← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀) လက်သီးတစ်ချက်နဲ့ ဒဏ်ရာအပြင်းအထန် ရသွားတယ်... ဒါက မင်း အရမ်းဂုဏ်ယူနေတဲ့ ရုပ်ခန္ဓာကိုယ်လား

ဤစကားကို ကြားလိုက်ရသောအခါ ခုံးဝူတောက်က မျက်ခုံးပင့်လိုက်သည်။သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး အနည်းငယ်မျှ လှုပ်ခတ်ခြင်း မရှိချေ။သူ၏ လက်ရှိ အာရုံခံစားမှုတွင် လုံအောင်းယွီ၏ ရုပ်ခန္ဓာကိုယ်သည် အနည်းငယ် ထူးဆန်းနေပေ၏။သူ၏ အရေပြား မျက်နှာပြင်တွင် ကြောက်မက်ဖွယ်ကောင်းသော နဂါးချီစွမ်းအင်များ ပါဝင်နေရုံသာမက မွေးရာပါ စွမ်းအား အရိပ်အယောင်များလည်း ရှိနေသည်။ဤမွေးရာပါ စွမ်းအားသည် အလွန်ပါးလွှာသော်လည်း ဤစွမ်းအားကို ကျွမ်းကျင်ထားသော ယခင်ပိုင်ရှင်သည် ထိပ်တန်း မဟာဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော ရုပ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း သိသာထင်ရှားသည်။ယခုချိန်၌ ဤစွမ်းအားကို လုံအောင်းယွီက စုပ်ယူလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်နဂါး သွေးမျိုးဆက်သည် ပို၍မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီး ဤမွေးရာပါ သက်ရှိ၏ သွေးမျိုးဆက် တစ်စိတ်တစ်ပိုင်းကိုပင် သူ အမွေဆက်ခံထားခဲ့သည်။"အော် ဒီလိုကိုး... ရှေးဦးနဂါးလိပ်ဆီကနေ သွေးမျိုးဆက် အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို မင်း ရခဲ့တာပဲ..."ခုံးဝူတောက်က ခပ်ဖျော့ဖျော့ရယ်မောပြီး ပြောဆိုသည်။သူ၏မျက်လုံးသူငယ်အိမ်များမှ အနက်ရှိုင်းဆုံးနေရာတွင် နတ်ဘုရားအက္ခရာများ လှည့်ပတ်နေသည်။ထိုအရာများအတွင်း၌ ပါဝင်သော အထွတ်အမြတ် စွမ်းအားကြောင့် လုံအောင်းယွီ၏ လက်ရှိ ရုပ်ခန္ဓာကိုယ် အခြေအနေကို သူ လွယ်လင့်တကူ ခွဲခြားသိမြင်နိုင်ပေ၏။ဤစကားကို ကြားလိုက်ရသောအခါ လုံအောင်းယွီ၏ မျက်လုံးများ စူးရှတောက်ပသွားသည်။သူ ဖုံးကွယ်ထားသော ဝှက်ဖဲကို ခုံးဝူတောက်က ဤမျှ လွယ်ကူစွာ ဖောက်ထွင်းမြင်နိုင်လိမ့်မည်ဟု သူ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ချေ။နံဘေးမှ စောင့်ကြည့်နေသော ကျင့်ကြံသူ အများအပြားသည် ပို၍ကြီးမားသော ကြောက်ရွံ့ရိုသေမှုဖြင့် ခုံးဝူတောက်ကို ကြည့်လိုက်ကြ၏။ခုံးဝူတောက်သည် စွမ်းအားကြီးမားရုံသာမက သူသည် တခြားသူများကို ထွင်းဖောက်မြင်နိုင်စွမ်းရှိသည့် ကောင်းကင်ကိုအန်တုသော မျက်လုံးစွမ်းရည် တစ်မျိုးကိုလည်း ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ချေ။ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို အနိုင်ယူရန် ဖြစ်နိုင်ခြေ အမှန်တကယ် ရှိပါသလော..."ဟမ့်... မင်းက ထွင်းဖောက်မြင်နိုင်တော့ရော ဘာဖြစ်လဲ..."လုံအောင်းယွီသည် သူ၏ ဝှက်ဖဲ ပေါက်ကြားသွားခြင်းကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ဘဲ ယုံကြည်မှု ရှိနေဆဲပင်။"ငါ့ရဲ့ လက်ရှိ ရုပ်ခန္ဓာကိုယ်ခွန်အားက အရင်ကလို မဟုတ်တော့ဘူး... မင်းကို ဖိနှိပ်ဖို့က အရမ်းလွယ်လွန်းတယ်...""အရူးပဲ..."ခုံးဝူတောက်က ခေါင်းခါယမ်းပြီး ခပ်ဖျော့ဖျော့ ရယ်မောလိုက်၏။ဤငါးရှဉ့် စိတ်ကူးယဉ်နေသည်ကို သူ ဆက်လက်၍ နားမထောင်နိုင်တော့ချေ။သူ၏ အရပ်ရှည်ပြီး သွယ်လျသော ပုံရိပ်သည် လှုပ်ရှားသွားကာ သူ၏ရှေ့ရှိ လေဟာနယ်နယ်မြေဆီသို့ ခြေလှမ်းတစ်လှမ်း ပေါ့ပေါ့ပါးပါး လှမ်းလိုက်သည်။အဆုံးအစမရှိသော နတ်ဘုရား အလင်းတန်းများသည် အရပ်မျက်နှာအဘက်ဘက်မှ တလိမ့်လိမ့်ထလာပြီး မိုင်ရာနှင့်ချီသော ဟင်းလင်းပြင်သည် တစ်လက်မစာမျှ ကျုံ့ဝင်သွားသည့်အလားဖြစ်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။သူ နောက်တစ်ကြိမ် ထွက်ပေါ်လာချိန်၌ သူသည် လုံအောင်းယွီ၏ ခေါင်းပေါ်တွင် လွင့်မျောနေပြီဖြစ်ကာ သူ၏မှော်စွမ်းအားကို စုစည်း၍ လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ဝုန်း...ကျယ်ပြန့်ပြီး အဆုံးအစမရှိသော မူလဘူတ အလင်းတန်းများ စုစည်းပြီး စီးဆင်းလာပေ၏။ထိုအရာအတွင်း၌ မူလဘူတ ခရမ်းရောင်ချီ အရိပ်အယောင်များ ရောနှောနေပြီး မြင့်တက်လာခြင်း၊ ကျဆင်းသွားခြင်းနှင့် တောက်ပနေခြင်းများရှိသည့် ဧရာမ ကြယ်များအလားပင်။ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ ခေါင်းပေါ်ရှိ မှိန်ပျပျ ကောင်းကင်ယံသည် လုံးလုံးလျားလျား မှောက်လှန်ခံလိုက်ရပြီး နက်ရှိုင်းကာ တောက်ပသော စကြဝဠာ ဟင်းလင်းပြင်တစ်ခု အဖြစ်သို့ အသွင်ပြောင်းသွားသည်ဟုသာ ခံစားလိုက်ရသည်။ခုံးဝူတောက် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်နှင့် ဤစကြဝဠာ ဟင်းလင်းပြင်သည် မြည်ဟီးပြီး တုန်ခါသွားကာ ချက်ချင်းဆိုသလိုပင် တဝုန်းဝုန်းထလာတော့သည်။တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံးသည် ထိုအရာကြောင့် တုန်ယင်နေပေ၏။မူလဘူတ အလင်းမြူခိုးများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။လေဟာနယ်နယ်မြေသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြိုကျကာ အက်ကွဲလာပြီး ပင့်ကူအိမ်များကဲ့သို့ ထူထပ်သိပ်သည်းသော လေဟာနယ်နယ်မြေ အက်ကွဲကြောင်းများ ပျံ့နှံ့သွားတော့သည်။ထိုကသောင်းကနင်းဖြစ်ပြီး ပြိုကျနေသော ဟင်းလင်းပြင်ကို မျက်မြင်တွေ့ရှိလိုက်ရသော အဝေးမှ စောင့်ကြည့်နေသည့် ကျင့်ကြံသူ အများအပြား၏ခန္ဓာကိုယ်များ တုန်ယင်သွားကြပြီး သူတို့၏ မျက်နှာများ သွေးဆုတ်ဖြူရော်သွားပေ၏။ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအား၏ရှေ့တွင် သူတို့၏ဒူးများပင် ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ ပြိုလဲကျလုမတတ် ဖြစ်သွားကြသည်။ထိုအရာသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက်ကို သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် တိုက်ရိုက်ရင်ဆိုင်ရဲမည် မဟုတ်ချေ။"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...""မင်းရဲ့ ရုပ်ခန္ဓာကိုယ်သက်သက်ကို အားကိုးပြီးတော့ မင်းက ဘာလို့ ဒီလောက်ထိ ကြီးမားတဲ့ စွမ်းအားတွေ ပေါက်ကွဲထွက်လာနိုင်တာလဲ..."ယခင်က လုံအောင်းယွီ၏ မျက်နှာပေါ်တွင် ထင်ဟပ်နေသော ယုံကြည်မှုအပြည့်ရှိသည့် အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားပေ၏။သူ၏မျက်လုံးသူငယ်အိမ်များသည် အပ်များအလား ကျဉ်းမြောင်းသွားပြီး သူ၏ ယခင်မောက်မာမှုနေရာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသော အမူအရာတစ်ရပ်က အစားထိုးဝင်ရောက်လာသည်။ခုံးဝူတောက်တွင် မူလဘူတ ရုပ်ခန္ဓာကိုယ်နှစ်ခုသာ ရှိနေသည် မဟုတ်လော...တစ်ဖက်လူသည် ထိုအရာများကို အထွတ်အထိပ် အောင်မြင်မှုအဆင့်အထိပင် မကျင့်ကြံရသေးဟု သူ ကြားထားသည်။သူသည် မည်သည်ကြောင့် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအားများကို ပေါက်ကွဲထွက်လာစေသနည်း...အခြေအနေသည် သူ၏ကိုယ်ပိုင်သိမြင်မှုနှင့် မျှော်လင့်ချက်များကို များစွာကျော်လွန်သွားခဲ့လေပြီ။ဝီ...သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခြေသည်းကိုးချောင်း ရွှေနဂါး သွေးမျိုးဆက်သည် ဆူပွက်ပြီး မြည်ဟီးလာပေ၏။သူ၏အရေပြားကို ဖုံးလွှမ်းထားသော ရွှေရောင် အကြေးခွံများသည်လည်း ရွှေရောင်အလင်းတန်းများဖြင့် တပြိုင်နက်တည်း တောက်ပလာသည်။ဤသည်မှာ သူ၏ရှေးဟောင်းနဂါး စိတ်ဝိညာဉ်ထံမှ အန္တရာယ် သတိပေးချက်တစ်ခုပင်။အကယ်၍ သူသာ ဤရိုက်ချက်ကို မခံနိုင်ပါက သူသည် လက်သီးတစ်ချက်တည်းဖြင့် ဒုက္ခိတဖြစ်သွားနိုင်ခြေ အလွန်များပေ၏။လုံအောင်းယွီက ချက်ချင်း တုံ့ပြန်လိုက်သည်။သူသည် သူ၏ ဝှက်ဖဲ နတ်ဘုရားစွမ်းရည်ဖြစ်သော အစစ်အမှန်နဂါး အဖိုးတန်နည်းစနစ်ကိုပင် အသုံးပြုလိုက်သည်။ဝုန်း...နဂါးဟိန်းဟောက်သံများသည် အရပ်မျက်နှာအဘက်ဘက်၌ ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်သော ရှေးဟောင်းနဂါးအက္ခရာများ ဤနေရာသို့ စုစည်းလာကာ သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေသည့် ဧရာမ ရွှေနဂါးပုံရိပ် အများအပြားအဖြစ်သို့ အသွင်ပြောင်းသွားတော့သည်။ရွှေရောင် နဂါးအကြေးခွံများ ကြီးထွားလာပြီး လျှင်မြန်စွာ ပျံ့နှံ့သွားကာ လုံအောင်းယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နောက်တစ်ကြိမ် ဖုံးလွှမ်းသွားပြီး သမုဒ္ဒရာတစ်ခုအလား တလိမ့်လိမ့်ထနေသော အရှိန်အဝါ လှိုင်းလုံးများကို ထုတ်လွှတ်ထားပေ၏။သေချာသည်မှာ သူသည် ခုံးဝူတောက်၏ လက်သီးကို တိုက်ရိုက်ရင်ဆိုင်ရန်အထိ မတုံးအခဲ့ချေ။သူ၏ ကာကွယ်ရေး နတ်ဘုရားစွမ်းရည်ကို ပြင်ဆင်နေစဉ် သူသည် ခုံးဝူတောက်၏ လက်သီးကို ရှောင်တိမ်းရန် သူ၏စွမ်းအားကို အစွမ်းကုန် စုစည်းတော့မည့် အချိန်မှာပင် အပြောင်းအလဲတစ်ခု နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။ခုံးဝူတောက်၏ မူလဘူတ အချိန်လေဟာနယ် နတ်ဘုရား သူငယ်အိမ် အသက်ဝင်လာသည်။အဆုံးအစမရှိသော နတ်ဘုရားအက္ခရာများသည် အချိန်နှင့်နှစ်ကာလများကို ဆက်သွယ်ထားသည့် ကောင်းကင်ထိရောက်သော နတ်ဘုရားတံခါးတစ်ခုကို ဖန်တီးလိုက်သည့်အလားပင်။ထိုနတ်ဘုရားတံခါး ဖြည်းညှင်းစွာ ပွင့်သွားသည့် အချိန်အခိုက်အတန့်တွင် အဆုံးအစမရှိသော အချိန်လေဟာနယ် အက္ခရာများ တိုက်ခတ်ကာ ပျံ့နှံ့သွားသည်။လေထဲမှနေ၍ ထိုအရာများသည် ကြောက်မက်ဖွယ်ကောင်းသော ချည်နှောင်မှုနှင့် ချိတ်ပိတ်မှုစွမ်းအားတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားကာ လုံအောင်းယွီနှင့် သူ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို နေရာတွင် တိုက်ရိုက်အေးခဲတောင့်တင်းသွားစေသည်။"ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ..."လုံအောင်းယွီ၏ မျက်နှာအမူအရာ သိသိသာသာ ပျက်ယွင်းသွားသည်။ခုံးဝူတောက်၏လက်သီးသည် သူ၏အနီးသို့ ရောက်ရှိနေလေပြီ။သို့သော် ယခုအချိန်၌ သူ၏ ကိုယ်ပိုင် အစစ်အမှန် နဂါးသွေးကို လောင်ကျွမ်းစေကာ သူ၏စွမ်းအားများအားလုံးကို မည်သို့ပင် အသုံးပြုစေကာမူ သူ၏ ခန္ဓာကိုယ်သည် အေးခဲတောင့်တင်းနေသည့်အလားဖြစ်ပြီး တစ်လက်မမျှပင် မရွေ့လျားနိုင်တော့ချေ။လုံအောင်းယွီက 'အခြေအနေ မကောင်းဘူး' ဟု တွေးတောလိုက်သည့် အချိန်မှာပင် လက်သီးချီအလင်းတန်းသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ ရောက်ရှိလာခဲ့လေပြီ။ဝုန်း...လက်သီးချီအလင်းတန်း တလိမ့်လိမ့်ထလာပြီး နတ်ဘုရား မီးတောက်များ ကောင်းကင်ယံသို့ မြင့်တက်လာသည်။ပေါက်ကွဲထွက်လာသော ဥပဒေသလှိုင်းများသည် ကောင်းကင်ကို ဖုံးလွှမ်းပြီး နေမင်းကို ပိတ်ဆို့ကာ လောကကြီးတစ်ခုလုံးကို တုန်ယင်ပြီး ညည်းတွားသွားစေသည်။ဤတစ်ကြိမ်တွင် ဥပဒေသ မုန်တိုင်းသည် ပို၍ပင် ကြီးမားပြီး တလိမ့်လိမ့်ထနေပေ၏။စောင့်ကြည့်နေသော သာမန်ပါရမီရှင်များကို မဆိုထားနှင့် ရှေးဟောင်း ပါရမီရှင် အတော်များများပင် သက်ရောက်မှု ရှိခဲ့ကြသည်။ကြိုးပြတ်သွားသော စွန်များအလား သူတို့၏ ပုံရိပ်များသည် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြောင့် တိုက်ရိုက်လွင့်စင်သွားကြပြီး အဝေးရှိ ဧရာမ တောင်များဆီသို့ ပြင်းထန်စွာ ရိုက်ချခံရကာ ပေတစ်သောင်းခန့်မြင့်သော ဖုန်မှုန့်များကို တထောင်းထောင်းထစေခဲ့သည်။ပေါက်ကွဲမှု၏ ဗဟိုချက်တည့်တည့်တွင် ရှိနေသော လုံအောင်းယွီသည် သနားစရာအကောင်းဆုံးပင်။သူ အစွမ်းကုန် ကြိုးစား၍ ဖန်တီးထားသော အစစ်အမှန်နဂါး ရွှေရောင် အလင်းတန်း အကာအကွယ်သည် အကျိုးသက်ရောက်မှုပင် မစတင်ရသေးချေ။ထိုအရာသည် လက်သီးချီအလင်းတန်းကို မထိတွေ့မီမှာပင် စတင်၍ အက်ကွဲကာ ပြိုကျနေပြီဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမျှပင် လုံးလုံးလျားလျား တောင့်မခံနိုင်ခဲ့ချေ။ခုံးဝူတောက်၏ လက်သီးသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာချိန်၌ အသားများ ပေါက်ကွဲပြီး အရိုးများ ကျိုးကြေသွားသည့် သွားကျိန်းလုမတတ် အသံကို လုံအောင်းယွီက ရှင်းလင်းစွာ ကြားလိုက်ရသည်။သူ၏ခန္ဓာကိုယ်တစ်ဝက်သည် ခုံးဝူတောက်၏ လက်သီးကြောင့် တိုက်ရိုက်ပေါက်ကွဲသွားပေ၏။သူသည် သွေးများကို ရူးသွပ်စွာ အန်ထုတ်ပြီး ထိုအထဲတွင် ခန္ဓာကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း အများအပြားပင် ရောနှောနေသည်။မရေမတွက်နိုင်သော အစစ်အမှန်နဂါး အက္ခရာများ ရူးသွပ်စွာ စီးဆင်းနေပြီး ထိုအရာများထံမှ ပေါက်ကွဲထွက်လာသော တလိမ့်လိမ့်ထနေသည့် သက်စောင့်စွမ်းအင် အရှိန်အဝါသည် လုံအောင်းယွီ၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်ကို အဆက်မပြတ် ပြုပြင်ပေးနေသည်။သို့သော် ခုံးဝူတောက်သည် သူ့ကို ဤအခွင့်အရေး ပေးမည်လော..."ငါ့ကို အလွယ်တကူ ဖိနှိပ်နိုင်တယ်လို့ မင်း ခုဏက မပြောခဲ့ဘူးလား...""အခု မင်းက ငါ့ရဲ့ လက်သီးတစ်ချက်ကိုတောင် မကာကွယ်နိုင်ဘူးလား..."ခုံးဝူတောက်က ခေါင်းခါယမ်းပြီး ခပ်ဖျော့ဖျော့ ရယ်မောလိုက်၏။နောက်တခဏတွင် သူ၏ပုံရိပ်သည် နေရာမှ နောက်တစ်ကြိမ် ပျောက်ကွယ်သွားတော့သည်။မူလဘူတ ခရမ်းရောင်ချီများ ရစ်ပတ်နေသော မူလဘူတ အလင်းတန်းများ သူ၏လက်ဝါးထဲတွင် စုစည်းလာသည်။သူ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်သည်နှင့် နောက်ထပ်လက်ဝါးရိုက်ချက်တစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာပေ၏။အစောပိုင်းက လက်သီးချက်ကြောင့် လွင့်စင်သွားပြီး မြေပြင်သို့ မကျသေးသော လုံအောင်းယွီသည် လေထုအလယ်တွင် ခုံးဝူတောက်၏ လက်ဝါးဖြင့် နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံလိုက်ရသည်။ဖူး...အချိန်တခဏအတွင်း လုံအောင်းယွီ အလွန်အမင်း ဂုဏ်ယူနေသော ရုပ်ခန္ဓာကိုယ်သည် ခုံးဝူတောက်၏ ရိုက်နှက်မှုကို တိုက်ရိုက်ခံယူလိုက်ရသည်။ ဤသည်ကြောင့် သူ၏ခန္ဓာကိုယ်မှသွေးများ နေရာအနှံ့အပြားသို့ ပန်းထွက်သွာစပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ဖြစ်ပေါ်စေပေ၏။ပေရာနှင့်ချီ အဝေးရှိ ဧရာမ တောင်တစ်ခုဆီသို့ သူ ဝင်တိုက်မိပြီးနောက်မှသာ သူ၏နောက်သို့လွင့်စင်နေသော ပုံရိပ်ကို သူ ခက်ခက်ခဲခဲ ရပ်တန့်နိုင်ခဲ့သည်။လုံအောင်းယွီ၏ ရုပ်ခန္ဓာကိုယ်သည် ယခုအချိန်၌ မည်မျှထိ သန်မာအားကောင်းကြောင်းကို ခုံးဝူတောက် မသိခဲ့ချေ။သို့သော် ပြိုင်ဘက်၏သက်စောင့်စွမ်းအင်သည် အမှန်တကယ်ကို အားကောင်းပေ၏။တစ်ဖက်လူ၏ခန္ဓာကိုယ်ကို သူကိုယ်တိုင် စုတ်ပြတ်သတ်နေသည့် အခြေအနေသို့ ရိုက်နှက်ပြီးပြီ ဖြစ်သော်လည်း လုံအောင်းယွီသည် အပြင်းအထန် နာကျင်မှုကို အမှန်တကယ် သည်းခံနိုင်ပြီး တွားသွား၍ ထလာနိုင်သေးသည်။"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...""မင်းရဲ့ ရုပ်ခန္ဓာကိုယ် ခွန်အားက လက်ရှိချိန်မှာ ငါ့ထက် ဘယ်လိုလုပ် ပိုပြီးသန်မာနိုင်မှာလဲ...""ရှေးဦးနတ်ဝိညာဉ်လိပ်ရဲ့ သွေးမျိုးဆက်ကို ငါ အမွေဆက်ခံထားတယ်... ပြီးတော့ ငါ့ရဲ့ ခြေသည်းကိုးချောင်း ရွှေနဂါးသွေးနဲ့ဆိုရင် သာမန် လူသားမျိုးနွယ်တစ်ယောက်ဖြစ်တဲ့ မင်းထက် ငါက ဘယ်လိုလုပ် မသာဘဲ နေမှာလဲ..."သူ၏ခန္ဓာကိုယ်အတွင်းရှိ အပြင်းအထန် နာကျင်မှုကြောင့်ဖြစ်စေ၊ သူနှင့် ခုံးဝူတောက်ကြားရှိ ကြီးမားသော ကွာဟချက်ကြောင့်ဖြစ်စေ ဤသည်က လုံအောင်းယွီကို အထိန်းအကွပ်မဲ့စွာ အော်ဟစ်စေခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေပေ၏။သူသည် မွေးရာပါ သက်ရှိတစ်ဦး၏ ရှေးဟောင်း အမွေအနှစ်ကို ရှင်းလင်းစွာ ရရှိထားခဲ့ပြီးဖြစ်ရာ ခုံးဝူတောက်၏ ရုပ်ခန္ဓာကိုယ်ကို သူက မည်သို့ မယှဉ်နိုင်ဘဲ နေမည်နည်း။

Book 23 end.

All Chapters