ဝမ်ပင်းသည် ပျက်သုဉ်းပြီးကမ္ဘာနှင့် လက်တွေ့ကမ္ဘာကြားတွင် ခရီးသွားနိုင်စွမ်းကို မမျှော်လင့်ဘဲ ရရှိခဲ့သည်။ သူက ပျက်သုဥ်းပြီးကမ္ဘာမှာ အင်အားကြီးမားသောအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး ရွှေနှင့်တန်ဖိုးကြီးမားတဲ့ ရတနာများစွာကိုတော့ လက်တွေ့ကမ္ဘာဆီသို့ အဆက်မပြတ်ပို့ဆောင်ခဲ့သည်။ ဝမ်ပင်းသည် ပျက်သုဥ်းပြီးကမ္ဘာမှရွှေများကို အသုံးပြု၍ လက်တွေ့ကမ္ဘာတွင် စီးပွားရေးအင်ပါယာတစ်ခုကို တည်ဆောက်ခဲ့ပြီး နောက်ဆုံးတွင်တော့ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ သူ့ရဲ့ နှုတ်ထွက်စကား နှင့် လုပ်ဆောင်ချက်တိုင်းက နိုင်ငံတခုလုံးရဲ့ အုံကြွမှုနှင့် ပြိုလဲမှုကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ တစ်ချိန်တည်းမှာပဲ ပျက်သုဉ်းပြီးကမ္ဘာ၌လည်း သူရဲ့တိုးတက်မှုက အထင်ကြီးလောက်သည်။ မရေမတွက်နိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများကိုရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ သူသည် ပျက်စီးလုနီးပါးဖြစ်နေတဲ့ ကမ္ဘာကြီးတွင် အကြီးမားဆုံးနှင့် အလုံခြုံဆုံး အခြေစိုက်စခန်းကိုတည်ထောင်ခဲ့ပြီး လူသားမျိူးနွယ်ရဲ့ ရှင်သန်မှုအတွက် အံ့မခန်းပံ့ပိုးမှုများဖြင့် ကူညီပေးခဲ့သည်။

