အခန်း ၁
Vol. 1 Ch. 1
အခန်း-(၁)
ငွေကြေးစီမံခန့်ခွဲမှုဌာနတွင် အငယ်တန်းမေဂျာဖြစ်သော ဝမ်ပင်းသည် ထိပ်တန်းကျောင်းသားဖြစ်ရုံသာမက ချောမောလှသူလည်းဖြစ်ပြီး အမျိုးသမီးကျောင်းသူများကြားတွင်လည်း အလွန်ရေပန်းစားသည်။ သူမတို့အတွက်တော့ စိတ်မကောင်းစရာပါပဲ ဒီကျောင်းဝင်းထဲကမင်းသားလေးဟာ ပိုင်ဆိုင်ထားပြီးသူရှိပြီးသားပါ။
ဝမ်ပင်းသည် စာအုပ်ဂျပိုးတစ်ယောက်မျှသာမဟုတ်ဘဲ ရံဖန်ရံခါတွင် ဂိမ်းကစားသေးသည်။ မကြာသေးမီကတော့ သူသည် "ကမ္ဘာပျက်ကပ်ရဲ့အသက်ရှင်ကျန်ရစ်သူ" ဟုခေါ်သော တစ်ဦးတည်းကစားရတဲ့ဂိမ်းကိုကစားခဲ့ပြီး တစ်လနီးပါးကြာပြီးတဲ့နောက်တွင်တော့ ဤဂိမ်းကို အပြီးသတ်နိုင်ခဲ့သည်။
ဂိမ်းပြီးဆုံးချိန်တွင် သူရဲ့ကွန်ပြူတာဖန်သားပြင်ပေါ်၌ အီးမေးလ်တစ်စောင်ပေါ်လာသည်။ အီးမေးလ်ကို မြင်လိုက်ရတဲ့အချိန်မှာ ဝမ်ပင်းသည် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူ ဂိမ်းကစားနေစဉ်အတွင်းတွင် ဂိမ်းဖိုရမ်ကို မကြာခဏကြည့်ရှုခဲ့ပြီး ဂိမ်းပြီးဆုံးပြီးနောက်တွင်တော့ အခြားမည်သူကမှ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့ပုံမပေါ်ကြောင်းသတိပြုမိထားတာကြောင့် ထိုအီးမေးလ်သည် သူ့ရဲ့စိတ်ထဲမှာ အနည်းငယ်သော မျှော်လင့်ချက်လေးကိုဖြစ်စေခဲ့သည်။
"စမ်းသပ်ပြီးနောက်တွင်တော့ သင်သည် ဂိမ်းကို အတိုဆုံးအချိန်အတွင်းမှာပဲပြီးမြောက်ခဲ့ပြီး အရင်းအမြစ်အများဆုံးကို စုဆောင်းနိုင်သည့် ကစားသမားဖြစ်သည်။ ပျက်သုန်းပြီးကမ္ဘာသို့ဝင်ရောက်ရန် သင့်အား ကျွန်ုပ်တို့က ဖိတ်ခေါ်ပါသည်။ ဖော်ရွေသောသတိပေးချက်တစ်ခု- ပျက်သုဉ်းပြီးကမ္ဘာထဲသို့ဝင်ရောက်ခြင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်စေသည်။ သင်သေဆုံးသွားပါက၊ သင်သည် လက်တွေ့ကမ္ဘာသို့ မပြန်နိုင်တော့ပါ။ အဖြေကို ရွေး ပါ Yes (or) No.
"စနစ်ချိတ်ဆက်မှု အောင်မြင်ပြီ"
"ကစားသမားတွေဟာ ဒီစနစ်ကနေတစ်ဆင့် ပျက်သုဥ်းပြီး ကမ္ဘာထဲကို လွတ်လပ်စွာ ဝင်ရောက်နိုင်ပါသည်"
"ပထမဆုံးအနေနဲ့ သင်ဟာ ပျက်သုဉ်းပြီးကမ္ဘာမှာ သေသွားခဲ့ပါက လက်တွေ့ကမ္ဘာကိုပြန်မလာနိုင်တော့ပါဘူး"
"ဒုတိယ ၊ သင်ဟာ ပျက်သုဉ်းပြီးကမ္ဘာထဲကို ဝင်လာပြီးတိုင်းမှာ လက်တွေ့ကမ္ဘာကိုမပြန်ခင်၌ ခုနစ်ရက်တိုင်တိုင် အသက်ရှင်နေရမည်ဖြစ်သည်"
"တတိယ ၊ အစစ်အမှန်ကမ္ဘာနှင့် ပျက်သုဉ်းပြီးကမ္ဘာကြားရှိ အချိန်အချိုးက 1:7 ဖြစ်သည်။ ဆိုလိုသည်မှာ လက်တွေ့ကမ္ဘာတွင်တစ်ရက်က ပျက်သုဉ်းပြီးကမ္ဘာရဲ့ ခုနှစ်ရက်နှင့် ညီမျှသည်"
"စတုတ္ထ ၊ ကစားသမားများသည် သက်ရှိမဟုတ်သောပစ္စည်းများကို ကမ္ဘာနှစ်ခုကြားတွင်လွတ်လပ်စွာသယ်ဆောင်နိုင်သည်"
"ပဉ္စမ ၊ ပျက်သုဉ်းပြီးကမ္ဘာသည် စည်းကမ်းမဲ့၊ ရက်စက်ကြမ်းကြုတ်သောကမ္ဘာတစ်ခုဖြစ်သည်။ ကျေးဇူးပြု၍ သင်ရဲ့ရှင်သန်မှုကို ဦးစားပေးပါ"
"ပျက်သုဉ်းပြီးကမ္ဘာကြီးက လေးနာရီအတွင်းတွင် ပွင့်လာမည်ဖြစ်ပြီး ကျေးဇူးပြု၍ ပြင်ဆင်ထားပါ"
ကျောက်ချန်းနှင့် စစချင်း ချိန်းတွေ့တဲ့အချိန်ကတည်းက အပတ်တိုင်းကို အချိန်ပိုင်းအလုပ်တွေလုပ်နေပေမယ့် အိတ်ကပ်ထဲမှာရှိတဲ့ လက်ကျန်ပိုက်ဆံကနည်းနေသည်။
"ဘာလုပ်ရမလဲ။ ငါ့အခန်းဖော် ယူဟော်ဖေးနဲ့ လီရှင်းဖျင်တို့ဆီက ချေးရမယ်"
ထိုဆုံးဖြတ်ချက်ချပြီးတာနဲ့ ဝမ်ပင်းသည် သူ့ရဲ့အခန်းဖော် ယူဟော်ဖေး နှင့် လီရှင်းဖျင်ကို လျှင်မြန်စွာ တွေ့ရှိခဲ့သည်။ သူတို့နှစ်ယောက်လုံးနဲ့က ဆက်ဆံရေးကောင်းပြီး သူ့ကိုလည်းမကြာခဏ ဂရုစိုက်ကြသည်။
ကံမကောင်းစွာနဲ့ဖြင့် လကုန်ခါနီးပြီမို့ ယွမ်တစ်ထောင်ကိုသာ စုဆောင်းနိုင်ခဲ့သည်။
သူတို့ကို ကျေးဇူးတင်ကြောင်းပြောပြီးနောက်တွင်ပဲ ဝမ်ပင်းသည် ကျောင်းထဲမှထွက်လာကာ ကြီးမားပြီး ခိုင်ခံ့သော စစ်ဘက်ဆိုင်ရာကျောပိုးအိတ်၊ စစ်သုံးတူရွင်း၊ ရေပုလင်း၊ ဓာတ်မီးတစ်လက်နှင့် ဗို့အားမြင့်လျှပ်စစ်နံပါတ်တုတ်တစ်ချောင်းတို့ကို ဝယ်ယူခဲ့သည်။ ဓားမြှောင်လည်းတစ်ချောင်းလောက် ဝယ်ချင်ပေမယ့် ဆိုင်မှာမရှိပါဘူး။
ပြီးတာနဲ့ စူပါးမားကတ်ဆီကိုသွားလိုက်ပြီး သူ့ရဲ့အိတ်ကို လက်နှင့်မကိုင်နိုင်တော့သည်အထိ အစားအသောက်တွေအပြည့်ဖြည့်ခဲ့သည်။
ကျောင်းကိုပြန်ရောက်လာတော့ အချိန်ကိုနည်းနေပြီကိုတွေ့လိုက်ရပြီး တံခါးပွင့်ရန် နာရီဝက်သာလိုတော့သည်။ ကျောက်ချန်းကို သွားတွေ့ပြီး နှုတ်ဆက်ဖို့က အချိန်မရှိတော့တာကြောင့် သူ့ရဲ့ဖုန်းကိုသာထုတ်ပြီး သူမဆီကိုဖုန်းဆက်လိုက်သည်။
" ဟယ်လို ၊ ကျောက်ချန် "
"ဟယ်လို ၊ ဝမ်ပင်း ဘာဖြစ်လို့လဲ "
"မနက်ဖြန်ကြရင် အလုပ်ကိစ္စနဲ့ သွားစရာရှိတယ် ။ နောက်နေ့အထိ ပြန်မလာနိုင်လောက်ဘူးထင်တယ်"
"အင်း နင်ပြန်လာရင် ငါပြောစရာရှိတယ်"
"ကောင်းပြီ နောက်ရက်မှတွေ့ကြမယ်"
"အမ်း… နှုတ်ဆက်ပါတယ်"
ကျောက်ချန်ကို ဖုန်းဆက်ကာနှုတ်ဆက်ပြီးနောက်တွင် ဝမ်ပင်းသည် ကမ္ဘာပွင့်လာမည့်အချိန်ကိုစောင့်ဆိုင်းရန်အတွက် သီးသန့်ထောင့်တစ်ခုကိုရှာခဲ့သည်။
ညနေစောင်းနေပြီဖြစ်၍ အလင်းမှိန်မှိန်ကလည်း ဘယ်သူကမှ သူ့ကိုသတိမထားမိသွားအောင် ကူညီပေးသည်။
ဝမ်ပင်း မျက်လုံးတွေဖွင့်လိုက်တဲ့အချိန်မှာတော့ ဖုန်တွေဖုံးလွှမ်းနေပြီး ပျက်စီးယိုယွင်းနေတဲ့ အိမ်တစ်လုံးထဲမှာ သူမတ်တပ်ရပ်နေတာကို တွေ့လိုက်ရသည်။
အဲဒီအိမ်ကို ရှာဖွေကြည့်တော့ လုယက်ခံထားရပုံပေါ်ကာ အသုံးမဝင်တဲ့ ပစ္စည်းအချို့မှလွဲ၍ တန်ဖိုးရှိတာ ဘာမှမရှိပေ။
"ဒီမှာပဲ ခုနစ်ရက်နေရမှာလား၊ ဒါမှမဟုတ် အပြင်ထွက်ပြီး စူးစမ်းသင့်သလား။
မေ့လိုက်တော့၊ အပြင်ထွက်ပြီး ဒီကမ္ဘာကြီးကို နားလည်အောင်လုပ်ရမယ်"
ထိုဆုံးဖြတ်ချက်ချပြီးတာနဲ့ ဝမ်ပင်းသည် ပြတင်းပေါက်မှတဆင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ဇွန်ဘီများရဲ့လှုပ်ရှားမှုကို ဂရုတစိုက်ကြည့်ရှုကာ လမ်းကြောင်းတစ်ခုစီစဉ်ပြီးတဲ့နောက်တွင်တော့ သူရဲ့ စစ်သုံးတူရွင်းကို လက်ထဲတွင်ကိုင်ကာ သတိထားပြီး အိမ်မှ ထွက်ခွာသွားခဲ့သည်။
လမ်းပေါ်မှာက ဇွန်ဘီတွေ အများကြီးမရှိဘူး။ တစ်ချို့ကအုပ်စုလိုက်နဲ့ တစ်ချို့ကတော့တစ်ကောင်တည်း။ သူတို့ကိုတိုက်ခိုက်ဖို့ ဝမ်ပင်းက မကြိုးစားခဲ့ပါဘူး။ ယခုအချိန်တွင် သူမှာ အစာနှင့်ရေအလုံအလောက်ရှိနေပြီဖြစ်ပြီး ကမ္ဘာကြီးကိုစူးစမ်းလေ့လာခြင်းကသာ သူရဲ့အဓိကဦးစားပေးဖြစ်သည်။ တခြားကိစ္စတွေအတွက်ကတော့ စောင့်နေနိုင်ပါတယ်။
ဝမ်ပင်းသည် ဇွန်ဘီများကို ရှောင်ရှားပြီး မြို့ကို စူးစမ်းလေ့လာနေစဉ်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို မကြာမီတွင် သဘောပေါက်သွားသည်။ တစ်စုံတစ်ယောက်က သူ့နောက်ကိုလိုက်နေပုံရသည်။
သူ့ရဲ့အနောက်ဘက်ကိုစစ်ဆေးရန်အတွက် ဖုန်းကိုဆယ်လ်ဖီမုဒ်ဖွင့်၍ အသုံးပြုနေစဉ်တွင် သတိရှိရှိဖြင့် လမ်းဆက်လျှောက်ခဲ့သည်။ အပျက်အစီးတွေကြားကနေ သူ့ကိုကြည့်နေတဲ့ မိန်းကလေးငယ်တစ်ဦးကို ကင်မရာကနေတစ်ဆင့် တွေ့လိုက်ရသည်။
ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် သူလွတ်မြောက်နိုင်တော့မှာမဟုတ်ဘူးဆိုတာကို ဝမ်ပင်းက သဘောပေါက်သွားပါသည်။ သူမနှင့် ရှင်းဖို့ နည်းလမ်းရှာရမယ်။
ဝမ်ပင်းက ငါးထပ်တိုက်တစ်လုံးကိုရွေးပြီး အထဲကိုဝင်ကာလှည့်ပတ်ကြည့်လိုက်တော့ ဇွန်ဘီတွေမတွေ့တာကြောင့် စိတ်သက်သာရာရသွားသည်။
သူက အခန်းတစ်ခန်းကိုရွေးချယ်ပြီး အရိပ်ထဲတွင် ပုန်းအောင်းနေကာ အနောက်ကလိုက်နေသူကို ချောင်းမြောင်းရန် အသင့်ဖြစ်နေသည်။
အချိန်အတော်ကြာအောင်စောင့်ပြီးတာတောင်မှ အိမ်ထဲဝင်မလာဘဲငြိမ်နေတာကြောင့် ကြည့်လိုက်တော့ ပြတင်းပေါက်ကနေ ခေါင်းတစ်ဝက်လောက်ဖော်ကာ ချောင်းကြည့်နေတာကို သတိထားမိလိုက်သည်။
"အားး"