← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း-(၁)

‎ငွေကြေးစီမံခန့်ခွဲမှုဌာနတွင် အငယ်တန်းမေဂျာဖြစ်သော ဝမ်ပင်းသည် ထိပ်တန်းကျောင်းသားဖြစ်ရုံသာမက ချောမောလှသူလည်းဖြစ်ပြီး အမျိုးသမီးကျောင်းသူများကြားတွင်လည်း အလွန်ရေပန်းစားသည်။ သူမတို့အတွက်တော့ စိတ်မကောင်းစရာပါပဲ ဒီကျောင်းဝင်းထဲကမင်းသားလေးဟာ ပိုင်ဆိုင်ထားပြီးသူရှိပြီးသားပါ။

‎

‎

‎ဝမ်ပင်းသည် စာအုပ်ဂျပိုးတစ်ယောက်မျှသာမဟုတ်ဘဲ ရံဖန်ရံခါတွင် ဂိမ်းကစားသေးသည်။ မကြာသေးမီကတော့ သူသည် "ကမ္ဘာပျက်ကပ်ရဲ့အသက်ရှင်ကျန်ရစ်သူ" ဟုခေါ်သော တစ်ဦးတည်းကစားရတဲ့ဂိမ်းကိုကစားခဲ့ပြီး တစ်လနီးပါးကြာပြီးတဲ့နောက်တွင်တော့ ဤဂိမ်းကို အပြီးသတ်နိုင်ခဲ့သည်။

‎

‎ဂိမ်းပြီးဆုံးချိန်တွင် သူရဲ့ကွန်ပြူတာဖန်သားပြင်ပေါ်၌ အီးမေးလ်တစ်စောင်ပေါ်လာသည်။ အီးမေးလ်ကို မြင်လိုက်ရတဲ့အချိန်မှာ ဝမ်ပင်းသည် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူ ဂိမ်းကစားနေစဉ်အတွင်းတွင် ဂိမ်းဖိုရမ်ကို မကြာခဏကြည့်ရှုခဲ့ပြီး ဂိမ်းပြီးဆုံးပြီးနောက်တွင်တော့ အခြားမည်သူကမှ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့ပုံမပေါ်ကြောင်းသတိပြုမိထားတာကြောင့် ထိုအီးမေးလ်သည် သူ့ရဲ့စိတ်ထဲမှာ အနည်းငယ်သော မျှော်လင့်ချက်လေးကိုဖြစ်စေခဲ့သည်။

‎"စမ်းသပ်ပြီးနောက်တွင်တော့ သင်သည် ဂိမ်းကို အတိုဆုံးအချိန်အတွင်းမှာပဲပြီးမြောက်ခဲ့ပြီး အရင်းအမြစ်အများဆုံးကို စုဆောင်းနိုင်သည့် ကစားသမားဖြစ်သည်။ ပျက်သုန်းပြီးကမ္ဘာသို့ဝင်ရောက်ရန် သင့်အား ကျွန်ုပ်တို့က ဖိတ်ခေါ်ပါသည်။ ဖော်ရွေသောသတိပေးချက်တစ်ခု- ပျက်သုဉ်းပြီးကမ္ဘာထဲသို့ဝင်ရောက်ခြင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်စေသည်။ သင်သေဆုံးသွားပါက၊ သင်သည် လက်တွေ့ကမ္ဘာသို့ မပြန်နိုင်တော့ပါ။ အဖြေကို ရွေး ပါ Yes (or) No.

‎

‎

‎"စနစ်ချိတ်ဆက်မှု အောင်မြင်ပြီ"

‎

‎

‎

‎"ကစားသမားတွေဟာ ဒီစနစ်ကနေတစ်ဆင့် ပျက်သုဥ်းပြီး ကမ္ဘာထဲကို လွတ်လပ်စွာ ဝင်ရောက်နိုင်ပါသည်"

‎

‎

‎

‎

‎"ပထမဆုံးအနေနဲ့ သင်ဟာ ပျက်သုဉ်းပြီးကမ္ဘာမှာ သေသွားခဲ့ပါက လက်တွေ့ကမ္ဘာကိုပြန်မလာနိုင်တော့ပါဘူး"

‎

‎

‎

‎"ဒုတိယ ၊ သင်ဟာ ပျက်သုဉ်းပြီးကမ္ဘာထဲကို ဝင်လာပြီးတိုင်းမှာ လက်တွေ့ကမ္ဘာကိုမပြန်ခင်၌ ခုနစ်ရက်တိုင်တိုင် အသက်ရှင်နေရမည်ဖြစ်သည်"

‎

‎

‎"တတိယ ၊ အစစ်အမှန်ကမ္ဘာနှင့် ပျက်သုဉ်းပြီးကမ္ဘာကြားရှိ အချိန်အချိုးက 1:7 ဖြစ်သည်။ ဆိုလိုသည်မှာ လက်တွေ့ကမ္ဘာတွင်တစ်ရက်က ပျက်သုဉ်းပြီးကမ္ဘာရဲ့ ခုနှစ်ရက်နှင့် ညီမျှသည်"

‎

‎

‎

‎"စတုတ္ထ ၊ ကစားသမားများသည် သက်ရှိမဟုတ်သောပစ္စည်းများကို ကမ္ဘာနှစ်ခုကြားတွင်လွတ်လပ်စွာသယ်ဆောင်နိုင်သည်"

‎

‎

‎

‎"ပဉ္စမ ၊ ပျက်သုဉ်းပြီးကမ္ဘာသည် စည်းကမ်းမဲ့၊ ရက်စက်ကြမ်းကြုတ်သောကမ္ဘာတစ်ခုဖြစ်သည်။ ကျေးဇူးပြု၍ သင်ရဲ့ရှင်သန်မှုကို ဦးစားပေးပါ"

‎

‎"ပျက်သုဉ်းပြီးကမ္ဘာကြီးက လေးနာရီအတွင်းတွင် ပွင့်လာမည်ဖြစ်ပြီး ကျေးဇူးပြု၍ ပြင်ဆင်ထားပါ"

‎

‎ ကျောက်ချန်းနှင့် စစချင်း ချိန်း‌တွေ့တဲ့အချိန်ကတည်းက အပတ်တိုင်းကို အချိန်ပိုင်းအလုပ်တွေလုပ်နေပေမယ့် အိတ်ကပ်ထဲမှာရှိတဲ့ လက်ကျန်ပိုက်ဆံကနည်းနေသည်။

‎

‎

‎"ဘာလုပ်ရမလဲ။ ငါ့အခန်းဖော် ယူဟော်ဖေးနဲ့ လီရှင်းဖျင်တို့ဆီက ချေးရမယ်"

‎

‎

‎ထိုဆုံးဖြတ်ချက်ချပြီးတာနဲ့ ဝမ်ပင်းသည် သူ့ရဲ့အခန်းဖော် ယူဟော်ဖေး နှင့် လီရှင်းဖျင်ကို လျှင်မြန်စွာ တွေ့ရှိခဲ့သည်။ သူတို့နှစ်ယောက်လုံးနဲ့က ဆက်ဆံရေးကောင်းပြီး သူ့ကိုလည်းမကြာခဏ ဂရုစိုက်ကြသည်။

‎

‎

‎ကံမကောင်းစွာနဲ့ဖြင့် လကုန်ခါနီးပြီမို့ ယွမ်တစ်ထောင်ကိုသာ စုဆောင်းနိုင်ခဲ့သည်။

‎

‎

‎သူတို့ကို ကျေးဇူးတင်ကြောင်းပြောပြီးနောက်တွင်ပဲ ဝမ်ပင်းသည် ကျောင်းထဲမှထွက်လာကာ ကြီးမားပြီး ခိုင်ခံ့သော စစ်ဘက်ဆိုင်ရာကျောပိုးအိတ်၊ စစ်သုံးတူရွင်း၊ ရေပုလင်း၊ ဓာတ်မီးတစ်လက်နှင့် ဗို့အားမြင့်လျှပ်စစ်နံပါတ်တုတ်တစ်ချောင်းတို့ကို ဝယ်ယူခဲ့သည်။ ဓားမြှောင်လည်းတစ်ချောင်းလောက် ဝယ်ချင်ပေမယ့် ဆိုင်မှာမရှိပါဘူး။

ပြီးတာနဲ့ စူပါးမားကတ်ဆီကိုသွားလိုက်ပြီး သူ့ရဲ့အိတ်ကို လက်နှင့်မကိုင်နိုင်တော့သည်အထိ အစားအသောက်တွေအပြည့်ဖြည့်ခဲ့သည်။

ကျောင်းကိုပြန်ရောက်‌လာတော့ အချိန်ကိုနည်းနေပြီကိုတွေ့လိုက်ရပြီး တံခါးပွင့်ရန် နာရီဝက်သာလိုတော့သည်။ ကျောက်ချန်းကို သွားတွေ့ပြီး နှုတ်ဆက်ဖို့က အချိန်မရှိတော့တာကြောင့် သူ့ရဲ့ဖုန်းကိုသာထုတ်ပြီး သူမဆီကိုဖုန်းဆက်လိုက်သည်။

" ဟယ်လို ၊ ကျောက်ချန် "

"ဟယ်လို ၊ ဝမ်ပင်း ဘာဖြစ်လို့လဲ "

‎

‎"မနက်ဖြန်ကြရင် အလုပ်ကိစ္စနဲ့ သွားစရာရှိတယ် ။ နောက်နေ့အထိ ပြန်မလာနိုင်လောက်ဘူးထင်တယ်"

‎

‎

‎"အင်း နင်ပြန်လာရင် ငါပြောစရာရှိတယ်"

‎

‎

‎"ကောင်းပြီ နောက်ရက်မှတွေ့ကြမယ်"

‎

‎

‎"အမ်း… နှုတ်ဆက်ပါတယ်"

‎

‎

‎ကျောက်ချန်ကို ဖုန်းဆက်ကာနှုတ်ဆက်ပြီးနောက်တွင် ဝမ်ပင်းသည် ကမ္ဘာပွင့်လာမည့်အချိန်ကိုစောင့်ဆိုင်းရန်အတွက် သီးသန့်ထောင့်တစ်ခုကိုရှာခဲ့သည်။

‎

‎

‎ညနေစောင်းနေပြီဖြစ်၍ အလင်းမှိန်မှိန်ကလည်း ဘယ်သူကမှ သူ့ကိုသတိမထားမိသွားအောင် ကူညီပေးသည်။

ဝမ်ပင်း မျက်လုံးတွေဖွင့်လိုက်တဲ့အချိန်မှာတော့ ဖုန်တွေဖုံးလွှမ်းနေပြီး ပျက်စီးယိုယွင်းနေတဲ့ အိမ်တစ်လုံးထဲမှာ သူမတ်တပ်ရပ်နေတာကို တွေ့လိုက်ရသည်။

အဲဒီအိမ်ကို ရှာဖွေကြည့်တော့ လုယက်ခံထားရပုံပေါ်ကာ အသုံးမဝင်တဲ့ ပစ္စည်းအချို့မှလွဲ၍ တန်ဖိုးရှိတာ ဘာမှမရှိပေ။

‎

‎

‎"ဒီမှာပဲ ခုနစ်ရက်နေရမှာလား၊ ဒါမှမဟုတ် အပြင်ထွက်ပြီး စူးစမ်းသင့်သလား။

‎

‎

‎မေ့လိုက်တော့၊ အပြင်ထွက်ပြီး ဒီကမ္ဘာကြီးကို နားလည်အောင်လုပ်ရမယ်"

‎

‎

‎ထိုဆုံးဖြတ်ချက်ချပြီးတာနဲ့ ဝမ်ပင်းသည် ပြတင်းပေါက်မှတဆင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ဇွန်ဘီများရဲ့လှုပ်ရှားမှုကို ဂရုတစိုက်ကြည့်ရှုကာ လမ်းကြောင်းတစ်ခုစီစဉ်ပြီးတဲ့နောက်တွင်တော့ သူရဲ့ စစ်သုံးတူရွင်းကို လက်ထဲတွင်ကိုင်ကာ သတိထားပြီး အိမ်မှ ထွက်ခွာသွားခဲ့သည်။

‎

‎

‎လမ်းပေါ်မှာက ဇွန်ဘီတွေ အများကြီးမရှိဘူး။ တစ်ချို့ကအုပ်စုလိုက်နဲ့ တစ်ချို့ကတော့တစ်ကောင်တည်း။ သူတို့ကိုတိုက်ခိုက်ဖို့ ဝမ်ပင်းက မကြိုးစားခဲ့ပါဘူး။ ယခုအချိန်တွင် သူမှာ အစာနှင့်ရေအလုံအလောက်ရှိနေပြီဖြစ်ပြီး ကမ္ဘာကြီးကိုစူးစမ်းလေ့လာခြင်းကသာ သူရဲ့အဓိကဦးစားပေးဖြစ်သည်။ တခြားကိစ္စတွေအတွက်ကတော့ စောင့်နေနိုင်ပါတယ်။

ဝမ်ပင်းသည် ဇွန်ဘီများကို ရှောင်ရှားပြီး မြို့ကို စူးစမ်းလေ့လာနေစဉ်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို မကြာမီတွင် သဘောပေါက်သွားသည်။ တစ်စုံတစ်ယောက်က သူ့နောက်ကိုလိုက်နေပုံရသည်။

‎

‎သူ့ရဲ့အနောက်ဘက်ကိုစစ်ဆေးရန်အတွက် ဖုန်းကိုဆယ်လ်ဖီမုဒ်ဖွင့်၍ အသုံးပြုနေစဉ်တွင် သတိရှိရှိဖြင့် လမ်းဆက်လျှောက်ခဲ့သည်။ အပျက်အစီးတွေကြားကနေ သူ့ကိုကြည့်နေတဲ့ မိန်းကလေးငယ်တစ်ဦးကို ကင်မရာကနေတစ်ဆင့် တွေ့လိုက်ရသည်။

‎

‎ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် သူလွတ်မြောက်နိုင်တော့မှာမဟုတ်ဘူးဆိုတာကို ဝမ်ပင်းက သဘောပေါက်သွားပါသည်။ သူမနှင့် ရှင်းဖို့ နည်းလမ်းရှာရမယ်။

‎

‎

‎ ဝမ်ပင်းက ငါးထပ်တိုက်တစ်လုံးကိုရွေးပြီး အထဲကိုဝင်ကာလှည့်ပတ်ကြည့်လိုက်တော့ ဇွန်ဘီတွေမတွေ့တာကြောင့် စိတ်သက်သာရာရသွားသည်။

‎

‎

‎သူက အခန်းတစ်ခန်းကိုရွေးချယ်ပြီး အရိပ်ထဲတွင် ပုန်းအောင်းနေကာ အနောက်ကလိုက်နေသူကို ချောင်းမြောင်းရန် အသင့်ဖြစ်နေသည်။

‎

‎

‎အချိန်အတော်ကြာအောင်စောင့်ပြီးတာတောင်မှ အိမ်ထဲဝင်မလာဘဲငြိမ်နေတာကြောင့် ကြည့်လိုက်တော့ ပြတင်းပေါက်ကနေ ခေါင်းတစ်ဝက်လောက်ဖော်ကာ ချောင်းကြည့်နေတာကို သတိထားမိလိုက်သည်။

‎

‎"အားး"

All Chapters