← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း-(၂)

‎

‎လန့်ဖျပ်သွားပြီးနောက်တွင် ဝမ်ပင်းက မအော်ဘဲ မနေနိုင်ခဲ့ဘူး။

‎

‎

‎မိန်းကလေးကတော့ သူမရဲ့လေ့လာတွေ့ရှိချက်များမှတဆင့် ဝမ်ပင်းကို လူသစ်တစ်ဦးဖြစ်ကြောင်း အကဲဖြတ်ထားပြီးဖြစ်သည်။ သူမကို ရှာဖွေတွေ့ရှိသွားပြီးကတည်းက သူမက ပုန်းမနေတော့ဘဲ ပြတင်းပေါက်မှခုန်တက်လာကာ တောက်ပြောင်နေသည့် ဓားမြှောင်တစ်လက်ဖြင့် သူ့အနီးသို့ ချဉ်းကပ်သွားခဲ့သည်။

‎

‎

‎"မင်း အနားကိုမလာနဲ့"

‎

‎

‎ဝမ်ပင်းက အနောက်သို့ဆုတ်ခွာနေ‌ရင်းနဲ့ပဲ သူရဲ့စစ်သုံးတူရွင်းကို ဝှေ့ယမ်းလိုက်သည်။

‎

‎

‎ကောင်မလေးကတော့ အေးစက်နေသောအမူအရာဖြင့် ဝမ်ပင်း အနီးသို့ ဖြည်းညှင်းစွာချဉ်းကပ်လာပြီး နောက်ဆုံးတွင်တော့ သူ့ကို ချုပ်ထားလိုက်သည်။

‎

‎

‎ယခုချိန်မှာတော့ သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေပြီမို့ ဝမ်ပင်းက သူမကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ မျက်နှာပေါ်တွင် အညစ်အကြေးများရှိနေသော်လည်း သန့်စင်လိုက်ပြီးပါက လှပနေမည်မှာ သေချာပါသည်။

‎

‎

‎သူမရဲ့ ၀တ်စားဆင်ယင်မှုက ကိုယ်ခံပညာဇာတ်ကားများထဲမှ ဓားပြတစ်ဦးနှင့်ဆင်တူပြီး ညစ်ပတ်စုတ်ပြတ်နေသော အဝတ်အစားများနှင့် အဝတ်စများကို သူမရဲ့လက်တွင် ရစ်ပတ်ထားသည်။

‎

‎

‎"မင်း အသက်ရှင်ချင်သေးရင် ကျောပိုးအိတ်ကိုထားခဲ့"

‎

‎

‎ဝမ်ပင်းက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို မြင်လိုက်ရတော့မှ ကောင်မလေးက စကားစပြောလာသည်။

‎

‎

‎သူမတောင်းဆိုတာကိုကြားတော့ ဝမ်ပင်းက နောင်တရသလို ခံစားလိုက်ရသည်။ အပြင်မထွက်ခင်မှာ ကျောပိုးအိတ်ကို သူဘာလို့မဝှက်ထားခဲ့ရတာလဲ။ သူ့အားလုယက်လာရန်အတွက်တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်နေမိသည်။

‎

‎ဒါပေမယ့် နောင်တရဖို့အတွက်က အရမ်းနောက်ကျသွားပါပြီ။ အခုတော့ သူဘာလုပ်ရမလဲပဲ စဉ်းစားနေရသည်။

‎

‎သူမရဲ့အမူအရာကို အကဲဖြတ်ကြည့်ရလျှင်တော့ သူမက ကြောက်မက်ဖွယ်ကောင်းပုံရပြီး တိုက်ပွဲတွင်အနိုင်ရရန်က အခွင့်အလမ်းနည်းပါးသည်။ ဒါပေမယ့် သူ့ရဲ့ကျောပိုးအိတ်ကိုပေးလိုက်ရင်ရော နောက်ခုနစ်ရက်အတွင်းမှာ သူ ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်မှာလဲ။

‎

‎

‎ဝမ်ပင်းသည် အံကြိတ်ကာ တိုက်ခိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။မအောင်မြင်နိုင်ရင်တောင်မှ ဖြတ်ကျော်ဖို့တော့ ကြိုးစားရမည်။

‎

‎

‎သူက စစ်သုံးတူရွင်းဖြင့် သူမအား တိုက်ခိုက်လိုက်သော်လည်း မိန်းကလေးရဲ့လှုပ်ရှားမှုများက မယုံနိုင်လောက်အောင်ကို သွက်လက်သည်။ အနည်းငယ်ရှောင်တိမ်းကာ သူမက သူရဲ့တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပြီးနောက်မှာတော့ အော်ဟစ်လို့ သူ့ရဲ့ဝမ်းဗိုက်ကိုကန်ထုတ်ပြီး မြေပေါ်သို့ကျသွားစေသည်။

‎

‎မိန်းကလေးသည် ဝမ်ပင်းရဲ့အနီးသို့ လျင်မြန်စွာရောက်ရှိလာပြီး သူ့ရဲ့လည်ချောင်းကို ဓားမြှောင်တစ်ချောင်းနှင့် ထောက်လိုက်သည်။ နည်းနည်းလေးတောင် လှုပ်ရှားလိုက်ဝံ့ရင် လည်ချောင်းကို လှီးဖြတ်လိုက်မယ်ဆိုတာက သံသယဖြစ်စရာတောင် မလိုပါဘူး။

‎

‎

‎"မင်းရဲ့လက်နက်ကို ပစ်ချလိုက်"လို့ မိန်းကလေးက ပြောလာသည်။

‎

‎

‎သူ့ရဲ့လည်ချောင်းကို ဓားမြှောင်နှင့် ထောက်ခံထားရတဲ့ ဝမ်ပင်းသည် သူ့ရဲ့ စစ်သုံးတူရွင်းကို မြေပြင်ပေါ် နာခံစွာချလိုက်ဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိတော့ပါဘူး။

‎

‎

သူ့ရဲ့လက်နက်ကို ပစ်ချလိုက်တာမြင်တော့ ‎"မင်းရဲ့ ကျောပိုးအိတ်ကိုထားခဲ့လိုက်ပါ ပြီးရင်သွားလို့ရပြီ"လို့ မိန်းကလေးက ထပ်ပြောလာသည်။

‎

‎

‎ဝမ်ပင်းက ဘာမှပြန်မပြောဘဲ သူ့ရဲ့လွယ်ထားတဲ့ကျောပိုးအိတ်ကို ချွတ်လိုက်သည်။ လက်တစ်ဖက်ကို လွှတ်လိုက်ပြီး နောက်တစ်ဖက်ကို လွှတ်လိုက်စဉ်တွင်ပဲ လည်ချောင်းဆီမှ ဓားမြှောင်ကို ဘယ်ဘက်လက်ဖြင့်တွန်းထုတ်ပြီး ညာဘက်ခါးမှ လျှပ်စစ်တုတ်ကို ဆွဲထုတ်ကာကောင်မလေးကို တို့လိုက်တယ်။

‎

ပြီးတာနဲ့ ‎ဝမ်ပင်းက အရှေ့ကို လျင်မြန်စွာ လှမ်းသွားပြီး မြေပြင်မှဓားမြှောင်ကို ကောက်ယူကာ ကောင်မလေးရဲ့ လည်ချောင်းတွင် တင်လိုက်သည်။

‎

‎

‎တခဏတာ တုံ့ဆိုင်းသွားပြီးနောက်မှာတော့ သူမကို အန္တရာယ်ပြုဖို့ကို သူမလုပ်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သက်ပြင်းတစ်ချက်ချပြီး ဓားမြှောင်ကို ဖယ်ထုတ်လိုက်ကာ စစ်သုံးတူရွှင်းကို ပြန်ယူလိုက်သည်။

‎

‎

‎ကောင်မလေးကတော့ မြေပြင်ပေါ်မှာလဲနေသေးပြီး အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေသေးတာကိုလည်း မြင်လိုက်ရသဖြင့် ဝမ်ပင်းသည် သူ့ကျောပိုးအိတ်ထဲမှ ပေါင်မုန့်တစ်တုံး ၊ ဝက်ပေါင်ခြောက်တစ်ထုပ် ၊ ကိုလာတစ်ပုလင်းကို ယူကာ သူမအရှေ့တွင်ထားပေးပြီး အခန်းထဲကထွက်သွားလိုက်သည်။

‎

‎

‎ဝမ်ပင်းသည် သူမရဲ့အသက်ကို ချမ်းသာပေးရုံသာမကဘဲ စွဲမက်ဖွယ် အစားအစာတွေကိုပါ ချန်ထားပေးခဲ့တဲ့အတွက် မိန်းကလေးက အံ့သြသွားသည်။

‎

‎

‎လှပစွာထုပ်ပိုးထားသော ဤပစ္စည်းများကို ရှာမတွေ့နိုင်တော့တာက နှစ်အတော်ကြာပါပြီ။ ကမ္ဘာပျက်ကပ်ရဲ့ ဥပဒေ တွေကလည်း ရန်သူများအတွက် ကရုဏာမရှိဟု ပြဋ္ဌာန်းထားသည်။ အကယ်၍များ သူမသာ ဝမ်ပင်းရဲ့အနေအထားတွင်ရှိနေပါက သူမသည် ဖြတ်ချက်တစ်ချက်တည်းနှင့်သူ့ကို အဆုံးသတ်လိုက်မည်ဖြစ်သည်။

‎

‎

‎ထိုအချိန်တွင်တော့ မိန်းကလေးရဲ့စိတ်က စိတ်အားထက်သန်လာပြီး ဝမ်ပင်းကိုလည်း စိတ်ဝင်စားလာကာ သူ့ရဲ့ပုံရိပ်က သူမစိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေလေပြီ။

‎

‎

‎မကြာသေးမီက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကြောင့် ဝမ်ပင်းသည် ပထမဆုံးအနေနဲ့ အခြေချနေထိုင်ဖို့ရန်အတွက် နေရာရှာဖွေရန် ဆုံးဖြတ်ခဲ့ပြီး ဤကမ္ဘာကို မစူးစမ်းမီတွင်လည်း သူ့ရဲ့ကျောပိုးအိတ်ကို ဝှက်ထားရအုံးမည်။

‎

‎သို့သော်လည်း သူ့ကံက အမှန်ပင် ဆိုးရွားသည်။ ထိုမိန်းကလေးဆီမှ လွတ်မြောက်ပြီး မကြာမီတွင်ပဲ သံတုတ်များကိုင်ဆောင်ထားသော အမျိုးသားသုံးဦးဆီက ဝိုင်းရံခံလိုက်ရပြန်သည်။

‎

‎

‎"ကလေး ၊ မင်းအတွက် ဘာက ကောင်းလဲဆိုတာကို သိရင် မင်းရဲ့ကျောပိုးအိတ်ကို လွှဲပေးလိုက်"လို့ အဖွဲ့ထဲက အမျိုးသားတစ်ယောက်ကပြောလာသည်။

‎

‎

‎

‎

‎"ဟုတ်တယ်၊ ကျောပိုးအိတ်ကိုပေးရုံပဲ မင်းကို ငါတို့ကသတ်မှာ မဟုတ်ဘူး"လို့ နောက်အမျိုးသားတစ်ယောက်ကလည်း ဝင်ပြောလာသည်။

‎

‎

‎သူ့ရဲ့ကံဆိုးမှုကို တိတ်တဆိတ်ကျိန်ဆဲရင်းနဲ့ပဲ ဝမ်ပင်းက စစ်သုံးတူရွင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားကာ ထိုအမျိူးသား သုံးယောက်ကို ဖြတ်ကျော်ရန် နည်းလမ်းရှာနေသည်။

‎

‎

‎အတွေ့အကြုံရှိပုံရသော ထိုအမျိူးသားသုံးယောက်က ထွက်စရာလမ်းအပေါက်များမကျန်အောင်ကို ဝိုင်းရံထားကြသည်။ လွတ်မြောက်ဖို့အတွက် တိုက်ခိုက်ရလိမ့်မယ်။

‎

‎

‎အခြားရွေးချယ်စရာမရှိတော့သော ဝမ်ပင်းသည် ဘယ်လက်ဖြင့် သူ့ခါးမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ပြီး စစ်သုံးတူရွင်းကိုတော့ ညာဘက်လက်ဖြင့် ကိုင်ထားသည်။

‎

‎

‎ဓားမြှောင်ကိုတွေ့တော့ ထိုအမျိူးသားသုံးယောက်ကသတိထားလာကြသည်။ ဝမ်ပင်းထံမှာ စစ်သုံးတူရွင်းတစ်ခုတည်းသာရှိပါက ခေါင်းကိုရိုက်မှာကို ရှောင်နိုင်ရုံမျှဖြင့် အဆင်ပြေသည်။

‎

‎ဒါပေမယ့် သူ့လက်ထဲက ဓားမြှောင်တစ်ချောင်းရဲ့ ခုတ်ထစ်ချက်နှင့်ဆို သူတို့အသက်က အဆုံးသတ်ခံလိုက်ရနိုင်သည်။

All Chapters