ့်လိမ့်ထနေသော မိုးကြိုးတစ်စင်းအလား ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ပေါက်ကွဲထွက်သွားသည်။ ဤသည်က စောင့်ကြည့်နေသော ကျင့်ကြံသူများကို ပို၍ပင် ထိတ်လန့်ပြီး မှင်သက်သွားစေခဲ့သည်။လုံအောင်းယွီ၏ စကားများတွင် မောက်မာမှုနှင့် ရက်စက်မှုများ ပြည့်နှက်နေပေ၏။ဤသည်မှာ တစ်ဖက်လူသည် မည်သည့် နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြုခဲ့ကြောင်း သိသာထင်ရှားကာ သူ၏ ကိုယ်ပိုင် သွေးချီစွမ်းအားကိုသာ အသုံးပြု၍ အော်ဟစ်လိုက်သော အသံပင်။ဤအသံက လက်ရှိနေရာရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို အူဝေသွားစေပြီး သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ အက်ကွဲလုမတတ် ဖြစ်သွားစေသည်။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအားသည် သာမန်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများထက်ပင် များစွာပို၍ ကျော်လွန်နေလေပြီ။ခရက်...ဤအချိန်အခိုက်အတန့်တွင် လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာမှ အက်ကွဲပြီး ပြိုကျသွားသော မြည်ဟီးသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာပေ၏။ လူတိုင်းသည် ထိုကသောင်းကနင်းဖြစ်ရပ် ဖြစ်ပေါ်သောနေရာဆီသို့ မသိစိတ်အရ ကြည့်လိုက်ကြသည်။သူတို့၏မျက်လုံးသူငယ်အိမ်များအားလုံး ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။လုံအောင်းယွီ၏ ခေါင်းပေါ်ရှိ ကောင်းကင်ယံသည် မှန်တစ်ချပ်အလား ရုတ်တရက် အက်ကွဲသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသလှိုင်းလုံးတစ်ခုသည် ရေလျှံကျလာသော ကောင်းကင်မြစ်တစ်ခုအလား ရိုက်ခတ်လာပေ၏။အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုသည် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးအလား ကြီးကျယ်ခမ်းနားစွာ ဆင်းသက်လာပြီးနောက် လက်ဝါးတစ်ချက်ကို အလွန်ပေါ့ပေါ့ပါးပါး ရိုက်နှက်လိုက်သည်။ ဝုန်း...ဖရိုဖရဲအလင်းတန်းများ မြင့်တက်လာပြီး စုစည်းသွားကာ ကောင်းကင်ကို ဖုံးလွှမ်းနိုင်သော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ်သို့ ချက်ချင်း အသွင်ပြောင်းသွားပြီး အောက်ဘက်ရှိ လုံအောင်းယွီဆီသို့ ရုတ်တရက် ရိုက်ချလိုက်သည်။ဤရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကို မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။လုံအောင်းယွီသည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘဲ ဤကောင်းကင်ကို ဖုံးလွှမ်းနိုင်သော လက်ဝါးပုံရိပ်ယောင်၏ ရိုက်ခတ်ခြင်းကို ချက်ချင်းခံလိုက်ရသည်။ သေမျိုးကမ္ဘာထဲသို့ ကျဆင်းလာသော ကြယ်ပျံတစ်ခုအလား လက်ဝါးပုံရိပ်ယောင်ကြီး၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို သူ ခံလိုက်ရပြီး အောက်ဘက်ရှိ ကြီးမားသော နေရာတဝိုက်ကို အမှုန်အမွှားများအဖြစ်သို့ ခြေမွှဖျက်ဆီးလိုက်၏။ "အရေးမပါတဲ့ ငါးရှဉ့်လေးတစ်ကောင်က ဒီလောက်ထိ မောက်မာတဲ့ စကားတွေကို ပြောရဲတာလား..." ခုံးဝူတောက်၏အသံသည် အေးစက်ပြီး တည်ငြိမ်နေသော်လည်း ထိုအရာက ခုခံ၍မရနိုင်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါတစ်ရပ်ကို သယ်ဆောင်ထားသည်။ သူ ရောက်ရှိလာသည်နှင့်အတူ တိမ်လွှာများသည် ပြိုကျပြီး ပျောက်ကွယ်သွားကာ ကောင်းကင်အလင်းတန်းများ ကျဆင်းလာပြီး ကမ္ဘာကြီးသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် အတိအကျ တူညီနေသည်။ခုံးဝူတောက်သည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်း မရှိခဲ့ချေ။သူ၏လက်ကိုမြှောက်ပြီး ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ အဆုံးအစမရှိသော မဟာတာအို အက္ခရာများ မြင့်တက်လာကာ လောကကြီးကို ဖျက်ဆီးမည့် မိုးသက်မုန်တိုင်းတစ်ခုအလား ထူထပ်သိပ်သည်းနေ၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံများ၏ မှော်ကျမ်းစာအသံများကဲ့သို့ ရွတ်ဆိုသံတစ်သံ ပဲ့တင်ထပ်လာပြီး ကျော်လွှားရန် မဖြစ်နိုင်သည့် ကျယ်ပြန့်သော စွမ်းအားများထွက်ပေါ်လာသည်။ အဆုံးအစမရှိသော ဥပဒေသ အက္ခရာများ စုစည်းသွားကာ လောကကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသည့် ဥပဒေသ ရေစီးကြောင်းများအဖြစ်သို့ ချက်ချင်း အသွင်ပြောင်းသွားပြီး လေဟာနယ်ကို အက်ကွဲစေကာ လုံအောင်းယွီ၏ ဦးတည်ရာဆီသို့ ရုတ်တရက် တလိမ့်လိမ့် ဝင်ရောက်သွားတော့သည်။"အခြေအနေ မကောင်းဘူး... နတ်ဘုရားသားတော်အရှင်ခုံးဝူတောက်က လှုပ်ရှားလိုက်ပြီ..." "မြန်မြန်... စွမ်းအားဂယက်ရိုက်ခတ်မှုကို ခုခံဖို့ ကာကွယ်ရေး နတ်ဘုရားစွမ်းရည်တွေကို သုံးကြ..." အလျှင်အမြန်တုံ့ပြန်နိုင်သော ကျင့်ကြံသူများသည် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။သူတို့သည် စောင့်ကြည့်နေသူများသာ ဖြစ်လျှင်ပင်...ခုံးဝူတောက်ထံမှ ဤပေါ့ပေါ့ပါးပါး ရိုက်ချက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူတို့ ခံစားနိုင်ကြသည်။သူတို့သည် တိုက်ပွဲမြေပြင်၏ ဗဟိုချက်မှ အလွန်ဝေးကွာနေလျှင်ပင် အကယ်၍ သူတို့သာ ထိုနောက်ဆက်တွဲစွမ်းအားကို ပိတ်ဆို့ရန် ကာကွယ်ရေး နတ်ဘုရားစွမ်းရည်များကို ကြိုတင်အသုံးမပြုခဲ့ပါက...သူတို့သည် စွမ်းအင်လှိုင်းလုံး၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကို သေချာပေါက် ခံရပေလိမ့်မည်။ကျင့်ကြံသူအများအပြား လှုပ်ရှားလိုက်သည်နှင့် တစ်ချိန်တည်းမှာပင်...ဝုန်း...တိုက်ပွဲမြေပြင်၏ဗဟိုချက်တွင် ဧရာမ နေမင်းကြီးတစ်စင်း ကျဆင်းသွားသည့်အလား ကောင်းကင်ယံသို့ ပျံ့လွင့်သွားသော စွမ်းအင်လှိုင်းလုံးသည် ကောင်းကင်ကန့်လန့်ကာနှင့် ချိတ်ဆက်သွားသည့်အလားဖြစ်ပြီး ကြီးမားသော နေရာတဝိုက်ကို ဖျက်ဆီးလိုက်သည်။သူတို့သည် ကြိုတင်ပြင်ဆင်ထားခဲ့သည့်တိုင်...သူတို့၏ အစွမ်းကုန် အသုံးပြုကာ ဖန်တီးထားသော ကာကွယ်ရေး နတ်ဘုရားစွမ်းရည်များသည် အနည်းငယ်မျှ တောင့်ခံနိုင်ခြင်း မရှိတော့ချေ။ထိုအရာများသည် စက္ကူစများအလား ချက်ချင်းအက်ကွဲသွားပြီး ကောင်းကင်ယံတခွင်လုံး၌ အလင်းမှုန်များအဖြစ်သို့ အသွင်ပြောင်းသွားပေ၏။ လူအများအပြားသည် ပျံ့နှံ့နေသော ဥပဒေသ မုန်တိုင်းကြောင့် လွင့်စင်မသွားမီ အော်ဟစ်ရန်ပင် အခွင့်အရေး မရခဲ့ကြချေ။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သစ်ရွက်ခြောက်များအလား ဖြစ်နေပြီး စွမ်းအင်မုန်တိုင်းကြောင့် မည်သည့်နေရာသို့ လွင့်စင်သွားမှန်းပင် မသိခဲ့ကြပေ။ သူတို့၏ မြင့်မားသော ကျင့်ကြံခြင်းကို အားကိုးခဲ့သူ အတော်များများလည်း ရှိနေကြ၏။တိုက်ပွဲမြေပြင်၏ ဗဟိုချက်နှင့် အနီးကပ်ဆုံး အကွာအဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သော ရှေးဟောင်း ပါရမီရှင်များသည်လည်း ဤအချိန်အခိုက်အတန့်တွင် ပိုကောင်းသော အခြေအနေ၌ မရှိခဲ့ကြချေ။ သူတို့၏ နည်းလမ်းအားလုံးကို ကုန်ဆုံးအောင် အသုံးပြု၍ ဖန်တီးထားသော ကာကွယ်ရေး အကာအကွယ်များသည် စွမ်းအင်ရိုက်ခတ်မှု တစ်ကြိမ်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။

All Chapters