← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း-(၃)

‎

‎သူတို့ရဲ့မျက်နှာပေါ်မှ ကြောက်ရွံ့မှုကိုမြင်လိုက်ရတော့ ဝမ်ပင်းရဲ့ မျှော်လင့်ချက်တွေက တဟုန်ထိုးတ်ိုးတက်လာသည်။

‎

‎

‎"ဘော့စ် ငါတို့ဘာလုပ်ကြမှာလဲ"လို့ တစ်ယောက်က မေးလိုက်သည်။

‎

‎

‎"သူ့ရဲ့ကျောပိုးအိတ်ထဲမှာ စားစရာရှိရမယ်၊ ငါတို့က ရအောင် ယူရမှာပေါ့"လို့ ဘော့စ်လို့ အခေါ်ခံရသူကပြန်ပြောလိုက်သည်။

‎

‎

‎"ဟုတ်တယ် ၊ သူ့ရဲ့အသားကလည်း ငါတို့ကို ခဏလောက်ကျွေးထားနိုင်တယ်" လို့ နောက်အမျိူးသား တစ်ယောက်ကလည်း ပြောလာသည်။

‎

‎သူ့ကိုစားဖို့ ကြံနေကြတာကြားတော့ ဝမ်ပင်းရဲ့ တစ်ကိုယ်လုံးက အေးစက်ကာ တောင့်တင်းသွားသည်' ဒါက ဘယ်လိုကမ္ဘာမျိုးလဲ' ဆိုပြီးလည်း သူက အလန့်တကြားတွေးလိုက်မိသည်။

‎

‎

ခဏနေတော့မှ ‎အမျိူးသားသုံးယောက်က ဣန္ဒြေကိုပြန်ယူ၍ လောဘကြီးသော အမူအရာဖြင့် သူ့ထံသို့ ချဉ်းကပ်လာကြသည်။

‎

‎

‎ဝမ်ပင်းက အနီးကပ် စောင့်ကြည့်လေ့လာပြီးနောက်မှာတော့ သူတို့သုံးယောက်ရဲ့ ညှိနှိုင်းဆောင်ရွက်မှုက အတော်လေး ကောင်းမွန်တာကို သတိပြုမိလိုက်သည်။ မည်သည့်လမ်းကြောင်းဘက်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေပါစေ သူ့နောက်ကျောကတော့ တခြားနှစ်ယောက်နှင့် ရင်ဆိုင်ရပါလိမ့်မယ်။

‎

‎

‎’ဟုတ်သားပဲ ၊ ငါက ကျောပိုးအိတ် လွယ်ထားတယ်လေ ၊ ငါ့နောက်ကျောကို ကာထားလို့ရတယ်’လို့ သူမှာ အတွေးပေါ်လာသည်။

‎

‎ပတ်၀န်းကျင် အနေအထားက တင်းမာလာတော့ ဝမ်ပင်းက လမ်းကြောင်းတစ်ခုကို ဦးတည်ကာ စစ်သုံးတူရွင်းကို လွှဲယမ်းလိုက်သည်။

‎

‎

‎သူ့အဖော်တွေက ဝမ်ပင်းရဲ့ခေါင်းကို အနောက်ကနေ ထိနိုင်ဖို့အတွက် အတန်ကြာအောင်ထိန်းထားနိုင်ရန်ဆိုပြီး တိုက်ခိုက်ခံရတဲ့လမ်းကြောင်းကသူဟာ ခက်ခက်ခဲခဲကာကွယ်ဖို့ သံတုတ်ကို မြှောက်လိုက်သည်။

‎

‎"ကလန်""

‎

‎သံချောင်းနှင့် သံတုတ်က တိုက်မိသွားပြီး ကျယ်လောင်သော သတ္တုချင်းရိုက်သံကပေါ်လာသည်။

‎

‎

‎ပြိုင်ဘက်ရဲ့အင်အားက ကြောက်မက်ဖွယ်ကောင်းလွန်းပြီး စစ်သုံးတူရွင်းကို ‎ဆုပ်ကိုင်ထားတဲ့ ဝမ်ပင်းရဲ့ထိန်းချုပ်မှုက ဆုံးရှုံးလုနီးပါးဖြစ်သွားသည်။

‎

‎သူတို့နှစ်ဦး နီးကပ်နေချိန်တွင်ပဲ ဝမ်ပင်းသည် ပြိုင်ဘက်ကို သူ့ရဲ့ဘယ်ဘက်လက်မှ ဓားမြှောင်ဖြင့် ခုတ်ချလိုက်သည်။

‎

‎

‎ဓားမြှောင်ရောက်လာတာကိုမြင်တော့ ပြိုင်ဘက်က နောက်ပြန်ဆုတ်သွားပေမယ့် သူ့ရဲ့ညာလက်မောင်းဟာ ထိခိုက်သွားဆဲဖြစ်ပြီး သွေးတွေက ချက်ချင်းထွက်ကျလာပါသည်။‎ပြိုင်ဘက်က ဒဏ်ရာရရှိသွားသော်လည်း အသံမထွက်ဘဲ တင်းခံနေသည်။

‎

‎

‎ထိုနေရာတွင် ဇွန်ဘီများနှင့်ပြည့်နှက်နေပြီး မည်သည့်ဆူညံသံကမဆို ၎င်းတို့ကို ဆွဲငင်နိုင်သောကြောင့် အသံမထုတ်ဝံ့ကြပေ။

‎

‎

‎သို့တိုင်အောင် ဇွန်ဘီများက မျက်စိမှုန်ကြသော်လည်း အသံနှင့် အနံ့ကိုတော့ အလွန်အာရုံခံနိုင်သောကြောင့် ဒဏ်ရာကို အဝတ်ဖြင့် အမြန်ပတ်လိုက်ရသည်။ အကယ်၍များ သူသာ ဒဏ်ရာကို ပတ်တီးဖြင့်အမြန်မပတ်ပါက ဇွန်ဘီများကို သူ့ထံသို့ ဆွဲဆောင်မိသွားမည်ဖြစ်သည်။

‎

‎

‎လမ်းကြောင်းရှင်းနေတာကိုမြင်တော့ ‎ဝမ်ပင်းက အရှေ့ကို ပြေးသွားလိုက်သည်။ ကျန်တဲ့လူနှစ်ယောက်က သူ့အနောက်ကို သံတုတ်တွေနှင့် လိုက်လာနေပြီး ဒဏ်ရာရတဲ့လူကလဲ ဒဏ်ရာကို ပတ်တီးပတ်ပြီးတာနှင့် သူ့နောက်ကို လိုက်လာသည်။

‎

‎

မိန်းကလေးဖြစ်သူက မကြာခင်မှာပဲ ပြန်ကောင်းလာသည်။

‎

‎

‎ပြီးတာနဲ့ သူမသည် အစာနှင့်ကိုလာကို မြေကြီးပေါ်ကနေ စိတ်အားထက်သန်စွာယူလိုက်ပြီး စားသောက်ကြည့်လိုက်သည်။ ကိုလာကတစ်ကျိုက်လောက်ပဲဆိုပေမယ့် မထင်မှတ်ထားတဲ့ ကျေနပ်အားရမှုတစ်ခုကိုပါ ယူဆောင်လာပြီး နောက်ဆက်တွဲကတော့ လေချဉ်တက်တဲ့အသံတစ်ခုထွက်လာကာ လူကို လန်းဆန်းသွားစေပါသည်။

‎

‎

‎ဝက်ပေါင်ခြောက်နှင့် ကိုလာတို့ကို နောက်ဆုံးအကြိမ်စားရတဲ့အချိန်ဟာ လွန်ခဲ့တဲ့လေးနှစ်ငါးနှစ်ကဖြစ်တာကြောင့် အရသာကိုပင် မေ့သွားလုနီးပါးဖြစ်နေပါပြီ။ ၎င်းတို့ကို မြည်းစမ်းကြည့်ခြင်းကပင် ကမ္ဘာပျက်ကပ်မတိုင်ခင်အချိန်က သူမတို့မိသားစုရဲ့ ပျော်စရာအမှတ်တရများကို ပြန်သတိရလာစေပြီး သူမရဲ့မျက်လုံးများမှာလည်း မျက်ရည်များစီးကျလာခဲ့သည်။

‎

‎

‎

‎

‎ပေါင်မုန့် ၊ ဝက်ပေါင်ခြောက် နှင့်ကိုလာတွေ အများအပြားရှိနေသေးသော်လည်း နောက်ထပ်မစားနိုင်တော့ဘူး။ သူမက ဒါတွေကို သူမရဲ့ ပုန်းအောင်းရာသို့ ပြန်ယူသွားပြီး လုံခြုံစွာ သိမ်းဆည်းလိုက်ကာ ဓားမြှောင်တစ်ခုအတွက် ဝက်‌ပေါင်ခြောက်အချို့ကို လဲလှယ်ရန် စီစဉ်ခဲ့သည်။

‎

‎အပြန်လမ်းတွင် ဝမ်ပင်းက သူမဆီသို့ ပြေးလာနေပြီး လူသုံးယောက်ကလည်း အနောက်ကလိုက်ဖမ်းနေတာကို သူမတွေ့လိုက်ရသည်။

‎

‎

‎ဝမ်ပင်း လိုက်ဖမ်းခံနေရတာကိုမြင်တော့ သူမသည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

‎

‎"လူသစ်က လူသစ်ပဲ"လို့ သူမက ရေရွတ်လိုက်သည်။

‎

‎ဝမ်ပင်းသည် ပြေးနေစဉ်တွင်ပဲ ကျောက်တုံးကြောင့် ခလုတ်တိုက်ပြီးလဲကျသွားကာ သူ့လက်ထဲက ဓားမြှောင်ကလည်း လွှင့်ထွက်သွားသည်။

‎

‎ဓားမြှောင်ကိုမြင်တော့ ကောင်မလေးရဲ့ မျက်လုံးတွေက တောက်ပလာသည်။

‎

‎ လူသုံးဦးက ဝမ်ပင်းကို အမြန်ပြန်ဖမ်းမိသွားပြီး နောက်တစ်ကြိမ် ထွက်ပြေးမသွားစေရန်အတွက် သူတို့က ဝမ်ပင်းကို နံရံ ထောင့်တွင် ပိတ်ထားလိုက်သည်။

‎

‎

‎"ငါ့ကို ဓားမြှောင်နှင့် ထိုးရဲတယ်။ မင်းကို အရှင်လတ်လတ် အရေခွံခွာပြီး သေစေလိုတဲ့ ဆန္ဒဖြစ်လာအောင်အထိ လုပ်ပစ်မယ်"လို့ ဓားမြှောင်နှင့်အခုတ်ခံရသူကလည်းခြိမ်းခြောက်သည်။

‎

‎

‎သုံးယောက်သားက ဝမ်ပင်းကို ချက်ခြင်းမတိုက်ခိုက်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖိအား‌ပေးဖို့ ကြိုးစားသည်။

‎

‎

‎ထိုအချိန်တွင်တော့ ဝမ်ပင်းရဲ့လက်ထဲမှာ စစ်သုံးတူရွင်းတစ်ခုသာကျန်ရှိတော့ကာ ခြိမ်းခြောက်မှုအနည်းငယ်သာရှိသည်။ သူကသာ အားနည်းချက်ကိုပြလိုက်လျှင် ထိုလူသုံးယောက်က ချက်ချင်းပဲ သူ့ကိုသတ်ဖြတ်ကြလိမ့်မည်။

‎

‎ဒါပေမယ့် ဝမ်ပင်းရဲ့ လျှို့ဝှက်လက်နက်ဖြစ်တဲ့ လျှပ်စစ်တုတ်က ခါးမှာရှိနေဆဲပါ။‎သူက ရန်သူတွေနီးကပ်လာတဲ့အချိန်မှာမှ သေလောက်တဲ့အထိ ပြင်းပြင်းထန်ထန် ရှော့တိုက်ပေးလိုက်ဖို့ကို စီစဉ်ထားတာပါ။

‎

‎

မိန်းကလေးသည် အစတုန်းကတော့ ဝမ်ပင်းကို မကူညီချင်ပေမယ့် သူမကိုလွတ်ပေးပြီး အစာပေးတာကို ပြန်သတိရတော့ သူမရဲ့နှလုံးသားက ပျော့ပျောင်းသွားသည်။ သူမသည် အပျက်အစီးပုံများကြားမှ တိတ်တဆိတ်ထွက်လာပြီး မြေပြင်မှ ဓားမြှောင်ကို ကောက်ယူလိုက်သည်။

‎ဝမ်ပင်းသည် အပျက်အစီးပုံများကြားမှ ထွက်လာတဲ့ မိန်းကလေးကို သတိပြုမိသော်လည်း အမျိုးသားသုံးယောက်ကတော့ သူမကို ကျောခိုင်းထားတာကြောင့် မတွေ့ရပေ။

‎

‎ကောင်မလေးက ဝမ်ပင်းကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး ကြောင်တစ်ကောင်လို တိတ်တဆိတ် ရွေ့လျားနေကာကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။

‎

‎

‎အသံတစ်ချက်ထွက်လာပြီး အမျိုးသားတစ်ဦးက လဲကျသွားသည်။

‎

‎

ထိုလူ‎လဲကျသွားအချိန်မှာမှ ကျန်တဲ့နှစ်ယောက်ကလည်း သူတို့အနောက်မှာ တစ်ယောက်ယောက်ရှိနေမှန်း သိလိုက်ရတော့သည်။

‎

All Chapters